(Zawgyi ver)
Silent -4
ထယ္ေယာင္းသည္ စာဖတ္၀ါသနာပါေသာသူတစ္ဦးျဖစ္သည္။ Storyတိုင္းကို ထယ္ေယာင္းခ်စ္သည္။ သို႔ေသာ္ Happy Endingကိုပို၍ႏွစ္သက္သူလည္းျဖစ္သည္။
(A/N: storyဆိုလို႔ပံုျပင္ထင္ေနၾကဦးမယ္။၀တၱဳကိုေျပာခ်င္တာပါ)
ထယ္ေယာင္းဟာ အစကစာဖတ္၀ါသနာပါသူ တစ္ဦးမဟုတ္ေခ်။ ဘာပံုမွမပါေသာ ထိုစာေတြအမ်ားႀကီးအား ထယ္ေယာင္း အလြန္မွ မုန္းပါသည္။ သို႔ေသာ္ အထက္တန္းပထမႏွစ္မွစ၍ အိမ္မွထယ္ေယာင္းအား ဖုန္းကိုင္ခြင့္ေကာင္းေကာင္းမေပးေတာ့ေခ် ။ေက်ာင္းပိတ္ရက္မ်ားမွသာ ဖုန္းကိုင္ရသည္။ အလြန္ျပင္းဖို႔ေကာင္းေသာထိုအခ်ိန္မ်ားတြင္ ဘာလုပ္ရမွန္းမသိျဖစ္ေနတတ္သည္။ ခ်စ္ေသာဂ်ီမင္နီးရဲ႕ အၾကံျဖင့္ ဘာပံုမွမပါေသာထိုစာမ်ားအားထယ္ေယာင္း ဖတ္ျဖစ္ခဲ့သည္။
ထို႔ေနာက္သိလိုက္ရသည္က ဘာပံုမွမပါေသာထိုစာမ်ားသည္ အလြန္အနစ္သာရ႐ွိသည္ကိုပင္ ။ ထို႔ေၾကာင့္ထယ္ေယာင္း စာအုပ္ေတြကိုခ်စ္ပါသည္။ ၀တၱဳစာအုပ္မ်ားကိုသာ ဆိုလိုျခင္းပင္ ။ ေက်ာင္းစာအုပ္မ်ားကို ထယ္ေယာင္းမခ်စ္ပါ။ စာဖတ္သူပီပီသူဟာ အလြန္စိတ္ကူးယဥ္တတ္သူလည္းျဖစ္သည္။
ထယ္ေယာင္းအခ်စ္ဇာတ္လမ္း အမ်ားႀကီးေတြ႔ဖူးတယ္။ ခ်စ္သူရည္းစားၾကားမွာ နားလည္မႈ ေၾကာင့္ ခဏခဏျပသာနာတက္ၾကသည္ကို ေတြ႔ရသည္။ အခ်င္းခ်င္းနားလည္မေပးႏိုင္ၾကဘဲ ခဏခဏျပသာနာတက္ၾကရသည္။ ဒါေၾကာင့္ထယ္ေယာင္းကေတာ့ သူခ်စ္ရတဲ့သူေပၚလာရင္ နားလည္မႈအျပည့္အ၀ေပးဖို႔စဥ္းစားမိသည္။
ယခု ထယ္ေယာင္းတကၠသိုလ္တက္ေနသည္မွာႏွစ္ပတ္ပင္႐ွိၿပီျဖစ္သည္။ ႏွစ္ပတ္အတြင္း ဂ်ီမင္နီးအားအပူကပ္ကာ crushေလးအေၾကာင္းကိုစံုစမ္းခိုင္းထား ေသာေၾကာင့္ အေတာ္ေလးကိုသိေနၿပီျဖစ္သည္။ ဂ်ီမင္ဆိုသည္မွာ လူပုသေလာက္ လ်ွာကေတာ့အေတာ္႐ွည္သည့္လူ ေလ။ဒီေလာက္ကေတာ့သူလုပ္ႏိုင္မွန္းထယ္ေယာင္း သိပါသည္။
ခ်စ္ရသူရဲ႕အေၾကာင္းေတြၾကားရသေလာက္ ေကာင္းတဲ့ဟာေတြလည္း႐ွိသလို၊ဆိုးတဲ့ဟာေတြကလည္း မနည္းေပ။
ခ်စ္ရသူရဲ႕နာမည္ကJeon jungkook.......
ထိုနာမည္ကိုၾကားၾကားခ်င္းစိတ္ထဲမွေပးမိသည့္နာမည္ကjeon...
