ေက်ာင္းပိတ္ရက္ျဖစ္တာေၾကာင့္ ေျဗာင္အိမ္ေတာ္အေပၚ
ထပ္ဝရံတာတြင္ေပါက္စဟူးဟူးႏွင့္ဂ်ံဳအင္တို႔ႏွစ္ေယာက္
မွာပါးစပ္ထဲမုန္႔ပလုတ္ပေလာင္းႏွင့္ေက်ာင္းကေပးလိုက္
ေသာအိမ္စာတို႔အျမန္ျပီးေအာင္ အတူတူေပါင္းလုပ္ေန
ၾကသည္ ။
" 9 + 3 = 12 ေနာက္ၿပီးေတာ့ ဒီပုစာၦကဒီလိုတြက္ရ ... "
ေျပာမယ့္စကားအားျပီးဆံုးေအာင္ မေျပာႏိုင္ ။ အတည္
ေပါက္ႀကီးနွင့္စာ႐ွင္းျပေနေသာသူ႔အားေသာက္ဖက္တစ္
ခ်က္ေတာင္မလုပ္ ။
ဝရံတာမွျမင္ေတြ႔ေနရေသာ တစ္ဖက္ကသူ႔အိမ္ျဖစ္ေသာ
ပတ္အိမ္ေတာ္ျခံဝန္းထဲတြင္ သူတို႔နွင့္အလားတူစာအတူ
တူလုပ္ေနၾကေသာ အစ္ကိုျဖစ္သူခ်န္းေယာလ္အား ေငး
ေမာလို႔ေနေသာ ေပါက္စနဖူးေလးအားဂ်ံဳအင္ခပ္ျပင္းျပင္း
ေလး တစ္ခ်က္ေတာက္ခ်လိုက္သည္ ။
" အ ! .. နာတယ္ နီနီ ! "
သူ႔လက္ခ်က္ေၾကာင့္ နီရဲတြတ္သြားတဲ့ နဖူးျပင္ေလးကို
လက္ဖဝါးေလးျဖင့္ပြတ္ၿပီးဆူပုတ္ျပေနေသာေပါက္စကို
ဂ်ံဳအင္ ခပ္ေစြေစြၾကည့္လ်က္ ...
" နည္းေတာင္နည္းေသးတယ္ စာထဲစိတ္မွမရိွတာ "
မဲ့ရြဲ႕ေသာ မ်က္ႏွာေပးျဖင့္ ဆိုလိုက္ေသာ ဂ်ံဳအင္အား
ေပါက္စ မ်က္လံုးေမွးေမွးေလးေတြ စံုမိွတ္သြားသည္
အထိျပံဳးျပီး ဖြင့္လ်က္ရိွေသာ တြက္လက္စသခ်ၤာေလ့
က်င့္ခန္းစာအုပ္ေလးအားဆက္ခနဲပိတ္လိုက္ခ်ၿပီးသူ႔
အေ႐ွ႕မ်က္ႏွာခ်င္းဆိုင္တြင္ထိုင္ေနေသာဂ်ံဳအင္မ်က္
ႏွာအား ေမးေလးေထာက္ကာ စိုက္ၾကည့္လ်က္ ...
" နီနီ "
" ဘာကိတ္? "
ခ်န္းေယာလ္ေဘးတြင္ျပံဳးေပ်ာ္ေနေသာမ်က္ႏွာႏွင့္စာ
အတူလုပ္ၿပီးျပံဳးရယ္ေနေသာပင္ကြင္းႏွင့္တူသည့္သူ႔
လိုကဲ့သို႔ပါးေဖာင္းေဖာင္းေလးေတြပိုင္ဆိုင္ထားေသာ
ေကာင္ေလးကိုဂ်ံဳအင္ျမင္ေအာင္လက္ညိွဳးေလးထိုးျပ
ျပီး ...
" ဟိုးးက တိုတိုခ်ာႏူးလ္နဲ႔ စာအတူတူလုပ္ေနတဲ့
သူက ဘူလဲ ဟင္ ! "
" အာ .. အဲ့ဒါလား .. အစ္ကိုေဂ်ာင္ဆူးေလ "
" အစ္ကိုေဂ်ာင္ဆူး ! "
" အင္း .. အစ္ကိုေဂ်ာင္ဆူး .. နာမည္အျပည့္အစံုက
ဒိုေဂ်ာင္ဆူး .. မမဒါေယာင္းနဲ႔ကိုႀကီးပတ္တို႔နဲ႔အစ္ကို
ေဂ်ာင္ဆူးတို႔ကငယ္ငယ္ေလးကတည္းကခင္လာၾက
တဲ့ ငယ္သူငယ္ခ်င္းအရင္းႀကီးေတြေလ "
" ငယ္သူငယ္ခ်င္း အရင္းႀကီးေတြ ! "
" အင္း ဟုတ္တယ္ .. အစ္ကိုေဂ်ာင္ဆူးက အရင္တုန္း
က ေယာက္ဖတို႔အခုေနတဲ့အိမ္မွာပဲေနသြားခဲ့တဲ့အိမ္႐ွင္
ေဟာင္းေတြေပါ့ အစ္ကိုေဂ်ာင္ဆူး ဆယ္ႏွစ္ေရာက္ေတာ့
ဦးေလးဒိုေဂ်ာင္မင္ကငါတို႔နဲ႔ႏွစ္လမ္းေက်ာ္ကိုအိမ္ေျပာင္း
သြားခဲ့တယ္ ေနာက္ၿပီး အစ္ကိုေဂ်ာင္ဆူးက ေက်ာင္းပိတ္
ရက္ပဲျဖစ္ျဖစ္ သူအားတဲ့အခ်ိန္ပဲျဖစ္ျဖစ္ ငါတို႔အိမ္ကိုလာ
လည္ျပီး ကိုႀကီးပတ္နဲ႔ စာအတူလုပ္တတ္တယ္ကြ တစ္ခါ
တစ္ေလဆိုမမဒါေယာင္းေတာင္ အစစ္ပါေသးတယ္ "
႐ွည္လားလွေသာ ဒိုေဂ်ာင္ဆူးႏွင့္ပတ္ခ်န္းေယာလ္တို႔၏
ပတ္သတ္မႈအားစိတ္႐ွည္႐ွည္ႏွင့္ေျပာျပေပးေနတဲ့ဂ်ံဳအင္
စကားတို႔ကို ေပါက္စတစ္ေယာက္ ၾကားေယာင္မရိွ ။
