ကဲ သဲငယ္တို႔ေရ အေပၚဆံုးကေတာ့ဦးေဇာ္ဂ်ီႀကီးပါဗ်ာ့
ဟိုးေအာက္ဆံုးထိဆက္ဆြဲသြားရင္ေတာ့ ကိုယူနီကုဒ္ကိုေတြ႕ရမွာ
ပဲျဖစ္ပါတယ္ဗ်ာ့ 😉
ကဲ သဲငယ်တို့ရေ အပေါ်ဆုံးကတော့ဦးဇော်ဂျီကြီးပါဗျာ့
ဟိုးအောက်ဆုံးထိဆက်ဆွဲသွားရင်တော့ကိုယူနီကုဒ်
ကိုတွေ့ရမှာပဲဖြစ်ပါတယ်ဗျာ့ 😉
ဂ်ဴနီယာေလးလူ႔ေလာကထဲေရာက္လာတာတစ္လတိတိျပည့္ၿပီ ။ သူ႔ရဲ႕သားေလးကိုလက္ထဲကကိုမခ်ေတာ့ဘူး ။ သားေလးကလည္းမ်က္လံုးေလးကအဝိုင္းသားေလးနဲ႔ သူ႔ေဖေဖကိုၾကည့္ေနျပန္ေရာ ။ ဦးကေဘးနားကေန သားေလးေပ်ာ္ေအာင္တစ္မ်ိဳးၿပီးတစ္မ်ိဳး
ခ်စ္စရာအမူအရာေလးေတြနဲ႔ေခ်ာ့ျမဴေနေတာ့ သခင္နဲ႔တူတဲ့မ်က္
လံုးဝိုင္းဝိုင္းေလးေတြနဲ႔သူ႔ေဖေဖကိုၾကည့္ေနေတာ့တာေပါ့ ။
"ေဖ့သားေလး ခ်စ္ဖို႔ေကာင္းလိုက္တာကြာ ၊ မ်က္လံုး မ်က္ခံုး
ပါးေဖာင္းေဖာင္းေလးေတြက ပူတူးနဲ႔တစ္ေထရာတည္းပဲ"
"ဦးသိလား ၊ သားသားရယ္လိုက္ရင္ ဦးနဲ႔အရမ္းတူတယ္"
"ေနာက္တစ္ခုရွိပါေသးတယ္ ၊ အေခ်ာေလးေလ ကုိယ္နဲ႔တူေတာ့
ေခ်ာတာေပါ့"
"ဟက္ ! လိပ္ႀကီး"
ရင္ခြင္ထဲမွာပိုက္ထားတဲ့သားေလးကေဖေဖႏွစ္ေယာက္ေျပာလိုက္
တာကိုနားလည္သေယာင္ေယာင္နဲ႔ရယ္ေနျပန္သည္ ။
သားသားကိုႏို႔တိုက္ၿပီးပုခက္ကေလးထဲထည့္ထားလိုက္သည္ ။ ဦးကအခန္းထဲဝင္လာၿပီးကုတင္ေပၚတြင္ထိုင္ကာ အႏွီးေလးေတြ
ေခါက္သိမ္းေနတဲ့သူ႔ရဲ႕ပူတူးေလးအနားဝင္ထိုင္လိုက္သည္ ။
"ေနရထိုင္ရတာအဆင္ေျပလားပူတူး"
"အင္း ေျပပါတယ္ ၊ ဦးေရာအလုပ္မသြားဘူးလား ၊ သားသား
လည္းတစ္လေက်ာ္ေနၿပီေလ ၊ ကေလးတစ္ေယာက္တည္းႏိုင္ပါ
တယ္ ၊ ဦးလည္းအလုပ္ျပန္ဝင္ေတာ့ေလ ေနာ္"
"ပူတူးက်န္းမာေရးရွိေသးတယ္ကေလးရဲ႕ ၊ ပူတူးအနားမွာ
ကုိယ္အခ်ိန္ျပည့္ရွိေနႏိုင္မွျဖစ္မယ္"
"ဦးရယ္ မာမီတို႔လည္းရွိေနတယ္ေလ ၊ ေတာ္ၾကာဦးကိုဝန္ထမ္း
ေတြကအျမင္မၾကည္ေတာ့ရင္ဘယ္လိုလုပ္မလဲ"
"အဲ့တာေတြကထားပါကြာ ၊ ပူတူးနဲ႔သားေလးကုိယ့္ကိုအျမင္ၾကည္
ရင္ကုိယ့္အတြက္ရၿပီ"
"ပိုျပန္ၿပီ ၊ ပူတူးဗိုက္ဆာတယ္ ၊ ပူတူးအတြက္တစ္ခုခုလုပ္ေပးပါ
လား"
"အရင္ဆံုး ကုိယ့္ကိုအာဘြားေပး"
"အာဘြားေပးတာေတြဘာေတြပူတူးမလုပ္ လုပ္ရင္ပူတူးမဟုတ္ ဒါပဲ ၊ သြားၿပီ ေနခဲ့ ကုိယ့္ဘာသာကုိယ္သြားလုပ္စားမယ္"
ဦးကေတာ့ ကုတင္ေပၚမွာငုတ္တုပ္ႀကီးေမ့ၿပီးက်န္ခဲ့ေလေတာ့
သည္ ။ ပူတူးကေတာ့အေနာက္မွာ ႀကီးသစ္နဲ႔အတူမုန္႔စားဖို႔ျပင္
ဆင္ေနသည္ ။
"ပူတူးေရ ကုိယ့္ကိုဒီအတိုင္းထားခဲ့မွာလားကြာ"
ကေလးမဟုတ္သူငယ္မဟုတ္ႏႈတ္ခမ္းႀကီးဆူၿပီးထြက္လာတဲ့ဦးကို
ၾကည့္ၿပီးရယ္မိသည္ ။ ႀကီးသစ္ကလည္းအလိုက္တသိနဲ႔ျခံထဲ
ဆင္းသြားသည္ ။
"ပူတူးကလည္းကြာ ....."
