Me and My Suspicious Partner(...

By HninAung913

39.9K 4.2K 463

Story Title_ Me and My Suspicious Partner ဧကရာဇ်ပိုင်ဝူရှန့်သည် လုပ်ကြံခံရကာ ချီရုန်တို့ဓားပြစခန်းအနီးရှိရေကန... More

Part 1 ( အမည်ပေးခြင်း)
Part 2 ( ကံဆိုးသူသွားရာ မိုးလိုက်လို့ရွာ)
Part 4 (ပြဿနာကို ဗုံးဖောက်ရှာ)
Part 5 ( ခွေးသူခိုး)
Part 6 ( PaPaPa ကဘာကြီးလဲ)
part 7 (မျက်နှာမြင် သတ်ချင်)
Part 8 ( ထမင်းအလကားမကျွေးပါ)
Part 9 (နှုတ်ဆက်ရတော့မယ်)
Part 10 (ရင်ခုန်သံတွေ ပေါက်ကွဲထွက်)
Part 11 (၀မ်းကွဲအကိုကတော့ လုပ်ပြီ)
Part 12 ( လင်နောက်လိုက်ခြင်း)
Part 13 (တောသားမြို့တက်)
Part 14 (စားပြီးနားမလည် ၀ါးပြီးမြိုချ)
Part 15 (လက်စားချေခြင်း အနုပညာ)
Part 16 ( ငါတို့က ချစ်သူတွေ)
Part 17 ( သူ....ရက်စက်တယ်)
Part 18 (ခွင့်မလွှတ်နိုင်)
Part 19 (တစ်ခန်းရပ်ပြဇာတ်)
Part 20 (ကိုယ့်လမ်းကိုယ်လျှောက်ချိန်)
Part 21 ( ကိုယ်မင်းကိုချစ်တယ်) ဇာတ်သိမ်းပိုင်း
Art

Part 3 (စည်းကမ်းဖောက်မိပြီ)

2.8K 328 33
By HninAung913

မိုးသည္းေသာေၾကာင့္ ယမ္းတို႔မွာေရႏွင့္
ေမ်ာကုန္ၿပီး ေလာင္ခ်ာလံုးတို႔မွာ
ေရစိုကုန္ၾကသည္။

ခ်ီ႐ုန္က သူ၏ ဝါးက်ည္ေတာင္ေလးအား
ကိုင္ထားရင္း ပါးစပ္မစိႏိုင္ေတာ့ေခ်။

"မ.....ျဖစ္.....ဘူး...."

တဖက္က မီးစါထည့္ထါးေသါဝါးက်ည္ေတာက္ကို
ကိုင္ၿပီး တဖက္က အကုန္ေျမာကုန္ေသာ
သူ၏ ယမ္းမ်ားကုိ လက္လွမ္းေနသည္။

ႏွစ္ဦးသားလည္း မိုးေရထဲ
စိုရြဲကုန္ေလ၏။

ကြၽင္းဝူကဆိုသည္။

"ကြၽန္ေတာ္တို႔ျမန္ျမန္ျပန္ရေအာင္...
ရိပ္မိသြားလိမ့္မယ္..."

ကြၽင္းဝူက ခ်ီ႐ုန္၏ အက်ႌ လက္အစကို
ဆြဲရန္ျပင္လိုက္သည္။

"ခြီး........ဟားဟား ဟားဟား ဟားဟား... "

သူတို႔၏အေနာက္မွ ေပၚထြက္လာေသာ
ရီသံက မိုးသံကိုပင္ေက်ာ္လြန္ေစသည္။

"ခ်ီ႐ုန္...မင္းေတာ္ေတာ္ကို တံုးတာပဲ....
မင္းလုပ္ေနတာကိုေလ...ငါ ဟိုေနရာကေန
ထိုင္ၾကည့္ေနတာ အူတတ္လို႔ေသေတာ့မယ္...

ဒါနဲ႔ ရာသီဥတုကလည္း
မင္းဘက္မပါဘူးေနာ္......ခြီး...."

ဟြားခ်န္၏ ေလွာင္ေျပာင္သေရာ္မႈကဆိုးလွသည္။
က်ဆင္းေနေသာ မိုးေရမ်ားၾကားထဲတြင္
ခ်ီ႐ုန္က ဟြားခ်န္အား စိုက္ၾကည့္ေနသည္။

ဟြားခ်န္၏ လူမ်ားက တမဟုတ္ခ်င္း
ခ်ီ႐ုန္တို႔ႏွစ္ဦးကို ဝိုင္းထားလိုက္ၾကသည္။
ထြက္ေပါက္လံုးဝမေပးေတာ့ေခ်။

ခ်ီ႐ုန္က ကြၽင္းဝူအား အက်ႌ လက္စမွဆြဲ၍
သူ၏အေနာက္ဘက္သိူ႔ပို႔လိုက္သည္။
ကြၽင္းဝူက ခ်ီ႐ုန္၏ သူ႔အက်ႌလက္စအား
ဆြဲထားေသာ လက္ကို ခဏငံု႔ၾကည့္လိုက္ၿပီးမွ
ခ်ီ႐ုန္အား.ျပန္ၾကည့္လိုက္သည္။

"ဟမ့္..မင္းကို သတ္ဖို႔လာတာပဲ
ငါျပန္အသတ္ခံရေတာ့လည္း ဘယ္တတ္ႏိုင္ပါ့မလဲ.."

ခ်ီ႐ုန္က ေခါင္းငံု႔ေနရာမွ
႐ုတ္တရက္ျပန္ေမာ့လာလိုက္ၿပီး
သူ၏ လက္ညိဳးကို မ်က္လံုးေအာက္ႏႈတ္ခမ္းနားတြင္
ထားကာ လ်ွာထုတ္ျပလိုက္သည္။

"ငလူးေကာင္ဟြားခ်န္ အယုတ္တမာေကာင္
ငါက မင္းကိုေၾကာက္မယ္မ်ားထင္ေနလား
ဟားဟား ဟားဟား မေၾကာက္တာ
မေၾကာက္တာ...ေခြးေကာင္ႀကီးဟြားခ်န္...ဟားဟား ဟားဟား........ "

ကြၽင္းဝူမွာ ထိုစကားေၾကာင့္
ၾကက္ေသေသေနမိသည္။

ဟြားခ်န္က ဘာမွေျပာမေနပဲ
သူ႔ေဘး႐ွိ သူ႔လူတေယာက္အား
လက္ျဖန္႔ကာ ပစၥည္းတစ္ခုေတာင္းလိုက္သည္။

လက္တစ္ဆုပ္စာ႐ွိေသာ ေက်ာက္ခဲတစ္လံုးပင္။
ဟြားခ်န္က ထိုေက်ာက္ခဲအား
ေျမႇာက္လုိက္ျပန္ဖမ္းလိုက္လုပ္ရင္း

"မင္း မမွတ္ေသးဘူးထင္တယ္....."

