သူငယ္​ခ်င္​း​ေလးပါတဲ့ Just Fr...

By moeswaemaung_fool

237K 18.2K 597

ရည္​မွန္​းခ်က္​တူညီခဲ့တဲ့ သူတို႔နွစ္​​ေယာက္​။ ဘဝ​ေလ်ွာက္​လမ္​း မတူညီတဲ့ သူတို႔နွစ္​​ေယာက္​။ အရမ္​းခ်စ္​ၾကတဲ့... More

Prologue
အစ
အတိတ္​ဆိုတာ ၁
အတိတ္​ဆိုတာ ၂
အတိတ္​ဆိုတာ ၃
အတိတ္​ဆိုတာ ၄
အတိတ္​ဆိုတာ ၅
အတိတ္​ဆိုတာ ၆
Present Time 1
Present Time 2
Present Time 3
Present Time 4
Present Time 5
Present Time 6
Present Time 7
Present Time 8
Present Time 9
Present Time 10
Present Time 12
Present Time 13
Present Time 14
Present Time 15
Present Time 16
Present Time 17
Present Time 18
Present Time 19
Present Time 20
Present Time 21
Present Time 22
Present Time 23
Present Time 24
Present Time 25
Present Time 26
Present Time 27
Ending
Hello HoneyBees
Order Now!!!😍😍😍

Present Time 11

4.8K 470 19
By moeswaemaung_fool

မနက္​ကတည္​းက ဆြမ္​းခ်ိဳင္​့ျပင္​​ေနတဲ့​ေနရာမွာ ဝင္​ကူ​ေနမိသည္​။ ထမင္​းဟင္​းမခ်က္​တတ္​​ေပမဲ့ မုန္​႔လုပ္​တဲ့​ေနရာမွာ ​ေတာ္​တယ္​ဆိုတာ​ေလးကို အခု​ေတာ့ အသိအမွတ္​ျပဳမိသည္​။

သူလုပ္​တဲ့မုန္​႔က ရိုးရိုး​ေလးပါ။ အုန္​းနို႔​ေက်ာက္​​ေက်ာ။ တစ္​ခုထူးတာက အုန္​းနို႔ကို ကိုယ္​တိုင္​လုပ္​တာ။

ဒီ​ေန႔က ကြၽန္​​ေတာ့​ေမြး​ေန႔မို႔ သူကိုယ္​တိုင္​ညကတည္​းက အုန္​းနို႔ႀကိဳၿပီး မနက္​​ေစာ​ေစာ​ေက်ာက္​​ေက်ာႀကိဳ​ေပး​ေနတာ။

ဆြမ္​းခ်ိဳင္​့သြားပို႔မွာျဖစ္​လို႔ ကုလား​ေလးရဲ႕အ​ေမလာခ်က္​​ေပးတာကို ကြၽန္​​ေတာ္​က ဟိုဟာ​ေလး ဝိုင္​းကူလိုက္​ ဒီဟာ​ေလး ဝိုင္​းရႈပ္​လိုက္​။

အရက္​သမားည​ေတြ လြန္​​ေျမာက္​ၿပီးခ်ိန္​က တစ္​လၾကာျမင္​့သြားၿပီ။ သူဟာ အရက္​​ေသာက္​ၿပီး ​ေမ့တတ္​လားမသိ။

ထိုညက အျဖစ္​အပ်က္​ကို သူလည္​းအစမ​ေဖာ္​သလို ကြၽန္​​ေတာ္​ကလည္​း ​ေမ့ထားသည္​။

ခ်ိဳျမန္​​ေသာအနမ္​း​ေပမဲ့ ျပန္​လည္​အစျပဳကာမွ ခါးသက္​တဲ့မုန္​တိုင္​းျဖစ္​သြားမွာ​ေၾကာက္​သည္​။

ထိုညက .........

" အင္​့ ဘာလဲ "

" မရုန္​းစမ္​းပါနဲ႔လား "

လည္​ပင္​းကို သိုင္​းဖက္​ထား​ေသာသူ႔လက္​​ေတြက မသန္​မာ​ေပမဲ့ ၿမဲၿမံ​ေနသည္​။ ျပန္​လည္​ဆြဲယူလိုက္​​ေသာ သူ႔လက္​​ေတြ​ေၾကာင္​့ရယ္​ သူ႔ဆီက ရ​ေန​ေသာ ဘီယာအနံ႔ရယ္​​ေၾကာင္​့ လူက လက္​မခိုင္​ခ်င္​​ေတာ့။

အနီးကပ္​ဆံုးမွာ ရွိ​ေန​ေသာ မ်က္​နွာနွစ္​ခုက တစ္​​ေယာက္​​ေယာက္​ကသာ နႈတ္​ခမ္​းကိုဆူလိုက္​ရင္​ ထိစပ္​သြား​ေတာ့မွာ။

​ေစာ​ေစာ​ေလးက ထိခတ္​သြားတဲ့အနမ္​းတစ္​ခုက ခုထိ အ​ေငြ႕အသက္​ရ​ေန​ေသး​ေပမဲ့ ​ေနာက္​တစ္​ေခါက္​ျပန္​ထိၾကည္​့ဖို႔မဝ့ံရဲဘူး။

" မနမ္​းရဲဘူးလား "

ခပ္​အက္​အက္​အသံ​ေတြက​ေတာ့ ကြၽန္​​ေတာ့ကိုစိမ္​​ေခၚ​ေနၿပီ။

" မဟုတ္​ဘူး "

" ဒါဆို ႐ြံလို႔လား "

