ကြွေကြိုး ကြွေကြိုး (Zawgyi+U...

By Lyne_Ne

460K 57.3K 8K

စိတ်ကူး အိမ်မက် နဲ့ လက်တွေ့ အားလုံးမှာ ဖြစ်တည်မှုက ချည်နှောင်ထားတဲ့ ကြိုး ကြွေ ကြိုး စိတျကူး အိမျမကျ နဲ့ လကျတှ... More

Teaser
Ep- 1
Ep - 2
Ep - 3
Ep - 4
Ep - 5
Ep - 6
Ep - 7
Ep - 8
Ep - 9
Ep - 10
Ep - 11
Ep - 12
Ep - 13
Ep - 14
Ep - 15
Ep - 16
Ep - 17
Ep - 18
Ep - 19
Ep - 20
Ep - 21
Ep - 22
Ep - 23
Ep - 24
Part - 25
Part - 26
Part -27
Part - 28
Part - 29
Part -30
Part - 31
Part - 32
Part-33 (X'mas Special)
Part - 34
Part-35
Part -36
Part- 37
part -38
Part -39
part -40
part -41
part -42
part -43
part -44
part - 45
part - 46
part - 47
part - 48
part - 49
part - 51
Review time
Part - 52
Part - 53
Part - 54
Excuse!
Part - 55
Announce!
Part - 56
Thanks note
Part - 57 (Final Part)

part - 50

4.1K 565 80
By Lyne_Ne

Unicode below

ကြွေကြိုး...


ထပ်ချလိုက်မိသည်။




ထဲရောက်လာသည့် အတွေးက .....


Ring .... ring....

ကိုင်လိုက်တော့ ......

ဟင်!

ဦးမင်းနောင်ကြိုး...



ရသည်။
မသိတော့။






မေးနေတာ ဖြေလေ "

အသံကြားပြီး





ကိုးမာန်?"


" ကြိုးလေး .."

" အင်း..."


ပြင်ထိုင်လိုက်သည်။

သည်လေ...

မို့လို့ ....."




" ကြိုးလေး.. "
မသိတော့
လား???


လာပြန်ပြီ ဒီစကား....





ပြတင်းအပြင်ကိုငေးရင်း ခပ်လေးလေး

သက်နေဆဲ....
.
.
.
.
.
.
.
လေထဲ ရပ်တန့်သွားရသည်။
.

ကျွန်တော့် အလွန်လား ..

သိထားပါ ကိုးမာန် "

.
.
.




နောက်ကနေ ကြည့်နေမလား
.
.
.


ဒါပေမယ့်....
.
.
.
.
.

~~~~~~~~~~~~~~~~

ကြွေက.......
.......
.......
.......
.......
၂၂ ပြည့်မှာများလား??

ဘာမှ မသိဘူးပဲ။
တစ်ခါမှ မကြိုးစားခဲ့.



ဘယ်ကတည်းကလဲ ?

စိတ်ချမ်းသာမှာလား?


ပင်ပန်းလိုက်တာ....

.
.
.
.


ဟင့်အင်း.....

Mommy တို့မိသားစု

ကြွေလည်း သိချင်မိတယ်....

ဟော..
သွားတဲ့ မျက်နှာတွေ...

တွေ့လား....
တစ်ကောင်သာသာပင်..

" ဘယ်သွားမလို့လဲ ကြွေ ?"


ပြောချင်တယ်"

mommy ကတော့ တကယ်ပါပဲ

ကြည့်နေလိုက်သည်။
ဒါကို mommy က ဆက်ပြောဖို့ အခွင့်ရေး ရသည်လို့ ထင်ပြီး ဆက်ပြောပြန်သည်။


ဆက်တိုးဦးမှာ"

" ကြွေ ! "





mommy ကတော့ အစကတည်းက
လုပ်နေသူသက်သက်ပဲ

ဘာဖြစ်နေမှန်းကိုမသိ
.
.
.
လူတွေက ...... တကယ် ရယ်ရတယ်....
တကယ့်ကို ရယ်ရတယ်
.
.
.
.
အရသာခံ ကြည့်ရင်း..



ထင်သလောက်
မလွယ်ကူဘူးပဲ.....
.
.
.
.
ကိုးမာန် ....
ခင်ဗျားကြောင့်.....

