" တကယ္ေျပာေနတာလား ဟူးဟူးေလး ? "
တအံ့တၾသနဲ႔ ေမးလာေသာ တီေလးျဖစ္သူ ေျဗာင္နာရာ
အား ေပါက္စဟူးဟူးေလး ပူတင္းေတြျပည့္နက္ေနေသာ
ပါးဆုပ္ေဖာင္းေဖာင္းေလးနွင့္ေခါင္းေလးကိုတဆက္ဆက္
ျငိမ့္ျပလိုက္သည္ ။
" တီတီေလးက ဟူးဟူးေလးကို ေက်ာင္းလိုက္မပို႔ေပးရ
ဘူးဆိုတာ တကယ္ ! "
မယံုၾကည္ႏိုင္စြာ ထပ္တလဲလဲ အေမးဆိုလာတဲ့တီေလး
ျဖစ္သူအားေပါက္စထပ္မံ၍ေခါင္းေလးျပဳတ္ထြက္မတတ္
ၿငိမ့္ျပလ်က္ ...
" တီတီေလးေနာက္ေန႔ကစျပီး ဟူးဟူးကိုေက်ာင္းယိုက္
မပို႔ေပးနဲ႔ေတာ့ "
" ဘာျဖစ္လို႔လဲ ဟူးဟူးေလးရဲ႕ .. တီတီေလး ဟူးဟူးေလး
စိတ္ဆိုးေအာင္ ဘာမ်ားလုပ္မိလို႔လဲ ဟင္ "
မိမိ၏ မ႐ွင္းမ႐ွင္း စကားတို႔ေၾကာင့္ မနက္စာကိုေတာင္
ေျဖာင့္ေအာင္ မစားႏိုင္ ။ မိမိစိတ္ဆိုးေနတယ္ အထင္နဲ႔
စိုးရိမ္တႀကီးျဖင့္ေမးေနေသာ သူမအား ေခါင္းေပၚက စု
စည္းထားတဲ့ ၾကက္ေတာင္စည္းေလးလႈပ္ရမ္းသြားသည္
အထိ ေခါင္းေလးကိုဘယ္ညာျပန္ခါျပၿပီး ...
" ဟူးဟူးေလး စိတ္ဆိုး႐ို႔ တီတီေလးကို ေက်ာင္းယိုက္
မပို႔ခိုင္းတာမဟုတ္ပါဝူး ဟူးဟူးေလးကတိုတိုခ်ာႏူးလ္နဲ႔
အတူ ေက်ာင္းသြားခ်င္႐ို႔ တီတီေလးကို တမင္ေက်ာင္း
ယိုက္မပို႔ခိုင္းတာ ဟီး "
ပူတင္းပလုတ္ပေလာင္းျဖင့္အူးအူးဝါးဝါးစကားမပီတပီေလး
ျဖင့္ ျပန္ေျပာလာေသာ ေပါက္စ စကားအဆံုး ေျဗာင္နာရာ
တို႔ညီအစ္မႏွစ္ေယာက္ တစ္ေယာက္မ်က္ႏွာတစ္ေယာက္
ျပန္ၾကည့္မိၿပီး ၿပိဳင္တူျပံဳးရယ္မိသည္ ။
" ဟာ ! ! ၈နာရီေတာင္ထိုးသြားၿပီ သြားၿပီ သြားၿပီ
ဟူးဟူးေလးေနာက္က်ၿပီ .. ေနာက္က်ၿပီ .. မားမား
တီတီေလး ဟူးဟူးေလးေက်ာင္းသြားၿပီးေနာ္ ခ်စ္တယ္
ေနာ္ ဘိုင့္ဘိုင္ "
ေဘးခံုတြင္တင္ထားတဲ့ေက်ာပိုးအိတ္ကိုအလ်င္ေကာက္
လြယ္ၿပီး လက္ကေလးနွစ္ဖက္အား ေလေပၚသို႔ ေျမႇာက္
ကာ အသဲပံုလုပ္ျပၿပီး နႈတ္ဆက္ကာ မနက္စာစားခန္းထဲ
မွ ဖင္ေလးလႈပ္တုန္႔လႈပ္တုန္႔ျဖင့္ဝွစ္ခနဲ ေျပးထြက္သြားခဲ့
ေသာ ေပါက္စကို ၾကည့္ၿပီး ေျဗာင္မင္ရီတို႔ညီအစ္မအျပံဳး
မပ်က္ရေပ ။
မွန္ကန္ခဲ့သည္ ။ သူမတို႔ ဒီရပ္ကြက္ေလးကို ေျပာင္းလာ
