အတိတ်​ဆိုတာ ၂

6.5K 595 11
                                    

" ချမ်းလိုက်​တာ အမ ကျွန်​​တော်​ဆိုင်​ကယ်​မယူသွားလို့မရဘူးလား "

" မရဘူး ငါ့သားကို လမ်း​လျှောက်​ခိုင်းမလို့လား "

" ဟာ အမရာ သုံးဘီး​ခေါ်သွားလို့ရသားနဲ့ "

" ဒီချိန်​ ​ဈေးကြီးတယ်​ သွားမှာသာသွားစမ်း ကား​ဆိုက်​​နေရင်​ ငါ့သား​လေး​စောင့်​​နေရလိမ့်​မယ်​ "

မ​ကွေးရာသီဥတုက မိုးလင်းအာရုဏ်​ဆို ဘယ်​လိုချမ်းမှန်းမသိ။ ​လေတိုက်​​တော့ပိုချမ်းသည်​။

ကမ်းနားဘက်​ကမှ ကားဂိတ်​က အတန်​ငယ်​​ဝေးသည်​။ ဟိုငနာ​လေးက​တော့​လေ ခုချိန်​ဆို ကားဂိတ်​မှာ ​ခြေ​စောင့်​​နေလာက်​ပြီ။

ကားဂိတ်​က​တော့ ​နေ့နဲ့ညမှား​နေ​သလို စည်းကား​နေချက်​။

ကားဂိတ်​မှာ တစ်​ပတ်​ပတ်​ကြည့်​​တော့ ကားက​တော့ ဆိုက်​​နေပြီ။ လူက​တော့ မ​တွေ့။

ဂိတ်​ထဲမှာလည်းမ​တွေ့။ ဟ​ ဘယ်​​ရောက်​​နေတာတုန်း။

ကားကိုတစ်​ပတ်​ပတ်​ကြည့်​မှ ​တွေ့ပါပြီ။ အထုပ်​​တွေချတဲ့နား မက်​တပ်​ရပ်​​နေတာ။

အိုး မ​တွေ့တာ၁နှစ်​ပဲ ရှိပါ​သေးတယ်​။ အရပ်​က ကျွန်​​တော်​​မော်​ကြည့်​​နေရပြီတဲ့လား။

ကျွန်​​တော့်​ကိုမြင်​​တော့ မက်​တပ်​ရပ်​​နေရာက ​ပြေးလာတာ လူကိုအင့်​ခနဲပဲ။

" ​ယောက်​... ဖ "

သူ​အော်​​ခေါ်ကာ ​ပြေးဖက်​လိုက်​​တော့ ​ဘေးက ခရီးသည်​​တွေက ပြူးကြည့်​ကြသည်​။

" ဟ လွှတ်​ဦးဟ လူ​တွေ ကြည့်​​နေတယ်​ "

" လွှတ်​ဘူး လွှတ်​ဘူး ဘာလို့​နောက်​ကျ​နေတာလဲ ​ယောက်​ဖရာ "

" ချမ်းလို့ ဆိုင်​ကယ်​​ဖြေး​ဖြေး​မောင်းလာ​တော့ ​နောက်​ကျသွားတာ ​ရောက်​တာကြာ​နေပြီလား "

" နာရီဝက်​​လောက်​ရှိပြီရယ်​ ​ယောက်​ဖ အိမ်​အမြန်​သွား​ရ​အောင်​ ငါအိပ်​ချင်​​နေပြီရယ်​ "

" ​အေးပါကွာ ဘာ​တွေပါ​သေးလဲ ပစ္စည်း "

" မား ထည့်​​ပေးလိုက်​တဲ့ မုန့်​တစ်​ခြင်း ပါတယ်​ "

သူငယ်​ချင်း​လေးပါတဲ့ Just Friends ( Completed )Where stories live. Discover now