ဟြားခ်န္က ထိုေက်ာက္ခဲအား႐ုတ္တရက္ပင္
အားျဖင့္ ခ်ီ႐ုန္ထံသို႔ ဦးတည္ကာ
ပစ္ေပါက္လိုက္သည္။

ခ်ီ႐ုန္က အရူးတေယာက္ကဲ့သို့ရီေမာေနဆဲပင္။
သူ႔အတြက္ ဤေက်ာက္ခဲသည္ မည္သိူ႔မ်ွ
မေျပာပေလာက္သည့္ပံုစံကဲ့သိူ႔။

သို႔ေသာ္ သူ႔အား လူတေယာက္က
လက္ေကာက္ဝတ္ မွ ဆြဲလိုက္ၿပီး
ေဘးသို႔ေ ရာက္ေစလိုက္သည္။

ခ်ီ႐ုန္၏မ်က္ဝန္းတို႔က ျပဴးက်ယ္လာသည္။
ကြၽင္းဝူက ထိုေက်ာက္ခဲအား
သူမသိလိုက္သည့္အခ်ိန္တခဏတြင္ အစားဝင္ခံေပးလိုက္ျခင္းပင္။

မိုးေရစက္တို႔ရြဲရြဲစိုေနသည့္အခ်ိန္၌
ႏွဖူးမွ ေသြးတို႔သည္ ေရစက္တို႔ႏွင့္အတူေရာကာ
ကြၽင္းဝူ၏ မ်က္ႏွာေပၚသို႔စီးက်လာကုန္သည္။

ခ်ီ႐ုန္က ကြၽင္းဝူအား ပါးစပ္အေဟာင္းသားျဖင့္
ေမာ့ၾကည့္သည္။
သူတို႔၏ အရပ္က ၅လက္မခန္႔ေလာက္ကြာျခားသည္။

ခ်ီ႐ုန္က က်ဆင္းေနေသာေသြးတို႔အား
လက္ညိဳးထိုးလ်က္

"မင္း ေသြးေတြထြက္ေနၿပီ..... "

"ေပါက္ၾက.........."

က်ယ္ေလာင္ေသာ ေအာ္ဟစ္သံတို႔က
သူတို႔ရပ္ေနေသာ ေနရာႏွင့္မလွမ္းမကမ္းမွ
ေပၚထြက္လာခဲ့သည္။

ထိုအသံမ်ားႏွင့္အတူ ေကာင္းကင္ယံတြင္
ခဲလံုး ႀကီးငယ္တိူ႔ကသူတို႔ဆီသိူ႔ဦးတည္စြာ
ပ်ံလြင့္လာေနသည္။

"ေခါင္းေဆာင္ကို ကာကြယ္...."

ဟြားခ်န္ဘက္မွ သူတေယာက္က
အသင့္အေနအထား ျပင္လိုက္ၿပီး ေအာ္သည္။

မိုးေရမ်ားၾကား ေယာက္ယက္ခတ္သြားေသာ
အေျခအေနကို အခြင့္ေကာင္းယူလိုက္ၿပီး
ကြၽင္းဝူက ခ်ီ႐ုန္၏ လက္ကို ဆြဲကာ
ထိုလူအုပ္ၾကားမွ ထိုးေဖာက္ ၍
ေျပးေလေတာ့သည္။

ခ်ီ႐ုန္က ကြၽင္းဝူကိုင္လိုက္ေသာ
သူ၏ လက္ႏွင့္ ကြၽင္းဝူ၏ လက္တို႔ ႏွစ္ခုဆံုရာကို.
ျကည့္ရင္းပင္ ကြၽင္းဝူေခၚရာသိူ႔ ပါသြားေတာ့သည္။

ကြၽင္းဝူက မိုးေရႏွင့္အတူ ရြာက်လာေသာ
ခဲလံုးႀကီးေသး မ်ားကို လက္ျဖင့္ကာထားရင္း
ေတာအုပ္အစြန္းဘက္သိူ႔ေျပးသြားသည္။

ဟြားခ်န္တို႔သည္လည္း အလင္းထဲကလူ
ျဖစ္ေနေသာေၾကာင့္ မည္သိူ႔မ်ွတိုက္ခိုက္မရပဲ
သူ၏ အဲ့မင္ႀကီးကိုသာ ကိုင္ၿပီး
တယမ္းယမ္းလုပ္ကာ ခဲေ႐ွာင္ေနေတာ့သည္။

..................................................

"ရပ္အုန္းဟိတ္ေကာင္....."

အေတာ္ၾကာ ကြၽင္းဝူဆြဲရာေနာက္
လိုက္လာၿပီးမွ ရပ္တန္႔လိုက္ၿပီး ခ်ီ႐ုန္က သူ၏ လက္ကို ျပန္ဆြဲယူလိုက္သည္။

ကြၽင္းဝူက တံေတြးၿမိဳခ်လိုက္ၿပီး
ခ်ီ႐ုန္၏လက္အားအေတာ္ၾကာကိုင္ထားေသာ
သူ၏လက္အား ေရစိုေနေသာ အဝတ္တို့ျဖင့္ခပ္ ၾကမ္းၾကမ္းသုတ္လိုက္သည္။

ခ်ီ႐ုန္က ေခ်ာင္းဟန္႔လိုက္သည္။

"အဟမ္း.....မင္းသတိၱ႐ွိသားပဲ...."

"ဗ်ာ......."

ခ်ီ႐ုန္၏ အသံကတိုးေျဖာ့လွသည္။
မိုးသံကလည္း႐ွိေနေသးေသာေၾကာင့္
ကြၽင္းဝူ ဘာမွမၾကားလိုက္ရေပ။မၾကားရသည္မွာ
ဟုတ္ခ်င္မွလည္းဟုတ္ေပလိမ့္မည္။

ခ်ီ႐ုန္က ထပ္ေအာ္သည္။

"မင္း...သတၱိ...႐ွိ..တယ္လိူ႔...."

"ေခါင္းေဆာင္ကို ထိရင္ ကြၽန္ေတာ္မခံဘူး...."

ကြၽင္းဝူက ျပန္ေအာ္ေျပာသည္။
ႏွစ္ေယာက္သား မိုးေရထဲတြင္ ေအာ္ပြဲ က်င္းပေနေလ၏။
ခ်ီ႐ုန္က ကြၽင္းဝူအား ၾကည့္ရင္း

"ဒါနဲ႔ေလ....မင္း...မနာဘူးလား...."

"ဘာကိုလည္း......"

"မင္း...ေခါင္းကြဲသြားတာေလ.........
မင္းေခါင္းမွာ....ေသြးေတြ......"