ရန္ ဆံုးျဖတ္ခဲ့မိေသာ ဆံုးျဖတ္ခ်က္ေလး ။
ဖခင္ျဖစ္သူကြယ္လြန္သြားခဲ့တဲ့အခ်ိန္ကတည္းက စတင္
ေပ်ာက္ကြယ္ ဆံုးရွံဴးသြားခဲ့ရေသာ ေပါက္စ ဟူးဟူးေလး
ရဲ႕ ေပ်ာ္ေပ်ာ္ေနတတ္တဲ့ ေမြးရာပါအက်င့္ကေလးနဲ႔ လွပ
ေသာအျပံဳးပန္းပြင့္ေလးတို႔ကိုသူမတို႔ညီအစ္မနွစ္ေယာက္
ေနာက္ဆံုးေတာ့ အရင္လို ျပန္ျမင္ေတြ႔ခဲ့ရၿပီ ။
ဒါကလည္း သူတို႔ရဲ႕ေပါက္စေလးကိုအရင္လိုေပ်ာ္ေပ်ာ္
ေနတတ္တဲ့ အျမဲရယ္ျပံဳးေနတတ္တဲ့ ကေလးေလးလို
ျပန္ျဖစ္ေအာင္လုပ္ေပးႏိုင္ခဲ့တဲ့ ပတ္ခ်န္းေယာလ္ဆိုတဲ့
လူကေလးအား သူမတို႔ညီအစ္မႏွစ္ေယာက္ စိတ္ထဲဲမွ
ၾကိတ္၍ ေက်းဇူးတင္မိသည္ ။
_________________________________
" တိုတိုခ်ာႏူးလ္ .. တိုတိုခ်ာႏူးလ္ .. တိုတိုခ်ာႏူးလ္ ! ! "
လမ္းမထက္ဝယ္ ခ်စ္စရာအသံျပဲေလးနဲ႔အေလာတႀကီး
ေျပးလႊားေနေသာေပါက္စ ။ မိမိႏွင့္ဆယ္ေပအကြာတြင္
လွမ္းျမင္ေနရေသာ ေက်ာင္းသို႔စက္ဘီးျဖင့္နင္းၿပီးသြား
ခဲ့ၿပီျဖစ္ေသာခ်န္းေယာလ္ၾကားေအာင္ အေနာက္မွ အ
ေျပးအလႊားေလး ေျပးလိုက္ၿပီး လွမ္းေခၚေသာ္လည္း
အခ်ည္းအႏွီးသာ ။
တေျဖးေျဖးေဝးကြာသြားျပီျဖစ္တဲ့ ခ်န္းေယာလ္၏ေနာက္
ေက်ာျပင္က်ယ္ႀကီးကိုေငးၾကည့္ရင္း ဒူးႏွစ္ဖက္ေပၚသို႔
လက္တစ္စံုေထာက္၍ေပါက္စခဏအေမာေျဖမိသည္ ။
ခ်န္းေယာလ္ စက္ဘီးကိုမမွီမွန္းသိေသာ္လည္းမွီခ်င္
ေဇာနဲ႔ ေျခသံတိုေလးနဲ႔အေျပးလိုက္မိျခင္း၏ ေနာက္
ဆက္တြဲအက်ိဳးဆက္သည္ကား ကိုယ္၌ဝတ္ထားတဲ့
အနီေရာင္သိုးေမြးအက်ႌေလးနဲ႔လြယ္အိတ္ႀကိဳးတို႔မွာ
ပခံုးေအာက္သို႔ ဖ႐ိုဖရဲေလ်ာ့က်ကာ ေခါင္း၌ စုစည္း
ထားသည့္ၾကက္ေတာင္စည္းေလးေျပသြားသည့္အျပင္
အသစ္စက္စက္ဖိနပ္ကို ထုတ္စီးၿပီး ေျပးမိတာေၾကာင့္
ဘယ္ဘက္ေျခေထာက္မွာ ဖိနပ္ေပါက္ကာနာက်င္မႈ
အသစ္တို႔ရျခင္းတို႔ပင္ျဖစ္သည္ ။
ဒါ့အျပင္ ေမြးရာပါႏွလံုးေရာဂါအခံရိွသည့္အတြက္
ႏွလံုးမွာ ဘယ္လိုမွအေမာသိပ္မခံႏိုင္ေသာ္လည္း
မွီခ်င္ေဇာနဲ႔ခ်န္းေယာလ္စက္ဘီး အေနာက္ကိုေျပး
လိုက္တုန္းကေမာလို႔ေမာမွန္းေတာင္ မသိခဲ့ရသည့္
ႏွလံုးသားမွာလည္း အခုမွ သူေျခစံုရပ္ကာ နားလိုက္
