ေစလိုရာကစာရြက္စာတမ္းေတြကိုလက္ထဲတြင္က်စ္က်စ္ပါ
ေအာင္ဆုပ္ကိုင္ထားၿပီး တစ္ရြက္ၿပီးတစ္ရြက္လွန္ၾကည့္ေနသည္ ။ ေနာက္ဆံုးစာရြက္ကအေျဖကိုသူတအံ့တဩေငးေမာၾကည့္ေနမိ
သည္ ။ လက္တဖဝါးစာေတာင္မျပည့္တျပည့္ေလးျဖစ္ေနသည့္
စကၠဴအပိုင္းအစေလးတစ္ခုကသူ႔ရဲ႕ရင္ကိုလႈပ္ခတ္ေစႏုိင္သည္ ။
"ကေလး ေနာက္ေနတာလား ၊ ဒါေနာက္စရာမဟုတ္ဘူးေနာ္"
စာရြက္ေတြေပၚကစာေၾကာင္းေတြကိုဖတ္ၾကည့္ျခင့္အားျဖင့္ရွင္း
ျပစရာမလိုေလာက္ေအာင္ကိုပင္ရွင္းလင္းေနပါသည္ ။ ေစလိုရာ
အေကာင္ပိစိေလးကိုငံု႔ၾကည့္လိုက္ေတာ့ေခါင္းကိုမေဖာ္ႏိုင္
ေလာက္ေအာင္ အတင္းငံု႔ထားေတာ့သည္ ။
"ကေလး ကုိယ္ေမးေနတယ္ေလ ၊ ဒီစာရြက္ေတြကိုကိုယ္နားလည္
ေပမဲ့ ကေလးကိုေတာ့ကုိယ္နားမလည္ေတာ့ဘူး"
ေခါင္းေမာ့မလာသည့္အေကာင္ပိစိေၾကာင့္ေစလိုရာလက္ႏွစ္ဖက္
ျဖင့္မ်က္ႏွာေလးကိုအသာအယာေမာ့ယူလိုက္သည္ ။ ငိုခ်င္ေန
သည့္စိတ္ကိုထိန္းခ်ဳပ္ထားသည့္ပမာေအာက္ႏႈတ္ခမ္းကိုအေသ
ကိုက္ကာမ်က္လံုးထဲကမ်က္ရည္စေတြေအာက္သို႔မက်ဆင္းႏိုင္
ေအာင္ထိန္းထားသည္ ။
"မငိုပါနဲ႔ ၊ ကုိယ္တကယ္ကိုနားမလည္လို႔ပါ ၊ ကုိယ္နဲ႔ကေလးက
တစ္အိမ္တည္းမွာတစ္ခ်ိန္လံုးအတူတူရွိေနၾကတာေလ ၊ ဘယ္အ
ခ်ိန္ကဘယ္လို ......"
"ဦးကိုစခ်စ္မိတဲ့အခ်ိန္က"
"ဟမ္ ! ဘယ္လို"
"ဦးကိုစခ်စ္မိတဲ့အခ်ိန္က ကေလးအရဲစြန္႔ခဲ့တာ ၊ ဦးလည္း
ေယာက်ာ္းသားတစ္ေယာက္ပဲေလ ၊ တစ္ခ်ိန္ခ်ိန္ေတာ့မိသားစုဆို
တာကိုလိုခ်င္လာမွာပဲ ၊ ဦးေျပာဖူးတယ္ေလ ၊ ဦးရဲ႕မိဘေတြလိုမ်ိဳး
ေပ်ာ္ရႊင္တဲ့မိသားစုဘဝေလးကိုတည္ေဆာက္ခ်င္ခဲ့တယ္ဆို ၊ ၿပီး
ေတာ့ဦးလိုခ်င္တဲ့မိသားစုကိုကေလးကပဲဖန္တီးေပးခ်င္တာ"
"ကေလး ကုိယ္ေျပာမယ္ေနာ္ ၊ မိန္းမေလးတစ္ေယာက္ေတာင္
အရမ္းခက္ခဲတဲ့ကိစၥေတြကို ကေလးဘယ္ေလာက္ေတာင္နာက်င္
ရမလဲ ၊ အဲ့အခ်ိန္ေတြကိုကေလးတစ္ေယာက္တည္းဘယ္လိုျဖတ္
သန္းခဲ့ရမလဲ ၊ ကုိယ့္ကိုဘာလို႔မေျပာခဲ့တာလဲကြာ"
"အဲ့တာေတြကၿပီးခဲ့ပါၿပီ ၊ အခုဦးကလက္ခံမယ္မလားဟင္"
"ဘယ္လိုေမးလိုက္တာလဲကေလးရယ္ ၊ ကေလးေတာင္သိတၱိရွိရွိ
နဲ႔လုပ္ခဲ့ၿပီးမွကုိယ္ကဘာလို႔လက္မခံႏိုင္ရမွာလဲ ၊ ကေလးကိုေလ
ကုိယ္ဘယ္လိုနည္းနဲ႔ေက်းဇူးတင္ရမွန္းေတာင္မသိေတာ့ဘူး"
"ကေလးကိုေက်းဇူးတင္ရင္ ဗိုက္ထဲကဦးရဲ႕ဂ်ဴနီယာေလးကိုပဲ
ပိုခ်စ္ေပး"
မ်က္ရည္ေတြၾကားထဲကေနျပံဳးရယ္ေနသည့္အေကာင္ပိစိေလး၏
မ်က္ႏွာေလးကေစလိုရာ၏ရင္ကိုလႈပ္ခတ္ေစႏိုင္သည္ ။ အခ်ိန္
တိုင္းသူ႔အနားမွာငိုလိုက္ ၊ ဆိုးလိုက္ ၊ ဂ်ီက်လိုက္ ၊ စိတ္ေကာက္
လုိက္နဲ႔ကေလးေလးတစ္ေယာက္လိုေနခဲ့သည့္ သခင္ဆိုသည့္
ေကာင္ေလးကဒီလိုကိစၥႀကီးႀကီးမားမားႀကီးကို ျပဳလုပ္ခဲ့မယ္လို႔
သူလံုးဝထင္မထားခ့ဲပါ ။ သူလည္းအရမ္းကိုေပ်ာ္လြန္းလို႔
မ်က္ရည္စေတြက်ဆင္းလာရသည္ ။ ေဆးစစ္ခ်က္အေျဖစာ
ရြက္မွ Ultrasoundဓာတ္ပံုေလးကိုျဖဳတ္ယူလိုက္ၿပီးသူအၾကာ
ႀကီးစိုက္ၾကည့္ေနမိသည္ ။
"ဒီေသးေသးေလးက ကုိယ့္ကေလးေလးတဲ့လား"
"အင္း ေသးေသးေလးပဲရွိေသးတာ"
"အဲ့ဒါေၾကာင့္ကေလးအရင္ကနဲ႔မတူေျပာင္းလဲေနတာကို"
"အင္း ကေလးလည္းသတိမထားခဲ့မိဘူး ၊ အဲ့ေန႔ကဆရာဝန္ညႊန္
ၾကားထားတဲ့ေဆးလည္းေသာက္ထားေတာ့မဟုတ္ဘူးပဲထင္ခဲ့
တာ"
"ကေလးရဲ႕မိဘေတြသိလား"
"ဟင့္အင္း"
"စိတ္မပူနဲ႔ ၊ ကေလးေဘးနားမွာကုိယ္ရွိတယ္ ၊ ကုိယ္ကာကြယ္ေပး
မယ္ ၊ ကုိယ္တို႔တစ္ရက္ေလာက္ဆရာဝန္နဲ႔သြားေတြ႕ရေအာင္ ေနာ္ ၊ အဲ့တာမွကုိယ္လည္းေဆာင္ရန္ ေရွာင္ရိ္ေတြသိရမွာေပါ့"
"အင္းပါ ၊ မာမီနဲ႔ဒယ္ဒီ့ကိုေျပာျပဖို႔က ....."