" ဟာ ​ေပါက္​ကရ "

" ဘာလို႔လဲ "

" မင္​းမူး​ေနတာ​ေလ "

" မမူးပါဘူးဆိုကြာ "

သံုးဗူးနဲ႔အိပ္​​ေပ်ာ္​တဲ့​ေကာင္​က တစ္​ဗူးနဲ႔မမူးဘူးတဲ့လား။ ယံုခ်င္​စရာႀကီး။

" ၿပီးမွ ငါ့ကို အျပစ္​မတင္​နဲ႔​ေနာ္​ "

" မတင္​ဘူး "

တျခား​ေယာက္​်ား​ေလး​ေတြ သူငယ္​ခ်င္​းအခ်င္​းခ်င္​း ဘာ​ေတြလုပ္​ဖူးၾကလဲ မသိ​ေပမဲ့....

မထူး​ေတာ့ဘူးကြာ ... တစ္​သက္​လံုး မပိုင္​ဆိုင္​ရမဲ့အတူတူ တစ္​ခါ​ေလာက္​​ေတာ့ နမ္​းဖူးခ်င္​ပါတယ္​ ...

စိတ္​ကိုပိုင္​းျဖတ္​ကာသာ သူ႔မ်က္​နွာဆီ ပစ္​ဝင္​လိုက္​​ေတာ့သည္​..

​ေအာက္​ႏႈတ္​ခမ္​းကို ငံု​ေထြးယူၿပီး လ်ွာဖ်ားနွင္​့ဖိကာ စုပ္​ယူလိုက္​​ေတာ့ သူ႔မ်က္​နွာ​ေလးက ​ေမာ့လာသည္​။ မ်က္​နွာ​ေလးက ၾကည္​လင္​​ေန​ေတာ့ နီ​ေစြး​ေနတာ​ေလးက ပါးျပင္​​ေပၚ ​ေသြး​ေၾကာ​ေလး​ေတြ ​ေပါက္​ထြက္​​ေတာ့မလို...

အနီးကပ္​ျမင္​ရ​ေလ ရင္​ခုန္​သံက ထိန္​းမရ​ေလ...

ငါ အသက္​ထြက္​​ေတာ့မယ္​ သိရဲ႕လား ​ညိဳလံုးရဲ႕ ...

မ်က္​နွာဆီ အာရံု​ေရာက္​​ေန​ေတာ့ အနမ္​းကအား​ေလ်ာ့သြား၍ထင္​ ...

ခပ္​ဟဟပြင္​့​ေန​ေသာ ကြၽန္​​ေတာ့ပါးစပ္​ထဲ ႏူးညံတဲ့ သူ႔လ်ွာဖ်ားက တိုးဝင္​လာ​ေတာ့ ထိမိတာနဲ႔ တစ္​ကိုယ္​လံုး ဓာတ္​လိုက္​ခံရသူလို အားအင္​အကုန္​ခမ္​း​ေျခာက္​သြားရသည္​အထိ။

သူကဘာသ​ေဘာနဲ႔ နမ္​းမွန္​းမသိ​ေပမဲ့ ကိုယ္​က​ေတာ့ ...

ခ်စ္​လို႔ ... ​ေမာင္​့ကို ခ်စ္​လို႔ ....

ဖြဖြနမ္​းရွိုက္​ရာက တစ္​စတစ္​စ ​ေမာဟိုက္​လာသည္​အထိ ...

တစ္​ခါမွ မနမ္​းဖူးသည္​့ အနမ္​းမ်ိဳးနဲ႔ သူ႔ခံတြင္​းထဲက ခါး​သက္​​ေသာ ဘီယာအရသာ​ေတြ ကုန္​တဲ့အထိ နမ္​းရွိုက္​မိသည္​။

​ေနာက္​ဆံုး အိပ္​​ေမာက်သြားတဲ့အထိ​ေတာင္​ သူ႔နႈတ္​ခမ္​းထူထူတို႔ကို ငံုထားမိဆဲ။

..........................

" ဆရာ ..... ဆရာ "

" ... "

" ဆရာ "

" ဟင္​ .. အင္​း "

လႈပ္​ရွား​ေန​ေသာ သူ႔ကို​ေငးၾကည္​့​ေနမိတာ ဘယ္​​ေလာက္​ၾကာသြားသလဲမသိ။ အနားက ကုလား​ေလးရဲ႕အ​ေမ လာ​ေခၚမွ အသိျပန္​ကပ္​သည္​။

" ဆြမ္​းခ်ိဳင္​့ရၿပီရယ္​ ဆရာတို႔ ​ေရခ်ိဳးၿပီး သြားလိုက္​ရင္​ ရၿပီ "

" ​ေၾသာ္​ ဟုတ္​ကဲ့ အားနာလိုက္​တာ အ​ေဒၚရယ္​ "

" ရပါတယ္​ ဆရာရယ္​ လုပ္​​ေပးရမွာ​ေပါ့ အားနာစရာမဟုတ္​တာ ​ေရသာသြားခ်ိဳးပါ​ေတာ့ အာရုဏ္​ဆြမ္​းမမီပဲ ​ေနလိမ္​့မယ္​ "

..........

" ငါ မင္​းအတြက္​ ထုတ္​ထား​ေပးတယ္​ "

ၾကည္​့လိုက္​​ေတာ့ အိပ္​ယာ​ေပၚတင္​​ေပးထားတဲ့ စတစ္​အျဖဴနဲ႔​ေယာပုဆိုး​ခဲ​ေရာင္​။

သူ႔ဘက္​လွည္​့ၾကည္​့​ေတာ့ ....