သည္႔ အခ်ိန္မွ အတိုးခ်ကာ ေမာေမာလာတာေၾကာင့္
ဘာအခင္းအက်င္းမွမရိွေသာကားလမ္းမထက္သူေမာ
ေမာႏွင့္ ဖင္ထိုင္လ်က္ပင္ထိုင္ခ်ပစ္လိုက္ေတာ့သည္ ။
" ေဟာဟဲ ေဟာဟဲ .. အဟင့္ ဟင့္ ေမာလိုက္တာ "
" အဲ့လိုေမာမယ္မွန္းသိရင္ ဘာလို႔သူမ်ားအေနာက္ကို
ေအာ္ၿပီးေျပးလိုက္ရတာလဲ ? "
မ်က္ရည္ေလးစမ္းတမ္းတမ္းနဲ႔ လမ္းမထက္တြင္အားရ
ပါးရ ပစ္ခ်ထိုင္ေနေသာ ဘဲနႈတ္သီးေလး ေထာ္ေထာ္နဲ႔
ေပါက္စအေ႐ွ႕သို႔ခ်န္းေယာလ္ ဒူးတစ္ဖက္ေထာက္ထိုင္
ခ်လိုက္ၿပီး ေျပေလ်ာ့ေနေသာ ေပါက္စေလးငယ္ထိပ္က
ၾကက္ေတာင္စည္းေလးကိုအေသအခ်ာျပန္စည္းေပးရင္း
ခပ္တည္တည္ မ်က္ႏွာေပးႏွင့္ ေျပာလိုက္ေတာ့ ျပန္ေမာ့
ၾကည့္လာေသာ ပါပီမ်က္လံုးဝိုင္းဝိုင္းေလးေတြ ။
ေျခြဆင္းက်သြားခဲ့ရေသာဆူဖို႔ သူ႔ စိတ္ထဲရည္ရြယ္ထား
ခဲ့တဲ့ စကားလံုးမ်ားမွာလည္း ရည္ရြယ္ထားခဲ့သလိုလည္
ေခ်ာင္းထဲမွ အျပင္ဘက္သို႔ထြက္က်မလာခဲ့ ။
ေပါက္စပခံုးေအာက္သို႔ေလ်ာ့က်ေနတဲ့ လြယ္အိတ္ေလးကို
လွမ္းယူၿပီးကူလြယ္ေပးလ်က္မ်က္စိအေ႐ွ႕ကတေဟာေဟာ
တဟဲဟဲနဲ႔ အေမာမေျပႏိုင္ေသးေသာေပါက္စ၏ဘယ္ဘက္
ေျခေထာက္ကဖိနပ္ေလးကိုဆက္ခနဲဆြဲခြၽတ္လိုက္သည္ ။
ဖိနပ္ေပါက္ဒဏ္ေၾကာင့္နီရဲကာနာက်င္ေနေသာေပါက္စ
ဘယ္ဘက္ေျခေထာက္ေလးကိုေသခ်ာၾကည့္ၿပီးေနာက္
သူ႔အေႏြးအက်ႌ အိတ္ကပ္ထဲရိွ အျမဲေဆာင္ထားတတ္
ေသာ လက္ကိုင္ပဝါ အျဖဴေလးကိုထုတ္ကာ နႈတ္ဆိတ္
လ်က္သာေပါက္စဘယ္ဘက္ေျခေထာက္ေလး၌ ခ်ည္
ေပးလိုက္သည္ ။
ပထမဦးဆံုးပဲ ။ ပတ္ခ်န္းေယာလ္ဆိုေသာသူ႔ဘဝမွာ
အခုလို သူနဲ႔မရင္းႏွီး စိမ္းသက္လွေသာ သူစိမ္းတစ္
ေယာက္အေပၚကို ဂ႐ုစိုက္ေပးမိတာ ။
ေခြၽးသီးေခြၽးေပါက္ေတြထြက္ေနေသာလံုးကစ္ေနေသာ
ေပါက္စကိုယ္လံုးေလးကို ေကာက္ေပြ႔ခ်ီၿပီး သူ႔စက္ဘီး
ေဒါက္ေထာက္ရပ္ထားခဲ့မိတဲ့ေနရာသို႔ နႈတ္ဆိတ္လ်က္
ျပန္ ေလွ်ာက္လာခဲ့မိျခင္းသည္ သူ႔အတြက္ေတာ့ဘဝမွာ
အထူးဆန္းဆံုးေသာ အျပဳအမူတစ္ခုပင္ ။
* ဒုတ္ .. ဒုတ္ .. ဒုတ္ *
ေပါက္စရဲ႕ လက္ေခ်ာင္းေလးေတြနဲ႔ ထိေတြ႔ေနမိေသာ