"ကေလး ကုိယ္တို႔လက္ထပ္ၾကရေအာင္"
"ဟင္ ! ခ်က္ခ်င္းႀကီးလား"
အေကာင္ပိစိရဲ႕လက္ကိုဆြဲၿပီးေအာက္ထပ္သို႔ဆင္းလာသည္ ။
ေစလိုရာကေမဆူးခက္နဲ႔မင္းေစႏိုင္အေရွ႕တြင္ဒူးေထာက္ထိုင္ခ်
လိုက္သည္ ။ အေကာင္ပိစိကလည္းေစလိုရာ၏ေဘးတြင္ဒူး
ေထာက္ထိုင္လိုက္သည္ ။
"ဟဲ့ ဟဲ့ အဲ့ဒါဘာလုပ္တာလဲ"
"ကြ်န္ေတာ္ကေလးကိုလက္ထပ္ပါရေစ ၊ လက္ထပ္ခြင့္ျပဳပါ ၊ မနက္ျဖန္ရံုတက္လက္မွတ္ထိုးခ်င္ပါတယ္"
"ေဟ့ေကာင္ မင္းအလ်င္လိုလွခ်ည္လား ၊ ဘာေတြျဖစ္ေနတာလဲ"
"ကေလးမွာ ကေလးမွာ ...... ကြ်န္ေတာ္နဲ႔ရတဲ့ကုိယ္ဝန္ရွိေနၿပီ"
မ်က္လံုးစံုမွတ္ၿပီးေစလိုရာကေျပာသလို ေဘးနားကအေကာင္ပိစိ
ေလးကလည္းေစလိုရာရဲ႕လက္ေမာင္းကိုက်စ္က်စ္ပါေအာင္ဆုပ္
ကိုင္ထားသည္ ။ သို႔ေသာ္ ေမဆူးခက္နဲ႔မင္းေစႏိုင္ထံမွရယ္သံ
မ်ားသာထြက္က်လာေလသည္ ။
"မင္းကြာ အေၾကာင္းျပခ်က္ကလည္းကြာ ၊ သြား လာေနာက္မေန
နဲ႔"
ေစလိုရာကေဆးစစ္ခ်က္စာရြက္စာတမ္းေတြကိုစားပြဲေပၚတင္ေပး
လိုက္ေတာ့ေမဆူးခက္ကယူ၍ဖတ္ၾကည့္လိုကိသည္ ။ ခဏ
အၾကာ ေမဆူးခက္ထံမွအာေမဋိတ္သံထြက္လာသည္ ။
"ဘုရားေရ ! ဒါ .... ဒါက ..... ဘယ္လိုျဖစ္ရတာလဲ ၊ အစ္ကို ဖတ္
ၾကည့္ပါဦး"
ေမဆူးခက္လွမ္းေပးသည့္စာရြက္ကိုမင္းေစႏိုင္ကယူ၍ဖတ္ၾကည့္
လိုက္သည္ ။ ေမဆူးခက္သည္ဘာဆိုဘာမွမေျပာႏိုင္ဘဲမိမိ၏
ရင္ဘက္ကိုသာလက္တစ္ဖက္ျဖင့္ဖိထားရင္းၿငိမ္ေနသည္ ။
"ဒါ ..... သခင္ ဒါကဘယ္လိုျဖစ္တာလဲ ၊ ဒီထဲမွာေရးထားတာေတြ
ကတကယ္ပဲလား"
"ဟုတ္ ..... ဟုတ္ပါတယ္ဒယ္ဒီ"
"မင္း ! ငါမင္းတို႔ကိုခြင့္ျပဳထားတာနဲ႔တင္လြန္လွၿပီကြ ၊ အခုကိစၥက
ဘယ္ေလာက္ေတာင္ရွက္ဖို႔ေကာင္းလိုက္မလဲ ၊ ေယာက်ာ္းတစ္
ေယာက္ကဗိုက္ႀကီးရတယ္လို႔ ၊ မင္းဒီေလာက္အထိေပးဆပ္ရ
ေလာက္ေအာင္ ဒီအေကာင္ကဘာမို႔လို႔လဲ"
"သား ..... သားခ်စ္လို႔ပါဒယ္ဒီ ၊ ဦးတစ္ေယာက္တည္းမဟုတ္ပါ
ဘူး ၊ သားလည္းမိသားစုဘဝကိုပိုင္ဆိုင္ခ်င္လို႔ပါ"
"မင္း ! ငါေမြးထားတာေယာက်ာ္းေလးကြ ေယာက်ာ္းေလး ၊ မင္း
ဒီလိုကိစၥမ်ိဳးကိုလုပ္ရေအာင္မင္းမွာမိဘေတြမရွိလို႔လား ၊ ေစာက္
သံုးမက်တဲ့အေကာင္"
မင္းေစႏိုင္ေဒါသထြက္လာေတာ့ လက္ကလည္းပါလာသည္ ။
မင္းေစႏိုင္ရိုက္ခ်လိုက္သည္ကိုေစလိုရာကဝင္ခံလိုက္သည္ ။
"ဦး !"
"ကေလးကိုမရိုက္ပါနဲ႔ ၊ ငါ့ကိုပဲရိုက္ပါ ၊ ငါအသံုးမက်လို႔ပါ ၊ အတူ
ေနၿပီးဘာဆိုဘာမွမသိလိုက္တဲ့ငါ့ေၾကာင့္ပါ"
"အစ္ကိုရယ္ ေတာ္ပါေတာ့ ၊ ျဖစ္ၿပီးတာေတြလည္းျဖစ္ၿပီးေနပါၿပီ ၊ ညီမတို႔ေအးေဆးစဥ္းစားၾကရေအာင္ ေနာ္"
အေကာင္ပိစိေလးကငိုၿပီးအိမ္အျပင္ေျပးထြက္သြားသည္ ။ ေမဆူးခက္ကျပႆနာေတြပိုႀကီးလာမွာစိုးလို႔ မင္းေစႏိုင္ကဆြဲ
ေခၚကာအေပၚထပ္သို႔ေခၚသြားသည္ ။ ေစလိုရာကအေကာင္ပိစိ
ေလးအေနာက္ကိုေျပးလိုက္ရသည္ ။ ျခံထဲဒန္းေပၚတြင္ထိုင္ၿပီးငို
ေနသည့္အေကာင္ပိစိေလးေဘးနားသို႔ေလၽွာက္သြားလိုက္သည္ ။
"ကေလး ကုိယ္ ....."
