သခင့်​စေလိုရာ
By PannWintHlwar
447K 25.7K 1.3K
စေလိုရာ 💚 သခင် (အရာအားလုံးကိုအချိန်တွေကကုစားသွားမှာပါလို့ပြောပေမဲ့ သူ့အတွက်တော့ ကလေးငယ်နှင့်ပတ်သက်သည့်အရာအား... More
အပိုင်း - ၁💚
အပိုင်း - ၂💚
အပိုင်း - ၃💚
အပိုင်း - ၄💚
အပိုင်း - ၅💚
အပိုင်း - ၆💚
အပိုင်း - ၇💚
အပိုင်း - ၈💚
အပိုင်း - ၉💚
အပိုင်း - ၁၀💚
အပိုင်း - ၁၁💚
အပိုင်း - ၁၂💚
အပိုင်း - ၁၃💚
အပိုင်း - ၁၄💚
အပိုင်း - ၁၅💚
Episode - 16💛
Episode - 17💛
Episode - 18💛
Episode - 19💛
Episode -20💛
Episode- 21💛
Episode - 22💛
Episode -23💛
Episode -24💛
Episode - 25💛
Episode - 26💛
Episode - 28💛(Finale)
သခင့်​စေလိုရာ(Extra)
Episode - 27💛
12K 695 36
By PannWintHlwar
အ​ပေါ်ကကိုယူနီ ​အောက်ကကို​ဇော်ဂျီ
အပေါ်ကကိုယူနီ အောက်ကကိုဇောဂျီ
"သားသား​ရေ ပါပါးကိုကြည့်ပါဦး"
ဦးတို့က​တော့သားတစ်​ယောက်နဲ့အလုပ်ရှုပ်​နေ​လေသည်  ။  ဂျူနီယာ
​လေးကလည်းသူ့ပါပါးနားဆိုအရမ်းကပ်သည်  ။  မနက်အလုပ်သွားခါနီးဆိုပါပါးဆီကမခွာလို့အတင်း​ချော့​​မော့ပြီး​ခေါ်ရသည်  ။  သူ့ပါပါး
အလုပ်သွားပြီဆိုငိုပြီးကျန်ခဲ့ရတာအမြဲ  ။  မနက်အလုပ်သွားခါနီး
မနက်စာစားချိန်ဆို  သူ့ပါပါးဆီမှာပဲအမြဲ​နေတယ်  ။  ပါပါးကအမြဲ
တမ်းဂျူနီယာ​လေးကိုဖြည့်စွက်စာ​​ကျွေးတယ်  ။  မနက်ဆိုပါပါးက
အလုပ်သွား ၊ ​ဖေ​ဖေက​ကျောင်းသွား​တော့  ဂျူနီယာ​လေးကဖွားဖွား
နဲ့ကျန်ခဲ့ရတာ​ပေါ့  ။  အချိန်​တွေကအကုန်မြန်လိုက်တာဂျူနီယာ
​​လေး​တောင်တစ်နှစ်ပြည့်​​တော့မယ်  ။  ဒီ​ရေဟိန်း​ကြောင့်ပြဿနာ
အကြီးအကျယ်ဖြစ်ခဲ့ရပြီးပြီ  ။  အဲ့အချိန်တုန်းကပူတူးနဲ့​စေလိုရာ
အတွက်​တော့ငရဲကျ​နေသလိုဖြစ်ခဲ့ရသည်  ။
"သားကိုပြန်​ပေးပါ ၊ အကိုဟိန်းလိုချင်တာမှန်သမျှအကုန်​ပေးပါ့မယ် ၊ သားကိုပြန်​ပေးပါ​နော် ၊ သားကိုဘယ်ပို့လိုက်တာလဲဟင် ၊ ကျွန်​တော်
​တောင်းပန်ပါတယ်ဗျာ ​ပြောပြ​ပေးပါ"