အခုခ်ိန္ ။ သူ႔ရဲ႕ အာရံုအလံုးစံုတို႔ကို ဖမ္းယူထားသည့္
အရာဝတၳဳသည္ကား ။ သူ႔မ်က္စိေ႐ွ႕တြင္ ျမင္ေတြ႔ေနရ
ေသာ ပင္ကြင္းေပါက္စႏွင့္တူေသာထိုဒိုေဂ်ာင္ဆူးဆိုတဲ့
သူ႔ထက္ႀကီးတဲ့ အစ္ကိုႀကီးရဲ႕ ပါးေဖာင္းေဖာင္းေလးႏွစ္
ဖက္ကို ဆြဲဖိညစ္ၿပီး သေဘာက်စြာျပံဳးေပ်ာ္ေနေသာသူ႔
ကိုကို ခ်န္းေယာလ္၏ အျပံဳးတို႔သည္သာ ။
" နီနီ "
" ဟင္ ! ဘာလဲ ေယာက္ဖ ေျပာေလ "
" တိုတိုခ်ာႏူးလ္က သူမ်ားပါးကိုဆြဲရတာႀကိဳက္ယား ? "
" မႀကိဳက္ပါဘူး .. ဒါေပမယ့္ ကိုႀကီးပတ္က အစ္ကို
ေဂ်ာင္ဆူးရဲ႕ပါးေဖာင္းေဖာင္းေလးႏွစ္ဖက္ကိုဆြဲဖိညစ္
ရတာကိုေတာ့ သိပ္သေဘာက်တယ္ ေယာက္ဖ "
ဂ်ံဳအင္စကားအဆံုး ေပါက္စသူ႔၏ပါးေဖာင္းေဖာင္းေလး
ႏွစ္ဖက္ကို လက္တစ္စံုျဖင့္ခပ္ဖြဖြေလးျပန္ဖိညစ္မိရင္း
တစ္ခုခုကိုမနာလိုသလိုလို ၊ အူတိုသလိုလိုခံစားရသည့္
ခံစားခ်က္တို႔ႏွင့္အတူဘဲနႈတ္သီးေလးကိုဆူေထာ္လ်က္
တစ္ကိုယ္တည္းၾကားရံုမွ်သာနႈတ္မွေလသံေလးျဖင့္္ေႁခြ
ခ်လိုက္မိေသာ စကား ။
" ဟူးဟူး ပါးေလးလည္းဖိညစ္လို႔ေကာင္းတာကို "
_________________________________
" ေဒၚေလး ဟူးဟူးေလး ဘယ္ေလာက္က်လဲ ဟင္ ! "
" တစ္သက္တစ္ကၽြန္း မလြတ္ေတာ့ဘူး "
" ပတ္ ဂ်ံဳ အင္ ! ! "
* ျဖန္း *
" အ ! ေယာက္ဖ .. နာတယ္ကြ ! "
မုန္႔ထုပ္ေတြ တစ္ေပြ႔တစ္ပိုက္ႀကီးနွင့္ ဆိုင္ရွင္ေဒၚေလးကို
ပိုက္ဆံ႐ွင္းရန္ေမးလိုက္ေသာေပါက္စ၏အေမးအားနံေဘး
မွ ဂ်ံဳအင္ၾကက္ေပါင္ကိုက္ရင္း အာဝင္ေခ်ာင္လိုက္သည္ ။
သို႔ေသာ္လည္းလွ်ာ႐ွည္ၿပီးအာဝင္ေခ်ာင္မိျခင္း၏ အက်ိဳး
ဆက္ျဖစ္ေသာ သူ႕ေက်ာျပင္ေပၚသို႔က်ေရာက္လာေသာ
စြာေတးလန္ ၊ စြာစိလန္ ဘိုဘိုဟူးလက္ဝါးတစ္ခ်က္ေၾကာင့္
ေက်ာင္းကန္တင္းထဲ၌ဝယ္ လူျမင္မေကာင္းေအာင္ ေက်ာ
ေကာ့သြားခဲ့ရသည္ ။
" ခ်စ္ေယာက္ဖ .. မင္းလက္နဲ႔တင္လူသတ္ရို႔ရၿပီ သိယား ! "
ရြဲ႕ေစာင္းေျပာလာေသာ ဂ်ံဳအင္အား ေပါက္စခပ္ေစြေစြ
ၾကည့္လ်က္ ...
" ေျပာေတာ့ျဖင့္ ဒီအခ်ိန္ မုန္႔စားေစ်းတန္းမွာ တိုတို
ခ်ာႏူးလ္ရိွတယ္ဆို ဘယ္မွာလဲ အခု တိုတိုခ်ာႏူးလ္
ကို မေတြ႔ရဘဲ မင္းေၾကာင့္ငါ့မုန္႔ဖိုးေတြပဲအကုန္ကုန္
သြားတယ္ .. ဟြန္႔ "
ၾကက္ေၾကာ္စားခ်င္လို႔ ဥာဏ္ဆင္ေသာ ဂ်ံဳအင္ ။ သူ႔အား
မ်က္ေစာင္းတခဲခဲျဖင့္ ေျပာလာေသာ ေပါက္စ ပခံုးအား
ဆက္ခနဲ လွမ္းဖက္ၿပီး မ်က္ႏွာခ်ိဳသြင္းသည့္လုပ္ငန္းအား
စတင္အေကာင္ထည္ေဖာ္လ်က္ ...
" ဟဲဟဲ ခ်စ္ေယာက္ဖကလည္းကြာ ကိုၾကီးပတ္ကို အခု
မေတြ႔ရလည္းညေနက်ရင္ေတာ့အိမ္မွာေတြ႔ရမွာေပါ့ကြာ
မဟုတ္ဘူးလား ဟင္ ! "
" ဟြန္႔ "
ငယ္ထိပ္က စေတာ္ဘယ္ရီသီးေခါင္းစည္းႀကိဳးေလးႏွင့္
လိုက္ဖက္ေအာင္ ဘဲနႈတ္သီးေလးကိုဆူေထာ္ထားေသာ
ေပါက္စ ။ ဝတ္ထားေသာအေပၚထပ္သိုးေမႊးအေႏြးအက်ႌ
အိတ္ကပ္ထဲရိွ စေတာ္ဘယ္ရီသီးပိုက္ဆံအိတ္ေလးကို
ထုတ္ၿပီးလက္ႏွစ္ဖက္ျဖင့္ကိုင္လ်က္ ရင္ဘတ္နားေလးသို႔
ကပ္ကာ ငိုမဲ့မဲ့မ်က္ႏွာေလးျဖင့္ ...