အမ္​... ဘာလို႔ အတူတူလဲ။

" ဘာ​ေတြ​ေငး​ေနတာလဲ ငါ​ေခ်ာလာလို႔လား "

" ​ေခ်ာက​လက္​​ကိတ္​​ေလးလိုကို ​ေခ်ာလာတာပါ "

" ​ေသလိုက္​ပါလား "

​ေဘးနားက တစ္​ရွဴးထုတ္​နဲ႔ ​ေကာက္​​ေပါက္​လိုက္​လို႔ ​ေတာ္​​ေသး။ ​ေခါင္​းၿဖီးတဲ့ဘီးနဲ႔သာဆို မ​ေတြးရဲစရာ။

" ခ်စ္​လိုက္​ပံုမ်ားကြာ "

" ျမန္​ျမန္​ဝတ္​စမ္​းပါ ဗလျပမ​ေနနဲ႔ အ​ေအးပတ္​ၿပီး မင္​းဟာခဲသြားရင္​ ငါ​ေဆးခန္​းလိုက္​မျပ​ေပးဘူး "

" ခဲ​ေပ့​ေစကြာ အင္​မတန္​​ေစတနာရွိ​ေသာ သူငယ္​ခ်င္​းရထားတာ အရမ္​း​ေတြ ဝမ္​းသာ​ေနပါၿပီ "

.........................

" ဘုရားသား​ေတာ္​ "

" ဘုရားသား​ေတာ္​ "

" သံဃာ​ေတာ္​ "

" သံဃာ​ေတာ္​ "

" အရွင္​သူျမတ္​တို႔အား ဦးထိပ္​ထား၍ "

" အရွင္​သူျမတ္​တို႔အား ဦးထိပ္​ထား၍ "

" ယ​ေန႔တြင္​က်​ေရာက္​​ေသာ ​ေမြး​ေန႔အလွဴအျဖစ္​ "

" ယ​ေန႔တြင္​ က်​ေရာက္​​ေသာ ​ေမြး​ေန႔အလွဴအျဖစ္​ "

" ဤဆြမ္​းခဲဖြယ္​တို႔ကို ကပ္​လွဴပူ​ေဇာ္​ပါ၏ "

"  ဤဆြမ္​းခဲဖြယ္​တို႔ကို ကပ္​လွဴပူ​ေဇာ္​ပါ၏ "

" အမ်ွရ၍ ဝမ္​း​ေျမာက္​ႏု​ေမာ္​ သာဓု​ေခၚဆိုနိုင္​ၿပီးလ်ွင္​ "

" အမ်ွရ၍ ဝမ္​း​ေျမာက္​ႏု​ေမာ္​ သာဓု​ေခၚဆိုနိုင္​ၿပီးလ်ွင္​ "

" ျမတ္​နိဗၺာန္​၏ အ​ေထာက္​အပံ့ ျဖစ္​ပါ​ေစသား အရွင္​ဘုရား "

"   ျမတ္​နိဗၺာန္​၏ အ​ေထာက္​အပံ့ ျဖစ္​ပါ​ေစသား အရွင္​ဘုရား "

.......

" အခ်ိဳပြဲ​ေတြ တစ္​ခါတည္​း ျပင္​ထားရင္​​ေကာင္​းမယ္​ထင္​တယ္​ "

" သူတို႔ျပင္​​ေပးလိမ္​့မယ္​ "

" ငါတို႔ပါ ဝိုင္​းလုပ္​​ေတာ့ ကုသိုလ္​ပိုရသြားမွာစိုးလို႔လား လာခဲ့ "

မျငင္​းနိုင္​ပါ။ တစ္​​ေသြးတစ္​သံတစ္​မိန္​႔။ ​ေၾသာ္​ ခ်စ္​​ေတာ့လည္​း သည္​းခံစမ္​းဟဲ့။

" ပန္​းကန္​​ေတြ​ေတာ့ ဝင္​မ​ေဆးၾကပါနဲ႔ရွင္​ ကြၽန္​မတို႔ ကုသိုလ္​ယူဖို႔လည္​း ထားပါဦး​ေတာ့ "

ရီက်ဲက်ဲနွင္​့ နွစ္​​ေယာက္​လံုး  ​ေရကန္​​ေဘးက ထလိုက္​ရ​ေတာ့သည္​။

..........

ၿခံထဲမွာ ​ေခါက္​ဆြဲ​ေၾကာ္​ၿပီး အနီးအနားက ​စာသင္​​ေက်ာင္​း​ေလးဆီ သြားၿပီး အာဟာရဒါနအျဖစ္​ က​ေလး​ေတြကို ​ေကြၽးလိုက္​ၾက​ေသးသည္​။

ၿခံထဲက အလုပ္​သမားမ်ားကိုလည္​း ​ေခါက္​ဆြဲ​ေၾကာ္​​ကာ အခ်ိဳရည္​အဆစ္​က​ေလးနွင္​့။

အသက္​​ေတြ မသတ္​ရ​ေသာ...  အရက္​ဘီယာ မပါ​ေသာ ရိုးရွင္​း​ေသာ ​ေမြး​ေန႔ပြဲကို သူကိုယ္​တိုင္​ဦး​ေဆာင္​ဖန္​တီး​ေပး​ေတာ့ ဒီလူက ႀကံႀကံဖန္​ဖန္​ ဂုဏ္​ယူတာ​ေပါ့။

ဘာမွမဆိုင္​ရင္​​ေတာင္​မွ။ ဟုတ္​တယ္​ ဘာမွမဆိုင္​ရင္​​ေတာင္​မွ စိတ္​ထဲက​ေန သူ႔ကိုဆို အမႊန္​းတင္​လိုက္​ရမွ။

...................

