ကုန္းဆင္းလမ္းေလးမို႔ ေျခနင္းခံုေပၚ တင္ထားေသာ
ေျခေထာက္တစ္စံုအား လႈပ္႐ွားမႈ မျပဳလုပ္ခိုင္းကာ
မ်က္ႏွာျပင္ထက္သို႔လာေရာက္တိုက္စားေသာ ေလျပည္
ေလညင္းတို႔ကိုသာ မ်က္လံုးကိုအသာေလး ေမွးရံုမွ်
ေမွးထားရင္း ခံယူလ်က္ မို႔ေမာက္ေနေသာကုန္းဆင္း
လမ္းေလးမွ စက္ဘီးျဖင့္ေျဖးညင္းစြာဆင္းသက္လာ
ေသာ ၁၃ႏွစ္သားပတ္ခ်န္းေယာလ္ ။
နက္ေမွာင္ေသာ ဆံပင္ေလးတို႔ႏွင့္ လိုက္ဖက္ညီစြာ ေခ်ာ
ေမာလြန္းလွေသာပံုပန္းအသြင္ျပင္ရိွသည့္အတြက္လမ္းမ
ထက္၌ဝယ္ သူႏွင့္ရြယ္တူမိန္းကေလးတို႔၏မ်က္ဝန္းတစ္စံု
တို႔အားမသိမသာခိုးယူသိမ္းပိုက္ထားသည္မွာ လူႀကီးတို႔၏
စကားျဖင့္ေျပာရမယ္ဆိုရင္ေတာ့ေစာ္ၾကည့္ဘဲတစ္ေယာက္
ပင္ ျဖစ္၍ေန ။
ထို႔အျပင္ စာကလည္းေတာ္ ၊ သေဘာကလည္းေကာင္း ၊
ယဥ္ေက်းတဲ့အျပင္လူႀကီးသူမတို႔ကိုလည္းသိတတ္သည့္
လိမၼာျပီးရည္မြန္ေသာ ကေလးတစ္ေယာက္လည္းျဖစ္ေပ
သည္ ။
တစ္ခုပဲ ။ သူ႔မွာ ခြၽင္းခ်က္ဆိုလို႔ ေအးစက္စက္ေနတတ္သည့္
သူ႔ရဲ႕ေမြးရာပါ ပင္ကိုယ္အက်င့္စ႐ိုက္ တစ္ခုသာ ။
ထိုအက်င့္စ႐ိုက္တစ္ခုေၾကာင့္ပဲ သူ႔ကို သူနွင့္ရြယ္တူ
ေယာက္်ားေလးမ်ားမွာ အေတာ္ပင္ ရိွန္ၾကျပီး ။ ရြယ္တူ
မိန္းကေလးမ်ားမွာေတာ့ စိတ္ထဲမွႀကိတ္၍ပင္တျဖဳတ္
ျဖဳတ္ႏွင့္ကို ေႂကြဆင္းၾကကုန္ေလသည္ ။
ထို႔သို႔ အေနေအးလြန္းသည့္ ေရခဲမင္းသားဟု နာမည္
ေျပာင္ေပးျခင္းခံထားရေသာ ခ်န္းေယာလ္ေလးသည္
ေက်ာင္း၌ သူ႔ကိုအတန္းသားမ်ားအသီးသီးက လာ၍
ခင္မင္ၾကေသာ္လည္း သူအမွန္တကယ္ပင္ခင္တြယ္
မိသည့္ လူတစ္ေယာက္ကေတာ့ သူ႔အိမ္ရဲ႕ မ်က္ႏွာ
ခ်င္းဆိုင္အိမ္တြင္ေနေသာ ဂ်န္ဒါေယာင္းဆိုေသာ သူ
ႏွင့္ရြယ္တူျဖစ္တဲ့ ကေလးမေလးတစ္ေယာက္ပင္ျဖစ္
သည္ ။
* ကြၽီ *
မိမိေနသည့္ ရပ္ကြက္၏လမ္းထိပ္ အဝင္ဝသို႔ေရာက္ဖို႔
ေျခလွမ္းငါးလွမ္းအကြာအေဝးသို႔ေရာက္သည္ႏွင့္ ကုန္း
ဆင္းလမ္းေလးမွ အရိွန္ႏွင့္တေျဖးေျဖးလိမ့္လာခဲ့ေသာ
စက္ဘီးေလးအား ရုတ္တရက္ဘရိတ္ဆြဲညစ္ၿပီးရပ္လိုက္
မိသည္ ။
ထို႔ေနာက္ စက္ဘီးရပ္ထားသည့္ေနရာႏွင့္ မလွမ္းမကမ္း
ျဖစ္ေသာ လမ္းထိပ္အဝင္ဝတြင္ ေတြ႔ျမင္ေနရေသာ အျမင္
စိမ္းေသာလူတစ္ခ်ိဳ႕ႏွင့္ စက္သတ္ကာရပ္ထားသည့္ အိမ္
ပရိေဘာဂ ပစၥည္းအစံုအလင္တင္ထားတဲ့ အလတ္စား
ကုန္တင္ကား တစ္စီးအား သူ ေတြ႔လိုက္ရသည္ ။
ဒါ့အျပင္ ထိုကုန္တင္ကား၏ ေခါင္းအခန္းမွ ပုကြ ပုကြေလး
ဆင္းလာခဲ့ေသာအနီေရာင္လြယ္အိတ္ေလးကို လြယ္ထားၿပီး
မူႀကိဳ ေက်ာင္းသား အရြယ္အစားရိွသည့္ ဝက္ဝံ႐ုပ္ေလးကို
ရင္ဝယ္ပိုက္ထားတဲ့ ေပါက္စေလး ။
မ်က္ႏွာထက္တြင္လည္း ပုလင္ဖင္ကြဲမ်က္မွန္ေလးႏွင့္
အေ႐ွ႕မွ ဆံပင္တို႔ကို ၾကက္ေတာင္စည္းေလး တစ္ခု
သဖြယ္ စု၍စည္းထားၿပီး ညဝတ္အက်ႌပြပြေလးကို ဝတ္
ဆင္ထားလ်က္တဝါးဝါးႏွင့္ပါးစပ္ေလးဟကာသန္းေနေသာ
ထိုေပါက္စေလး၏ ပံုေလးသည္ျမင္သူတိုင္းအဖို႔ ခ်စ္စရာ
ေလးဟု စိတ္ထဲ၌ မွတ္ယူသြားေလာက္မွာ ျဖစ္ၾကေသာ္
လည္း သူ႔မ်က္လံုးထဲမွာေတာ့မူ ထိုေပါက္စေလး၏ ပံုစံ
သည္ အလြန္တရာမွ စိတ္မသက္မသာ ျဖစ္စရာေကာင္း
လွေသာ အသြင္အျပင္ တစ္ခုသာသာျဖစ္သည္ ။
" ၾကည့္ရတာ လမ္းထဲေျပာင္းလာတဲ့ လူအသစ္ေတြ