"ဦးဘယ္လိုျဖစ္ေနတာလဲ ၊ ကေလးလည္းမဟုတ္ဘဲနဲ႔"
အသီးအရြက္ေတြလွီးေနသည့္ပူတူးရဲ႕အေနာက္ကေနလက္အစံုတို႔
ျဖင့္ရစ္ပတ္ထားၿပီး ပုခံုးေလးေပၚေမးတင္ထားကာ ကေလးတစ္
ေယာက္လိုဂ်ီက်ေနသည္ ။
"ပူတူးကလည္း ကုိယ့္ကိုအာဘြားေပးပါဆို ၊ တစ္ခါတစ္ေလ
ေလာက္ကိုယ္လည္းအနမ္းခံခ်င္တယ္ေလ"
"လူဆိုးႀကီး ညဘက္ပူတူးနမ္းေနတာက်ေတာ့မသိဘဲနဲ႔"
"ဟာ သူခိုးေလး ကုိယ့္အနမ္းေတြကိုခိုးသြားတယ္ ၊ အခုပူတူးမနမ္း
လည္းကုိယ္နမ္းမယ္ကြာ"
ပူတူးကိုအပီအျပင္နမ္းပစ္မယ္လုပ္ကာမွ ႀကီးသစ္ကဝင္လာ
သည္ ။
"သားတို႔ေရ အိမ္ေရွ႕မွာဧည့္သည္ေရာက္ေနတယ္ကြယ့္ ၊ ဒီေရဟိန္းလို႔ေျပာတယ္"
ဒီနာမည္ကိုၾကားလိုက္တာနဲ႔ တစ္ေယာက္မ်က္ႏွာတစ္ေယာက္
ၾကည့္မိၾကသည္ ။
"ဟုတ္ကဲ့ႀကီးသစ္ ၊ ကြ်န္ေတာ္တို႔လာခဲ့မယ္ေနာ္"
ဧည့္ခန္းထဲဝင္လိုက္တာနဲ႔ဆိုဖာေပၚတြင္ေျခေထာက္ခ်ိတ္ထိုင္ကာ
လွမ္းၾကည့္ေနသည့္ဒီေရဟိန္းကိုေတြ႕ရသည္ ။
"ပူတူး အခန္းထဲမွာသားနဲ႔သြားေနလိုက္ ၊ ကုိယ္သူနဲ႔စကားေျပာ
လိုက္ဦးမယ္"
"အင္း ပူတူးတစ္ခုခုလုပ္ေပးရဦးမလား"
"ရတယ္ ႀကီးေမကိုပဲလုပ္ခိုင္းလိုက္ေတာ့မယ္ ၊ သားေဘးနားမွာပဲ
ေန"
ဒီေရဟိန္းရဲ႕အေရွ႕တြင္ဝင္ထိုင္လိုက္သည္ ။ ႀကီးေမကလိေမၼာ္
ရည္ေလးလာခ်ေပးသည္ ။
"မင္းကဘာကိစၥရွိလို႔လဲ"
"ေအးေဆးေပါ့ ၊ ကြ်န္ေတာ္ကအစ္ကိုနဲ႔အခ်ိန္အၾကာႀကီးအတူတူ
ရွိေနခ်င္ေသးတာ"
"ဟက္ ! ေယာက်္ားမပီသတဲ့မင္းလိုလူမ်ိဳးနဲ႔ငါကေတာ့တစ္စကၠန္႔
ေတာင္အတူရွိမေနခ်င္ဘူး"
"ဒါေတြကထားပါ ဒါေတြကကြ်န္ေတာ့္personal ၊ အခုလာရင္း
ကိစၥက ကြ်န္ေတာ္အစ္ကို႔အတြက္ဘယ္အခ်ိန္မဆိုအဆင္သင့္ရွိေန
တယ္ဆိုတာကိုလာေျပာတာ ၊ အရင္တုန္းကႏွစ္ေယာက္အတူလက္
ထပ္ၿပီးရင္ေနဖို႔အတြက္ဝယ္ထားတဲ့တိုက္ခန္းေလးမွာေစာင့္ေန
မယ္"
"ငါ့မွာမိသားစုရွိတယ္ ၊ မင္းငါနဲ႔ေဝးေဝးမွာေန ၊ တာဝန္ယူစရာရွိ
တာကိုယူ ၊ လင္းတစ္ေယာက္တည္းမင္းမသနားဘူးလား"
"ဟက္ ! သူ႔အျပစ္နဲ႔သူပဲေလ ၊ ကြ်န္ေတာ္နဲ႔မဆိုင္ဘူး"
"ရြံတယ္ မင္းလိုလူမ်ိဳးကို ငါ့အိမ္ကထြက္သြား"
"သြားမွာပါ ၊ ကေလးေလးကခ်စ္စရာေလးေနာ္ ၊ အစ္ကိုနဲ႔တူ
တယ္"
"မင္းနဲ႔မဆိုင္ဘူးထြက္သြား ၊ ေနာက္တစ္ခါဘယ္ေတာ့မွလမ္းမွာ
မေတြ႕မိပါေစနဲ႔လို႔ပဲဆုေတာင္းေနလိုက္"
ဦးဘက္ကေဒါသေတြထြက္ေနေပမဲ့ ဒီေရဟိန္းကျပံဳးၿပီးရင္း ျပံဳး
ၿပီးစကားေျပာေနသည္ ။ ဦးကိုျပံဳးၾကည့္ရင္းနဲ႔အိမ္ထဲကထြက္
သြားသည္ ။
"ဦး သူကဘာေတြေျပာသြားတာလဲဟင္"
"ေပါက္ကရေတြပါကေလးရယ္ ၊ သားေရာ အိပ္ေနၿပီလား"
"အင္း အခုေလးတင္ႏို႔တိုက္ၿပီးသိပ္လိုက္တာ"
"ပူတူးကုိယ္မပါဘဲနဲ႔ဘယ္ကိုမွမသြားနဲ႔ေနာ္ ၊ အျပင္သြားမယ္ဆိုရင္
ကုိယ့္ကိုေျပာ ကုိယ္လိုက္ပို႔မယ္"
"ဘာျဖစ္လို႔လဲဦး"
"ကုိယ္စိုးရိမ္ေနလို႔ပါ ၊ ဒီေရဟိန္းလိုလူမ်ိဳးကအရမ္းေၾကာက္ဖို႔
ေကာင္းတဲ့သတၱဝါတစ္ေကာင္ပူတူးရဲ႕ ၊ ကုိယ့္မိသားစုကိုကာကြယ္
ရမယ့္တာဝန္ကုိယ့္မွာရွိတယ္ ၊ မာမီတို႔ေရာ ဘယ္အခ်ိန္ျပန္လာၾက
မယ္တဲ့လဲ"
"ခဏေနျပန္ေရာက္ေတာ့မွာပါ ၊ ဦးေရာ မအိပ္ေတာ့ဘူးလား ၊ ညကသားေၾကာင့္အိပ္ေရးပ်က္ထားတယ္မလား"
"ထူးဆန္းတယ္ပူတူးရဲ႕ ကုိယ္မအိပ္ခ်င္ဘူး ၊ သားေလးကိုၾကည့္ဦး
မွပါေလ"
တစ္ခ်ိန္လံုးသား သား သားနဲ႔ျဖစ္ေနေတာ့ စိတ္ထဲမွာၾကည္ႏူးမိ
တယ္ ။ ဒါေပမဲ့နည္းနည္းေတာ့သဝန္တိုမိတယ္ ။ ၾကည္ႏူးမိတာ