ေစလိုရာကိုစကားဆက္ေျပာခြင့္မေပးဘဲ ေစလိုရာ၏ရင္ခြင္ထဲသို႔
အတင္းတိုးဝင္လာသည္ ။ ရင္ခြင္ထဲတြင္အားပါးတရငိုေနသည့္
အေကာင္ပိစိေလးရဲ႕ေက်ာျပင္ေလးကိုအသာအယာပြတ္သပ္ေပးရင္းသူသည္လည္းမ်က္ရည္စေတြက်ဆင္းေနသည္ ။
"အဆင္ေျပသြားမွာပါ အဆင္ေျပသြားမွာ ၊ ကုိယ္တို႔ကေလးေလး
ကကုိယ္တို႔ကိုအဆင္ေျပေစမွာပါ ၊ ကုိယ္တို႔ကေလးေလးနဲ႔ပတ္
သက္တာေတြကိုေသခ်ာေလ့လာၾကမယ္ ၊ ဆရာဝန္ေတြေျပာတာ
ကိုေသခ်ာလိုက္နာၾကမယ္ ၊ မိဘေတြၾကည္ျဖဴလာေအာင္ေနထိုင္
ၾကမယ္ ၊ ကေလးေလးရဲ႕အေရွ႕မွာကုိယ္တို႔ရဲရဲရင့္ရင့္ရပ္တည္ၾက
မယ္ ၊ အရာအားလံုးအဆင္ေျပသြားမွာပါ"
"အစ္ကိုေတြ႕လား ၊ သားအတြက္ေစလိုရာကအားအင္တစ္ခုပဲ ၊ ေစလိုရာ့အတြက္ေၾကာင့္ဒီလုိကိစၥႀကီးႀကီးမားမားႀကီးကိုသူ
ျဖတ္ေက်ာ္လာႏိုင္တယ္ ၊ ညီမကေမြးထုတ္ထားတဲ့မိခင္ပါအစ္ကို ၊ ညီမေမြးထားတဲ့သားေယာက်ာ္းေလးကကုိယ္ဝန္ေဆာင္ႏိုင္ေအာင္
ျပဳလုပ္ထားတာညီမရင္ထဲအသည္းထဲကပါနာလြန္းလို႔ေသမတတ္ပါပဲ ၊ ဒါေပမဲ့ ညီမသားေလးကိုေပ်ာ္ေစခ်င္တယ္ ၊ အခုညီမတို႔ ေျမးေလးကသားဗိုက္ထဲမွာရွိေနၿပီေလ ၊ ညီမသားကိုကုိယ္ဝန္ ေဆာင္တုန္းကအစ္ကိုဘယ္ေလာက္ေတာင္ေပ်ာ္ေနလိုက္လဲ ၊ အခုေစလိုရာလည္းအဲ့လိုပဲျဖစ္ေနမွာေပါ့ ၊ သူလည္းေပ်ာ္ခ်င္မွာ
ေပါ့ ၊ ညီမလည္းရင္ေတြနာလြန္းလို႔ေသမတတ္ပါပဲအစ္ကိုရယ္ ၊ ဒါေပမဲ့သားေလးေပ်ာ္ဖို႔ေလ သားေလးေပ်ာ္ဖို႔ညီမတို႔ကပံ့ပိုးေပးရ မွာေပါ့ မဟုတ္ဘူးလားအစ္ကို"
သူတို႔ႏွစ္ေယာက္ကိုအေပၚထပ္ျပတင္းေပါက္ကေနလွမ္းၾကည့္ရင္း
ေမဆူးခက္ကမင္းေစႏိုင္စိတ္ေလ်ာ့ႏိုင္ေအာင္ေျပာျပေပးေနသည္ ။ ဒန္းေပၚတြင္ထိုင္ၿပီးငိုေနသည့္အေကာင္ပိစိေလးကိုရယ္လာ
ေအာင္ေစလိုရာကလုပ္ႏိုင္စြမ္းရွိသည္ ။ ခုဏကငိုေနသည့္သူတို႔
သားငယ္ေလးကအခုေတာ့သူတို႔မ်က္စိေရွ႕တင္ျပံဳးရယ္လို႔ေန
သည္ ။ သူတို႔သားအတြက္ေစလိုရာကတကယ္ကိုဖူးစားဖက္ပင္
ျဖစ္ေနပါၿပီလားဆုိတာ ....... ။
ရက္အနည္းငယ္ခန္႔ၾကာသည္အထိ ေမဆူးခက္နဲ႔မင္းေစႏိုင္တို႔နဲ႔
စကားေသခ်ာမေျပာျဖစ္ၾက ။ အေမာင္ဗိုက္ကေလးကိုေတာ့
ေစလိုရာကေက်ာင္းပို႔ေက်ာင္းႀကိဳမလစ္ဟင္းေစဘဲတာဝန္ယူ
လိုက္သည္ ။ အားလပ္သည့္အခ်ိန္မ်ားတြင္ကုိယ္ဝန္ေဆာင္က်န္း
မာေရးနဲ႔ပက္သက္သည့္စာအုပ္ေတြကိုထိုင္ဖတ္သည္ ။ အေမာင္
ဗိုက္အတန္းၿပီးခ်ိန္ကိုေစာင့္ေနစဥ္တြင္လည္းစာအုပ္ကိုလက္ထဲကမခ်ဖတ္ရင္းေစာင့္သည္ ။
"ကဲ လာ ထိုင္ၾကဦး"
ႏွစ္ေယာက္လံုးအိမ္ျပန္ေရာက္ေတာ့ေမဆူးခက္နဲ႔မင္းေစႏိုင္က
ဧည့္ခန္းထဲတြင္ထိုင္ေစာင့္ေနၾကသည္ ။ အေမာင္ဗိုက္ကေလးနဲ႔
ေစလိုရာကမ်က္ႏွာခ်င္းဆိုင္တြင္ဝင္ထိုင္လိုက္သည္ ။
"သား မာမီေမးတာအမွန္အတိုင္းေျဖေနာ္ ၊ မာမီလိမ္တာမႀကိဳက္
ဘူးေနာ္"
"ဟုတ္"
"သားဘယ္ကပိုက္ဆံနဲ႔ဒီလိုကိစၥမ်ိဳးကိုလုပ္တာလဲ"
"အဲ့တာက အဲ့တာက ဟို ..... မမသက္နဲ႔"
"ငါထင္တယ္ ထင္လိုက္တယ္ ၊ ဒီအပ်ိဳႀကီးကေလအလိုလိုက္တာ
ကလြန္ကိုလြန္လြန္းတယ္"
မမသက္ဆိုသည္မွာ မင္းေစႏိုင္၏ညီမေဒၚသက္သဇင္ပင္ျဖစ္
သည္ ။ အေမာင္ဗိုက္ကိုအခ်စ္ဆံုးနဲ႔အလိုလိုက္ဆံုးသူတစ္
ေယာက္ဆိုလၽွုင္လည္းမွန္သည္ ။ အပ်ိဳႀကီးဆုိေပမဲ့ေခတ္နဲ႔အညီ
ေနႏိုင္လြန္းၿပီးႏုဖတ္ေနလြန္းလို႔အေမာင္ဗိုက္ကေလးကသူမကိုမမသက္လို႔သာေခၚသည္ ။
"သားဒီကိစၥကိုမိဘေတြကိုမေျပာတာကိုေတာ့မာမီတို႔စိတ္ဆိုးတယ္ ၊ ဒါေပမဲ့ ျပန္ျပင္လို႔လည္းမရေတာ့ဘူး ၊ ဒီလိုကိစၥမ်ိဳးေတြကိုသား
ကုိယ္ပိုင္ဆံုးျဖတ္ခ်က္နဲ႔လုပ္တာပထမဦးဆံုးအႀကိမ္နဲ႔ေနာက္ဆံုး
အႀကိမ္ျဖစ္ပါေစ ၊ ေစလိုရာ မနက္ျဖန္လက္မွတ္ထိုးလိုက္ၾက
ေတာ့ ၊ ဗိုက္ကတျဖည္းျဖည္းနဲ႔ထြက္လာလိမ့္မယ္"