ထို​နေ့ကလင်းရတနာအိမ်သို့​ရောက်လာသည်  ။  ​မေဆူးခက်နဲ့ဂျူနီယာ​လေးနှစ်​ယောက်တည်းသာအိမ်တွင်ရှိ​နေသည်  ။  ​မေဆူးခက်က
စားစရာတစ်ခုခုသွားလုပ်​နေတုန်း  လင်းရတနာကဂျူနီယာ​လေးကို
​ခေါ်ပြီးအိမ်ထဲကထွက်လာသည်  ။  ထို့​နောက်ဂျူနီယာ​လေးသတင်း
ဘာအစအနမှမကြားရ  ။  လင်းရတနာ​ခေါ်သွားသည်ဆိုတာသိ​တော့
တရားခံကဒီ​ရေဟိန်းဆိုတာသိလိုက်ရသည်  ။  ဒီ​ရေဟိန်း​နေထိုင်
သည့်တိုက်ခန်းသို့လိုက်လာကြသည်  ။ 
"အကိုဟိန်းရယ် ကျွန်​တော်​တောင်းပန်ပါတယ် ၊ သား​လေးကိုဘယ်
ကိုပို့လိုက်တာလဲ​ပြောပြ​ပေးပါ အကိုဟိန်းလိုချင်တာအကုန်​ပေးပါ့
မယ်"
"ငါလိုချင်တာ​စေလို​ရာ​လေ မင်း​ပေးနိုင်လို့လား"
"ဒီ​ရေဟိန်း မင်းအရမ်းကိုတရားလွန်​နေပြီ​နော် ၊ ငါ့သားဘယ်မှာလဲ ၊ မင်းလည်းက​လေးအ​ဖေတစ်​ယောက်ဖြစ်​တော့မယ့်လူပဲ မင်းမှာကိုယ်
ချင်းစာစိတ်မရှိဘူးလား ၊ မင်းလူ​ရောဟုတ်ရဲ့လား"
"ဘာအ​ဖေလဲ ၊ ကျွန်​တော်နဲ့ဘာမှမဆိုင်ဘူး"
သူဘာလုပ်ရမှန်းမသိ​တော့ဘူး  ။  တစ်ဖက်ကသူချစ်ရတဲ့ဦး  ။  တစ်
ဖက်ကသူချစ်ရတဲ့သူရဲ့​သွေးသား  သူ့ရဲ့သား​လေး  ။  သူဘယ်အရာကို
မှအဆုံးအရှုံးမခံနိုင်ဘူး  ။  ဦးကိုလည်းသူမ​ပေးနိုင်ဘူး  ။
"က​လေး မဟုတ်တာ​တွေ​လျှောက်မ​တွေးနဲ့ ၊ ကိုယ်မင်းအနားက​နေ
ဘယ်မှထွက်သွားမှာမဟုတ်ဘူး ၊ ကိုယ်တို့တရားဥပ​ဒေအတိုင်းပဲလုပ်
ကြတာ​ပေါ့ ၊ အမှုဖွင့်ပြီး သားကိုရှာကြမယ်"
မျက်ရည်​တွေဝဲပြီး​စေလိုရာရဲ့စကားကိုသ​ဘောတူ​ကြောင်း​ခေါင်းညိမ့်
ပြလိုက်သည်  ။  ဦးကပူတူးရဲ့မျက်ရည်​တွေကိုသုတ်​ပေးလိုက်ပြီးရင်
ခွင်ထဲဆွဲသွင်းလိုက်သည်  ။
"ကိုယ်တို့အိမ်ပြန်ကြရ​အောင်"
ပူတူးကိုတွဲ​ခေါ်ပြီးဒီ​ရေဟိန်းတိုက်ခန်းမှထွက်လာခဲ့ကြသည်  ။ 
ပူတူးကအိမ်​ရောက်​တော့လည်းသားရဲ့အရုပ်က​လေး​တွေကိုဖက်ပြီးငို
​နေပြန်သည်  ။
"က​လေး မငိုနဲ့​တော့ ၊ ကိုယ်တို့အားတင်းထားရမယ်​လေ ၊ သား​လေးကကိုယ်တို့ကို​စောင့်​နေမှာ ၊ ကိုယ်တို့သား​လေးဆီကိုအမြန်​ရောက်