ထိုအခါမွ ကြၽင္းဝူ က သူ၏ႏွဖူးနားအား လက္ျဖင့္
စမ္းၾကည့္လိုက္သည္။
လက္ျပန္႐ုတ္လိုက္ခ်ိန္တြင္ ပါလာေသာ
ေသြးစေတြေၾကာင့္ ကြၽင္းဝူက
မ်က္စိအျပဴးသားျဖင့္ တအံတျသ ခ်ီ႐ုန္အားၾကည့္သည္။
သူ၏လက္အားေျမႇာက္ျပရင္း ထိုေသြးတို႔ကို
တုန္တုန္ရီရီျဖင့္ ခ်ီ႐ုန္အားျပသည္။

"ေသြးေတြ...ကြၽန္...ကြၽန္ေတာ့...ေခါင္းမွာ...ေသြး..ေသြး......ေသြ......"

ခ်က္ခ်င္းပင္ ဒူးႏွစ္ေခ်ာင္းက
ေခြက်ကာ ေျမျပင္ေပၚသို႔လဲက်သြားေတာ့သည္။

ခ်ီ႐ုန္က ဒူးေခြကာ ထိုင္လိုက္ၿပီး
ေမ့လဲသြားေသာ ကြၽင္းဝူ၏ ပါးအား
လက္ျဖင့္ ႏွစ္ခ်က္ခန္႔ပုတ္လိုက္သည္။

"ေဟ့...ေဟ့...."

ကြၽင္းဝူက တံု႔ျပန္မႈ မေပးေတာ့ေပ။
ခ်ီ႐ုန္က သူ႔ႏွဖူးအား သူျပန္႐ိုက္လိုက္ၿပီး

"ေသာက္က်ိဳးနဲ သတၱိခဲႀကီး......."

မိုးက တျဖည္းျဖည္းဖြဲလာ၏။
ခ်ီ႐ုန္က တကိုယ္လံုးလည္း စိူေနၿပီမို႔
မထူးေတာ့သည့္အျပင္ ညစ္ပတ္ေနျခင္းသည္
မထူးဆန္းရာ ဟုဆိုသည့္အတိုင္း
ကြၽင္းဝူေဘးတြင္ သူ၏လက္ႏွစ္ဖက္ကို ေခါင္းခုရင္း ဝင္လွဲလိုက္သည္။

ေဘးတြင္ ေခြေခြေလး ေမ့လဲေနေသာ
ကြၽင္းဝူအား ေစာင္းၾကည့္လိုက္ၿပီး

"မင္းသိလား...ငါမင္းကို နည္းနည္းေတာ့
အံ့ျသမိသြားတယ္...နည္းနည္းပါ...အမ်ားႀကီးမဟုတ္ဘူး...."

ရြာခ်လိုက္ေသာမိုးတိို့ႏွင့္အတူ
တိိမ္မဲမ်ားကင္းစင္သြားေသာေၾကာင့္
ျပန္လည္ထြန္းလင္းလာေသာ လေရာင္က
သစ္ပင္ႀကီးမ်ား၏ သစ္ရြက္တို႔ၾကားမွ ထိုးေဖာက္ကာ
သူတို႔ႏွစ္ဦးအေပၚသိူ႔ ျဖာက်လ်က္႐ွိသည္။

ခ်ီ႐ုန္က ေခါင္းေအာက္႐ွိ လက္တစ္ဖက္အား
ျပန္ဆြဲထုတ္လိုက္ၿပီး အေပၚသို႔ေျမႇာက္လိုက္သည္။

"ငါ့ကို ဘယ္သူကမွ အဲ့ဒီလို ေ႐ွ႕ကေန
ကာကြယ္ေပးတာမ်ိဳးမ႐ွိခဲ့ဖူးဘူး.....

ငါ့အကို ဝမ္းကြဲေတာင္မွေပါ့...ဒါမွမဟုတ္
သူလုပ္ဖူးရင္လည္း လုပ္ဖူးမွာပါ...ငါမမွတ္မိေတာ့တာ
ေနမွာေပါ့...."

တခဏၾကာေတာ့ ခ်ီ႐ုန္က သူ၏လက္အား
ျပန္ခ်လိုက္ၿပီး

"ဟို လခြမ္းေကာင္ေတြ
ဘာလို႔မလာၾကေသးတာလည္း မဟုတ္မွ
မင္းကို ငါတေယာက္တည္း စခန္းထိ
သယ္သြားရလိမ့္မယ္လို႔ေတာ့ မေျပာနဲ႔ေနာ္..."

အေတာ္ၾကာသည္အထိ သူ၏တပည့္မ်ား
တကယ္ပင္ေပၚမလာပါေခ်။

ခ်ီ႐ုန္သည္ ပက္လက္လွဲေနလ်က္ပင္
အာျပဲ ႀကီးျဖင့္ေအာ္ေတာ့သည္။

"ခ်ီး.........ပဲ......."

........................................

"ေခါင္း....ေဆာင္......"

ကြၽင္းဝူ က အာသံျပဲႀကီးျဖင့္ေအာ္ရင္း
ႏိုးလာသည္။
ပတ္ပတ္လည္ကို ၾကည့္ေတာ့
ဤေနရာက သူတို႔စခန္းပင္။

ေဘးတြင္လည္း နန္ဖုန္းတို႔ ဖူေယာင္တို႔အျပင္
အျခားသူမ်ားလည္း႐ွိေနသည္။

သူ၏ ေခါင္းကို စမ္းၾကည့္ေတာ့
ပတ္တီးစည္းထားေပးပံုရသည္။
ကြၽင္းဝူက သူ၏လက္အား ျပန္ခ်လိုက္ၿပီး

"ေခါင္းေဆာင္ေရာ...."

ကြၽင္းဝူ၏အေမးေၾကာင့္ အားလံုး၏
မ်က္ႏွာက မေကာင္းၾကေပ။

ကြၽင္းဝူ အနည္းငယ္လန္႔သြားသည္။

"ေခါင္းေဆာင္ေရာ...ဘယ္...ဘယ္သြားလို႔လည္း.."

"ဟူး.....မေျပာခ်င္ပါဘူးကြာ...."

နန္ဖုန္းက ကြၽင္းဝူကိုတိုက္ရန္လုပ္ထားေသာ
ေဆးခြက္အား ေဘးတြင္ခ်လိုက္ရင္း
သက္ျပင္းခ်သည္။

ကြၽင္းဝူက နန္ဖူန္း၏ အက်ီႌစအား
ဆြဲကိုင္ကာ အထိတ္တလန္႔ေမးေလသည္။

"ဘာျဖစ္လို႔လဲ လို႔ မေန႔က
အေကာင္းႀကီးေလ......
ေျမာက္ပိုင္းေခါင္းေဆာင္က ေခါင္းေဆာင္ကို
တစ္ခုခုလာလုပ္သြားလို႔လား......."