သူ႔ ဝဲဘတ္ ရင္တစ္ဖို ။ ပူထူၿပီး တလွပ္လွပ္နဲ႔ ထိန္းမရ
ေအာင္ ဝုန္းဒိုင္းက်ဲ ခုန္ေပါက္ေနတဲ့ ရင္ခုန္သံတို႔ ။
အေျဖမသိနိုင္ေသးသလို ။ နားလည္းမလည္ႏိုင္ေသး ။
" အာေညာ္ ဟူးဟူးေလး "
" အာေညာ္ မမဒါေယာင္း "
၉ႏွစ္သားသာေျပာတာ ၇ႏွစ္သား ကိုယ္လံုးေလာက္သာ
ရိွတဲ့ ေပါက္စအားစက္ဘီးအေ႐ွ႕ျခင္းထဲသို႔ ထည့္လိုက္
သည္ႏွင့္ သူ႔အားစက္ဘီးေဒါက္ေထာက္ၿပီးရပ္ေစာင့္ေပး
ေနသည့္သူငယ္ခ်င္းမဒါေယာင္း၏နႈတ္ဆက္မႈအား မ်က္
လံုးေမွးေမွးေလးေတြစံုမိွတ္သြားသည္အထိ ျပံဳးျပၿပီးျပန္
နႈတ္ဆက္တဲ့ ေပါက္စ ။
ေစာေစာကသူ႔အေနာက္ေျပးလိုက္တာမမွီလို႔ငိုမဲ့မဲ့မ်က္ႏွာ
ေပးနဲ႔ ဆူပုတ္ေနတဲ့ ေပါက္စနဲ႔ လားလားမွ နည္းနည္းေလး
မွ မသက္ဆိုင္ ။
အခုက်ေတာ့လည္း ျပံဳးေနလိုက္တာမွ နားရြက္ကိုပါးစပ္
တက္ခ်ိတ္မွာေတာင္ စိုးရိမ္ရ ။
" သြားၾကမယ္ ဒါေယာင္း "
" အင္း "
ခ်န္းေယာလ္စီးေသာစက္ဘီးသည္ ဒါေယာင္းစီးေသာ
ကေလးစက္ဘီးမဟုတ္ ။ လူႀကီးစက္ဘီးမို႔ အေ႐ွ႕စက္
ဘီးျခင္းသည္ အေတာ္ႀကီး၏ ။
ထိုကဲ့သို႔အေတာ္ႀကီးသည့္စက္ဘီးျခင္းထဲတြင္ခ်န္းေယာလ္
မ်က္ႏွာဘက္ျခမ္းသို႔မ်က္ႏွာေပးၿပီးအေ႐ွ႕ဘက္ကားလမ္းမ
ကို ေက်ာခိုင္းျပီးထိုင္ေနေသာေပါက္စမွာ ေနေရာင္ေအာက္
တြင္စက္ဘီးနင္းလို႔ထြက္လာေသာပါးျပင္ထက္က ေခြၽးသီး
ေခြ်းေပါက္တို႔နဲ႕တဝင္းဝင္းေတာက္ပေနေသာခ်န္းေယာလ္
၏မ်က္ႏွာေလးအားတဝႀကီးေငးေမာၾကည့္မိရင္းပထမဆံုး
တက္ရမည့္ ေက်ာင္းအသစ္ရဲ႕ေန႔သစ္ေလးကိုရင္ခုန္ လႈပ္
႐ွားမႈေလးေတြျဖင့္ အစခ်ီပ်ိဳးမိသည္ ။
_________________________________
" တိုတို ခ်ာႏူးလ္ "
သည္ေန႔မွ ေက်ာင္းေျပာင္းလာတဲ့ ေက်ာင္းသား အသစ္
ျဖစ္ေသာေပါက္စအားေက်ာင္းဝန္းထဲတစ္ေယာက္တည္း
ေယာင္ေတာင္ေတာင္လႊတ္လိုက္ရမွာကို စိတ္မခ်လို႔ သူ
ကိုယ္တိုင္ အတန္းအေ႐ွ႕သို႔ လိုက္ပို႔ေပးၿပီးသည္ႏွင့္ သူ႔
အတန္းဆီသို႔ျပန္ထြက္လာခဲ့ရာ အေနာက္မွ တဖန္လွမ္း
ေခၚလာျပန္ေသာ ေခၚသံေသးေသးေၾကာင့္ သူ႔ခင္ဗ်ာ မ
လွည့္ၾကည့္ခ်င္လွည့္ၾကည့္ခ်င္နဲ႔သမင္လည္ျပန္ေလးျပန္
လွည့္ၾကည့္လိုက္ေတာ့ ...
