(Zawgyi)
"ကူးေလး...ဘြားဘြားနဲ႔ေနခဲ့ဦးေနာ္....
ငါဆရာဝန္ႀကီးနဲ႔ စကားသြားေျပာလိုက္ဦးမယ္...."
ေနေဝေသာ္တစ္ေယာက္ ဒီစကားတစ္ခြန္းေျပာၿပီး အခန္းထဲက ထြက္သြားလိုက္တာ ေတာ္ေတာ္ၾကာတဲ့အထိ ျပန္ေပၚမလာေတာ့ နႏၵေသြးသည္ ဘြားၫြန္႔ႏွင့္ စကားေျပာေနရင္းမွ ေခါင္းတေမ်ွာ္ေမ်ွာ္....။
ဘြားၫြန္႔အိပ္ေပ်ာ္သြားခ်ိန္ေရာက္မွ ေနေဝေသာ္ကို႐ွာရန္ အခန္းျပင္ထြက္လာခဲ့သည္။ အျပင္ဘက္က ခံုတန္းေပၚတြင္ ေနေဝေသာ္တစ္ေယာက္ ထိုင္ေနသည္ကို ေတြ႕လိုက္ရသျဖင့္ သူ႔အနားအေျပးသြားလိုက္သည္။ နႏၵေသြးျမင္ေနရေသာ ေနေဝေသာ္၏ပံုစံသည္ ခႏၶာကိုယ္တစ္ခုလံုးက ပ်င္းတိပ်င္းရြဲ႔အေနအထားႏွင့္ ခံုေပၚေက်ာမွီထိုင္ေနသည္။
နႏၵေသြးတစ္ေယာက္ ေဘးတြင္ဝင္ထိုင္လိုက္ေသာအခါက်မွ အရင္လိုတက္တက္ႂကြႂကြပံုစံ ျပန္ျမင္ရသည္။ သို႔ေသာ္လည္း နႏၵေသြးသည္ ေနေဝေသာ္၏ဟန္ပန္ကို ဟန္ေဆာင္ေန သလိုသာ ထင္ေနခဲ့သည္။ နႏၵေသြး၏ မ်က္ႏွာအရိပ္အကဲကို ေနေဝေသာ္က အကဲခတ္တတ္သလို နႏၵေသြးသည္လည္း ထိုနည္းတူစြာပင္ ေနေဝေသာ္၏မ်က္ႏွာအမူအရာကို နားလည္ေနၿပီျဖစ္သည္။
"မင္းဘာလို႔အထဲမဝင္လာဘဲ ဒီမွာထိုင္ေနတာလဲ...."
သိလိုစိတ္ျဖင့္ေမးၾကည့္ေသာအခါ ခပ္ဖြဖြျပံဳးျပလာသည္။
"မင္းတို႔ေျမးအဘြားေတြ စကားေအးေဆးေျပာလို႔ရေအာင္ပါ...ငါ႐ွိေနေတာ့ မလြတ္လပ္ဘူးေလ...."
အခုမွအပိုေတြ.....အရင္ကဆို သြားပါေတာ့ ႏွင္ထုတ္တာေတာင္ တြယ္ကပ္ေနၿပီးေတာ့....။
နႏၵေသြးသည္ စိတ္ထဲမွသာ ေရရြတ္မိၿပီး ေနေဝေသာ္ကို တျခားအေၾကာင္းအရာတစ္ခု ထပ္ေမးလိုက္သည္။
"ဆရာဝန္ကဘာေျပာလဲ....ဘြားဘြားေဆးရံုမွာ ဘယ္ေလာက္ၾကာမွာတဲ့လဲ...ေဆးစစ္ခ်က္အေျဖကေရာ သိရၿပီလား...တျခားဘာေရာဂါႀကီးႀကီးမားမားမွ မ႐ွိဘူးမလား...."
"တစ္ခုခ်င္းေမးပါကြာ...ငါဘယ္ကစေျဖရမွန္းေတာင္ မသိဘူး....."
ေနေဝေသာ္၏စကားထဲတြင္ ရယ္သံပါေရာယွက္ေနေသာ္လည္း နႏၵေသြးကေတာ့ ထိုရယ္သံကို အသက္မပါဟု ယူဆမိသည္။ တကယ္လည္း ေနေဝေသာ္သည္ နႏၵေသြး၏မ်က္ႏွာကို ၾကာၾကာမၾကည့္ဘဲ တျခားေနရာသို႔လႊဲလႊဲသြားပံုမွာ တစ္ခုခုကိုဟန္ေဆာင္ရန္ အရွိန္ယူေနရသလို....။
"Sun.....မင္းတကယ္ထူးဆန္းေနတယ္ေနာ္....
ဆရာဝန္က ဘြားဘြားအေၾကာင္း ဘာေျပာလိုက္လို႔လဲ....
မေကာင္းတာေတြပါလို႔လား....ငါ့ကိုရင္တုန္ေအာင္ မလုပ္စမ္းပါနဲ႔ကြာ...."
ေနေဝေသာ္သည္ နႏၵေသြး၏စိတ္လႈပ္႐ွားမႈကို ႏွစ္သိမ့္ရန္ပခံုးေပၚ လက္တင္လိုက္သည္။ ထို႔ေနာက္ သက္ျပင္းတစ္ခ်က္ခိုးခ်လိုက္ၿပီး ေလသံကို အတည္ၿငိမ္ဆံုးျဖစ္ေအာင္ ထိန္းခ်ဳပ္ရင္း ျပန္ေျဖရသည္။
"ဘာမွမျဖစ္ပါဘူးကြာ....ဘြားဘြားက အသက္ႀကီးလာေတာ့ လူႀကီးေရာဂါနည္းနည္း႐ွိရံုေလးပါ....အဲ့တာကလည္း ေဆးေသခ်ာေသာက္ရင္ ေပ်ာက္မွာပါတဲ့....
ေခ်ာ္လဲထားတာကေတာ့ မင္းသိတဲ့အတိုင္းပဲေလ... အသက္ႀကီးတဲ့သူဆိုေတာ့ လူငယ္ေတြလိုျမန္ျမန္ ျပန္မေကာင္းဘူးေပါ့...ေဆးရံုမွာလည္း မွန္းထားတဲ့ အခ်ိန္ထက္ ပိုၾကာၾကာေနရရင္ ေနရဦးမယ္တဲ့...."
စိတ္သက္သာရာရသြားဟန္ႏွင့္ ျပံဳးလိုက္ေသာ ကူးေလးကိုၾကည့္ၿပီး ကြၽန္ေတာ္လည္းျပံဳးမိပါသည္။ စိတ္ထဲတြင္ေတာ့ သက္ျပင္းအႀကိမ္ႀကိမ္ခ်မိလ်ွက္....။
အရင္းႏွီးဆံုးမိသားစုဝင္ဆိုလို႔ အဘြားတစ္ေယာက္သာ႐ွိတဲ့ ဒီေကာင္ေလးကို အမွန္အတိုင္း ဘယ္ေျပာရက္နိုင္ပါ့မလဲ...။
ကံၾကမၼာကလည္း သူ႔က်မွရက္စက္လြန္းသလား... ထင္မွတ္ရတယ္...ေနရာတိုင္းမွာ အနာအဆာေတြနဲ႔....။
>>>>>>>>>>>>>>>>>>>>>>>>>>>>>>
ေျမးအဘြားႏွစ္ေယာက္ကိုၾကည့္ၿပီး ကြၽန္ေတာ့စိတ္ေတြ မြန္းၾကပ္လာလိုက္တာ....။ သူစိမ္းျဖစ္တဲ့ကြၽန္ေတာ္ေတာင္ ကူးေလးနဲ႔ပတ္သတ္ၿပီး ဘြားဘြားကို သံေယာဇဥ္တြယ္မိရာကေန ကြၽန္ေတာ္တို႔နဲ႔အတူ အခ်ိန္ေတြအၾကာႀကီး အတူ႐ွိေစခ်င္ေသးတာပဲ....။ ကူးေလးဆိုရင္ အဘြားျဖစ္သူအတြက္ လူ႔သက္တမ္း ကန္႔သတ္ခ်က္ကိုေတာင္ ဖ်က္ပစ္ခ်င္စိတ္ေတြ ႐ွိရင္ရွိေနမွာ...။
ေမြးဖြားျပီးရင္ ေသဆံုးရတယ္ဆိုတဲ့ ေလာကနိယာမက ျဖစ္တတ္တဲ့သဘာဝမွန္း သိေပမယ့္ ကြၽန္ေတာ္တို႔အားလံုးမွာ ကိုယ္ခ်စ္တဲ့သူကို မေသေစခ်င္တဲ့ ဒီလိုအတၱေလး ေတြေတာ့႐ွိတယ္မလား....။
ကူေလးကိုမေျပာျပျဖစ္ခဲ့တဲ့ အေၾကာင္းေတြကို ညေရာက္မွအစ္ကို႔ဆီ ဖုန္းဆက္ၿပီးရင္ဖြင့္မိသည္။
"ငါကူးေလးကို အရမ္းသနားတာပဲအစ္ကိုရာ...
