"မာမီ ဟိုေရာက္ရင္ဖုန္းဆက္ေနာ္"
ေမဆူးခက္ကမင္းေစႏိုင္ဆီျပန္မွာမို႔လို႔ေစလိုရာနဲ႔အေကာင္ပိစိ
ေလးတို႔ကကားဂိတ္အထိလိုက္ပို႔ေပးၾကသည္ ။
"မာမီ ဒယ္ဒီ့ကိုေမးတယ္လို႔ေျပာေပးပါေနာ္"
"အင္းပါသားရယ္ ၊ အဆင္ေျပၿပီဆိုမာမီဖုန္းဆက္လိုက္မယ္ ၊ အဲ့
အခ်ိန္လာခဲ့ၾကေနာ္ႏွစ္ေယာက္လံုး"
"စိတ္ခ်ပါဆူးခက္ရယ္ ၊ က်ိန္းေသလိုက္လာခဲ့မယ္"
ေစလိုရာကေမဆူးခက္၏ပုခံုးတစ္ဖက္ကိုဆုပ္ကိုင္ကာေျပာလိုက္
သည္ ။ ေမဆူးခက္ကျပန္ျပံဳးျပကာကားေပၚသို႔တက္သြားသည္ ။ ညေန၆နာရီကားမို႔လို႔ေမွာင္စျပဳေနၿပီျဖစ္သည္ ။
"ကေလး ကုိယ္တို႔ျပန္ၾကရေအာင္ေလ"
ကားထြက္သြားသည္အထိကားကိုလိုက္ၾကည့္ေနသည့္အေကာင္
ပိစိေလးကိုလက္တြဲလိုက္ၿပီးျပံဳးျပလိုက္သည္ ။
"ဦး !"
"အဆင္ေျပသြားမွာပါ ၊ အရမ္းစိတ္မပူပါနဲ႔ ၊ ကေလးရဲ႕ဒယ္ဒီက
ကုိယ္တို႔ကိုခြင့္ျပဳေပးမွာပါ"
အေကာင္ပိစိေလးကိုကားတံခါးဖြင့္ေပးလိုက္ၿပီးသူလည္းကားထဲ
ဝင္ထိုင္လိုက္သည္ ။ ေနာက္တစ္ေန႔မနက္အေကာင္ပိစိေလး
ေက်ာင္းတက္ရမွာမို႔လို႔အိမ္ကိုပဲတန္းျပန္ၿပီးအိပ္ခိုင္းလိုက္သည္ ။
"ဟဲ့ ! ငါတို႔ၾကားထားတာတကယ္ပဲလား"
အခန္းထဲေရာက္ေရာက္ခ်င္းဂ်ဴလီနဲ႔ပန္းခက္ကလြယ္အိတ္ေတြ
ခ်က္ခ်င္းခ်ၿပီးထိုေမးခြန္းကိုေမးေလသည္ ။ ဘာမွန္းမသိသည့္
အေကာင္ပိစိေလးကျပဴးေၾကာင္ေၾကာင္ျဖစ္ေနသည္ ။ ဂ်ဴလီက
ဖုန္းခ်က္ခ်င္းထုတ္ၿပီးScreenshotရိုက္ထားတာကိုျပလိုက္
သည္ ။
"ခ်စ္သူကAgencyပိုင္ရွင္ပါလို႔ေျပာလိုက္တဲ့လင္းရတနာ"ဆို
သည့္ေခါင္းစဥ္ႏွင့္ေစလိုရာနဲ႔လင္းရတနာတို႔အေၾကာင္းပါလာေလ
သည္ ။ သတင္းထဲမွာေစလိုရာလို႔တိုက္ရိုက္မေျပာထားေပမဲ့
အခ်က္အလက္ေတြအရေစလိုရာမွန္းသိသာေနသည္ ။ ထိုသတင္းကိုျမင္ေတာ့အေကာင္ပိစိေလးရဲ႕မ်က္ႏွာေလးကညႇိဳး
ငယ္သြားသည္ ။ ဂ်ဴလီနဲ႔ပန္းခက္တို႔လည္းမျပသင့္တာကိုျပမိၿပီ
လားလို႔ေတြးမိလိုက္ၾကသည္ ။ အေကာင္ပိစိေလးကျပန္ျပံဳးျပ
ၿပီးဂ်ဴလီရဲ႕ဖုန္းကိုျပန္ေပးလိုက္သည္ ။
"ငါဒီေန႔အတန္းေတြမတက္ေတာ့ဘူး ၊ တကယ္လို႔နင္တို႔အဆင္ေျပ
ရင္ေျပသလိုလက္မွတ္ေလးထိုးထားေပးပါ ေနာ္"
"နင္ကတစ္ေယာက္တည္းဘယ္သြားမလို႔လဲ"
ပန္းခက္ကအေကာင္ပိစိေလးကိုစိတ္မခ်လို႔ဘယ္သြားမလို႔လဲေမးေသာ္လည္းအေကာင္ပိစိေလးကျပံဳးပဲျပံဳးျပ၍ထြက္သြားေလ
သည္ ။
"ငါတို႔ ဦးေစကိုဖုန္းဆက္သင့္ၿပီထင္တယ္"
ဂ်ဴလီကလက္သည္းကိုက္ကာမ်က္ႏွာငယ္ေလးနဲ႔ပန္းခက္ကိုေျပာ
လိုက္ေတာ့ပန္းခက္ကခ်က္ခ်င္းဖုန္းဆက္လိုက္သည္ ။
"ဟယ္လို ေစလိုရာေျပာေနပါတယ္"
"ဟုတ္ ဦးေစ ပန္းခက္ပါ"
"ေဩာ္ ဘာျဖစ္လို႔ပန္းခက္ကဖုန္းဆက္ရတာလဲ"
"ဟိုေလ ဟို သမီးတို႔က ဟို ....."