ထင္တယ္ "
မလွမ္းမကမ္းတြင္ စက္ဘီးေပၚမွ ေျခေထာက္တစ္ဖက္
ေထာက္ရပ္၍ၾကည့္ရင္း ခ်န္းေယာလ္ တစ္ကိုယ္တည္း
တီးတိုးေျပာေနမိသည္ ။
သူကိုယ္တိုင္ေတာင္သတိမထားမိသည္အထိ သူႏွင့္
သိပ္မေဝးတဲ့ အကြာအေဝးတြင္ရိွသည့္ အေကာင္ငယ္
ေလး၏လႈပ္႐ွားမႈအလံုးစံုတို႔ကိုလိုက္ၾကည့္ေနမိသည့္
မ်က္ဝန္းတစ္စံုကိုအၾကည့္ျဖတ္၍ ေျမျပင္ေပၚသို႔ဝယ္
ေထာက္ထားသည့္ သူ႔ေျခေထာက္အား , အားျဖင့္တစ္
ခ်က္ေတာ့ၿပီး လမ္းထဲသို႔သာ စက္ဘီးေလးျဖင့္နင္းဝင္
လာခဲ့သည္ ။
" တိုတို ခဏေယး "
လမ္းထဲသို႔ အရိွန္ေလ်ာ႔နင္းျပီး ဝင္လာတဲ့ သူ႔စက္ဘီး
အေ႐ွ႕သို႔ တကၠစီတားသဟန္ လက္ကေလးတစ္ဖက္
ကို ဆန္႔ထုတ္ၿပီးလာရပ္ေသာအနွီေကာင္အငယ္ေလး
ေၾကာင့္ အရိွန္မျပင္းေသာ္လည္း မေတာ္တဆတိုက္မိ
လွ်င္စကားအပိုေတြေျပာေနရာမွာေၾကာင့္ သူဘရိတ္ကို
အျမန္ဆြဲညစ္ကာရပ္လိုက္မိသည္ ။
ထိုစဥ္အင့္ခနဲဆိုေသာအသံေသးေသးေလးႏွင့္ သူ႔
ခြင့္ျပဳခ်က္မရပဲသူ႔စက္ဘီး အေနာက္ခံုသို႔တက္ထိုင္
လိုက္တဲ့ အႏွီအေကာင္ငယ္ေလးအား သူတစ္ခ်က္
မ်က္ေမွာင္ၾကဳတ္ကာလွည့္ၾကည့္လိုက္မိေတာ့ ။
သူ႔ကို မေၾကာက္သြားတဲ့အျပင္ ဟီးခနဲဆိုကာ ျဖဴျဖဴ
ေဖြးေဖြး သြားညီညီေလးေတြအကုန္ေပၚသည္အထိ
ျပန္ျဖီးျပလာေလရဲ႕ ။
" တိုတို ဘယ္ကိုသြားမရို႕ယဲ ဟင္ ! "
ခြင့္ျပဳခ်က္မေတာင္းတဲ့အျပင္ ။ မိမိသေဘာႏွင့္မိမိ
သူ႔စက္ဘီးေပၚတက္ထိုင္ၿပီးစပ္စုလာေသာ ထိုအနွီ
အေကာင္ငယ္ေလးအား သူ လံုးဝအျမင္မၾကည္ ။
" အိမ္ "
လိုလိုပိုပို ဘာစကားမွေလေၾကာ႐ွည္ၿပီး မေျပာခ်င္သည့္
အတြက္ ထိုအႏွီအေကာင္ငယ္ေလး ေမးလာတဲ့ေမးခြန္း
ကိုသာ သူတိုတိုတုတ္တုတ္ျဖင့္သာျပန္ေျဖေပးလိုက္သည္ ။
" အိမ္! ဟို အဲ့အိမ္ကေယ အိမ္နံပါတ္ (၆၁)ရား !
ဟင္ ! တိုတို "
စကားကလည္းမပီတဲ့အျပင္ စကားတစ္ခြန္းဆံုးသည္နွင့္
ယုန္သြားမက် ၊ ပါပီသြားမက်တဲ့ မၾကီးမေသး အလတ္စား
အေ႐ွ႕သြားေလးႏွစ္ေခ်ာင္းႏွင္႔ ေအာက္နႈတ္ခမ္းသားေလးကို
ကိုက္ကိုက္ျပေနတာေၾကာင့္ ခ်န္းေယာလ္ ေလပူတစ္ခ်က္
မႈတ္ထုတ္လိုက္ကာ ...
" အင္း "
" ဟာ .. မားမားေရ .. မားမား .. ဒီတိုတိုက ဟူးဟူးတို႔
အိမ္အသစ္ရဲ႕ ေဘးအိမ္မွာေနတာတဲ့ .. ဟူးဟူး ဒီတိုတို
နဲ႔ အတူယိုက္သြားၿပီး အိမ္အသစ္မွာ တီတီေလးနဲ႔အတူ
ေစာင့္ေနမယ္ေနာ္ "
ေခၚသြားမယ္လို႔လည္း သူမေျပာမိ ။
လိုက္စီးပါလို႔လည္း သူ မေခၚမိ ။
သူ႔စက္ဘီးေပၚကေန လံုးဝမဆင္းေတာ့ဘဲ အနီးနားက
အလုပ္သမားေတြႏွင့္ စကားေျပာေနေသာ အေမျဖစ္သူ
ကို လွမ္းေအာ္ေျပာေနတဲ့ ထိုအႏွီအေကာင္ငယ္ေလးကို
ၾကည့္ၿပီး ခ်န္းေယာလ္စိတ္ထဲအေတြးတစ္ခုသာ ဖ်တ္ခနဲ
ေတြးလိုက္မိသည္ ။
- ငါဘယ္လိုက်ပ္မျပည့္တဲ့ေပါက္စနဲ႔ လာေတြ႔ေနရပါလိမ့္ -
" ဒီကသားေလးက ေဘးအိမ္ကလား "
" ဟုတ္ကဲ့ ေဒၚေလး "
ေမးလာေသာသူသည္ လူႀကီးတစ္ဦးျဖစ္တာမို႔ ။
ခ်န္းေယာလ္ တရိုတေသနွင့္ဦးညႊတ္ျပ၍ယဥ္ယဥ္
ေက်းေက်းသာ ျပန္ေျဖေပးလိုက္မိသည္ ။
" ေက်းဇူးတင္ပါတယ္ကြယ္ .. ေဒၚေလးသားေလးကို
ေခၚသြားေပးလို႔ ေက်းဇူးပဲေနာ္ သားေလး .. သားငယ္
ဟူးဟူး .. ကိုကို အေနာက္ကေန လိမ္လိမ္မာမာနဲ႔