"ေစလိုရာ တစ္ခ်ိန္ကမင္းကငါ့သူငယ္ခ်င္းဆိုေပမဲ့ အခုေတာ့ငါ့
သားရဲ႕ခင္ပြန္းတစ္ေယာက္ျဖစ္လာခဲ့တယ္ ၊ မင္းကိုငါအရမ္းေဒါ
သထြက္လြန္းလို႔သတ္ေတာင္သတ္ပစ္ခ်င္ေနတာ ၊ ငါ့သားကိုဂရု
စိုက္ေနာ္ ၊ ငါ့သားမ်က္ရည္တစ္စက္က်တာနဲ႔မင္းေသဖို႔က်င္းတူး
ထားလိုက္ေတာ့"
"ေက်းဇူးတင္ပါတယ္သူငယ္ခ်င္းတို႔ရာ ၊ အခုေတာ့ေယာကၡမေတြ
ေပါ့ ၊ တကယ္ကိုေက်းဇူးတင္ပါတယ္ ၊ ကေလးကိုငါေသခ်ာဂရု
စိုက္မွာပါကြာ ၊ စိတ္ခ်ၾကပါ"
ေစလိုရာတစ္ေယာက္ေပ်ာ္လြန္းလို႔ေယာကၡမသူငယ္ခ်င္းႏွစ္
ေယာက္ကိုအတင္းအၾကပ္ဖက္ထားေလေတာ့သည္ ။ ရုတ္တ
ရက္အေနာက္ကေနငိုသံႀကီးထြက္လာေလသည္ ။ တရားခံမွာ
အေမာင္ဗိုက္ ။
"ကေလး ဘာလို႔ငိုတာလဲ"
"ေပ်ာ္လို႔ ေပ်ာ္လို႔ အူးဝါး ၊ မာမီနဲ႔ဒယ္ဒီကိုခ်စ္လို႔ အူးဝါး ၊ မာမီနဲ႔
ဒယ္ဒီကသားကိုအဲ့ေလာက္ခ်စ္တယ္ဆိုတာသိလိုက္ရလို႔ အူးဝါး"
"သားမငိုရဘူး ၊ သားငိုရင္ဗိုက္ထဲကကေလးေလးရုပ္ဆိုးေလး
ေမြးလာလိမ့္မယ္"
"ဟင္ ! ဟုတ္လား"
ေမတၱာတရားကအေတာ္ကိုႀကီးမားေပသည္ ။ ထိုစကားေလး
တစ္ခြန္းတည္းျဖင့္မ်က္ရည္ေတြပိုးပိုးေပါက္ေပါက္က်ေနေသာ
အေမာင္ဗိုက္ကိုခ်က္ခ်င္းအငိုတိတ္သြားေစသည္ ။ မ်က္လံုး
ဝိုင္းဝိုင္းေလးေတြနဲ႔တကယ္လားဆိုတဲ့အၾကည့္မ်ိဳးျဖင့္ၾကည့္ကာ
ေမးေနသည့္အေမာင္ဗိုက္ေၾကာင့္မိဘႏွစ္ပါးလံုးရယ္ေမာမိၾက
သည္ ။
တရားရံုးတက္လက္မွတ္ထိုးသည့္အခါ ေစလိုရာဘက္မွရန္ႏုိင္က
အသိသက္ေသအျဖစ္ေနေပးၿပီး ဂ်ဴလီကအေမာင္ဗိုက္ဘက္မွ
အသိသက္ေသအျဖစ္ေနေပးသည္ ။ ေစလိုရာလက္မွတ္မထိုးဘဲ အေမာင္ဗိုက္လက္မွတ္ထိုးေနသည္ကိုေစလိုရာကေသခ်ာထိုင္
ၾကည့္ေနလို႔မင္းေစႏုိင္ကလက္နဲ႔တို႔ၿပီးသတိေပးလိုက္ရေသး
သည္ ။
"သား က်န္းမာေရးကိုဂရုစိုက္ေနာ္ ၊ မာမီတစ္လတစ္ခါေတာ့သား
ဆီကိုလာခဲ့မယ္ ၊ အိမ္မွာႀကီးႀကီးသစ္ကိုထားေပးခဲ့တယ္ ၊ အပူ
အစပ္ေတြအမ်ားႀကီးမစားရဘူးေနာ္ ၊ ေစလိုရာကလည္း
ေမာင္ဗိုက္ကိုအလိုမလိုက္နဲ႔ ၊ အပူအစပ္ေတြအရမ္းစားရင္ေမြးလာ
မယ့္ကေလးေလးကရုပ္ဆိုးေလးျဖစ္ေနလိမ့္မယ္ေနာ္"
"ဟုတ္ မာမီ ၊ သားကုိယ္သားဂရုစိုက္ႏိုင္ပါတယ္ ၊ မာမီတို႔လည္း
ျပန္ေရာက္ၿပီဆိုဖုန္းဆက္ၾကဦးေနာ္"
"ေအးပါ ဆက္မွာပါ"
မင္းေစႏိုင္ကလက္ႏွစ္ဖက္ဆန္႔တန္းေပးေတာ့ဖခင္ရဲ႕ရင္ခြင္ထဲကို
တန္းေနေအာင္ေျပးဝင္သြားေလသည္ ။
"ဂရုစိုက္ေနာ္သား ၊ ဒယ္ဒီလည္းမာမီနဲ႔အတူတစ္လတစ္ေခါက္
ေရာက္ေအာင္လာခဲ့မယ္"
ရင္ခြင္ထဲကေနေမာ့ၾကည့္ေနတဲ့အေကာင္ပိစိေလးရဲ႕နဖူးကိုနမ္း
လိုက္ၿပီးေစလိုရာဆီကိုအၾကည့္ေရာက္သြားသည္ ။
"ဟိုေကာင္ ငါေျပာထားတာမွတ္မိတယ္ေနာ္"
"ေအးပါကြာ အဲ ကန္ေတာ့ ကန္ေတာ့ ဟုတ္ကဲ့ပါ"
ကားအနက္ေရာင္ေလးလမ္းထဲကေနထြက္သြားသည္အထိမ်က္စိ
တဆံုးၾကည့္ၿပီးမွအိမ္ထဲသို႔ျပန္ဝင္လာခဲ့ၾကသည္ ။ အရင္က
ေစလိုရာအခန္းကိုပဲပစၥည္းအသစ္ေတြနဲ႔ျပန္ျပဳျပင္ထားသည္ ။
အေမာင္ဗိုက္ လရင့္လာရင္အတက္အဆင္းမလုပ္ေစခ်င္လို႔
ေအာက္ထပ္တြင္သာေနရန္ဆံုးျဖတ္လိုက္သည္ ။
"ဦးေရ ဗိုက္ထဲကဦးရဲ႕ဂ်ဴနီယာေလးကကန္စြန္းဥျပဳတ္စားခ်င္
တယ္တဲ့"
အေမာင္ဗိုက္၏မ်က္ႏွာကစပ္ၿဖီးၿဖီးနဲ႔ ။ မိဘေတြေတာင္ရန္ကုန္
ၿမိဳ႕ထဲကထြက္ဦးမည္မထင္ေသး ။ အေမာင္ဗိုက္ကဗီဇျပလာ
သည္ ။ အေျပာေတြကပ်ားသကာလို႔ခ်ိဳေနေတာ့ ကားေသာ့ဆြဲ
ယူၿပီးအိမ္ကေနခ်က္ခ်င္းထြက္သြားေလသည္ ။
ေရွ႕ေလၽွာက္ဦးေစလိုရာေတာ့ ကြ်တ္ ကြ်တ္ ကြ်တ္ ...... ။
ဆက္ရန္ 💛
သေဘာက်ၾကရဲ႕လားမသိဘူး
ဗိုက္ကေလးတကားကားနဲ႔အေကာင္ပိစိေလးကိုမ်က္လံုးထဲျမင္
ေယာင္ၿပီးပိုခ်စ္ေပးၾကပါလို႔
အတတ္ႏိုင္ဆံုးေကာင္းေအာင္ႀကိဳးစားၿပီးေရးထားပါတယ္
ဗီလိန္မမကလည္းလာဦးမည္တဲ့ဗ်ာ
မၾကာမီ လာမည္ ေမၽွာ္ေပါ့ေနာ္ ......