သူတို႔ေၾကာင့္ျဖစ္တဲ့ကိစၥဆိုေတာ့ပန္းခက္ကဘာမွေျပာလို႔မထြက္ဘဲထစ္ေနလို႔ဂ်ဴလီကဖုန္းကိုဆြဲယူလိုက္သည္ ။
"ဦးေစ ဂ်ဴလီပါ ၊ သခင့္ကိုေလဟိုသတင္းျပလိုက္မိတယ္ ၊ အဲ့တာ
သခင္ကအခုအတန္းမတက္ဘဲနဲ႔အျပင္ထြက္သြားတယ္ ၊ ဘယ္သြားလဲဆိုတာေတာ့မသိဘူး ၊ အဲ့တာဦးေစသိထားသင့္တယ္
ထင္လို႔ပါ"
"ဘယ္သြားလဲဆိုတာေရာေျပာမသြားဘူးလား"
"ဂ်ဴလီတို႔ေမးေတာ့ေမးလိုက္တယ္ ၊ ဒါေပမဲ့ သူကျပန္ေျဖမသြား
ဘူး"
"အိုေက အိုေက ေက်းဇူးပါ"
ေစလိုရာ ဂ်ဴလီတို႔နဲ႔ဖုန္းေျပာတာခ်လိုက္ၿပီးအေကာင္ပိစိေလးဆီ
ကိုဖုန္းဆက္လိုက္သည္ ။ သို႔ေသာ္အေကာင္ပိစိေလး၏ဖုန္းက
စက္ပိတ္ထားသည္ဟုဆိုသည္ ။ ေစလိုရာစိုးရိမ္စိတ္ကဝင္လာ
သည္ ။ ရန္ႏိုင္နဲ႔စကားေျပာလက္စအလုပ္ကိစၥကိုပင္ရပ္ထားခဲ့
ကာရံုးခန္းထဲမွေျပးထြက္သြားသည္ ။ ကားပါကင္တြင္
လင္းရတနာနဲ႔ေတြ႕ေသာ္လည္းစကားပင္မေျပာႏိုင္ဘဲကားေမာင္း
ကာထြက္လာခဲ့သည္ ။ အိမ္သို႔ျပန္လာသည့္အခါျခံတံခါးကပြင့္
ေနေတာ့အေကာင္ပိစိေလးအိမ္ျပန္ေရာက္ေနဆိုတာသိလိုက္သည္ ။ ကားကိုအျပင္မွာပဲရပ္ထားခဲ့လိုက္ၿပီးအိမ္ထဲအျမန္ေျပးဝင္
လိုက္သည္ ။
"ကေလး ! ကေလးေရ ဘယ္မွာလဲ"
အေကာင္ပိစိေလးရဲ႕အခန္းထဲကိုဝင္ရွာေပမ့ဲအေကာင္ပိစိေလးကို
မေတြ႕ပါ ။ အခန္းတိုင္းရွာၾကည့္ေပမဲ့မေတြ႕ေသးပါ ။ ေနာက္
ဆံုးက်န္ေနတဲ့အခန္းကသူ႔အခန္းပင္ျဖစ္သည္ ။ သူ႔အခန္းထဲဝင္
လိုက္မွကုတင္ေပၚမွာဒူးႏွစ္ဖက္ကိုပိုက္ကာငုတ္တုပ္ေလးထိုင္ေန
သည္ ။
"ကေလး ကုိယ္ေခၚေနတာဘာလို႔ျပန္မထူးတာလဲ ၊ ဖုန္းကဘာလို႔
ပိတ္ထားတာလဲ"
"ဖုန္းကလႊတ္ပစ္လိုက္တာ"
"ကေလး ! ဘာလို႔လဲ ဘာလို႔လႊတ္ပစ္လိုက္တာလဲ"
"ဘာမွမသိခ်င္ေတာ့လို႔ ၊ ဖုန္းရွိေနရင္အကုန္သိေနရတယ္ ၊ ဘယ္လိုဟန္ေဆာင္ေနေနမရဘူး"
"ကေလး ကုိယ္ရွင္းျပမယ္"
"ဘာလဲ ၊ ကြ်န္ေတာ္ကေယာက်ာ္းေလးမို႔လို႔ ဦးအတြက္မိန္းက
ေလးတစ္ေယာက္လိုတယ္လို႔ေျပာမလို႔လား ၊ ဘာလို႔လဲ မိန္းကေလးကမွဦးကိုေက်နပ္ေစတာလား"
"မဟုတ္ဘူး အဲ့တာေတြတစ္ခုမွမဟုတ္ဘူး ၊ ကေလးထင္ေနတာ
ေတြတစ္ခုမွမဟုတ္ဘူး"
"ကြ်န္ေတာ္ကဦးအတြက္ဘာမွအေထာက္အပံ့မရွိဘူးေလ ၊ အျမဲ
တမ္းစိတ္ဆိုး စိတ္ေကာက္ ဂ်ီတိုက္ ငိုလိုက္နဲ႔မို႔လို႔စိတ္ပ်က္စရာ
ႀကီးေပါ့ ၊ ကြ်န္ေတာ္ဦးဘက္ကိုမေတြးမိဘူး ၊ အသက္ကလည္း
အရမ္းကြာေနတယ္ ၿပီးေတာ့"
"ကေလးေတြးေနတာေတြတစ္ခုမွမဟုတ္ဘူး ၊ ကုိယ္သူနဲ႔လည္းမ
တြဲဘူး ၊ အဲ့သတင္းေတြကအမွားေတြခ်ည္းပဲ ၊ သူ႔ဘာသာသူစိတ္
ထင္တာေတြေလၽွာက္လုပ္ေနတာ ၊ ကုိယ္တစ္ခုမွမသိခဲ့ဘူး"
"ဒယ္ဒီေျပာတာမွန္တယ္နဲ႔တူတယ္ ၊ ေယာက်ာ္းေလးႏွစ္ေယာက္
ကဘယ္လိုမွမျဖစ္ႏိုင္ဘူး"