နာမည္မသိခင္ကေတာ့ေမာင္ဟုတိတ္တခိုးေခၚမိသည္။
ေက်ာင္းဂုဏ္ေဆာင္စံျပေက်ာင္းသားတစ္ဦးဆိုသည့္အတြက္ အံျ့သရကာ ဂုဏ္ယူရေသးသည္။ The whole Kingလို႔သိရေတာ့သိပ္မအံ့ျသမိေပ။ ေမာင္႐ုပ္ရည္က သာမာန္မွမဟုတ္တာ။ဒီေလာက္ေတာ့႐ွိမွာေပါ့။
ေမာင္ သည္သိပ္ကိုေပြသည္လို႔သိရေသးသည္။ သို႔ေသာ္ တစ္ခါမွ ေယာက္်ားေလးအားမတြဲဖူးဘူး ဆိုတာေၾကာင့္ ထိတ္လန္႔မိေပမယ့္ ေပ်ာ္ရေသးသည္။
ေမာင္သည္ LGBTကို မႀကိဳက္ေသာသူဟုသိရေတာ့ ကမာၻၾကီး ပ်က္သလိုေတာင္ပင္။ေမာင့္က္ိုအျပစ္ဆိုရက္ပါ။ထယ္ကိုက အခ်စ္ကံမေကာင္းတာျဖစ္မယ္ေမာင္။
🐰🐯🐰🐯🐰🐯🐰🐯🐰🐯🐰🐯🐰🐯🐰🐯
"ဘာမွအားငယ္မေနနဲ႔ ထယ္ေယာင္း၊သူ႔ထက္အဆတစ္ရာသာတဲ့သူကို႐ွာလို႔ရေသးတယ္။သူနဲ႔တြဲမွပိုစိတ္ပူရေသးတယ္။ဟိုကplayboy နင္က အ တာနဲ႔ေတာ့ ။မျဖစ္ပါဘူးထယ္ေယာင္းရာ"
ထယ္ေယာင္းအားဂ်ီမင္အားေပးေနရသည္။သူ႔ကိုၾကည့္၍ဂ်ီမင္ေတာင္တရားေပါက္ခ်င္လာသည္။ေတာ္ေသးတယ္ငါ့crush ကအျမဲအိပ္ဘဲအိပ္ေနလို႔ဟုပင္ဂ်ီမင္ေတြးမိေသးသည္။
ထယ္ေယာင္းလည္း ေမ်ွာ္လင့္ခ်က္မ႐ွိေသာ အခ်စ္အားအဆံုးသတ္ရန္စဥ္းစားမိသည္။ ထိုအခါမွ အေတြးထဲေပၚေပၚလာတဲ့ မ်က္ႏွာေခ်ာေခ်ာ .......
႐ူးခ်င္လာၿပီ......တကယ္ဘဲ......သူကလူမွဟုတ္ရဲ႕လား၊ဘာကိစၥအဲ့ေလာက္ေတာင္ေခ်ာေနရတာလဲ။
ဒီႏွစ္ပတ္အတြင္းမွာကို ထယ္ေယာင္းေမာင့္အား ေကာင္မေလးသံုးေယာက္ေလာက္ႏွင့္ေတြ႔ခဲ့ဖူးၿပီ။ ေမာင္အလြန္မိန္းမ႐ႈပ္တာကိုလည္းနားနဲ႔မဆန္႔ေအာင္သတင္း မ်ိဳးစံုုၾကားခဲ့ၿပီးၿပီ။ ဒါေတာင္မမုန္းႏိုင္ေသာ ကိုယ့္ကိုယ္ကို လည္းအလြန္အံ့ျသမိသည္။
ထို႔ေနာက္မိန္းကေလးတစ္ေယာက္၏ခါးအားဖက္ကာ မ်က္စိေ႐ွ႕မွျဖတ္ေလ်ွာက္သြားေသာေမာင္ေၾကာင့္....
"ဟုတ္ၿပီ။ ဘာမွမေကာင္းတဲ့သူကိုေမ့လိုက္စို႔"
ထယ္ေယာင္းတိုးတိုးေလးရည္ရြတ္မိသည္။
💔💔💔💔💔💔💔💔💔💔💔💔💔💔💔💔
ထယ္ေယာင္းေက်ာင္းဆင္းေတာ့ အခ်ိန္ပိုင္းအလုပ္ဆီသို႔တန္းလာခဲ့သည္။ ထယ္ေယာင္းတို႔မိသားစုသည္ မဆင္းရဲပါ။သို႔ေသာ္ ကိုယ့္မုန္႔ဖိုးေလာက္ေတာ့ ကိုယ့္ဘာသာ႐ွာခ်င္၍၊ Gucciေၾကာင့္ ဆိုရင္လည္း မမွားေပ၊ cafeေလးတစ္ခုတြင္ ထယ္ေယာင္းအလုပ္လုပ္ပါသည္။
ဒီေန႔မွအလုပ္စဆင္းမည္ျဖစ္၍ အနည္းငယ္ေတာ့ထယ္ေယာင္းစိတ္ပူမ္ပါသည္။ ၿပီးေတာ့ ခါတိုင္းလိုမဟုတ္ဘဲ ဒီေန႔ ေခါင္းေတာင္နည္းနည္းကိုက္ခ်င္ခ်င္...