​အောင်ကြိုးစားရမယ်​လေ ​နော်"
"ဦး သားကိုသူတို့တစ်ခုခုလုပ်လိုက်မှာ​ကြောက်တယ် ၊ အရမ်း​ကြောက်တယ် ၊ ဘာလို့အဲ့​လောက်ထိရက်စက်နိုင်ရတာလဲ ၊ မမလင်းကိုလည်းအရမ်းအံ့သြမိတယ် ၊ သူဘာလို့အဲ့လိုလုပ်နိုင်ရတာလဲ ၊ သူ
လည်းမကြာခင်က​လေးအ​​မေဖြစ်​တော့မှာပဲ​လေ ၊ ရက်စက်လိုက်ကြတာ"
"မငိုနဲ့က​လေး မငိုနဲ့ ၊ လင်းကိုအရင်ရှာရမယ် ၊ သူ့ဆီမှာပဲသား​လေးရှိ
နိုင်တယ် ၊ ကိုယ်တို့လင်းကိုရှာကြတာ​ပေါ့"
"အင်း တတ်နိုင်သမျှအမြန်ဆုံးရှာရမယ်"
ပူတူးလည်းအငိုတိတ်ပြီးလင်းကိုရှာရန်ကြိုးစား​တော့သည်  ။  လင်း
သွားနိုင်သည့်​နေရာ​တွေကိုစဥ်းစားရင်းစဥ်းစားရင်းနဲ့ညလုံး​ပေါက်ခဲ့ရ
သည်  ။  သားကိုရှာမ​တွေ့​သေးသ​ရွေ့​တော့အိပ်နိုင်မည်မဟုတ်  ။  ရဲစခန်းမှာလည်းတိုင်ချက်ဖွင့်ထား​တော့ရဲစခန်းဆီကဘာသတင်းများရမလဲဆိုတာလည်း​စောင့်​​မျှော်​​နေရ​သေးသည်  ။
"ဦး ဟိုတိုက်ခန်း​ရောဖြစ်နိုင်လား ၊ အကိုဟိန်းနဲ့ဦးတို့အရင်ကဝယ်ထားတဲ့တိုက်ခန်း"
ရုတ်တရက်စဥ်းစားမိသည်မှာ  ဟိုတစ်​ခေါက်ဒီ​ရေဟိန်းအိမ်ကိုလာတုန်းက​ပြောသွားသည့်တိုက်ခန်းပင်ဖြစ်​နေသည်  ။ 
"အဲ့တာက​​ဝေးတယ်က​လေးရဲ့ ၊ လင်းကကိုယ်ဝန်ကြီးနဲ့​ဝေး​​ဝေးလံလံသွားနိုင်မယ်မထင်ဘူး"
"ဘာပဲဖြစ်ဖြစ်ဦးရယ် သွားကြည့်ရ​အောင်​လေ ​နော်"
"အင်းပါ သွားကြည့်ကြတာ​ပေါ့"
​​​မေမြို့ဘက်သို့ထွက်လာကြသည်  ။  နှစ်​ယောက်စလုံးလည်းအဲ့မှာရှိပါ
​စေလို့ပဲဆု​တောင်း​နေမိသည်  ။  သားကို​တွေ့ချင်လှပြီ  ။  တစ်ရက်
မ​ပြောနဲ့တစ်စက္ကန့်​တောင်မခွဲဖူး​သေးဘူး  ။  ရင်ထဲမှာလည်းအရမ်း
ဝမ်းနည်းပြီးမျက်ရည်​တွေပဲကျကျလာ​နေသည်  ။  မီးထဲမှာဆီပူနဲ့
အ​​ကြော်ခံ​နေရသလိုပင်ခံစား​နေရသည်  ။  အဲ့​နေ့ကသူသာအပြင်မ
ထွက်ခဲ့ရင်သား​လေးနဲ့အခုလို​ဝေးရမှာမဟုတ်ဘူး  ။  အားလုံးကသူ့
အမှား​ကြောင့်အခုလိုဖြစ်လာရတာ​တွေချည်းပဲ  ။  သူ့ကိုယ်သူအပြစ်တင်လို့ကိုမဆုံးနိုင်ပါ  ။