ထံုးစံအတိုင္း သူ႔လက္ထဲ စုပ္လံုးေလးတစ္လံုးထိုးထည့္
ေပးျပီးပါပီမ်က္လံုးေမွးေမွးေလးေတြစံုမိွိတ္သြားတဲ့အထိ
ျပံဳးရယ္ျပလာျပန္ေသာ ေပါက္စ ။
" ဟူးဟူးကို ေက်ာင္းကို စက္ဘီးနဲ႔တင္ေခၚယာေပးၿပီး
အတန္းဝအထိယိုက္ပို႔႐ို႔ေက်းက်ဴးအမ်ားရီးတင္ပါတယ္
တိုတိုခ်ာႏူးလ္ "
ကိုယ္ေျပာခ်င္တာေျပာၿပီး အတန္းဆီလွစ္ခနဲျပန္ေျပးသြား
ခဲ့ေသာ ေပါက္စေနာက္ေက်ာျပင္ေလးအား စကၠန္႔အေတာ္
ၾကာသူေငးၾကည့္ၿပီးေနာက္ မရပ္တန္႔ခ်င္ေသးေသာသူ႔အ
ၾကည့္တို႔အားမရမကတစ္ခန္းရပ္တန္႔လ်က္သ႔ူအတန္းရိွရာ
အေဆာင္သို႔ ခပ္သြက္သြက္ေလးထြက္လာခဲ့သည္ ။
သို႔ေသာ္လည္း အတန္းသို႔သြားေနေသာလမ္းတစ္ေလွ်ာက္
လံုးညာဘက္လက္ထဲကကိုင္ထားတဲ့စုပ္လံုးေလးကို လက္
မေလးျဖင့္ ပြတ္ရင္းဖူးပြင့္မိေသာ ခ်န္းေယာလ္ မ်က္ႏွာျပင္
ထက္မွအျပံဳးပန္း၏အနက္အဓိပၸါယ္သည္ကားအဘယ္နည္း ? ။
_________________________________
ဆက္ရန္ . . .
17.10.2019
REN JO JO
_________________________________
" တကယ်ပြောနေတာလား ဟူးဟူးလေး ? "
တအံ့တသြနဲ့ မေးလာသော တီလေးဖြစ်သူ ဗြောင်နာရာ
အား ပေါက်စဟူးဟူးလေး ပူတင်းတွေပြည့်နက်နေသော
ပါးဆုပ်ဖောင်းဖောင်းလေးနှင့်ခေါင်းလေးကိုတဆက်ဆက်
ငြိမ့်ပြလိုက်သည် ။
" တီတီလေးက ဟူးဟူးလေးကို ကျောင်းလိုက်မပို့ပေးရ
ဘူးဆိုတာ တကယ် ! "
မယုံကြည်နိုင်စွာ ထပ်တလဲလဲ အမေးဆိုလာတဲ့တီလေး
ဖြစ်သူအားပေါက်စထပ်မံ၍ခေါင်းလေးပြုတ်ထွက်မတတ်
ငြိမ့်ပြလျက် ...
" တီတီလေးနောက်နေ့ကစပြီး ဟူးဟူးကိုကျောင်းယိုက်
မပို့ပေးနဲ့တော့ "
" ဘာဖြစ်လို့လဲ ဟူးဟူးလေးရဲ့ .. တီတီလေး ဟူးဟူးလေး
စိတ်ဆိုးအောင် ဘာများလုပ်မိလို့လဲ ဟင် "
မိမိ၏ မရှင်းမရှင်း စကားတို့ကြောင့် မနက်စာကိုတောင်
ဖြောင့်အောင် မစားနိုင် ။ မိမိစိတ်ဆိုးနေတယ် အထင်နဲ့
စိုးရိမ်တကြီးဖြင့်မေးနေသော သူမအား ခေါင်းပေါ်က စု
စည်းထားတဲ့ ကြက်တောင်စည်းလေးလှုပ်ရမ်းသွားသည်
အထိ ခေါင်းလေးကိုဘယ်ညာပြန်ခါပြပြီး ...
" ဟူးဟူးလေး စိတ်ဆိုးရို့ တီတီလေးကို ကျောင်းယိုက်
မပို့ခိုင်းတာမဟုတ်ပါဝူး ဟူးဟူးလေးကတိုတိုချာနူးလ်နဲ့
အတူ ကျောင်းသွားချင်ရို့ တီတီလေးကို တမင်ကျောင်း
ယိုက်မပို့ခိုင်းတာ ဟီး "
ပူတင်းပလုတ်ပလောင်းဖြင့်အူးအူးဝါးဝါးစကားမပီတပီလေး
ဖြင့် ပြန်ပြောလာသော ပေါက်စ စကားအဆုံး ဗြောင်နာရာ
တို့ညီအစ်မနှစ်ယောက် တစ်ယောက်မျက်နှာတစ်ယောက်
ပြန်ကြည့်မိပြီး ပြိုင်တူပြုံးရယ်မိသည် ။
" ဟာ ! ! ၈နာရီတောင်ထိုးသွားပြီ သွားပြီ သွားပြီ