" ပင္​ပန္​းသြားၿပီလား "

" ​ေအး ခါးနည္​းနည္​း ကိုက္​​ေနတယ္​ "

" အုန္​းနို႔အိုးကို ကုန္​းကုန္​းၿပီး ​ေမႊ​ေနတာကိုး ကိုက္​မွာ​ေပါ့ "

" မ​ေမႊရင္​ ျပစ္​ခဲသြားမွာ​ေပါ့ စားမ​ေကာင္​းျဖစ္​ရင္​ ငါပဲစိတ္​မ​ေကာင္​းျဖစ္​ရမွာ "

" ကဲ အခု​ေတာ့ ​ေမွာက္​ ကိုယ္​​ေတာ္​​ေလး ကြၽန္​​ေတာ္​မ်ိဳး ​ေဆးလိမ္​း​ေပးမယ္​ "

​" သိပ္​မကိုက္​ပါဘူး  မင္​း​ေရာ ​ေရ​ေတြထမ္​းလိုက္​​ေသးတယ္​မလား "

" နည္​းနည္​းပါကြာ "

" မ​ေညာင္​းဘူးလား "

" ​ေညာင္​း​ေပမဲ့ ​ေပ်ာ္​တယ္​ကြ ... အရင္​က တစ္​ခါမွ ဒီလို​ေတြမလုပ္​ဖူးဘူး "

" ငါရွိ​ေနလို႔ လူရုပ္​သူရုပ္​ထြက္​​ေနတာမလား "

" ​ေအး ဝန္​မခံခ်င္​​ေပမဲ့ ဟုတ္​​ေန​ေတာ့လည္​း "

" ကဲ ​ေမွာက္​ပါဟ ပင္​ပန္​းလို႔ အိပ္​ခ်င္​​ေနၿပီ "

" ​ေအးပါကြာ "

" ခြၽတ္​စမ္​း "

" ဟမ္​ ဘ.. ဘာကိုလဲ "

" စြပ္​က်ယ္​ခြၽတ္​စမ္​းပါ ပုခံုးက​ေန အကုန္​လိမ္​းရမွာကို "

" မခြၽတ္​လို႔မရဘူးလား "

" ငါဆြဲၿဖဲလိုက္​ရမလား "

" အားႀကီးနဲ႔ကြာ ​ေၾကာက္​ပါတယ္​ ခြၽတ္​ၿပီ "

​ေဆး​ေအး​ေအး​ေလး​ေတြက ပုခံုးက​ေန စလိမ္​းလာတာ ​ေက်ာျပင္​​ေရာ ခါး​ေတြအနွံ႔။

​ေက်ာကိုလိမ္​း​ေတာ့အ​ေကာင္​း​ေပမဲ့ ပုဆိုးကို ဆြဲခ်​ေန​ေသာ သူ႔လက္​​ေတြ​ေၾကာင္​့ လူက ​နားထင္​​ေမႊး​ေတြ​ေထာင္​လာသည္​။

" ဘာလုပ္​တာလဲ "

" ဘာျဖစ္​​ေနတာလဲ ၿငိမ္​ၿငိမ္​​ေနစမ္​း ​ေစတနာနဲ႔လိမ္​း​ေပးတာကို "

" မဟုတ္​ ... မလို "

ခါးစပ္​က​ေန ​ေလ်ာ့ရဲ​ေနတဲ့ ပုဆိုး​ေအာက္​ လ်ွိုဝင္​လာ​ေသာသူ႔လက္​။

စိတ္​ထိန္​းစမ္​း။ ဒါ ​ေဆးလိမ္​း​ေပး​ေနတာ။ ဒါ​ေပမဲ့ လက္​က​ေလးနဲ႔ ခါး​ေအာက္​နားကိုထိ​ေနတာနဲ႔တင္​ စိတ္​ကမရ​ေတာ့။

" ဖယ္​ ဖယ္​​ေပး​ေတာ့ ငါ ​​ေအာက္​ဆင္​းဦးမယ္​ "

" ငါလည္​းလိုက္​မယ္​​ေလ "

" ငါ ၾကာမွာမို႔ ​ေနာက္​မွ ဆင္​းခဲ့ မဟုတ္​ရင္​ ျခင္​ကိုက္​လိမ္​့မယ္​ "

သူ႔စကားျပန္​မ​ေစာင္​့​ေတာ့ဘဲ အတင္​းကာ​ေရာ ​ေျပးဆင္​းလာမိသည္​။

" ဟားးး ဘယ္​လိုႀကီးတုန္​း ​ေသ​ေတာ့မွာပဲကြာ "

​ေခြၽး​​ေစး​ေတြ ပ်ံကာ ​ေက်ာျပင္​​ေရာ တစ္​ကိုယ္​လံုးပါ ကပ္​စီးစီးျဖစ္​လာသည္​။

​ေရ​ေျပးခ်ိဳးလိုက္​ခ်င္​​ေပမဲ့ ခုန​ေလးကတင္​ လိမ္​း​ေပးလိုက္​​ေသာ ​ေဆး​ေတြကို န​ွ​ေမ်ာမိျပန္​သည္​။

" ငါ​ေတာ့ ရူး​ေတာ့မယ္​ အံ့ဘုန္​း​ေမာင္​ရယ္​ "

