တစ္ညလံုး အိပ္မေပ်ာ္ခဲ့ပဲတလူးလူးတလိမ့္လိမ့္နဲ႔ မို႔ မိုးလင္းခါနီးမွ အိပ္ေပ်ာ္သြားရသည္။
အခန္းတြင္းမွာ တစက္ကေလးမွ မပူဘဲ ေအးသာေအးေန၍ ေစာင္ၿခံဳေကြးေနမိတာ ဘယ္အခ်ိန္ရွိသြားၿပီမွန္းေတာင္မသိ။
ထိုစဥ္
" အံ့ဘုန္း အံ့ဘုန္း ေမာင္ေလး "
တံခါးအျပင္မွ ေခၚသံေၾကာင့္ ေစာင္ၿခံဳတြင္းမွ ေခါင္းေထာင္ၾကည့္ေတာ့ အခန္းက မီးမဖြင့္ထား။ ျပတင္းကိုပိတ္ရံုမက ကန္႔လန္႔ကာပါခ်ထားေတာ့ ေနေရာင္ကမဝင္။ ေျခရင္းမွ aircon က on လ်က္သား။ ဒါေၾကာင့္ေအးစိမ့္ေနတာကိုး။
ျပန္ထူးသံမၾကား၍ထင့္။ တံခါးကိုပါ ေခါက္လာကာ ထပ္ေခၚျပန္သည္။
" အံ့ဘုန္းေရ "
ကုတင္ေပၚမွ အတင္းကုန္းရုန္းထကာ ဆင္းေတာ့ ေစာင္နဲ႔ပတ္ၿပီး လူက အုန္းခနဲ ပစ္လဲသည္။ နဖူးမွာ ဘုထသြားေလာက္သည္။ အီစလံကို ေဝသြားတာပဲ။
ေစာင္ကို ကုတင္ေပၚျပန္ပစ္တင္ကာ တံခါးသြားဖြင့္လိုက္ေတာ့... ထပ္ေခါက္လာေသာ မႀကီးလက္က သူ႔နဖူးမွာ အတိုင္းသား။
ထိုေတာ့လည္း ေဒါက္ေဒါက္အသံမထြက္ပဲ ေဂါက္ေဂါက္အသံထြက္တာေပါ့။
" အာ လာ လာ "
" ပလုတ္တုတ္ ဟယ္ အံ့ဘုန္း နာသြားလား "
သူ႔ခမ်ာ နဖူးကို ထိရမလို ေနာက္ျပန္ဆုတ္ရမလို ျပာယာေတြခတ္သြားသည္။
" ရတယ္ မႀကီး ခိုင္းစရာရွိလို႔လား ဘာလိုလို႔လဲ "
" မဟုတ္ဘူး၁၂နာရီေတာင္ထိုးေနၿပီ မနိုးေသးလို႔ ထမင္းစားရေအာင္လာနိုွးတာ "
" ကြၽန္ေတာ္ ေရခ်ိဳးၿပီးထြက္ခဲ့မယ္ မႀကီး "
" ေအး ျမန္ျမန္ခ်ိဳးဦး "
" ဟုတ္ "
ေတာ္ပါေသးသည္။ မႀကီးက သူ႔အေပၚေတာ့ အရင္တုန္းကလို ဆက္ဆံေနတုန္းမို႔။
ေနရခက္မေနေအာင္ မႀကီးက လူႀကီးပီသပါသည္။
တစ္ညလံုး ငိုေနခဲ့ေသာ မ်က္လံုးေတြက ေရခ်ိဳးခန္းကမွန္ထဲမွာ ျမင္ေနရတာကေတာ့ ပိတ္ေတာ့မတတ္ မို႔အစ္ေနျခင္း။
နဖူးမွာေတာ့ ၾကမ္းခင္းနဲ႔မိတ္ဆက္ထားတဲ့ နီနီဖုဖု။
ကမန္းကတမ္းေရေခါင္းေလာင္းခ်ိဳးကာ ေရစင္ေအာင္မသုတ္ေတာ့ပဲ အဝတ္လဲလိုက္သည္။ မႀကီးေစာင့္ေနမယ္မလားေလ။
.........