က ေဩာ္ ငါခ်စ္ရတဲ့သူအတြက္မိသားစုဘဝေလးကိုငါကုိယ္တိုင္
တည္ေထာင္ေပးႏိုင္ခဲ့ပါလား ။ ခက္ခဲတဲ့အခ်ိန္ေတြအမ်ားႀကီးရွိ
ခဲ့ေပမဲ့ ခ်စ္ရသူေတြကေဘးနားမွာရွိေနေပးလို႔ေပ်ာ္ရတယ္ ။ အခု
လို မိသားစုဘဝေလးတည္ေထာင္ႏိုင္ေအာင္လို႔ၾကည္ၾကည္ျဖဴ
ျဖဴသေဘာတူလုပ္ေပးတဲ့တီေလးကိုလည္းေက်းဇူးတင္လို႔မဆံုး ။
မျဖစ္ႏိုင္တဲ့ဘဝကိုလိုခ်င္မိတာကိုခက္ခက္ခဲခဲလက္ခံေပးတဲ့
မာမီနဲ႔ဒယ္ဒီတို႔ကိုလည္းအရမ္းေက်းဇူးတင္တယ္ ။ တစ္ခ်ိန္လံုး
ကေလးလို႔ေခၚလိုက္ပူတူးလို႔ေခၚလိုက္နဲ႔အရိပ္တၾကည့္ၾကည့္လို
ေလေသးမရွိထားေပးတဲ့ဦးကိုလည္းေက်းဇူးတင္တယ္ ။ အခ်ိန္
ေတြကခဏေလးပါပဲလား ။ ဦးနဲ႔စေတြ႕တာကမေန႔တစ္ေန႔ကလို
ျဖစ္ေနသလိုပဲ ။ အခ်ိန္ေတြကတကယ္ကိုအကုန္ျမန္ေနပါလား ။
ဝရန္တာမွာထြက္ရပ္ေနတဲ့ပူတူးအနားကိုဦးေရာက္လာၿပီး
အေနာက္မွဖက္ကာရင္ခြင္ထဲျမဳပ္ေနေအာင္ဆြဲဖက္ထားလိုက္
သည္ ။
"ေလေတြအရမ္းတိုက္တယ္ပူတူးရဲ႕ ၊ ပူတူးဖ်ားေနဦးမယ္"
"မဖ်ားပါဘူး ၊ ပူတူးကအိုက္လို႔ခဏထြက္ရပ္ေနတာ ၊ အထဲဝင္ဆို
လည္းဝင္မယ္ေလ"
"ပူတူးေနခ်င္ေသးရင္ေနပါ ၊ အၾကာႀကီးေတာ့မျဖစ္ဘူး"
"အင္း ေန႔ခင္းကအကိုဒီေရဟိန္းေျပာသြားတာပူတူးၾကားလိုက္
တယ္ ၊ ဦးနဲ႔သူကလက္ထပ္ဖို႔အထိဆံုးျဖတ္ခဲ့ၾကတာလား ၊ ဘယ္လိုေတြျဖစ္ၾကတာလဲဆိုတာ ေျပာျပလို႔ရမလား"
"ဟူးးးးး"
ေစလိုရာသက္ျပင္းတစ္ခ်က္ခ်လိုက္သည္ ။ ရင္ခြင္ထဲက ကေလးေဖေဖေလးကိုပိုတိုးလို႔ဖက္ထားလိုက္သည္ ။
"ကုိယ္တို႔စတြဲတုန္းကအရမ္းအဆင္ေျပခဲ့တယ္ ၊ သူကကုိယ္ကုမၸ
ဏီကိုဝင္လာတာ အသစ္ကေလးေပါ့ ၊ မသိတာေတြကိုကုိယ္သင္
ေပးတယ္ ၊ ေနာက္ပိုင္းကုိယ္ခ်စ္မိသြားတယ္ေပါ့ပူတူးရယ္ ၊ ကုိယ္
သူ႔အက်င့္ေတြ စရိုက္ေတြ ဘာေတြ မ်ိဳးရိုးေတြဘာေတြဘာမွမသိ
ဘူး ၊ သိလည္းမသိခ်င္ဘူး ၊ ကုိယ္ခ်စ္ေနရင္ရၿပီေပါ့လို႔ထင္ခဲ့မိ
တယ္ ၊ ဒါေပမဲ့ ....."
"ဦး အဆင္ေျပမွဆက္ေျပာျပပါ ၊ ပူတူးကသိခ်င္မိလို႔ေမးတာပါ"
"ရပါတယ္ ၊ ကေလးလည္းျပည့္ျပည့္စံုစံုသိထားသင့္ၿပီလို႔ကုိယ္
ထင္တယ္ ၊ သူကဘဝကိုေပါ့ေပါ့ေတြးၿပီးျဖတ္သန္းေနတဲ့လူတစ္
ေယာက္ဆိုတာကုိယ္သိလာရတယ္ ၊ သူ႔သူငယ္ခ်င္းေတြနဲ႔ေပါင္းၿပီး
ကုိယ္သူ႔ကိုႀကိဳက္လာေအာင္လုပ္ျပမယ္ဆိုၿပီးေလာင္းခဲ့တာ
ကေလးရဲ႕ ၊ ကုိယ္ေလထင္ေတာင္မထင္ထားဘူး ၊ ကေလးေလး
တစ္ေယာက္လိုျဖဴစင္တဲ့မ်က္ႏွာေလးနဲ႔ေကာင္ေလးတစ္ေယာက္ကဒီလိုေတြလုပ္မယ္ဆိုတာဘယ္လိုမွထင္ကိုမထင္ႏိုင္တာ ၊ ကုိယ္
တစ္ေန႔သူ႔သူငယ္ခ်င္းတစ္ေယာက္နဲ႔အျပင္မွာေတြ႕မွအမွတ္မထင္
သိလိုက္ရတယ္ ၊ ကုိယ္ေလနာက်င္ခဲ့ရတာေတြမေမ့ေသးဘူး ၊ တစ္ခ်ိန္ကခ်စ္ခဲ့ေပမယ့္ အခုခ်ိန္ျပန္ေတြးရင္အရမ္းနာၾကည္းမိ
တယ္ ၊ သူနဲ႔လက္ထပ္ၿပီးရင္ေနဖို႔ဆိုၿပီးဝယ္ထားတဲ့တိုက္ခန္းေလး
တစ္ခန္းရွိတယ္ ၊ ကုိယ္အျဖစ္မွန္ေတြသိရေတာ့ အရမ္းစိတ္ညစ္
သြားတယ္ ၊ အဲ့တိုက္ခန္းေလးကိုကုိယ္သြားခဲ့တယ္"
ေစလိုရာတိုက္ခန္းတံခါးကိုဖြင့္လိုက္သည္ႏွင့္အက်ႌေတြကဟိုတစ္စဒီတစ္စျပန္႔က်ဲေနသည္ ။ အခန္းတံခါးနားသို႔ေရာက္ေလေလ ညစ္ညမ္းဖြယ္အသံေဆြကိုသူပိုၾကားလာရေလေလ ။ ေကာင္မေလးတစ္ေယာက္ရဲ႕နာက်င္မႈနဲ႔သာယာမႈေရာယွက္ေန
သည့္အသံမ်ား ၊ ေယာက်ာ္းေလးတစ္ေယာက္၏သာယာမႈမွျဖစ္
တည္လာသည့္အသံမ်ားကသူ႔နားထဲတြင္အထပ္ထပ္ ။ မဟုတ္ပါ
ေစနဲ႔ မဟုတ္ပါေစနဲ႔လို႔သူဆုေတာင္းေနေပမဲ့ ဆုေတြကေတာင္း
တိုင္းသာျပည့္မယ္ဆိုရင္ေတာ့ ......