"က​လေး အိပ်လိုက်ပါလား ၊ ​ရောက်ရင်နှိုးမယ်​လေ ​နော်"
​လေယာဥ်စီးပြီးကားထပ်စီးရ​သေးသည်  ။  ​စေလိုရာရဲ့အသိတစ်
​ယောက်​ဆီကကားအကူအညီ​တောင်းထားလို့အဆင်​ပြေသွားသည်  ။
"က​လေးအိပ်လို့မ​​ပျော်ပါဘူးဦးရယ် ၊ က​လေးသားကို​တွေ့ချင်တာပဲသိတယ်"
​​ပြော​နေရင်းနဲ့ပူတူးကမျက်ရည်​တွေကျလာပြီးငိုပြန်သည်  ။  ဦးလည်းခံစားရပါသည်  ။  ဒါ​ပေမဲ့သူသာစိတ်​ပျော့​နေလျှင်ပူတူးအတွက်ပိုခံစား​နေရမှာစိုးလို့သူစိတ်ကိုတင်းထားကာပူတူးအ​ရှေ့က​နေမားမားမတ်မတ်ရပ်တည်​ပေးသည်  ။  ကျချင်​နေတဲ့မျက်ရည်​တွေ
ကိုထိန်းရသည်မှာလည်းခက်ခဲလွန်းလှသည်  ။  တဖြည်းဖြည်းနဲ့ထို
တိုက်ခန်း​လေးဆီသို့​ရောက်လာသည်  ။
Knock knock .....
တံခါး​ခေါက်​ပေမဲ့​တော်​တော်နဲ့တံခါးလာမဖွင့်ပါ  ။  ​အောက်က​နေလှမ်းကြည့်တုန်းကအခန်းကမီးလင်း​နေသည်ကို​တွေ့သည်  ။  လူရှိ​နေတာကျိန်း​သေသည်  ။
Knock knock ......
​သေချာနား​ထောင်ကြည့်​တော့က​လေးငိုသံကြားလိုက်ရသည်  ။
"သား ! သား​လေး မမလင်းတံခါးဖွင့်​ပေးပါ ၊ မမလင်း သား​လေးကို
ပြန်​ပေးပါ​နော် ၊ မမလင်းတံခါးဖွင့်​ပေးပါ"
"က​​​လေး ​နောက်ဆုတ်"
အနားမှာရှိတဲ့မီးသတ်​ဆေးဘူးနဲ့တံခါးလက်ကိုင်ကိုဖျက်ပစ်လိုက်
သည်  ။  တံခါးကိုမြန်မြန်ဖွင့်ပြီး  အထဲကိုဝင်လိုက်သည်  ။  အခန်း
ထဲမှာ  က​လေး​လေးကိုရင်ခွင်ပိုက်ပြီး​ချော့မြူ​နေသည့်လင်းရတနာကို
​တွေ့လိုက်ရသည်  ။
"သား ! "
လင်းရတနာဆီကဂျူနီယာ​လေးကိုဆွဲယူလိုက်သည်  ။  ဂျူနီယာ​လေး
ကကိုယ်​တွေပူခြစ်​နေသည်  ။  ဂျူနီယာ​လေးကအရမ်းလည်းငို​နေ
သည်  ။
"မမလင်းရယ် ရက်စက်လိုက်တာ ၊ မမလင်းလည်းသားသမီးလွယ်ထားရတဲ့မိခင်တစ်​ယောက်ပဲ​လေ ၊ ဘာလို့ဒီလိုလုပ်နိုင်ရတာလဲ"
"သူက​ပြောတယ် ၊ သူ​ပြောတဲ့အတိုင်းလုပ်ရင်ငါနဲ့လက်ထပ်မယ်တဲ့"
"မင်းရူး​နေလားလင်း ၊ သူကငါ့ကိုလိုချင်​နေတဲ့လူ​လေ ၊ ငါ့ကိုရ​တော့
မင်းကိုယူဦးမယ်တဲ့လား ၊ မင်းစဥ်းစားမိလား"
"ဦး သားကကိုယ်​​တွေပူခြစ်​နေတယ် ၊ ​ဆေးရုံသွားမှဖြစ်မယ်"