~~~~~~~~~~~~~~~~~
tbc.
Coming soon Final part
Thanks for everything
N.S.P

Unicode

အိပ်ရာထဲ ဟိုသည် လှိမ့်နေရင်း သွန်းမာန် တွေးနေမိသည်
ကြွေကြိုး...

မင်းကိုတကယ်ပဲ ငါ ဘယ်လိုလုပ်ရမလဲ?

နာရီကြည့်လိုက်တော့ မိုးစင်စင်လင်းနေပြီမို့
သွန်းမာန် အိပ်ရာပေါ်က လူးလဲထပြီး
ရေချိုးခန်းဝင်ကာ ဧည့်ခန်းဘက် ထွက်လာခဲ့လိုက်သည်။
ဧည့်ခန်းဘက်ရောက်တော့ လိုက်ကာတွေ ပိတ်ပြီး
မီးလည်းမဖွင့်ထားတာကြောင့် တစ်ခန်းလုံး
မှောင်နေတာကို သွန်းမာန် ကြည့်ပြီး သက်ပြင်း
ထပ်ချလိုက်မိသည်။

စိတ်တွေလေးလံ နေတာကြောင့် ရှည်ရှည်ဝေးဝေး
တွေးမနေတော့ပဲ လိုက်ကာတွေ ဆွဲဖွင့်လိုက်တော့
မြင်လိုက်ရတာက ပြတင်းပေါက် အပြင်မှာ
မတ်တပ်ရပ်နေတဲ့ ...... ကြွေကြိုး

သွန်းမာန်ကို တွေ့တော့ ရွှင်ပျစွာ ပြုံးပြနေတဲ့ သူ

အပြုံးက တကယ်ကိုအပြစ်ကင်းတာကြောင့်
သွန်းမာန် ခဏ ငေးမိသွားတာတော့ အမှန်ပင်။

တစ်ချိန်တည်းမှာပင် သွန်းမာန် ခေါင်း
ထဲရောက်လာသည့် အတွေးက .....

ဒီလို အပြုံးမျိုးနဲ့ပဲ သူ့ကို အခုလို လုပ်ခဲ့တာမလား
ဒီလိုလေး ပြုံးပြီးတော့ပဲလေ...

Ring .... ring....

မှန်ခြားပြီး တစ်ယောက်နဲ့ တစ်ယောက် ကြည့်နေရင်း ph မြည်လာတာကြောင့် သွန်းမာန်
ကိုင်လိုက်တော့ ......

ဟင်!

ဦးမင်းနောင်ကြိုး...

Contact name ကို ကြည့်ပြီး ဘာလုပ်ရမလဲ တွေဝေနေတုန်း....

မျက်စိရှေ့က ကြွေကြိုး ပျောက်သွားပြီး တံခါး bell ကို အဆက်မပြတ် နှိပ်နေတော့တာ...

စောစောစီးစီး သွန်းမာန် တကယ် ခေါင်းကိုက်သွား
ရသည်။
Ph ပဲကိုင်ရမလား..... တံခါးပဲ ပြေးဖွင့်ရမလား
မသိတော့။

ဒါပေမယ့်လည်း သွန်းမာန် ခပ်မြန်မြန်ပဲ စဉ်းစားကာ ဆုံးဖြတ်လိုက်သည်။

ph ကို power off ပြီး တံခါးဖွင့်ပေးလိုက်တာ..