" အံ့ဘုန္း လာ စားေတာ့ ေနာက္ေတာင္က်ေနၿပီ "
၁၂နာရီခြဲေလာက္ၿပီထင္သည္။ ေက်ာ္ေတာင္ေက်ာ္ေနဦးမည္။ ခံုဆြဲထိုင္ေတာ့ မႀကီးက အခန္းျပင္ထြက္ေပးသည္။
" စားၿပီးရင္ ဧည့္ခန္းထဲ လာခဲ့ေနာ္ မႀကီးတို႔စကားေျပာရေအာင္ "
" ဟုတ္ "
ဟင္းခြက္ေတြကိုမနွိုက္ျဖစ္ပဲ ထမင္းတစ္လုတ္ၿမိဳခ်လိုက္ ေရတစ္ငံုေသာက္လိုက္နွင့္ ဗိုက္သာတင္းသြားသည္။
ျပန္ထည့္သင့္တာထည့္ သြန္သင့္တာသြန္ ေဆးစရာေတြ အကုန္ေဆးၿပီးမွ ဧည့္ခန္းဆီ ထြက္ခဲ့ေတာ့ မႀကီးက ဖုန္းဆက္ေနတာ ေတြ႕သည္။
" ထိုင္ဦး "
မႀကီးက အသာေျပာကာ ဖုန္းဆက္ေျပာေနသည္။
" ဟုတ္တယ္ မေလး "
" ...... "
" ျပန္ေမးၾကည့္ပါဦးမယ္ တို႔ေတြေဆြးေႏြးၾကတာေပါ့ "
ဖုန္းကိုခ်လိုက္ကာ မႀကီးက ခပ္မတ္မတ္ျပင္ထိုင္ၿပီး သူ႔ကိုၾကည့္လာသည္။
" ဆိုပါဦး အရင္က ဒီလိုေတြ မဟုတ္ပါဘူး "
" ကြၽန္ေတာ္ ေတာင္းပန္ပါတယ္မႀကီး "
" လုပ္ခ်င္တာလုပ္ထားၿပီးမွ ေတာင္းပန္ရသလား ဘယ္ေရာက္သြားတာလဲ မင္းရဲ႕ကတိေတြ "
" ကြၽန္ေတာ္ မေမ့ပါဘူး "
သူကိုယ္တိုင္ေပးခဲ့ဖူးတဲ့ကတိေတြ သူဘယ္ေမ့ပါ့မလဲေလ။
flash back start
ေႏြပူပူ ေနသာသာတစ္ေန႔မွာ သူတို႔အိမ္ကို ဖုန္းဝင္လာသည္။
" Hello "
" ခင္နွင္းပိုင္ လား "
" ဟုတ္ကဲ့ ဘယ္သူလဲ မသိဘူးရွင့္ "
" အံ့ဘုန္းေမာင္ရဲ႕ အေမပါ "
" ေၾသာ္ ဟုတ္ကဲ့ "
" ႀကီးေမ သမီးတို႔အိမ္ကိုလာမလို႔ ႀကီးေမလိပ္စာေလး ေပ်ာက္သြားလို႔ အဲ့ဒါ လွမ္းေမးတာ "
" ႀကီးေမ ရန္ကုန္ေရာက္ေနတာလား "
" ဟုတ္တယ္ကြယ္ "
ရာသီဥတုကပူပူမို႔ သိပ္အေထြအထူးေျပာမေနေတာ့ပဲ လိပ္စာကိုေပးကာ ဖုန္းခ်လိုက္သည္။
ဘာေၾကာင့္ပါလိမ့္။ ႀကီးေမကတစ္ခါမွ အိမ္ကိုမလာဖူးသလို ဒီလိုအေရးတႀကီးလည္းမရွိဖူးပါ။
ေရာက္မွေမးပါေတာ့မယ္ေလ။ ဖုန္းထဲကေမးရတာ အားမနာရာ မေလးစားရာ က်သြားပါဦးမည္။
........
" လာ ႀကီးေမ ... အေမနဲ႔အေဖကေတာ့ မရွိဘူးရယ္ ... ေတာင္ႀကီးကို ဘုရားဖူးပါသြားလို႔ "
" ရပါတယ္ကြယ္ သမီးအစ္ကိုနဲ႔ညီမေရာ "
" ရွိပါတယ္ သူတို႔က ႀကီးေမလာမယ္ဆိုလို႔ ေစာင့္ေနၾကတာ "
" ေမနွင္းေရ ကိုႀကီး ဒီမွာ အံ့ဘုန္းေမေမေရာက္ၿပီ "
အိမ္ေပၚဘက္ကို ေခါင္းလွည့္ကာ အသံနည္းနည္းပ်ယ္က်ယ္ေအာ္ေခၚလိုက္ၿပီး ႀကီးေမကို ႀကိဳဆိုလိုက္သည္။
" ကိစၥရွိလို႔လားႀကီးေမ အလည္သက္သက္ပဲလား "
ေန႔လည္မက ညေနမက်မို႔ သံပုရာရည္ေလးေဖ်ာ္ကာ ကမ္းေပးေတာ့ ႀကီးေမက သံပုရာရည္ခြက္ေလးကိုင္ကာ ငိုင္ေနသည္။
ေမာင္နွမသံုးေယာက္လံုးဆံုေအာင္ ႀကီးေမက ေစာင့္ေနဟန္တူသည္။ ဆံုေတာ့မွ ႀကီးေမက ရင္ဖြင့္တိုင္ပင္လာသည္။
" ဘုန္းေမာင္ အိမ္ကဆင္းသြားတယ္ "
" ဘာျဖစ္လို႔လဲ ႀကီးေမ အံ့ဘုန္းက အရမ္းလိမၼာတဲ့ကေလးပဲကို "
" ႀကီးေမတို႔က သူ႔ကို အိမ္ေထာင္ခ်ေပးဖို႔စီစဥ္လို႔ အိမ္ကဆင္းသြားတယ္ အခုဘယ္မွာမွန္း ရွာလို႔မေတြ႕ဘူး အဆက္အသြယ္လည္းမရဘူး "