"အစ္ကို ! "
အခန္းတံခါးနားမွာအသက္မရွိေတာ့သည့္လူတစ္ေယာက္ပမာရပ္
ေနသည့္ ေစလိုရာ့ကိုေတြ႕ေတာ့ ဒီေရဟိန္းထိတ္လန္႔သြားသည္ ။
"အစ္ကို အစ္ကိုထင္ေနသလိုမဟုတ္ဘူးေနာ္ ၊ ကြ်န္ေတာ္ ကြ်န္ေတာ္ ..... ကြ်န္ေတာ့္ကိုေဆးခတ္ထားတယ္ထင္တယ္ ၊ ကြ်န္
ေတာ္ ....."
"ကိုကိုဘာေတြေျပာေနတာလဲ ၊ ကိုကိုပဲခ်စ္ေလးကိုေခၚခဲ့တာေလ ၊ ဘယ္ကေဆးခတ္တာေတြပါလာရတာလဲ"
"အစ္ကို မဟုတ္ဘူး အစ္ကိုထင္ေနသလိုမဟုတ္ပါဘူး"
ေစလိုရာ၏လက္ကိုအတင္းဆုပ္ကိုင္ကာ မဟုတ္ပါဘူးလို႔ျငင္းေန
သည့္ဒီေရဟိန္း၏လက္ကုိျဖဳတ္ခ်ၿပီးဘာမွမေျပာဘဲ တိုက္ခန္းထဲ
မွထြက္လာခဲ့သည္ ။
"အစ္ကို အစ္ကို !!!!! "
"ကိုကို ဘာေတြလဲ"
"ဖယ္စမ္းပါကြာ ၊ မင္းထြက္သြားလိုက္ေတာ့"
"ကိုကို !!! ခ်စ္ေလးကိုဘယ္လိုေျပာလိုက္တာလဲ"
"ထြက္သြားကြာ !! ၿပီးရင္ကာကြယ္စရာရွိတာကာကြယ္ထား ၊ ၿပီးမွ
ငါ့ကိုလာမရႈပ္နဲ႔"
"ကိုကို !!!! မွတ္ထား ရွင္မွတ္ထားလိုက္ ၊ တစ္ေန႔ရွင္ဒုကၡအႀကီး
အက်ယ္ေရာက္လိမ့္မယ္"
"ေတာက္ ! နားၿငီးတယ္ကြာ"
ဦးက ပူတူးေလးကိုအတင္းအၾကပ္ဖက္ၿပီးပုခံုးေပၚမ်က္ႏွာအပ္
ကာ အသံတိတ္သြားသည္ ။
"ဦး အဆင္ေျပရဲ႕လား ၊ ပူတူးေမးမိတာေတာင္းပန္ပါတယ္"
"ရပါတယ္ကေလးရယ္ ၊ ကေလးလည္းေသခ်ာသိသင့္ပါတယ္ ၊ အခုကုိယ့္မွာပူတူးရယ္ သားေလးရယ္ရွိေနၿပီ ၊ ကုိယ္ေပ်ာ္တယ္"
"ေပ်ာ္တယ္ဆိုၿပီးဘာလို႔မ်က္ရည္ေတြက်ေနတာလဲ"
သူ႔ဘက္ကိုလွည့္လိုက္ၿပီး သူ႔လက္ကေလးေတြနဲ႔သုတ္ေပးေနျပန္
သည္ ။
"ကုိယ္ေပ်ာ္လြန္းလို႔ပါ ၊ ကုိယ္အရမ္းေပ်ာ္လို႔"
"မငိုပါနဲ႔ ၊ ဦးငိုရင္ပူတူးလည္းငိုခ်င္တယ္"
"အင္းပါ ကုိယ္မငိုေတာ့ပါဘူး ၊ ကုိယ္တို႔သားေလးနဲ႔အတူမနက္ျဖန္
ေလၽွာက္လည္ၾကမလား"
"ဟာ တကယ္ေနာ္ ၊ သြားမယ္"
ဦးကိုခုန္အုပ္ကာဖက္လိုက္ၿပီးေပ်ာ္ေနတဲ့ကေလးေဖေဖေလးရဲ႕အ
ေပ်ာ္ေတြက ဦးဆီသို႔ကူးစက္လာေစသည္ ။ ဂ်ဴနီယာေလးကို
သြားၾကည့္ေတာ့မ်က္လံုးဝိုင္းဝိုင္းေလးေတြနဲ႔ျပဴးျပဴးေလးၾကည့္
ေနသည္ ။ ေန႔ခင္းဘက္ဆိုမငိုသေလာက္ ညဘက္ဆိုရင္ေတာ့
ဂ်ီက်လြန္းသည္ ။ အျမဲတမ္းဦးကသာထၿပီး ေခ်ာ့ျမဴ၍ျပန္သိပ္
သည္ ။
"သတိထားသြားၾကေနာ္ ၊ ကေလးကိုဂရုစိုက္ ၊ ေစာေစာစီးစီးျပန္
လာၾက"
"ဟုတ္ကဲ့ပါမာမီ"
"မေျပာခ်င္ဘူးေနာ္ မေျပာခ်င္ဘူး ၊ ကေလးကတစ္လေက်ာ္တာနဲ႔
ယြေနၾကၿပီ"
"မာမီရယ္ အဲ့လိုမေျပာပါနဲ႔ ပူတူးလည္းအိမ္ထဲမွာေနရတာပ်င္းေန
ေရာေပါ့"
"ေျပာလိုက္ရင္ပူတူး ပူတူးနဲ႔ နင့္ပူတူးကကေလးအေဖျဖစ္ေနၿပီ
ဟဲ့ ၊ အမယ္ေလး ေမာတယ္ ေမာတယ္ မေျပာေတာ့ဘူး ၊ သြားၾက
ေတာ့"
မ်က္လံုးစံုမွတ္ေခါင္းညိမ့္ျပၿပီးႏွစ္ေယာက္စလံုးထြက္ခဲ့ၾကသည္ ။
ဦးကဂ်ဴနီယာေလးကိုရင္ဘက္မွာသိုင္းလြယ္ထားသည္ ။ ဂ်ဴနီယာေလးကေတာ့ဦးရင္ဘက္ကိုမွီၿပီး အားပါးတရအိပ္ေန
သည္ ။ အိပ္ေပ်ာ္ေနသည့္ဂ်ဴနီယာေလးကိုၾကည့္ရသည္ကို
ပူတူးကေပ်ာ္ေနသည္ ။ ၿမိဳ႕တစ္ပတ္ကားေလၽွာက္ေမာင္းပစ္ၾက
သည္ ။ အင္းယားကန္ေဘာင္မွာလမ္းေလၽွာက္ၾကသည္ ။
"ဦး ပူတူးခ်ီရမလား"
"ရပါတယ္ ကေလးကအျမဲတမ္းပင္ပန္းေနရတာ ေအးေဆးလမ္း
ေလၽွာက္ ၊ ေလေကာင္းေလသန္႔ကိုရွဴ"
"ဟုတ္"
"Wow ! ေပ်ာ္ရႊင္ဖြယ္မိသားစုေလးပဲ"
ဘယ္ကေနမွန္းမသိရုတ္တရက္ေပၚလာသည့္ဒီေရဟိန္းေၾကာင့္
ေစလိုရာမ်က္ေမွာင္ၾကဳတ္သြားသည္ ။
"မင္းဘာလာလုပ္ျပန္တာလဲ ၊ ငါ့ေရွ႕ေပၚမလာနဲ႔လို႔ေျပာထားတယ္
ေလ"
"ဦး သားႏိုးသြားမယ္"
ရင္ခြင္ထဲမွာမွီအိပ္ေနတဲ့ဂ်ဴနီယာေလးေၾကာင့္ေစလိုရာစိတ္ကိုျပန္
ထိန္းလိုက္သည္ ။
"မင္းထြက္သြားလိုက္ေနာ္"
"အင္းပါ ကြ်န္ေတာ္ကသူငယ္ခ်င္းနဲ႔ေတြ႕ဖို႔လာတာပါ ၊ ေနာက္မွပဲ
ေအးေဆးေတြ႕ၾကတာေပါ့ ၊ သြားလိုက္ဦးမယ္သခင္"
"ဟုတ္ကဲ့"
ဆက္ရန္💛 .....