ဒါ အဖြစ်သင့်ဆုံး အခြေနေပဲလေ။

" တံခါးတစ်ခါဖွင့်ဖို့ တော်တော်လေး စဉ်းစားနေရပုံ ပဲ ကိုးမာန်.."

sofa မှာ အခန့်သားဝင်ထိုင်တဲ့ ကြိုးလေးကို
သေချာ ကြည့်မိတော့ မနေ့က အဝတ်စားတွေနဲ့
ဒါဆို ဒီကလေး အိမ်မပြန်ရသေးဘူးပေါ့??
တစ်ညလုံး ဘယ်မှာ ရှိနေတာလဲ??

" ကိုးမာန် ငုပ်တုပ်ကြီးသေနေတာလား?
မေးနေတာ ဖြေလေ "

သွန်းမာန် အတွေးလွန်နေရာမှ  ကြိုးလေး
အသံကြားပြီး

" ဟင်? အင်း...ဘာမေးလိုက်တာလဲ?"

" ခင်ဗျား အခု ဘာလုပ်မှာလဲ လို့မေးနေတာ"

ကြိုးလေးအသံက ပကတိတည်ငြိမ်လျက်...
သွန်းမာန်လည်း လက်ရှိအခြေနေကို သတိပြန်ဝင် သွားပြီး...

" အမှုပိတ်ပေးပါ ကြိုးလေး"

" ဒါက တောင်းဆိုတာလား တောင်းပန်တာလား
ကိုးမာန်?"

ပြောပြီး ပြုံးလိုက်ပြန်တဲ့ ကြိုးလေး......
အဲ့အပြုံး... ဘာလို့များ ကြောက်စရာကောင်း နေရတာလဲ.....

" ကြိုးလေး .."

" အင်း..."

" ဒီလောက်နဲ့ပဲ ရပ်တန့်ကြရအောင်..."

ကိုးမာန် စကားအဆုံး ကြွေ ထိုင်ခုံ ကျောမှီပြီး
သက်တောင့်သက်သာ ဖြစ်အောင်
ပြင်ထိုင်လိုက်သည်။

စိတ်မသက်သာစရာ စကားတွေ နားထောင်ဖို့က
လုံလောက်တဲ့ သက်တောင့်သက်သာ ရှိဖို့လိုအပ်
သည်လေ...

" စိတ်အလိုလိုက်ပြီး ပြောတဲ့ စကားတွေက
တစ်နေ့ကျ နောင်တ ရစရာ ဖြစ်လာလိမ့်မယ်
ကြိုးလေး... ငါကိုယ်တိုင်လည်း ကြုံခဲ့ဖူးတာ
မို့လို့ ....."

ကြွေ အောင့်သက်သက်နဲ့ ရယ်လိုက်မိသည်။
ဘာလို့ ရယ်လိုက်မိလည်းတော့ ကြွေ ကိုယ်တိုင် လည်း မသိ။
စိတ်ပျက်စရာ စကားတွေကို အာရုံကြောတွေက အလိုလျောက် တုံ့ပြန်မှု ပေးတာပဲ ဖြစ်မည်။

" ဒါ ရယ်စရာ မဟုတ်ဘူး ကြိုးလေး.... မင်း အခု
လုပ်လိုက်တာက မင်းသိက္ခာ ငါ့ကိုယ်ကျင့်တရား အကုန် မြောင်းထဲရောက်ကုန်ပြီကွ ! သိရဲ့လား "

" အင်း... ဟုတ်တော့ ဟုတ်ပါတယ်
ခင်ဗျား ကိုယ်ကျင့်တရားကိုတော့ နည်းနည်း
နှမြောမိပေမယ့်  မတတ်နိုင်ဘူး "

" ကြိုးလေး.. "
သွန်းမာန် တကယ်ကို ဘာဆက်ပြောရမှန်း
မသိတော့
မသိတာထက် မသိချင်ယောင်ဆောင်နေတဲ့
ဒီကလေးကို နားချဖို့နည်း တကယ်ပဲ မရှိတော့ဘူး
လား???