" ေဒၚေလး ဟူးဟူးေလး ဘယ္ေလာက္က်လဲ ဟင္ "
" ဝမ္ငါးေထာင္ သားေလး "
" အာ ... ဝမ္ငါးေထာင္ .. ဟုတ္ကဲ့ "
အေျပာႏွင့္အညီလက္ကေလးငါးေခ်ာင္းေထာင္၍ပါးစပ္
ေလးဟကာ ပိုက္ဆံအိတ္ေသးေသးေလးထဲရိွမုန္႔ဖိုးတို႔
အားထုတ္ၿပီးက်သင့္ေငြ႐ွင္းရန္စတင္၍မုန္႔ဖိုးအေႂကြတို႔
ကို ေရေလေတာ့သည္ ။
သို႔ေသာ္လည္း ႐ိွသမွ်မုန္႔ဖိုးေလးေတြ အကုန္ေရလို႔အၿပီး
သူ႔လက္ထဲရိွသည့္ မုန္႔ဖိုးစုစုေပါင္းသည္ ဝမ္ေလးေထာင္
အတိသာျဖစ္သည္ ။
တဖန္ သူယူထားေသာမုန္႔ထုပ္ အားလံုးတို႔မွာလည္းဂ်ံဳအင္
တစ္ေယာက္၏ပါးစပ္ႏွင့္လက္ကျမင္းမႈေၾကာင့္အကုန္လံုးမွာ
ေဖာက္ၿပီးသားျဖစ္ၿပီးသားနဲ႔အကုန္နည္းနည္း နည္းနည္းခ်င္း
စီ လိုက္စားၿပီးသားျဖစ္ျပီးသားမို႔ ျပန္ထားဖို႔လည္း မျဖစ္ႏိုင္
တာေၾကာင့္ ေဘးၾကပ္နံၾကပ္ ျဖစ္ရျပန္သည္ ။
" နီနီ "
" ဟင္ ! ဘာလဲ ေယာက္ဖ ... ေျပာေလ "
" မင္းမွာပိုက္ဆံအပိုပါေသးယား ? "
အားကိုးတႀကီးႏွင့္ တိုးတိုးႀကိတ္ႀကိတ္ ေမးလိုက္ေသာ
ေပါက္စအား အားတက္ခ်င္သြားေအာင္ ဂ်ံဳအင္ ၾကက္
ေၾကာ္ ပလုတ္ပေလာင္းႏွင့္ ေခါင္းကို ဘယ္ညာခါရမ္းျပ
လိုက္သည္ ။
" ဒီအေအးဖိုးနဲ႔ အဲ့မုန္႔ဖိုးေတြနဲ႔အတူေပါင္း႐ွင္းေပးပါ
ေဒၚေလး "
ပိုက္ဆံမေလာက္လို႔ အခက္ေတြ႔ၿပီး နႈတ္ခမ္းေလးဆူ၍
ေခါင္းေလးငုံ႔ကာေပါက္စခဏၿငိမ္သက္ကာငူေငါင္ေနမိ
ေသာ္ ။ ႐ုတ္တရက္ ၾကားလိုက္ရေသာ သူ႔မုန္႔ဖိုးေတြကူ
ရွင္းေပးမယ္ဆိုေသာစကားသံကို ၾကားလိုက္ရသည္နွင့္
ေအာက္သို႔ငံု႔ထားေသာ သူ႔ေခါင္းေလးအား အေပၚသို႔အ
သာ ေမာ့ၾကည့္လိုက္မိသည္ ။
ထိုအခါ အမွတ္မထင္ ေမွ်ာ္လင့္ခ်က္ ေပ်ာက္ဆံုးလုနီးနီး
ေလးမွာေတြ႔လိုက္ရေသာအေအးဘူးေလးနွစ္ဘူးကိုလက္
တစ္ဖက္ႏွင့္ကိုင္ၿပီးက်န္လက္တစ္ဖက္ႏွင့္သူ႔မုန္႔ဖိုးေတြကို
႐ွင္းရန္မုန္႔ဆိုင္ရွင္အေဒၚေလးကိုပိုက္ဆံလွမ္းေပးေနေသာ
သူ႔ရဲ႕ ...
" တိုတို ခ်ာႏူးလ္ ! ! "
သရဲေတြ႔တဲ့အလား ရုတ္တရက္ထေအာ္လာတဲ့ ေပါက္စ
၏ ေခၚသံခပ္စူးစူးေၾကာင့္ ခ်န္းေယာလ္ နားတစ္ခ်က္အူ
သြားခဲ့ေသာ္လည္း မုန္႔ဆိုင္ရွင္ေဒၚေလးမွ ျပန္အမ္းေပး
ေသာ ျပန္အမ္းေငြကိုယူၿပီး မုန္႔ထုပ္ေတြတစ္ေပြ႔ႀကီးႏွင့္
သူ႔အား ပါပီမ်က္လံုးဝိုင္းဝိုင္းေတြႏွင့္ ေမာ့ၾကည့္ေနေသာ
ေပါက္စအားမ်က္ေမွာင္ၾကဳပ္ျဖင့္ ျပန္ငံု႔ၾကည့္လ်က္ ...