ဟိုေရာက္ေတာ့ စိတ္ပူေနသည့္အတိုင္းေတာ့ဒုကၡမေရာက္ေပ။ ဒါ့အျပင္ cafeဆိုင္ပိုင္႐ွင္ seokjin hyung ကအလြန္သေဘာေကာင္းေသးသည္။ ထိုအခ်ိန္ထိအရာအာလံုးအဆင္ေျပေနေသးသည္။ သို႔ေသာ္
ဆိုင္သိမ္းခါနီးမွေရာက္လာေသာ ေမ့ပစ္မည္ဟုႀကိမ္း၀ါးထားေသာ crushေလးက ေရာက္လာ၍ အဆင္သိပ္မေျပခ်င္ေတာ့။ သူ႔ကိုျမင္တိုင္းေမ့ပစ္ရမယ္ဆိုေသာအေတြးက၀င္လာေသာေၾကာင့္ လူကေနမေကာင္းခ်င္လာေတာ့။
"ဘာ...ဘာမ်ားသံုးေဆာင္ခ်င္ပါသလဲခင္ဗ်ာ"
ထိန္းေနသည့္ၾကားမွအသံတုန္သြားေသးသည္။ အသံတုန္သြား၍လားမသိ သူကေမာ့ၾကည့္လာသည္။ ေတာက္ပတဲ့မ်က္၀န္းေတြနဲ႔ ေနာက္တစ္ခါဆံုမိေတာ့ လူကေျခမခိုက္ခ်င္ေတာ့။ ေဘးကေန jin hyungကလာပုတ္ကာ ေနမေကာင္းဘူးလားေမးမွ အသိျပန္၀င္ေတာ့သည္။
"ဗ်ာ...မဟုတ္ပါဘူး"လို႔ျငင္းေပမယ့္မမွီလိုက္။ေျချမန္လက္ျမန္hyungရဲ႕လက္ကနဖူးေပၚေရာက္ေနခဲ့ၿပီးၿပီ။ ထို႔ေနာက္ hyungကအလန္႔တၾကား
"ထယ္ေလး...ကိုယ္ေတြဒီေလာက္ပူေနတာကို၊ဘာအဆင္ေျပတာလဲ။ အဲ့ဒါကိုအေစာထဲကမေျပာဘူး။အလုပ္ခ်ိန္ေတာင္ၿပီးေတာ့မယ္၊ဒီကေလးဟာ....သြားသြား...သြားနားေတာ့၊hyungဆက္လုပ္လိုက္မယ္။"
ငါေနမေကာင္းျဖစ္ေနတာဘဲ။
"ရတယ္hyung၊ကြၽန္ေတာ္ဘဲ....."
"မပူနဲ႔၊လစာမျဖတ္ဘူး။ေစာေစာနားေတာ့သြား"
အတင္းနင္လြတ္ေန၍ထိုေနရာမွထြက္လာခဲ့ရသည္။မထြက္လာခင္ၾကားလိုက္ရသည့္ jin hyungရဲ႕အသံေၾကာင့္ အံျသတႀကီးလွည့္ၾကည့္မိလိုက္ေသးသည္။ ထိုစကားမွာ...
"မင္းလည္းအရင္အတိုင္းဘဲမလား...သြားသြားထိုင္ေစာင့္ေန၊လာပို႔ခိုင္းလိုက္မယ္"ဟူေသာေၾကာင့္ ဘာလဲေမာင္ကဒီဆိုင္ကိုလာေနၾကလား ဟုအေတြးေတြ၀င္လာရသည္။
Jinhyungေျပာမွေနမေကာင္းျဖစ္ေနမွန္းသိရေတာ့သည္။ ဒါေၾကာင့္ဒီေန႔တစ္န႔လံုးေခါင္းေတြကိုက္ေနပါတယ္လို႔။ နဂိုထဲကကိုယ္ခံအားနည္းသူျဖစ္၍ အလြန္ဂ႐ုစိုက္ရသည္၊အခုတေလာက ထမင္းလည္းေကာင္းေကာင္းမစားျဖစ္၍ အဖ်ား၀င္လာပံုရသည္။ ပို ဆိုးသည္မွာ ေစာေစာက ေမာင္ႏွင့္အၾကည့္ခ်င္းဆံုမိထားေသာေၾကာင့္ အတင္းခုန္ေနေသာရင္ဘတ္ေၾကာင့္ ေခါင္းကပို၍ကိုက္လာရသည္။ သည္ပံုစံအတိုင္းဆိုသူအိမ္ေတာင္ျပန္ေရာက္ပါ့မလားမသိ....