" ကိုးမာန် ..... ခင်ဗျားကလေ  စကားပြောတာ
လိုရင်းကိုမရောက်ဘူး  ကျွန်တော်ကတော့
ရှင်းတယ် ခင်ဗျားကို ရအောင်ယူမယ် ဒါပဲ"

လာပြန်ပြီ ဒီစကား....
ကြိုးလေးဆီက ကြားရလွန်းလို့ သွန်းမာန်လည်း
ဒီစကားကို တော်တော်ငြီးငွေ့နေပါပြီ....

" အဲ့လောက် မလွယ်ကူဘူး ကြိုးလေး ...
လောကကြီးရဲ့ ကိစ္စရပ်တွေက မင်းထင်သလောက်   ရိုးရှင်းမနေဘူး ကြိုးလေး ... အဲ့ဒါကို မင်းသိသင့်တယ် "

" အကြီးကြီးတွေ လျှောက်ပြောမနေစမ်းပါနဲ့
ခင်ဗျားမှာ ရွေးချယ်စရာ ၂ လမ်းပဲရှိတယ်
ကျွန်တော်နဲ့ လက်ထပ်မလား ...... ထောင်ကျခံမလား ..... တစ်ခုတော့ သိထားလိုက် ကိုးမာန်
ခင်ဗျားဖြစ်နေလို့ ကျွန်တော် ထောင်မချရဲဘူး
မထင်နဲ့ .... ကျွန်တော်က အဆုံးထိ တွေးပြီးသား "

သွန်းမာန် ပြိုင်မပြောနိုင်တော့ပဲ ခေတ္တငြိမ်သက်နေ
ပြီးမှ လေသံ တိုးတိုးလေးနဲ့......

" ငါတို့ ဘယ်ကနေစပြီး မှားခဲ့တာလဲ ကြိုးလေး"

ပြတင်းအပြင်ကိူငေးရင်း ခပ်လေးလေး
စကားဆိုနေတဲ့ ကိုးမာန်ကို ကြည့်ပြီး
ကြွေ မတ်တပ်ထရပ်ကာ ပြန်ဖို့ ပြင်လိုက်သည်။

" တွေဝေတုံ့ဆိုင်းတာကိုတော့
ခင်ဗျားတစ်ယောက်တည်းပဲ လုပ် ကိုးမာန်
ကျွန်တော်ကတော့ ဝါသနာမပါလို့ ပြန်လိုက်ဦးမယ် "
ကြွေ အိမ်တံခါးဝ ရောက်ချိန်ထိ ကိုးမာန်က ငြိမ်
သက်နေဆဲ....
.
.
.
.
" အိမ်ကိုပဲ တန်းပြန်ပါ ကြိုးလေး...
၂ရက်တောင် ဝတ်ထားတဲ့ အဝတ်စားတွေက မင်းကို ငြီးစီစီဖြစ်နေစေလိမ့်မယ်"
.
.
.
တံခါးလက်ကိုင်ကို လှမ်းနေမိတဲ့ ကြွေ့လက်လေး
လေထဲ ရပ်တန့်သွားရသည်။
ဒီလိုအချိန်မှာတောင် ကြွေ့ကို ပူပန်ပေးနေတာ...
ကြွေ့ကို စိုးရိမ်ပေးဖို့ မမေ့မလျော့တဲ့ သူ...
.

ကိုးမာန်ရယ် ခင်ဗျားကို လောဘတက်မိတာ
ကျွန်တော့် အလွန်လား ..

" အဆုံးသတ်မှာ ခင်ဗျားနဲ့ Happy Ending
ဖြစ်ရဖို့ ဘယ်အရာကိုမဆို ချနင်းဖို့ ဝန်မလေးတာ
သိထားပါ ကိုးမာန် "

.
.
.

