< 13 - Final >

14.1K 1K 191
                                    

( Zawgyi )

အရင်​ကလို မှိုင်​​တွေ​နေတတ်​တဲ့ သူ့မျက်​နှာငယ်​​လေး......

အရင်​ကလို Jiminie လို့ လိုချင်​တာရှိရင်​ ကပ်​ကပ်​ချွဲ​နေတဲ့ သူ့ရဲ့သဘာဝ ​လေး​ထောင့်​အပြုံး​လေး......

စိတ်​က​လေးနည်းနည်းတိုလာရင်​ ချက်​ချင်းအသံသြသွားတဲ့ ရုပ်​​ပြောင်းရုပ်​လွှဲ​တော်​သူ​လေး.....

Jimin သည်​ ​နေ​ရောင်​ခြည်​ မရရှိ​အောင်​အ​သေအချာကိုတံခါးပိတ်​ထား​သော ထိုအခန်း​လေးထဲကို ဒီ​နေ့တွင်​ယခုနဲ့ဆိုရင်​ ဘယ်​နှစ်​​ခေါက်​မှန်းမသိ ဝင်​မိခဲ့ပြန်​သည်​။ အခန်း​ထောင့်​စွန်း ပြတင်း​ပေါက်​က​လေးအနားတွင်​ သပ်​သပ်​ရပ်​ရပ်​ရှိ​နေ​သော ခရမ်း​နု​ရောင်​ကုတင်​ ​လေး​ပေါ်တွင်​ထိုင်​ကာ အပြင်​ဘက်​ကိုကြည့်​ရင်း အ​တွေးလွန်​​နေမိသည်​။

သူမသိ​တော့။

နောက်​ဆုံးခရီးကို လိုက်​မပို့ခိုင်းသည့်​ သူငယ်​ချင်းဖြစ်​သူကို သူစိတ်​ဆိုးရမည်​လား။ ဒါမှမဟုတ်​ သူ​မေ့လဲသွားမှာကိုစိတ်​ပူပြီး မလိုက်​ခဲ့​အောင်​ကိုတမင်​ထားထားခဲ့သည့်​ သူငယ်​ချင်းကို သူအပြစ်​တင်​ရမည်​လား။ ​သေချာတာတစ်​ခုက​တော့ ယခုအချိန်​မှထိုခံစားချက်​​တွေဝင်​​နေလို့လည်း ကာယကံရှင်​ကမရှိ​တော့ပါ​ချေ။

ဒါ​ပေမယ့်​ သူ​ ​နောင်​တ မရ​ပေ။ အနည်းဆုံး​တော့ အသက်​ရှင်​​နေတဲ့အချိန်​အတွင်းမှာ သူငယ်​ချင်း ကို​ပျော်​ရွှင်​​အောင်​ ထား​ပေးနိုင်​ခဲ့သည်​မဟုတ်​လား။ သူ Taehyungie ကိုစိတ်​ညစ်​​အောင်​လည်းမလုပ်​ခဲ့ဘူးသလို ဝမ်းနည်း​အောင်​လည်းမလုပ်​ခဲ့ဘူး​ပေ။ တတ်​နိုင်​သ​လောက်​ ​ပျော်​ရွှင်​​အောင်​ထား​ပေးနိုင်​ခဲ့သည့်​အတွက်​ သူ ​နောင်​တ မရ​ပေ။

Jimin သည်​ ​နေ​ရောင်​ခြည်​မရသဖြင့်​ မှိုင်းအုံ့အုံ့ အခန်းက​လေးကိုလှည့်​ပတ်​ကြည့်​​နေရင်း မျက်​လုံးက​လေးက စားပွဲခုံက​လေးဆီသို့​ရောက်​မိသွားသည်​။ သပ်​သပ်​ရပ်​ရပ်​ ဖြစ်​ကာရှင်းလင်းလှသည့်​စားပွဲခုံက​လေးနှင့်​ ​ဆေးသုတ်​ထား​သောအံဆွဲ စိမ်း​လေးက သူ့အားညှို့ယူလို့​နေသည်​။ Jimin သည်​တုံ့​နှေးမ​နေပဲ ထိုစားပွဲ​လေးဆီသို့သွားလိုက်​ပြီး အံဆွဲ​လေးကိုဖွင့်​ကြည့်​မိလိုက်​သည်​။

Spring Day || KV [Completed] Tahanan ng mga kuwento. Tumuklas ngayon