အားတင္းကာTaxiငွါးလို႔ရမည့္ေနရာအထိ ေလ်ွာက္ရန္ႀကိဳးစားမိသည္။သို႔ေသာ္ အလြန္ထိုးကိုက္ေနေသာေခါင္းေၾကာင့္ တျဖည္းျဖည္းမ်က္လံုးတို႔ပါ ေ၀၀ါးလာရသည္။ ထို႔နာက္ အေမွာင္က်သြားေသာေလာကႀကီး....
🌑🌑🌑🌑🌑🌑🌑🌑🌑🌑🌑🌑🌑🌑🌑🌑
မ်က္လံုးနားသို႔ က်ေရာက္လာေသာ ေနေရာင္ေၾကာင့္ ထယ္ေယာင္းတစ္ဘက္သို႔လွည့္မိသည္။ ထို႔ေနာက္ႏွာေခါင္းထဲသို၀င္လာသာ ကိုယ္သင္းနံ႕ေလးတစ္ခု၊
ထိုအနံ႕ေလးအားသေဘာက်၍ပို၍ ႐ွဴ ႐ႈိက္မိသည္၊ ဖက္ထားေသာ ဖက္လံုးကိုပို၍ တင္းက်ပ္စြာဖက္မိသည္။ ထူးဆန္းလိုက္သည္မွာ သူစိတ္ထင္၍ဘဲလားမသိ ဖက္လံုးက မာေက်ာေနသလို ....
ေခါင္းထဲသို႔မေန႔ကအျဖစ္အပ်က္မ်ား၀င္လာေတာ့ မ်က္လံုးဖြင့္လိုက္မိသည္။ သူ...သူ...အိမ္ကိုဘယ္လိုျပန္ေရာက္ခဲ့တာလဲ။
သိခ်င္ေဇာနဲ႔မ်က္လံုးဖြင့္ၾကည့္မိေတာ့ ေတြ႔လိုက္ရသည္မွာ အလြန္ကိုမွ အခ်ိဳးအစားေျပျပစ္လွသည့္ ခႏၱာကိုယ္တစ္ခု ၊
ထိုကိုယ္အား ထယ္ေယာင္းသည္ ဖက္ထားသလို၊ခြေတာင္ခြထားေသးသည္။ ဒါ...ဒါဘယ္သူ႔ကိုယ္လဲ။ သိခ်င္စိတ္ျဖင့္ ေခါင္းေလးအားေမာ့ၾကည့္လိုက္ေတာ့ ေတြ႔ျမင္လိုက္ရေသာမ်က္ႏွာေၾကာင့္ ထယ္ေယာင္းယခု အေျခအေနအား အိမ္မက္လား၊လက္ေတြ႔လားပင္မကြဲေတာ့။
သူ႔အားငံု႔ကာၾကည့္ေနသူမွာ အျခားသူမဟုတ္၊ သူ၏crush ပင္။
"အဟမ္း...ႏိုးၿပီဆိုရင္လည္းကိုယ့္ကိုဖက္ထားတာလြတ္ေပးဦး"
ၾကားလိုက္ရတဲ့အသံေၾကာင့္ အသိစိတ္ျပန္၀င္လာကာ လြတ္ေပးမိသည္။
"ေတာင္းပန္....ေတာင္းပန္ပါတယ္၊ကြၽန္ေတာ္....႐ုတ္တရက္ႀကီးဆိုေတာ့ေၾကာင္သြားလို႔ပါ၊ "
ေတာင္းပန္ရင္း ေဘးဘက္ကိုၾကည့္မိေတာ့ကြၽန္ေတာ့္အခန္းမဟုတ္။
"ဟို...ဟိုေလ၊ကြၽန္ေတာ္....ညက...ဘယ္လိုလုပ္..."
"Arrrမင္းေမ့လဲေနတာေတြ႔လို႔ ကိုယ္ေခၚလာတာ ၊ဘယ္ကိုပို႔ေပးရမွန္းလဲမသိေတာ့ ကိုယ့္အိမ္ေခၚလာတာ "
"ေက်းဇူးတင္ပါတယ္ဗ်ာ၊ အကို႔ကိုအလုပ္႐ႈပ္ေစမိပီ"
"ရပါတယ္၊အဲ့အတြက္ကိုယ့္ကိုတစ္ခုျပန္လုပ္ေပးေလ"
"ဟုတ္ကဲ့၊ကြၽန္ေတာ္တတ္ႏိုင္ရင္ ႀကိဳးစားၿပီးလုပ္ေပးပါ့မယ္"
"ေကာင္းၿပီေလ၊ chinguလုပ္ေပး"
"ဗ်ာ!"