"ကေလး ဘာလို႔မျဖစ္ႏုိင္ရမွာလဲ ၊ ကေလး မဟုတ္တာေတြမေတြး
ပါနဲ႔ ၊ ကုိယ္ေတာင္းပန္ပါတယ္ ၊ ကုိယ္ကေလးမရွိရင္ေသမွာ ၊ ကုိယ္ေသသြားလိမ့္မယ္"
ေစလိုရာလည္းေျပာရင္းေျပာရင္းနဲ႔မ်က္ရည္ေတြက်လာသည္ ။
သူမ်က္ရည္က်တာဒုတိယအႀကိမ္ျဖစ္သည္ ။ အေကာင္ပိစိေလး
ဆီကအေျဖရတဲ့ေန႔ကပထမအႀကိမ္ျဖစ္သည္ ။
"ဦး ! ကြ်န္ေတာ္ဦးဆီကၾကားခ်င္တာရွိတယ္"
"အင္း ေျပာ"
"လင္းရတနာကိုဦးသေဘာက်လားဟင္"
"ကေလးကိုဘယ္သူေလၽွာက္ေျပာလိုက္ျပန္ၿပီလဲ"
"မညာပါနဲ႔ ၊ ဦးေျပာထားတယ္ေလ ကေလးကိုမညာဘူးဆုိ"
အေကာင္ပိစိေလးကိုၾကည့္လိုက္ေတာ့မ်က္လံုးထဲတြင္အရည္
ေလးေတြေဝ့တက္ေနသည္ ။ အေမျပန္သြားတာကတစ္ေၾကာင္း ၊ လင္းရတနာနဲ႔ျပႆနာကိုသိသြားတာကတစ္ေၾကာင္းေၾကာင့္
ထင္သည္ ။
"ကေလးကိုထားခဲ့မွာလားဟင္"
"ကေလး ! ကုိယ္ကေတာ့ေသတဲ့အထိကေလးတစ္ေယာက္တည္း
ကိုပဲခ်စ္မွာ ၊ တျခားသူကိုခ်စ္ဖို႔ဆိုတာကုိယ့္အတြက္မျဖစ္ႏိုင္ေတာ့
ဘူး ၊ ကုိယ့္စိတ္က ကေလးဆီမွာပဲရွိေနတာ ၊ ဒါ့ေၾကာင့္ ကုိယ့္ကို
ထားမသြားပါနဲ႔ကေလးရယ္ ၊ ကုိယ္ကေလးမရွိရင္ေသမယ့္
အေကာင္"
အေရွ႕ကအေကာင္ပိစိေလးကိုရင္ခြင္ထဲဆြဲသြင္းၿပီးတင္းတင္း
ၾကပ္ၾကပ္ဖက္ထားလိုက္သည္ ။ အေကာင္ပိစိေလးလည္းေစလို
ရာ၏ခါးကိုတင္းတင္းၾကပ္ၾကပ္ျပန္ဖက္ကာရင္ခြင္ထဲတြင္အားရ
ပါးရငိုေနသည္ ။
"ေနာက္တစ္ခါကုိယ့္ကိုထားသြားမယ့္အေတြးမ်ိဳးမေတြးပါနဲ႔ ၊ တကယ္လို႔ကုိယ္ေသတာျမင္ခ်င္ရင္ေတာ့ရပါတယ္"
အေကာင္ပိစိေလးဘက္ကစိတ္ေလ်ာ့သြားေတာ့မွေစလိုရာလည္း
သက္ျပင္းခ်ႏိုင္ေတာ့သည္ ။ အေကာင္ပိစိေလးအိပ္ေပ်ာ္သြားမွ
သူအခန္းျပင္ထြက္လာလိုက္သည္ ။ ေဘာင္းဘီအိတ္ထဲကဖုန္းကို
ထုတ္ယူလိုက္ၿပီးရန္ႏိုင့္ဆီသို႔ဖုန္းဆက္လိုက္သည္ ။
"ရန္ႏိုင္ ငါ့ကိုပြဲတစ္ခုေလာက္စီစဥ္ေပးကြာ ၊ ငါသတင္းစာရွင္း
လင္းပြဲလုပ္ခ်င္တယ္"
"ဟုတ္ကဲ့Boss ၊ ဘာအေၾကာင္းအရာလဲBoss"
"အဲ့တာကငါ့အပိုင္းထားလိုက္ ၊ သတင္းေထာက္ေတြစံုေအာင္သာ
ဖိတ္ထားေပးပါ"
"ဟုတ္ကဲ့Boss"
Facebookမွာျပန္႔ေနသည့္သတင္းေတြကထိန္းမရေအာင္ျဖစ္ေန
ေတာ့လူတိုင္းကလင္းရတနာနဲ႔တြဲေနသူကေစလိုရာလို႔သာထင္ေန
ၾကသည္ ။ ဘယ္လိုမွထိန္းမရသည့္အဆံုးေတာ့သတင္းစာရွင္း
လင္းပြဲသာလုပ္ရန္သူဆံုးျဖတ္လိုက္သည္ ။ ခန္းမငွားၿပီးလုပ္မယ့္
အခ်ိန္ကိုရန္ႏိုင္ကျပန္လွမ္းေျပာသည္ ။
"ကေလး ကေလး ထပါဦး ၊ ကုိယ္သြားစရာရွိေသးတယ္"
"အင့္ ဘယ္သြားမလို႔လဲ"
"ကိစၥေလးရွိလို႔ပါ ၊ ခဏေနရင္ကေလးအကုန္သိရမွာပါ ၊ ကေလး
အတြက္ကုိယ္မုန္႔ဝယ္ေပးထားတယ္ ၊ ေခါင္းကိုက္ေသးလား ၊ မုန္႔စားၿပီးေဆးေသာက္ထားလိုက္ေနာ္ ၊ ကုိယ္ျပန္လာခဲ့မယ္"