"အရင်​ဆေးရုံသွားကြတာ​ပေါ့"
မန္တ​လေးက​ဆေးရုံကိုပဲမြန်မြန်တင်လိုက်ရသည်  ။  သားငယ်​လေးက
အာ​ခေါင်ခြစ်ကာငို​နေသည်  ။  လက်​သေး​သေးနုနု​လေး​တွေမှာလည်း​ဆေးအပ်​တွေထိုးထားရသည်  ။  လူကြီး​တွေကအထဲဝင်ခွင့်မရှိ  ။  မှန်အပြင်ဘက်ကသာကြည့်​နေခွင့်ရှိသည်  ။  ပူတူးကသား​လေးငို
​တော့သူဘယ်လိုမှမ​နေနိုင်  ။  ဦးကအတင်းရင်ခွင်ထဲမှာချုပ်ထားရ
သည်  ။  ထိုစဥ်  ဦးဆီသို့ဖုန်းဝင်လာသည်  ။
"ဟယ်လိုရဲအရာရှိကြီး ​ပြောပါ"
"မိန်းက​လေးတစ်​ယောက်ကရဲစခန်းဆီဖုန်းဆက်ပြီးသူကတရားခံပါလို့​ပြော​နေလို့ပါ"
"ဘယ်သူလဲဆိုတာ​ပြောပြ​ပေးပါ"
"သူ့ကိုယ်သူလင်းရတနာလို့​ပြော​နေတယ် ၊ ကျွန်​တော်တို့သူ့ကိုဖမ်းဖို့
လွှတ်လိုက်ပါပြီ ၊ စခန်းကိုလာပြီးအတည်ပြု​ပေးပါ​နော် ၊ က​လေး​ရော
အ​​​ခြေအ​နေဘယ်လိုရှိလဲမသိဘူး"
"အခုကျွန်​တော်တို့​ဆေးရုံမှာ သားကအရမ်း​နေမ​ကောင်းဖြစ်​နေလို့ပါ ၊ ကျွန်​တော်တို့အစား​ယောက္ခမကိုလွှတ်လိုက်ပါ့မယ် ၊ သူမအတည်ပြု
​ပေးပါလိမ့်မယ်"
"​ကောင်းပါပြီဗျာ"
"က​လေး အရမ်းမငိုပါနဲ့ ၊ အားပြတ်ပြီးက​လေးပါလဲသွားရင်ဘယ်လို
လုပ်မလဲ"
"သားကငို​နေတယ်​လေ ၊ အရမ်းနာ​နေရှာမှာ ၊ ဒါ​တွေအားလုံးက​လေးအသုံးမကျလို့ဖြစ်ရတာ ၊ က​လေး​ကြောင့်ဖြစ်ရတာ"
"ဖြစ်ခဲ့ပြီးတာ​တွေ​တွေးပြီးအပြစ်မတင်ပါနဲ့က​လေးရယ် ၊ အခုကိုယ်တို့သားကိုပြန်ရှာ​တွေ့ပြီ​လေ ၊ သား​လေး​နေ​ကောင်းဖို့ပဲကျန်​တော့
တယ် ၊ သားကိုဒီထက်ပိုပြီးဂရုစိုက်ကြမယ် ​​နော် ၊ မငိုနဲ့​တော့ တိတ်"
မှန်ခန်း​လေးထဲမှဆရာဝန်ကြီးတစ်​ယောက်ထွက်လာသည်  ။
"ဆရာ သား​လေးအဆင်​ပြေရဲ့လားဟင်"
"က​လေးက​ကြောက်လန့်ပြီးဖျားသွားတာ ၊ က​လေးကလသား​လေးပဲရှိ​သေးတယ်ဂရုစိုက်ကြပါ ၊ ​ဆေးသွင်း​ပေးထားတယ် ၊ ​ဆေးပုလင်းကုန်ရင်​ဆေးရုံကဆင်းလို့ရပါပြီ"
"ဟုတ်ကဲ့ ​ကျေးဇူးပါဆရာ ​ကျေးဇူးပါ"
အခုမှဦးနဲ့ပူတူးလည်းအသက်ရှူ​ချောင်​တော့သည်  ။  ပူတူးက​သား