ျငိမ္ၿငိမ္ေလးလိုက္သြားရမယ္ေနာ္ ၾကားလား "
" ဟုတ္ မားမား "
ေနာက္ဆံုး သူမတင္ေခၚခ်င္ေသာ္လည္း လူႀကီးျဖစ္သူ
မွ သူ႔လက္ထဲသို႔ စိတ္ခ်လက္ခ် ထည့္ေပးလိုက္ၿပီမို႔ ။
သူ ဘာမွအထြန္႔တက္ျပလို႔မရေတာ့သည့္အဆံုး ။ အႏွီ
အေကာင္ငယ္ေလးအားစက္ဘီးနွင့္တင္ၿပီး သူ႔ အိမ္သို႔
သာ အျမန္နင္းထြက္လာခဲ့ရေတာ့ေလသည္ ။
" တိုတို "
" ဘာလဲ? "
" ဟူးဟူးနာမည္က ေျဗာင္ဘတ္ခ္ဟြန္းပါ
တိုတို႔နာမည္ကေရာ ဘယ္ရိုေထာ္ယဲ ဟင္ ! "
" ပတ္ခ်န္းေယာလ္ "
" ပတ္ခ်ာႏူးလ္! ဟာဂ်ာ တိုတိုနာမည္ေယးကယဲ
တိုတိုရိုပဲ ခ်စ္စရာေယးပဲ "
နာမည္ေတြအား တလြဲေခၚေနၿပီး အာေဖာက္ေနေသာ
အႏွီအေကာင္ငယ္ေလးရဲ႕စကားတို႔အား ခ်န္းေယာလ္
ေနာက္ထပ္ခြန္းတံု႔မျပန္ေပးမိရန္ စိတ္ထဲသတိေတြသာ
ေပးေနမိသည္ ။
- ေတာ္ေတာ္လည္း စကားမ်ားႏိုင္လြန္းတဲ့ ေပါက္စ ။
အရင္ဘဝကသာလိကာငွက္ေသျပီးမ်ားဝင္စားသလား
ေအာင္းေမ့ရတယ္ -
" ပတ္ခ်န္းေယာလ္ နင္စက္ဘီးကို လိပ္လိုနင္းၿပီးလာေန
တာလား ဟမ္ ! ငါ ဒီမွာနင့္ကိုရပ္ေစာင့္ေနတာ ၁၀မိနစ္
ေတာင္ရိွေနၿပီဟဲ့ တကယ္တမ္းေနာ္ သခ်ၤာမေတာ္လို႔ သူ႔
ကို ဆရာတင္ပါတယ္ဆိုမွ လာၿပီး အထာကိုင္ျပေနတယ္
ေကာင္စုတ္ ဟြန္႔ "
ေ႐ွ႕မၾကည့္ ၊ ေနာက္မၾကည့္ ကိုယ္ေျပာခ်င္သာေတြ
ဇြတ္ေျပာၿပီး ေျမျပင္သို႔ ေျခေဆာင့္ကာ ေကာက္ျပေန
ေသာ ဒါေယာင္း ။
စိတ္ေကာက္ေနရင္းမွ သူမအား ခ်န္းေယာလ္အေနာက္
မွ ေခါင္းေလးျပဴထြက္ကာ မ်က္လံုးဝိုင္းဝိုင္းေလးေတြႏွင့္
ျပဴးၾကည့္ေနေသာ အေကာင္ငယ္ေလးအား ေတြ႔လိုက္ရ
သည္ႏွင့္ အူေၾကာင္ေၾကာင္ပံုစံေလးျဖင့္ ထိုအေကာင္ငယ္
ေလးအနားသို႔ လွစ္ခနဲေရာက္သြားခဲ့ျပီး ထိုအေကာင္ငယ္
ေလး၏ ပါးေဖာင္းေဖာင္းေလးအား လက္ညိဳးေလးျဖင့္
အသာတို႔ထိၾကည့္ျပီးသေဘာက်ကာျပံဳးရယ္လို႔ေနသည္မွာ
ေစာေစာက ခ်န္းေယာလ္ကို စိတ္ေကာက္ျပီး ဆူပုတ္ျပေန
ေသာ ဂ်န္ဒါေယာင္းႏွင့္ လားလားမွမသက္ဆိုင္ ။
" ဟဲ့ ခ်န္းေယာလ္ ဒီခ်စ္စရာေကာင္းတဲ့ေပါက္စေလးကို
နင္ဘယ္ကေနေကာက္ရလာတာလဲ "
ဒီေလာက္စိတ္အေႏွာက္အယွက္ေပးႏိုင္လြန္းတဲ့ အႏွီ
အေကာင္ငယ္ေလးအား ခ်စ္စရာေလးလို႔တင္စား ေျပာ
လာေသာသူငယ္ခ်င္းမအား ခ်န္းေယာလ္ ျပဴးၾကည့္ၿပီး
ေခါင္းသာတခါခါ ,ခါမိသည္ ။
" ေတြ႔ရတာဝမ္းသာပါတယ္ မမ .. ဟူးဟူးက ဟိုဘက္
အိမ္အသစ္ကိုေျပာင္းယာတဲ့ ဘိုဘိုဟူး (ခ) ဟူးဟူး (ခ)
ေျဗာင္ဘတ္ခ္ဟြန္းရို႕ေခၚပါတယ္ "
" ဟူးဟူးတဲ့လား "
" ဟုတ္ "
" အဟိ ဟူးဟူးေလး ခ်စ္ဖို႔ေကာင္းလိုက္တာ မမကို
လည္းမွတ္ထားေနာ္ မမကေဟာဒီကအေ႐ွ႕မွာေနတဲ့
ဂ်န္ဒါေယာင္းလို႔ေခၚပါတယ္႐ွင္ "
ခ်န္းေယာလ္ အိမ္ႏွင့္ မ်က္ႏွာခ်င္းဆိုင္တြင္ရိွေသာ
သူမ၏အိမ္အား လက္ညိဳးထိုးျပၿပီးေျပာလိုက္ေတာ့
အနွီအေကာင္ငယ္ေလးမွာ သူမ လက္ညိဳးထိုးျပရာ
အိမ္ေလးကိုၾကည့္ၿပီး ပါးစပ္ေလးဟကာ ေခါင္းေလး
တညိတ္ညိတ္နွင့္ သူမအားျပန္ျပံဳးျပေလသည္ ။
ထိုစဥ္ 'မမ' ဆိုေသာ နာမ္စားကိုက်ေတာ့ ပီသေအာင္
ေခၚႏိုင္ၿပီး'ကိုကို'ဆိုတဲ့ နာမ္စားက်မွမပီမသတြက္ျပတဲ့
မိမိ၏အေနာက္ကအနွီအေကာင္ငယ္ေလးကိုခ်န္းေယာလ္
သမင္လည္ျပန္ လွည့္ၾကည့္လိုက္ၿပီး ...