သူ႔အဘြားအေၾကာင္းေမးေတာ့ ငါအမွန္အတိုင္း မေျပာႏိုင္ခဲ့ဘူး...
မင္းပဲစဥ္းစားၾကည့္....အဘြားကိုသိပ္ခ်စ္တဲ့ ေျမးတစ္ေယာက္ကို မင္းအဘြားအတြက္လူ႔ေလာကမွာ ေနရမယ့္အခ်ိန္သိပ္မ႐ွိေတာ့ဘူး ဆိုတဲ့အေၾကာင္း ငါဘယ္လိုစိတ္နဲ႔သြားေျပာရမွာလဲ....."
တည္တံ့သစၥာထံမွ ဘာထင္ျမင္ခ်က္မွျပန္မရဘဲ ႏွစ္ဖက္စလံုးတိတ္ဆိတ္ေနၾကၿပီးေတာ့မွ တစ္ဖက္ကေမးလာသည္။
"သူ႔အဘြားက ဘာျဖစ္လို႔အခ်ိန္သိပ္မ႐ွိေတာ့တာလဲ..ဘာေရာဂါမွမျဖစ္ဘဲ က်န္းမာတယ္မလား...အခုကလည္း ေခ်ာ္လဲလို႔ အ႐ိုးနည္းနည္းအက္သြားရံုတင္ဆို...."
ေနေဝေသာ္သည္ သက္ျပင္းတစ္ခ်က္ကို ျပင္းျပင္း ႐ိႈက္ထုတ္ၿပီးေတာ့မွ ျပန္ေျဖသည္။
"အရိုးအက္ရံုေလာက္ကေတာ့ လူငယ္ေတြအတြက္ဆို မေျပာပေလာက္ရံုပါ....ဘြားဘြားအသက္က ႐ွစ္ဆယ္နီးပါးျဖစ္ေနၿပီကြ...
အခုက ေခ်ာ္လဲလို႔ျဖစ္တဲ့ဒဏ္ရာတင္မကဘဲ...
ေဆးစစ္ၾကည့္ေတာ့မွ ဘြားဘြားရဲ႕အသည္းေတြ လံုးဝမေကာင္းေတာ့တာကို သိရတယ္...
ကူးေလးဆီကသိရတာေတာ့ ဘြားဘြားေဆးလိပ္ေသာက္လာတဲ့ ႏွစ္ေပါင္းက ေတာ္ေတာ္ၾကာေနျပီတဲ့...အျပင္မွာက်န္းမာေနေပမယ့္ အတြင္းထဲမွာေရာဂါေတြက စံုေနၿပီ...
ေဆးနဲ႔ထိန္းထားလည္း အခ်ိန္သိပ္မက်န္ေတာ့ဘူးတဲ့...
အခ်ိန္မေရြးတစ္ခုခုျဖစ္သြားႏိုင္လို႔ ျဖစ္ႏိုင္ရင္ အနားမွာေနေပးၿပီး စိတ္ခ်မ္းသာေအာင္သာ ထားေပးလိုက္ပါတဲ့....
ငါ ဘြားဘြားအေၾကာင္း ကူးေလးကို ေျပာလည္းေျပာျပခ်င္တယ္....ေျပာလည္းေျပာမထြက္ဘူး
...ဘယ္လိုလုပ္ရမလဲ အစ္ကိုရာ..."
တစ္ဖက္ဖုန္းထဲမွ သက္ျပင္းခ်သံကို ေနေဝေသာ္႐ွင္း႐ွင္းလင္းလင္း ၾကားေနရသည္။ ေနေဝေသာ္သည္ ဒီအေျခအေနမွ ႐ုန္းထြက္ခြင့္ရခ်င္သည္။ နႏၵေသြးအေၾကာင္းစဥ္းစားလိုက္သည္ႏွင့္ ေပ်ာ္စရာကိုသာ ရခ်င္သည္။ နႏၵေသြးကိုလည္း စိတ္ရင္းႏွင့္ေပ်ာ္ေစခ်င္သည္။
မလႊဲမေ႐ွာင္သာေသာ အေၾကာင္းတရားေၾကာင့္ ဘြားညြန္႔မ႐ွိေတာ့ရင္...ဆိုသည့္ အေတြးမ်ိဳးေတြးမိေသာအခါ သူ႔စိတ္ေတြေနာက္က်ိလာရသည္ပင္....။ သူခက္ခက္ခဲခဲ ရေအာင္ႀကိဳးစားခဲ့ရေသာ နႏၵေသြး၏အျပံဳးတို႔က တမဟုတ္ခ်င္းပင္ ေပ်ာက္ကြယ္သြားရဦးမည္ျဖစ္သည္။
"အငယ္ေလး....မင္းေျပာတာကိုၾကားၿပီး ငါေတာင္စိတ္ညစ္သြားတယ္ကြာ...ဒါေပမယ့္ မင္းဘက္ကေျပာသင့္တာကိုေတာ့ ေျပာရမယ္....
နႏၵေသြးကိုဖံုးကြယ္ထားၿပီးမွ ႐ုတ္တရက္သူ႔အဘြားဆံုးသြားၿပီဆိုတာမ်ိဳး ျဖစ္လာရင္ သူခံႏိုင္ရည္႐ွိမွာမဟုတ္ဘူး....
သူသိသင့္တာကိုသိထားမွ စိတ္ဓာတ္ပိုင္းအရေရာ ႀကိဳျပင္ဆင္ထားလို႔ ရမယ္မလား...ၿပီးေတာ့ သူ႔အဘြားကိုလည္း အရင္ကထက္ပိုၿပီး ဂ႐ုစိုက္လို႔ရမယ္ေလကြာ...
တစ္ခုခု မလုပ္ေပးလိုက္ရေလျခင္းဆိုၿပီး ေနာက္မွ ေနာင္တမရေအာင္ မင္းဘက္က ဒီကိစၥကို ေျပာျပသင့္တယ္လို႔ ငါထင္တယ္...."
"ဒါေပမယ့္......"
အစ္ကိုေျပာတာလည္းမွန္ေပမယ့္ ကြၽန္ေတာ့စိတ္ထဲမွာ ေဝခြဲမရျဖစ္ေနသည္။ လုပ္သင့္တာကိုလည္း ေသခ်ာသိသလို၊ မလုပ္ခ်င္သည့္စိတ္ကလည္း အသက္႐ႈၾကပ္ေလာက္ေအာင္ မြန္းၾကပ္ေစသည္။
ဒါက ဘယ္လိုအေျခအေနမ်ိဳးလဲ....။ စဥ္းစားရၾကပ္လိုက္တာကြာ....။
"မင္းေျပာရမွာခက္ေနတယ္....ငါေျပာေပးမယ္ေလ
အငယ္ေလး..."
အစ္ကိုက ဒီလိုေျပာလာေတာ့လည္း ကြၽန္ေတာ္လက္မခံခ်င္....။သူမ်ားေျပာမွသိရရင္ ကြၽန္ေတာ္တို႔ႏွစ္ေယာက္ၾကားမွာ ေျဖ႐ွင္းဖို႔ခက္တဲ့ ပဋိပကၡမ်ိဳးျဖစ္လာႏိုင္သည္။
"ရတယ္....ငါပဲေျပာပါ့မယ္...."
ေလးပင္မႈအျပည့္ႏွင့္ ဆံုးျဖတ္ခ်က္အဆံုး ပိုၿပီးေတာ့မြန္းၾကပ္လာလိုက္တာ...။ မင္းကိုႏွစ္သိမ့္ဖို႔ အင္အား႐ွိေအာင္ ငါအရင္ႀကိဳးစားရမယ့္ပံုပဲ ကူးေလးေရ.....။
>>>>>>>>>>>>>>>>>>>>>>>>>>>>>
"ဘြားဘြားအိပ္ေတာ့မယ္ဆိုေျပာေနာ္....သားကုတင္ကို
ေအာက္ျပန္ႏွိမ့္ေပးမလို႔...."
ဘြားၫြန္႔သည့္ တရားစာအုပ္ဖတ္ေနရင္းမွ နႏၵေသြးဘက္ကိုလွည့္လာရင္း ေခါင္းညိတ္ျပံဳးျပသည္။ နႏၵေသြးသည္ မ်က္မွန္ႀကီးတပ္ၿပီး စာဖတ္ေနေသာ အဘြားျဖစ္သူကိုၾကည့္ကာ သက္ျပင္းအခ်ိဳ႕ခ်မိသည္။ အိမ္တြင္ ေန႔တိုင္းေတြ႔ျမင္ေနက် အဘြားျဖစ္သူကို ေဆးရံုေရာက္မွ အေသအခ်ာသတိထား ၾကည့္မိေလာက္ေအာင္ သူသည္ အိမ္မကပ္ႏိုင္ေသာ သူတစ္ေယာက္ ျဖစ္ခဲ့သည္။
မနက္တစ္ခါ ၊ ညတစ္ခါသာ မ်က္ႏွာေတြ႔ၿပီး ႏႈတ္ဆက္ရံုေလာက္ လုပ္ေနတုန္းက မသိသာေသာ္လည္း ေသခ်ာထိုင္ၾကည့္ေနရင္းနဲ႔မွ ဘြားၫြန္႔၏ အိုမင္းလာမႈကို လက္မခံခ်င္ဘဲလက္ခံလိုက္ရေတာ့သည္။ သူ႔စိတ္ထဲတြင္ အဘြားျဖစ္သူကို အျမဲသန္မာဖ်က္လတ္ေသာ လူငယ္ေလးတစ္ေယာက္လိုသာ မွတ္ယူေနခဲ့၍လားမသိ
ဒီခံစားခ်က္က တစ္မ်ိဳးဘာသာထူးဆန္း၍ ဝမ္းနည္းမႈကိုျဖစ္ေစသလိုလို....။
ဘြားဘြား.....သားနဲ႔ အၾကာႀကီး အတူေနသြားပါေနာ္....။
.