ရွက္​လိုက္​တာ ဟိုက​ေဆးလိမ္​း​ေပးတာ​ေလးနဲ႔တင္​ ဒီလို​ေတြ ဗရန္​းဗတာ​ေတြ ျဖစ္​ရသည္​အထိ။

" ဘာရပ္​လုပ္​​ေနတာလဲ ၿပီးရင္​လည္​း အိမ္​​ေပၚတက္​ခဲ့တာမဟုတ္​ "

" ​ေအးကြာ ငါ ​ေျခ​ေထာက္​​ေဆး​ေနလို႔  မင္​းလည္​း ျမန္​ျမန္​ျပန္​တက္​ခဲ့​ေနာ္​ ျခင္​ကိုက္​မယ္​ "

" ​ေအးပါ "

အ​ိပ္​ယာထဲ​ေရာက္​​ေတာ့ ​ေစာင္​​ေခါင္​းၿမီးၿခံဳကာ သူ႔​ေနရာကို ​ေက်ာ​ေပးအိပ္​​ေနလိုက္​မိသည္​။

​ေနာက္​ထပ္​တစ္​​ေခါက္​ အရွက္​ရမည္​့ကိစၥမ်ား ထပ္​မလုပ္​လို​ေတာ့ပါ​ေလ။

မ်က္​နွာပ်က္​စရာျဖစ္​လာရရင္​ .......

.......

For unicode

မနက်​ကတည်းက ဆွမ်းချိုင့်​ပြင်​နေတဲ့​နေရာမှာ ဝင်​ကူ​နေမိသည်​။ ထမင်းဟင်းမချက်​တတ်​ပေမဲ့ မုန့်​လုပ်​တဲ့​နေရာမှာ​တော်​တယ်​ဆိုတာ​လေးကို အခု​တော့ အသိအမှတ်​ပြုမိသည်​။

သူလုပ်​တဲ့မုန့်​က ရိုးရိုး​လေးပါ။ အုန်းနို့​ကျောက်​ကျော။ တစ်​ခုထူးတာက အုန်းနို့ကို ကိုယ်​တိုင်​လုပ်​တာ။

ဒီ​နေ့က ကျွန်​တော့​မွေး​နေ့မို့ သူကိုယ်​တိုင်​ညကတည်းက အုန်းနို့ကြိုပြီး မနက်​စော​စော​ကျောက်​ကျောကြို​ပေး​နေတာ။

ဆွမ်းချိုင့်​သွားပို့မှာဖြစ်​လို့ ကုလား​လေးရဲ့အ​မေလာချက်​ပေးတာကို ကျွန်​တော်​က ဟိုဟာ​လေး ဝိုင်းကူလိုက်​ဒီဟာ​လေး ဝိုင်းရှုပ်​လိုက်​။

အရက်​သမားည​တွေ လွန်​မြောက်​ပြီးချိန်​က တစ်​လကြာမြင့်​သွားပြီ။ သူဟာ အရက်​သောက်​ပြီး​မေ့တတ်​လားမသိ။

ထိုညက အဖြစ်​အပျက်​ကို သူလည်းအစမ​ဖော်​သလို ကျွန်​တော်​ကလည်း​မေ့ထားသည်​။

ချိုမြန်​သောအနမ်း​ပေမဲ့ ပြန်​လည်​အစပြုကာမှ ခါးသက်​တဲ့မုန်​တိုင်းဖြစ်​သွားမှာ​ကြောက်​သည်​။

ထိုညက .........

" အင့်​ဘာလဲ "

" မရုန်းစမ်းပါနဲ့လား "

လည်​ပင်းကို သိုင်းဖက်​ထား​သောသူ့လက်​တွေက မသန်​မာ​ပေမဲ့ မြဲမြံ​နေသည်​။ ပြန်​လည်​ဆွဲယူလိုက်​သော သူ့လက်​တွေ​ကြောင့်​ရယ်​သူ့ဆီက ရ​နေ​သော ဘီယာအနံ့ရယ်​ကြောင့်​လူက လက်​မခိုင်​ချင်​တော့။

အနီးကပ်​ဆုံးမှာ ရှိ​နေ​သော မျက်​နှာနှစ်​ခုက တစ်​ယောက်​ယောက်​ကသာ နှုတ်​ခမ်းကိုဆူလိုက်​ရင်​ထိစပ်​သွား​တော့မှာ။

​စော​စော​လေးက ထိခတ်​သွားတဲ့အနမ်းတစ်​ခုက ခုထိ အ​ငွေ့အသက်​ရ​နေ​သေး​ပေမဲ့​နောက်​တစ်​ခေါက်​ပြန်​ထိကြည့်​ဖို့မဝံ့ရဲဘူး။

" မနမ်းရဲဘူးလား "

ခပ်​အက်​အက်​အသံ​တွေက​တော့ ကျွန်​တော့ကိုစိမ်​ခေါ်​နေပြီ။

" မဟုတ်​ဘူး "

" ဒါဆို ရွံလို့လား "

" ဟာ​ပေါက်​ကရ "

" ဘာလို့လဲ "

" မင်းမူး​နေတာ​လေ "

" မမူးပါဘူးဆိုကွာ "

သုံးဗူးနဲ့အိပ်​ပျော်​တဲ့​ကောင်​က တစ်​ဗူးနဲ့မမူးဘူးတဲ့လား။ ယုံချင်​စရာကြီး။

" ပြီးမှ ငါ့ကို အပြစ်​မတင်​နဲ့​နော်​"

" မတင်​ဘူး "

တခြား​ယောက်ျား​လေး​တွေ သူငယ်​ချင်းအချင်းချင်း ဘာ​တွေလုပ်​ဖူးကြလဲ မသိ​ပေမဲ့....