" ဒီမွာ ေပါက္စ .. ငါေျပာတာလိုက္ေျပာၾကည့္စမ္း "
သူေျပာတာကို နားမလည္သည့္ဟန္ျဖင့္ မ်က္လံုးေလး
ပုတ္ခတ္ပုတ္ခတ္လုပ္ျပကာ ေၾကာင္ၾကည့္ျမဲၾကည့္ေန
သည့္အေကာင္ငယ္ေလး ။
" လိုက္ေျပာ ... ကိုကို "
" တိုတို "
" တိုတိုလို႔ေျပာခိုင္းတာ မဟုတ္ဘူး
ကိုကိုလို႔ ေျပာၾကည့္ "
" ဟုတ္ကဲ့ .. တိုတို "
ဘယ္ေလာက္ေျပာေျပာ 'ကိုကို' ဆိုသည့္ နာမ္စားအား
ပီသေအာင္ထြက္ေပးျခင္းမရိွေသာအႏွီအေကာင္ငယ္ေလး
ေၾကာင့္ ခ်န္းေယာလ္ ေဒါသၾကိတ္ထြက္၍ မ်က္ႏွာႀကီး
နီရဲေနေသာ္လည္း ဒါေယာင္းတစ္ေယာက္မွာေတာ့ သခၤ်ာ
စာအုပ္ေလးကိုရင္ဝယ္ပိုက္လ်က္ အေကာင္ငယ္ေလးႏွင့္
ခ်န္းေယာလ္တို႔ကိုသာျပံဳးျပီး နႈတ္ဆိတ္ကာ ရပ္ၾကည့္ျမဲ
ၾကည့္ေနမိသည္ ။
" အဲ့ဒါဆို .. ဒါကို လိုက္ေျပာၾကည့္ "
" ဟုတ္ .. တိုတို "
" ပတ္ ခ်န္း ေယာလ္ "
" ပတ္ ခ်ာ ႏူးလ္ "
" မဟုတ္ဘူး မဟုတ္ဘူး .. ပတ္ခ်ာႏူးလ္မဟုတ္ဘူး
ပတ္ခ်န္းေယာလ္ .. ပတ္ခ်န္းေယာလ္ဆို ! ! "
" ပတ္ ခ်ာ ႏူးလ္ "
" က်စ္ .. ဟာကြာ! ! "
စိတ္ပ်က္လက္ပ်က္ႏွင့္ ခ်န္းေယာလ္ စုတ္တစ္ခ်က္
သပ္လိုက္ေတာ့ ဇက္ကေလးပုဝင္သြားသည့္ အႏွီ
အေကာင္ငယ္ေလးကို ၾကည့္ၿပီး ဒါေယာင္း အူးယား
ေနမိသည္ အမွန္ပင္ ။
" ကဲပါ .. ခ်န္းေယာလ္ရယ္ ဟူးဟူးေလး
မပီတာကိုအတင္းလုပ္ပီခိုင္းမေနစမ္းပါနဲ႔ဟာ "
ထိုသို႔ ေျပာလာေသာ သူငယ္ခ်င္းမအား ခ်န္းေယာလ္
မသိမသာ မ်က္ေစာင္းတစ္ခ်က္ပစ္ထိုးလိုက္မိသည္ ။
- ေပါက္စ အစုတ္ပလုတ္ေလး ' မမ 'က်ေတာ့ပီၿပီး
' ကိုကို 'က်မွ စကားလာမပီျပရတယ္လို႔ -
" တိုတို ခ်ာႏူးလ္ .. မမဒါေယာင္း ဟူးဟူးေလး
အိမ္ထဲဝင္ေတာ့မယ္ေနာ္ "
" အင္း .. ဟူးဟူးေလး ... ဟူးဟူးေလးပ်င္းတဲ့
အခါက်ရင္ မမဆီကိုလာလည္လို႔ရတယ္သိလား "
" ဟုတ္ကဲ့ .. ဟူးဟူးေလး ဆက္ဆက္ ယာယည္
ပါ့မယ္ မမဒါေယာင္း . . ျပီးေတာ့ တိုတိုခ်ာႏူးလ္
ဒါေယး .. "
လက္ထဲသို႔ အႏွီအေကာင္ငယ္ေလး ထည့္ေပးလိုက္
ေသာ စုပ္လံုးေလးကိုတစ္ခ်က္ငံု႔ၾကည့္ၿပီး အေကာင္ငယ္
ေလး၏မ်က္ႏွာအား ခ်န္းေယာလ္ တဖန္ျပန္ေမာ့ၾကည့္
လုိက္ေသာအခါ မ်က္လံုးေမွးေမွးေလးေတြ စံုပိတ္သြား
သည္အထိ သူ႔ကို ျပံဳးရယ္ျပေနသည္ ။
" ဟူးဟူးေလးကို စက္ဘီးနဲ႔တင္ေခၚယာေပး႐ို႕
ေက်းက်ဴးအမ်ားရီးတင္ပါတယ္ တိုတိုခ်ာႏူးလ္ "
သူ႔ကို ေက်းဇူးတင္စကားေျပာၿပီးသည္ႏွင့္ သူ႔အိမ္ေဘး
က အိမ္ထဲသို႔ ဖင္ေလး လႈပ္တုန္႔လႈပ္တုန္႔နွင့္ေျပးဝင္သြား
ခဲ့သည္ ။
" ဟယ္ .. စုပ္လံုးေလး တစ္လံုးပဲ အေတာ္ပဲ ငါ
စုပ္လံုးစားခ်င္ေနတာကို ဟူးဟူးေလး ဘယ္လိုသိ
လည္းမသိဘူး အဟိ .. ဟဲ့ ခ်န္းေယာလ္ နင္က
စုပ္လံုးစားရတာ မႀကိဳက္ဘူးမဟုတ္လား ေပး ငါ့ကို
အဲ့စုပ္လံုး .. ငါ နင့္အစား စားေပးမယ္ ဟူးဟူးေလး
ေပးတာဆိုေတာ့ ပိုလို႔ေတာင္ခ်ိဳဦးမွာ ေသခ်ာတယ္
အဟိ .. အ့ ! .. ရားးး ! ! "
လက္ထဲက စုပ္လံုးကိုလုယူဖို႔ ၾကိဳးစားေနေသာ
သူငယ္ခ်င္းမ ဒါေယာင္းရဲ႕လက္ကို႐ိုက္ခ်လိုက္ၿပီး
အေပၚအေႏြးအက်ႌ အိတ္ကပ္ေလးထဲသို႔အသာထိုး
ထည့္လိုက္ကာ ..