.
.
.
.
.
.
.
.
.
.
.
.
.
.
အေတြးေပါင္းစံုနဲ႔ ညတစ္ညကုန္ဆံုးသြားၿပီးေနာက္ မနက္အေစာပိုင္းမွာတင္ ႏိုးထလာခဲ့ေသာ နႏၵေသြးသည္ ကုတင္ေပၚတြင္ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္ အိပ္ေမာက်ေနေသာ အဘြားျဖစ္သူကိုအရင္ေျပးၾကည့္မိသည္။ ေစာင္ျခံဳထားေသာဝမ္းဗိုက္ပိုင္းေနရာတြင္ နိမ့္ခ်ည္၊ျမင့္ခ်ည္ ျဖစ္ေနသည္ကို ျမင္ရေသာအခါက်မွ စိတ္ေပါ့ပါးသြားသည္။ ဒီလိုအမူအက်င့္က ဘြားညြန္႔စတင္ခ်ဴခ်ာလာကတည္းက သူ႔ဆီမွာစြဲကပ္ခဲ့တာ....။
မနက္ပိုင္း ဘုရား႐ွိခိုးေသာအခ်ိန္မွာလည္း သူ႔ရဲ႕ေတာင္းဆုက တစ္ခုတည္းသာ....။ ထံုးစံအတိုင္း သူတို႔ေျမးအဘြား ႏွစ္ေယာက္ အခ်ိန္အၾကာႀကီးအတူ႐ွိေနႏိုင္ဖို႔...ဆုေတာင္းကို အျမဲတမ္း မပ်က္မကြက္ ဆုေတာင္းခဲ့ေသာ္လည္း ေနေဝေသာ္ထံမွ စကားအခ်ိဳ႕ၾကားရၿပီးေနာက္ပိုင္းတြင္ အရာအားလံုး ဆံုး႐ွံုးသြားရသည့္ သူတစ္ေယာက္ကဲ့သို႔ ခံစားခ်က္က ဗလာ....။
မည္သည္ကိုမ်ွ မခံစားရ၍ဗလာျဖစ္ေနျခင္း မဟုတ္ဘဲ
ခံစားခ်က္ေတြမ်ားျပားလြန္း၍ ဘာကိုမွေတြးေတာႏိုင္စြမ္း မ႐ွိေတာ့ျခင္းျဖစ္သည္....။
သူ႔ရဲ႕ပခံုးကို ေနေဝေသာ္ဆုပ္ကိုင္လိုက္ေသာ အခ်ိန္က်မွ မ်က္လံုးထဲ၌ ေဝဝါးေနေသာအရာက အျပင္ဘက္သို႔ ထြက္က်လာသည္။
ပါးျပင္တစ္ေလ်ွာက္စီးဆင္းသြားသည္က မ်က္ရည္ေတြ....။
တစ္သက္လံုး အဘြားေရွ႔တြင္သာ က်ဆင္းခဲ့ေသာ မ်က္ရည္မ်ားသည္ ေနေဝေသာ့္အေ႐ွ႕တြင္ပါ အဆီးအတားမ႐ွိ စီးက်လာၿပီးေနာက္ ရင္ထဲ၌ တစ္ဆို႔လာရသည္။
"ကူးေလး......"
ေနေဝေသာ္သည္ နႏၵေသြး၏ မ်က္ရည္ႏွင့္ အသက္႐ႈျပင္းလာပံုကို ျမင္လိုက္ရေသာအခါ ဘာလုပ္ရမွန္းမသိ ပ်ာသြားၿပီးမွ နႏၵေသြးေ႐ွ႕တြင္ ဒူးေထာက္ကာ လက္ႏွစ္ဖက္ကို ေသခ်ာဆုပ္ကိုင္ ေပးလိုက္သည္။ ျဖတ္သြားျဖတ္လာ လူနာမ်ားႏွင့္ ေဆးရံုဝန္ထမ္းမ်ား လွည့္ၾကည့္လွည့္ၾကည့္ လုပ္သြားသည္ကိုျမင္ေသာ္လည္း ယခုအခ်ိန္တြင္ နႏၵေသြးကသာ သူ႔အတြက္ပိုအေရးႀကီးေနသည္။
"ငါမျမင္ခ်င္ဆံုးက မင္းရဲ႔မ်က္ရည္ေတြပဲ ကူးေလးရ...အဲ့တာေၾကာင့္လည္း ငါမေန႔ကေျပာမထြက္ခဲ့တာ....
တစ္ခါတေလမွာ ငါတို႔လံုးဝမတတ္ႏိုင္တဲ့ အရာေတြ႐ွိတယ္ေလကြာ...အထူးသျဖင့္ ေသျခင္းတရားနဲ႔ပတ္သတ္လာရင္ေပါ့....
ဘြားဘြားဘဝတစ္ေလ်ွာက္လံုး မင္းအတြက္႐ွိေနေပးခဲ့တာ
ႏွစ္ေတြနည္းတာမွမဟုတ္တာ...အခုက်န္ေနတဲ့အခ်ိန္ေလးမွာ မင္းဘက္က ျပန္ၿပီးတာဝန္ေက်ရမယ္ေလ...
ဒီလိုကိစၥကို ႀကိဳသိေနရတာ ေတာ္ေတာ္ဆိုးမွန္း ငါလည္းသိပါတယ္...ငါလည္းတကယ္ခံစားရတယ္...
ဒါေပမယ္႔ဝမ္းနည္းေနရံုနဲ႔ ေျပာင္းလဲသြားမယ့္ကိစၥ မဟုတ္ေတာ့...မင္းစိတ္ကိုပဲ ေသခ်ာျပင္ဆင္ရမယ္....
အနည္းဆံုးေတာ့ ဒီလိုသိေနရတဲ့အတြက္ ငါတို႔ဘက္က ဘြားဘြားကို အရင္ကထက္ပိုဂ႐ုစိုက္ေပးၿပီး ပိုခ်စ္ေပးၿပီး အခ်ိန္ျပည့္႐ွိေနေပးလို႔ရတာေပါ့...ဟုတ္တယ္မလား..."
ေျပာသမ်ွစကားတိုင္းကို ၿငိမ္ၿပီးနားေထာင္ေနေသာ ကူးေလးသည္ အဘြားႏွင့္ပတ္သတ္လာလ်ွင္ ကေလးတစ္ေယာက္သာသာ....။ မ်က္ရည္ေတြသည္ ပင္လယ္လိုပင္ ပိတ္ဆို႔ခံရရံုႏွင့္ စီးဆင္းမႈ ရပ္တန္႔သြားျခင္းမ႐ွိဘဲ စကားေျပာေနစဥ္တစ္ေလ်ွာက္လံုး သုတ္ေပးရသည္က အႀကိမ္ေပါင္းမနည္း....။
"ငါခဏေလာက္ အျပင္မွာေနဦးမယ္...
မင္း....မင္းခဏဘြားဘြားနားမွာ ေနေပးလိုက္ဦး...."
မ်က္စိေ႐ွ႕မွ တျဖည္းျဖည္းေပ်ာက္ကြယ္သြားသူ၏ ေနာက္ေက်ာကိုသာၾကည့္ရင္း က်န္ခဲ့ရသည္။ တစ္ေယာက္တည္းလႊတ္ထားေပးသင့္သည္ဟု ယူဆမိသျဖင့္ ေနေဝေသာ္ကိုယ္တိုင္လည္း လိုက္မသြားေတာ့ဘဲ ဘြားၫြန္႔၏ေဆးရံုခန္းအေ႐ွ႕တြင္ ခဏထိုင္ၿပီးမွ အထဲဝင္လိုက္သည္။
"ကူးေလးေရာ...."
"ကြၽန္ေတာ္ပစၥည္းတစ္ခုဝယ္ခိုင္းလိုက္လို႔ သြားဝယ္တယ္ဘြားဘြား...လာေတာ့မွာပါ...ဘြားဘြား...ဘာလိုခ်င္တာ႐ွိလို႔လဲ...ကြၽန္ေတာ္လုပ္ေပးမယ္ေလ..."
"ဘာမွမဟုတ္ပါဘူး....သူမနက္ကတည္းက ဘာမွစားတာမေတြ႔လို႔...တစ္ခုခုစားခိုင္းဖို႔ပါသားရယ္..."