အေကာင္ပိစိေလး၏နဖူးေလးကိုနမ္းလိုက္ၿပီးအိမ္မွထြက္လာခဲ့
သည္ ။ ရွင္းလင္းပြဲသို႔ေရာက္ေတာ့သတင္းေထာက္ေတြကစံုစံု
လင္လင္ေရာက္ရွိေနၾကၿပီျဖစ္သည္ ။ သူအားလံုး၏ေရွ႕သို႔ထြက္
ရပ္လိုက္သည္ ။
"အားလံုးပဲမဂၤလာပါ ကြ်န္ေတာ့္နာမည္ကေစလိုရာပါ ၊ ေမာ္လ္ဒယ္
လင္းရတနာနဲ႔တြဲေနတဲ့သူလို႔ထင္ေနၾကတဲ့သူပါ ၊ ဒီကိစၥကိုကြ်န္
ေတာ္ျငင္းဆိုပါတယ္ ၊ ကြ်န္ေတာ္သူနဲ႔ဘာမွမပတ္သက္ပါဘူး ၊ အမွန္ေတာ့ကြ်န္ေတာ္ကေဂးတစ္ေယာက္ပါ ၊ ကြ်န္ေတာ့္မွာခ်စ္ရ
တဲ့ေကာင္ေလးတစ္ေယာက္ရွိပါတယ္ ၊ ကြ်န္ေတာ္တို႔ႏွစ္ေယာက္
ရဲ႕ခရီးကအရမ္းခက္ခဲပါတယ္ ၊ မိဘေတြရဲ႕သေဘာတူညီခ်က္ကို
ကြ်န္ေတာ္တို႔မရေသးပါဘူး ၊ ဒီသတင္းေတြထြက္လာေတာ့ကြ်န္
ေတာ့္ေကာင္ေလးကအဆင္ေျပတယ္လို႔ဟန္ေဆာင္ေနေပမဲ့
အခုေတာ့သူဟန္မေဆာင္ႏိုင္ေတာ့ပါဘူး ၊ အားလံုးကိုေျပာခ်င္တာ
ကကုိယ့္ရဲ႕ထင္ျမင္ခ်က္ေတြနဲ႔မေျပာၾကဖို႔ပါ ၊ မလင္းရတနာကို
လည္းကြ်န္ေတာ္ေတာင္းပန္ပါတယ္ ၊ ဘယ္သူေတြကဘယ္လိုျဖန္႔
လိုက္လို႔ဒီသတင္းျပန္႔သြားတယ္ဆိုတာကြ်န္ေတာ္မသိပါဘူး ၊
သိလည္းမသိခ်င္ေတာ့ပါဘူး ၊ အခုလိုလာေရာက္ေပးတဲ့သတင္း
ေထာက္ေတြအားလံုးကိုလည္းေက်းဇူးတင္ပါတယ္ ၊ ကြ်န္ေတာ္
ေမးျမန္းျခင္းေတြကိုျငင္းပယ္ပါရေစ ၊ အားလံုးေက်းဇူးတင္ပါ
တယ္"
ရွင္းလင္းပြဲ၏ေနာက္ဆံုးနားတြင္လင္းရတနာကလာေရာက္နား
ေထာင္သြားသည္ ။ ေအာက္ႏႈတ္ခမ္းကိုကိုက္ကာအံကိုႀကိတ္
ထားသည္ ။ သူမလိုခ်င္သည္ကိုမရဘဲလမ္းလြဲသြားခဲ့သည္ ။ ဒီသတင္းေတြကိုသူမကုိယ္တိုင္ေစခိုင္းကာျဖန္႔ခိုင္းခဲ့သည္ ။ သို႔
ေသာ္ေအာင္ျမင္ျခင္းမရွိဘဲလမ္းလြဲသြားခဲ့သည္ ။ ရွင္းလင္းပြဲမွ
ျပန္ထြက္လာၿပီးဖုန္းဆိုင္တစ္ဆိုင္သို႔သြားလိုက္သည္ ။
"ညီေလးေရ A 80အနက္ေရာင္ႏွစ္လံုးယူမယ္"
ဖုန္းအသစ္ကိုေစာင့္ေနတုန္းသူ႔ဖုန္းကိုထုတ္ကာSim cardကို
ထုတ္ပစ္လိုက္သည္ ။ ဖုန္းအသစ္ရမွေငြေခ်ကာဖုန္းအေဟာင္း
ကိုကားထဲတြင္ထားခဲ့လိုက္သည္ ။ အိမ္ထဲကိုဝင္လိုက္ေတာ့
အေကာင္ပိစိေလးကဆိုဖာေပၚတြင္လွဲကာရုပ္ရွင္ၾကည့္ေနသည္ ။
"ဦး ျပန္လာၿပီလား ၊ ကားသံေတာင္မၾကားလိုက္ဘူး"
"ဘယ္ၾကားပါ့မလဲ ၊ ကေလးကရုပ္ရွငိထဲကမင္းသမီးေလးဆီအာ
ရံုေရာက္ေနတာကို"
"ခ္ခ္ ဟုတ္တယ္ ၊ ဦးထက္ပိုခ်စ္ဖို႔ေကာင္းတယ္ ၊ ဒါကဘာႀကီးလဲ"
ေစလိုရာ၏လက္ထဲကအထုပ္ႏွစ္ထုပ္ကိုဆြဲယူလိုက္သည္ ။ အိတ္
ေပၚမွတံဆိပ္ကိုျမင္လိုက္ကတည္းကဖုန္းဝယ္လာၿပီဆိုတာသိလိုက္
သည္ ။
"ဟာ eightyႀကီး ၊ ဆင္တူလား ၊ ဦးကပိုက္ဆံအရမ္းျဖဳန္းတာပဲ"
"မျဖဳန္းပါဘူး ၊ အရင္က ကေလးနဲ႔ဆင္တူဝယ္ထားတဲ့ဖုန္းကို
ကေလးကလႊတ္ပစ္လိုက္တယ္ဆို ၊ အဲ့တာေၾကာင့္အသစ္ဝယ္လာ