" ဘယ္လိုျဖစ္ရတာလဲ ႀကီးေမရယ္ ေမာင္ေလးက ေအးေအးေဆးေဆးသမားပါ "
" ႀကီးေမ ဒီစကားေတြ မေျပာခ်င္ပါဘူး ဒါေပမဲ့ ေျပာမွ ျဖစ္မယ္လို႔ ႀကီးေမထင္လို႔ ဒီကိုလာခဲ့တာ ... ေျပာရရင္ ကိုယ့္သားကိုမနိုင္လို႔ အရွက္ရတာနဲ႔မျခားပါဘူး "
" အဲ့လိုလည္းဘယ္ဟုတ္ပါ့မလဲ ႀကီးေမရယ္ အံ့ဘုန္းက အေထြးရဲ႕သူငယ္ခ်င္းမို႔ ကြၽန္ေတာ္တို႔ရဲ႕ ညီေလးပါပဲ "
ႀကီးေမက သက္ျပင္းအသာအယာခ်သည္။
" ဘုန္းေမာင္မွာ ခ်စ္ရတဲ့သူရွိေနလို႔ ႀကီးေမတို႔စီစဥ္တာကိုလက္မခံပဲ အိမ္ကဆင္းသြားတာ "
" ႀကီးေမ ကလည္း အဲ့ဒါဆို သူသေဘာက်တဲ့သူနဲ႔အိမ္ေထာင္ခ်ေပးလိုက္ရင္ေကာ "
" မျဖစ္ဘူး မျဖစ္ရဘူး "
ေျပာေျပာဆိုဆို ငိုခ်လာတဲ့ ႀကီးေမေၾကာင့္ သူတို႔ေမာင္နွမသံုးေယာက္ ဘာလုပ္လို႔ဘာကိုင္ရမွန္းမသိ ျပာယာခတ္သြားရသည္။
" သူခ်စ္ေနတာ ေယာက္်ားေလးတစ္ေယာက္ "
သူတို႔သံုးေယာက္လံုး ဘယ္လိုေျပာရမလဲ မသိေတာ့ပါ။ ေခတ္လူငယ္ေတြမို႔ ဒီကိစၥေတြကို မစိမ္းေပမဲ့ ကိုယ့္မိသားစု ကိုယ့္ပတ္ဝန္းက်င္ထဲ ဒီလိုေတြျဖစ္လာရင္ေတာ့ ဘယ္မိဘ ဘယ္အသိုင္းအဝိုင္းမွ လက္ခံမွာ မဟုတ္ပါဘူးေလ။
" သူတို႔က ႀကိဳက္ေနတာၾကာၿပီလား ႀကီးေမ "
" ႀကိဳက္ေနတာမဟုတ္ဘူး သားဘက္ကသာ တစ္ဖက္သတ္ခ်စ္ေနတာ ထင္ပါရဲ႕ "
" ဟိုဘက္က ကေလးကေရာ ဘယ္လိုလဲ ... ႀကီးေမသိလား .... လူေကာင္းေလးလား "
ႀကီးေမက မ်က္ရည္တို႔ကိုသုတ္သည္။ သံပုရာရည္ခြက္ကို ေမာ့ခ်ကာ တည္ၿငိမ္ေအာင္ႀကိဳးစားသည္။
ၿပီးေတာ့ သူတို႔သံုးေယာက္လံုးကို အားနာေသာ မ်က္ဝန္းတို႔နဲ႔ၾကည့္လာသည္။
တစ္ခ်ိန္လံုး ၿငိမ္နားေထာင္ေနတဲ့ မေလးက ႀကီးေမကိုစကားစလာသည္။
" အေထြးလား "
" မေလး ဘာေတြေျပာေနတာလဲ "
" အဲ့ကေလးက အေထြးလား ႀကီးေမ "
မျဖစ္နိုင္တာေတြ လို႔ေတြးမိကာ မေလးကို ဆက္မေမးဖို႔ ေအာ္ေတာ့မဲ့ ဆဲဆဲ ႀကီးေမက ေျပာလာသည္။
" ဟုတ္တယ္ "
" ဗ်ာ "
" မျဖစ္နိုင္တာ ႀကီးေမရယ္ "
" ႀကီးေမလည္း အဲ့ဒါေၾကာင့္ပဲ တားရတာေပါ့ "
ကိုႀကီးဟာ ထိုင္ခံုမွာ ေနာက္ကိုပင္ ပစ္မွီက်သြားသည္။ မေလးက ႀကီးေမအနားတိုးကပ္ထိုင္ကာ ႀကီးေမလက္ကိုဆုပ္ကိုင္ရင္း ၿငိမ္ေနသည္။
" ဘုန္းေမာင္ကေျပာတယ္ ... အတင္းအက်ပ္မစီစဥ္ဖို႔ေပါ့ .... ႀကီးေမက မျဖစ္နိုင္တာေတြရယ္ မျဖစ္သင့္တာေတြရယ္ ျဖစ္ကုန္မွာစိုးလို႔ စီစဥ္ေတာ့... မျဖစ္ေစရဘူး .. သူတစ္သက္လံုး မေျပာပါဘူးလို႔ ေျပာတယ္ ... ဒါေပမဲ့ .. ဒါေပမဲ့ ႀကီးေမသူ႔ကိုမယံုရဲဘူးေလ.. အဲ့ဒါေၾကာင့္ ေစ့စပ္ပြဲလုပ္လိုက္ေတာ့ သူအိမ္ကဆင္းသြားတယ္ ... ခုထိ ေသလားရွင္လားလည္းမသိရ လံုးဝကို အဆက္အသြယ္ျဖတ္သြားတာပါပဲ "
" မိုက္မဲလိုက္တာေနာ္ "
" ႀကီးေမ မွားတာ ... ႀကီးေမ သူ႔ကို ယံုလိုက္ရမွာ "
" သမီးတို႔ ဆက္သြယ္ၾကည့္ပါဦးမယ္ ဘာပဲ ျဖစ္ျဖစ္ သမီးတို႔ ေမာင္ေလးေတြမို႔ သမီးတို႔လည္း တားၾကည့္ပါ့မယ္ "