" အတ္တက လူကို ရူးသွားစေနိုင်တယ် ကြိုးလေး "

ကိုးမာန်ရဲ့ ခပ်တိုးတိုး သတိပေးစကားက ကြွေ့ကို နောက်တစ်ကြိမ် မဲ့ပြုံးပြုံးစေလေသည်။

" မပူပါနဲ့ စိတ်ကျန်းမာရေးဆေးရုံမှာ လှူထားတာတွေ များလွန်းလို့ ရူးသွားရင်တောင် တစ်နေရာစာ ရမှာပါ "

ပြောပြီးထွက်လာတဲ့ ကြွေ့ကို ကိုးမာန်
နောက်ကနေ ကြည့်နေမလား
ဒါမှမဟုတ် ကျောခိုင်းနေမလား
စိတ်တွေညစ်ပြီး ခေါင်းငိုက်စိုက်ကြနေမလား
.
.
.
သိချင်တာတွေ များပေမယ့် ကြွေ
နည်းနည်းလေးတောင် ခေါင်းငဲ့ပြီး
နောက်ပြန်မကြည့်ဖြစ်ခဲ့။

ခံစားချက် တကယ်ထူးဆန်းတယ် ကိုးမာန်....
ခင်ဗျားကို သေလောက်အောင်လိုချင်နေပေမယ့်
တစ်ချိန်တည်းမှာပဲ ထားပစ်ခဲ့ချင်တဲ့ စိတ်...