27 . 8 . 2019
10 : 9 PM
Have a nice dream❤
Waiting your votes & comments❤
Love you all❤
[Unicode]
စေလိုရာကစာရွက်စာတမ်းတွေကိုလက်ထဲတွင်ကျစ်ကျစ်ပါ
အောင်ဆုပ်ကိုင်ထားပြီး တစ်ရွက်ပြီးတစ်ရွက်လှန်ကြည့်နေသည် ။ နောက်ဆုံးစာရွက်ကအဖြေကိုသူတအံ့တဩငေးမောကြည့်နေမိ
သည် ။ လက်တဖဝါးစာတောင်မပြည့်တပြည့်လေးဖြစ်နေသည့်
စက္ကူအပိုင်းအစလေးတစ်ခုကသူ့ရဲ့ရင်ကိုလှုပ်ခတ်စေနိုင်သည် ။
"ကလေး နောက်နေတာလား ၊ ဒါနောက်စရာမဟုတ်ဘူးနော်"
စာရွက်တွေပေါ်ကစာကြောင်းတွေကိုဖတ်ကြည့်ခြင့်အားဖြင့်ရှင်း
ပြစရာမလိုလောက်အောင်ကိုပင်ရှင်းလင်းနေပါသည် ။ စေလိုရာ
အကောင်ပိစိလေးကိုငုံ့ကြည့်လိုက်တော့ခေါင်းကိုမဖော်နိုင်
လောက်အောင် အတင်းငုံ့ထားတော့သည် ။
"ကလေး ကိုယ်မေးနေတယ်လေ ၊ ဒီစာရွက်တွေကိုကိုယ်နားလည်
ပေမဲ့ ကလေးကိုတော့ကိုယ်နားမလည်တော့ဘူး"
ခေါင်းမော့မလာသည့်အကောင်ပိစိကြောင့်စေလိုရာလက်နှစ်ဖက်
ဖြင့်မျက်နှာလေးကိုအသာအယာမော့ယူလိုက်သည် ။ ငိုချင်နေ
သည့်စိတ်ကိုထိန်းချုပ်ထားသည့်ပမာအောက်နှုတ်ခမ်းကိုအသေ
ကိုက်ကာမျက်လုံးထဲကမျက်ရည်စတွေအောက်သို့မကျဆင်းနိုင်
အောင်ထိန်းထားသည် ။
"မငိုပါနဲ့ ၊ ကိုယ်တကယ်ကိုနားမလည်လို့ပါ ၊ ကိုယ်နဲ့ကလေးက
တစ်အိမ်တည်းမှာတစ်ချိန်လုံးအတူတူရှိနေကြတာလေ ၊ ဘယ်အ
ချိန်ကဘယ်လို ......"
"ဦးကိုစချစ်မိတဲ့အချိန်က"
"ဟမ် ! ဘယ်လို"
"ဦးကိုစချစ်မိတဲ့အချိန်က ကလေးအရဲစွန့်ခဲ့တာ ၊ ဦးလည်း
ယောကျာ်းသားတစ်ယောက်ပဲလေ ၊ တစ်ချိန်ချိန်တော့မိသားစုဆို
တာကိုလိုချင်လာမှာပဲ ၊ ဦးပြောဖူးတယ်လေ ၊ ဦးရဲ့မိဘတွေလိုမျိုး
ပျော်ရွှင်တဲ့မိသားစုဘဝလေးကိုတည်ဆောက်ချင်ခဲ့တယ်ဆို ၊ ပြီး
တော့ဦးလိုချင်တဲ့မိသားစုကိုကလေးကပဲဖန်တီးပေးချင်တာ"
"ကလေး ကိုယ်ပြောမယ်နော် ၊ မိန်းမလေးတစ်ယောက်တောင်
အရမ်းခက်ခဲတဲ့ကိစ္စတွေကို ကလေးဘယ်လောက်တောင်နာကျင်
ရမလဲ ၊ အဲ့အချိန်တွေကိုကလေးတစ်ယောက်တည်းဘယ်လိုဖြတ်
သန်းခဲ့ရမလဲ ၊ ကိုယ့်ကိုဘာလို့မပြောခဲ့တာလဲကွာ"
"အဲ့တာတွေကပြီးခဲ့ပါပြီ ၊ အခုဦးကလက်ခံမယ်မလားဟင်"
"ဘယ်လိုမေးလိုက်တာလဲကလေးရယ် ၊ ကလေးတောင်သိတ္တိရှိရှိ
နဲ့လုပ်ခဲ့ပြီးမှကိုယ်ကဘာလို့လက်မခံနိုင်ရမှာလဲ ၊ ကလေးကိုလေ
ကိုယ်ဘယ်လိုနည်းနဲ့ကျေးဇူးတင်ရမှန်းတောင်မသိတော့ဘူး"
"ကလေးကိုကျေးဇူးတင်ရင် ဗိုက်ထဲကဦးရဲ့ဂျူနီယာလေးကိုပဲ
ပိုချစ်ပေး"
မျက်ရည်တွေကြားထဲကနေပြုံးရယ်နေသည့်အကောင်ပိစိလေး၏
မျက်နှာလေးကစေလိုရာ၏ရင်ကိုလှုပ်ခတ်စေနိုင်သည် ။ အချိန်
တိုင်းသူ့အနားမှာငိုလိုက် ၊ ဆိုးလိုက် ၊ ဂျီကျလိုက် ၊ စိတ်ကောက်
လိုက်နဲ့ကလေးလေးတစ်ယောက်လိုနေခဲ့သည့် သခင်ဆိုသည့်
ကောင်လေးကဒီလိုကိစ္စကြီးကြီးမားမားကြီးကို ပြုလုပ်ခဲ့မယ်လို့
သူလုံးဝထင်မထားခဲ့ပါ ။ သူလည်းအရမ်းကိုပျော်လွန်းလို့
မျက်ရည်စတွေကျဆင်းလာရသည် ။ ဆေးစစ်ချက်အဖြေစာ
ရွက်မှ Ultrasoundဓာတ်ပုံလေးကိုဖြုတ်ယူလိုက်ပြီးသူအကြာ
ကြီးစိုက်ကြည့်နေမိသည် ။
"ဒီသေးသေးလေးက ကိုယ့်ကလေးလေးတဲ့လား"
"အင်း သေးသေးလေးပဲရှိသေးတာ"
"အဲ့ဒါကြောင့်ကလေးအရင်ကနဲ့မတူပြောင်းလဲနေတာကို"
"အင်း ကလေးလည်းသတိမထားခဲ့မိဘူး ၊ အဲ့နေ့ကဆရာဝန်ညွှန်
ကြားထားတဲ့ဆေးလည်းသောက်ထားတော့မဟုတ်ဘူးပဲထင်ခဲ့
တာ"
"ကလေးရဲ့မိဘတွေသိလား"
"ဟင့်အင်း"
"စိတ်မပူနဲ့ ၊ ကလေးဘေးနားမှာကိုယ်ရှိတယ် ၊ ကိုယ်ကာကွယ်ပေး
မယ် ၊ ကိုယ်တို့တစ်ရက်လောက်ဆရာဝန်နဲ့သွားတွေ့ရအောင် နော် ၊ အဲ့တာမှကိုယ်လည်းဆောင်ရန် ရှောင်ရိတွေသိရမှာပေါ့"
"အင်းပါ ၊ မာမီနဲ့ဒယ်ဒီ့ကိုပြောပြဖို့က ....."