ဟူးဟူးလေးနောက်ကျပြီ .. နောက်ကျပြီ .. မားမား
တီတီလေး ဟူးဟူးလေးကျောင်းသွားပြီးနော် ချစ်တယ်
နော် ဘိုင့်ဘိုင် "
ဘေးခုံတွင်တင်ထားတဲ့ကျောပိုးအိတ်ကိုအလျင်ကောက်
လွယ်ပြီး လက်ကလေးနှစ်ဖက်အား လေပေါ်သို့ မြှောက်
ကာ အသဲပုံလုပ်ပြပြီး နှုတ်ဆက်ကာ မနက်စာစားခန်းထဲ
မှ ဖင်လေးလှုပ်တုန့်လှုပ်တုန့်ဖြင့်ဝှစ်ခနဲ ပြေးထွက်သွားခဲ့
သော ပေါက်စကို ကြည့်ပြီး ဗြောင်မင်ရီတို့ညီအစ်မအပြုံး
မပျက်ရပေ ။
မှန်ကန်ခဲ့သည် ။ သူမတို့ ဒီရပ်ကွက်လေးကို ပြောင်းလာ
ရန် ဆုံးဖြတ်ခဲ့မိသော ဆုံးဖြတ်ချက်လေး ။
ဖခင်ဖြစ်သူကွယ်လွန်သွားခဲ့တဲ့အချိန်ကတည်းက စတင်
ပျောက်ကွယ် ဆုံးရှူံးသွားခဲ့ရသော ပေါက်စ ဟူးဟူးလေး
ရဲ့ ပျော်ပျော်နေတတ်တဲ့ မွေးရာပါအကျင့်ကလေးနဲ့ လှပ
သောအပြုံးပန်းပွင့်လေးတို့ကိုသူမတို့ညီအစ်မနှစ်ယောက်
နောက်ဆုံးတော့ အရင်လို ပြန်မြင်တွေ့ခဲ့ရပြီ ။
ဒါကလည်း သူတို့ရဲ့ပေါက်စလေးကိုအရင်လိုပျော်ပျော်
နေတတ်တဲ့ အမြဲရယ်ပြုံးနေတတ်တဲ့ ကလေးလေးလို
ပြန်ဖြစ်အောင်လုပ်ပေးနိုင်ခဲ့တဲ့ ပတ်ချန်းယောလ်ဆိုတဲ့
လူကလေးအား သူမတို့ညီအစ်မနှစ်ယောက် စိတ်ထဲမှ
ကြိတ်၍ ကျေးဇူးတင်မိသည် ။
_________________________________
" တိုတိုချာနူးလ် .. တိုတိုချာနူးလ် .. တိုတိုချာနူးလ် ! ! "
လမ်းမထက်ဝယ် ချစ်စရာအသံပြဲလေးနဲ့အလောတကြီး
ပြေးလွှားနေသောပေါက်စ ။ မိမိနှင့်ဆယ်ပေအကွာတွင်
လှမ်းမြင်နေရသော ကျောင်းသို့စက်ဘီးဖြင့်နင်းပြီးသွား
ခဲ့ပြီဖြစ်သောချန်းယောလ်ကြားအောင် အနောက်မှ အ
ပြေးအလွှားလေး ပြေးလိုက်ပြီး လှမ်းခေါ်သော်လည်း
အချည်းအနှီးသာ ။
တဖြေးဖြေးဝေးကွာသွားပြီဖြစ်တဲ့ ချန်းယောလ်၏နောက်
ကျောပြင်ကျယ်ကြီးကိုငေးကြည့်ရင်း ဒူးနှစ်ဖက်ပေါ်သို့
လက်တစ်စုံထောက်၍ပေါက်စခဏအမောဖြေမိသည် ။
ချန်းယောလ် စက်ဘီးကိုမမှီမှန်းသိသော်လည်းမှီချင်
ဇောနဲ့ ခြေသံတိုလေးနဲ့အပြေးလိုက်မိခြင်း၏ နောက်
ဆက်တွဲအကျိုးဆက်သည်ကား ကိုယ်၌ဝတ်ထားတဲ့
အနီရောင်သိုးမွေးအကျႌလေးနဲ့လွယ်အိတ်ကြိုးတို့မှာ
ပခုံးအောက်သို့ ဖရိုဖရဲလျော့ကျကာ ခေါင်း၌ စုစည်း
ထားသည့်ကြက်တောင်စည်းလေးပြေသွားသည့်အပြင်
အသစ်စက်စက်ဖိနပ်ကို ထုတ်စီးပြီး ပြေးမိတာကြောင့်
ဘယ်ဘက်ခြေထောက်မှာ ဖိနပ်ပေါက်ကာနာကျင်မှု
အသစ်တို့ရခြင်းတို့ပင်ဖြစ်သည် ။
ဒါ့အပြင် မွေးရာပါနှလုံးရောဂါအခံရှိသည့်အတွက်
နှလုံးမှာ ဘယ်လိုမှအမောသိပ်မခံနိုင်သော်လည်း
မှီချင်ဇောနဲ့ချန်းယောလ်စက်ဘီး အနောက်ကိုပြေး
လိုက်တုန်းကမောလို့မောမှန်းတောင် မသိခဲ့ရသည့်