တာ"
"ဦးေပးထားတဲ့ဖုန္းရွိေသးတယ္ေလ ၊ ဒယ္ဒီအိမ္ျပန္ေခၚသြားရင္
ခိုးၿပီးဆက္သြယ္ဖို႔ေပးထားတာေလ"
"အဲ့တာကကုိယ္နဲ႔ဆင္တူမဟုတ္ဘူးေလ"
"ဦးကအဲ့လိုေတြဝယ္ေပးေနေတာ့ ကေလးကမယူရဲေတာ့ဘူး ၊ အျမဲတမ္းဦးက ကေလးအတြက္ပဲစဥ္းစားေပးေနတာအားနာလာ
ၿပီ"
"ကေလးပိုက္ဆံရွာႏိုင္တဲ့တစ္ေန႔ကုိယ့္ကိုျပန္ဝယ္ေပးေပါ့ ၊ အဲ့အ
ခ်ိန္က်ရင္ကုိယ္ကအလုပ္မလုပ္ေတာ့ဘူးကြာ အနားယူလိုက္ေတာ့
မယ္"
"အပ်င္းႀကီး ဖုန္းဝယ္ေပးတာေက်းဇူးတင္ပါတယ္ ၊ ဒါနဲ႔ ဦးညေန
ကဘယ္သြားတာလဲဟင္ ၊ ကေလးလည္းဘာမွမသိရဘူး"
"ခဏေနကေလးသိလာမွာ ၊ ကုိယ္ေရခ်ိဳးလိုက္ဦးမယ္ ၊ ကေလး
ဘာစားၿပီးၿပီလဲ"
"ဦးဝယ္ေပးထားတဲ့မုန္႔စားထားတယ္ ၊ ဦးေရာ"
"ကုိယ္ေတာ့ဘာမွမစားရေသးဘူး ၊ ကုိယ့္ကိုေခါက္ဆြဲျပဳတ္ေပးပါ
လား"
"အင္း ျပဳတ္ထားေပးမယ္ ၊ ေရျမန္ျမန္ခ်ိဳး"
ဖုန္းေတြခ်ထားခဲ့ၿပီးမီးဖိုေခ်ာင္ထဲဝင္သြားသည္ ။ ေခါက္ဆြဲထုပ္
ႏွစ္ထုပ္ယူကာေရေႏြးအိုးတည္ထားလိုက္သည္ ။ ေရေႏြးအိုးကို
ေစာင့္ေနစဥ္ဖုန္းထဲSim cardထည့္ကာအေကာင့္ေတြျပန္ဖြင့္
လိုက္သည္ ။ MessengerကေနMessageေတြအမ်ားႀကီး
တက္လာသည္ ။ ဂ်ဴလီနဲ႔ပန္းခက္ကေစလိုရာလုပ္ထားသည့္
သတင္းစာရွင္းလင္းပြဲဗီဒီယိုကိုပို႔ထားၿပီးစကားေတြအမ်ားႀကီးလာ
ေျပာထားၾကသည္ ။ အေကာင္ပိစိေလးကထုိဗီဒီယိုကိုဖြင့္ၾကည့္
ရင္းအရမ္းကိုအံ့ဩေနသည္ ။ ဂ်ဴလီတို႔ပန္းခက္တို႔ကလည္း
ေစလိုရာရဲ႕လုပ္ရပ္ကိုအရမ္းေတြသေဘာက်ကာဘယ္လိုေတာင္
ေႂကြေၾကာင္း ၊ အေကာင္ပိစိေလးကဘယ္လိုေတာင္ကံေကာင္း
ၿပီးအခ်စ္ခံရေၾကာင္းေတြအမ်ားႀကီးေျပာထားၾကသည္ ။
ေရခ်ိဳးၿပီးလို႔ထြက္လာသည့္ေစလိုရာကိုအတင္းေျပးဖက္ေတာ့
သည္ ။
"ဘာလို႔အဲ့လိုလုပ္ရတာလဲ ၊ ဦးရဲ႕အလုပ္ေတြထိခိုက္တယ္ေလ"
"ကေလးကိုမထိခိုက္ေစခ်င္လို႔ပါ ၊ ကုိယ့္အလုပ္ကကုိယ္ျပန္စီမံ
လို႔ရတယ္ ၊ ကေလးစိတ္ထိခိုက္မွာကုိယ္အရမ္းစိုးရိမ္တယ္ ၊
ကေလးတစ္ခုခုျဖစ္သြားရင္ကေလးရဲ႕ဒယ္ဒီ့ကိုကုိယ္ဘယ္လိုမ်က္
ႏွာျပရမလဲ"
"ေက်းဇူးတင္ပါတယ္ ကေလးကိုခ်စ္ေပးလို႔ ၊ ေနာက္ဆိုဦးအေပၚ
မဆိုးေတာ့ဘူးလို႔ကေလးကတိေပးတယ္"
"ခ်စ္ဖို႔ေကာင္းလိုက္တဲ့ကုိယ့္ရဲ႕ပူတူးေလး ၊ ကုိယ္ဗိုက္ဆာေနၿပီ"
"အာ ဟုတ္သားပဲ ေခါက္ဆြဲျပဳတ္"
ေခါက္ဆြဲျပဳတ္ေတြအတူတူထိုင္စားကာရုပ္ရွင္ၾကည့္ေနၾကသည္ ။ ရုပ္ရွင္ထဲတြင္Ratedအခန္းတစ္ခန္းကပါလာေတာ့ဂ်ဴလီနဲ႔
ပန္းခက္ကိုစိတ္ထဲကေနက်ိန္ဆဲမိသည္ ။ အေကာင္ပိစိေလးကို
ဂ်င္းထည့္ၿပီးဒီဇာတ္ကားကိုေပးလိုက္ၾကသည္ ။
"ကေလးအဲ့ကားဘယ္သူ႔ဆီကယူလာတာလဲ"
"ဂ်ဴလီတို႔ဆီက ကေလးေတာင္းတာမဟုတ္ဘူးေနာ္ သူတို႔ေပး