ထိုေန႔က ႀကီးေမဟာ သူတည္းခိုရာသို႔ခ်က္ခ်င္းျပန္ခ်သြားသည္။ ထမင္းစားဖိတ္တာေတာင္ မေနခဲ့ေတာ့ပါ။
သူတို႔အေနနဲ႔လည္း တားသည္မဟုတ္ပဲ မျဖစ္သင့္တာ မျဖစ္ရေအာင္ေတာ့ ႀကိဳးစားခြင့္ရွိတာပဲမလားေလ။
ထိုျပႆနာၿပီးေနာက္ တစ္လေလာက္အၾကာမွာ အံ့ဘုန္းေမာင္က သူတို႔အေထြးယခင္က ရံုးထိုင္ရာသို႔ ဆက္သြယ္လာသည္ဟု ရံုးက ညီမတစ္ေယာက္က လွမ္းေျပာလို႔ အံ့ဘုန္းနွင့္ အဆက္အသြယ္ရလိုက္သည္။
ထိုမွတဆင့္ ရန္ကုန္ေရာက္ေနသည္ဆို၍ သူတို႔ညီအစ္မနွစ္ေယာက္ အံ့ဘုန္းနဲ႔ေတြ႕ဖို႔ စီစဥ္ခဲ့ၾကေလသည္။
" ေမာင္ေလးကို အစ္မတို႔ ရွင္းရွင္းလင္းလင္းပဲ ေမးခ်င္ပါတယ္ "
" ဘာကိုေမးခ်င္တာလဲ မႀကီးနဲ႔မေလး "
" အေထြးဆီကို ဆက္သြယ္ဖို႔လုပ္တာ ဘာေၾကာင့္လဲ မႀကီးတို႔ကိုေျပာျပလို႔ရမလား "
" ကြၽန္ေတာ္ ... "
" မေလးတို႔ အားလံုးသိၿပီးၿပီ ေမာင္ေလး ... မေလးတို႔က ေမာင္ေလးကို အေထြးနဲ႔ မပတ္သက္ဖို႔ေျပာေနတာမဟုတ္ဘူးေနာ္ ... မေလးတို႔က ေမာင္ေလးကို ေသခ်ာေတြးေစခ်င္လို႔ "
" ကြၽန္ေတာ္ ေတာင္းပန္ပါတယ္ မႀကီးနဲ႔မေလး ... "
" မႀကီးတို႔က ေတာင္းပန္တာလိုခ်င္တာမဟုတ္ဘူး ဒါမ်ိဳးက အတင္းအၾကပ္ မလုပ္ရဘူး မျဖစ္ရဘူးဆိုၿပီး တားလို႔ရတာမဟုတ္မွန္းလည္း မႀကီးတို႔ နားလည္တယ္ .. "
" မျဖစ္သင့္တာ မျဖစ္နိုင္တာေတြမို႔ ေရွ႕ဆက္မတိုးဖို႔ေတြ ဘာေတြ ေျပာေနတာမဟုတ္ဘူးေနာ္ မေလးတို႔အတြက္ နွစ္ေယာက္လံုးက ေမာင္ေလးေတြမို႔ .. မခံစားေစခ်င္လို႔ပါ ... မေလးတို႔ခ်စ္တဲ့ ေမာင္ေလးေတြကို မေလးတို႔ ပတ္ဝန္းက်င္မွာ ေမာ္ေမာ္ႂကြားႂကြားပဲ ျမင္ခ်င္တယ္ ... မေလးတို႔လိုမဟုတ္တဲ့ ပတ္ဝန္းက်င္ရဲ႕ တံေတြးခြက္မွာ ပက္လက္ေမ်ာေနတာမ်ိဳး မေလးတို႔မၾကည့္ရက္ဘူး "
" မႀကီးနဲ႔မေလးတို႔ ေစတနာကို ကြၽန္ေတာ္သေဘာေပါက္ပါတယ္ ကြၽန္ေတာ္ကတိလည္းေပးပါတယ္ .. ကြၽန္ေတာ္ ပိုင့္ကို ဒီလိုဘဝထဲ ဆြဲလည္းေခၚမွာမဟုတ္သလို .. ကြန္ေတာ့ဘက္ကလည္း ေရွ႕ဆက္မတိုးပါဘူး "
" မႀကီးတို႔ ေမာင္ေလးတို႔ကို ေပ်ာ္ေနတာပဲ ျမင္ခ်င္ပါတယ္ "
" စိတ္ခ်ပါ မႀကီး ကြၽန္ေတာ္ သူ႔ဆီသြားတာ သူငယ္ခ်င္းအျဖစ္ပါပဲ ဒီစည္းကို လံုးဝမေက်ာ္ပါဘူး "
flash back end
" အခုဘယ္လိုလုပ္ၾကမလဲ... မေလးကေတာ့ မင္းကိုစိတ္ပ်က္မိတယ္တဲ့ "
သက္ျပင္းအသာခ်ရင္း ေရေႏြးခြက္ေလးကိုသာ အေၾကာင္းမဲ့ လက္နွစ္ဖက္နဲ႔ဆုပ္ညႇစ္ေနမိသည္။
" မႀကီး ....ကြၽန္ေတာ္ေတာင္းဆိုစရာတစ္ခုရွိပါတယ္ "
" ဘာလဲ "
" ကြၽန္ေတာ္ေတာင္းဆိုတာကို လက္ခံေပးရင္ မႀကီးတို႔ စိုးရိမ္တဲ့ ပတ္ဝန္းက်င္နဲ႔ကြၽန္ေတာ္တို႔ၾကားက ျဖစ္လာမဲ့ ျပႆနာေတြ ... ကြၽန္ေတာ္တာဝန္ယူပါတယ္ လံုးဝ ပိုင့္ကို မထိခိုက္ေစရပါဘူး "
မႀကီးဟာ မ်က္ေမွာင္ေလးကုတ္ရင္း သူ႔ကိုၾကည့္လာသည္။
" ေျပာၾကည့္ပါဦး "
သူ႔အေျပာနဲ႔သူ႔တာဝန္ယူမႈေတြကို မႀကီးဟာ မ်က္နွာေလး မ်က္ေမွာင္ကုတ္ကုတ္ေလးမပ်က္ပဲ နားေထာင္ေပးခဲ့ပါသည္။
........