နှလုံးသားမှာလည်း အခုမှ သူခြေစုံရပ်ကာ နားလိုက်
သည့် အချိန်မှ အတိုးချကာ မောမောလာတာကြောင့်
ဘာအခင်းအကျင်းမှမရှိသောကားလမ်းမထက်သူမော
မောနှင့် ဖင်ထိုင်လျက်ပင်ထိုင်ချပစ်လိုက်တော့သည် ။
" ဟောဟဲ ဟောဟဲ .. အဟင့် ဟင့် မောလိုက်တာ "
" အဲ့လိုမောမယ်မှန်းသိရင် ဘာလို့သူများအနောက်ကို
အော်ပြီးပြေးလိုက်ရတာလဲ ? "
မျက်ရည်လေးစမ်းတမ်းတမ်းနဲ့ လမ်းမထက်တွင်အားရ
ပါးရ ပစ်ချထိုင်နေသော ဘဲနှုတ်သီးလေး ထော်ထော်နဲ့
ပေါက်စအရှေ့သို့ချန်းယောလ် ဒူးတစ်ဖက်ထောက်ထိုင်
ချလိုက်ပြီး ပြေလျော့နေသော ပေါက်စလေးငယ်ထိပ်က
ကြက်တောင်စည်းလေးကိုအသေအချာပြန်စည်းပေးရင်း
ခပ်တည်တည် မျက်နှာပေးနှင့် ပြောလိုက်တော့ ပြန်မော့
ကြည့်လာသော ပါပီမျက်လုံးဝိုင်းဝိုင်းလေးတွေ ။
ခြွေဆင်းကျသွားခဲ့ရသောဆူဖို့ သူ့ စိတ်ထဲရည်ရွယ်ထား
ခဲ့တဲ့ စကားလုံးများမှာလည်း ရည်ရွယ်ထားခဲ့သလိုလည်
ချောင်းထဲမှ အပြင်ဘက်သို့ထွက်ကျမလာခဲ့ ။
ပေါက်စပခုံးအောက်သို့လျော့ကျနေတဲ့ လွယ်အိတ်လေးကို
လှမ်းယူပြီးကူလွယ်ပေးလျက်မျက်စိအရှေ့ကတဟောဟော
တဟဲဟဲနဲ့ အမောမပြေနိုင်သေးသောပေါက်စ၏ဘယ်ဘက်
ခြေထောက်ကဖိနပ်လေးကိုဆက်ခနဲဆွဲချွတ်လိုက်သည် ။
ဖိနပ်ပေါက်ဒဏ်ကြောင့်နီရဲကာနာကျင်နေသောပေါက်စ
ဘယ်ဘက်ခြေထောက်လေးကိုသေချာကြည့်ပြီးနောက်
သူ့အနွေးအကျႌ အိတ်ကပ်ထဲရှိ အမြဲဆောင်ထားတတ်
သော လက်ကိုင်ပဝါ အဖြူလေးကိုထုတ်ကာ နှုတ်ဆိတ်
လျက်သာပေါက်စဘယ်ဘက်ခြေထောက်လေး၌ ချည်
ပေးလိုက်သည် ။
ပထမဦးဆုံးပဲ ။ ပတ်ချန်းယောလ်ဆိုသောသူ့ဘဝမှာ
အခုလို သူနဲ့မရင်းနှီး စိမ်းသက်လှသော သူစိမ်းတစ်
ယောက်အပေါ်ကို ဂရုစိုက်ပေးမိတာ ။
ချွေးသီးချွေးပေါက်တွေထွက်နေသောလုံးကစ်နေသော
ပေါက်စကိုယ်လုံးလေးကို ကောက်ပွေ့ချီပြီး သူ့စက်ဘီး
ဒေါက်ထောက်ရပ်ထားခဲ့မိတဲ့နေရာသို့ နှုတ်ဆိတ်လျက်
ပြန် လျှောက်လာခဲ့မိခြင်းသည် သူ့အတွက်တော့ဘဝမှာ
အထူးဆန်းဆုံးသော အပြုအမူတစ်ခုပင် ။
* ဒုတ် .. ဒုတ် .. ဒုတ် *
ပေါက်စရဲ့ လက်ချောင်းလေးတွေနဲ့ ထိတွေ့နေမိသော
သူ့ ဝဲဘတ် ရင်တစ်ဖို ။ ပူထူပြီး တလှပ်လှပ်နဲ့ ထိန်းမရ
အောင် ဝုန်းဒိုင်းကျဲ ခုန်ပေါက်နေတဲ့ ရင်ခုန်သံတို့ ။
အဖြေမသိနိုင်သေးသလို ။ နားလည်းမလည်နိုင်သေး ။
" အာညော် ဟူးဟူးလေး "
" အာညော် မမဒါယောင်း "
၉နှစ်သားသာပြောတာ ၇နှစ်သား ကိုယ်လုံးလောက်သာ
ရှိတဲ့ ပေါက်စအားစက်ဘီးအရှေ့ခြင်းထဲသို့ ထည့်လိုက်
သည်နှင့် သူ့အားစက်ဘီးဒေါက်ထောက်ပြီးရပ်စောင့်ပေး
နေသည့်သူငယ်ချင်းမဒါယောင်း၏နှုတ်ဆက်မှုအား မျက်