" စားခ်င္တာရၿပီဆို ကိုယ့္အတန္းကိုျပန္ေတာ့ "
တိုတိုတုပ္တုပ္ စကားတစ္ခြန္းဆိုျပီး ေက်ာင္းမုန္႔စား
ေစ်းတန္းမွ ခ်န္းေယာလ္ ျပန္ထြက္သြားခဲ့လာသည္ ။
သို႔ေသာ္လည္း အေနာက္တြင္ေတာ့ တစ္ေပြ႔ႀကီးပိုက္
ထားေသာမုန္႔ထုပ္ေတြကို သူ႔ရင္ခြင္ထဲသို႔အတင္းပစ္
ထည့္ၿပီး ဘာမေျပာညာမေျပာႏွင့္ မုန္႔စားေစ်းတန္းမွ
လွစ္ခနဲေျပးထြက္သြားခဲ့ေသာေပါက္စေၾကာင့္ဂ်ံဳအင္
တစ္ေယာက္ ေခါင္းကုတ္မိသည္ ။
_________________________________
" တိုတိုခ်ာႏူးလ္ .. တိုတိုခ်ာႏူးလ္ "
အေနာက္မွ အသံျပဲႀကီးႏွင့္ တတိုတည္းတိုေနေသာ
ေပါက္စေၾကာင့္ ခ်န္းေယာလ္ ေလွ်ာက္ေနေသာ သူ႔
ေျခလွမ္းတို႔ကို ႐ုတ္ခ်ည္းရပ္တန္႔လိုက္မိသည္ ။
ထို႔ေနာက္ ေက်ာခိုင္းရပ္ထားေသာ သူ႔အေနာက္သို႔
သမင္လည္ျပန္လွည့္ၾကည့္လိုက္ေတာ့လံုးလံုးလံုးလံုး
ေလးႏွင့္ သူ႔ဆီသို႔ေျပးလာတဲ့ ေပါက္စ ။
ဒီတစ္ေခါက္လည္း ဘာေတြ ဘယ္ေလာက္ေတာင္
အလ်င္ေတြလိုျပီး ေျပးလာျပန္ျပီသလဲ မသိ ။
ငယ္ထိပ္ကစုစည္းထားတဲ့ ၾကက္ေတာင္စည္းေလး
ေတာင္ ဒုတိယအၾကိမ္ထပ္ျပီးေျပေလ်ာ့ျပလို႔ေန ။
" တိုတိုခ်ာႏူးလ္ "
" အတန္းကိုျပန္ဖို႔ေျပာထားတာကို ဘာလို႔အေနာက္ကေန
အတင္းေျပးလိုက္လာရတာလဲ ! "
အျမဲလိုလို မ်က္ေမွာင္ၾကဳပ္ေနေသာ မ်က္ႏွာေသတစ္မ်ိဳး
တည္းတို႔ကိုသာ သူ႔ဘက္မွေပါက္စကို ခ်ျပမိေသာ္လည္း
ဘယ္တုန္းကမွတစ္ခ်က္ကေလးေတာင္မေၾကာက္ျပတတ္
တဲ့အျပင္အရယ္အျပံဳးတစ္ခ်က္ေတာင္မပ်က္သြားတဲ့ေျပာ
ရဆိုရခက္တဲ့ တကယ့္ေပါက္စေလးပါေလ ။
" တိုတိုေျပာသရို ဟူးဟူးေလး အတန္းကိုျပန္ၿပီးပါၿပီ
အတန္းျပန္ေရာက္ေရာက္ခ်င္းမွာပဲ လြယ္အိတ္ထဲမွာ
မုန္႔ဖိုးအပိုေတြထပ္ေတြ႔ရို႔ အဲ့ဒါ ေစာေစာက တိုတိုခ်ာ
ႏူးလ္ စိုက္ေပးသြားတဲ့ မုန္႔ဖိုးေတြကို ဟူးဟူးေလးျပန္
လိုက္ေပးတာ .. အြင့္ "
မခုတ္တတ္တဲ့ေၾကာင္ဆိုးေလး ။ လိမၼာယဥ္ပါးေသာ
ၾကြက္တစ္ေကာင္အလား ။
ေစတနာနွင့္သူဝယ္ေကြၽးခဲ့တာကိုအသာတၾကည္လက္
မခံဘဲ မ်က္လံုးေလး ေပကလည္ေပလည္ျဖင့္ ေျပာေန
ေသာအထြန္႔တက္ကာ ပိုက္ဆံလာျပန္ေပးတဲ့ ေပါက္စ
အား ခ်န္းေယာလ္ စိတ္ဆိုးမိသည္ ။
" ရတယ္ .. မယူဘူး .. ျပန္ေတာ့ အတန္းကို "
ခ်န္းေယာလ္ ပိတ္ေအာ္လိုက္လို႔ ဇက္ကေလး ပုဝင္သြား
ခဲ့ေသာ ေပါက္စ ။
အေကာင္းႏွင့္ သူ႔ကိုကိုတစ္ေယာက္ သူ႔အတြက္ေၾကာင့္
ႏွင့္ သံုးစရာမုန္႔ဖိုးမရိွေတာ့မွာကိုစိုးရိမ္လို႔အေနာက္ကေန
အသည္းအသန္ေျပးလိုက္ၿပီးသူ႔ကိုစိုက္ေပးထားတဲ့မုန္႔ဖိုး
ေတြျပန္ေပးတာကိုမယူဘဲသူ႔ကိုေက်ာခိုင္းသြားတဲ့သူ႔ကိုကို
တစ္ေယာက္ အဘယ္ေၾကာင့္ သူ႔ကိုစိတ္ျပန္ဆိုးသြားရျပန္
သလဲကိုနႈတ္ခမ္းေလးဆူလ်က္ မ်က္လံုးေလးေတာင္ၾကည့္
ေျမႇာက္ၾကည့္ႏွင့္ စဥ္းစားေနမိစဥ္ ...
႐ုတ္တရက္ " ေပါက္စ " ဆိုကာ သူ႔ဘက္သို႔ ျပန္လွည့္
လာၿပီး လက္ျဖန္႔ျပေသာ ကိုကိုေၾကာင့္ ေၾကာင္ေတာင္
ေတာင္ေလးနွင့္ ျဖန္႔ထားေသာလက္ထဲသို႔ ဝမ္ငါးေထာင္
ကို သူထည့္ေပးလိုက္ေတာ့ ..