" မႀကီးေရ မႀကီး "
တစ္ေယာက္မွလည္းမရွိၾကဘူးလား ။
" ေမာင္ ... "
" လာၿပီ ပိုင္ေရ႕ "
အိမ္မႀကီးတံခါးကိုလာဖြင့္ေသာ လူကေလး။
" မႀကီးေရာ "
" ျပန္သြားၿပီ "
" ဘယ္တုန္းကလဲ "
" ညေနကားနဲ႔ "
အခန္းထဲဝင္လာကာ အဝတ္လဲေနေသာ သူ႔ကို ကုတင္ေပၚကေန ထိုင္ၾကည့္ေနပါေသာ လူသားေလး။
" မႀကီး ဘာေျပာသြားလဲ "
" မင္းကိုစိတ္ခ်မယ္တဲ့ "
" စကားမ်ားၾကေသးလား "
" မ်ားစရာလား မႀကီး ငါ့ကို ဘယ္ေလာက္ခ်စ္လဲ သိသားနဲ႔ "
" သိေပမဲ့ ... "
" အရမ္းစကားမ်ားတာပဲ ေရခ်ိဳးၿပီးထြက္ခဲ့ ဒီညအျပင္မွာသြားစားမယ္ "
အခန္းထဲကေန ေကာ့ေတာ့ေကာ့ေတာ့ထြက္သြားေသာ သူ႔ကို ၾကည့္ရင္း နားမလည္နိုင္ေတာ့ ။
ညကတစ္ညလံုး ငိုထားသူမွ ဟုတ္ပါေလစ။
.............
For unicode
တစ်ညလုံး အိပ်မပျော်ခဲ့ပဲတလူးလူးတလိမ့်လိမ့်နဲ့ မို့ မိုးလင်းခါနီးမှ အိပ်ပျော်သွားရသည်။
အခန်းတွင်းမှာ တစက်ကလေးမှ မပူဘဲအေးသာအေးနေ၍စောင်ခြုံကွေးနေမိတာ ဘယ်အချိန်ရှိသွားပြီမှန်းတောင်မသိ။
ထိုစဉ်
" အံ့ဘုန်း အံ့ဘုန်းမောင်လေး "
တံခါးအပြင်မှခေါ်သံကြောင့်စောင်ခြုံတွင်းမှခေါင်းထောင်ကြည့်တော့ အခန်းက မီးမဖွင့်ထား။ ပြတင်းကိုပိတ်ရုံမက ကန့်လန့်ကာပါချထားတော့နေရောင်ကမဝင်။ခြေရင်းမှ aircon က on လျက်သား။ ဒါကြောင့်အေးစိမ့်နေတာကိုး။
ပြန်ထူးသံမကြား၍ထင့်။ တံခါးကိုပါခေါက်လာကာ ထပ်ခေါ်ပြန်သည်။
" အံ့ဘုန်းရေ "
ကုတင်ပေါ်မှ အတင်းကုန်းရုန်းထကာ ဆင်းတော့စောင်နဲ့ပတ်ပြီး လူက အုန်းခနဲ ပစ်လဲသည်။ နဖူးမှာ ဘုထသွားလောက်သည်။ အီစလံကိုဝေသွားတာပဲ။
စောင်ကို ကုတင်ပေါ်ပြန်ပစ်တင်ကာ တံခါးသွားဖွင့်လိုက်တော့... ထပ်ခေါက်လာသော မကြီးလက်က သူ့နဖူးမှာ အတိုင်းသား။
ထိုတော့လည်းဒေါက်ဒေါက်အသံမထွက်ပဲဂေါက်ဂေါက်အသံထွက်တာပေါ့။
" အာ လာ လာ "
" ပလုတ်တုတ်ဟယ်အံ့ဘုန်း နာသွားလား "
သူ့ခမျာ နဖူးကို ထိရမလိုနောက်ပြန်ဆုတ်ရမလို ပြာယာတွေခတ်သွားသည်။
" ရတယ်မကြီး ခိုင်းစရာရှိလို့လား ဘာလိုလို့လဲ "
" မဟုတ်ဘူး၁၂နာရီတောင်ထိုးနေပြီ မနိုးသေးလို့ ထမင်းစားရအောင်လာနှိုးတာ "
" ကျွန်တော်ရေချိုးပြီးထွက်ခဲ့မယ်မကြီး "
"အေး မြန်မြန်ချိုးဦး "
" ဟုတ်"
တော်ပါသေးသည်။ မကြီးက သူ့အပေါ်တော့ အရင်တုန်းကလို ဆက်ဆံနေတုန်းမို့။
နေရခက်မနေအောင်မကြီးက လူကြီးပီသပါသည်။
တစ်ညလုံး ငိုနေခဲ့သော မျက်လုံးတွေကရေချိုးခန်းကမှန်ထဲမှာ မြင်နေရတာကတော့ ပိတ်တော့မတတ်မို့အစ်နေခြင်း။
နဖူးမှာတော့ ကြမ်းခင်းနဲ့မိတ်ဆက်ထားတဲ့ နီနီဖုဖု။
ကမန်းကတမ်းရေခေါင်းလောင်းချိုးကာရေစင်အောင်မသုတ်တော့ပဲ အဝတ်လဲလိုက်သည်။ မကြီးစောင့်နေမယ်မလားလေ။
.........
