Present Time 4

4.9K 481 24
                                    

" Hello "

" ...... "

" ​အေး ကုလား​လေး "

" ..... "

" အ​ရေး​ပေါ်စစ်​​ကြောင်းလား "

" .... "

" ဘယ်​​နေ့လဲ "

" .... "

" ငါ့ကို​ရောလား "

" ..... "

" ​ကောင်းပြီ လူတစ်​​ယောက်​စာအပိုပြင်​ထား ဧည့်​သည်​ပါမယ်​ ဒါပဲ "

မ​နေ့က ​နေ့လည်​ဘက်​က​နေ စလည်​တဲ့ လမ်း​လျှောက်​သင်္ကြန်​ဟာ ည​နေဘက်​မတိုင်​ခင်​ပဲ ချမ်းလာလို့ ပြန်​လာခဲ့ပြီးတဲ့​​နောက်​ ညစာထမင်းထွက်​စားပြီးကတည်းက စကားမ​ပြောဖြစ်​ကြ​တော့။

စော​စောအိပ်​ရာဝင်​ခဲ့​ပေမဲ့ တလူးလူး တလိမ့်​လိမ့်​နဲ့မို့ အိပ်​မ​ပျော်​တာ အသိသာ။ မနက်​ ၆နာရီပဲရှိ​သေး​ပေမဲ့ ကိုယ်​​တော်​​လေးက​တော့ ​စောင်​ပုံထဲမှာ ​ကွေး​ကောင်းတုန်း။

" ​ယောက်​ဖ "

" ဟင်​ "

သံရှည်​ဆွဲထူးသံ​တော့ထွက်​လာပါရဲ့။ မျက်​လုံးကမဖွင့်​။

" ငါတို့ ရွာပြန်​တက်​ရမယ်​ "

" ရွာ ..... "

" ​အေး အ​ရေး​ပေါ်စစ်​​ကြောင်းတဲ့ ငါတို့ ခဏ​နေထွက်​ရမယ်​ ​နေပူရင်​ ​မောင်းမ​ကောင်းဘူးဟ "

" မထချင်​ဘူးကွာ "

" ထလိုက်​ပါ မျက်​နှာမသစ်​ချင်​လည်း ကား​ပေါ်အိပ်​ပြီးလိုက်​ကွာ ​နော်​ "

အထုတ်​အပိုးအကုန်​သိမ်းဆည်းပြီးတာ​တောင်​ ​စောင်​ပုံထဲကမထွက်​လာ​သေး​သော အညာသားကြီး။

" ထရင်​ထ မထရင်​ ​ဆောင့်​ကန်​မှာ​နော်​ "

" အရမ်းချစ်​တာပဲလား "

ရုတ်​တရက်​ ​စောင်​ပုံထဲက​နေ ငုတ်​တုတ်​ထထိုင်​ကာ မျက်​လုံး တစ်​ဝက်​ဖွင့်​ပြီး ​မေးလာ​သောအနှီလူသား။

သူ​မေးချင်​တာက​တော့ ​ဆောင့်​ကန်​မယ်​ဆိုလို့ ရွဲ့လိုက်​တာ​နေမှာပါ။ ဒီလူကသာ ဘာ​တွေ​တွေး​နေမိမှန်းမသိ။

သူငယ်​ချင်း​လေးပါတဲ့ Just Friends ( Completed )Where stories live. Discover now