" လာမထိနဲ႔ .. ငါ့ဟာ .. ေပါက္စက ငါ့ကိုေပးသြား
တာ နင့္ကိုေပးသြားတာ မဟုတ္ဘူး .. နင္ စုပ္လံုး
စားခ်င္ရင္ငါ့လြယ္အိတ္ထဲမွာအျပည့္ရိွတယ္ အႀကိဳက္
ယူစား ဒါေတာ့မရဘူး "
ခပ္တည္တည္ မ်က္ႏွာေပးႏွင့္ေျပာၿပီး ျခံထဲသို႔
စက္ဘီးတြန္းကာ ဝင္သြားခဲ့ေသာခ်န္းေယာလ္
ေၾကာင့္ ဒါေယာင္းတစ္ေယာက္မွာ ေပါက္စရဲ႕
စုပ္လံုးကိုမစားရလို႔ အေနာက္တြင္ ေျခေဆာင့္
ကာ က်န္ရစ္ေနခဲ့ေလသည္ ။
_________________________________
ဆက္ရန္...
စိတ္ကူးေပါက္လို႔ Chanbaekေပါက္စ Version
ထေရးျခင္း ။ ႀကိဳက္ဆိုရင္ ဆက္ေရးေပးမယ္ေနာ္ ။
Updateပံုမွန္မရိွပါ ။
[ျမန္ခ်င္လဲျမန္ႏိုင္သလို ၊ ေႏွးခ်င္လဲေႏွးႏိုင္မည္ ]
15.10.2019
REN JO JO
___________________________________
ကုန်းဆင်းလမ်းလေးမို့ ခြေနင်းခုံပေါ် တင်ထားသော
ခြေထောက်တစ်စုံအား လှုပ်ရှားမှု မပြုလုပ်ခိုင်းကာ
မျက်နှာပြင်ထက်သို့လာရောက်တိုက်စားသော လေပြည်
လေညင်းတို့ကိုသာ မျက်လုံးကိုအသာလေး မှေးရုံမျှ
မှေးထားရင်း ခံယူလျက် မို့မောက်နေသောကုန်းဆင်း
လမ်းလေးမှ စက်ဘီးဖြင့်ဖြေးညင်းစွာဆင်းသက်လာ
သော ၁၃နှစ်သားပတ်ချန်းယောလ် ။
နက်မှောင်သော ဆံပင်လေးတို့နှင့် လိုက်ဖက်ညီစွာ ချော
မောလွန်းလှသောပုံပန်းအသွင်ပြင်ရှိသည့်အတွက်လမ်းမ
ထက်၌ဝယ် သူနှင့်ရွယ်တူမိန်းကလေးတို့၏မျက်ဝန်းတစ်စုံ
တို့အားမသိမသာခိုးယူသိမ်းပိုက်ထားသည်မှာ လူကြီးတို့၏
စကားဖြင့်ပြောရမယ်ဆိုရင်တော့စော်ကြည့်ဘဲတစ်ယောက်
ပင် ဖြစ်၍နေ ။
ထို့အပြင် စာကလည်းတော် ၊ သဘောကလည်းကောင်း ၊
ယဉ်ကျေးတဲ့အပြင်လူကြီးသူမတို့ကိုလည်းသိတတ်သည့်
လိမ္မာပြီးရည်မွန်သော ကလေးတစ်ယောက်လည်းဖြစ်ပေ
သည် ။
တစ်ခုပဲ ။ သူ့မှာ ချွင်းချက်ဆိုလို့ အေးစက်စက်နေတတ်သည့်
သူ့ရဲ့မွေးရာပါ ပင်ကိုယ်အကျင့်စရိုက် တစ်ခုသာ ။
ထိုအကျင့်စရိုက်တစ်ခုကြောင့်ပဲ သူ့ကို သူနှင့်ရွယ်တူ
ယောက်ျားလေးများမှာ အတော်ပင် ရှိန်ကြပြီး ။ ရွယ်တူ
မိန်းကလေးများမှာတော့ စိတ်ထဲမှကြိတ်၍ပင်တဖြုတ်
ဖြုတ်နှင့်ကို ကြွေဆင်းကြကုန်လေသည် ။
ထို့သို့ အနေအေးလွန်းသည့် ရေခဲမင်းသားဟု နာမည်
ပြောင်ပေးခြင်းခံထားရသော ချန်းယောလ်လေးသည်
ကျောင်း၌ သူ့ကိုအတန်းသားများအသီးသီးက လာ၍
ခင်မင်ကြသော်လည်း သူအမှန်တကယ်ပင်ခင်တွယ်
မိသည့် လူတစ်ယောက်ကတော့ သူ့အိမ်ရဲ့ မျက်နှာ
ချင်းဆိုင်အိမ်တွင်နေသော ဂျန်ဒါယောင်းဆိုသော သူ
နှင့်ရွယ်တူဖြစ်တဲ့ ကလေးမလေးတစ်ယောက်ပင်ဖြစ်
သည် ။
* ကျွီ *
မိမိနေသည့် ရပ်ကွက်၏လမ်းထိပ် အဝင်ဝသို့ရောက်ဖို့
ခြေလှမ်းငါးလှမ်းအကွာအဝေးသို့ရောက်သည်နှင့် ကုန်း
ဆင်းလမ်းလေးမှ အရှိန်နှင့်တဖြေးဖြေးလိမ့်လာခဲ့သော
စက်ဘီးလေးအား ရုတ်တရက်ဘရိတ်ဆွဲညစ်ပြီးရပ်လိုက်
မိသည် ။
ထို့နောက် စက်ဘီးရပ်ထားသည့်နေရာနှင့် မလှမ်းမကမ်း
ဖြစ်သော လမ်းထိပ်အဝင်ဝတွင် တွေ့မြင်နေရသော အမြင်
စိမ်းသောလူတစ်ချို့နှင့် စက်သတ်ကာရပ်ထားသည့် အိမ်