" အဲ႔ဒါ မဟုတ္ဘူး " ဆိုၿပီး ထေအာ္ျပန္ေသာ ကိုကို
ေၾကာင့္ ပါပီမ်က္ဝန္းေလးတစ္စံုတိုုမွာ တဖန္ဝိုင္းစက္
သြားခဲ့ရျပန္သည္ ။
" ဒီ .. ဒီေန႔မေပးရေသးဘူး "
မ်က္လံုးေလးကို ေတာင္ၾကည့္ ေျမာက္ၾကည့္ႏွင့္ေျပာေန
ေသာ ခ်န္းေယာလ္စကားအဆံုး ေပါက္စ သြားညီညီေလး
ေတြ အကုန္ေပၚသည္အထိျပံဳးရယ္လိုက္မိသည္ ။
ထို႔ေနာက္အေႏြးအက်ႌအိတ္ကပ္ထဲကခ်န္းေယာလ္အတြက္
ရည္ရြယ္ၿပီးအိမ္ကထည့္လာေသာစုပ္လံုးေလး တစ္လံုးအား
ထုတ္ယူလိုက္ၿပီး ခ်န္းေယာလ္ လက္ထဲသို႔ ထည့္ေပးလိုက္
ေသာအခါ သူ႔လက္ထဲသို႔စုပ္လံုးေလးအစား ျပန္ေရာက္လာ
ခဲ့ေသာ စေတာ္ဘယ္ရီႏို႔ဗူးေလး ။
" ေက်ာင္းတက္ေတာ့မယ္ အတန္းကိုျမန္ျမန္ျပန္ေတာ့ "
ျမင္လႊာထဲမွ တေျဖးေျဖးေပ်ာက္ကြယ္သြားေသာေက်ာျပင္
ေလးကိုေပါက္စေငးၾကည့္ရင္းစေတာ္ဘယ္ရီႏို႔ဗူးေလးအား
လက္ႏွစ္ဖက္ျဖင့္ဆုပ္ကိုင္လ်က္ ၾကက္ေသေသေနမိသည္ ။
မႏူးညံ့ေသာ စကားတို႔ ။ ေႏြးေထြးမႈတို႔ကိုခံစားရသလို ။
ကိုကိုက သူ႔အတြက္ သူ႔လက္ထဲက အခ်ိဳတစ္ဝက္ ၊
အခ်ဥ္တစ္ဝက္အရသာရိွတဲ့ စေတာ္ဘယ္ရီႏို႔ဗူးေလး
လိုပဲ ။
ေအးစက္တစ္လွည့္ ၊ ေႏြးေထြးတစ္လွည့္ ။
_________________________________
ဆက္ရန္ . . .
18.10.2019
REN JO JO
_________________________________
ကျောင်းပိတ်ရက်ဖြစ်တာကြောင့် ဗြောင်အိမ်တော်အပေါ်
ထပ်ဝရံတာတွင်ပေါက်စဟူးဟူးနှင့်ဂျုံအင်တို့နှစ်ယောက်
မှာပါးစပ်ထဲမုန့်ပလုတ်ပလောင်းနှင့်ကျောင်းကပေးလိုက်
သောအိမ်စာတို့အမြန်ပြီးအောင် အတူတူပေါင်းလုပ်နေ
ကြသည် ။
" 9 + 3 = 12 နောက်ပြီးတော့ ဒီပုစ္ဆာကဒီလိုတွက်ရ ... "
ပြောမယ့်စကားအားပြီးဆုံးအောင် မပြောနိုင် ။ အတည်
ပေါက်ကြီးနှင့်စာရှင်းပြနေသောသူ့အားသောက်ဖက်တစ်
ချက်တောင်မလုပ် ။
ဝရံတာမှမြင်တွေ့နေရသော တစ်ဖက်ကသူ့အိမ်ဖြစ်သော
ပတ်အိမ်တော်ခြံဝန်းထဲတွင် သူတို့နှင့်အလားတူစာအတူ
တူလုပ်နေကြသော အစ်ကိုဖြစ်သူချန်းယောလ်အား ငေး
မောလို့နေသော ပေါက်စနဖူးလေးအားဂျုံအင်ခပ်ပြင်းပြင်း
လေး တစ်ချက်တောက်ချလိုက်သည် ။
" အ ! .. နာတယ် နီနီ ! "
သူ့လက်ချက်ကြောင့် နီရဲတွတ်သွားတဲ့ နဖူးပြင်လေးကို
လက်ဖဝါးလေးဖြင့်ပွတ်ပြီးဆူပုတ်ပြနေသောပေါက်စကို
ဂျုံအင် ခပ်စွေစွေကြည့်လျက် ...
" နည်းတောင်နည်းသေးတယ် စာထဲစိတ်မှမရှိတာ "
မဲ့ရွဲ့သော မျက်နှာပေးဖြင့် ဆိုလိုက်သော ဂျုံအင်အား
ပေါက်စ မျက်လုံးမှေးမှေးလေးတွေ စုံမှိတ်သွားသည်
အထိပြုံးပြီး ဖွင့်လျက်ရှိသော တွက်လက်စသချၤာလေ့
ကျင့်ခန်းစာအုပ်လေးအားဆက်ခနဲပိတ်လိုက်ချပြီးသူ့
အရှေ့မျက်နှာချင်းဆိုင်တွင်ထိုင်နေသောဂျုံအင်မျက်
နှာအား မေးလေးထောက်ကာ စိုက်ကြည့်လျက် ...
" နီနီ "
" ဘာကိတ်? "
ချန်းယောလ်ဘေးတွင်ပြုံးပျော်နေသောမျက်နှာနှင့်စာ
အတူလုပ်ပြီးပြုံးရယ်နေသောပင်ကွင်းနှင့်တူသည့်သူ့
လိုကဲ့သို့ပါးဖောင်းဖောင်းလေးတွေပိုင်ဆိုင်ထားသော
ကောင်လေးကိုဂျုံအင်မြင်အောင်လက်ညှိုးလေးထိုးပြ
ပြီး ...