လိုက္တာ ၊ ကေလးလည္းဘာမွမသိဘူး သူတို႔ကေကာင္းတယ္ဆို
လို႔ယူလာတာ"
အေကာင္ပိစိေလးကဘာမွမျဖစ္သလိုစကားေျပာေနႏိုင္ေပမဲ့
ေစလိုရာ့အတြက္ကေတာ့ခက္ခဲတဲ့အေျခအေနတစ္ခုကိုေရာက္ရွိလို႔ေနၿပီျဖစ္သည္ ။ သူ႔ကိုအခြင့္အေရးယူတတ္တဲ့လူမ်ိဳးလို႔
အေကာင္ပိစိေလးထင္သြားမည္ကိုလည္းသူစိုးရိမ္မိသည္ ။
ေစလိုရာခ်က္ခ်င္းထၿပီးအခန္းထဲဝင္သြားသည္ ။ အေကာင္ပိစိ
ေလးကျပဴးေၾကာင္ေၾကာင္ေလးနဲ႔ဧည့္ခန္းထဲတြင္က်န္ခဲ့သည္ ။
ေစလိုရာသူ႔ကိုစိတ္ဆိုးသြားၿပီလို႔ထင္ၿပီးအေနာက္ကေနေျပးလိုက္
သြားသည္ ။ ေစလိုရာကအခန္းတံခါးကိုေလာ့ခ္ခ်ထားလိုက္
သည္ ။
"ဦး ဘာျဖစ္လို႔လဲ ၊ ကေလးကိုစိတ္ဆိုးသြားတာလားဟင္"
အခန္းထဲကဘာအသံမွျပန္မၾကားေတာ့ဒီဇာတ္ကားကိုယူလာမိ
သည့္မိမိကုိယ္မိမိအျပစ္တင္မိသည္ ။ ေစလိုရာကသူ႔ကိုဒီလို
လူစားမ်ိဳးလားဆိုၿပီးထင္သြားမွာလည္းသူေၾကာက္သည္ ။
ခဏေနမွေစလိုရာဘာျဖစ္သြားလဲဆိုတာကိုစဥ္းစားမိသည္ ။
သူလည္းစဥ္းစားဖူးသည္ ။ သို႔ေသာ္ဒီအေျခအေနကိုသူေၾကာက္
ေနသည္ ။ သူ႔အေပၚဘာအခြင့္အေရးမွမယူဘဲခ်စ္ေပးသည့္
ဦးအတြက္သူေပးဆပ္ခ်င္ေသာ္လည္းသူေၾကာက္ေနမိသည္ ။
သူစဥ္းစားေနတုန္းေစလိုရာအခန္းထဲကေနျပန္ထြက္လာသည္ ။
"ကေလး အိပ္ေတာ့ ၊ မနက္ေက်ာင္းသြားရမယ္မလား ၊ ကုိယ္
လည္းအိပ္ေတာ့မယ္"
အေကာင္ပိစိေလးရဲ႕ႏႈတ္ခမ္းေလးကိုအသာအယာနမ္းၿပီးအခန္းထဲျပန္ဝင္မလို႔လုပ္ေနသည့္ေစလိုရာကိုလွမ္းဆြဲလိုက္သည္ ။
"ဘာျဖစ္လို႔လဲကေလး"
သူေမးေသာ္လည္းျပန္မေျဖဘဲေအာက္ႏႈတ္ခမ္းေလးကိုသာအတင္းကုိက္ၿပီးသူ႔ကိုေမာ့ၾကည့္ေနသည္ ။
"ကေလး ဘာျဖစ္လို႔လဲ ၊ ကုိယ့္ကိုဘာေျပာခ်င္လို႔လဲ"
"ဦးနဲ႔အတူေနခ်င္လို႔"
ဆက္ရန္ 💛
တူးဘီကိုတင္ညႊန္႔အစ္မိုင္စတိုင္လ္🤪
11 . 8 . 2019
10 : 03 PM
Have a nice dream❤
Waiting for your votes & comments❤
Love you all❤
[Unicode]
"မာမီ ဟိုရောက်ရင်ဖုန်းဆက်နော်"
မေဆူးခက်ကမင်းစေနိုင်ဆီပြန်မှာမို့လို့စေလိုရာနဲ့အကောင်ပိစိ
လေးတို့ကကားဂိတ်အထိလိုက်ပို့ပေးကြသည် ။
"မာမီ ဒယ်ဒီ့ကိုမေးတယ်လို့ပြောပေးပါနော်"
"အင်းပါသားရယ် ၊ အဆင်ပြေပြီဆိုမာမီဖုန်းဆက်လိုက်မယ် ၊ အဲ့
အချိန်လာခဲ့ကြနော်နှစ်ယောက်လုံး"
"စိတ်ချပါဆူးခက်ရယ် ၊ ကျိန်းသေလိုက်လာခဲ့မယ်"
စေလိုရာကမေဆူးခက်၏ပုခုံးတစ်ဖက်ကိုဆုပ်ကိုင်ကာပြောလိုက်
သည် ။ မေဆူးခက်ကပြန်ပြုံးပြကာကားပေါ်သို့တက်သွားသည် ။ ညနေ၆နာရီကားမို့လို့မှောင်စပြုနေပြီဖြစ်သည် ။
"ကလေး ကိုယ်တို့ပြန်ကြရအောင်လေ"
ကားထွက်သွားသည်အထိကားကိုလိုက်ကြည့်နေသည့်အကောင်
ပိစိလေးကိုလက်တွဲလိုက်ပြီးပြုံးပြလိုက်သည် ။
"ဦး !"