ေပ်ာ္ထားၾကပါ တဝႀကီးေပ်ာ္ထားၾက တစ္ေန႔ငါ့အေၾကာင္းသိ
ေစရမယ္ ဒီေရဟိန္းဆိုတဲ့လူကလိုခ်င္တာကိုမရရေအာင္ယူတတ္
တဲ့လူဆိုတာ သိေစရမယ္ ........
ကဲ သဲငယ္တို႔ေရ လြမ္းေနၾကၿပီမလား ေနာက္က်သြားလို႔ေတာင္း
ပန္ပါရေစေနာ္ ခြင့္လႊတ္ၾကေနာ္ .....
26 . 9 . 2019
8 : 15 PM
Have a nice dream❤
Love you all❤
[Unicode]
ဂျူနီယာလေးလူ့လောကထဲရောက်လာတာတစ်လတိတိပြည့်ပြီ ။ သူ့ရဲ့သားလေးကိုလက်ထဲကကိုမချတော့ဘူး ။ သားလေးကလည်းမျက်လုံးလေးကအဝိုင်းသားလေးနဲ့ သူ့ဖေဖေကိုကြည့်နေပြန်ရော ။ ဦးကဘေးနားကနေ သားလေးပျော်အောင်တစ်မျိုးပြီးတစ်မျိုး
ချစ်စရာအမူအရာလေးတွေနဲ့ချော့မြူနေတော့ သခင်နဲ့တူတဲ့မျက်
လုံးဝိုင်းဝိုင်းလေးတွေနဲ့သူ့ဖေဖေကိုကြည့်နေတော့တာပေါ့ ။
"ဖေ့သားလေး ချစ်ဖို့ကောင်းလိုက်တာကွာ ၊ မျက်လုံး မျက်ခုံး
ပါးဖောင်းဖောင်းလေးတွေက ပူတူးနဲ့တစ်ထေရာတည်းပဲ"
"ဦးသိလား ၊ သားသားရယ်လိုက်ရင် ဦးနဲ့အရမ်းတူတယ်"
"နောက်တစ်ခုရှိပါသေးတယ် ၊ အချောလေးလေ ကိုယ်နဲ့တူတော့
ချောတာပေါ့"
"ဟက် ! လိပ်ကြီး"
ရင်ခွင်ထဲမှာပိုက်ထားတဲ့သားလေးကဖေဖေနှစ်ယောက်ပြောလိုက်
တာကိုနားလည်သယောင်ယောင်နဲ့ရယ်နေပြန်သည် ။
သားသားကိုနို့တိုက်ပြီးပုခက်ကလေးထဲထည့်ထားလိုက်သည် ။ ဦးကအခန်းထဲဝင်လာပြီးကုတင်ပေါ်တွင်ထိုင်ကာ အနှီးလေးတွေ
ခေါက်သိမ်းနေတဲ့သူ့ရဲ့ပူတူးလေးအနားဝင်ထိုင်လိုက်သည် ။
"နေရထိုင်ရတာအဆင်ပြေလားပူတူး"
"အင်း ပြေပါတယ် ၊ ဦးရောအလုပ်မသွားဘူးလား ၊ သားသား
လည်းတစ်လကျော်နေပြီလေ ၊ ကလေးတစ်ယောက်တည်းနိုင်ပါ
တယ် ၊ ဦးလည်းအလုပ်ပြန်ဝင်တော့လေ နော်"
"ပူတူးကျန်းမာရေးရှိသေးတယ်ကလေးရဲ့ ၊ ပူတူးအနားမှာ
ကိုယ်အချိန်ပြည့်ရှိနေနိုင်မှဖြစ်မယ်"
"ဦးရယ် မာမီတို့လည်းရှိနေတယ်လေ ၊ တော်ကြာဦးကိုဝန်ထမ်း
တွေကအမြင်မကြည်တော့ရင်ဘယ်လိုလုပ်မလဲ"
"အဲ့တာတွေကထားပါကွာ ၊ ပူတူးနဲ့သားလေးကိုယ့်ကိုအမြင်ကြည်
ရင်ကိုယ့်အတွက်ရပြီ"
"ပိုပြန်ပြီ ၊ ပူတူးဗိုက်ဆာတယ် ၊ ပူတူးအတွက်တစ်ခုခုလုပ်ပေးပါ
လား"
"အရင်ဆုံး ကိုယ့်ကိုအာဘွားပေး"
"အာဘွားပေးတာတွေဘာတွေပူတူးမလုပ် လုပ်ရင်ပူတူးမဟုတ် ဒါပဲ ၊ သွားပြီ နေခဲ့ ကိုယ့်ဘာသာကိုယ်သွားလုပ်စားမယ်"
ဦးကတော့ ကုတင်ပေါ်မှာငုတ်တုပ်ကြီးမေ့ပြီးကျန်ခဲ့လေတော့
သည် ။ ပူတူးကတော့အနောက်မှာ ကြီးသစ်နဲ့အတူမုန့်စားဖို့ပြင်
ဆင်နေသည် ။
"ပူတူးရေ ကိုယ့်ကိုဒီအတိုင်းထားခဲ့မှာလားကွာ"
ကလေးမဟုတ်သူငယ်မဟုတ်နှုတ်ခမ်းကြီးဆူပြီးထွက်လာတဲ့ဦးကို
ကြည့်ပြီးရယ်မိသည် ။ ကြီးသစ်ကလည်းအလိုက်တသိနဲ့ခြံထဲ
ဆင်းသွားသည် ။
"ပူတူးကလည်းကွာ ....."