" ဟိုးးက တိုတိုချာနူးလ်နဲ့ စာအတူတူလုပ်နေတဲ့
သူက ဘူလဲ ဟင် ! "
" အာ .. အဲ့ဒါလား .. အစ်ကိုဂျောင်ဆူးလေ "
" အစ်ကိုဂျောင်ဆူး ! "
" အင်း .. အစ်ကိုဂျောင်ဆူး .. နာမည်အပြည့်အစုံက
ဒိုဂျောင်ဆူး .. မမဒါယောင်းနဲ့ကိုကြီးပတ်တို့နဲ့အစ်ကို
ဂျောင်ဆူးတို့ကငယ်ငယ်လေးကတည်းကခင်လာကြ
တဲ့ ငယ်သူငယ်ချင်းအရင်းကြီးတွေလေ "
" ငယ်သူငယ်ချင်း အရင်းကြီးတွေ ! "
" အင်း ဟုတ်တယ် .. အစ်ကိုဂျောင်ဆူးက အရင်တုန်း
က ယောက်ဖတို့အခုနေတဲ့အိမ်မှာပဲနေသွားခဲ့တဲ့အိမ်ရှင်
ဟောင်းတွေပေါ့ အစ်ကိုဂျောင်ဆူး ဆယ်နှစ်ရောက်တော့
ဦးလေးဒိုဂျောင်မင်ကငါတို့နဲ့နှစ်လမ်းကျော်ကိုအိမ်ပြောင်း
သွားခဲ့တယ် နောက်ပြီး အစ်ကိုဂျောင်ဆူးက ကျောင်းပိတ်
ရက်ပဲဖြစ်ဖြစ် သူအားတဲ့အချိန်ပဲဖြစ်ဖြစ် ငါတို့အိမ်ကိုလာ
လည်ပြီး ကိုကြီးပတ်နဲ့ စာအတူလုပ်တတ်တယ်ကွ တစ်ခါ
တစ်လေဆိုမမဒါယောင်းတောင် အစစ်ပါသေးတယ် "
ရှည်လားလှသော ဒိုဂျောင်ဆူးနှင့်ပတ်ချန်းယောလ်တို့၏
ပတ်သတ်မှုအားစိတ်ရှည်ရှည်နှင့်ပြောပြပေးနေတဲ့ဂျုံအင်
စကားတို့ကို ပေါက်စတစ်ယောက် ကြားယောင်မရှိ ။
အခုချိန် ။ သူ့ရဲ့ အာရုံအလုံးစုံတို့ကို ဖမ်းယူထားသည့်
အရာဝတ္ထုသည်ကား ။ သူ့မျက်စိရှေ့တွင် မြင်တွေ့နေရ
သော ပင်ကွင်းပေါက်စနှင့်တူသောထိုဒိုဂျောင်ဆူးဆိုတဲ့
သူ့ထက်ကြီးတဲ့ အစ်ကိုကြီးရဲ့ ပါးဖောင်းဖောင်းလေးနှစ်
ဖက်ကို ဆွဲဖိညစ်ပြီး သဘောကျစွာပြုံးပျော်နေသောသူ့
ကိုကို ချန်းယောလ်၏ အပြုံးတို့သည်သာ ။
" နီနီ "
" ဟင် ! ဘာလဲ ယောက်ဖ ပြောလေ "
" တိုတိုချာနူးလ်က သူများပါးကိုဆွဲရတာကြိုက်ယား ? "
" မကြိုက်ပါဘူး .. ဒါပေမယ့် ကိုကြီးပတ်က အစ်ကို
ဂျောင်ဆူးရဲ့ပါးဖောင်းဖောင်းလေးနှစ်ဖက်ကိုဆွဲဖိညစ်
ရတာကိုတော့ သိပ်သဘောကျတယ် ယောက်ဖ "
ဂျုံအင်စကားအဆုံး ပေါက်စသူ့၏ပါးဖောင်းဖောင်းလေး
နှစ်ဖက်ကို လက်တစ်စုံဖြင့်ခပ်ဖွဖွလေးပြန်ဖိညစ်မိရင်း
တစ်ခုခုကိုမနာလိုသလိုလို ၊ အူတိုသလိုလိုခံစားရသည့်
ခံစားချက်တို့နှင့်အတူဘဲနှုတ်သီးလေးကိုဆူထော်လျက်
တစ်ကိုယ်တည်းကြားရုံမျှသာနှုတ်မှလေသံလေးဖြင့််ခြွေ
ချလိုက်မိသော စကား ။
" ဟူးဟူး ပါးလေးလည်းဖိညစ်လို့ကောင်းတာကို "
_________________________________
" ဒေါ်လေး ဟူးဟူးလေး ဘယ်လောက်ကျလဲ ဟင် ! "
" တစ်သက်တစ်ကျွန်း မလွတ်တော့ဘူး "
" ပတ် ဂျုံ အင် ! ! "
* ဖြန်း *
" အ ! ယောက်ဖ .. နာတယ်ကွ ! "
မုန့်ထုပ်တွေ တစ်ပွေ့တစ်ပိုက်ကြီးနှင့် ဆိုင်ရှင်ဒေါ်လေးကို
ပိုက်ဆံရှင်းရန်မေးလိုက်သောပေါက်စ၏အမေးအားနံဘေး
မှ ဂျုံအင်ကြက်ပေါင်ကိုက်ရင်း အာဝင်ချောင်လိုက်သည် ။
သို့သော်လည်းလျှာရှည်ပြီးအာဝင်ချောင်မိခြင်း၏ အကျိုး
ဆက်ဖြစ်သော သူ့ကျောပြင်ပေါ်သို့ကျရောက်လာသော
စွာတေးလန် ၊ စွာစိလန် ဘိုဘိုဟူးလက်ဝါးတစ်ချက်ကြောင့်
ကျောင်းကန်တင်းထဲ၌ဝယ် လူမြင်မကောင်းအောင် ကျော
ကော့သွားခဲ့ရသည် ။
" ချစ်ယောက်ဖ .. မင်းလက်နဲ့တင်လူသတ်ရို့ရပြီ သိယား ! "
ရွဲ့စောင်းပြောလာသော ဂျုံအင်အား ပေါက်စခပ်စွေစွေ
ကြည့်လျက် ...
" ပြောတော့ဖြင့် ဒီအချိန် မုန့်စားဈေးတန်းမှာ တိုတို
ချာနူးလ်ရှိတယ်ဆို ဘယ်မှာလဲ အခု တိုတိုချာနူးလ်
ကို မတွေ့ရဘဲ မင်းကြောင့်ငါ့မုန့်ဖိုးတွေပဲအကုန်ကုန်
သွားတယ် .. ဟွန့် "
ကြက်ကြော်စားချင်လို့ ဉာဏ်ဆင်သော ဂျုံအင် ။ သူ့အား
မျက်စောင်းတခဲခဲဖြင့် ပြောလာသော ပေါက်စ ပခုံးအား
ဆက်ခနဲ လှမ်းဖက်ပြီး မျက်နှာချိုသွင်းသည့်လုပ်ငန်းအား
စတင်အကောင်ထည်ဖော်လျက် ...
" ဟဲဟဲ ချစ်ယောက်ဖကလည်းကွာ ကိုကြီးပတ်ကို အခု
မတွေ့ရလည်းညနေကျရင်တော့အိမ်မှာတွေ့ရမှာပေါ့ကွာ
မဟုတ်ဘူးလား ဟင် ! "
" ဟွန့် "
ငယ်ထိပ်က စတော်ဘယ်ရီသီးခေါင်းစည်းကြိုးလေးနှင့်
လိုက်ဖက်အောင် ဘဲနှုတ်သီးလေးကိုဆူထော်ထားသော
ပေါက်စ ။ ဝတ်ထားသောအပေါ်ထပ်သိုးမွှေးအနွေးအကျႌ
အိတ်ကပ်ထဲရှိ စတော်ဘယ်ရီသီးပိုက်ဆံအိတ်လေးကို
ထုတ်ပြီးလက်နှစ်ဖက်ဖြင့်ကိုင်လျက် ရင်ဘတ်နားလေးသို့
ကပ်ကာ ငိုမဲ့မဲ့မျက်နှာလေးဖြင့် ...