ကြၽင္းဝူ၏ အသံကမာေက်ာေနေလ၏။
ေၾကာက္မက္ဖြယ္ရာပင္။
စူး႐ွလွေသာမ်က္ဝန္းအၾကည့္တိူ႔သည္က
အေျဖကိုမ႐ွာႏိုင္ေပ။

"ဘာျဖစ္ေနၾကတာတုန္း...."

႐ုတ္တရက္ ထြက္ေပၚလာေသာ အသံပိုင္႐ွင္က
ခ်ီ႐ုန္ပင္။
ကြၽင္းဝူ က ခ်ီ႐ုန္ကို ျမင္ေတာ့
သူ၏ ရင္ထဲ၌ပိတ္ဆို႔ေနသည့္ အလံုးႀကီး
က်သြားသည့္ပံုစံျဖင့္

အတင္းဆြဲကာထားေသာ
နန္ဖုန္း၏ အက်ႌ စကို ျပန္လႊတ္ေပးလိုက္သည္။
မ်က္ဝန္းတို႔၏ အေရာင္က
ခ်က္ခ်င္းပင္ လဲ့လာၿပီး

"ေခါင္းေဆာင္...ဘာ..ဘာ..မွမျဖစ္ဘူးေနာ္..."

"လခြမ္း...ျဖစ္စရာလား.....
ငါ့ဘာသာ..မေန႔ညကညစ္ပတ္ေနလို႔
ေရသြားထပ္ခ်ိဴးတာေလ...."

ကြၽင္းဝူက ခ်ီ႐ုန္ကို ျပန္အၾကည့္လႊဲလိုက္ၿပီး
နန္ဖုန္းအား ေအာ္ေလသည္။

"မင္းဘာလို႔ ေခါင္းေဆာင္
တစ္ခုခုျဖစ္တဲ့ပံုစံမ်ိဳး ုျဖစ္ေနရတာလည္း...
ငါက တကယ္တစ္ခုခုျဖစ္သြားၿပီထင္ေနတာ.."

"ဟမ္...တစ္ခုခုျဖစ္တယ္ေလ....
ေခါင္းေဆာင္က သူ႔စည္းကမ္းသူ
ေဖာက္ဖ်က္မိတာေလ..

တပတ္တည္းကုိ ပဲေရႏွစ္ခါ ခ်ိဳးမိသြားၿပီ..."

".........."

ကြၽင္းဝူက အသံတိတ္သြားေလ၏။
အမွန္တကယ္ ဆြံ႔အသြားပံုပင္။

ခ်ီ႐ုန္က ထေအာ္ေလသည္။

"ငလူးေတြ မင္းတို႔ေၾကာင့္ေလ
ငါမိုးေရထဲ ဒီသံုးစားမရတဲ့ လဒ နဲ႔ အၾကာႀကီး
ေနလိုက္ရတာ.....အဲ့ေတာ့ ငါေရထပ္မခ်ိဳးလို႔
ရမလား....."

နန္ဖုန္းက ေနရာမွ ထ၍
ခ်ီ႐ုန္အနားသိူ႔သြားကာ ေျဖ႐ွင္းခ်က္ေပးေလသည္။

"အကိုႀကီး မေန႔က ကြၽန္ေတာ္တို႔
အကိူႀကီးတို႔ကို စိတ္မခ်လို႔လိုက္လာတာ
တကယ္မွန္သြားတယ္ အဲ့ေကာင္ေခါင္းေဆာင္ဟြားခ်န္က အကိုႀကီးကို သက္သက္ႏွိမ္ခ်င္လို႔
မသိခ်င္ေယာင္ေဆာင္ေနတာ

ကြၽန္ေတာ္တို႔ လာတဲ့ တလမ္းလံုး
႐ွိသမ်ွ ခဲေတြ အကုန္ေကာက္လာတာ
အကိုႀကီး အတြက္ ျပန္လက္စားေခ်ေပးမလို႔

ေနာက္ဆံုးေတာ့ ျပန္လက္စားေခ်ႏိုင္ခဲ့ၿပီ...
ဟုတ္တယ္မလား ညီအကိုတို႔...."

နန္ဖုန္းက ပတ္ပတ္လည္တြင္ထိုင္ေနၾကေသာ
ေကာင္ေလးမ်ားအား ေျပာလိုက္သည္။
အားလံုးကလဲ ေထာက္ခံျမဲေထာက္ခံၾကသည္။

ခ်ီ႐ုန္က ေထာက္ခံေနေသာ သူ႔လူမ်ားအား
လက္ေထာင္ျပကာ ရပ္ေစလိုက္သည္။
သူ႔ေ႐ွ႕တြင္ ကြယ္ေနေသာ
နန္ဖုန္းအား လက္ခါျပကာ
ဖယ္ေစလိုက္ၿပီး သူ၏ဦးတည္ရာသည္က
ကြၽင္းဝူထံသို႔။

ကြၽင္းဝူက ယခုအခ်ိန္အထိ
ကုတင္႐ွည္ႀကီးေပၚတြင္ ငုတ္တုတ္ကေလးပင္ ။

ခ်ီ႐ုန္က ကြၽင္းဝူအား ေသခ်ာစိူက္ၾကည့္ၿပီး

"အခုကစၿပီး...မင္း...က
ငါ့ရဲ႕ ယံုၾကည္ရတဲ့ လက္ေထာက္ျဖစ္သြားၿပီ..."