"အဆင်ပြေသွားမှာပါ ၊ အရမ်းစိတ်မပူပါနဲ့ ၊ ကလေးရဲ့ဒယ်ဒီက
ကိုယ်တို့ကိုခွင့်ပြုပေးမှာပါ"
အကောင်ပိစိလေးကိုကားတံခါးဖွင့်ပေးလိုက်ပြီးသူလည်းကားထဲ
ဝင်ထိုင်လိုက်သည် ။ နောက်တစ်နေ့မနက်အကောင်ပိစိလေး
ကျောင်းတက်ရမှာမို့လို့အိမ်ကိုပဲတန်းပြန်ပြီးအိပ်ခိုင်းလိုက်သည် ။
"ဟဲ့ ! ငါတို့ကြားထားတာတကယ်ပဲလား"
အခန်းထဲရောက်ရောက်ချင်းဂျူလီနဲ့ပန်းခက်ကလွယ်အိတ်တွေ
ချက်ချင်းချပြီးထိုမေးခွန်းကိုမေးလေသည် ။ ဘာမှန်းမသိသည့်
အကောင်ပိစိလေးကပြူးကြောင်ကြောင်ဖြစ်နေသည် ။ ဂျူလီက
ဖုန်းချက်ချင်းထုတ်ပြီးScreenshotရိုက်ထားတာကိုပြလိုက်
သည် ။
"ချစ်သူကAgencyပိုင်ရှင်ပါလို့ပြောလိုက်တဲ့လင်းရတနာ"ဆို
သည့်ခေါင်းစဉ်နှင့်စေလိုရာနဲ့လင်းရတနာတို့အကြောင်းပါလာလေ
သည် ။ သတင်းထဲမှာစေလိုရာလို့တိုက်ရိုက်မပြောထားပေမဲ့
အချက်အလက်တွေအရစေလိုရာမှန်းသိသာနေသည် ။ ထိုသတင်းကိုမြင်တော့အကောင်ပိစိလေးရဲ့မျက်နှာလေးကညှိုး
ငယ်သွားသည် ။ ဂျူလီနဲ့ပန်းခက်တို့လည်းမပြသင့်တာကိုပြမိပြီ
လားလို့တွေးမိလိုက်ကြသည် ။ အကောင်ပိစိလေးကပြန်ပြုံးပြ
ပြီးဂျူလီရဲ့ဖုန်းကိုပြန်ပေးလိုက်သည် ။
"ငါဒီနေ့အတန်းတွေမတက်တော့ဘူး ၊ တကယ်လို့နင်တို့အဆင်ပြေ
ရင်ပြေသလိုလက်မှတ်လေးထိုးထားပေးပါ နော်"
"နင်ကတစ်ယောက်တည်းဘယ်သွားမလို့လဲ"
ပန်းခက်ကအကောင်ပိစိလေးကိုစိတ်မချလို့ဘယ်သွားမလို့လဲမေးသော်လည်းအကောင်ပိစိလေးကပြုံးပဲပြုံးပြ၍ထွက်သွားလေ
သည် ။
"ငါတို့ ဦးစေကိုဖုန်းဆက်သင့်ပြီထင်တယ်"
ဂျူလီကလက်သည်းကိုက်ကာမျက်နှာငယ်လေးနဲ့ပန်းခက်ကိုပြော
လိုက်တော့ပန်းခက်ကချက်ချင်းဖုန်းဆက်လိုက်သည် ။
"ဟယ်လို စေလိုရာပြောနေပါတယ်"
"ဟုတ် ဦးစေ ပန်းခက်ပါ"
"ေဩာ် ဘာဖြစ်လို့ပန်းခက်ကဖုန်းဆက်ရတာလဲ"
"ဟိုလေ ဟို သမီးတို့က ဟို ....."
သူတို့ကြောင့်ဖြစ်တဲ့ကိစ္စဆိုတော့ပန်းခက်ကဘာမှပြောလို့မထွက်ဘဲထစ်နေလို့ဂျူလီကဖုန်းကိုဆွဲယူလိုက်သည် ။
"ဦးစေ ဂျူလီပါ ၊ သခင့်ကိုလေဟိုသတင်းပြလိုက်မိတယ် ၊ အဲ့တာ
သခင်ကအခုအတန်းမတက်ဘဲနဲ့အပြင်ထွက်သွားတယ် ၊ ဘယ်သွားလဲဆိုတာတော့မသိဘူး ၊ အဲ့တာဦးစေသိထားသင့်တယ်
ထင်လို့ပါ"
"ဘယ်သွားလဲဆိုတာရောပြောမသွားဘူးလား"
"ဂျူလီတို့မေးတော့မေးလိုက်တယ် ၊ ဒါပေမဲ့ သူကပြန်ဖြေမသွား
ဘူး"
"အိုကေ အိုကေ ကျေးဇူးပါ"
စေလိုရာ ဂျူလီတို့နဲ့ဖုန်းပြောတာချလိုက်ပြီးအကောင်ပိစိလေးဆီ
ကိုဖုန်းဆက်လိုက်သည် ။ သို့သော်အကောင်ပိစိလေး၏ဖုန်းက
စက်ပိတ်ထားသည်ဟုဆိုသည် ။ စေလိုရာစိုးရိမ်စိတ်ကဝင်လာ
သည် ။ ရန်နိုင်နဲ့စကားပြောလက်စအလုပ်ကိစ္စကိုပင်ရပ်ထားခဲ့
ကာရုံးခန်းထဲမှပြေးထွက်သွားသည် ။ ကားပါကင်တွင်
လင်းရတနာနဲ့တွေ့သော်လည်းစကားပင်မပြောနိုင်ဘဲကားမောင်း
ကာထွက်လာခဲ့သည် ။ အိမ်သို့ပြန်လာသည့်အခါခြံတံခါးကပွင့်
နေတော့အကောင်ပိစိလေးအိမ်ပြန်ရောက်နေဆိုတာသိလိုက်သည် ။ ကားကိုအပြင်မှာပဲရပ်ထားခဲ့လိုက်ပြီးအိမ်ထဲအမြန်ပြေးဝင်
လိုက်သည် ။
"ကလေး ! ကလေးရေ ဘယ်မှာလဲ"
အကောင်ပိစိလေးရဲ့အခန်းထဲကိုဝင်ရှာပေမဲ့အကောင်ပိစိလေးကို
မတွေ့ပါ ။ အခန်းတိုင်းရှာကြည့်ပေမဲ့မတွေ့သေးပါ ။ နောက်
ဆုံးကျန်နေတဲ့အခန်းကသူ့အခန်းပင်ဖြစ်သည် ။ သူ့အခန်းထဲဝင်
လိုက်မှကုတင်ပေါ်မှာဒူးနှစ်ဖက်ကိုပိုက်ကာငုတ်တုပ်လေးထိုင်နေ
သည် ။
"ကလေး ကိုယ်ခေါ်နေတာဘာလို့ပြန်မထူးတာလဲ ၊ ဖုန်းကဘာလို့