" ဒေါ်လေး ဟူးဟူးလေး ဘယ်လောက်ကျလဲ ဟင် "
" ဝမ်ငါးထောင် သားလေး "
" အာ ... ဝမ်ငါးထောင် .. ဟုတ်ကဲ့ "
အပြောနှင့်အညီလက်ကလေးငါးချောင်းထောင်၍ပါးစပ်
လေးဟကာ ပိုက်ဆံအိတ်သေးသေးလေးထဲရှိမုန့်ဖိုးတို့
အားထုတ်ပြီးကျသင့်ငွေရှင်းရန်စတင်၍မုန့်ဖိုးအကြွေတို့
ကို ရေလေတော့သည် ။
သို့သော်လည်း ရှိသမျှမုန့်ဖိုးလေးတွေ အကုန်ရေလို့အပြီး
သူ့လက်ထဲရှိသည့် မုန့်ဖိုးစုစုပေါင်းသည် ဝမ်လေးထောင်
အတိသာဖြစ်သည် ။
တဖန် သူယူထားသောမုန့်ထုပ် အားလုံးတို့မှာလည်းဂျုံအင်
တစ်ယောက်၏ပါးစပ်နှင့်လက်ကမြင်းမှုကြောင့်အကုန်လုံးမှာ
ဖောက်ပြီးသားဖြစ်ပြီးသားနဲ့အကုန်နည်းနည်း နည်းနည်းချင်း
စီ လိုက်စားပြီးသားဖြစ်ပြီးသားမို့ ပြန်ထားဖို့လည်း မဖြစ်နိုင်
တာကြောင့် ဘေးကြပ်နံကြပ် ဖြစ်ရပြန်သည် ။
" နီနီ "
" ဟင် ! ဘာလဲ ယောက်ဖ ... ပြောလေ "
" မင်းမှာပိုက်ဆံအပိုပါသေးယား ? "
အားကိုးတကြီးနှင့် တိုးတိုးကြိတ်ကြိတ် မေးလိုက်သော
ပေါက်စအား အားတက်ချင်သွားအောင် ဂျုံအင် ကြက်
ကြော် ပလုတ်ပလောင်းနှင့် ခေါင်းကို ဘယ်ညာခါရမ်းပြ
လိုက်သည် ။
" ဒီအအေးဖိုးနဲ့ အဲ့မုန့်ဖိုးတွေနဲ့အတူပေါင်းရှင်းပေးပါ
ဒေါ်လေး "
ပိုက်ဆံမလောက်လို့ အခက်တွေ့ပြီး နှုတ်ခမ်းလေးဆူ၍
ခေါင်းလေးငုံ့ကာပေါက်စခဏငြိမ်သက်ကာငူငေါင်နေမိ
သော် ။ ရုတ်တရက် ကြားလိုက်ရသော သူ့မုန့်ဖိုးတွေကူ
ရှင်းပေးမယ်ဆိုသောစကားသံကို ကြားလိုက်ရသည်နှင့်
အောက်သို့ငုံ့ထားသော သူ့ခေါင်းလေးအား အပေါ်သို့အ
သာ မော့ကြည့်လိုက်မိသည် ။
ထိုအခါ အမှတ်မထင် မျှော်လင့်ချက် ပျောက်ဆုံးလုနီးနီး
လေးမှာတွေ့လိုက်ရသောအအေးဘူးလေးနှစ်ဘူးကိုလက်
တစ်ဖက်နှင့်ကိုင်ပြီးကျန်လက်တစ်ဖက်နှင့်သူ့မုန့်ဖိုးတွေကို
ရှင်းရန်မုန့်ဆိုင်ရှင်အဒေါ်လေးကိုပိုက်ဆံလှမ်းပေးနေသော
သူ့ရဲ့ ...
" တိုတို ချာနူးလ် ! ! "
သရဲတွေ့တဲ့အလား ရုတ်တရက်ထအော်လာတဲ့ ပေါက်စ
၏ ခေါ်သံခပ်စူးစူးကြောင့် ချန်းယောလ် နားတစ်ချက်အူ
သွားခဲ့သော်လည်း မုန့်ဆိုင်ရှင်ဒေါ်လေးမှ ပြန်အမ်းပေး
သော ပြန်အမ်းငွေကိုယူပြီး မုန့်ထုပ်တွေတစ်ပွေ့ကြီးနှင့်
သူ့အား ပါပီမျက်လုံးဝိုင်းဝိုင်းတွေနှင့် မော့ကြည့်နေသော
ပေါက်စအားမျက်မှောင်ကြုပ်ဖြင့် ပြန်ငုံ့ကြည့်လျက် ...