"ကလေး ကိုယ်တို့လက်ထပ်ကြရအောင်"
"ဟင် ! ချက်ချင်းကြီးလား"
အကောင်ပိစိရဲ့လက်ကိုဆွဲပြီးအောက်ထပ်သို့ဆင်းလာသည် ။
စေလိုရာကမေဆူးခက်နဲ့မင်းစေနိုင်အရှေ့တွင်ဒူးထောက်ထိုင်ချ
လိုက်သည် ။ အကောင်ပိစိကလည်းစေလိုရာ၏ဘေးတွင်ဒူး
ထောက်ထိုင်လိုက်သည် ။
"ဟဲ့ ဟဲ့ အဲ့ဒါဘာလုပ်တာလဲ"
"ကျွန်တော်ကလေးကိုလက်ထပ်ပါရစေ ၊ လက်ထပ်ခွင့်ပြုပါ ၊ မနက်ဖြန်ရုံတက်လက်မှတ်ထိုးချင်ပါတယ်"
"ဟေ့ကောင် မင်းအလျင်လိုလှချည်လား ၊ ဘာတွေဖြစ်နေတာလဲ"
"ကလေးမှာ ကလေးမှာ ...... ကျွန်တော်နဲ့ရတဲ့ကိုယ်ဝန်ရှိနေပြီ"
မျက်လုံးစုံမှတ်ပြီးစေလိုရာကပြောသလို ဘေးနားကအကောင်ပိစိ
လေးကလည်းစေလိုရာရဲ့လက်မောင်းကိုကျစ်ကျစ်ပါအောင်ဆုပ်
ကိုင်ထားသည် ။ သို့သော် မေဆူးခက်နဲ့မင်းစေနိုင်ထံမှရယ်သံ
များသာထွက်ကျလာလေသည် ။
"မင်းကွာ အကြောင်းပြချက်ကလည်းကွာ ၊ သွား လာနောက်မနေ
နဲ့"
စေလိုရာကဆေးစစ်ချက်စာရွက်စာတမ်းတွေကိုစားပွဲပေါ်တင်ပေး
လိုက်တော့မေဆူးခက်ကယူ၍ဖတ်ကြည့်လိုကိသည် ။ ခဏ
အကြာ မေဆူးခက်ထံမှအာမေဋိတ်သံထွက်လာသည် ။
"ဘုရားရေ ! ဒါ .... ဒါက ..... ဘယ်လိုဖြစ်ရတာလဲ ၊ အစ်ကို ဖတ်
ကြည့်ပါဦး"
မေဆူးခက်လှမ်းပေးသည့်စာရွက်ကိုမင်းစေနိုင်ကယူ၍ဖတ်ကြည့်
လိုက်သည် ။ မေဆူးခက်သည်ဘာဆိုဘာမှမပြောနိုင်ဘဲမိမိ၏
ရင်ဘက်ကိုသာလက်တစ်ဖက်ဖြင့်ဖိထားရင်းငြိမ်နေသည် ။
"ဒါ ..... သခင် ဒါကဘယ်လိုဖြစ်တာလဲ ၊ ဒီထဲမှာရေးထားတာတွေ
ကတကယ်ပဲလား"
"ဟုတ် ..... ဟုတ်ပါတယ်ဒယ်ဒီ"
"မင်း ! ငါမင်းတို့ကိုခွင့်ပြုထားတာနဲ့တင်လွန်လှပြီကွ ၊ အခုကိစ္စက
ဘယ်လောက်တောင်ရှက်ဖို့ကောင်းလိုက်မလဲ ၊ ယောကျာ်းတစ်
ယောက်ကဗိုက်ကြီးရတယ်လို့ ၊ မင်းဒီလောက်အထိပေးဆပ်ရ
လောက်အောင် ဒီအကောင်ကဘာမို့လို့လဲ"
"သား ..... သားချစ်လို့ပါဒယ်ဒီ ၊ ဦးတစ်ယောက်တည်းမဟုတ်ပါ
ဘူး ၊ သားလည်းမိသားစုဘဝကိုပိုင်ဆိုင်ချင်လို့ပါ"
"မင်း ! ငါမွေးထားတာယောကျာ်းလေးကွ ယောကျာ်းလေး ၊ မင်း
ဒီလိုကိစ္စမျိုးကိုလုပ်ရအောင်မင်းမှာမိဘတွေမရှိလို့လား ၊ စောက်
သုံးမကျတဲ့အကောင်"
မင်းစေနိုင်ဒေါသထွက်လာတော့ လက်ကလည်းပါလာသည် ။
မင်းစေနိုင်ရိုက်ချလိုက်သည်ကိုစေလိုရာကဝင်ခံလိုက်သည် ။
"ဦး !"
"ကလေးကိုမရိုက်ပါနဲ့ ၊ ငါ့ကိုပဲရိုက်ပါ ၊ ငါအသုံးမကျလို့ပါ ၊ အတူ
နေပြီးဘာဆိုဘာမှမသိလိုက်တဲ့ငါ့ကြောင့်ပါ"
"အစ်ကိုရယ် တော်ပါတော့ ၊ ဖြစ်ပြီးတာတွေလည်းဖြစ်ပြီးနေပါပြီ ၊ ညီမတို့အေးဆေးစဉ်းစားကြရအောင် နော်"
အကောင်ပိစိလေးကငိုပြီးအိမ်အပြင်ပြေးထွက်သွားသည် ။ မေဆူးခက်ကပြဿနာတွေပိုကြီးလာမှာစိုးလို့ မင်းစေနိုင်ကဆွဲ
ခေါ်ကာအပေါ်ထပ်သို့ခေါ်သွားသည် ။ စေလိုရာကအကောင်ပိစိ
လေးအနောက်ကိုပြေးလိုက်ရသည် ။ ခြံထဲဒန်းပေါ်တွင်ထိုင်ပြီးငို
နေသည့်အကောင်ပိစိလေးဘေးနားသို့လျှောက်သွားလိုက်သည် ။
"ကလေး ကိုယ် ....."