မုန်းလိုက်တာ........ ခင်ဗျားကို မုန်းတယ်။
ဒါပေမယ့်....
.
.
.
.
.

~~~~~~~~~~~~~~~~

ကြွေက ဘာနဲ့ မတည့်ဘူးလဲ?
ကြွေက ဘာအရောင်ကို အကြိုက်ဆုံးလဲ?
ကြွေက ခရီးသွားတာကို နှစ်သက်တာလား?
ကြွေက ထမင်းရော ပုံမှန်စားရဲ့လား?
ကြွေက.......
.......
.......
.......
.......
နေပါဦး..... ကြွေက ဒီနှစ်ဆို ၂၁ ပြည့်တာလား?
၂၂ ပြည့်မှာများလား??

အဖေတစ်ယောက် ဖြစ်ပြီး ကြွေ့ အကြောင်း သူ
ဘာမှ မသိဘူးပဲ။
မသိချင်ခဲ့တာလည်း မဟုတ်ပေမယ့် သိဖို့လည်း
တစ်ခါမှ မကြိုးစားခဲ့.

ဒီအတိုင်း.... ငွေရှာပေးနိုင်ရင်
ကြွေ့ကို ပြည့်စုံအောင် ထားနိုင်ရင် ရပြီထင်ခဲ့တာ
အိမ်ထောင်ကွဲသွားပေမယ့် စီးပွားဖက်အဖြစ် ရှိနေတဲ့ ကြွေရွက်ဝါကို သူ့ကြွယ်ဝမှုတွေ မြင်သာဖို့
အစွမ်းကုန် ကြိုးစားရှာဖွေခဲ့တဲ့ စည်းစိမ်တွေက
တကယ်တော့ ဘာမှ မဟုတ်ဘူးတဲ့လား......

ဒေါက်တာ ကျော်စွာ ပြောပုံ အရ
ကြွေ့မှာ စိတ်ရောဂါ ဖြစ်နေတဲ့ အလားလာတွေ တွေ့နေရတယ်တဲ့လေ.....

ဘယ်ကတည်းကလဲ ?
သူဘာလို့ နည်းနည်းတောင် မရိပ်မိခဲ့ရတာလဲ?

အခုချိန်မှရော ကြွေ့ကို ဘာလုပ်ပေးရမလဲ?
သွန်းမာန်သစ် နဲ့ သဘောတူပေးမှ ကြွေက
စိတ်ချမ်းသာမှာလား?

ပြန်ဖြေမယ့်သူ မရှိတဲ့ မေးခွန်းများစွာကြားမှာ
မောပန်းလာတာကြောင့် ခဏထိုင်ပြီး မျက်လုံးတွေ မှိတ်ချလိုက်သည်။

ပင်ပန်းလိုက်တာ....
ဒီရက်ပိုင်း နေရတာ ပင်ပန်းလွန်းတယ်....

.
.
.
.
ဧည့်ခန်းထဲမှာ ခြေပစ်လက်ပစ်ထိုင်နေတဲ့
Daddy ကို ကြည့်နေရင်း ကြွေ့ခြေလှမ်းတွေ
အိမ်အပြင်ကို ပြန်ဦးတည်လိုက်သည်။

စိတ်ပျက်စရာကောင်းလိုက်တာ...
အခုထိ အခြေနေကောင်းသေးပုံ မရတဲ့
Daddy နဲ့ ဘာမှကို ပြိုင်ပြောချင်စိတ်ရှိမနေ

ဟင့်အင်း.....
ကိုးမာန်ကို ရဖို့ အားထုတ်ရမှာ
ဒီလို နေရာတွေမှာ စိတ်ပင်ပန်းအောင် မလုပ်ရဘူး

ကြွေ ယောင်ချာချာ နဲ့ ကိုယ့်ကိုယ်ကိုယ်
အားတင်းပြီး ခြံအပြင်ထွက်လာတော့
တိုက်တိုက်ဆိုင်ဆိုင် ဘေးခြံကနေ ထွက်လာတဲ့
Mommy တို့မိသားစု

ရယ်မော ပျော်ရွှင်လို့.....
ဘာတွေ ဒီလောက် ပျော်စရာကောင်းသလဲ....
ကြွေလည်း သိချင်မိတယ်....
တစ်ခါတစ်လေ ..... တကယ် သိချင်မိတာ

ဟော..
ကြွေ့ကိုလည်းတွေ့ရော ချက်ချင်း မသာမယာဖြစ်
သွားတဲ့ မျက်နှာတွေ...

တွေ့လား....
သူတို့အတွက် ကြွေက မကောင်းဆိုးဝါး
တစ်ကောင်သာသာပင်..
တွေ့တာနဲ့ ကြောက်ရွံ့ ထိတ်လန့်ကုန်ကြတာ..

" ဘယ်သွားမလို့လဲ ကြွေ ?"

Mommy က ကိုးမာန်လောက်တောင် အရိပ်ကဲ မသိဘူးပဲ..... ကြေမွ တွန့်ကြေစုတ်ပြတ်နေတဲ့
အဝတ်စားကို တကယ်ပဲ မမြင်လေသလား....

" ကြွေ လုပ်နေတာတွေ ရပ်တန့်ဖို့ Mommy
ပြောချင်တယ်"

ဒီနေရာမှာ ကြွေ ရယ်လိုက်သင့်သည်မလား