ပရိဘောဂ ပစ္စည်းအစုံအလင်တင်ထားတဲ့ အလတ်စား
ကုန်တင်ကား တစ်စီးအား သူ တွေ့လိုက်ရသည် ။
ဒါ့အပြင် ထိုကုန်တင်ကား၏ ခေါင်းအခန်းမှ ပုကွ ပုကွလေး
ဆင်းလာခဲ့သောအနီရောင်လွယ်အိတ်လေးကို လွယ်ထားပြီး
မူကြို ကျောင်းသား အရွယ်အစားရှိသည့် ဝက်ဝံရုပ်လေးကို
ရင်ဝယ်ပိုက်ထားတဲ့ ပေါက်စလေး ။
မျက်နှာထက်တွင်လည်း ပုလင်ဖင်ကွဲမျက်မှန်လေးနှင့်
အရှေ့မှ ဆံပင်တို့ကို ကြက်တောင်စည်းလေး တစ်ခု
သဖွယ် စု၍စည်းထားပြီး ညဝတ်အကျႌပွပွလေးကို ဝတ်
ဆင်ထားလျက်တဝါးဝါးနှင့်ပါးစပ်လေးဟကာသန်းနေသော
ထိုပေါက်စလေး၏ ပုံလေးသည်မြင်သူတိုင်းအဖို့ ချစ်စရာ
လေးဟု စိတ်ထဲ၌ မှတ်ယူသွားလောက်မှာ ဖြစ်ကြသော်
လည်း သူ့မျက်လုံးထဲမှာတော့မူ ထိုပေါက်စလေး၏ ပုံစံ
သည် အလွန်တရာမှ စိတ်မသက်မသာ ဖြစ်စရာကောင်း
လှသော အသွင်အပြင် တစ်ခုသာသာဖြစ်သည် ။
" ကြည့်ရတာ လမ်းထဲပြောင်းလာတဲ့ လူအသစ်တွေ
ထင်တယ် "
မလှမ်းမကမ်းတွင် စက်ဘီးပေါ်မှ ခြေထောက်တစ်ဖက်
ထောက်ရပ်၍ကြည့်ရင်း ချန်းယောလ် တစ်ကိုယ်တည်း
တီးတိုးပြောနေမိသည် ။
သူကိုယ်တိုင်တောင်သတိမထားမိသည်အထိ သူနှင့်
သိပ်မဝေးတဲ့ အကွာအဝေးတွင်ရှိသည့် အကောင်ငယ်
လေး၏လှုပ်ရှားမှုအလုံးစုံတို့ကိုလိုက်ကြည့်နေမိသည့်
မျက်ဝန်းတစ်စုံကိုအကြည့်ဖြတ်၍ မြေပြင်ပေါ်သို့ဝယ်
ထောက်ထားသည့် သူ့ခြေထောက်အား , အားဖြင့်တစ်
ချက်တော့ပြီး လမ်းထဲသို့သာ စက်ဘီးလေးဖြင့်နင်းဝင်
လာခဲ့သည် ။
" တိုတို ခဏယေး "
လမ်းထဲသို့ အရှိန်လျော့နင်းပြီး ဝင်လာတဲ့ သူ့စက်ဘီး
အရှေ့သို့ တက္ကစီတားသဟန် လက်ကလေးတစ်ဖက်
ကို ဆန့်ထုတ်ပြီးလာရပ်သောအနှီကောင်အငယ်လေး
ကြောင့် အရှိန်မပြင်းသော်လည်း မတော်တဆတိုက်မိ
လျှင်စကားအပိုတွေပြောနေရာမှာကြောင့် သူဘရိတ်ကို
အမြန်ဆွဲညစ်ကာရပ်လိုက်မိသည် ။
ထိုစဉ်အင့်ခနဲဆိုသောအသံသေးသေးလေးနှင့် သူ့
ခွင့်ပြုချက်မရပဲသူ့စက်ဘီး အနောက်ခုံသို့တက်ထိုင်
လိုက်တဲ့ အနှီအကောင်ငယ်လေးအား သူတစ်ချက်
မျက်မှောင်ကြုတ်ကာလှည့်ကြည့်လိုက်မိတော့ ။
သူ့ကို မကြောက်သွားတဲ့အပြင် ဟီးခနဲဆိုကာ ဖြူဖြူ
ဖွေးဖွေး သွားညီညီလေးတွေအကုန်ပေါ်သည်အထိ
ပြန်ဖြီးပြလာလေရဲ့ ။
" တိုတို ဘယ်ကိုသွားမရို့ယဲ ဟင် ! "
ခွင့်ပြုချက်မတောင်းတဲ့အပြင် ။ မိမိသဘောနှင့်မိမိ
သူ့စက်ဘီးပေါ်တက်ထိုင်ပြီးစပ်စုလာသော ထိုအနှီ
အကောင်ငယ်လေးအား သူ လုံးဝအမြင်မကြည် ။
" အိမ် "
လိုလိုပိုပို ဘာစကားမှလေကြောရှည်ပြီး မပြောချင်သည့်
အတွက် ထိုအနှီအကောင်ငယ်လေး မေးလာတဲ့မေးခွန်း
ကိုသာ သူတိုတိုတုတ်တုတ်ဖြင့်သာပြန်ဖြေပေးလိုက်သည် ။
" အိမ်! ဟို အဲ့အိမ်ကယေ အိမ်နံပါတ် (၆၁)ရား !
ဟင် ! တိုတို "
စကားကလည်းမပီတဲ့အပြင် စကားတစ်ခွန်းဆုံးသည်နှင့်
ယုန်သွားမကျ ၊ ပါပီသွားမကျတဲ့ မကြီးမသေး အလတ်စား
အရှေ့သွားလေးနှစ်ချောင်းနှင့် အောက်နှုတ်ခမ်းသားလေးကို
ကိုက်ကိုက်ပြနေတာကြောင့် ချန်းယောလ် လေပူတစ်ချက်
မှုတ်ထုတ်လိုက်ကာ ...