စေလိုရာကိုစကားဆက်ပြောခွင့်မပေးဘဲ စေလိုရာ၏ရင်ခွင်ထဲသို့
အတင်းတိုးဝင်လာသည် ။ ရင်ခွင်ထဲတွင်အားပါးတရငိုနေသည့်
အကောင်ပိစိလေးရဲ့ကျောပြင်လေးကိုအသာအယာပွတ်သပ်ပေးရင်းသူသည်လည်းမျက်ရည်စတွေကျဆင်းနေသည် ။
"အဆင်ပြေသွားမှာပါ အဆင်ပြေသွားမှာ ၊ ကိုယ်တို့ကလေးလေး
ကကိုယ်တို့ကိုအဆင်ပြေစေမှာပါ ၊ ကိုယ်တို့ကလေးလေးနဲ့ပတ်
သက်တာတွေကိုသေချာလေ့လာကြမယ် ၊ ဆရာဝန်တွေပြောတာ
ကိုသေချာလိုက်နာကြမယ် ၊ မိဘတွေကြည်ဖြူလာအောင်နေထိုင်
ကြမယ် ၊ ကလေးလေးရဲ့အရှေ့မှာကိုယ်တို့ရဲရဲရင့်ရင့်ရပ်တည်ကြ
မယ် ၊ အရာအားလုံးအဆင်ပြေသွားမှာပါ"
"အစ်ကိုတွေ့လား ၊ သားအတွက်စေလိုရာကအားအင်တစ်ခုပဲ ၊ စေလိုရာ့အတွက်ကြောင့်ဒီလိုကိစ္စကြီးကြီးမားမားကြီးကိုသူ
ဖြတ်ကျော်လာနိုင်တယ် ၊ ညီမကမွေးထုတ်ထားတဲ့မိခင်ပါအစ်ကို ၊ ညီမမွေးထားတဲ့သားယောကျာ်းလေးကကိုယ်ဝန်ဆောင်နိုင်အောင်
ပြုလုပ်ထားတာညီမရင်ထဲအသည်းထဲကပါနာလွန်းလို့သေမတတ်ပါပဲ ၊ ဒါပေမဲ့ ညီမသားလေးကိုပျော်စေချင်တယ် ၊ အခုညီမတို့ မြေးလေးကသားဗိုက်ထဲမှာရှိနေပြီလေ ၊ ညီမသားကိုကိုယ်ဝန် ဆောင်တုန်းကအစ်ကိုဘယ်လောက်တောင်ပျော်နေလိုက်လဲ ၊ အခုစေလိုရာလည်းအဲ့လိုပဲဖြစ်နေမှာပေါ့ ၊ သူလည်းပျော်ချင်မှာ
ပေါ့ ၊ ညီမလည်းရင်တွေနာလွန်းလို့သေမတတ်ပါပဲအစ်ကိုရယ် ၊ ဒါပေမဲ့သားလေးပျော်ဖို့လေ သားလေးပျော်ဖို့ညီမတို့ကပံ့ပိုးပေးရ မှာပေါ့ မဟုတ်ဘူးလားအစ်ကို"
သူတို့နှစ်ယောက်ကိုအပေါ်ထပ်ပြတင်းပေါက်ကနေလှမ်းကြည့်ရင်း
မေဆူးခက်ကမင်းစေနိုင်စိတ်လျော့နိုင်အောင်ပြောပြပေးနေသည် ။ ဒန်းပေါ်တွင်ထိုင်ပြီးငိုနေသည့်အကောင်ပိစိလေးကိုရယ်လာ
အောင်စေလိုရာကလုပ်နိုင်စွမ်းရှိသည် ။ ခုဏကငိုနေသည့်သူတို့
သားငယ်လေးကအခုတော့သူတို့မျက်စိရှေ့တင်ပြုံးရယ်လို့နေ
သည် ။ သူတို့သားအတွက်စေလိုရာကတကယ်ကိုဖူးစားဖက်ပင်
ဖြစ်နေပါပြီလားဆိုတာ ....... ။
ရက်အနည်းငယ်ခန့်ကြာသည်အထိ မေဆူးခက်နဲ့မင်းစေနိုင်တို့နဲ့
စကားသေချာမပြောဖြစ်ကြ ။ အမောင်ဗိုက်ကလေးကိုတော့
စေလိုရာကကျောင်းပို့ကျောင်းကြိုမလစ်ဟင်းစေဘဲတာဝန်ယူ
လိုက်သည် ။ အားလပ်သည့်အချိန်များတွင်ကိုယ်ဝန်ဆောင်ကျန်း
မာရေးနဲ့ပက်သက်သည့်စာအုပ်တွေကိုထိုင်ဖတ်သည် ။ အမောင်
ဗိုက်အတန်းပြီးချိန်ကိုစောင့်နေစဉ်တွင်လည်းစာအုပ်ကိုလက်ထဲကမချဖတ်ရင်းစောင့်သည် ။
"ကဲ လာ ထိုင်ကြဦး"
နှစ်ယောက်လုံးအိမ်ပြန်ရောက်တော့မေဆူးခက်နဲ့မင်းစေနိုင်က
ဧည့်ခန်းထဲတွင်ထိုင်စောင့်နေကြသည် ။ အမောင်ဗိုက်ကလေးနဲ့
စေလိုရာကမျက်နှာချင်းဆိုင်တွင်ဝင်ထိုင်လိုက်သည် ။
"သား မာမီမေးတာအမှန်အတိုင်းဖြေနော် ၊ မာမီလိမ်တာမကြိုက်
ဘူးနော်"
"ဟုတ်"
"သားဘယ်ကပိုက်ဆံနဲ့ဒီလိုကိစ္စမျိုးကိုလုပ်တာလဲ"
"အဲ့တာက အဲ့တာက ဟို ..... မမသက်နဲ့"
"ငါထင်တယ် ထင်လိုက်တယ် ၊ ဒီအပျိုကြီးကလေအလိုလိုက်တာ
ကလွန်ကိုလွန်လွန်းတယ်"
မမသက်ဆိုသည်မှာ မင်းစေနိုင်၏ညီမဒေါ်သက်သဇင်ပင်ဖြစ်
သည် ။ အမောင်ဗိုက်ကိုအချစ်ဆုံးနဲ့အလိုလိုက်ဆုံးသူတစ်
ယောက်ဆိုလျှုင်လည်းမှန်သည် ။ အပျိုကြီးဆိုပေမဲ့ခေတ်နဲ့အညီ
နေနိုင်လွန်းပြီးနုဖတ်နေလွန်းလို့အမောင်ဗိုက်ကလေးကသူမကိုမမသက်လို့သာခေါ်သည် ။
"သားဒီကိစ္စကိုမိဘတွေကိုမပြောတာကိုတော့မာမီတို့စိတ်ဆိုးတယ် ၊ ဒါပေမဲ့ ပြန်ပြင်လို့လည်းမရတော့ဘူး ၊ ဒီလိုကိစ္စမျိုးတွေကိုသား
ကိုယ်ပိုင်ဆုံးဖြတ်ချက်နဲ့လုပ်တာပထမဦးဆုံးအကြိမ်နဲ့နောက်ဆုံး
အကြိမ်ဖြစ်ပါစေ ၊ စေလိုရာ မနက်ဖြန်လက်မှတ်ထိုးလိုက်ကြ
တော့ ၊ ဗိုက်ကတဖြည်းဖြည်းနဲ့ထွက်လာလိမ့်မယ်"
"စေလိုရာ တစ်ချိန်ကမင်းကငါ့သူငယ်ချင်းဆိုပေမဲ့ အခုတော့ငါ့