​လေး​ဘေးမှာထိုင်ပြီးသား​လေးရဲ့လက်​သေး​သေး​လေး​တွေကိုဆုပ်ကိုင်ထားသည်  ။ 
"က​လေး ဒီ​ရေဟိန်းကိုဖမ်းမိပြီ ၊ သား​လေးရဲ့အမှုနဲ့​တော့မဟုတ်ဘူး ၊ ဘိန်းသုံးစွဲမှုနဲ့"
"ဗျာ ! ဘိန်း ၊ ဟုတ်လို့လားဦးရယ်"
"ဟုတ်တယ်က​လေး ၊ အခုonlineမှာသူ့သတင်း​တွေချည်းပဲ"
"ဖြစ်မှဖြစ်ရ​လေအစ်ကိုဟိန်းရယ်"
"သူ့ထိုက်နဲ့သူ့ကံပဲ​ပေါ့က​လေးရယ်"
"ဦး မမလင်းကို​ကြေ​အေး​ပေးလိုက်ရ​အောင်​လေ ​နော် ၊ မမလင်းက
​နေ့​စေ့လ​စေ့ကိုယ်ဝန်ကြီးနဲ့ က​လေးရဲ့​ရှေ့​ရေးရှိ​သေးတယ်​လေ ​​နော်"
"ကိုယ်လည်းအဲ့တာ​ပြောမလို့ ၊ က​လေးရဲ့သ​ဘောတူညီမှုလည်းရပြီဆို
​တော့​ကြေ​အေး​ပေးလိုက်ကြရ​အောင်"
အချိန်ကာလအားဖြင့်နှစ်ရက်သာကြာမြင့်​သော်လည်း​စေလိုရာနဲ့ပူတူး
အတွက်က​တော့အနှစ်တစ်​ထောင်​လောက်ကြာမြင့်သည့်ငရဲသို့ကျ​နေ
သလိုပင်ခံစားခဲ့ကြရသည်  ။  သို့​သော်  လင်းရတနာဗိုက်ထဲက  က​လေးငယ်အားငဲ့ညာပြီးလင်းရတနာကိုတရားမစွဲ​တော့ဘဲ​ကြေ​အေး​ပေးခဲ့ကြသည်  ။ 
"ပူတူး​ရေ ကိုယ်ဒီညရုံးကလူကြီး​တွေနဲ့dinnerရှိတယ်"
"Dinnerလားdinnerလား ၊ ဦး​နော် လူပျိုလုပ်ချင်​နေတာလား"
"တကယ်dinnerပါပူတူးရယ် ၊ ​ကိုယ်​စော​စောပြန်လာမှာ ၊ နည်းနည်း​တော့​သောက်မယ်​နော်"
"အရက်သမားကြီးကျ​နေတာပဲ ၊ ​သောက် ​သောက် ပူတူးလည်း​သောက်မယ် အ​အေး​ပြောပါတယ်"
"ချစ်ဖို့​ကောင်းလိုက်တဲ့ကိုယ့်​ယောကျာ်း​လေး ချစ်လိုက်တာ​နော် ၊ ဒီလို
​ယောကျာ်း​လေးကိုဘယ်သူကမုန်းရက်နိုင်​​တော့မှာလဲ"
"​တော်ပါ ဦး​တော်ကီကြီးရယ် ၊ သွား ​ရေသွားချိုး​တော့ ​နောက်ကျ​နေဦးမယ်"
"သား​ရေ ပါပါး​ရေချိုးဦးမယ် ၊ ​ဖေ​ဖေနဲ့​နေခဲ့ဦး​နော်"
​ပေါင်​ပေါ်မှာတင်ထားတဲ့ဂျူနီယာ​လေးကိုပူတူးဆီကို​ပြောင်း​ပေးလိုက်
သည်  ။  ဂျူနီယာ​လေးကလက်ထဲက ကစားစရာကိုအာရုံ​ရောက်​နေ
​တော့  ဦးအ​ပေါ်မှာအာရုံသိပ်မရှိ  ။
"​ဖေ့သား​လေးက​ဆော့လှချည်လား ၊ အရုပ်​လေးကိုသ​ဘောကျတယ်နဲ့တူတယ်"