တွေ့တာနဲ့ တန်းအမိန့်ပေးတော့တာပဲ
mommy ကတော့ တကယ်ပါပဲ

ကြွေ ဘာမှ ပြန်မဖြေပဲ ကြည့်ပဲ
ကြည့်နေလိုက်သည်။
ဒါကို mommy က ဆက်ပြောဖိူ့ အခွင့်ရေး ရသည်လို့ ထင်ပြီး ဆက်ပြောပြန်သည်။

"အဲ့ဒါက မဖြစ်သင့်မှန်း mommy ပြောတာယုံ  ကြွေ နောင်တရလိမ့်မယ် "

" အင်း.... အဲ့နောင်တ ဆိုတာကြီး ရဖူးချင်လို့
ဆက်တိုးဦးမှာ"

" ကြွေ ! "

" ရွက်ဝါ ..... နောက်မှ အေးဆေးပြောကြမယ်
လေ... သွားစရာ ရှိတာ အရင်သွားရအောင် လာ "

ဦးမျိုးမင်း ကြားဝင်ဆွဲခေါ် သွားတာကြောင့် ပါသွား
ပေမယ့် ကြွေ့ကိုတော့ အစာသိပ်ကျေသွားပုံမရ။

Daddy ကိုတောင် ဘယ်လို ဖြေရှင်းရမလဲ မသိ
mommy ကပါ လာပြီး ဘာတွေ လာဖြစ်နေမှန်းမသိ....

ဘာလို့ ကြွေက အရာအားလုံးကို လိုက်ဂရုစိုက် နေရမှာလဲ...
Daddy ဘာသာ အဆင်ပြေပြေ မပြေပြေ
ကြွေကတော့ ကိုးမာန်ကို ဘဝ ထဲ ဆွဲသွင်းမှာပဲ

mommy ကတော့ အစကတည်းက
ဘဝခြားနေပြီကို အတင်းအမျှဝေဖို့
လုပ်နေသူသက်သက်ပဲ

ကြွေ ..... အိမ်ရှေ့အုတ်ခုံလေးမှာ မှီထိုင်ရင်း
မဲ့ပြုံးပြုံးလိုက်မိသည်။
အခုတလော ပြုံးပဲ ပြုံးနေချင်တော့တယ်
ဘာဖြစ်နေမှန်းကိုမသိ
အရာအားလုံးကို ဟားတိုက် ရယ်မော
ပစ်ချင်စိတ်ကို မနည်းချိုးနှိမ်ပြီး ပြုံးရုံ ပြုံးနေရတာ
.
.
.
လူတွေက ...... တကယ် ရယ်ရတယ်....
တကယ့်ကို ရယ်ရတယ်
.
.
.
.
ထို့နောက် ခပ်လှမ်းလှမ်းက နေရောင်ကို
အရသာခံ ကြည့်ရင်း..

ကြွေ အိတ်ကပ်ထဲက ဆေးလိပ်ဘူးနဲ့ မီးခြစ်
ထုတ်ပြီး ပေါ့ပေါ့ပါးပါး ဆေးလိပ် တစ်လိပ်ကို ဖွာ ရှိုက်လိုက်မိသည်။

ဆေးလိပ်ငွေ့ရဲ့ ပေါ့ပါးမှုကို အသုံးချရမယ့် အချိန်
ဒီလို မြန်မြန် ရောက်လာမယ်လို့ ထင်မထားခဲ့ဘူး

စိတ်ကို ဘာမှမကူပဲ ချုပ်တည်းနိုင်မယ် ထင်ခဲ့တာ
ထင်သလောက်
မလွယ်ကူဘူးပဲ.....
.
.
.
.
ကိုးမာန် ....
ခင်ဗျားကြောင့်.....

~~~~~~~~~~~~~~~~~
tbc.
Coming soon Final part
Thanks for everything
N.S.P

















Continue Reading

You'll Also Like

916K 50.7K 36
"လွမ်းစေသော် မင်းငါ့ကိုဘာလို့ ချစ်ငယ်လို့ခေါ်တာလဲ" "ချစ်ငယ်က ငါ့ထက်ငယ်တော့ အငယ်ပေါ့ ချစ်ငယ်လို့ခေါ်မှတော့ အခြားဘာရှိသေးလို့လဲ" "..." "ကိုကို မင်းကို...
2.2M 148K 104
Doctor Handsome & Medical Student
397K 42.5K 43
The UNIVERSE is a strange place. Stardust falls at random and Humans fall in LOVE. _K.Towene Jr. ( For background photo of Fiction cover, Fully cred...
2.5M 244K 64
This story book presented by ZAWGYI & UNICODE. Cover Design By @Moa ZAWGYI ရင်ခုန်စရာ ဇာက်လမ်းလေးတစ်ပုဒ်ကို ငါ အခုပြောပြမယ် ..... ဇာက်လမ်းလေးက ဒီလိ...