" စားချင်တာရပြီဆို ကိုယ့်အတန်းကိုပြန်တော့ "
တိုတိုတုပ်တုပ် စကားတစ်ခွန်းဆိုပြီး ကျောင်းမုန့်စား
ဈေးတန်းမှ ချန်းယောလ် ပြန်ထွက်သွားခဲ့လာသည် ။
သို့သော်လည်း အနောက်တွင်တော့ တစ်ပွေ့ကြီးပိုက်
ထားသောမုန့်ထုပ်တွေကို သူ့ရင်ခွင်ထဲသို့အတင်းပစ်
ထည့်ပြီး ဘာမပြောညာမပြောနှင့် မုန့်စားဈေးတန်းမှ
လှစ်ခနဲပြေးထွက်သွားခဲ့သောပေါက်စကြောင့်ဂျုံအင်
တစ်ယောက် ခေါင်းကုတ်မိသည် ။
_________________________________
" တိုတိုချာနူးလ် .. တိုတိုချာနူးလ် "
အနောက်မှ အသံပြဲကြီးနှင့် တတိုတည်းတိုနေသော
ပေါက်စကြောင့် ချန်းယောလ် လျှောက်နေသော သူ့
ခြေလှမ်းတို့ကို ရုတ်ချည်းရပ်တန့်လိုက်မိသည် ။
ထို့နောက် ကျောခိုင်းရပ်ထားသော သူ့အနောက်သို့
သမင်လည်ပြန်လှည့်ကြည့်လိုက်တော့လုံးလုံးလုံးလုံး
လေးနှင့် သူ့ဆီသို့ပြေးလာတဲ့ ပေါက်စ ။
ဒီတစ်ခေါက်လည်း ဘာတွေ ဘယ်လောက်တောင်
အလျင်တွေလိုပြီး ပြေးလာပြန်ပြီသလဲ မသိ ။
ငယ်ထိပ်ကစုစည်းထားတဲ့ ကြက်တောင်စည်းလေး
တောင် ဒုတိယအကြိမ်ထပ်ပြီးပြေလျော့ပြလို့နေ ။
" တိုတိုချာနူးလ် "
" အတန်းကိုပြန်ဖို့ပြောထားတာကို ဘာလို့အနောက်ကနေ
အတင်းပြေးလိုက်လာရတာလဲ ! "
အမြဲလိုလို မျက်မှောင်ကြုပ်နေသော မျက်နှာသေတစ်မျိုး
တည်းတို့ကိုသာ သူ့ဘက်မှပေါက်စကို ချပြမိသော်လည်း
ဘယ်တုန်းကမှတစ်ချက်ကလေးတောင်မကြောက်ပြတတ်
တဲ့အပြင်အရယ်အပြုံးတစ်ချက်တောင်မပျက်သွားတဲ့ပြော
ရဆိုရခက်တဲ့ တကယ့်ပေါက်စလေးပါလေ ။
" တိုတိုပြောသရို ဟူးဟူးလေး အတန်းကိုပြန်ပြီးပါပြီ
အတန်းပြန်ရောက်ရောက်ချင်းမှာပဲ လွယ်အိတ်ထဲမှာ
မုန့်ဖိုးအပိုတွေထပ်တွေ့ရို့ အဲ့ဒါ စောစောက တိုတိုချာ
နူးလ် စိုက်ပေးသွားတဲ့ မုန့်ဖိုးတွေကို ဟူးဟူးလေးပြန်
လိုက်ပေးတာ .. အွင့် "
မခုတ်တတ်တဲ့ကြောင်ဆိုးလေး ။ လိမ္မာယဉ်ပါးသော
ကြွက်တစ်ကောင်အလား ။
စေတနာနှင့်သူဝယ်ကျွေးခဲ့တာကိုအသာတကြည်လက်
မခံဘဲ မျက်လုံးလေး ပေကလည်ပေလည်ဖြင့် ပြောနေ
သောအထွန့်တက်ကာ ပိုက်ဆံလာပြန်ပေးတဲ့ ပေါက်စ
အား ချန်းယောလ် စိတ်ဆိုးမိသည် ။
" ရတယ် .. မယူဘူး .. ပြန်တော့ အတန်းကို "
ချန်းယောလ် ပိတ်အော်လိုက်လို့ ဇက်ကလေး ပုဝင်သွား
ခဲ့သော ပေါက်စ ။
အကောင်းနှင့် သူ့ကိုကိုတစ်ယောက် သူ့အတွက်ကြောင့်
နှင့် သုံးစရာမုန့်ဖိုးမရှိတော့မှာကိုစိုးရိမ်လို့အနောက်ကနေ
အသည်းအသန်ပြေးလိုက်ပြီးသူ့ကိုစိုက်ပေးထားတဲ့မုန့်ဖိုး
တွေပြန်ပေးတာကိုမယူဘဲသူ့ကိုကျောခိုင်းသွားတဲ့သူ့ကိုကို
တစ်ယောက် အဘယ်ကြောင့် သူ့ကိုစိတ်ပြန်ဆိုးသွားရပြန်
သလဲကိုနှုတ်ခမ်းလေးဆူလျက် မျက်လုံးလေးတောင်ကြည့်
မြှောက်ကြည့်နှင့် စဉ်းစားနေမိစဉ် ...
ရုတ်တရက် " ပေါက်စ " ဆိုကာ သူ့ဘက်သို့ ပြန်လှည့်
လာပြီး လက်ဖြန့်ပြသော ကိုကိုကြောင့် ကြောင်တောင်
တောင်လေးနှင့် ဖြန့်ထားသောလက်ထဲသို့ ဝမ်ငါးထောင်
ကို သူထည့်ပေးလိုက်တော့ ..
" အဲ့ဒါ မဟုတ်ဘူး " ဆိုပြီး ထအော်ပြန်သော ကိုကို
ကြောင့် ပါပီမျက်ဝန်းလေးတစ်စုံတိုုမှာ တဖန်ဝိုင်းစက်
သွားခဲ့ရပြန်သည် ။
" ဒီ .. ဒီနေ့မပေးရသေးဘူး "
မျက်လုံးလေးကို တောင်ကြည့် မြောက်ကြည့်နှင့်ပြောနေ
သော ချန်းယောလ်စကားအဆုံး ပေါက်စ သွားညီညီလေး
တွေ အကုန်ပေါ်သည်အထိပြုံးရယ်လိုက်မိသည် ။
ထို့နောက်အနွေးအကျႌအိတ်ကပ်ထဲကချန်းယောလ်အတွက်
ရည်ရွယ်ပြီးအိမ်ကထည့်လာသောစုပ်လုံးလေး တစ်လုံးအား
ထုတ်ယူလိုက်ပြီး ချန်းယောလ် လက်ထဲသို့ ထည့်ပေးလိုက်
သောအခါ သူ့လက်ထဲသို့စုပ်လုံးလေးအစား ပြန်ရောက်လာ
ခဲ့သော စတော်ဘယ်ရီနို့ဗူးလေး ။
" ကျောင်းတက်တော့မယ် အတန်းကိုမြန်မြန်ပြန်တော့ "
မြင်လွှာထဲမှ တဖြေးဖြေးပျောက်ကွယ်သွားသောကျောပြင်
လေးကိုပေါက်စငေးကြည့်ရင်းစတော်ဘယ်ရီနို့ဗူးလေးအား
လက်နှစ်ဖက်ဖြင့်ဆုပ်ကိုင်လျက် ကြက်သေသေနေမိသည် ။
မနူးညံ့သော စကားတို့ ။ နွေးထွေးမှုတို့ကိုခံစားရသလို ။
ကိုကိုက သူ့အတွက် သူ့လက်ထဲက အချိုတစ်ဝက် ၊
အချဉ်တစ်ဝက်အရသာရှိတဲ့ စတော်ဘယ်ရီနို့ဗူးလေး
လိုပဲ ။
အေးစက်တစ်လှည့် ၊ နွေးထွေးတစ်လှည့် ။
_________________________________
ဆက်ရန် . . .
18.10.2019
REN JO JO