" အင်း "
" ဟာ .. မားမားရေ .. မားမား .. ဒီတိုတိုက ဟူးဟူးတို့
အိမ်အသစ်ရဲ့ ဘေးအိမ်မှာနေတာတဲ့ .. ဟူးဟူး ဒီတိုတို
နဲ့ အတူယိုက်သွားပြီး အိမ်အသစ်မှာ တီတီလေးနဲ့အတူ
စောင့်နေမယ်နော် "
ခေါ်သွားမယ်လို့လည်း သူမပြောမိ ။
လိုက်စီးပါလို့လည်း သူ မခေါ်မိ ။
သူ့စက်ဘီးပေါ်ကနေ လုံးဝမဆင်းတော့ဘဲ အနီးနားက
အလုပ်သမားတွေနှင့် စကားပြောနေသော အမေဖြစ်သူ
ကို လှမ်းအော်ပြောနေတဲ့ ထိုအနှီအကောင်ငယ်လေးကို
ကြည့်ပြီး ချန်းယောလ်စိတ်ထဲအတွေးတစ်ခုသာ ဖျတ်ခနဲ
တွေးလိုက်မိသည် ။
- ငါဘယ်လိုကျပ်မပြည့်တဲ့ပေါက်စနဲ့ လာတွေ့နေရပါလိမ့် -
" ဒီကသားလေးက ဘေးအိမ်ကလား "
" ဟုတ်ကဲ့ ဒေါ်လေး "
မေးလာသောသူသည် လူကြီးတစ်ဦးဖြစ်တာမို့ ။
ချန်းယောလ် တရိုတသေနှင့်ဦးညွှတ်ပြ၍ယဉ်ယဉ်
ကျေးကျေးသာ ပြန်ဖြေပေးလိုက်မိသည် ။
" ကျေးဇူးတင်ပါတယ်ကွယ် .. ဒေါ်လေးသားလေးကို
ခေါ်သွားပေးလို့ ကျေးဇူးပဲနော် သားလေး .. သားငယ်
ဟူးဟူး .. ကိုကို အနောက်ကနေ လိမ်လိမ်မာမာနဲ့
ငြိမ်ငြိမ်လေးလိုက်သွားရမယ်နော် ကြားလား "
" ဟုတ် မားမား "
နောက်ဆုံး သူမတင်ခေါ်ချင်သော်လည်း လူကြီးဖြစ်သူ
မှ သူ့လက်ထဲသို့ စိတ်ချလက်ချ ထည့်ပေးလိုက်ပြီမို့ ။
သူ ဘာမှအထွန့်တက်ပြလို့မရတော့သည့်အဆုံး ။ အနှီ
အကောင်ငယ်လေးအားစက်ဘီးနှင့်တင်ပြီး သူ့ အိမ်သို့
သာ အမြန်နင်းထွက်လာခဲ့ရတော့လေသည် ။
" တိုတို "
" ဘာလဲ? "
" ဟူးဟူးနာမည်က ဗြောင်ဘတ်ခ်ဟွန်းပါ
တိုတို့နာမည်ကရော ဘယ်ရိုထော်ယဲ ဟင် ! "
" ပတ်ချန်းယောလ် "
" ပတ်ချာနူးလ်! ဟာဂျာ တိုတိုနာမည်ယေးကယဲ
တိုတိုရိုပဲ ချစ်စရာယေးပဲ "
နာမည်တွေအား တလွဲခေါ်နေပြီး အာဖောက်နေသော
အနှီအကောင်ငယ်လေးရဲ့စကားတို့အား ချန်းယောလ်
နောက်ထပ်ခွန်းတုံ့မပြန်ပေးမိရန် စိတ်ထဲသတိတွေသာ
ပေးနေမိသည် ။
- တော်တော်လည်း စကားများနိုင်လွန်းတဲ့ ပေါက်စ ။
အရင်ဘဝကသာလိကာငှက်သေပြီးများဝင်စားသလား
အောင်းမေ့ရတယ် -
" ပတ်ချန်းယောလ် နင်စက်ဘီးကို လိပ်လိုနင်းပြီးလာနေ
တာလား ဟမ် ! ငါ ဒီမှာနင့်ကိုရပ်စောင့်နေတာ ၁၀မိနစ်
တောင်ရှိနေပြီဟဲ့ တကယ်တမ်းနော် သချၤာမတော်လို့ သူ့
ကို ဆရာတင်ပါတယ်ဆိုမှ လာပြီး အထာကိုင်ပြနေတယ်
ကောင်စုတ် ဟွန့် "
ရှေ့မကြည့် ၊ နောက်မကြည့် ကိုယ်ပြောချင်သာတွေ
ဇွတ်ပြောပြီး မြေပြင်သို့ ခြေဆောင့်ကာ ကောက်ပြနေ
သော ဒါယောင်း ။
စိတ်ကောက်နေရင်းမှ သူမအား ချန်းယောလ်အနောက်
မှ ခေါင်းလေးပြူထွက်ကာ မျက်လုံးဝိုင်းဝိုင်းလေးတွေနှင့်
ပြူးကြည့်နေသော အကောင်ငယ်လေးအား တွေ့လိုက်ရ
သည်နှင့် အူကြောင်ကြောင်ပုံစံလေးဖြင့် ထိုအကောင်ငယ်
လေးအနားသို့ လှစ်ခနဲရောက်သွားခဲ့ပြီး ထိုအကောင်ငယ်
လေး၏ ပါးဖောင်းဖောင်းလေးအား လက်ညိုးလေးဖြင့်
အသာတို့ထိကြည့်ပြီးသဘောကျကာပြုံးရယ်လို့နေသည်မှာ
စောစောက ချန်းယောလ်ကို စိတ်ကောက်ပြီး ဆူပုတ်ပြနေ
သော ဂျန်ဒါယောင်းနှင့် လားလားမှမသက်ဆိုင် ။
" ဟဲ့ ချန်းယောလ် ဒီချစ်စရာကောင်းတဲ့ပေါက်စလေးကို
နင်ဘယ်ကနေကောက်ရလာတာလဲ "
ဒီလောက်စိတ်အနှောက်အယှက်ပေးနိုင်လွန်းတဲ့ အနှီ
အကောင်ငယ်လေးအား ချစ်စရာလေးလို့တင်စား ပြော
လာသောသူငယ်ချင်းမအား ချန်းယောလ် ပြူးကြည့်ပြီး
ခေါင်းသာတခါခါ ,ခါမိသည် ။
" တွေ့ရတာဝမ်းသာပါတယ် မမ .. ဟူးဟူးက ဟိုဘက်
အိမ်အသစ်ကိုပြောင်းယာတဲ့ ဘိုဘိုဟူး (ခ) ဟူးဟူး (ခ)
ဗြောင်ဘတ်ခ်ဟွန်းရို့ခေါ်ပါတယ် "
" ဟူးဟူးတဲ့လား "
" ဟုတ် "
" အဟိ ဟူးဟူးလေး ချစ်ဖို့ကောင်းလိုက်တာ မမကို
လည်းမှတ်ထားနော် မမကဟောဒီကအရှေ့မှာနေတဲ့
ဂျန်ဒါယောင်းလို့ခေါ်ပါတယ်ရှင် "
ချန်းယောလ် အိမ်နှင့် မျက်နှာချင်းဆိုင်တွင်ရှိသော
သူမ၏အိမ်အား လက်ညိုးထိုးပြပြီးပြောလိုက်တော့
အနှီအကောင်ငယ်လေးမှာ သူမ လက်ညိုးထိုးပြရာ
အိမ်လေးကိုကြည့်ပြီး ပါးစပ်လေးဟကာ ခေါင်းလေး
တညိတ်ညိတ်နှင့် သူမအားပြန်ပြုံးပြလေသည် ။
ထိုစဉ် 'မမ' ဆိုသော နာမ်စားကိုကျတော့ ပီသအောင်
ခေါ်နိုင်ပြီး'ကိုကို'ဆိုတဲ့ နာမ်စားကျမှမပီမသတွက်ပြတဲ့
မိမိ၏အနောက်ကအနှီအကောင်ငယ်လေးကိုချန်းယောလ်
သမင်လည်ပြန် လှည့်ကြည့်လိုက်ပြီး ...