" အံ့ဘုန်း လာ စားတော့နောက်တောင်ကျနေပြီ "
၁၂နာရီခွဲလောက်ပြီထင်သည်။ကျော်တောင်ကျော်နေဦးမည်။ ခုံဆွဲထိုင်တော့ မကြီးက အခန်းပြင်ထွက်ပေးသည်။
" စားပြီးရင်ဧည့်ခန်းထဲ လာခဲ့နော်မကြီးတို့စကားပြောရအောင်"
" ဟုတ်"
ဟင်းခွက်တွေကိုမနှိုက်ဖြစ်ပဲ ထမင်းတစ်လုတ်မြိုချလိုက်ရေတစ်ငုံသောက်လိုက်နှင့်ဗိုက်သာတင်းသွားသည်။
ပြန်ထည့်သင့်တာထည့်သွန်သင့်တာသွန်ဆေးစရာတွေ အကုန်ဆေးပြီးမှ ဧည့်ခန်းဆီ ထွက်ခဲ့တော့ မကြီးက ဖုန်းဆက်နေတာတွေ့သည်။
" ထိုင်ဦး "
မကြီးက အသာပြောကာ ဖုန်းဆက်ပြောနေသည်။
" ဟုတ်တယ်မလေး "
" ...... "
" ပြန်မေးကြည့်ပါဦးမယ်တို့တွေဆွေးနွေးကြတာပေါ့ "
ဖုန်းကိုချလိုက်ကာ မကြီးက ခပ်မတ်မတ်ပြင်ထိုင်ပြီး သူ့ကိုကြည့်လာသည်။
" ဆိုပါဦး အရင်က ဒီလိုတွေ မဟုတ်ပါဘူး "
" ကျွန်တော်တောင်းပန်ပါတယ်မကြီး "
" လုပ်ချင်တာလုပ်ထားပြီးမှတောင်းပန်ရသလား ဘယ်ရောက်သွားတာလဲ မင်းရဲ့ကတိတွေ "
" ကျွန်တော်မမေ့ပါဘူး "
သူကိုယ်တိုင်ပေးခဲ့ဖူးတဲ့ကတိတွေ သူဘယ်မေ့ပါ့မလဲလေ။
flash back start
နွေပူပူနေသာသာတစ်နေ့မှာ သူတို့အိမ်ကို ဖုန်းဝင်လာသည်။
" Hello "
" ခင်နှင်းပိုင်လား "
" ဟုတ်ကဲ့ ဘယ်သူလဲ မသိဘူးရှင့်"
" အံ့ဘုန်းမောင်ရဲ့ အမေပါ "
"သြော်ဟုတ်ကဲ့ "
" ကြီးမေ သမီးတို့အိမ်ကိုလာမလို့ ကြီးမေလိပ်စာလေးပျောက်သွားလို့ အဲ့ဒါ လှမ်းမေးတာ "
" ကြီးမေ ရန်ကုန်ရောက်နေတာလား "
" ဟုတ်တယ်ကွယ်"
ရာသီဥတုကပူပူမို့ သိပ်အထွေအထူးပြောမနေတော့ပဲ လိပ်စာကိုပေးကာ ဖုန်းချလိုက်သည်။
ဘာကြောင့်ပါလိမ့်။ ကြီးမေကတစ်ခါမှ အိမ်ကိုမလာဖူးသလို ဒီလိုအရေးတကြီးလည်းမရှိဖူးပါ။
ရောက်မှမေးပါတော့မယ်လေ။ ဖုန်းထဲကမေးရတာ အားမနာရာ မလေးစားရာ ကျသွားပါဦးမည်။
........
" လာ ကြီးမေ ... အမေနဲ့အဖေကတော့ မရှိဘူးရယ်...တောင်ကြီးကို ဘုရားဖူးပါသွားလို့ "
" ရပါတယ်ကွယ်သမီးအစ်ကိုနဲ့ညီမရော "
" ရှိပါတယ်သူတို့က ကြီးမေလာမယ်ဆိုလို့စောင့်နေကြတာ "
"မေနှင်းရေ ကိုကြီး ဒီမှာ အံ့ဘုန်းမေမေရောက်ပြီ "
အိမ်ပေါ်ဘက်ကိုခေါင်းလှည့်ကာ အသံနည်းနည်းပျယ်ကျယ်အော်ခေါ်လိုက်ပြီး ကြီးမေကို ကြိုဆိုလိုက်သည်။
" ကိစ္စရှိလို့လားကြီးမေ အလည်သက်သက်ပဲလား "
နေ့လည်မက ညနေမကျမို့ သံပုရာရည်လေးဖျော်ကာ ကမ်းပေးတော့ ကြီးမေက သံပုရာရည်ခွက်လေးကိုင်ကာ ငိုင်နေသည်။
မောင်နှမသုံးယောက်လုံးဆုံအောင်ကြီးမေကစောင့်နေဟန်တူသည်။ ဆုံတော့မှ ကြီးမေက ရင်ဖွင့်တိုင်ပင်လာသည်။
" ဘုန်းမောင်အိမ်ကဆင်းသွားတယ်"
" ဘာဖြစ်လို့လဲ ကြီးမေ အံ့ဘုန်းက အရမ်းလိမ္မာတဲ့ကလေးပဲကို "
" ကြီးမေတို့က သူ့ကို အိမ်ထောင်ချပေးဖို့စီစဉ်လို့ အိမ်ကဆင်းသွားတယ်အခုဘယ်မှာမှန်း ရှာလို့မတွေ့ဘူး အဆက်အသွယ်လည်းမရဘူး "
" ဘယ်လိုဖြစ်ရတာလဲ ကြီးမေရယ်မောင်လေးကအေးအေးဆေးဆေးသမားပါ "
" ကြီးမေ ဒီစကားတွေ မပြောချင်ပါဘူး ဒါပေမဲ့ပြောမှ ဖြစ်မယ်လို့ ကြီးမေထင်လို့ ဒီကိုလာခဲ့တာ ...ပြောရရင်ကိုယ့်သားကိုမနိုင်လို့ အရှက်ရတာနဲ့မခြားပါဘူး "