ေနေဝေသာ္တစ္ေယာက္ ဘြားၫြန္႔ကို ျပံဳးျပလိုက္ရေသာ္လည္း မ်က္ႏွာကမၾကည္မလင္...။ ေလပူေတြမႈတ္ထုတ္ေနရသည္မွာလည္း ဘယ္ႏွစ္ႀကိမ္၊ဘယ္ႏွစ္ခါ႐ွိမွန္း မသိေတာ့ေပ....။
ေနေဝေသာ္သည္ ထိုင္ရမလို၊ထရမလိုျဖစ္ေနစဥ္မွာပင္ ဘြားၫြန္႔က သူမအနားတြင္လာထိုင္ရန္ေျပာရင္း ေ႐ွးေဟာင္းေႏွာင္းျဖစ္မ်ားကို စိတ္ပါလက္ပါေျပာျပေနသည္။
"ဘြားဘြားက အိပ္ယာေပၚမွာလွဲေနခ်င္တဲ့သူမ်ိဳး မဟုတ္ဘူးေျမးရဲ႕...အလုပ္ကေလးတစ္ခုခုလုပ္ေနရမွ စိတ္ေပ်ာ္တာ...အသက္ႀကီးလာေတာ့လည္းအရင္လို စိတ္သြားတိုင္း ကိုယ္မပါေတာ့ဘူးေပါ့ကြယ္....
ငယ္ငယ္ကဆိုရင္မ်ား... ေကာက္စိုက္ရလည္း မပင္ပန္း...
ပ်ိဳးႏုတ္လို႔လည္းမပင္ပန္း...ေႁခြေလွ႔ရလည္းမပင္ပန္း...
တစ္ေယာက္တည္းဒိုင္ခံလုပ္ႏိုင္တယ္...
သမီးကေလးတစ္ေယာက္ ႐ွိျပီး ယာအလုပ္ေတြမွာ အားမကိုးရေပမယ့္လည္း ပညာတတ္ေစခ်င္လို႔ ၿမိဳ႕ေက်ာင္းအထိထားေပးကာမွ ေဆြမ်ိဳးေတြထဲ အ႐ွက္တကြဲအက်ိဳးနည္း ျဖစ္ရတာပဲကြယ္...
မိဘဆိုေတာ့လည္း မလိမၼာတဲ့သားသမီးလည္းခ်စ္ရတာပါပဲ...ေဒါသျဖစ္ရေပမယ့္ အဲ့တုန္းကဘြားဘြားစိတ္ထဲမွာ ငါ့သမီးအတြက္...
ငါ့သမီးေမြးလာမယ့္ ငါ့ေျမးေလးအတြက္ဆိုၿပီး တစ္သက္လံုးလုပ္ကိုင္လာတဲ့ လယ္ယာအလုပ္ကိုေတာင္ စြန္႔လႊတ္ၿပီး ၿမိဳ႕တက္ေျပးခဲ့ရတာ..."
ဘြားၫြန္႔တစ္ေယာက္ ေျပာေနရင္းမွထရယ္ေလသည္။ အတိတ္က အေျခအေနဆိုးေတြကို စိတ္လႈပ္႐ွားစရာ အေတြ႔အၾကံဳတစ္ခုသဖြယ္ အာေပါင္အားရင္းသန္သန္ႏွင့္ ေျပာျပေနသည္ကိုျမင္ရေတာ့ ေတာသူေတာင္သားအမ်ိဳးသမီး တစ္ေယာက္ျဖစ္ေပမယ့္လည္း သားသမီးအတြက္ စြန္႔စားႏိုင္ေသာ သတၱိကိုခံစားရၿပီး သေဘာက်ရျပန္သည္။
ဘြားၫြန္႔ကဆက္ေျပာျပန္သည္။
"မုဆိုးမသြားရာ မိုးလိုက္ရြာဆိုသလိုပါပဲ....
ဘြားဘြားရဲ႕တစ္ဦးတည္းေသာ သမီးေလးမွာ ေရာဂါဆိုးက လာ႐ွိေနတယ္ေလ...
ေ႐ွးလူႀကီးေတြတုန္းကဆိုရင္ သူတို႔သားမက္ျဖစ္လာမယ့္ သူကို သားသမီးေတြနဲ႔အေၾကာင္းမပါခင္ ကိုယ့္မ်က္စိေအာက္မွာပဲ ေနခိုင္းၿပီး စိတ္တိုင္းက်မွ ေပးစားၾကတာ...
ဘြားဘြားတုန္းကလဲ အဘနဲ့အမိုး စိတ္တိုင္းက်တဲ့သူကိုပဲ ယူခဲ့လို႔ လူမခ်မ္းသာေပမယ့္လည္း စိတ္ေတာ့ခ်မ္းသာခဲ့ရတာ သြားေလသူဆံုးပါးသြားတဲ့အခ်ိန္ထိပဲေလ....
သမီးျဖစ္သူရဲ႕ အေရြးမေတာ္မႈေတြေၾကာင့္ေပါ့ ကေလးရဲ႕အနာဂတ္ကပါ ဆိုးသြားရတယ္...ဘြားဘြားေလ မေသခင္ ကူးေလးကို...သူ႔မိသားစုနဲ႔သူ စိတ္ခ်မ္းသာေနတာပဲ ျမင္ခ်င္တာ....
ဘြားဘြားေျမးေလးက ေယာက်္ားပီသတယ္...ေတာ့...
သူအျမဲတမ္းေျပာဖူးတယ္...သူ႔ေၾကာင့္နဲ႔ေတာ့ သူမ်ားသားသမီးကို ဒုကၡမေရာက္ေစခ်င္ပါဘူးတဲ့ေလ...
သူ႔အေဖလိုသာဆိုရင္ ေနာက္ထပ္မိန္းကေလးတစ္ေယာက္ အက်ိဳးနည္းရမွာေပါ့....အဟြတ္....အဟြတ္...."
"ဘြားဘြားရယ္....ေနာက္မွဆက္ေျပာေတာ့ေနာ္...
ဘြားဘြားေမာၿပီးေခ်ာင္းလည္းဆိုးေနၿပီ..."
ေခ်ာင္းေတြဆိုးလာသျဖင့္ စကားစကိုျဖတ္ခိုင္းလိုက္ရေသာ္လည္း ဘြားဘြားကေတာ့ေပ်ာ္ေနပံုပါပင္....။
"ဘြားဘြားက ဒီလိုေျပာရတာေပ်ာ္ေတာင္ေနေသး....
အိမ္မွာဆိုရင္ မိေဆြတို႔ကနားေထာင္ေပးတာ မဟုတ္ဘူး...
ကူးေလးကလည္းညက်မွျပန္လာေတာ့ တစ္ေန့လံုး ပင္ပန္းလာတဲ့ သူ႔ကို သနားတာနဲ႔ ဘြားဘြားမေျပာျဖစ္ပါဘူးကြယ္...
အသက္ႀကီးရြယ္အိုတစ္ေယာက္ ေျပာတဲ့စကားကို နားေထာင္ခ်င္တဲ့သူက ခပ္႐ွား႐ွားရယ္ေလ...
ကေလးလည္းမဟုတ္ေတာ့ လုပ္သမ်ွက သူမ်ားအျမင္မွာ ခ်စ္ခ်င္စရာေကာင္းခ်င္မွေကာင္းမွာ...ဘြားဘြားလည္း
ႏွာေခါင္း႐ႈတ္ေတာ့မခံခ်င္ပါဘူး...
စိတ္ပါလက္ပါနားေထာင္ေပးတဲ့ ေျမးေလးေၾကာင့္
ဒီအဘြားႀကီးက ေျပာရတာအားရေနတာ...
သာဓုပါကြယ္...သာဓု...သာဓု...."
ဘြားၫြန္႔သည္ ေနေဝေသာ့္လက္ကိုဖြဖြပုတ္ေပးရင္း ဆုေတြလည္းေတာင္းေပးသည္။ ျဖည္းျဖည္းဟလာေသာ တံခါးေနာက္မွေျမးျဖစ္သူကို ျမင္လိုက္ရခ်ိန္တြင္ လွဲေနရာမွထရန္ဟန္ျပင္သည္။
"ထမင္းစားလိုက္ဦးေလကူးေလး...ေဆးေတြလည္း
ေသာက္ရဦးမွာ ေဆးေသာက္ဖို႔ေတာ့ မေမ့ေစနဲ႔ေနာ္..."
"ဘြားဘြား......"
ေနေဝေသာ္သည္ နႏၵေသြးကိုၾကည့္ၿပီး ဘယ္အခ်ိန္မ်ားငိုခ်လိုက္မလဲဟုေတြးကာ ရင္တထိတ္ထိတ္ျဖစ္ေနရသည္။ ဘြားဘြားဟုေခၚလိုက္ေသာ အသံသည္ကား သိသိသာသာပ်က္ယြင္းေနေသာ္လည္း ဘြားၫြန္႔ကေတာ့သတိမမူမိေပ....။
"ဘာလဲ....တစ္ရက္ပ်က္လည္းဘာမွမျဖစ္ပါဘူး ဘြားဘြားရယ္လို႔ေျပာမလို႔လား...ငါ့ေျမးေဆးမေသာက္ရင္ ဘြားဘြားကလည္းေသာက္မွာ မဟုတ္ဘူးေနာ္..