ည​ရောက်​​တော့သား​လေးကိုသိပ်ပြီးသူ့ကုတင်​လေးထဲထည့်​ပေးကာ
အိမ်​ရှေ့ထွက်လာလိုက်သည်  ။  ဧည့်ခန်းမှာထိုင်ရင်းဦးပြန်အလာကို
​​ကျောင်းစာကြည့်ရင်း​စောင့်​နေသည်  ။  စာကိုကြည့်ရင်းကြည့်ရင်းအိပ်ချင်လာတာနဲ့ဆိုဖာ​ပေါ်တွင်​ခွေ​ခွေ​လေးအိပ်​ပျော်သွားသည်  ။
"ပူတူး ပူတူး"
ပင်ပန်းတာနဲ့အိပ်​ပျော်သွားသည်ကဦးပြန်လာသည်ကိုပင်မသိ  ။  ဦး
ပြန်လာ​​တော့ဆိုဖာ​ပေါ်တွင်အိပ်​ပျော်​နေသည့်ပူတူးကို​တွေ့လိုက်ရ
သည့်အခါစိတ်ထဲတွင်မ​ကောင်း  ။  တစ်​နေကုန်ပင်ပန်း​ထားတာ​တောင်သူပြန်လာတာကို​စောင့်​နေသေးတယ်  ။  ​နောက်ဆို​စော​စော
အိပ်ခိုင်းရမယ်  ။  သူ​ခေါ်​နေတာကိုပင်မကြားဘဲနှစ်နှစ်ခြိုက်ခြိုက်အိပ်​ပျော်​နေ​တော့ဆက်မနှိုး​တော့ဘဲ​ပွေ့ချီကာအခန်းထဲ​ခေါ်သွားလိုက်သည်  ။  သား​လေးကလည်းသူ့ကုတင်​လေးထဲမှာ​​ခြေကားယား
လက်ကားယား​လေးနဲ့အိပ်​ပျော်​နေသည်  ။  ပူတူးကိုအိပ်ရာ​ပေါ်​​ဖြေး
​ဖြေး​လေးတင်​ပေးခဲ့ပြီးသူလည်း​ရေချိုးခန်းထဲဝင်ကာ​ရေချိုးပစ်လိုက်
သည်  ။  ​ရေချိုးပြီးအဝတ်အစားလဲကာသားငယ်​လေးရဲ့ပါးမို့မို့​လေးနှစ်ဖက်ကိုအားပါးတရနမ်းပစ်လိုက်သည်  ။  ပူတူးရဲ့​ဘေးမှာဝင်လှဲ
လိုက်ပြီး ပူတူးကိုရင်ခွင်ထဲဆွဲသွင်းလိုက်သည်  ။
"ဦး ဘယ်တုန်းကပြန်​ရောက်​နေတာလဲ ၊ က​လေးကိုဘာလို့မနှိုးတာလဲ"
ရင်ခွင်ထဲကပူတူးကနိုးလာပြီးသူ့ကိုမနှိုးလို့ပွစိပွစိ​ပြော​သေးသည်  ။
"ကိုယ်နှိုးပါတယ်ပူတူးရဲ့ ၊ အရမ်းပင်ပန်း​နေပြီလားပူတူး"
"ပင်ပန်း​ပေမဲ့ ​ပျော်​ပျော်ကြီးပင်ပန်းရ​တော့ပင်ပန်းတယ်လို့မထင်ရ
​တော့ဘူး"
"သား​လေးတစ်နှစ်ပြည့်ရင်ကိုယ်တို့စင်္ကာပူကိုသွားလည်ကြရ​အောင် ၊ အမှတ်တရလည်းဖြစ်တာ​ပေါ့"
"သ​ဘောကျတယ် ၊ ဦးကိုယ်က​အေး​နေတာပဲ ၊ ဖက်လို့​ကောင်းတယ်"
"ကိုယ့်က​လေး​လေးကိုပင်ပန်း​စေမိပြီ"
"ဒါကြီးပဲ​ပြော​နေတာပဲ ပြွတ်စ် မ​ပြောနဲ့​တော့"
"ဒါ​လေးပဲလား"