"............"

~~~~~~~~~~~~~~~~~~~~~~~~~~~~~

ေမး...

မင္းတို႔ဘာလို႔ ခ်ီ႐ုန္နဲ႔ ကြၽင္းဝူကို လာမကယ္ပဲ
ေပ်ာက္သြားရတာလည္း မင္းတို႔ေၾကာင့္ ခ်ီ႐ုန္က ကြၽင္းဝူကို စခန္းေရာက္တဲ့အထိ တရြတ္တိုက္ဆြဲလာလိုက္ရတယ္ေလ ခ်ီ႐ုန္႔ ကိုမသနားဘူးလား....

ေျဖ....

အမွန္ေတာ့ အဲ့ဒီညက ကြၽန္ေတာ္တို႔ အကိုႀကီးတို႔ကို
လိုက္႐ွာပါေသးတယ္ မိုးကလည္း တိတ္ၿပီဆိုေတာ့
လေရာင္ေလးတစမ္းစမ္းနဲ႔ေပါ့
ဒါေပမယ့္ မထင္မွတ္ပဲ က်ြန္ေတာ္တို႔ သစ္ပင္ေတြ
အုပ္ေနတဲ့ အေမွာင္ထဲကို ေရာက္လာေတာ့
ကြၽန္ေတာ္တို႔နဲ႔ မလွမ္းမကမ္းမာ
ေၾကာက္ဖို႔ေကာင္းတဲ့ သရဲမဲမဲတေကာင္ကို
ေတြ႔တယ္

ေမး....

ေတာပုန္းဓားျပေတြက သရဲကိုေၾကာက္တတ္တာလား

ေျဖ.....

ခင္ဗ်ားမသိလို႔ဗ်...အဲ့သရဲရဲ႕ ပံုစံက အေတာ္ေလးကိုထူးဆန္းတာ ကြၽန္ေတာ္ျပန္ေတြးရံုနဲ႔တင္ ၾကက္သီးထတယ္ သူရဲ႕ ေခါင္းက ေန ေဘးႏွစ္ဖက္ကို အခြၽန္ႏွစ္ခုကစုိက္ေနေသးတယ္ ၿပီးေတာ့ သူ႔ရဲ႕ခနၱာကိုယ္အေပၚ ပိုင္းကေနဒူးနားေလာက္ထိ ေဖာင္းကားေနေသးတာ ၿပီးေတာ့ေလ...
ပို...ပို..ဆိုးတာက သူက...သူ႔ရဲ႕ ကိုယ္ကေန
အလံုးလိုလို အရာတစ္ခုကို ထုတ္ၿပီး
ကိုက္စားေနေသးတာဗ်.......

ၿပီးေတာ့ အရည္ေတြကလည္း တစက္စက္
က်ေနေသးတာ က်ဳပ္ထင္တာေတာ့
ေသြး...ေသြး..ေတြထင္တာပဲ...

အဲ့ဒါနဲ႔ပဲ က်ဳပ္တို႔အဖြဲလည္း
လွည့္မၾကည့္ေတာ့ပဲ ေျပးေတာ့တာ....

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~








Unicode

မိုးသည်းသောကြောင့် ယမ်းတို့မှာရေနှင့်
မျောကုန်ပြီး လောင်ချာလုံးတို့မှာ
ရေစိုကုန်ကြသည်။

ချီရုန်က သူ၏ ဝါးကျည်တောင်လေးအား
ကိုင်ထားရင်း ပါးစပ်မစိနိုင်တော့ချေ။

"မ.....ဖြစ်.....ဘူး...."

တဖက်က မီးစါထည့်ထါးသေါဝါးကျည်တောက်ကို
ကိုင်ပြီး တဖက်က အကုန်မြောကုန်သော
သူ၏ ယမ်းများကို လက်လှမ်းနေသည်။

နှစ်ဦးသားလည်း မိုးရေထဲ
စိုရွဲကုန်လေ၏။

ကျွင်းဝူကဆိုသည်။

"ကျွန်တော်တို့မြန်မြန်ပြန်ရအောင်...
ရိပ်မိသွားလိမ့်မယ်..."

ကျွင်းဝူက ချီရုန်၏ အကျႌ လက်အစကို
ဆွဲရန်ပြင်လိုက်သည်။

"ခွီး........ဟားဟား ဟားဟား ဟားဟား... "

သူတို့၏အနောက်မှ ပေါ်ထွက်လာသော
ရီသံက မိုးသံကိုပင်ကျော်လွန်စေသည်။

"ချီရုန်...မင်းတော်တော်ကို တုံးတာပဲ....
မင်းလုပ်နေတာကိုလေ...ငါ ဟိုနေရာကနေ
ထိုင်ကြည့်နေတာ အူတတ်လို့သေတော့မယ်...

ဒါနဲ့ ရာသီဥတုကလည်း
မင်းဘက်မပါဘူးနော်......ခွီး...."

ဟွားချန်၏ လေှာင်ပြောင်သရော်မွုကဆိုးလှသည်။
ကျဆင်းနေသော မိုးရေများကြားထဲတွင်
ချီရုန်က ဟွားချန်အား စိုက်ကြည့်နေသည်။

ဟွားချန်၏ လူများက တမဟုတ်ချင်း
ချီရုန်တို့နှစ်ဦးကို ဝိုင်းထားလိုက်ကြသည်။
ထွက်ပေါက်လုံးဝမပေးတော့ချေ။

ချီရုန်က ကျွင်းဝူအား အကျႌ လက်စမှဆွဲ၍
သူ၏အနောက်ဘက်သိူ့ပို့လိုက်သည်။
ကျွင်းဝူက ချီရုန်၏ သူ့အကျႌလက်စအား
ဆွဲထားသော လက်ကို ခဏငုံ့ကြည့်လိုက်ပြီးမှ
ချီရုန်အား.ပြန်ကြည့်လိုက်သည်။

"ဟမ့်..မင်းကို သတ်ဖို့လာတာပဲ
ငါပြန်အသတ်ခံရတော့လည်း ဘယ်တတ်နိုင်ပါ့မလဲ.."

ချီရုန်က ခေါင်းငုံ့နေရာမှ
ရုတ်တရက်ပြန်မော့လာလိုက်ပြီး
သူ၏ လက်ညိုးကို မျက်လုံးအောက်နွုတ်ခမ်းနားတွင်
ထားကာ လျှာထုတ်ပြလိုက်သည်။

"ငလူးကောင်ဟွားချန် အယုတ်တမာကောင်
ငါက မင်းကိုကြောက်မယ်များထင်နေလား
ဟားဟား ဟားဟား မကြောက်တာ
မကြောက်တာ...ခွေးကောင်ကြီးဟွားချန်...ဟားဟား ဟားဟား........ "

ကျွင်းဝူမှာ ထိုစကားကြောင့်
ကြက်သေသေနေမိသည်။

ဟွားချန်က ဘာမှပြောမနေပဲ
သူ့ဘေးရှိ သူ့လူတယောက်အား
လက်ဖြန့်ကာ ပစ္စည်းတစ်ခုတောင်းလိုက်သည်။

လက်တစ်ဆုပ်စာရှိသော ကျောက်ခဲတစ်လုံးပင်။
ဟွားချန်က ထိုကျောက်ခဲအား
မြေှာက်လိုက်ပြန်ဖမ်းလိုက်လုပ်ရင်း

"မင်း မမှတ်သေးဘူးထင်တယ်....."

ဟွားချန်က ထိုကျောက်ခဲအားရုတ်တရက်ပင်
အားဖြင့် ချီရုန်ထံသို့ ဦးတည်ကာ
ပစ်ပေါက်လိုက်သည်။

ချီရုန်က အရူးတယောက်ကဲ့သို့ရီမောနေဆဲပင်။
သူ့အတွက် ဤကျောက်ခဲသည် မည်သိူ့မျှ
မပြောပလောက်သည့်ပုံစံကဲ့သိူ့။

သို့သော် သူ့အား လူတယောက်က
လက်ကောက်ဝတ် မှ ဆွဲလိုက်ပြီး
ဘေးသို့ေ ရာက်စေလိုက်သည်။

ချီရုန်၏မျက်ဝန်းတို့က ပြူးကျယ်လာသည်။
