Present Time 5

4.8K 483 13
                                    

( ​နေရပ်​​ဒေသများသည်​ အပြင်​တွင်​အမှန်​တကယ်​ရှိပါသည်​။ သို့​​သော်​ အဖြစ်​အပျက်​များက​တော့စိတ်​ကူးယဉ်​သာ ဖြစ်​ပါ၍ တစ်​စုံတစ်​ရာ တိုက်​ဆိုင်​ခဲ့သည်​ရှိ​သော်​ ဤစာ​ရေးသူ၏ တာဝန်​သာဖြစ်​ပါသည်​။ မကြိုက်​မနှစ်​သက်​ပါက လာ၍​ပြောကြားနိုင်​ပါသည်​။ )

................................................................................

တစ်​ညလုံးအိပ်​သည်​။ တစ်​မနက်​လုံး အိပ်​သည်​။ တစ်​လမ်းလုံးအိပ်​သည်​။ အိပ်​ပဲ​နေ​တော့မှာများလား။

မျက်​နှာ​လေး ပြည့်​လာ​ပေမဲ့ လူကိုယ်​လုံး​လေး အရင်​လို ဖြူဖြူလုံးလုံး​လေးဖြစ်​ဖို့လိုအပ်​​နေ​သေးသည်​။

" ​ယောက်​ဖ​ရေ ထ​တော့ဟ မင့်​မလည်း အိပ်​ အိပ်​ နဲ့ အိပ်​​ကောင်​ ဖြစ်​​တော့မယ်​ "

" အာဗြဲနဲ့ မ​အော်​နဲ့ကွာ... ငါ့ကုသိုလ်​နဲ့ ငါလာတာ... မနာလိုမရှိနဲ့ ... "

" ​အေးပါကွာ ... "

" ဟမ်​ "

ကား​ပေါ်က ဆင်းဆင်းခြင်း မြင်​လိုက်​ရ​သော ကျွန်​​တော်​တာဝန်​ကျရာနယ်​​မြေကို ကြည့်​ပြီး ကျွန်​​တော့်​ဘက်​မျက်​နှာလှည့်​လာသည်​။

မျက်​နှာက​တော့ အင်းးးးးးးးရယ်​ချင်​ပက်​ကျိ လို့​ပြောရမလားရင်​ချင်​ခရုပဲ ​ပြောရမလား။ ချစ်​ဖို့​ကောင်း​နေ​တော့လည်း စကားရှာရခက်​သား။

သေစမ်း.... ဘာ​တွေ​တွေး​နေမိတာလဲ။

" ဘာဖြစ်​တာတုန်း အဲ့မျက်​နှာက "

" ခတက်​ချဉ်​ စားချင်​သွားလို့ ခွီးးးး "

ခတက်​ချဉ်​ ၊ သစ်​​တောပျိုးဥယျာဉ်​ ဆိုတာ​လေးနဲ့တင်​ သူ့အတွက်​ ရယ်​​မော​ပျော်​ရွှင်​ဖွယ်​ရာ ကိစ္စရပ်​​လေး ဖန်​တီး​ပေးနိုင်​တယ်​ဆို ကျွန်​​တော်​​ပျော်​ပါပြီ။

" ​တော်​ပြီ ​ရေမိုးချိုးရ​အောင်​ နားနား​နေ​နေ ခဏ​နေဦး ငါကားသွားပြန်​အပ်​လိုက်​ဦးမယ်​"

" ​အေးပါကွာ "

...........

" ကျွန်​​တော်​ စစ်​​ကြောင်းလိုက်​မှဖြစ်​မှာလား ဆရာ "

သူငယ်​ချင်း​လေးပါတဲ့ Just Friends ( Completed )Where stories live. Discover now