" အဲ့လိုလည်းဘယ်ဟုတ်ပါ့မလဲ ကြီးမေရယ်အံ့ဘုန်းက အထွေးရဲ့သူငယ်ချင်းမို့ ကျွန်တော်တို့ရဲ့ ညီလေးပါပဲ "
ကြီးမေက သက်ပြင်းအသာအယာချသည်။
" ဘုန်းမောင်မှာ ချစ်ရတဲ့သူရှိနေလို့ ကြီးမေတို့စီစဉ်တာကိုလက်မခံပဲ အိမ်ကဆင်းသွားတာ "
" ကြီးမေ ကလည်း အဲ့ဒါဆို သူသဘောကျတဲ့သူနဲ့အိမ်ထောင်ချပေးလိုက်ရင်ကော "
" မဖြစ်ဘူး မဖြစ်ရဘူး "
ပြောပြောဆိုဆို ငိုချလာတဲ့ ကြီးမေကြောင့်သူတို့မောင်နှမသုံးယောက်ဘာလုပ်လို့ဘာကိုင်ရမှန်းမသိ ပြာယာခတ်သွားရသည်။
" သူချစ်နေတာယောက်ျားလေးတစ်ယောက်"
သူတို့သုံးယောက်လုံး ဘယ်လိုပြောရမလဲ မသိတော့ပါ။ခေတ်လူငယ်တွေမို့ ဒီကိစ္စတွေကို မစိမ်းပေမဲ့ ကိုယ့်မိသားစု ကိုယ့်ပတ်ဝန်းကျင်ထဲ ဒီလိုတွေဖြစ်လာရင်တော့ ဘယ်မိဘ ဘယ်အသိုင်းအဝိုင်းမှ လက်ခံမှာ မဟုတ်ပါဘူးလေ။
" သူတို့က ကြိုက်နေတာကြာပြီလား ကြီးမေ "
" ကြိုက်နေတာမဟုတ်ဘူး သားဘက်ကသာ တစ်ဖက်သတ်ချစ်နေတာ ထင်ပါရဲ့ "
" ဟိုဘက်က ကလေးကရော ဘယ်လိုလဲ ... ကြီးမေသိလား .... လူကောင်းလေးလား "
ကြီးမေက မျက်ရည်တို့ကိုသုတ်သည်။ သံပုရာရည်ခွက်ကိုမော့ချကာ တည်ငြိမ်အောင်ကြိုးစားသည်။
ပြီးတော့ သူတို့သုံးယောက်လုံးကို အားနာသော မျက်ဝန်းတို့နဲ့ကြည့်လာသည်။
တစ်ချိန်လုံး ငြိမ်နားထောင်နေတဲ့ မလေးက ကြီးမေကိုစကားစလာသည်။
" အထွေးလား "
" မလေး ဘာတွေပြောနေတာလဲ "
" အဲ့ကလေးက အထွေးလား ကြီးမေ "
မဖြစ်နိုင်တာတွေ လို့တွေးမိကာ မလေးကို ဆက်မမေးဖို့အော်တော့မဲ့ ဆဲဆဲ ကြီးမေကပြောလာသည်။
" ဟုတ်တယ်"
" ဗျာ "
" မဖြစ်နိုင်တာ ကြီးမေရယ်"
" ကြီးမေလည်း အဲ့ဒါကြောင့်ပဲ တားရတာပေါ့ "
ကိုကြီးဟာ ထိုင်ခုံမှာနောက်ကိုပင်ပစ်မှီကျသွားသည်။ မလေးက ကြီးမေအနားတိုးကပ်ထိုင်ကာ ကြီးမေလက်ကိုဆုပ်ကိုင်ရင်း ငြိမ်နေသည်။
" ဘုန်းမောင်ကပြောတယ်... အတင်းအကျပ်မစီစဉ်ဖို့ပေါ့ .... ကြီးမေက မဖြစ်နိုင်တာတွေရယ်မဖြစ်သင့်တာတွေရယ်ဖြစ်ကုန်မှာစိုးလို့ စီစဉ်တော့... မဖြစ်စေရဘူး .. သူတစ်သက်လုံး မပြောပါဘူးလို့ပြောတယ်... ဒါပေမဲ့ .. ဒါပေမဲ့ ကြီးမေသူ့ကိုမယုံရဲဘူးလေ.. အဲ့ဒါကြောင့်စေ့စပ်ပွဲလုပ်လိုက်တော့ သူအိမ်ကဆင်းသွားတယ်... ခုထိသေလားရှင်လားလည်းမသိရ လုံးဝကို အဆက်အသွယ်ဖြတ်သွားတာပါပဲ "
" မိုက်မဲလိုက်တာနော်"
" ကြီးမေ မှားတာ ... ကြီးမေ သူ့ကို ယုံလိုက်ရမှာ "
" သမီးတို့ ဆက်သွယ်ကြည့်ပါဦးမယ်ဘာပဲ ဖြစ်ဖြစ်သမီးတို့မောင်လေးတွေမို့ သမီးတို့လည်း တားကြည့်ပါ့မယ်"
ထိုနေ့က ကြီးမေဟာ သူတည်းခိုရာသို့ချက်ချင်းပြန်ချသွားသည်။ ထမင်းစားဖိတ်တာတောင်မနေခဲ့တော့ပါ။
သူတို့အနေနဲ့လည်း တားသည်မဟုတ်ပဲ မဖြစ်သင့်တာ မဖြစ်ရအောင်တော့ ကြိုးစားခွင့်ရှိတာပဲမလားလေ။
ထိုပြဿနာပြီးနောက်တစ်လလောက်အကြာမှာ အံ့ဘုန်းမောင်က သူတို့အထွေးယခင်က ရုံးထိုင်ရာသို့ဆက်သွယ်လာသည်ဟု ရုံးက ညီမတစ်ယောက်က လှမ်းပြောလို့ အံ့ဘုန်းနှင့်အဆက်အသွယ်ရလိုက်သည်။
ထိုမှတဆင့်ရန်ကုန်ရောက်နေသည်ဆို၍ သူတို့ညီအစ်မနှစ်ယောက်အံ့ဘုန်းနဲ့တွေ့ဖို့ စီစဉ်ခဲ့ကြလေသည်။
