< 3 >

8K 892 73
                                    


( Zawgyi )

Appa ကို Bar
ဆိုင်​​လေးပဲလို့​ပြောထား​ပေမယ့်​ အခု​တော့ Jungkook ​ကြောင့်​ လမ်းမထက်​ဝယ်​ တစ်​ဆိုင်​ဝင်​တစ်​ဆိုင်​ထွက်​ အစားအ​သောက်​များနှင့်​အလုပ်​ရူပ်​​နေသည်​။

" ​ယောင်းငယ်​ ! ဒီကိုလာဦး "

အခုဆိုရင်​ ည​ဈေးတစ်​​နေရာကိုလည်းသိထားတာ​ကြောင့်​ ထို​နေရာ၌ ​Jungkook နှင့်​အတူတူ​လျှောက်​လည်​ဖြစ်​သည်​။ ​ပြောရမယ်​ဆိုရင်​ Night Date ​ပေါ့။ Jiminie တို့က​တော့ ​ဆိုင်​မှာပဲကျန်​ခဲ့သည်​။

မိမိမှာ​တော့လက်​ထဲတွင်​လည်းမုန့်​​တွေအပြည့်​ဖြင့်​ Jungkook ကိုလည်းဟိုဟာပူဆာလိုက်​ဒီဟာပူဆာလိုက်​ဖြင့်​ ​နောက်​ဆုံး​တော့ Jungkook အ​ပေါ်​ပြောရဲဆိုရဲရှိလာ​ချေပြီ။ Jungkook က​တော့ မိမိလက်​အားလွတ်​ထွက်​သွားမှာစိုးသည့်​အလားတင်းတင်းကျပ်​ကျပ်​ဆုတ်​ကိုင်​ထားသည်​။ ထို့​ကြောင့်​ ရှက်​​သွေးဖြာ​နေ​သောမိမိမျက်​နှာကြီးသည်​ ခရမ်းချဉ်​သီး​ရောင်​​ပေါက်​​နေသည်​။

" ​ယောင်းငယ်​ ! ခဏ​နေ မီးပန်း​တွေ​ဖောက်​​တော့မှာ ~ ကိုယ်​တို့တစ်​​နေရာသွားထိုင်​ကြရ​အောင်​ "

" အင်း ~ "

Jungkook ​ခေါ်ရာကိုသာလိုက်​ခဲ့​ပေမယ့်​ တစ်​ခုရှိတာက မိမိတို့​ရောက်​ချိန်​သည်​ ​နောက်​ကျ​နေပြီဖြစ်​တာ​ကြောင့်​ ခုံတန်းရှည်​များတွင်​ အတွဲများကိုယ်​စီဖြင့်​ပြည့်​ကျပ်​​နေသည်​။ ထို့​ကြောင့်​ Jungkook ကထိုခုံ​တွေမှာမထိုင်​​တော့ပဲ အ​နောက်​သို့ပြန်​လှည့်​ကာတစ်​​နေရာကို​ပြေးသွားသည်​။ သို့​သော်​လည်းမိမိလက်​ကို​တော့​ယောင်​လို့​တောင်​လွှတ်​မချလိုက်​​ပေ။ ထို့​ကြောင့်​ Jungkook အ​နောက်​သို့သာတစ်​ဖန်​ပြန်​လိုက်​ရ​တော့သည်​။

" ဒီ​နေရာလည်း​ကောင်းတယ်​မဟုတ်​လား !? "

" ဘယ်​လိုရှာ​တွေ့တာလဲ "

" ကြည့်​ထားတာ တစ်​​နေ့ကျရင်​ ကိုယ်​ ချစ်​တဲ့သူနဲ့အတူတူလာထိုင်​မလို့ "

"........"

ကျွန်​​တော်​ဘာမှဆက်​မ​ပြောနိုင်​​အောင်​လည်း Jungkook ကလုပ်​နိုင်​စွမ်းရှိသည်​။ ချစ်​သူနှင့်​အတူတူထိုင်​ချင်​သည့်​​နေရာက​လေးသည်​ အရိပ်​ရသစ်​ပင်​အကြီးကြီး​အောက်​က ဗလာကျင်း​နေ​သော ​နေရာ​လေးတစ်​​နေရာပင်​ဖြစ်​သည်​။ ခုံလည်းမရှိသလို နှစ်​လိုဖွယ်​​ပန်းပင်​​လေး​တွေလည်းမရှိ​ပေ။ စိမ်းစိုကာနူးညံ့​နေ​သောမြက်​ပင်​ရှည်​ရှည်​​လေး​တွေသာရှိသည်​။ သို့​သော်​လည်း ကျွန်​​တော်​​တွေးမိလိုက်​သည်​က ချစ်​ရသူနဲ့အတူတူရှိ​နေတဲ့​နေရာဆိုလျင်​ လမ်း​ဘေးတွင်​ဖြစ်​ရင်​ဖြစ်​ပါ​စေ မိမိအတွက်​​တော့ဘာနဲ့မှနှိုင်းလို့မရသည့်​ ဘုံဗိမ္မာန်​ကြီးတစ်​ခုပင်​။ ဒါ​ပေမယ့်​ ကျွန်​​တော်​ချစ်​ရသည့်​ Jungkook က သူချစ်​တဲ့သူနဲ့ထိုင်​ချင်​သည်​ဆိုပါလား။ ဒါ့​ကြောင့်​ကျွန်​​တော်​ သူ​ခေါ်ရာကိုမထိုင်​ပဲ​ဘေးမှာပဲ ရပ်​ကြည့်​​နေမိသည်​။

Spring Day || KV [Completed] Where stories live. Discover now