မထူး​တော့ဘူးကွာ ... တစ်​သက်​လုံး မပိုင်​ဆိုင်​ရမဲ့အတူတူ တစ်​ခါ​လောက်​တော့ နမ်းဖူးချင်​ပါတယ်​...

စိတ်​ကိုပိုင်းဖြတ်​ကာသာ သူ့မျက်​နှာဆီ ပစ်​ဝင်​လိုက်​တော့သည်​..

​အောက်​နှုတ်​ခမ်းကို ငုံ​ထွေးယူပြီး လျှာဖျားနှင့်​ဖိကာ စုပ်​ယူလိုက်​တော့ သူ့မျက်​နှာ​လေးက​မော့လာသည်​။ မျက်​နှာ​လေးက ကြည်​လင်​နေ​တော့ နီ​စွေး​နေတာ​လေးက ပါးပြင်​ပေါ်​သွေး​ကြော​လေး​တွေ​ပေါက်​ထွက်​တော့မလို...

အနီးကပ်​မြင်​ရ​လေ ရင်​ခုန်​သံက ထိန်းမရ​လေ...

ငါ အသက်​ထွက်​တော့မယ်​သိရဲ့လား​ညိုလုံးရဲ့ ...

မျက်​နှာဆီ အာရုံ​ရောက်​နေ​တော့ အနမ်းကအား​လျော့သွား၍ထင်​...

ခပ်​ဟဟပွင့်​နေ​သော ကျွန်​တော့ပါးစပ်​ထဲ နူးညံတဲ့ သူ့လျှာဖျားက တိုးဝင်​လာ​တော့ ထိမိတာနဲ့ တစ်​ကိုယ်​လုံး ဓာတ်​လိုက်​ခံရသူလို အားအင်​အကုန်​ခမ်း​ခြောက်​သွားရသည်​အထိ။

သူကဘာသ​ဘောနဲ့ နမ်းမှန်းမသိ​ပေမဲ့ ကိုယ်​က​တော့ ...

ချစ်​လို့ ...​မောင့်​ကို ချစ်​လို့ ....

ဖွဖွနမ်းရှိုက်​ရာက တစ်​စတစ်​စ​မောဟိုက်​လာသည်​အထိ ...

တစ်​ခါမှ မနမ်းဖူးသည့်​အနမ်းမျိုးနဲ့ သူ့ခံတွင်းထဲက ခါး​သက်​သော ဘီယာအရသာ​တွေ ကုန်​တဲ့အထိ နမ်းရှိုက်​မိသည်​။

​နောက်​ဆုံး အိပ်​မောကျသွားတဲ့အထိ​တောင်​သူ့နှုတ်​ခမ်းထူထူတို့ကို ငုံထားမိဆဲ။

..........................

" ဆရာ ..... ဆရာ "

" ... "

" ဆရာ "

" ဟင်​.. အင်း "

လှုပ်​ရှား​နေ​သော သူ့ကို​ငေးကြည့်​နေမိတာ ဘယ်​လောက်​ကြာသွားသလဲမသိ။ အနားက ကုလား​လေးရဲ့အ​မေ လာ​ခေါ်မှ အသိပြန်​ကပ်​သည်​။

" ဆွမ်းချိုင့်​ရပြီရယ်​ဆရာတို့​ရေချိုးပြီး သွားလိုက်​ရင်​ရပြီ "

"​သြော်​ဟုတ်​ကဲ့ အားနာလိုက်​တာ အ​ဒေါ်ရယ်​"

" ရပါတယ်​ဆရာရယ်​လုပ်​ပေးရမှာ​ပေါ့ အားနာစရာမဟုတ်​တာ​ရေသာသွားချိုးပါ​တော့ အာရုဏ်​ဆွမ်းမမီပဲ​နေလိမ့်​မယ်​"

..........

" ငါ မင်းအတွက်​ထုတ်​ထား​ပေးတယ်​"

ကြည့်​လိုက်​တော့ အိပ်​ယာ​ပေါ်တင်​ပေးထားတဲ့ စတစ်​အဖြူနဲ့​ယောပုဆိုး​ခဲ​ရောင်​။

သူ့ဘက်​လှည့်​ကြည့်​တော့ ....

အမ်​... ဘာလို့ အတူတူလဲ။

" ဘာ​တွေ​ငေး​နေတာလဲ ငါ​ချောလာလို့လား "

"​ချောက​လက်​ကိတ်​လေးလိုကို​ချောလာတာပါ "

"​သေလိုက်​ပါလား "

​ဘေးနားက တစ်​ရှူးထုတ်​နဲ့​ကောက်​ပေါက်​လိုက်​လို့​တော်​သေး။​ခေါင်းဖြီးတဲ့ဘီးနဲ့သာဆို မ​တွေးရဲစရာ။

" ချစ်​လိုက်​ပုံများကွာ "

" မြန်​မြန်​ဝတ်​စမ်းပါ ဗလပြမ​နေနဲ့ အ​အေးပတ်​ပြီး မင်းဟာခဲသွားရင်​ငါ​ဆေးခန်းလိုက်​မပြ​ပေးဘူး "

" ခဲ​ပေ့​စေကွာ အင်​မတန်​စေတနာရှိ​သော သူငယ်​ချင်းရထားတာ အရမ်း​တွေ ဝမ်းသာ​နေပါပြီ "

.........................