သားရဲ့ခင်ပွန်းတစ်ယောက်ဖြစ်လာခဲ့တယ် ၊ မင်းကိုငါအရမ်းဒေါ
သထွက်လွန်းလို့သတ်တောင်သတ်ပစ်ချင်နေတာ ၊ ငါ့သားကိုဂရု
စိုက်နော် ၊ ငါ့သားမျက်ရည်တစ်စက်ကျတာနဲ့မင်းသေဖို့ကျင်းတူး
ထားလိုက်တော့"
"ကျေးဇူးတင်ပါတယ်သူငယ်ချင်းတို့ရာ ၊ အခုတော့ယောက္ခမတွေ
ပေါ့ ၊ တကယ်ကိုကျေးဇူးတင်ပါတယ် ၊ ကလေးကိုငါသေချာဂရု
စိုက်မှာပါကွာ ၊ စိတ်ချကြပါ"
စေလိုရာတစ်ယောက်ပျော်လွန်းလို့ယောက္ခမသူငယ်ချင်းနှစ်
ယောက်ကိုအတင်းအကြပ်ဖက်ထားလေတော့သည် ။ ရုတ်တ
ရက်အနောက်ကနေငိုသံကြီးထွက်လာလေသည် ။ တရားခံမှာ
အမောင်ဗိုက် ။
"ကလေး ဘာလို့ငိုတာလဲ"
"ပျော်လို့ ပျော်လို့ အူးဝါး ၊ မာမီနဲ့ဒယ်ဒီကိုချစ်လို့ အူးဝါး ၊ မာမီနဲ့
ဒယ်ဒီကသားကိုအဲ့လောက်ချစ်တယ်ဆိုတာသိလိုက်ရလို့ အူးဝါး"
"သားမငိုရဘူး ၊ သားငိုရင်ဗိုက်ထဲကကလေးလေးရုပ်ဆိုးလေး
မွေးလာလိမ့်မယ်"
"ဟင် ! ဟုတ်လား"
မေတ္တာတရားကအတော်ကိုကြီးမားပေသည် ။ ထိုစကားလေး
တစ်ခွန်းတည်းဖြင့်မျက်ရည်တွေပိုးပိုးပေါက်ပေါက်ကျနေသော
အမောင်ဗိုက်ကိုချက်ချင်းအငိုတိတ်သွားစေသည် ။ မျက်လုံး
ဝိုင်းဝိုင်းလေးတွေနဲ့တကယ်လားဆိုတဲ့အကြည့်မျိုးဖြင့်ကြည့်ကာ
မေးနေသည့်အမောင်ဗိုက်ကြောင့်မိဘနှစ်ပါးလုံးရယ်မောမိကြ
သည် ။
တရားရုံးတက်လက်မှတ်ထိုးသည့်အခါ စေလိုရာဘက်မှရန်နိုင်က
အသိသက်သေအဖြစ်နေပေးပြီး ဂျူလီကအမောင်ဗိုက်ဘက်မှ
အသိသက်သေအဖြစ်နေပေးသည် ။ စေလိုရာလက်မှတ်မထိုးဘဲ အမောင်ဗိုက်လက်မှတ်ထိုးနေသည်ကိုစေလိုရာကသေချာထိုင်
ကြည့်နေလို့မင်းစေနိုင်ကလက်နဲ့တို့ပြီးသတိပေးလိုက်ရသေး
သည် ။
"သား ကျန်းမာရေးကိုဂရုစိုက်နော် ၊ မာမီတစ်လတစ်ခါတော့သား
ဆီကိုလာခဲ့မယ် ၊ အိမ်မှာကြီးကြီးသစ်ကိုထားပေးခဲ့တယ် ၊ အပူ
အစပ်တွေအများကြီးမစားရဘူးနော် ၊ စေလိုရာကလည်း
မောင်ဗိုက်ကိုအလိုမလိုက်နဲ့ ၊ အပူအစပ်တွေအရမ်းစားရင်မွေးလာ
မယ့်ကလေးလေးကရုပ်ဆိုးလေးဖြစ်နေလိမ့်မယ်နော်"
"ဟုတ် မာမီ ၊ သားကိုယ်သားဂရုစိုက်နိုင်ပါတယ် ၊ မာမီတို့လည်း
ပြန်ရောက်ပြီဆိုဖုန်းဆက်ကြဦးနော်"
"အေးပါ ဆက်မှာပါ"
မင်းစေနိုင်ကလက်နှစ်ဖက်ဆန့်တန်းပေးတော့ဖခင်ရဲ့ရင်ခွင်ထဲကို
တန်းနေအောင်ပြေးဝင်သွားလေသည် ။
"ဂရုစိုက်နော်သား ၊ ဒယ်ဒီလည်းမာမီနဲ့အတူတစ်လတစ်ခေါက်
ရောက်အောင်လာခဲ့မယ်"
ရင်ခွင်ထဲကနေမော့ကြည့်နေတဲ့အကောင်ပိစိလေးရဲ့နဖူးကိုနမ်း
လိုက်ပြီးစေလိုရာဆီကိုအကြည့်ရောက်သွားသည် ။
"ဟိုကောင် ငါပြောထားတာမှတ်မိတယ်နော်"
"အေးပါကွာ အဲ ကန်တော့ ကန်တော့ ဟုတ်ကဲ့ပါ"
ကားအနက်ရောင်လေးလမ်းထဲကနေထွက်သွားသည်အထိမျက်စိ
တဆုံးကြည့်ပြီးမှအိမ်ထဲသို့ပြန်ဝင်လာခဲ့ကြသည် ။ အရင်က
စေလိုရာအခန်းကိုပဲပစ္စည်းအသစ်တွေနဲ့ပြန်ပြုပြင်ထားသည် ။
အမောင်ဗိုက် လရင့်လာရင်အတက်အဆင်းမလုပ်စေချင်လို့
အောက်ထပ်တွင်သာနေရန်ဆုံးဖြတ်လိုက်သည် ။
"ဦးရေ ဗိုက်ထဲကဦးရဲ့ဂျူနီယာလေးကကန်စွန်းဥပြုတ်စားချင်
တယ်တဲ့"
အမောင်ဗိုက်၏မျက်နှာကစပ်ဖြီးဖြီးနဲ့ ။ မိဘတွေတောင်ရန်ကုန်
မြို့ထဲကထွက်ဦးမည်မထင်သေး ။ အမောင်ဗိုက်ကဗီဇပြလာ
သည် ။ အပြောတွေကပျားသကာလို့ချိုနေတော့ ကားသော့ဆွဲ
ယူပြီးအိမ်ကနေချက်ချင်းထွက်သွားလေသည် ။
ရှေ့လျှောက်ဦးစေလိုရာတော့ ကျွတ် ကျွတ် ကျွတ် ...... ။
ဆက်ရန် 💛
သဘောကျကြရဲ့လားမသိဘူး
ဗိုက်ကလေးတကားကားနဲ့အကောင်ပိစိလေးကိုမျက်လုံးထဲမြင်
ယောင်ပြီးပိုချစ်ပေးကြပါလို့
အတတ်နိုင်ဆုံးကောင်းအောင်ကြိုးစားပြီးရေးထားပါတယ်
ဗီလိန်မမကလည်းလာဦးမည်တဲ့ဗျာ
မကြာမီ လာမည် မျှော်ပေါ့နော် ......
27 . 8 . 2019
10 : 9 PM
Have a nice dream❤
Waiting your votes & comments❤
Love you all❤