"မောင်လေးကို အစ်မတို့ ရှင်းရှင်းလင်းလင်းပဲမေးချင်ပါတယ်"
" ဘာကိုမေးချင်တာလဲ မကြီးနဲ့မလေး "
" အထွေးဆီကို ဆက်သွယ်ဖို့လုပ်တာ ဘာကြောင့်လဲ မကြီးတို့ကိုပြောပြလို့ရမလား "
" ကျွန်တော်... "
" မလေးတို့ အားလုံးသိပြီးပြီမောင်လေး ... မလေးတို့ကမောင်လေးကို အထွေးနဲ့ မပတ်သက်ဖို့ပြောနေတာမဟုတ်ဘူးနော်... မလေးတို့ကမောင်လေးကိုသေချာတွေးစေချင်လို့ "
" ကျွန်တော်တောင်းပန်ပါတယ်မကြီးနဲ့မလေး ... "
" မကြီးတို့ကတောင်းပန်တာလိုချင်တာမဟုတ်ဘူး ဒါမျိုးက အတင်းအကြပ်မလုပ်ရဘူး မဖြစ်ရဘူးဆိုပြီး တားလို့ရတာမဟုတ်မှန်းလည်း မကြီးတို့ နားလည်တယ်.. "
" မဖြစ်သင့်တာ မဖြစ်နိုင်တာတွေမို့ရှေ့ဆက်မတိုးဖို့တွေ ဘာတွေပြောနေတာမဟုတ်ဘူးနော်မလေးတို့အတွက်နှစ်ယောက်လုံးကမောင်လေးတွေမို့ .. မခံစားစေချင်လို့ပါ ... မလေးတို့ချစ်တဲ့မောင်လေးတွေကို မလေးတို့ ပတ်ဝန်းကျင်မှာမော်မော်ကြွားကြွားပဲ မြင်ချင်တယ်... မလေးတို့လိုမဟုတ်တဲ့ ပတ်ဝန်းကျင်ရဲ့ တံတွေးခွက်မှာ ပက်လက်မျောနေတာမျိုး မလေးတို့မကြည့်ရက်ဘူး "
" မကြီးနဲ့မလေးတို့စေတနာကို ကျွန်တော်သဘောပေါက်ပါတယ်ကျွန်တော်ကတိလည်းပေးပါတယ်.. ကျွန်တော်ပိုင့်ကို ဒီလိုဘဝထဲ ဆွဲလည်းခေါ်မှာမဟုတ်သလို .. ကွန်တော့ဘက်ကလည်းရှေ့ဆက်မတိုးပါဘူး "
" မကြီးတို့မောင်လေးတို့ကိုပျော်နေတာပဲ မြင်ချင်ပါတယ်"
" စိတ်ချပါ မကြီး ကျွန်တော်သူ့ဆီသွားတာ သူငယ်ချင်းအဖြစ်ပါပဲ ဒီစည်းကို လုံးဝမကျော်ပါဘူး "
flash back end
" အခုဘယ်လိုလုပ်ကြမလဲ... မလေးကတော့ မင်းကိုစိတ်ပျက်မိတယ်တဲ့ "
သက်ပြင်းအသာချရင်းရေနွေးခွက်လေးကိုသာ အကြောင်းမဲ့ လက်နှစ်ဖက်နဲ့ဆုပ်ညှစ်နေမိသည်။
" မကြီး ....ကျွန်တော်တောင်းဆိုစရာတစ်ခုရှိပါတယ်"
" ဘာလဲ "
" ကျွန်တော်တောင်းဆိုတာကို လက်ခံပေးရင်မကြီးတို့ စိုးရိမ်တဲ့ ပတ်ဝန်းကျင်နဲ့ကျွန်တော်တို့ကြားက ဖြစ်လာမဲ့ ပြဿနာတွေ ... ကျွန်တော်တာဝန်ယူပါတယ်လုံးဝ ပိုင့်ကို မထိခိုက်စေရပါဘူး "
မကြီးဟာ မျက်မှောင်လေးကုတ်ရင်း သူ့ကိုကြည့်လာသည်။
"ပြောကြည့်ပါဦး "
သူ့အပြောနဲ့သူ့တာဝန်ယူမှုတွေကို မကြီးဟာ မျက်နှာလေး မျက်မှောင်ကုတ်ကုတ်လေးမပျက်ပဲ နားထောင်ပေးခဲ့ပါသည်။
........
"မကြီးရေ မကြီး "
တစ်ယောက်မှလည်းမရှိကြဘူးလား ။
"မောင်... "
" လာပြီ ပိုင်ရေ့ "
အိမ်မကြီးတံခါးကိုလာဖွင့်သော လူကလေး။
" မကြီးရော "
" ပြန်သွားပြီ "
" ဘယ်တုန်းကလဲ "
" ညနေကားနဲ့ "
အခန်းထဲဝင်လာကာ အဝတ်လဲနေသော သူ့ကို ကုတင်ပေါ်ကနေ ထိုင်ကြည့်နေပါသော လူသားလေး။
" မကြီး ဘာပြောသွားလဲ "
" မင်းကိုစိတ်ချမယ်တဲ့ "
" စကားများကြသေးလား "
" များစရာလား မကြီးငါ့ကို ဘယ်လောက်ချစ်လဲ သိသားနဲ့ "
" သိပေမဲ့ ... "
" အရမ်းစကားများတာပဲရေချိုးပြီးထွက်ခဲ့ ဒီညအပြင်မှာသွားစားမယ်"
အခန်းထဲကနေကော့တော့ကော့တော့ထွက်သွားသော သူ့ကို ကြည့်ရင်း နားမလည်နိုင်တော့ ။
ညကတစ်ညလုံး ငိုထားသူမှ ဟုတ်ပါလေစ။