ကျွင်းဝူက ထိုကျောက်ခဲအား
သူမသိလိုက်သည့်အချိန်တခဏတွင် အစားဝင်ခံပေးလိုက်ခြင်းပင်။

မိုးရေစက်တို့ရွဲရွဲစိုနေသည့်အချိန်၌
နှဖူးမှ သွေးတို့သည် ရေစက်တို့နှင့်အတူရောကာ
ကျွင်းဝူ၏ မျက်နှာပေါ်သို့စီးကျလာကုန်သည်။

ချီရုန်က ကျွင်းဝူအား ပါးစပ်အဟောင်းသားဖြင့်
မော့ကြည့်သည်။
သူတို့၏ အရပ်က ၅လက်မခန့်လောက်ကွာခြားသည်။

ချီရုန်က ကျဆင်းနေသောသွေးတို့အား
လက်ညိုးထိုးလျက်

"မင်း သွေးတွေထွက်နေပြီ..... "

"ပေါက်ကြ.........."

ကျယ်လောင်သော အော်ဟစ်သံတို့က
သူတို့ရပ်နေသော နေရာနှင့်မလှမ်းမကမ်းမှ
ပေါ်ထွက်လာခဲ့သည်။

ထိုအသံများနှင့်အတူ ကောင်းကင်ယံတွင်
ခဲလုံး ကြီးငယ်တိူ့ကသူတို့ဆီသိူ့ဦးတည်စွာ
ပျံလွင့်လာနေသည်။

"ခေါင်းဆောင်ကို ကာကွယ်...."

ဟွားချန်ဘက်မှ သူတယောက်က
အသင့်အနေအထား ပြင်လိုက်ပြီး အော်သည်။

မိုးရေများကြား ယောက်ယက်ခတ်သွားသော
အခြေအနေကို အခွင့်ကောင်းယူလိုက်ပြီး
ကျွင်းဝူက ချီရုန်၏ လက်ကို ဆွဲကာ
ထိုလူအုပ်ကြားမှ ထိုးဖောက် ၍
ပြေးလေတော့သည်။

ချီရုန်က ကျွင်းဝူကိုင်လိုက်သော
သူ၏ လက်နှင့် ကျွင်းဝူ၏ လက်တို့ နှစ်ခုဆုံရာကို.
ကြည့်ရင်းပင် ကျွင်းဝူခေါ်ရာသိူ့ ပါသွားတော့သည်။

ကျွင်းဝူက မိုးရေနှင့်အတူ ရွာကျလာသော
ခဲလုံးကြီးသေး များကို လက်ဖြင့်ကာထားရင်း
တောအုပ်အစွန်းဘက်သိူ့ပြေးသွားသည်။

ဟွားချန်တို့သည်လည်း အလင်းထဲကလူ
ဖြစ်နေသောကြောင့် မည်သိူ့မျှတိုက်ခိုက်မရပဲ
သူ၏ အဲ့မင်ကြီးကိုသာ ကိုင်ပြီး
တယမ်းယမ်းလုပ်ကာ ခဲရေှာင်နေတော့သည်။

..................................................

"ရပ်အုန်းဟိတ်ကောင်....."

အတော်ကြာ ကျွင်းဝူဆွဲရာနောက်
လိုက်လာပြီးမှ ရပ်တန့်လိုက်ပြီး ချီရုန်က သူ၏ လက်ကို ပြန်ဆွဲယူလိုက်သည်။

ကျွင်းဝူက တံတွေးမြိုချလိုက်ပြီး
ချီရုန်၏လက်အားအတော်ကြာကိုင်ထားသော
သူ၏လက်အား ရေစိုနေသော အဝတ်တို့ဖြင့်ခပ် ကြမ်းကြမ်းသုတ်လိုက်သည်။

ချီရုန်က ချောင်းဟန့်လိုက်သည်။

"အဟမ်း.....မင်းသတ္တိရှိသားပဲ...."

"ဗျာ......."

ချီရုန်၏ အသံကတိုးဖြော့လှသည်။
မိုးသံကလည်းရှိနေသေးသောကြောင့်
ကျွင်းဝူ ဘာမှမကြားလိုက်ရပေ။မကြားရသည်မှာ
ဟုတ်ချင်မှလည်းဟုတ်ပေလိမ့်မည်။

ချီရုန်က ထပ်အော်သည်။

"မင်း...သတ္တိ...ရှိ..တယ်လိူ့...."

"ခေါင်းဆောင်ကို ထိရင် ကျွန်တော်မခံဘူး...."

ကျွင်းဝူက ပြန်အော်ပြောသည်။
နှစ်ယောက်သား မိုးရေထဲတွင် အော်ပွဲ ကျင်းပနေလေ၏။
ချီရုန်က ကျွင်းဝူအား ကြည့်ရင်း

"ဒါနဲ့လေ....မင်း...မနာဘူးလား...."

"ဘာကိုလည်း......"

"မင်း...ခေါင်းကွဲသွားတာလေ.........
မင်းခေါင်းမှာ....သွေးတွေ......"

ထိုအခါမှ ကျွင်းဝူ က သူ၏နှဖူးနားအား လက်ဖြင့်
စမ်းကြည့်လိုက်သည်။
လက်ပြန်ရုတ်လိုက်ချိန်တွင် ပါလာသော
သွေးစတွေကြောင့် ကျွင်းဝူက
မျက်စိအပြူးသားဖြင့် တအံတသြ ချီရုန်အားကြည့်သည်။
သူ၏လက်အားမြေှာက်ပြရင်း ထိုသွေးတို့ကို
တုန်တုန်ရီရီဖြင့် ချီရုန်အားပြသည်။

"သွေးတွေ...ကျွန်...ကျွန်တော့...ခေါင်းမှာ...သွေး..သွေး......သွေ......"

ချက်ချင်းပင် ဒူးနှစ်ချောင်းက
ခွေကျကာ မြေပြင်ပေါ်သို့လဲကျသွားတော့သည်။

ချီရုန်က ဒူးခွေကာ ထိုင်လိုက်ပြီး
မေ့လဲသွားသော ကျွင်းဝူ၏ ပါးအား
လက်ဖြင့် နှစ်ချက်ခန့်ပုတ်လိုက်သည်။

"ဟေ့...ဟေ့...."

ကျွင်းဝူက တုံ့ပြန်မွု မပေးတော့ပေ။
ချီရုန်က သူ့နှဖူးအား သူပြန်ရိုက်လိုက်ပြီး

"သောက်ကျိုးနဲ သတ္တိခဲကြီး......."

မိုးက တဖြည်းဖြည်းဖွဲလာ၏။
ချီရုန်က တကိုယ်လုံးလည်း စိူနေပြီမို့
မထူးတော့သည့်အပြင် ညစ်ပတ်နေခြင်းသည်
မထူးဆန်းရာ ဟုဆိုသည့်အတိုင်း
ကျွင်းဝူဘေးတွင် သူ၏လက်နှစ်ဖက်ကို ခေါင်းခုရင်း ဝင်လှဲလိုက်သည်။

ဘေးတွင် ခွေခွေလေး မေ့လဲနေသော
ကျွင်းဝူအား စောင်းကြည့်လိုက်ပြီး

"မင်းသိလား...ငါမင်းကို နည်းနည်းတော့
အံ့သြမိသွားတယ်...နည်းနည်းပါ...အများကြီးမဟုတ်ဘူး...."

ရွာချလိုက်သောမိုးတိို့နှင့်အတူ
တိိမ်မဲများကင်းစင်သွားသောကြောင့်
ပြန်လည်ထွန်းလင်းလာသော လရောင်က
သစ်ပင်ကြီးများ၏ သစ်ရွက်တို့ကြားမှ ထိုးဖောက်ကာ
သူတို့နှစ်ဦးအပေါ်သိူ့ ဖြာကျလျက်ရှိသည်။