"ဦးဘယ်လိုဖြစ်နေတာလဲ ၊ ကလေးလည်းမဟုတ်ဘဲနဲ့"
အသီးအရွက်တွေလှီးနေသည့်ပူတူးရဲ့အနောက်ကနေလက်အစုံတို့
ဖြင့်ရစ်ပတ်ထားပြီး ပုခုံးလေးပေါ်မေးတင်ထားကာ ကလေးတစ်
ယောက်လိုဂျီကျနေသည် ။
"ပူတူးကလည်း ကိုယ့်ကိုအာဘွားပေးပါဆို ၊ တစ်ခါတစ်လေ
လောက်ကိုယ်လည်းအနမ်းခံချင်တယ်လေ"
"လူဆိုးကြီး ညဘက်ပူတူးနမ်းနေတာကျတော့မသိဘဲနဲ့"
"ဟာ သူခိုးလေး ကိုယ့်အနမ်းတွေကိုခိုးသွားတယ် ၊ အခုပူတူးမနမ်း
လည်းကိုယ်နမ်းမယ်ကွာ"
ပူတူးကိုအပီအပြင်နမ်းပစ်မယ်လုပ်ကာမှ ကြီးသစ်ကဝင်လာ
သည် ။
"သားတို့ရေ အိမ်ရှေ့မှာဧည့်သည်ရောက်နေတယ်ကွယ့် ၊ ဒီရေဟိန်းလို့ပြောတယ်"
ဒီနာမည်ကိုကြားလိုက်တာနဲ့ တစ်ယောက်မျက်နှာတစ်ယောက်
ကြည့်မိကြသည် ။
"ဟုတ်ကဲ့ကြီးသစ် ၊ ကျွန်တော်တို့လာခဲ့မယ်နော်"
ဧည့်ခန်းထဲဝင်လိုက်တာနဲ့ဆိုဖာပေါ်တွင်ခြေထောက်ချိတ်ထိုင်ကာ
လှမ်းကြည့်နေသည့်ဒီရေဟိန်းကိုတွေ့ရသည် ။
"ပူတူး အခန်းထဲမှာသားနဲ့သွားနေလိုက် ၊ ကိုယ်သူနဲ့စကားပြော
လိုက်ဦးမယ်"
"အင်း ပူတူးတစ်ခုခုလုပ်ပေးရဦးမလား"
"ရတယ် ကြီးမေကိုပဲလုပ်ခိုင်းလိုက်တော့မယ် ၊ သားဘေးနားမှာပဲ
နေ"
ဒီရေဟိန်းရဲ့အရှေ့တွင်ဝင်ထိုင်လိုက်သည် ။ ကြီးမေကလိမ္မော်
ရည်လေးလာချပေးသည် ။
"မင်းကဘာကိစ္စရှိလို့လဲ"
"အေးဆေးပေါ့ ၊ ကျွန်တော်ကအစ်ကိုနဲ့အချိန်အကြာကြီးအတူတူ
ရှိနေချင်သေးတာ"
"ဟက် ! ယောကျ်ားမပီသတဲ့မင်းလိုလူမျိုးနဲ့ငါကတော့တစ်စက္ကန့်
တောင်အတူရှိမနေချင်ဘူး"
"ဒါတွေကထားပါ ဒါတွေကကျွန်တော့်personal ၊ အခုလာရင်း
ကိစ္စက ကျွန်တော်အစ်ကို့အတွက်ဘယ်အချိန်မဆိုအဆင်သင့်ရှိနေ
တယ်ဆိုတာကိုလာပြောတာ ၊ အရင်တုန်းကနှစ်ယောက်အတူလက်
ထပ်ပြီးရင်နေဖို့အတွက်ဝယ်ထားတဲ့တိုက်ခန်းလေးမှာစောင့်နေ
မယ်"
"ငါ့မှာမိသားစုရှိတယ် ၊ မင်းငါနဲ့ဝေးဝေးမှာနေ ၊ တာဝန်ယူစရာရှိ
တာကိုယူ ၊ လင်းတစ်ယောက်တည်းမင်းမသနားဘူးလား"
"ဟက် ! သူ့အပြစ်နဲ့သူပဲလေ ၊ ကျွန်တော်နဲ့မဆိုင်ဘူး"
"ရွံတယ် မင်းလိုလူမျိုးကို ငါ့အိမ်ကထွက်သွား"
"သွားမှာပါ ၊ ကလေးလေးကချစ်စရာလေးနော် ၊ အစ်ကိုနဲ့တူ
တယ်"
"မင်းနဲ့မဆိုင်ဘူးထွက်သွား ၊ နောက်တစ်ခါဘယ်တော့မှလမ်းမှာ
မတွေ့မိပါစေနဲ့လို့ပဲဆုတောင်းနေလိုက်"
ဦးဘက်ကဒေါသတွေထွက်နေပေမဲ့ ဒီရေဟိန်းကပြုံးပြီးရင်း ပြုံး
ပြီးစကားပြောနေသည် ။ ဦးကိုပြုံးကြည့်ရင်းနဲ့အိမ်ထဲကထွက်
သွားသည် ။
"ဦး သူကဘာတွေပြောသွားတာလဲဟင်"
"ပေါက်ကရတွေပါကလေးရယ် ၊ သားရော အိပ်နေပြီလား"
"အင်း အခုလေးတင်နို့တိုက်ပြီးသိပ်လိုက်တာ"
"ပူတူးကိုယ်မပါဘဲနဲ့ဘယ်ကိုမှမသွားနဲ့နော် ၊ အပြင်သွားမယ်ဆိုရင်
ကိုယ့်ကိုပြော ကိုယ်လိုက်ပို့မယ်"
"ဘာဖြစ်လို့လဲဦး"
"ကိုယ်စိုးရိမ်နေလို့ပါ ၊ ဒီရေဟိန်းလိုလူမျိုးကအရမ်းကြောက်ဖို့
ကောင်းတဲ့သတ္တဝါတစ်ကောင်ပူတူးရဲ့ ၊ ကိုယ့်မိသားစုကိုကာကွယ်
ရမယ့်တာဝန်ကိုယ့်မှာရှိတယ် ၊ မာမီတို့ရော ဘယ်အချိန်ပြန်လာကြ
မယ်တဲ့လဲ"
"ခဏနေပြန်ရောက်တော့မှာပါ ၊ ဦးရော မအိပ်တော့ဘူးလား ၊ ညကသားကြောင့်အိပ်ရေးပျက်ထားတယ်မလား"
"ထူးဆန်းတယ်ပူတူးရဲ့ ကိုယ်မအိပ်ချင်ဘူး ၊ သားလေးကိုကြည့်ဦး
မှပါလေ"
တစ်ချိန်လုံးသား သား သားနဲ့ဖြစ်နေတော့ စိတ်ထဲမှာကြည်နူးမိ
တယ် ။ ဒါပေမဲ့နည်းနည်းတော့သဝန်တိုမိတယ် ။ ကြည်နူးမိတာ
က ေဩာ် ငါချစ်ရတဲ့သူအတွက်မိသားစုဘဝလေးကိုငါကိုယ်တိုင်
တည်ထောင်ပေးနိုင်ခဲ့ပါလား ။ ခက်ခဲတဲ့အချိန်တွေအများကြီးရှိ
ခဲ့ပေမဲ့ ချစ်ရသူတွေကဘေးနားမှာရှိနေပေးလို့ပျော်ရတယ် ။ အခု