"အကိုနဲ႔သူငယ္ခ်င္းလုပ္ေပးလို႔ ဘယ္လိုလဲ"
"အာ....ရတာေပါ့"
"ဒါဆိုchinguျဖစ္ၿပီေနာ္"
"Nae"
"အကို႔နာမည္က JeonJungkook"
"KimTaehyung ပါဗ်"
"Okok" လို႔ေျပာၿပီး အကိုက ေရခ်ိဳးခန္းထဲ၀င္သြားေလသည္။
ထယ္ေယာင္းသာ အေပ်ာ္လြန္ၿပီးထကခ်င္စိတ္ကိုထိန္းထားရသည္။
ထယ္ေယာင္း jeonဆိုေသာမူးယစ္ေဆးအား မသိဘဲႏွင့္ jihoonကိုေမ့ခ်င္ေဇာႏွင့္ သံုးစြဲမိသည္။
အလြန္အဆိပ္ျပင္းျဖစ္သည္ကို သိလိုက္ရခ်ိန္တြင္ေတာ့
အရာရာဟာေနာက္က်သြားခဲ့ၿပီ။
သူသည္ထိုမူးယစ္ေဆး အားစြဲလမ္းေနခဲ့ၿပီျဖစ္သည္။
💜💜💜💜💜💜💜💜💜💜💜💜💜💜💜💜
🐰💜🐯
(Unicode ver)
Silent -4
ထယ်ယောင်းသည် စာဖတ်ဝါသနာပါသောသူတစ်ဦးဖြစ်သည်။ Storyတိုင်းကို ထယ်ယောင်းချစ်သည်။ သို့သော် Happy Endingကိုပို၍နှစ်သက်သူလည်းဖြစ်သည်။
(A/N: storyဆိုလို့ပုံပြင်ထင်နေကြဦးမယ်။ဝတ္တုကိုပြောချင်တာပါ)
ထယ်ယောင်းဟာ အစကစာဖတ်ဝါသနာပါသူ တစ်ဦးမဟုတ်ချေ။ ဘာပုံမှမပါသော ထိုစာတွေအများကြီးအား ထယ်ယောင်း အလွန်မှ မုန်းပါသည်။ သို့သော် အထက်တန်းပထမနှစ်မှစ၍ အိမ်မှထယ်ယောင်းအား ဖုန်းကိုင်ခွင့်ကောင်းကောင်းမပေးတော့ချေ ။ကျောင်းပိတ်ရက်များမှသာ ဖုန်းကိုင်ရသည်။ အလွန်ပြင်းဖို့ကောင်းသောထိုအချိန်များတွင် ဘာလုပ်ရမှန်းမသိဖြစ်နေတတ်သည်။ ချစ်သောဂျီမင်နီးရဲ့ အကြံဖြင့် ဘာပုံမှမပါသောထိုစာများအားထယ်ယောင်း ဖတ်ဖြစ်ခဲ့သည်။
ထို့နောက်သိလိုက်ရသည်က ဘာပုံမှမပါသောထိုစာများသည် အလွန်အနစ်သာရရှိသည်ကိုပင် ။ ထို့ကြောင့်ထယ်ယောင်း စာအုပ်တွေကိုချစ်ပါသည်။ ဝတ္တုစာအုပ်များကိုသာ ဆိုလိုခြင်းပင် ။ ကျောင်းစာအုပ်များကို ထယ်ယောင်းမချစ်ပါ။ စာဖတ်သူပီပီသူဟာ အလွန်စိတ်ကူးယဉ်တတ်သူလည်းဖြစ်သည်။
ထယ်ယောင်းအချစ်ဇာတ်လမ်း အများကြီးတွေ့ဖူးတယ်။ ချစ်သူရည်းစားကြားမှာ နားလည်မှု ကြောင့် ခဏခဏပြသာနာတက်ကြသည်ကို တွေ့ရသည်။ အချင်းချင်းနားလည်မပေးနိုင်ကြဘဲ ခဏခဏပြသာနာတက်ကြရသည်။ ဒါကြောင့်ထယ်ယောင်းကတော့ သူချစ်ရတဲ့သူပေါ်လာရင် နားလည်မှုအပြည့်အဝပေးဖို့စဉ်းစားမိသည်။
ယခု ထယ်ယောင်းတက္ကသိုလ်တက်နေသည်မှာနှစ်ပတ်ပင်ရှိပြီဖြစ်သည်။ နှစ်ပတ်အတွင်း ဂျီမင်နီးအားအပူကပ်ကာ crushလေးအကြောင်းကိုစုံစမ်းခိုင်းထား သောကြောင့် အတော်လေးကိုသိနေပြီဖြစ်သည်။ ဂျီမင်ဆိုသည်မှာ လူပုသလောက် လျှာကတော့အတော်ရှည်သည့်လူ လေ။ဒီလောက်ကတော့သူလုပ်နိုင်မှန်းထယ်ယောင်း သိပါသည်။
ချစ်ရသူရဲ့အကြောင်းတွေကြားရသလောက် ကောင်းတဲ့ဟာတွေလည်းရှိသလို၊ဆိုးတဲ့ဟာတွေကလည်း မနည်းပေ။
ချစ်ရသူရဲ့နာမည်ကJeon jungkook.......