ချီရုန်က ခေါင်းအောက်ရှိ လက်တစ်ဖက်အား
ပြန်ဆွဲထုတ်လိုက်ပြီး အပေါ်သို့မြေှာက်လိုက်သည်။

"ငါ့ကို ဘယ်သူကမှ အဲ့ဒီလို ရေှ့ကနေ
ကာကွယ်ပေးတာမျိုးမရှိခဲ့ဖူးဘူး.....

ငါ့အကို ဝမ်းကွဲတောင်မှပေါ့...ဒါမှမဟုတ်
သူလုပ်ဖူးရင်လည်း လုပ်ဖူးမှာပါ...ငါမမှတ်မိတော့တာ
နေမှာပေါ့...."

တခဏကြာတော့ ချီရုန်က သူ၏လက်အား
ပြန်ချလိုက်ပြီး

"ဟို လခွမ်းကောင်တွေ
ဘာလို့မလာကြသေးတာလည်း မဟုတ်မှ
မင်းကို ငါတယောက်တည်း စခန်းထိ
သယ်သွားရလိမ့်မယ်လို့တော့ မပြောနဲ့နော်..."

အတော်ကြာသည်အထိ သူ၏တပည့်များ
တကယ်ပင်ပေါ်မလာပါချေ။

ချီရုန်သည် ပက်လက်လှဲနေလျက်ပင်
အာပြဲ ကြီးဖြင့်အော်တော့သည်။

"ချီး.........ပဲ......."

........................................

"ခေါင်း....ဆောင်......"

ကျွင်းဝူ က အာသံပြဲကြီးဖြင့်အော်ရင်း
နိုးလာသည်။
ပတ်ပတ်လည်ကို ကြည့်တော့
ဤနေရာက သူတို့စခန်းပင်။

ဘေးတွင်လည်း နန်ဖုန်းတို့ ဖူယောင်တို့အပြင်
အခြားသူများလည်းရှိနေသည်။

သူ၏ ခေါင်းကို စမ်းကြည့်တော့
ပတ်တီးစည်းထားပေးပုံရသည်။
ကျွင်းဝူက သူ၏လက်အား ပြန်ချလိုက်ပြီး

"ခေါင်းဆောင်ရော...."

ကျွင်းဝူ၏အမေးကြောင့် အားလုံး၏
မျက်နှာက မကောင်းကြပေ။

ကျွင်းဝူ အနည်းငယ်လန့်သွားသည်။

"ခေါင်းဆောင်ရော...ဘယ်...ဘယ်သွားလို့လည်း.."

"ဟူး.....မပြောချင်ပါဘူးကွာ...."

နန်ဖုန်းက ကျွင်းဝူကိုတိုက်ရန်လုပ်ထားသော
ဆေးခွက်အား ဘေးတွင်ချလိုက်ရင်း
သက်ပြင်းချသည်။

ကျွင်းဝူက နန်ဖူန်း၏ အကျီႌစအား
ဆွဲကိုင်ကာ အထိတ်တလန့်မေးလေသည်။

"ဘာဖြစ်လို့လဲ လို့ မနေ့က
အကောင်းကြီးလေ......
မြောက်ပိုင်းခေါင်းဆောင်က ခေါင်းဆောင်ကို
တစ်ခုခုလာလုပ်သွားလို့လား......."

ကျွင်းဝူ၏ အသံကမာကျောနေလေ၏။
ကြောက်မက်ဖွယ်ရာပင်။
စူးရှလှသောမျက်ဝန်းအကြည့်တိူ့သည်က
အဖြေကိုမရှာနိုင်ပေ။

"ဘာဖြစ်နေကြတာတုန်း...."

ရုတ်တရက် ထွက်ပေါ်လာသော အသံပိုင်ရှင်က
ချီရုန်ပင်။
ကျွင်းဝူ က ချီရုန်ကို မြင်တော့
သူ၏ ရင်ထဲ၌ပိတ်ဆို့နေသည့် အလုံးကြီး
ကျသွားသည့်ပုံစံဖြင့်

အတင်းဆွဲကာထားသော
နန်ဖုန်း၏ အကျႌ စကို ပြန်လွွတ်ပေးလိုက်သည်။
မျက်ဝန်းတို့၏ အရောင်က
ချက်ချင်းပင် လဲ့လာပြီး

"ခေါင်းဆောင်...ဘာ..ဘာ..မှမဖြစ်ဘူးနော်..."

"လခွမ်း...ဖြစ်စရာလား.....
ငါ့ဘာသာ..မနေ့ညကညစ်ပတ်နေလို့
ရေသွားထပ်ချိူးတာလေ...."

ကျွင်းဝူက ချီရုန်ကို ပြန်အကြည့်လွွဲလိုက်ပြီး
နန်ဖုန်းအား အော်လေသည်။

"မင်းဘာလို့ ခေါင်းဆောင်
တစ်ခုခုဖြစ်တဲ့ပုံစံမျိုး ုဖြစ်နေရတာလည်း...
ငါက တကယ်တစ်ခုခုဖြစ်သွားပြီထင်နေတာ.."

"ဟမ်...တစ်ခုခုဖြစ်တယ်လေ....
ခေါင်းဆောင်က သူ့စည်းကမ်းသူ
ဖောက်ဖျက်မိတာလေ..

တပတ်တည်းကို ပဲရေနှစ်ခါ ချိုးမိသွားပြီ..."

".........."

ကျွင်းဝူက အသံတိတ်သွားလေ၏။
အမှန်တကယ် ဆွံ့အသွားပုံပင်။

ချီရုန်က ထအော်လေသည်။

"ငလူးတွေ မင်းတို့ကြောင့်လေ
ငါမိုးရေထဲ ဒီသုံးစားမရတဲ့ လဒ နဲ့ အကြာကြီး
နေလိုက်ရတာ.....အဲ့တော့ ငါရေထပ်မချိုးလို့
ရမလား....."

နန်ဖုန်းက နေရာမှ ထ၍
ချီရုန်အနားသိူ့သွားကာ ဖြေရှင်းချက်ပေးလေသည်။

"အကိုကြီး မနေ့က ကျွန်တော်တို့
အကိူကြီးတို့ကို စိတ်မချလို့လိုက်လာတာ
တကယ်မှန်သွားတယ် အဲ့ကောင်ခေါင်းဆောင်ဟွားချန်က အကိုကြီးကို သက်သက်နှိမ်ချင်လို့
မသိချင်ယောင်ဆောင်နေတာ

ကျွန်တော်တို့ လာတဲ့ တလမ်းလုံး
ရှိသမျှ ခဲတွေ အကုန်ကောက်လာတာ
အကိုကြီး အတွက် ပြန်လက်စားချေပေးမလို့

နောက်ဆုံးတော့ ပြန်လက်စားချေနိုင်ခဲ့ပြီ...
ဟုတ်တယ်မလား ညီအကိုတို့...."

နန်ဖုန်းက ပတ်ပတ်လည်တွင်ထိုင်နေကြသော
ကောင်လေးများအား ပြောလိုက်သည်။
အားလုံးကလဲ ထောက်ခံမြဲထောက်ခံကြသည်။

ချီရုန်က ထောက်ခံနေသော သူ့လူများအား
လက်ထောင်ပြကာ ရပ်စေလိုက်သည်။
သူ့ရေှ့တွင် ကွယ်နေသော
နန်ဖုန်းအား လက်ခါပြကာ
ဖယ်စေလိုက်ပြီး သူ၏ဦးတည်ရာသည်က
ကျွင်းဝူထံသို့။

ကျွင်းဝူက ယခုအချိန်အထိ
ကုတင်ရှည်ကြီးပေါ်တွင် ငုတ်တုတ်ကလေးပင် ။

ချီရုန်က ကျွင်းဝူအား သေချာစိူက်ကြည့်ပြီး

"အခုကစပြီး...မင်း...က
ငါ့ရဲ့ ယုံကြည်ရတဲ့ လက်ထောက်ဖြစ်သွားပြီ..."

"............"