.ေရာဂါမေပ်ာက္လည္းေနပါေစေတာ့"
ဘြားၫြန္႔စကားအဆံုးတြင္ နႏၵေသြးသည္ တံခါးဝမွာရပ္ေနရာမွဘြားၫြန္႔ဆီသုိ႔ ေျပးဝင္လာၿပီး ေပါင္ေပၚတြင္ေခါင္းအပ္လိုက္သည္။
"ေအာ္......ငါ့ေျမးရယ္....
ကေလးေလးလိုပဲ....ဘြားဘြားကစေနတာပါ...
ဒါေလးေျပာတာ ငိုစရာလား...."
ေနေဝေသာ္တစ္ေယာက္ သူပါေရာၿပီးမငိုမိခင္ တစ္ဖက္သို႔သာ လွည့္ေနရေတာ့သည္။
ဘြားၫြန္႔ကေတာ့ ေျမးျဖစ္သူေက်ာကိုပုတ္ကာ ပုတ္ကာႏွင့္ သေဘာတက်ရယ္ေနလ်က္....။
>>>>>>>>>>>>>>>>>>>>>>>>>>>>>>>
TBC........
AN/
ဒီအပိုင္းေတြကိုမေရးခ်င္လို႔ ေ႐ွာင္ေနတာ ဒါကိုေရးမွေ႐ွ႕ဆက္လို႔ရမွာမို႔လို႔ စိတ္မေကာင္းျခင္းႀကီးစြာနဲ႔ပဲ ေရးလိုက္ရတယ္....။
ကူးေလးနဲ႔ထပ္တူပဲ ကိုယ္တိုင္လည္းနာက်င္ရ💔
Love you all❤
Han_Me
(14.10.2019)
>>>>>>>>>>>>>>>>>>>>>>>>>>>>>>>
(Unicode)
"ကူးလေး...ဘွားဘွားနဲ့နေခဲ့ဦးနော်....
ငါဆရာဝန်ကြီးနဲ့ စကားသွားပြောလိုက်ဦးမယ်...."
နေဝေသော်တစ်ယောက် ဒီစကားတစ်ခွန်းပြောပြီး အခန်းထဲက ထွက်သွားလိုက်တာ တော်တော်ကြာတဲ့အထိ ပြန်ပေါ်မလာတော့ နန္ဒသွေးသည် ဘွားညွန့်နှင့် စကားပြောနေရင်းမှ ခေါင်းတမျှော်မျှော်....။
ဘွားညွန့်အိပ်ပျော်သွားချိန်ရောက်မှ နေဝေသော်ကိုရှာရန် အခန်းပြင်ထွက်လာခဲ့သည်။ အပြင်ဘက်က ခုံတန်းပေါ်တွင် နေဝေသော်တစ်ယောက် ထိုင်နေသည်ကို တွေ့လိုက်ရသဖြင့် သူ့အနားအပြေးသွားလိုက်သည်။ နန္ဒသွေးမြင်နေရသော နေဝေသော်၏ပုံစံသည် ခန္ဓာကိုယ်တစ်ခုလုံးက ပျင်းတိပျင်းရွဲ့အနေအထားနှင့် ခုံပေါ်ကျောမှီထိုင်နေသည်။
နန္ဒသွေးတစ်ယောက် ဘေးတွင်ဝင်ထိုင်လိုက်သောအခါကျမှ အရင်လိုတက်တက်ကြွကြွပုံစံ ပြန်မြင်ရသည်။ သို့သော်လည်း နန္ဒသွေးသည် နေဝေသော်၏ဟန်ပန်ကို ဟန်ဆောင်နေ သလိုသာ ထင်နေခဲ့သည်။ နန္ဒသွေး၏ မျက်နှာအရိပ်အကဲကို နေဝေသော်က အကဲခတ်တတ်သလို နန္ဒသွေးသည်လည်း ထိုနည်းတူစွာပင် နေဝေသော်၏မျက်နှာအမူအရာကို နားလည်နေပြီဖြစ်သည်။
"မင်းဘာလို့အထဲမဝင်လာဘဲ ဒီမှာထိုင်နေတာလဲ...."
သိလိုစိတ်ဖြင့်မေးကြည့်သောအခါ ခပ်ဖွဖွပြုံးပြလာသည်။
"မင်းတို့မြေးအဘွားတွေ စကားအေးဆေးပြောလို့ရအောင်ပါ...ငါရှိနေတော့ မလွတ်လပ်ဘူးလေ...."
အခုမှအပိုတွေ.....အရင်ကဆို သွားပါတော့ နှင်ထုတ်တာတောင် တွယ်ကပ်နေပြီးတော့....။
နန္ဒသွေးသည် စိတ်ထဲမှသာ ရေရွတ်မိပြီး နေဝေသော်ကို တခြားအကြောင်းအရာတစ်ခု ထပ်မေးလိုက်သည်။
"ဆရာဝန်ကဘာပြောလဲ....ဘွားဘွားဆေးရုံမှာ ဘယ်လောက်ကြာမှာတဲ့လဲ...ဆေးစစ်ချက်အဖြေကရော သိရပြီလား...တခြားဘာရောဂါကြီးကြီးမားမားမှ မရှိဘူးမလား...."
"တစ်ခုချင်းမေးပါကွာ...ငါဘယ်ကစဖြေရမှန်းတောင် မသိဘူး....."
နေဝေသော်၏စကားထဲတွင် ရယ်သံပါရောယှက်နေသော်လည်း နန္ဒသွေးကတော့ ထိုရယ်သံကို အသက်မပါဟု ယူဆမိသည်။ တကယ်လည်း နေဝေသော်သည် နန္ဒသွေး၏မျက်နှာကို ကြာကြာမကြည့်ဘဲ တခြားနေရာသို့လွှဲလွှဲသွားပုံမှာ တစ်ခုခုကိုဟန်ဆောင်ရန် အရှိန်ယူနေရသလို....။
"Sun.....မင်းတကယ်ထူးဆန်းနေတယ်နော်....
ဆရာဝန်က ဘွားဘွားအကြောင်း ဘာပြောလိုက်လို့လဲ....
မကောင်းတာတွေပါလို့လား....ငါ့ကိုရင်တုန်အောင် မလုပ်စမ်းပါနဲ့ကွာ...."
နေဝေသော်သည် နန္ဒသွေး၏စိတ်လှုပ်ရှားမှုကို နှစ်သိမ့်ရန်ပခုံးပေါ် လက်တင်လိုက်သည်။ ထို့နောက် သက်ပြင်းတစ်ချက်ခိုးချလိုက်ပြီး လေသံကို အတည်ငြိမ်ဆုံးဖြစ်အောင် ထိန်းချုပ်ရင်း ပြန်ဖြေရသည်။
"ဘာမှမဖြစ်ပါဘူးကွာ....ဘွားဘွားက အသက်ကြီးလာတော့ လူကြီးရောဂါနည်းနည်းရှိရုံလေးပါ....အဲ့တာကလည်း ဆေးသေချာသောက်ရင် ပျောက်မှာပါတဲ့....
ချော်လဲထားတာကတော့ မင်းသိတဲ့အတိုင်းပဲလေ... အသက်ကြီးတဲ့သူဆိုတော့ လူငယ်တွေလိုမြန်မြန် ပြန်မကောင်းဘူးပေါ့...ဆေးရုံမှာလည်း မှန်းထားတဲ့ အချိန်ထက် ပိုကြာကြာနေရရင် နေရဦးမယ်တဲ့...."
စိတ်သက်သာရာရသွားဟန်နှင့် ပြုံးလိုက်သော ကူးလေးကိုကြည့်ပြီး ကျွန်တော်လည်းပြုံးမိပါသည်။ စိတ်ထဲတွင်တော့ သက်ပြင်းအကြိမ်ကြိမ်ချမိလျှက်....။
အရင်းနှီးဆုံးမိသားစုဝင်ဆိုလို့ အဘွားတစ်ယောက်သာရှိတဲ့ ဒီကောင်လေးကို အမှန်အတိုင်း ဘယ်ပြောရက်နိုင်ပါ့မလဲ...။
ကံကြမ္မာကလည်း သူ့ကျမှရက်စက်လွန်းသလား... ထင်မှတ်ရတယ်...နေရာတိုင်းမှာ အနာအဆာတွေနဲ့....။
>>>>>>>>>>>>>>>>>>>>>>>>>>>>>>
မြေးအဘွားနှစ်ယောက်ကိုကြည့်ပြီး ကျွန်တော့စိတ်တွေ မွန်းကြပ်လာလိုက်တာ....။ သူစိမ်းဖြစ်တဲ့ကျွန်တော်တောင် ကူးလေးနဲ့ပတ်သတ်ပြီး ဘွားဘွားကို သံယောဇဉ်တွယ်မိရာကနေ ကျွန်တော်တို့နဲ့အတူ အချိန်တွေအကြာကြီး အတူရှိစေချင်သေးတာပဲ....။ ကူးလေးဆိုရင် အဘွားဖြစ်သူအတွက် လူ့သက်တမ်း ကန့်သတ်ချက်ကိုတောင် ဖျက်ပစ်ချင်စိတ်တွေ ရှိရင်ရှိနေမှာ...။
မွေးဖွားပြီးရင် သေဆုံးရတယ်ဆိုတဲ့ လောကနိယာမက ဖြစ်တတ်တဲ့သဘာဝမှန်း သိပေမယ့် ကျွန်တော်တို့အားလုံးမှာ ကိုယ်ချစ်တဲ့သူကို မသေစေချင်တဲ့ ဒီလိုအတ္တလေး တွေတော့ရှိတယ်မလား....။
ကူလေးကိုမပြောပြဖြစ်ခဲ့တဲ့ အကြောင်းတွေကို ညရောက်မှအစ်ကို့ဆီ ဖုန်းဆက်ပြီးရင်ဖွင့်မိသည်။
"ငါကူးလေးကို အရမ်းသနားတာပဲအစ်ကိုရာ...