လုံးမှေးမှေးလေးတွေစုံမှိတ်သွားသည်အထိ ပြုံးပြပြီးပြန်
နှုတ်ဆက်တဲ့ ပေါက်စ ။
စောစောကသူ့အနောက်ပြေးလိုက်တာမမှီလို့ငိုမဲ့မဲ့မျက်နှာ
ပေးနဲ့ ဆူပုတ်နေတဲ့ ပေါက်စနဲ့ လားလားမှ နည်းနည်းလေး
မှ မသက်ဆိုင် ။
အခုကျတော့လည်း ပြုံးနေလိုက်တာမှ နားရွက်ကိုပါးစပ်
တက်ချိတ်မှာတောင် စိုးရိမ်ရ ။
" သွားကြမယ် ဒါယောင်း "
" အင်း "
ချန်းယောလ်စီးသောစက်ဘီးသည် ဒါယောင်းစီးသော
ကလေးစက်ဘီးမဟုတ် ။ လူကြီးစက်ဘီးမို့ အရှေ့စက်
ဘီးခြင်းသည် အတော်ကြီး၏ ။
ထိုကဲ့သို့အတော်ကြီးသည့်စက်ဘီးခြင်းထဲတွင်ချန်းယောလ်
မျက်နှာဘက်ခြမ်းသို့မျက်နှာပေးပြီးအရှေ့ဘက်ကားလမ်းမ
ကို ကျောခိုင်းပြီးထိုင်နေသောပေါက်စမှာ နေရောင်အောက်
တွင်စက်ဘီးနင်းလို့ထွက်လာသောပါးပြင်ထက်က ချွေးသီး
ချွေးပေါက်တို့နဲ့တဝင်းဝင်းတောက်ပနေသောချန်းယောလ်
၏မျက်နှာလေးအားတဝကြီးငေးမောကြည့်မိရင်းပထမဆုံး
တက်ရမည့် ကျောင်းအသစ်ရဲ့နေ့သစ်လေးကိုရင်ခုန် လှုပ်
ရှားမှုလေးတွေဖြင့် အစချီပျိုးမိသည် ။
_________________________________
" တိုတို ချာနူးလ် "
သည်နေ့မှ ကျောင်းပြောင်းလာတဲ့ ကျောင်းသား အသစ်
ဖြစ်သောပေါက်စအားကျောင်းဝန်းထဲတစ်ယောက်တည်း
ယောင်တောင်တောင်လွှတ်လိုက်ရမှာကို စိတ်မချလို့ သူ
ကိုယ်တိုင် အတန်းအရှေ့သို့ လိုက်ပို့ပေးပြီးသည်နှင့် သူ့
အတန်းဆီသို့ပြန်ထွက်လာခဲ့ရာ အနောက်မှ တဖန်လှမ်း
ခေါ်လာပြန်သော ခေါ်သံသေးသေးကြောင့် သူ့ခင်ဗျာ မ
လှည့်ကြည့်ချင်လှည့်ကြည့်ချင်နဲ့သမင်လည်ပြန်လေးပြန်
လှည့်ကြည့်လိုက်တော့ ...
ထုံးစံအတိုင်း သူ့လက်ထဲ စုပ်လုံးလေးတစ်လုံးထိုးထည့်
ပေးပြီးပါပီမျက်လုံးမှေးမှေးလေးတွေစုံမှိတ်သွားတဲ့အထိ
ပြုံးရယ်ပြလာပြန်သော ပေါက်စ ။
" ဟူးဟူးကို ကျောင်းကို စက်ဘီးနဲ့တင်ခေါ်ယာပေးပြီး
အတန်းဝအထိယိုက်ပို့ရို့ကျေးကျူးအများရီးတင်ပါတယ်
တိုတိုချာနူးလ် "
ကိုယ်ပြောချင်တာပြောပြီး အတန်းဆီလှစ်ခနဲပြန်ပြေးသွား
ခဲ့သော ပေါက်စနောက်ကျောပြင်လေးအား စက္ကန့်အတော်
ကြာသူငေးကြည့်ပြီးနောက် မရပ်တန့်ချင်သေးသောသူ့အ
ကြည့်တို့အားမရမကတစ်ခန်းရပ်တန့်လျက်သ့ူအတန်းရှိရာ
အဆောင်သို့ ခပ်သွက်သွက်လေးထွက်လာခဲ့သည် ။
သို့သော်လည်း အတန်းသို့သွားနေသောလမ်းတစ်လျှောက်
လုံးညာဘက်လက်ထဲကကိုင်ထားတဲ့စုပ်လုံးလေးကို လက်
မလေးဖြင့် ပွတ်ရင်းဖူးပွင့်မိသော ချန်းယောလ် မျက်နှာပြင်
ထက်မှအပြုံးပန်း၏အနက်အဓိပ္ပါယ်သည်ကားအဘယ်နည်း ? ။
_________________________________
ဆက်ရန် . . .
17.10.2019
REN JO JO