" ဒီမှာ ပေါက်စ .. ငါပြောတာလိုက်ပြောကြည့်စမ်း "
သူပြောတာကို နားမလည်သည့်ဟန်ဖြင့် မျက်လုံးလေး
ပုတ်ခတ်ပုတ်ခတ်လုပ်ပြကာ ကြောင်ကြည့်မြဲကြည့်နေ
သည့်အကောင်ငယ်လေး ။
" လိုက်ပြော ... ကိုကို "
" တိုတို "
" တိုတိုလို့ပြောခိုင်းတာ မဟုတ်ဘူး
ကိုကိုလို့ ပြောကြည့် "
" ဟုတ်ကဲ့ .. တိုတို "
ဘယ်လောက်ပြောပြော 'ကိုကို' ဆိုသည့် နာမ်စားအား
ပီသအောင်ထွက်ပေးခြင်းမရှိသောအနှီအကောင်ငယ်လေး
ကြောင့် ချန်းယောလ် ဒေါသကြိတ်ထွက်၍ မျက်နှာကြီး
နီရဲနေသော်လည်း ဒါယောင်းတစ်ယောက်မှာတော့ သင်္ချာ
စာအုပ်လေးကိုရင်ဝယ်ပိုက်လျက် အကောင်ငယ်လေးနှင့်
ချန်းယောလ်တို့ကိုသာပြုံးပြီး နှုတ်ဆိတ်ကာ ရပ်ကြည့်မြဲ
ကြည့်နေမိသည် ။
" အဲ့ဒါဆို .. ဒါကို လိုက်ပြောကြည့် "
" ဟုတ် .. တိုတို "
" ပတ် ချန်း ယောလ် "
" ပတ် ချာ နူးလ် "
" မဟုတ်ဘူး မဟုတ်ဘူး .. ပတ်ချာနူးလ်မဟုတ်ဘူး
ပတ်ချန်းယောလ် .. ပတ်ချန်းယောလ်ဆို ! ! "
" ပတ် ချာ နူးလ် "
" ကျစ် .. ဟာကွာ! ! "
စိတ်ပျက်လက်ပျက်နှင့် ချန်းယောလ် စုတ်တစ်ချက်
သပ်လိုက်တော့ ဇက်ကလေးပုဝင်သွားသည့် အနှီ
အကောင်ငယ်လေးကို ကြည့်ပြီး ဒါယောင်း အူးယား
နေမိသည် အမှန်ပင် ။
" ကဲပါ .. ချန်းယောလ်ရယ် ဟူးဟူးလေး
မပီတာကိုအတင်းလုပ်ပီခိုင်းမနေစမ်းပါနဲ့ဟာ "
ထိုသို့ ပြောလာသော သူငယ်ချင်းမအား ချန်းယောလ်
မသိမသာ မျက်စောင်းတစ်ချက်ပစ်ထိုးလိုက်မိသည် ။
- ပေါက်စ အစုတ်ပလုတ်လေး ' မမ 'ကျတော့ပီပြီး
' ကိုကို 'ကျမှ စကားလာမပီပြရတယ်လို့ -
" တိုတို ချာနူးလ် .. မမဒါယောင်း ဟူးဟူးလေး
အိမ်ထဲဝင်တော့မယ်နော် "
" အင်း .. ဟူးဟူးလေး ... ဟူးဟူးလေးပျင်းတဲ့
အခါကျရင် မမဆီကိုလာလည်လို့ရတယ်သိလား "
" ဟုတ်ကဲ့ .. ဟူးဟူးလေး ဆက်ဆက် ယာယည်
ပါ့မယ် မမဒါယောင်း . . ပြီးတော့ တိုတိုချာနူးလ်
ဒါယေး .. "
လက်ထဲသို့ အနှီအကောင်ငယ်လေး ထည့်ပေးလိုက်
သော စုပ်လုံးလေးကိုတစ်ချက်ငုံ့ကြည့်ပြီး အကောင်ငယ်
လေး၏မျက်နှာအား ချန်းယောလ် တဖန်ပြန်မော့ကြည့်
လိုက်သောအခါ မျက်လုံးမှေးမှေးလေးတွေ စုံပိတ်သွား
သည်အထိ သူ့ကို ပြုံးရယ်ပြနေသည် ။
" ဟူးဟူးလေးကို စက်ဘီးနဲ့တင်ခေါ်ယာပေးရို့
ကျေးကျူးအများရီးတင်ပါတယ် တိုတိုချာနူးလ် "
သူ့ကို ကျေးဇူးတင်စကားပြောပြီးသည်နှင့် သူ့အိမ်ဘေး
က အိမ်ထဲသို့ ဖင်လေး လှုပ်တုန့်လှုပ်တုန့်နှင့်ပြေးဝင်သွား
ခဲ့သည် ။
" ဟယ် .. စုပ်လုံးလေး တစ်လုံးပဲ အတော်ပဲ ငါ
စုပ်လုံးစားချင်နေတာကို ဟူးဟူးလေး ဘယ်လိုသိ
လည်းမသိဘူး အဟိ .. ဟဲ့ ချန်းယောလ် နင်က
စုပ်လုံးစားရတာ မကြိုက်ဘူးမဟုတ်လား ပေး ငါ့ကို
အဲ့စုပ်လုံး .. ငါ နင့်အစား စားပေးမယ် ဟူးဟူးလေး
ပေးတာဆိုတော့ ပိုလို့တောင်ချိုဦးမှာ သေချာတယ်
အဟိ .. အ့ ! .. ရားးး ! ! "
လက်ထဲက စုပ်လုံးကိုလုယူဖို့ ကြိုးစားနေသော
သူငယ်ချင်းမ ဒါယောင်းရဲ့လက်ကိုရိုက်ချလိုက်ပြီး
အပေါ်အနွေးအကျႌ အိတ်ကပ်လေးထဲသို့အသာထိုး
ထည့်လိုက်ကာ ..
" လာမထိနဲ့ .. ငါ့ဟာ .. ပေါက်စက ငါ့ကိုပေးသွား
တာ နင့်ကိုပေးသွားတာ မဟုတ်ဘူး .. နင် စုပ်လုံး
စားချင်ရင်ငါ့လွယ်အိတ်ထဲမှာအပြည့်ရှိတယ် အကြိုက်
ယူစား ဒါတော့မရဘူး "
ခပ်တည်တည် မျက်နှာပေးနှင့်ပြောပြီး ခြံထဲသို့
စက်ဘီးတွန်းကာ ဝင်သွားခဲ့သောချန်းယောလ်
ကြောင့် ဒါယောင်းတစ်ယောက်မှာ ပေါက်စရဲ့
စုပ်လုံးကိုမစားရလို့ အနောက်တွင် ခြေဆောင့်
ကာ ကျန်ရစ်နေခဲ့လေသည် ။
_________________________________
ဆက်ရန်...
စိတ်ကူးပေါက်လို့ Chanbaekပေါက်စ Version
ထရေးခြင်း ။ ကြိုက်ဆိုရင် ဆက်ရေးပေးမယ်နော် ။
Updateပုံမှန်မရှိပါ ။
[မြန်ချင်လဲမြန်နိုင်သလို ၊ နှေးချင်လဲနှေးနိုင်မည် ]
15.10.2019
REN JO JO