သူ့အဘွားအကြောင်းမေးတော့ ငါအမှန်အတိုင်း မပြောနိုင်ခဲ့ဘူး...
မင်းပဲစဉ်းစားကြည့်....အဘွားကိုသိပ်ချစ်တဲ့ မြေးတစ်ယောက်ကို မင်းအဘွားအတွက်လူ့လောကမှာ နေရမယ့်အချိန်သိပ်မရှိတော့ဘူး ဆိုတဲ့အကြောင်း ငါဘယ်လိုစိတ်နဲ့သွားပြောရမှာလဲ....."
တည်တံ့သစ္စာထံမှ ဘာထင်မြင်ချက်မှပြန်မရဘဲ နှစ်ဖက်စလုံးတိတ်ဆိတ်နေကြပြီးတော့မှ တစ်ဖက်ကမေးလာသည်။
"သူ့အဘွားက ဘာဖြစ်လို့အချိန်သိပ်မရှိတော့တာလဲ..ဘာရောဂါမှမဖြစ်ဘဲ ကျန်းမာတယ်မလား...အခုကလည်း ချော်လဲလို့ အရိုးနည်းနည်းအက်သွားရုံတင်ဆို...."
နေဝေသော်သည် သက်ပြင်းတစ်ချက်ကို ပြင်းပြင်း ရှိုက်ထုတ်ပြီးတော့မှ ပြန်ဖြေသည်။
"အရိုးအက်ရုံလောက်ကတော့ လူငယ်တွေအတွက်ဆို မပြောပလောက်ရုံပါ....ဘွားဘွားအသက်က ရှစ်ဆယ်နီးပါးဖြစ်နေပြီကွ...
အခုက ချော်လဲလို့ဖြစ်တဲ့ဒဏ်ရာတင်မကဘဲ...
ဆေးစစ်ကြည့်တော့မှ ဘွားဘွားရဲ့အသည်းတွေ လုံးဝမကောင်းတော့တာကို သိရတယ်...
ကူးလေးဆီကသိရတာတော့ ဘွားဘွားဆေးလိပ်သောက်လာတဲ့ နှစ်ပေါင်းက တော်တော်ကြာနေပြီတဲ့...အပြင်မှာကျန်းမာနေပေမယ့် အတွင်းထဲမှာရောဂါတွေက စုံနေပြီ...
ဆေးနဲ့ထိန်းထားလည်း အချိန်သိပ်မကျန်တော့ဘူးတဲ့...
အချိန်မရွေးတစ်ခုခုဖြစ်သွားနိုင်လို့ ဖြစ်နိုင်ရင် အနားမှာနေပေးပြီး စိတ်ချမ်းသာအောင်သာ ထားပေးလိုက်ပါတဲ့....
ငါ ဘွားဘွားအကြောင်း ကူးလေးကို ပြောလည်းပြောပြချင်တယ်....ပြောလည်းပြောမထွက်ဘူး
...ဘယ်လိုလုပ်ရမလဲ အစ်ကိုရာ..."
တစ်ဖက်ဖုန်းထဲမှ သက်ပြင်းချသံကို နေဝေသော်ရှင်းရှင်းလင်းလင်း ကြားနေရသည်။ နေဝေသော်သည် ဒီအခြေအနေမှ ရုန်းထွက်ခွင့်ရချင်သည်။ နန္ဒသွေးအကြောင်းစဉ်းစားလိုက်သည်နှင့် ပျော်စရာကိုသာ ရချင်သည်။ နန္ဒသွေးကိုလည်း စိတ်ရင်းနှင့်ပျော်စေချင်သည်။
မလွှဲမရှောင်သာသော အကြောင်းတရားကြောင့် ဘွားညွန့်မရှိတော့ရင်...ဆိုသည့် အတွေးမျိုးတွေးမိသောအခါ သူ့စိတ်တွေနောက်ကျိလာရသည်ပင်....။ သူခက်ခက်ခဲခဲ ရအောင်ကြိုးစားခဲ့ရသော နန္ဒသွေး၏အပြုံးတို့က တမဟုတ်ချင်းပင် ပျောက်ကွယ်သွားရဦးမည်ဖြစ်သည်။
"အငယ်လေး....မင်းပြောတာကိုကြားပြီး ငါတောင်စိတ်ညစ်သွားတယ်ကွာ...ဒါပေမယ့် မင်းဘက်ကပြောသင့်တာကိုတော့ ပြောရမယ်....
နန္ဒသွေးကိုဖုံးကွယ်ထားပြီးမှ ရုတ်တရက်သူ့အဘွားဆုံးသွားပြီဆိုတာမျိုး ဖြစ်လာရင် သူခံနိုင်ရည်ရှိမှာမဟုတ်ဘူး....
သူသိသင့်တာကိုသိထားမှ စိတ်ဓာတ်ပိုင်းအရရော ကြိုပြင်ဆင်ထားလို့ ရမယ်မလား...ပြီးတော့ သူ့အဘွားကိုလည်း အရင်ကထက်ပိုပြီး ဂရုစိုက်လို့ရမယ်လေကွာ...
တစ်ခုခု မလုပ်ပေးလိုက်ရလေခြင်းဆိုပြီး နောက်မှ နောင်တမရအောင် မင်းဘက်က ဒီကိစ္စကို ပြောပြသင့်တယ်လို့ ငါထင်တယ်...."
"ဒါပေမယ့်......"
အစ်ကိုပြောတာလည်းမှန်ပေမယ့် ကျွန်တော့စိတ်ထဲမှာ ဝေခွဲမရဖြစ်နေသည်။ လုပ်သင့်တာကိုလည်း သေချာသိသလို၊ မလုပ်ချင်သည့်စိတ်ကလည်း အသက်ရှုကြပ်လောက်အောင် မွန်းကြပ်စေသည်။
ဒါက ဘယ်လိုအခြေအနေမျိုးလဲ....။ စဉ်းစားရကြပ်လိုက်တာကွာ....။
"မင်းပြောရမှာခက်နေတယ်....ငါပြောပေးမယ်လေ
အငယ်လေး..."
အစ်ကိုက ဒီလိုပြောလာတော့လည်း ကျွန်တော်လက်မခံချင်....။သူများပြောမှသိရရင် ကျွန်တော်တို့နှစ်ယောက်ကြားမှာ ဖြေရှင်းဖို့ခက်တဲ့ ပဋိပက္ခမျိုးဖြစ်လာနိုင်သည်။
"ရတယ်....ငါပဲပြောပါ့မယ်...."
လေးပင်မှုအပြည့်နှင့် ဆုံးဖြတ်ချက်အဆုံး ပိုပြီးတော့မွန်းကြပ်လာလိုက်တာ...။ မင်းကိုနှစ်သိမ့်ဖို့ အင်အားရှိအောင် ငါအရင်ကြိုးစားရမယ့်ပုံပဲ ကူးလေးရေ.....။
>>>>>>>>>>>>>>>>>>>>>>>>>>>>>
"ဘွားဘွားအိပ်တော့မယ်ဆိုပြောနော်....သားကုတင်ကို
အောက်ပြန်နှိမ့်ပေးမလို့...."