ထိုနာမည်ကိုကြားကြားချင်းစိတ်ထဲမှပေးမိသည့်နာမည်ကjeon...
နာမည်မသိခင်ကတော့မောင်ဟုတိတ်တခိုးခေါ်မိသည်။
ကျောင်းဂုဏ်ဆောင်စံပြကျောင်းသားတစ်ဦးဆိုသည့်အတွက် အံြ့သရကာ ဂုဏ်ယူရသေးသည်။ The whole Kingလို့သိရတော့သိပ်မအံ့သြမိပေ။ မောင်ရုပ်ရည်က သာမာန်မှမဟုတ်တာ။ဒီလောက်တော့ရှိမှာပေါ့။
မောင် သည်သိပ်ကိုပွေသည်လို့သိရသေးသည်။ သို့သော် တစ်ခါမှ ယောက်ျားလေးအားမတွဲဖူးဘူး ဆိုတာကြောင့် ထိတ်လန့်မိပေမယ့် ပျော်ရသေးသည်။
မောင်သည် LGBTကို မကြိုက်သောသူဟုသိရတော့ ကမ္ဘာကြီး ပျက်သလိုတောင်ပင်။မောင့်ကိုအပြစ်ဆိုရက်ပါ။ထယ်ကိုက အချစ်ကံမကောင်းတာဖြစ်မယ်မောင်။
🐰🐯🐰🐯🐰🐯🐰🐯🐰🐯🐰🐯🐰🐯🐰🐯
"ဘာမှအားငယ်မနေနဲ့ ထယ်ယောင်း၊သူ့ထက်အဆတစ်ရာသာတဲ့သူကိုရှာလို့ရသေးတယ်။သူနဲ့တွဲမှပိုစိတ်ပူရသေးတယ်။ဟိုကplayboy နင်က အ တာနဲ့တော့ ။မဖြစ်ပါဘူးထယ်ယောင်းရာ"
ထယ်ယောင်းအားဂျီမင်အားပေးနေရသည်။သူ့ကိုကြည့်၍ဂျီမင်တောင်တရားပေါက်ချင်လာသည်။တော်သေးတယ်ငါ့crush ကအမြဲအိပ်ဘဲအိပ်နေလို့ဟုပင်ဂျီမင်တွေးမိသေးသည်။
ထယ်ယောင်းလည်း မျှော်လင့်ချက်မရှိသော အချစ်အားအဆုံးသတ်ရန်စဉ်းစားမိသည်။ ထိုအခါမှ အတွေးထဲပေါ်ပေါ်လာတဲ့ မျက်နှာချောချော .......
ရူးချင်လာပြီ......တကယ်ဘဲ......သူကလူမှဟုတ်ရဲ့လား၊ဘာကိစ္စအဲ့လောက်တောင်ချောနေရတာလဲ။
ဒီနှစ်ပတ်အတွင်းမှာကို ထယ်ယောင်းမောင့်အား ကောင်မလေးသုံးယောက်လောက်နှင့်တွေ့ခဲ့ဖူးပြီ။ မောင်အလွန်မိန်းမရှုပ်တာကိုလည်းနားနဲ့မဆန့်အောင်သတင်း မျိုးစုံကြားခဲ့ပြီးပြီ။ ဒါတောင်မမုန်းနိုင်သော ကိုယ့်ကိုယ်ကို လည်းအလွန်အံ့သြမိသည်။
ထို့နောက်မိန်းကလေးတစ်ယောက်၏ခါးအားဖက်ကာ မျက်စိရှေ့မှဖြတ်လျှောက်သွားသောမောင်ကြောင့်....
"ဟုတ်ပြီ။ ဘာမှမကောင်းတဲ့သူကိုမေ့လိုက်စို့"
ထယ်ယောင်းတိုးတိုးလေးရည်ရွတ်မိသည်။
💔💔💔💔💔💔💔💔💔💔💔💔💔💔💔💔
ထယ်ယောင်းကျောင်းဆင်းတော့ အချိန်ပိုင်းအလုပ်ဆီသို့တန်းလာခဲ့သည်။ ထယ်ယောင်းတို့မိသားစုသည် မဆင်းရဲပါ။သို့သော် ကိုယ့်မုန့်ဖိုးလောက်တော့ ကိုယ့်ဘာသာရှာချင်၍၊ Gucciကြောင့် ဆိုရင်လည်း မမှားပေ၊ cafeလေးတစ်ခုတွင် ထယ်ယောင်းအလုပ်လုပ်ပါသည်။
ဒီနေ့မှအလုပ်စဆင်းမည်ဖြစ်၍ အနည်းငယ်တော့ထယ်ယောင်းစိတ်ပူမ်ပါသည်။ ပြီးတော့ ခါတိုင်းလိုမဟုတ်ဘဲ ဒီနေ့ ခေါင်းတောင်နည်းနည်းကိုက်ချင်ချင်...