လို မိသားစုဘဝလေးတည်ထောင်နိုင်အောင်လို့ကြည်ကြည်ဖြူ
ဖြူသဘောတူလုပ်ပေးတဲ့တီလေးကိုလည်းကျေးဇူးတင်လို့မဆုံး ။
မဖြစ်နိုင်တဲ့ဘဝကိုလိုချင်မိတာကိုခက်ခက်ခဲခဲလက်ခံပေးတဲ့
မာမီနဲ့ဒယ်ဒီတို့ကိုလည်းအရမ်းကျေးဇူးတင်တယ် ။ တစ်ချိန်လုံး
ကလေးလို့ခေါ်လိုက်ပူတူးလို့ခေါ်လိုက်နဲ့အရိပ်တကြည့်ကြည့်လို
လေသေးမရှိထားပေးတဲ့ဦးကိုလည်းကျေးဇူးတင်တယ် ။ အချိန်
တွေကခဏလေးပါပဲလား ။ ဦးနဲ့စတွေ့တာကမနေ့တစ်နေ့ကလို
ဖြစ်နေသလိုပဲ ။ အချိန်တွေကတကယ်ကိုအကုန်မြန်နေပါလား ။
ဝရန်တာမှာထွက်ရပ်နေတဲ့ပူတူးအနားကိုဦးရောက်လာပြီး
အနောက်မှဖက်ကာရင်ခွင်ထဲမြုပ်နေအောင်ဆွဲဖက်ထားလိုက်
သည် ။
"လေတွေအရမ်းတိုက်တယ်ပူတူးရဲ့ ၊ ပူတူးဖျားနေဦးမယ်"
"မဖျားပါဘူး ၊ ပူတူးကအိုက်လို့ခဏထွက်ရပ်နေတာ ၊ အထဲဝင်ဆို
လည်းဝင်မယ်လေ"
"ပူတူးနေချင်သေးရင်နေပါ ၊ အကြာကြီးတော့မဖြစ်ဘူး"
"အင်း နေ့ခင်းကအကိုဒီရေဟိန်းပြောသွားတာပူတူးကြားလိုက်
တယ် ၊ ဦးနဲ့သူကလက်ထပ်ဖို့အထိဆုံးဖြတ်ခဲ့ကြတာလား ၊ ဘယ်လိုတွေဖြစ်ကြတာလဲဆိုတာ ပြောပြလို့ရမလား"
"ဟူးးးးး"
စေလိုရာသက်ပြင်းတစ်ချက်ချလိုက်သည် ။ ရင်ခွင်ထဲက ကလေးဖေဖေလေးကိုပိုတိုးလို့ဖက်ထားလိုက်သည် ။
"ကိုယ်တို့စတွဲတုန်းကအရမ်းအဆင်ပြေခဲ့တယ် ၊ သူကကိုယ်ကုမ္ပ
ဏီကိုဝင်လာတာ အသစ်ကလေးပေါ့ ၊ မသိတာတွေကိုကိုယ်သင်
ပေးတယ် ၊ နောက်ပိုင်းကိုယ်ချစ်မိသွားတယ်ပေါ့ပူတူးရယ် ၊ ကိုယ်
သူ့အကျင့်တွေ စရိုက်တွေ ဘာတွေ မျိုးရိုးတွေဘာတွေဘာမှမသိ
ဘူး ၊ သိလည်းမသိချင်ဘူး ၊ ကိုယ်ချစ်နေရင်ရပြီပေါ့လို့ထင်ခဲ့မိ
တယ် ၊ ဒါပေမဲ့ ....."
"ဦး အဆင်ပြေမှဆက်ပြောပြပါ ၊ ပူတူးကသိချင်မိလို့မေးတာပါ"
"ရပါတယ် ၊ ကလေးလည်းပြည့်ပြည့်စုံစုံသိထားသင့်ပြီလို့ကိုယ်
ထင်တယ် ၊ သူကဘဝကိုပေါ့ပေါ့တွေးပြီးဖြတ်သန်းနေတဲ့လူတစ်
ယောက်ဆိုတာကိုယ်သိလာရတယ် ၊ သူ့သူငယ်ချင်းတွေနဲ့ပေါင်းပြီး
ကိုယ်သူ့ကိုကြိုက်လာအောင်လုပ်ပြမယ်ဆိုပြီးလောင်းခဲ့တာ
ကလေးရဲ့ ၊ ကိုယ်လေထင်တောင်မထင်ထားဘူး ၊ ကလေးလေး
တစ်ယောက်လိုဖြူစင်တဲ့မျက်နှာလေးနဲ့ကောင်လေးတစ်ယောက်ကဒီလိုတွေလုပ်မယ်ဆိုတာဘယ်လိုမှထင်ကိုမထင်နိုင်တာ ၊ ကိုယ်
တစ်နေ့သူ့သူငယ်ချင်းတစ်ယောက်နဲ့အပြင်မှာတွေ့မှအမှတ်မထင်
သိလိုက်ရတယ် ၊ ကိုယ်လေနာကျင်ခဲ့ရတာတွေမမေ့သေးဘူး ၊ တစ်ချိန်ကချစ်ခဲ့ပေမယ့် အခုချိန်ပြန်တွေးရင်အရမ်းနာကြည်းမိ
တယ် ၊ သူနဲ့လက်ထပ်ပြီးရင်နေဖို့ဆိုပြီးဝယ်ထားတဲ့တိုက်ခန်းလေး
တစ်ခန်းရှိတယ် ၊ ကိုယ်အဖြစ်မှန်တွေသိရတော့ အရမ်းစိတ်ညစ်
သွားတယ် ၊ အဲ့တိုက်ခန်းလေးကိုကိုယ်သွားခဲ့တယ်"
စေလိုရာတိုက်ခန်းတံခါးကိုဖွင့်လိုက်သည်နှင့်အကျႌတွေကဟိုတစ်စဒီတစ်စပြန့်ကျဲနေသည် ။ အခန်းတံခါးနားသို့ရောက်လေလေ ညစ်ညမ်းဖွယ်အသံဆွေကိုသူပိုကြားလာရလေလေ ။ ကောင်မလေးတစ်ယောက်ရဲ့နာကျင်မှုနဲ့သာယာမှုရောယှက်နေ
သည့်အသံများ ၊ ယောကျာ်းလေးတစ်ယောက်၏သာယာမှုမှဖြစ်
တည်လာသည့်အသံများကသူ့နားထဲတွင်အထပ်ထပ် ။ မဟုတ်ပါ
စေနဲ့ မဟုတ်ပါစေနဲ့လို့သူဆုတောင်းနေပေမဲ့ ဆုတွေကတောင်း
တိုင်းသာပြည့်မယ်ဆိုရင်တော့ ......
"အစ်ကို ! "
အခန်းတံခါးနားမှာအသက်မရှိတော့သည့်လူတစ်ယောက်ပမာရပ်
နေသည့် စေလိုရာ့ကိုတွေ့တော့ ဒီရေဟိန်းထိတ်လန့်သွားသည် ။
"အစ်ကို အစ်ကိုထင်နေသလိုမဟုတ်ဘူးနော် ၊ ကျွန်တော် ကျွန်တော် ..... ကျွန်တော့်ကိုဆေးခတ်ထားတယ်ထင်တယ် ၊ ကျွန်
တော် ....."