ဘွားညွန့်သည့် တရားစာအုပ်ဖတ်နေရင်းမှ နန္ဒသွေးဘက်ကိုလှည့်လာရင်း ခေါင်းညိတ်ပြုံးပြသည်။ နန္ဒသွေးသည် မျက်မှန်ကြီးတပ်ပြီး စာဖတ်နေသော အဘွားဖြစ်သူကိုကြည့်ကာ သက်ပြင်းအချို့ချမိသည်။ အိမ်တွင် နေ့တိုင်းတွေ့မြင်နေကျ အဘွားဖြစ်သူကို ဆေးရုံရောက်မှ အသေအချာသတိထား ကြည့်မိလောက်အောင် သူသည် အိမ်မကပ်နိုင်သော သူတစ်ယောက် ဖြစ်ခဲ့သည်။
မနက်တစ်ခါ ၊ ညတစ်ခါသာ မျက်နှာတွေ့ပြီး နှုတ်ဆက်ရုံလောက် လုပ်နေတုန်းက မသိသာသော်လည်း သေချာထိုင်ကြည့်နေရင်းနဲ့မှ ဘွားညွန့်၏ အိုမင်းလာမှုကို လက်မခံချင်ဘဲလက်ခံလိုက်ရတော့သည်။ သူ့စိတ်ထဲတွင် အဘွားဖြစ်သူကို အမြဲသန်မာဖျက်လတ်သော လူငယ်လေးတစ်ယောက်လိုသာ မှတ်ယူနေခဲ့၍လားမသိ
ဒီခံစားချက်က တစ်မျိုးဘာသာထူးဆန်း၍ ဝမ်းနည်းမှုကိုဖြစ်စေသလိုလို....။
ဘွားဘွား.....သားနဲ့ အကြာကြီး အတူနေသွားပါနော်....။
.
.
.
.
.
.
.
.
.
.
.
.
.
.
.
အတွေးပေါင်းစုံနဲ့ ညတစ်ညကုန်ဆုံးသွားပြီးနောက် မနက်အစောပိုင်းမှာတင် နိုးထလာခဲ့သော နန္ဒသွေးသည် ကုတင်ပေါ်တွင်နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျနေသော အဘွားဖြစ်သူကိုအရင်ပြေးကြည့်မိသည်။ စောင်ခြုံထားသောဝမ်းဗိုက်ပိုင်းနေရာတွင် နိမ့်ချည်၊မြင့်ချည် ဖြစ်နေသည်ကို မြင်ရသောအခါကျမှ စိတ်ပေါ့ပါးသွားသည်။ ဒီလိုအမူအကျင့်က ဘွားညွန့်စတင်ချူချာလာကတည်းက သူ့ဆီမှာစွဲကပ်ခဲ့တာ....။
မနက်ပိုင်း ဘုရားရှိခိုးသောအချိန်မှာလည်း သူ့ရဲ့တောင်းဆုက တစ်ခုတည်းသာ....။ ထုံးစံအတိုင်း သူတို့မြေးအဘွား နှစ်ယောက် အချိန်အကြာကြီးအတူရှိနေနိုင်ဖို့...ဆုတောင်းကို အမြဲတမ်း မပျက်မကွက် ဆုတောင်းခဲ့သော်လည်း နေဝေသော်ထံမှ စကားအချို့ကြားရပြီးနောက်ပိုင်းတွင် အရာအားလုံး ဆုံးရှုံးသွားရသည့် သူတစ်ယောက်ကဲ့သို့ ခံစားချက်က ဗလာ....။
မည်သည်ကိုမျှ မခံစားရ၍ဗလာဖြစ်နေခြင်း မဟုတ်ဘဲ
ခံစားချက်တွေများပြားလွန်း၍ ဘာကိုမှတွေးတောနိုင်စွမ်း မရှိတော့ခြင်းဖြစ်သည်....။
သူ့ရဲ့ပခုံးကို နေဝေသော်ဆုပ်ကိုင်လိုက်သော အချိန်ကျမှ မျက်လုံးထဲ၌ ဝေဝါးနေသောအရာက အပြင်ဘက်သို့ ထွက်ကျလာသည်။
ပါးပြင်တစ်လျှောက်စီးဆင်းသွားသည်က မျက်ရည်တွေ....။
တစ်သက်လုံး အဘွားရှေ့တွင်သာ ကျဆင်းခဲ့သော မျက်ရည်များသည် နေဝေသော့်အရှေ့တွင်ပါ အဆီးအတားမရှိ စီးကျလာပြီးနောက် ရင်ထဲ၌ တစ်ဆို့လာရသည်။
"ကူးလေး......"
နေဝေသော်သည် နန္ဒသွေး၏ မျက်ရည်နှင့် အသက်ရှုပြင်းလာပုံကို မြင်လိုက်ရသောအခါ ဘာလုပ်ရမှန်းမသိ ပျာသွားပြီးမှ နန္ဒသွေးရှေ့တွင် ဒူးထောက်ကာ လက်နှစ်ဖက်ကို သေချာဆုပ်ကိုင် ပေးလိုက်သည်။ ဖြတ်သွားဖြတ်လာ လူနာများနှင့် ဆေးရုံဝန်ထမ်းများ လှည့်ကြည့်လှည့်ကြည့် လုပ်သွားသည်ကိုမြင်သော်လည်း ယခုအချိန်တွင် နန္ဒသွေးကသာ သူ့အတွက်ပိုအရေးကြီးနေသည်။
"ငါမမြင်ချင်ဆုံးက မင်းရဲ့မျက်ရည်တွေပဲ ကူးလေးရ...အဲ့တာကြောင့်လည်း ငါမနေ့ကပြောမထွက်ခဲ့တာ....
တစ်ခါတလေမှာ ငါတို့လုံးဝမတတ်နိုင်တဲ့ အရာတွေရှိတယ်လေကွာ...အထူးသဖြင့် သေခြင်းတရားနဲ့ပတ်သတ်လာရင်ပေါ့....
ဘွားဘွားဘဝတစ်လျှောက်လုံး မင်းအတွက်ရှိနေပေးခဲ့တာ
နှစ်တွေနည်းတာမှမဟုတ်တာ...အခုကျန်နေတဲ့အချိန်လေးမှာ မင်းဘက်က ပြန်ပြီးတာဝန်ကျေရမယ်လေ...
ဒီလိုကိစ္စကို ကြိုသိနေရတာ တော်တော်ဆိုးမှန်း ငါလည်းသိပါတယ်...ငါလည်းတကယ်ခံစားရတယ်...
ဒါပေမယ့်ဝမ်းနည်းနေရုံနဲ့ ပြောင်းလဲသွားမယ့်ကိစ္စ မဟုတ်တော့...မင်းစိတ်ကိုပဲ သေချာပြင်ဆင်ရမယ်....
အနည်းဆုံးတော့ ဒီလိုသိနေရတဲ့အတွက် ငါတို့ဘက်က ဘွားဘွားကို အရင်ကထက်ပိုဂရုစိုက်ပေးပြီး ပိုချစ်ပေးပြီး အချိန်ပြည့်ရှိနေပေးလို့ရတာပေါ့...ဟုတ်တယ်မလား..."
ပြောသမျှစကားတိုင်းကို ငြိမ်ပြီးနားထောင်နေသော ကူးလေးသည် အဘွားနှင့်ပတ်သတ်လာလျှင် ကလေးတစ်ယောက်သာသာ....။ မျက်ရည်တွေသည် ပင်လယ်လိုပင် ပိတ်ဆို့ခံရရုံနှင့် စီးဆင်းမှု ရပ်တန့်သွားခြင်းမရှိဘဲ စကားပြောနေစဉ်တစ်လျှောက်လုံး သုတ်ပေးရသည်က အကြိမ်ပေါင်းမနည်း....။
"ငါခဏလောက် အပြင်မှာနေဦးမယ်...
မင်း....မင်းခဏဘွားဘွားနားမှာ နေပေးလိုက်ဦး...."
မျက်စိရှေ့မှ တဖြည်းဖြည်းပျောက်ကွယ်သွားသူ၏ နောက်ကျောကိုသာကြည့်ရင်း ကျန်ခဲ့ရသည်။ တစ်ယောက်တည်းလွှတ်ထားပေးသင့်သည်ဟု ယူဆမိသဖြင့် နေဝေသော်ကိုယ်တိုင်လည်း လိုက်မသွားတော့ဘဲ ဘွားညွန့်၏ဆေးရုံခန်းအရှေ့တွင် ခဏထိုင်ပြီးမှ အထဲဝင်လိုက်သည်။
"ကူးလေးရော...."
"ကျွန်တော်ပစ္စည်းတစ်ခုဝယ်ခိုင်းလိုက်လို့ သွားဝယ်တယ်ဘွားဘွား...လာတော့မှာပါ...ဘွားဘွား...ဘာလိုချင်တာရှိလို့လဲ...ကျွန်တော်လုပ်ပေးမယ်လေ..."
"ဘာမှမဟုတ်ပါဘူး....သူမနက်ကတည်းက ဘာမှစားတာမတွေ့လို့...တစ်ခုခုစားခိုင်းဖို့ပါသားရယ်..."
နေဝေသော်တစ်ယောက် ဘွားညွန့်ကို ပြုံးပြလိုက်ရသော်လည်း မျက်နှာကမကြည်မလင်...။ လေပူတွေမှုတ်ထုတ်နေရသည်မှာလည်း ဘယ်နှစ်ကြိမ်၊ဘယ်နှစ်ခါရှိမှန်း မသိတော့ပေ....။
နေဝေသော်သည် ထိုင်ရမလို၊ထရမလိုဖြစ်နေစဉ်မှာပင် ဘွားညွန့်က သူမအနားတွင်လာထိုင်ရန်ပြောရင်း ရှေးဟောင်းနှောင်းဖြစ်များကို စိတ်ပါလက်ပါပြောပြနေသည်။
"ဘွားဘွားက အိပ်ယာပေါ်မှာလှဲနေချင်တဲ့သူမျိုး မဟုတ်ဘူးမြေးရဲ့...အလုပ်ကလေးတစ်ခုခုလုပ်နေရမှ စိတ်ပျော်တာ...အသက်ကြီးလာတော့လည်းအရင်လို စိတ်သွားတိုင်း ကိုယ်မပါတော့ဘူးပေါ့ကွယ်....
