< 2 >

9.9K 1K 55
                                    

( Zawgyi )

" jiminie ~ ဒါကဘယ်​လို​နေရာကြီးလဲ !? "

Taehyung လက်​ကိုတင်းတင်းဆွဲကာ Bar ထဲကို​ခေါ်လာ​တော့ တုန်​ရီ​နေ​သောလက်​က​လေး​တွေကိုသတိထားမိတဲ့ သူငယ်​ချင်းဖြစ်​သူ Jiminie ကအ​နောက်​သို့လှည့်​မကြည့်​ပဲမ​နေနိုင်​​ပေ။

" စိတ်​မပူပါနဲ့ Tae Tae ရယ်​ ~ ဒီလူ​တွေကမင်းကိုအန္တရာယ်​​ပေးမယ့်​လူ​တွေမဟုတ်​ပါဘူး ​နော်​ ! "

Jimin စကား​ကြောင့်​ Taehyung လည်း​ခေါင်း​လေးငြိမ့်​လိုက်​ပြီး Jimin ​ခေါ်ရာ​နောက်​ကို​ခေါင်း​လေးငုံ့ကာလိုက်​သွားမိသည်​။ Taehyung အတွက်​​တော့ဒီလို Bar မျိုးကိုပထမဦးဆုံး​ရောက်​ဖူး___မဟုတ်​ဘူး ! ဒီလို အိမ်​ထဲမှအိမ်​အပြင်​ကိုပထမဦးဆုံးထွက်​ခြင်းလို့ပဲဆိုရ​ပေမည်​။ ဒါ့​ကြောင့်​ ​ခေါင်း​လေးငုံ့​နေတဲ့ Taehyung ကို Party မှ မိန်းက​လေး​တွေ​ရော ​ယောက်ျား​လေး​တွေပါမကျန်​ ထဒဆန်းတဲ့မျက်​လုံး​တွေနဲ့ ကြည့်​​နေကြသည်​။
ထူးဆန်းသည့်​မျက်​လုံး​တွေဆိုသည်​မှာ မ​ကောင်းသည့်​အရိပ်​အ​ယောင်​ကိုဆိုလိုခြင်းမဟုတ်​​ပေ။ ဒီလို အသားအရည်​​ကောင်းပြီး နူတ်​ခမ်း​လေး​တွေနီရဲစို​ထွေး​နေတဲ့ အရုပ်​က​လေးပမာ​ကောင်​​လေးတစ်​​ယောက်​ကို မျက်​စိ​ရှေ့တွင်​မြင်​ခွင့်​ရခြင်းသည်​ သူတို့အတွက်​​တော့ထူးဆန်း​နေခြင်းဖြစ်​သည်​။ uni တွင်​လည်း​ချောတဲ့​ကောင်​​လေး​တွေ​တော့ရှိသည်​။ သို့​သော်​ Taehyung ကချွင်းချက်​အ​နေနဲ့ အ​ဝေးသင်​လိုဖြစ်​ခဲ့တာ​ကြောင့်​ဘယ်​သူမှမသိရခြင်းဖြစ်​သည်​။

" ဟဲ့ ! သူက ငါတို့ uni ကလား !? ​ချောလိုက်​တာ "

" ​သြော်​ ငါတို့ Prom Party ကိုလာမှ​တော့ ငါတို့ uni ကပဲ​ပေါ့ ! "

" ဒါ​ပေမယ့်​ ဘာ့​ကြောင့်​တစ်​ခါမှမ​တွေ့မိရတာလဲ "

" အင်း​နော်​ ~ "

ဘေးနားမှာ မိန်းက​လေး​တွေရဲ့တီးတိုးစကားသံကို Taehyung တစ်​စွန်းတစ်​စကြားလိုက်​ရ​တာ​ကြောင့်​ သူအခု သူအ​​ဝေးသင်​တက်​ခဲ့သည့်​ Uni မှ​ကျောင်းသား​တွေရဲ့ party မှန်းသိလိုက်​ရသည်​။ ​နောက်​​တော့ Jimin ကတစ်​​နေရာအ​ရောက်​တွင်​ရပ်​သွားတာ​ကြောင့်​ Taehyung လည်း jimin အ​နောက်​တွင်​ရပ်​လိုက်​ကာ မိမိကိုယ်​ကိုယ်​ Jimin ခန္ဓာကိုယ်​နှင့်​ကွယ်​ထားသည်​။

Spring Day || KV [Completed] Where stories live. Discover now