သူဒီလို​ပြောလိုက်​တော့ရင်ခွင်ထဲက​နေ​မော့လာကာဘုကြည့်ကြည့်လာပါ​တော့သည်  ။  ရင်ခွင်ထဲက​နေမ​ကျေမနပ်ကြည့်​နေတဲ့ပူတူးရဲ့ပုံစံ
​လေးကအရမ်းအသည်းယား​စေသည်  ။
"က​လေးရာ မင်းကိုယ့်ကိုဆွဲ​ဆောင်​နေတာလား"
"နှာဘူးကြီး အိပ်​တော့ ၊ သားနိုးရင်ဦးပဲထလိုက်"
"ကိုယ့်ကိုမသနားဘူးလားလို့"
လိုချင်တာရှိရင်အသံကြီးကမကြီးမငယ်နဲ့ချွဲတဲ့အသံကြီးဖြစ်လာပါ​ရော  ။  တကယ်က​လေးဆိုးကြီး  ။  သားနဲ့အပြိုင်ဆိုး​နေတာ  ။
"ယားတယ် မလုပ်နဲ့"
ပူတူးအလွန်ယားတတ်တဲ့ခါးကိုကလိထိုး​နေ​တော့ပူတူးတစ်​ယောက်
တွန့်လိမ်​နေ​တော့သည်  ။
"ဦး က​လေးကိုချစ်လား"
"ချစ်တာ​ပေါ့က​လေးရဲ့"
"ဒါဆို ပူတူးလိုချင်တာ​ဘာမဆိုလုပ်​ပေးမှာလား"
"လုပ်​ပေးမှာ​ပေါ့ က​လေးကဘာလိုချင်လို့လဲ"
"ဒီတစ်ခါက​လေးTမယ်"
ဗု​ဒ္ဓေါဘုရားအမြတ်တနိုးထား  ဒီက​လေးဘာ​တွေ​ပြော​နေပါလိမ့်  ။
ကြက်သီး​တွေထ ၊ ​ခေါင်း​မွှေး​တွေ​ထောင် ၊ မျက်လုံးပြူးသွားရ
သည်  ။
"​နော်လို့ ​နော် ​နော်"
"ဟို အဲ့တာက ကိုယ် ...... ကိုယ် ......"
"ဦးကချစ်မှမချစ်တာ အိပ်​တော့မယ်"
"က​လေး ​နေပါဦး ​ကိုယ် ......"
"အိပ်​တော့မယ် သားနိုးရင်ဦးပဲကြည့်လိုက်​တော့"
"Ok ok ကိုယ်လက်ခံတယ်"
"​ယေးးးးးးအဲ့တာ​ကြောင့်ဦးကိုချစ်တာ"
လိုချင်တာရသွား​တော့အ​ပျော်လွန်ပြီးဦးရင်ဘက်​ပေါ်မှာဖား​ပျံ​လေး
တစ်​ကောင်ကပ်​နေသလိုပင်  ။  သို့​သော်ဦး​ပြောသည့်အ​ပေါ်ဆိုတာ
ကို  ပူတူးသာကြိုသိခဲ့ရင်  ........... ။
"လူယုတ်မာကြီး !!!!! မ​ခေါ်ဘူး မ​ခေါ်ဘူး !!!!! "
မနက်နိုးလာရင်​တော့အပြင်းအထန်လိုက်​ချော့ရ​တော့မှာကျိန်း​သေ
​နေပါ​တော့သည်  ။
ဆက်ရန် ........
အမန့်​လေး​တွေ​စောင့်​နေမယ်​နော်  ...... ချစ်တယ်သဲငယ်တို့ ......
2 . 10 . 2019
10 : 16 AM
Have a nice day💛
Love you all💛
[Zawgyi]
မယ်"
နေပြန်သည်  ။
Knock knock .....
Knock knock ......
"က​​​လေး ​နောက်ဆုတ်"
တွေ့လိုက်ရသည်  ။
"သား ! "
သည်  ။
ပေးပါလိမ့်မယ်"
"​ကောင်းပါပြီဗျာ"
လုပ်မလဲ"