"ကိုကိုဘာတွေပြောနေတာလဲ ၊ ကိုကိုပဲချစ်လေးကိုခေါ်ခဲ့တာလေ ၊ ဘယ်ကဆေးခတ်တာတွေပါလာရတာလဲ"
"အစ်ကို မဟုတ်ဘူး အစ်ကိုထင်နေသလိုမဟုတ်ပါဘူး"
စေလိုရာ၏လက်ကိုအတင်းဆုပ်ကိုင်ကာ မဟုတ်ပါဘူးလို့ငြင်းနေ
သည့်ဒီရေဟိန်း၏လက်ကိုဖြုတ်ချပြီးဘာမှမပြောဘဲ တိုက်ခန်းထဲ
မှထွက်လာခဲ့သည် ။
"အစ်ကို အစ်ကို !!!!! "
"ကိုကို ဘာတွေလဲ"
"ဖယ်စမ်းပါကွာ ၊ မင်းထွက်သွားလိုက်တော့"
"ကိုကို !!! ချစ်လေးကိုဘယ်လိုပြောလိုက်တာလဲ"
"ထွက်သွားကွာ !! ပြီးရင်ကာကွယ်စရာရှိတာကာကွယ်ထား ၊ ပြီးမှ
ငါ့ကိုလာမရှုပ်နဲ့"
"ကိုကို !!!! မှတ်ထား ရှင်မှတ်ထားလိုက် ၊ တစ်နေ့ရှင်ဒုက္ခအကြီး
အကျယ်ရောက်လိမ့်မယ်"
"တောက် ! နားငြီးတယ်ကွာ"
ဦးက ပူတူးလေးကိုအတင်းအကြပ်ဖက်ပြီးပုခုံးပေါ်မျက်နှာအပ်
ကာ အသံတိတ်သွားသည် ။
"ဦး အဆင်ပြေရဲ့လား ၊ ပူတူးမေးမိတာတောင်းပန်ပါတယ်"
"ရပါတယ်ကလေးရယ် ၊ ကလေးလည်းသေချာသိသင့်ပါတယ် ၊ အခုကိုယ့်မှာပူတူးရယ် သားလေးရယ်ရှိနေပြီ ၊ ကိုယ်ပျော်တယ်"
"ပျော်တယ်ဆိုပြီးဘာလို့မျက်ရည်တွေကျနေတာလဲ"
သူ့ဘက်ကိုလှည့်လိုက်ပြီး သူ့လက်ကလေးတွေနဲ့သုတ်ပေးနေပြန်
သည် ။
"ကိုယ်ပျော်လွန်းလို့ပါ ၊ ကိုယ်အရမ်းပျော်လို့"
"မငိုပါနဲ့ ၊ ဦးငိုရင်ပူတူးလည်းငိုချင်တယ်"
"အင်းပါ ကိုယ်မငိုတော့ပါဘူး ၊ ကိုယ်တို့သားလေးနဲ့အတူမနက်ဖြန်
လျှောက်လည်ကြမလား"
"ဟာ တကယ်နော် ၊ သွားမယ်"
ဦးကိုခုန်အုပ်ကာဖက်လိုက်ပြီးပျော်နေတဲ့ကလေးဖေဖေလေးရဲ့အ
ပျော်တွေက ဦးဆီသို့ကူးစက်လာစေသည် ။ ဂျူနီယာလေးကို
သွားကြည့်တော့မျက်လုံးဝိုင်းဝိုင်းလေးတွေနဲ့ပြူးပြူးလေးကြည့်
နေသည် ။ နေ့ခင်းဘက်ဆိုမငိုသလောက် ညဘက်ဆိုရင်တော့
ဂျီကျလွန်းသည် ။ အမြဲတမ်းဦးကသာထပြီး ချော့မြူ၍ပြန်သိပ်
သည် ။
"သတိထားသွားကြနော် ၊ ကလေးကိုဂရုစိုက် ၊ စောစောစီးစီးပြန်
လာကြ"
"ဟုတ်ကဲ့ပါမာမီ"
"မပြောချင်ဘူးနော် မပြောချင်ဘူး ၊ ကလေးကတစ်လကျော်တာနဲ့
ယွနေကြပြီ"
"မာမီရယ် အဲ့လိုမပြောပါနဲ့ ပူတူးလည်းအိမ်ထဲမှာနေရတာပျင်းနေ
ရောပေါ့"
"ပြောလိုက်ရင်ပူတူး ပူတူးနဲ့ နင့်ပူတူးကကလေးအဖေဖြစ်နေပြီ
ဟဲ့ ၊ အမယ်လေး မောတယ် မောတယ် မပြောတော့ဘူး ၊ သွားကြ
တော့"
မျက်လုံးစုံမှတ်ခေါင်းညိမ့်ပြပြီးနှစ်ယောက်စလုံးထွက်ခဲ့ကြသည် ။
ဦးကဂျူနီယာလေးကိုရင်ဘက်မှာသိုင်းလွယ်ထားသည် ။ ဂျူနီယာလေးကတော့ဦးရင်ဘက်ကိုမှီပြီး အားပါးတရအိပ်နေ
သည် ။ အိပ်ပျော်နေသည့်ဂျူနီယာလေးကိုကြည့်ရသည်ကို
ပူတူးကပျော်နေသည် ။ မြို့တစ်ပတ်ကားလျှောက်မောင်းပစ်ကြ
သည် ။ အင်းယားကန်ဘောင်မှာလမ်းလျှောက်ကြသည် ။
"ဦး ပူတူးချီရမလား"
"ရပါတယ် ကလေးကအမြဲတမ်းပင်ပန်းနေရတာ အေးဆေးလမ်း
လျှောက် ၊ လေကောင်းလေသန့်ကိုရှူ"
"ဟုတ်"
"Wow ! ပျော်ရွှင်ဖွယ်မိသားစုလေးပဲ"
ဘယ်ကနေမှန်းမသိရုတ်တရက်ပေါ်လာသည့်ဒီရေဟိန်းကြောင့်
စေလိုရာမျက်မှောင်ကြုတ်သွားသည် ။
"မင်းဘာလာလုပ်ပြန်တာလဲ ၊ ငါ့ရှေ့ပေါ်မလာနဲ့လို့ပြောထားတယ်
လေ"
"ဦး သားနိုးသွားမယ်"
ရင်ခွင်ထဲမှာမှီအိပ်နေတဲ့ဂျူနီယာလေးကြောင့်စေလိုရာစိတ်ကိုပြန်
ထိန်းလိုက်သည် ။
"မင်းထွက်သွားလိုက်နော်"
"အင်းပါ ကျွန်တော်ကသူငယ်ချင်းနဲ့တွေ့ဖို့လာတာပါ ၊ နောက်မှပဲ
အေးဆေးတွေ့ကြတာပေါ့ ၊ သွားလိုက်ဦးမယ်သခင်"
"ဟုတ်ကဲ့"
ဆက်ရန်💛 .....
ပျော်ထားကြပါ တဝကြီးပျော်ထားကြ တစ်နေ့ငါ့အကြောင်းသိ
စေရမယ် ဒီရေဟိန်းဆိုတဲ့လူကလိုချင်တာကိုမရရအောင်ယူတတ်
တဲ့လူဆိုတာ သိစေရမယ် ........
ကဲ သဲငယ်တို့ရေ လွမ်းနေကြပြီမလား နောက်ကျသွားလို့တောင်း
ပန်ပါရစေနော် ခွင့်လွှတ်ကြနော် .....
26 . 9 . 2019
8 : 15 PM
Have a nice dream❤
Love you all❤