" ဘုရားသား​တော်​"

" ဘုရားသား​တော်​"

" သံဃာ​တော်​"

" သံဃာ​တော်​"

" အရှင်​သူမြတ်​တို့အား ဦးထိပ်​ထား၍ "

" အရှင်​သူမြတ်​တို့အား ဦးထိပ်​ထား၍ "

" ယ​နေ့တွင်​ကျ​ရောက်​သော​မွေး​နေ့အလှူအဖြစ်​"

" ယ​နေ့တွင်​ကျ​ရောက်​သော​မွေး​နေ့အလှူအဖြစ်​"

" ဤဆွမ်းခဲဖွယ်​တို့ကို ကပ်​လှူပူ​ဇော်​ပါ၏ "

"  ဤဆွမ်းခဲဖွယ်​တို့ကို ကပ်​လှူပူ​ဇော်​ပါ၏ "

" အမျှရ၍ ဝမ်း​မြောက်​နု​မော်​သာဓု​ခေါ်ဆိုနိုင်​ပြီးလျှင်​"

" အမျှရ၍ ဝမ်း​မြောက်​နု​မော်​သာဓု​ခေါ်ဆိုနိုင်​ပြီးလျှင်​"

" မြတ်​နိဗ္ဗာန်​၏ အ​ထောက်​အပံ့ ဖြစ်​ပါ​စေသား အရှင်​ဘုရား "

"   မြတ်​နိဗ္ဗာန်​၏ အ​ထောက်​အပံ့ ဖြစ်​ပါ​စေသား အရှင်​ဘုရား "

.......

" အချိုပွဲ​တွေ တစ်​ခါတည်း ပြင်​ထားရင်​ကောင်းမယ်​ထင်​တယ်​"

" သူတို့ပြင်​ပေးလိမ့်​မယ်​"

" ငါတို့ပါ ဝိုင်းလုပ်​တော့ ကုသိုလ်​ပိုရသွားမှာစိုးလို့လား လာခဲ့ "

မငြင်းနိုင်​ပါ။ တစ်​သွေးတစ်​သံတစ်​မိန့်​။​သြော်​ချစ်​တော့လည်း သည်းခံစမ်းဟဲ့။

" ပန်းကန်​တွေ​တော့ ဝင်​မ​ဆေးကြပါနဲ့ရှင်​ကျွန်​မတို့ ကုသိုလ်​ယူဖို့လည်း ထားပါဦး​တော့ "

ရီကျဲကျဲနှင့်​နှစ်​ယောက်​လုံး​ရေကန်​ဘေးက ထလိုက်​ရ​တော့သည်​။

..........

ခြံထဲမှာ​ခေါက်​ဆွဲ​ကြော်​ပြီး အနီးအနားက​စာသင်​ကျောင်း​လေးဆီ သွားပြီး အာဟာရဒါနအဖြစ်​က​လေး​တွေကို​ကျွေးလိုက်​ကြ​သေးသည်​။

ခြံထဲက အလုပ်​သမားများကိုလည်း​ခေါက်​ဆွဲ​ကြော်​ကာ အချိုရည်​အဆစ်​က​လေးနှင့်​။

အသက်​တွေ မသတ်​ရ​သော...  အရက်​ဘီယာ မပါ​သော ရိုးရှင်း​သော​မွေး​နေ့ပွဲကို သူကိုယ်​တိုင်​ဦး​ဆောင်​ဖန်​တီး​ပေး​တော့ ဒီလူက ကြံကြံဖန်​ဖန်​ဂုဏ်​ယူတာ​ပေါ့။

ဘာမှမဆိုင်​ရင်​တောင်​မှ။ ဟုတ်​တယ်​ဘာမှမဆိုင်​ရင်​တောင်​မှ စိတ်​ထဲက​နေ သူ့ကိုဆို အမွှန်းတင်​လိုက်​ရမှ။

...................

" ပင်​ပန်းသွားပြီလား "

"​အေး ခါးနည်းနည်း ကိုက်​နေတယ်​"

" အုန်းနို့အိုးကို ကုန်းကုန်းပြီး​မွှေ​နေတာကိုး ကိုက်​မှာ​ပေါ့ "

" မ​မွှေရင်​ပြစ်​ခဲသွားမှာ​ပေါ့ စားမ​ကောင်းဖြစ်​ရင်​ငါပဲစိတ်​မ​ကောင်းဖြစ်​ရမှာ "

" ကဲ အခု​တော့​မှောက်​ကိုယ်​တော်​လေး ကျွန်​တော်​မျိုး​ဆေးလိမ်း​ပေးမယ်​"

​" သိပ်​မကိုက်​ပါဘူး  မင်း​ရော​ရေ​တွေထမ်းလိုက်​သေးတယ်​မလား "

" နည်းနည်းပါကွာ "

" မ​ညောင်းဘူးလား "

"​ညောင်း​ပေမဲ့​ပျော်​တယ်​ကွ ... အရင်​က တစ်​ခါမှ ဒီလို​တွေမလုပ်​ဖူးဘူး "

" ငါရှိ​နေလို့ လူရုပ်​သူရုပ်​ထွက်​နေတာမလား "

"​အေး ဝန်​မခံချင်​ပေမဲ့ ဟုတ်​နေ​တော့လည်း "

" ကဲ​မှောက်​ပါဟ ပင်​ပန်းလို့ အိပ်​ချင်​နေပြီ "

"​အေးပါကွာ "

" ချွတ်​စမ်း "

" ဟမ်​ဘ.. ဘာကိုလဲ "