~~~~~~~~~~~~~~~~~~~~~~~~~~~~~

မေး...

မင်းတို့ဘာလို့ ချီရုန်နဲ့ ကျွင်းဝူကို လာမကယ်ပဲ
ပျောက်သွားရတာလည်း မင်းတို့ကြောင့် ချီရုန်က ကျွင်းဝူကို စခန်းရောက်တဲ့အထိ တရွတ်တိုက်ဆွဲလာလိုက်ရတယ်လေ ချီရုန့် ကိုမသနားဘူးလား....

ဖြေ....

အမှန်တော့ အဲ့ဒီညက ကျွန်တော်တို့ အကိုကြီးတို့ကို
လိုက်ရှာပါသေးတယ် မိုးကလည်း တိတ်ပြီဆိုတော့
လရောင်လေးတစမ်းစမ်းနဲ့ပေါ့
ဒါပေမယ့် မထင်မှတ်ပဲ ကျွန်တော်တို့ သစ်ပင်တွေ
အုပ်နေတဲ့ အမေှာင်ထဲကို ရောက်လာတော့
ကျွန်တော်တို့နဲ့ မလှမ်းမကမ်းမာ
ကြောက်ဖို့ကောင်းတဲ့ သရဲမဲမဲတကောင်ကို
တွေ့တယ်

မေး....

တောပုန်းဓားပြတွေက သရဲကိုကြောက်တတ်တာလား

ဖြေ.....

ခင်ဗျားမသိလို့ဗျ...အဲ့သရဲရဲ့ ပုံစံက အတော်လေးကိုထူးဆန်းတာ ကျွန်တော်ပြန်တွေးရုံနဲ့တင် ကြက်သီးထတယ် သူရဲ့ ခေါင်းက နေ ဘေးနှစ်ဖက်ကို အချွန်နှစ်ခုကစိုက်နေသေးတယ် ပြီးတော့ သူ့ရဲ့ခန္တာကိုယ်အပေါ် ပိုင်းကနေဒူးနားလောက်ထိ ဖောင်းကားနေသေးတာ ပြီးတော့လေ...
ပို...ပို..ဆိုးတာက သူက...သူ့ရဲ့ ကိုယ်ကနေ
အလုံးလိုလို အရာတစ်ခုကို ထုတ်ပြီး
ကိုက်စားနေသေးတာဗျ.......

ပြီးတော့ အရည်တွေကလည်း တစက်စက်
ကျနေသေးတာ ကျုပ်ထင်တာတော့
သွေး...သွေး..တွေထင်တာပဲ...

အဲ့ဒါနဲ့ပဲ ကျုပ်တို့အဖွဲလည်း
လှည့်မကြည့်တော့ပဲ ပြေးတော့တာ....

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
































Continue Reading

You'll Also Like

45.2K 3K 50
ထုံးစံတိုင်းပါဘဲ 18+ပါ ကြိုက်မှလာဖတ်ကြပါရှင်။
37.2K 7.1K 41
මන්දාරම් අහස යට දී එකතු වුන ඒ ආදරය .. ඒ මන්දාරම් අහස යටදීම වෙන් වුනොතින් ..! රෂාන් ♡ මිහික Start = 2023. 11. 12 End = .................. Cover by...
158K 14K 22
!!Host...တျခားဘဝကုိသြားဖုိ႔အဆင္သင့္ဘဲလာ!! . . . .!!!FUCK!!!ခ်ီးမုိ႔လုိ႔ !!!Hostစိတ္ထိန္းသင္တယ္ တာဝန္ေတြထမ္းေဆာင္ပီးမွ hostဘဝကုိျပန္သြားလုိ႔ရမွာ.... ~...
14K 1K 37
အယ်... review လေးကတော့ game တစ်ခုကြောင့်ဖြစ်တည်လာတဲ့အချစ်လေးပေါ့နော်😙 seme ကြီးကအသန့်ကြိုက်တဲ့ရောဂါရှိပြီးလူတွေနဲ့ထိတွေ့ရမှာမကြိုက်ပါဝူး uke လေးကတော...