Present Time 2

5.3K 516 10
                                    

အဲ့ဒီအချိန်​တုန်းက လမ်း​လျှောက်​သင်္ကြန်​မ​ပေါ်​လောက်​​သေးပါဘူး။ ဧရာဝတီတံတား (ပခုက္ကူ)ကြီး ပြီးစီးချိန်​ဟာ နှစ်​​တွေကြာပြီမို့ အချိန်​​တွေ ​ရော​ထွေးသွားရတဲ့အတွက်​ ​တောင်းပန်​ပါတယ်​ခင်​ဗျာ။

.........

မိုး​လေတဝုန်းဝုန်းအသံနဲ့မို့ အိပ်​​​မောကျ​နေရာမှ နိုးလာသည်​။ ​ရာသီဥတုက​အေးစိမ့်​စိမ့်​ဖြစ်​လာတာမို့ ရင်​ခွင်​ထဲက လူသားဟာ တိုး​ဝှေ့ဖက်​၍ အိပ်​​ကောင်းတုန်း။

ခြေရင်းက နံရံကပ်​နာရီဆီ အကြည့်​​ရောက်​​တော့ ​နေ့လည်​ ၂နာရီ။ မနက်​စာ​ပေါက်​စီနဲ့Teaက ဘယ်​​လောက်​ခံမှာမို့တုန်း။

ဗိုက်​က အချက်​ပြ​နေပြီမို့ ရင်​ခွင်​ထဲက လူကိုအသာနှိုးရ​တော့သည်​။ သူလည်းဆာ​နေ​လောက်​ပြီ။

" အံ့ဘုန်း ... အံ့ဘုန်း ... ထ​တော့​လေ ၂နာရီ​တောင်​ရှိပြီဟ.. ထမင်းသွားစားရ​အောင်​ "

" ဟင့်​အင်း.... အိပ်​ချင်​​သေးတယ်​ "

" ​တော်​ပြီ​လေ ​သွေး​တွေ​လေးကုန်​မယ်​ .... စားချိန်​​တောင်​​ကျော်​​နေပြီ ... မဆာဘူးလား "

" ဟင့်​အင်း အိပ်​မယ်​ "

အိပ်​ပုတ်​တာ မင်းလား ငါလားဟမသဲကွဲ​တော့ဘူး။
နှိုး​လေ ရင်​ခွင်​ထဲ ဝင်​တိုး​လေ လုပ်​​နေတဲ့ သူ့ကို အခုမှ ​သေချာကြည့်​မိသည်​။

ပိန်​သည်​။ မျက်​တွင်းတစ်​ဝိုက်​ ညိုမည်း​နေတာက အိပ်​​ရေးဝဝအိပ်​ရပုံမ​ပေါ်။ အသားအရည်က ​နေ​လောင်​ခံရ၍ ပျက်​စီးညိုမည်း​နေပုံမျိုး။

နှုတ်​ခမ်း​မွှေး​တွေလည်း ရိတ်​သင်​ပုံမရ။ ​ခေါင်းကို ခပ်​ဖွဖွထိကြည့်​​တော့ ဆံပင်​​တွေက ကြမ်းရှ​နေသည်​။ ဂုတ်​မ​ထောက်​​ပေမဲ့ ရှည်​​နေပြီ။

အနားတိုးကပ်​ကာ အနံ့ခံကြည့်​​တော့ ဆံပင်​​တွေဟာ ​နေ​စော်​နံသည်​။ ဘယ်​​လောက်​​တောင်​ပစ်​စလတ်​ခပ်​ ​နေခဲ့တာတုန်းကွာ။

" ထမင်းသွားမယ်​ ပြန်​လာမှ အိပ်​ချင်​အိပ်​ကွာ "

ရင်​ခွင်​ထဲမှလူကို အသာဆွဲထုတ်​ကာ သူ ကုတင်​မှထပြီး ​ရေချိုးခန်းဝင်​ကာ မျက်​နှာပြန်​သစ်​လိုက်​သည်​။

သူငယ်​ချင်း​လေးပါတဲ့ Just Friends ( Completed )Where stories live. Discover now