ဟိုရောက်တော့ စိတ်ပူနေသည့်အတိုင်းတော့ဒုက္ခမရောက်ပေ။ ဒါ့အပြင် cafeဆိုင်ပိုင်ရှင် seokjin hyung ကအလွန်သဘောကောင်းသေးသည်။ ထိုအချိန်ထိအရာအာလုံးအဆင်ပြေနေသေးသည်။ သို့သော်
ဆိုင်သိမ်းခါနီးမှရောက်လာသော မေ့ပစ်မည်ဟုကြိမ်းဝါးထားသော crushလေးက ရောက်လာ၍ အဆင်သိပ်မပြေချင်တော့။ သူ့ကိုမြင်တိုင်းမေ့ပစ်ရမယ်ဆိုသောအတွေးကဝင်လာသောကြောင့် လူကနေမကောင်းချင်လာတော့။
"ဘာ...ဘာများသုံးဆောင်ချင်ပါသလဲခင်ဗျာ"
ထိန်းနေသည့်ကြားမှအသံတုန်သွားသေးသည်။ အသံတုန်သွား၍လားမသိ သူကမော့ကြည့်လာသည်။ တောက်ပတဲ့မျက်ဝန်းတွေနဲ့ နောက်တစ်ခါဆုံမိတော့ လူကခြေမခိုက်ချင်တော့။ ဘေးကနေ jin hyungကလာပုတ်ကာ နေမကောင်းဘူးလားမေးမှ အသိပြန်ဝင်တော့သည်။
"ဗျာ...မဟုတ်ပါဘူး"လို့ငြင်းပေမယ့်မမှီလိုက်။ခြေမြန်လက်မြန်hyungရဲ့လက်ကနဖူးပေါ်ရောက်နေခဲ့ပြီးပြီ။ ထို့နောက် hyungကအလန့်တကြား
"ထယ်လေး...ကိုယ်တွေဒီလောက်ပူနေတာကို၊ဘာအဆင်ပြေတာလဲ။ အဲ့ဒါကိုအစောထဲကမပြောဘူး။အလုပ်ချိန်တောင်ပြီးတော့မယ်၊ဒီကလေးဟာ....သွားသွား...သွားနားတော့၊hyungဆက်လုပ်လိုက်မယ်။"
ငါနေမကောင်းဖြစ်နေတာဘဲ။
"ရတယ်hyung၊ကျွန်တော်ဘဲ....."
"မပူနဲ့၊လစာမဖြတ်ဘူး။စောစောနားတော့သွား"
အတင်းနင်လွတ်နေ၍ထိုနေရာမှထွက်လာခဲ့ရသည်။မထွက်လာခင်ကြားလိုက်ရသည့် jin hyungရဲ့အသံကြောင့် အံသြတကြီးလှည့်ကြည့်မိလိုက်သေးသည်။ ထိုစကားမှာ...
"မင်းလည်းအရင်အတိုင်းဘဲမလား...သွားသွားထိုင်စောင့်နေ၊လာပို့ခိုင်းလိုက်မယ်"ဟူသောကြောင့် ဘာလဲမောင်ကဒီဆိုင်ကိုလာနေကြလား ဟုအတွေးတွေဝင်လာရသည်။
Jinhyungပြောမှနေမကောင်းဖြစ်နေမှန်းသိရတော့သည်။ ဒါကြောင့်ဒီနေ့တစ်န့လုံးခေါင်းတွေကိုက်နေပါတယ်လို့။ နဂိုထဲကကိုယ်ခံအားနည်းသူဖြစ်၍ အလွန်ဂရုစိုက်ရသည်၊အခုတလောက ထမင်းလည်းကောင်းကောင်းမစားဖြစ်၍ အဖျားဝင်လာပုံရသည်။ ပို ဆိုးသည်မှာ စောစောက မောင်နှင့်အကြည့်ချင်းဆုံမိထားသောကြောင့် အတင်းခုန်နေသောရင်ဘတ်ကြောင့် ခေါင်းကပို၍ကိုက်လာရသည်။ သည်ပုံစံအတိုင်းဆိုသူအိမ်တောင်ပြန်ရောက်ပါ့မလားမသိ....
အားတင်းကာTaxiငှါးလို့ရမည့်နေရာအထိ လျှောက်ရန်ကြိုးစားမိသည်။သို့သော် အလွန်ထိုးကိုက်နေသောခေါင်းကြောင့် တဖြည်းဖြည်းမျက်လုံးတို့ပါ ေ၀ဝါးလာရသည်။ ထို့နာက် အမှောင်ကျသွားသောလောကကြီး....