" စွပ်​ကျယ်​ချွတ်​စမ်းပါ ပုခုံးက​နေ အကုန်​လိမ်းရမှာကို "

" မချွတ်​လို့မရဘူးလား "

" ငါဆွဲဖြဲလိုက်​ရမလား "

" အားကြီးနဲ့ကွာ​ကြောက်​ပါတယ်​ချွတ်​ပြီ "

​ဆေး​အေး​အေး​လေး​တွေက ပုခုံးက​နေ စလိမ်းလာတာ​ကျောပြင်​ရော ခါး​တွေအနှံ့။

​ကျောကိုလိမ်း​တော့အ​ကောင်း​ပေမဲ့ ပုဆိုးကို ဆွဲချ​နေ​သော သူ့လက်​တွေ​ကြောင့်​လူက​နားထင်​မွှေး​တွေ​ထောင်​လာသည်​။

" ဘာလုပ်​တာလဲ "

" ဘာဖြစ်​နေတာလဲ ငြိမ်​ငြိမ်​နေစမ်း​စေတနာနဲ့လိမ်း​ပေးတာကို "

" မဟုတ်​... မလို "

ခါးစပ်​က​နေ​လျော့ရဲ​နေတဲ့ ပုဆိုး​အောက်​လျှိုဝင်​လာ​သောသူ့လက်​။

စိတ်​ထိန်းစမ်း။ ဒါ​ဆေးလိမ်း​ပေး​နေတာ။ ဒါ​ပေမဲ့ လက်​က​လေးနဲ့ ခါး​အောက်​နားကိုထိ​နေတာနဲ့တင်​စိတ်​ကမရ​တော့။

" ဖယ်​ဖယ်​ပေး​တော့ ငါ​အောက်​ဆင်းဦးမယ်​"

" ငါလည်းလိုက်​မယ်​လေ "

" ငါ ကြာမှာမို့​နောက်​မှ ဆင်းခဲ့ မဟုတ်​ရင်​ခြင်​ကိုက်​လိမ့်​မယ်​"

သူ့စကားပြန်​မ​စောင့်​တော့ဘဲ အတင်းကာ​ရော​ပြေးဆင်းလာမိသည်​။

" ဟားးး ဘယ်​လိုကြီးတုန်း​သေ​တော့မှာပဲကွာ "

​ချွေး​စေး​တွေ ပျံကာ​ကျောပြင်​ရော တစ်​ကိုယ်​လုံးပါ ကပ်​စီးစီးဖြစ်​လာသည်​။

​ရေ​ပြေးချိုးလိုက်​ချင်​ပေမဲ့ ခုန​လေးကတင်​လိမ်း​ပေးလိုက်​သော​ဆေး​တွေကို နှ​မျောမိပြန်​သည်​။

" ငါ​တော့ ရူး​တော့မယ်​အံ့ဘုန်း​မောင်​ရယ်​"

ရှက်​လိုက်​တာ ဟိုက​ဆေးလိမ်း​ပေးတာ​လေးနဲ့တင်​ဒီလို​တွေ ဗရန်းဗတာ​တွေ ဖြစ်​ရသည်​အထိ။

" ဘာရပ်​လုပ်​နေတာလဲ ပြီးရင်​လည်း အိမ်​ပေါ်တက်​ခဲ့တာမဟုတ်​"

"​အေးကွာ ငါ​ခြေ​ထောက်​ဆေး​နေလို့  မင်းလည်း မြန်​မြန်​ပြန်​တက်​ခဲ့​နော်​ခြင်​ကိုက်​မယ်​"

"​အေးပါ "

အိပ်​ယာထဲ​ရောက်​တော့​စောင်​ခေါင်းမြီးခြုံကာ သူ့​နေရာကို​ကျော​ပေးအိပ်​နေလိုက်​မိသည်​။

​နောက်​ထပ်​တစ်​ခေါက်​အရှက်​ရမည့်​ကိစ္စများ ထပ်​မလုပ်​လို​တော့ပါ​လေ။

မျက်​နှာပျက်​စရာဖြစ်​လာရရင်​.......

Continue Reading

You'll Also Like

319K 11.5K 45
ဖီးနစ်ငှက်တစ်ကောင်ရဲ့ ရင်ကွဲမတတ်အော်ဟစ်သံဟာ လောင်ကျွမ်းအံ့ဆဲဆဲ အတောင်ပံတွေနဲ့အတူ ပျောက်ကွယ်ပျက်စီးသွားတော့မယ့်အချိန်မှာ ငါဟာ မင်းနဲ့နောက်တစ်ကြိမ်...
4.7M 528K 58
{Both Zg&Uni} အသေမခွီးရတောင် တစ်ချက်တော့ပြုံးမိဖို့ အာမခံပါတယ် ..💚 Start - { 11,8,2020 } End - { 25,11,2020 } အေသမခြီးရေတာင္ တစ္ခ်က္ေတာ့ျပဳံးမိဖို႔...
264K 13.8K 82
🍁ကောင်းခြင်းတည်မြဲ.. 🍁 နိုင်ငံခြားပြန်ကောင်လေး။ ရုပ်ရည်၊ ပညာ၊ စည်းစိမ်ဥစ္စာပြည့်စုံကြွယ်ဝသူမို့ အတော်လေးကြီးကျယ်သည့်လူ။ သူ့ကိုသူလည်း အထင်ကြီးလွန်းပ...
416K 10K 85
"ပူတင်းလေးကဘာလဲ" "ကိုကို့အပိုင်" "ကိုကိုတို့ကရောဘာလဲ " "မောင်နှမ" "ဟာ..."