ငယ်ငယ်ကဆိုရင်များ... ကောက်စိုက်ရလည်း မပင်ပန်း...
ပျိုးနုတ်လို့လည်းမပင်ပန်း...ခြွေလှေ့ရလည်းမပင်ပန်း...
တစ်ယောက်တည်းဒိုင်ခံလုပ်နိုင်တယ်...
သမီးကလေးတစ်ယောက် ရှိပြီး ယာအလုပ်တွေမှာ အားမကိုးရပေမယ့်လည်း ပညာတတ်စေချင်လို့ မြို့ကျောင်းအထိထားပေးကာမှ ဆွေမျိုးတွေထဲ အရှက်တကွဲအကျိုးနည်း ဖြစ်ရတာပဲကွယ်...
မိဘဆိုတော့လည်း မလိမ္မာတဲ့သားသမီးလည်းချစ်ရတာပါပဲ...ဒေါသဖြစ်ရပေမယ့် အဲ့တုန်းကဘွားဘွားစိတ်ထဲမှာ ငါ့သမီးအတွက်...
ငါ့သမီးမွေးလာမယ့် ငါ့မြေးလေးအတွက်ဆိုပြီး တစ်သက်လုံးလုပ်ကိုင်လာတဲ့ လယ်ယာအလုပ်ကိုတောင် စွန့်လွှတ်ပြီး မြို့တက်ပြေးခဲ့ရတာ..."
ဘွားညွန့်တစ်ယောက် ပြောနေရင်းမှထရယ်လေသည်။ အတိတ်က အခြေအနေဆိုးတွေကို စိတ်လှုပ်ရှားစရာ အတွေ့အကြုံတစ်ခုသဖွယ် အာပေါင်အားရင်းသန်သန်နှင့် ပြောပြနေသည်ကိုမြင်ရတော့ တောသူတောင်သားအမျိုးသမီး တစ်ယောက်ဖြစ်ပေမယ့်လည်း သားသမီးအတွက် စွန့်စားနိုင်သော သတ္တိကိုခံစားရပြီး သဘောကျရပြန်သည်။
ဘွားညွန့်ကဆက်ပြောပြန်သည်။
"မုဆိုးမသွားရာ မိုးလိုက်ရွာဆိုသလိုပါပဲ....
ဘွားဘွားရဲ့တစ်ဦးတည်းသော သမီးလေးမှာ ရောဂါဆိုးက လာရှိနေတယ်လေ...
ရှေးလူကြီးတွေတုန်းကဆိုရင် သူတို့သားမက်ဖြစ်လာမယ့် သူကို သားသမီးတွေနဲ့အကြောင်းမပါခင် ကိုယ့်မျက်စိအောက်မှာပဲ နေခိုင်းပြီး စိတ်တိုင်းကျမှ ပေးစားကြတာ...
ဘွားဘွားတုန်းကလဲ အဘနဲ့အမိုး စိတ်တိုင်းကျတဲ့သူကိုပဲ ယူခဲ့လို့ လူမချမ်းသာပေမယ့်လည်း စိတ်တော့ချမ်းသာခဲ့ရတာ သွားလေသူဆုံးပါးသွားတဲ့အချိန်ထိပဲလေ....
သမီးဖြစ်သူရဲ့ အရွေးမတော်မှုတွေကြောင့်ပေါ့ ကလေးရဲ့အနာဂတ်ကပါ ဆိုးသွားရတယ်...ဘွားဘွားလေ မသေခင် ကူးလေးကို...သူ့မိသားစုနဲ့သူ စိတ်ချမ်းသာနေတာပဲ မြင်ချင်တာ....
ဘွားဘွားမြေးလေးက ယောကျ်ားပီသတယ်...တော့...
သူအမြဲတမ်းပြောဖူးတယ်...သူ့ကြောင့်နဲ့တော့ သူများသားသမီးကို ဒုက္ခမရောက်စေချင်ပါဘူးတဲ့လေ...
သူ့အဖေလိုသာဆိုရင် နောက်ထပ်မိန်းကလေးတစ်ယောက် အကျိုးနည်းရမှာပေါ့....အဟွတ်....အဟွတ်...."
"ဘွားဘွားရယ်....နောက်မှဆက်ပြောတော့နော်...
ဘွားဘွားမောပြီးချောင်းလည်းဆိုးနေပြီ..."
ချောင်းတွေဆိုးလာသဖြင့် စကားစကိုဖြတ်ခိုင်းလိုက်ရသော်လည်း ဘွားဘွားကတော့ပျော်နေပုံပါပင်....။
"ဘွားဘွားက ဒီလိုပြောရတာပျော်တောင်နေသေး....
အိမ်မှာဆိုရင် မိဆွေတို့ကနားထောင်ပေးတာ မဟုတ်ဘူး...
ကူးလေးကလည်းညကျမှပြန်လာတော့ တစ်နေ့လုံး ပင်ပန်းလာတဲ့ သူ့ကို သနားတာနဲ့ ဘွားဘွားမပြောဖြစ်ပါဘူးကွယ်...
အသက်ကြီးရွယ်အိုတစ်ယောက် ပြောတဲ့စကားကို နားထောင်ချင်တဲ့သူက ခပ်ရှားရှားရယ်လေ...
ကလေးလည်းမဟုတ်တော့ လုပ်သမျှက သူများအမြင်မှာ ချစ်ချင်စရာကောင်းချင်မှကောင်းမှာ...ဘွားဘွားလည်း
နှာခေါင်းရှုတ်တော့မခံချင်ပါဘူး...
စိတ်ပါလက်ပါနားထောင်ပေးတဲ့ မြေးလေးကြောင့်
ဒီအဘွားကြီးက ပြောရတာအားရနေတာ...
သာဓုပါကွယ်...သာဓု...သာဓု...."
ဘွားညွန့်သည် နေဝေသော့်လက်ကိုဖွဖွပုတ်ပေးရင်း ဆုတွေလည်းတောင်းပေးသည်။ ဖြည်းဖြည်းဟလာသော တံခါးနောက်မှမြေးဖြစ်သူကို မြင်လိုက်ရချိန်တွင် လှဲနေရာမှထရန်ဟန်ပြင်သည်။
"ထမင်းစားလိုက်ဦးလေကူးလေး...ဆေးတွေလည်း
သောက်ရဦးမှာ ဆေးသောက်ဖို့တော့ မမေ့စေနဲ့နော်..."
"ဘွားဘွား......"
နေဝေသော်သည် နန္ဒသွေးကိုကြည့်ပြီး ဘယ်အချိန်များငိုချလိုက်မလဲဟုတွေးကာ ရင်တထိတ်ထိတ်ဖြစ်နေရသည်။ ဘွားဘွားဟုခေါ်လိုက်သော အသံသည်ကား သိသိသာသာပျက်ယွင်းနေသော်လည်း ဘွားညွန့်ကတော့သတိမမူမိပေ....။
"ဘာလဲ....တစ်ရက်ပျက်လည်းဘာမှမဖြစ်ပါဘူး ဘွားဘွားရယ်လို့ပြောမလို့လား...ငါ့မြေးဆေးမသောက်ရင် ဘွားဘွားကလည်းသောက်မှာ မဟုတ်ဘူးနော်..
.ရောဂါမပျောက်လည်းနေပါစေတော့"
ဘွားညွန့်စကားအဆုံးတွင် နန္ဒသွေးသည် တံခါးဝမှာရပ်နေရာမှဘွားညွန့်ဆီသို့ ပြေးဝင်လာပြီး ပေါင်ပေါ်တွင်ခေါင်းအပ်လိုက်သည်။
"အော်......ငါ့မြေးရယ်....
ကလေးလေးလိုပဲ....ဘွားဘွားကစနေတာပါ...
ဒါလေးပြောတာ ငိုစရာလား...."
နေဝေသော်တစ်ယောက် သူပါရောပြီးမငိုမိခင် တစ်ဖက်သို့သာ လှည့်နေရတော့သည်။
ဘွားညွန့်ကတော့ မြေးဖြစ်သူကျောကိုပုတ်ကာ ပုတ်ကာနှင့် သဘောတကျရယ်နေလျက်....။
>>>>>>>>>>>>>>>>>>>>>>>>>>>>>>>
TBC........
AN/
ဒီအပိုင်းတွေကိုမရေးချင်လို့ ရှောင်နေတာ ဒါကိုရေးမှရှေ့ဆက်လို့ရမှာမို့လို့ စိတ်မကောင်းခြင်းကြီးစွာနဲ့ပဲ ရေးလိုက်ရတယ်....။
ကူးလေးနဲ့ထပ်တူပဲ ကိုယ်တိုင်လည်းနာကျင်ရ💔
Love you all❤
Han_Me
(14.10.2019)