🌑🌑🌑🌑🌑🌑🌑🌑🌑🌑🌑🌑🌑🌑🌑🌑
မျက်လုံးနားသို့ ကျရောက်လာသော နေရောင်ကြောင့် ထယ်ယောင်းတစ်ဘက်သို့လှည့်မိသည်။ ထို့နောက်နှာခေါင်းထဲသိုဝင်လာသာ ကိုယ်သင်းနံ့လေးတစ်ခု၊
ထိုအနံ့လေးအားသဘောကျ၍ပို၍ ရှူ ရှိုက်မိသည်၊ ဖက်ထားသော ဖက်လုံးကိုပို၍ တင်းကျပ်စွာဖက်မိသည်။ ထူးဆန်းလိုက်သည်မှာ သူစိတ်ထင်၍ဘဲလားမသိ ဖက်လုံးက မာကျောနေသလို ....
ခေါင်းထဲသို့မနေ့ကအဖြစ်အပျက်များဝင်လာတော့ မျက်လုံးဖွင့်လိုက်မိသည်။ သူ...သူ...အိမ်ကိုဘယ်လိုပြန်ရောက်ခဲ့တာလဲ။
သိချင်ဇောနဲ့မျက်လုံးဖွင့်ကြည့်မိတော့ တွေ့လိုက်ရသည်မှာ အလွန်ကိုမှ အချိုးအစားပြေပြစ်လှသည့် ခန္တာကိုယ်တစ်ခု ၊
ထိုကိုယ်အား ထယ်ယောင်းသည် ဖက်ထားသလို၊ခွတောင်ခွထားသေးသည်။ ဒါ...ဒါဘယ်သူ့ကိုယ်လဲ။ သိချင်စိတ်ဖြင့် ခေါင်းလေးအားမော့ကြည့်လိုက်တော့ တွေ့မြင်လိုက်ရသောမျက်နှာကြောင့် ထယ်ယောင်းယခု အခြေအနေအား အိမ်မက်လား၊လက်တွေ့လားပင်မကွဲတော့။
သူ့အားငုံ့ကာကြည့်နေသူမှာ အခြားသူမဟုတ်၊ သူ၏crush ပင်။
"အဟမ်း...နိုးပြီဆိုရင်လည်းကိုယ့်ကိုဖက်ထားတာလွတ်ပေးဦး"
ကြားလိုက်ရတဲ့အသံကြောင့် အသိစိတ်ပြန်ဝင်လာကာ လွတ်ပေးမိသည်။
"တောင်းပန်....တောင်းပန်ပါတယ်၊ကျွန်တော်....ရုတ်တရက်ကြီးဆိုတော့ကြောင်သွားလို့ပါ၊ "
တောင်းပန်ရင်း ဘေးဘက်ကိုကြည့်မိတော့ကျွန်တော့်အခန်းမဟုတ်။
"ဟို...ဟိုလေ၊ကျွန်တော်....ညက...ဘယ်လိုလုပ်..."
"Arrrမင်းမေ့လဲနေတာတွေ့လို့ ကိုယ်ခေါ်လာတာ ၊ဘယ်ကိုပို့ပေးရမှန်းလဲမသိတော့ ကိုယ့်အိမ်ခေါ်လာတာ "
"ကျေးဇူးတင်ပါတယ်ဗျာ၊ အကို့ကိုအလုပ်ရှုပ်စေမိပီ"
"ရပါတယ်၊အဲ့အတွက်ကိုယ့်ကိုတစ်ခုပြန်လုပ်ပေးလေ"
"ဟုတ်ကဲ့၊ကျွန်တော်တတ်နိုင်ရင် ကြိုးစားပြီးလုပ်ပေးပါ့မယ်"
"ကောင်းပြီလေ၊ chinguလုပ်ပေး"
"ဗျာ!"
"အကိုနဲ့သူငယ်ချင်းလုပ်ပေးလို့ ဘယ်လိုလဲ"
"အာ....ရတာပေါ့"
"ဒါဆိုchinguဖြစ်ပြီနော်"
"Nae"
"အကို့နာမည်က JeonJungkook"
"KimTaehyung ပါဗျ"
"Okok" လို့ပြောပြီး အကိုက ရေချိုးခန်းထဲဝင်သွားလေသည်။
ထယ်ယောင်းသာ အပျော်လွန်ပြီးထကချင်စိတ်ကိုထိန်းထားရသည်။
ထယ်ယောင်း jeonဆိုသောမူးယစ်ဆေးအား မသိဘဲနှင့် jihoonကိုမေ့ချင်ဇောနှင့် သုံးစွဲမိသည်။
အလွန်အဆိပ်ပြင်းဖြစ်သည်ကို သိလိုက်ရချိန်တွင်တော့
အရာရာဟာနောက်ကျသွားခဲ့ပြီ။
သူသည်ထိုမူးယစ်ဆေး အားစွဲလမ်းနေခဲ့ပြီဖြစ်သည်။
💜💜💜💜💜💜💜💜💜💜💜💜💜💜💜💜
🐰💜🐯