ပိတ်ထားတာလဲ"
"ဖုန်းကလွှတ်ပစ်လိုက်တာ"
"ကလေး ! ဘာလို့လဲ ဘာလို့လွှတ်ပစ်လိုက်တာလဲ"
"ဘာမှမသိချင်တော့လို့ ၊ ဖုန်းရှိနေရင်အကုန်သိနေရတယ် ၊ ဘယ်လိုဟန်ဆောင်နေနေမရဘူး"
"ကလေး ကိုယ်ရှင်းပြမယ်"
"ဘာလဲ ၊ ကျွန်တော်ကယောကျာ်းလေးမို့လို့ ဦးအတွက်မိန်းက
လေးတစ်ယောက်လိုတယ်လို့ပြောမလို့လား ၊ ဘာလို့လဲ မိန်းကလေးကမှဦးကိုကျေနပ်စေတာလား"
"မဟုတ်ဘူး အဲ့တာတွေတစ်ခုမှမဟုတ်ဘူး ၊ ကလေးထင်နေတာ
တွေတစ်ခုမှမဟုတ်ဘူး"
"ကျွန်တော်ကဦးအတွက်ဘာမှအထောက်အပံ့မရှိဘူးလေ ၊ အမြဲ
တမ်းစိတ်ဆိုး စိတ်ကောက် ဂျီတိုက် ငိုလိုက်နဲ့မို့လို့စိတ်ပျက်စရာ
ကြီးပေါ့ ၊ ကျွန်တော်ဦးဘက်ကိုမတွေးမိဘူး ၊ အသက်ကလည်း
အရမ်းကွာနေတယ် ပြီးတော့"
"ကလေးတွေးနေတာတွေတစ်ခုမှမဟုတ်ဘူး ၊ ကိုယ်သူနဲ့လည်းမ
တွဲဘူး ၊ အဲ့သတင်းတွေကအမှားတွေချည်းပဲ ၊ သူ့ဘာသာသူစိတ်
ထင်တာတွေလျှောက်လုပ်နေတာ ၊ ကိုယ်တစ်ခုမှမသိခဲ့ဘူး"
"ဒယ်ဒီပြောတာမှန်တယ်နဲ့တူတယ် ၊ ယောကျာ်းလေးနှစ်ယောက်
ကဘယ်လိုမှမဖြစ်နိုင်ဘူး"
"ကလေး ဘာလို့မဖြစ်နိုင်ရမှာလဲ ၊ ကလေး မဟုတ်တာတွေမတွေး
ပါနဲ့ ၊ ကိုယ်တောင်းပန်ပါတယ် ၊ ကိုယ်ကလေးမရှိရင်သေမှာ ၊ ကိုယ်သေသွားလိမ့်မယ်"
စေလိုရာလည်းပြောရင်းပြောရင်းနဲ့မျက်ရည်တွေကျလာသည် ။
သူမျက်ရည်ကျတာဒုတိယအကြိမ်ဖြစ်သည် ။ အကောင်ပိစိလေး
ဆီကအဖြေရတဲ့နေ့ကပထမအကြိမ်ဖြစ်သည် ။
"ဦး ! ကျွန်တော်ဦးဆီကကြားချင်တာရှိတယ်"
"အင်း ပြော"
"လင်းရတနာကိုဦးသဘောကျလားဟင်"
"ကလေးကိုဘယ်သူလျှောက်ပြောလိုက်ပြန်ပြီလဲ"
"မညာပါနဲ့ ၊ ဦးပြောထားတယ်လေ ကလေးကိုမညာဘူးဆို"
အကောင်ပိစိလေးကိုကြည့်လိုက်တော့မျက်လုံးထဲတွင်အရည်
လေးတွေဝေ့တက်နေသည် ။ အမေပြန်သွားတာကတစ်ကြောင်း ၊ လင်းရတနာနဲ့ပြဿနာကိုသိသွားတာကတစ်ကြောင်းကြောင့်
ထင်သည် ။
"ကလေးကိုထားခဲ့မှာလားဟင်"
"ကလေး ! ကိုယ်ကတော့သေတဲ့အထိကလေးတစ်ယောက်တည်း
ကိုပဲချစ်မှာ ၊ တခြားသူကိုချစ်ဖို့ဆိုတာကိုယ့်အတွက်မဖြစ်နိုင်တော့
ဘူး ၊ ကိုယ့်စိတ်က ကလေးဆီမှာပဲရှိနေတာ ၊ ဒါ့ကြောင့် ကိုယ့်ကို
ထားမသွားပါနဲ့ကလေးရယ် ၊ ကိုယ်ကလေးမရှိရင်သေမယ့်
အကောင်"
အရှေ့ကအကောင်ပိစိလေးကိုရင်ခွင်ထဲဆွဲသွင်းပြီးတင်းတင်း
ကြပ်ကြပ်ဖက်ထားလိုက်သည် ။ အကောင်ပိစိလေးလည်းစေလို
ရာ၏ခါးကိုတင်းတင်းကြပ်ကြပ်ပြန်ဖက်ကာရင်ခွင်ထဲတွင်အားရ
ပါးရငိုနေသည် ။
"နောက်တစ်ခါကိုယ့်ကိုထားသွားမယ့်အတွေးမျိုးမတွေးပါနဲ့ ၊ တကယ်လို့ကိုယ်သေတာမြင်ချင်ရင်တော့ရပါတယ်"
အကောင်ပိစိလေးဘက်ကစိတ်လျော့သွားတော့မှစေလိုရာလည်း
သက်ပြင်းချနိုင်တော့သည် ။ အကောင်ပိစိလေးအိပ်ပျော်သွားမှ
သူအခန်းပြင်ထွက်လာလိုက်သည် ။ ဘောင်းဘီအိတ်ထဲကဖုန်းကို
ထုတ်ယူလိုက်ပြီးရန်နိုင့်ဆီသို့ဖုန်းဆက်လိုက်သည် ။
"ရန်နိုင် ငါ့ကိုပွဲတစ်ခုလောက်စီစဉ်ပေးကွာ ၊ ငါသတင်းစာရှင်း
လင်းပွဲလုပ်ချင်တယ်"
"ဟုတ်ကဲ့Boss ၊ ဘာအကြောင်းအရာလဲBoss"
"အဲ့တာကငါ့အပိုင်းထားလိုက် ၊ သတင်းထောက်တွေစုံအောင်သာ
ဖိတ်ထားပေးပါ"
"ဟုတ်ကဲ့Boss"
Facebookမှာပြန့်နေသည့်သတင်းတွေကထိန်းမရအောင်ဖြစ်နေ
တော့လူတိုင်းကလင်းရတနာနဲ့တွဲနေသူကစေလိုရာလို့သာထင်နေ
ကြသည် ။ ဘယ်လိုမှထိန်းမရသည့်အဆုံးတော့သတင်းစာရှင်း
လင်းပွဲသာလုပ်ရန်သူဆုံးဖြတ်လိုက်သည် ။ ခန်းမငှားပြီးလုပ်မယ့်
အချိန်ကိုရန်နိုင်ကပြန်လှမ်းပြောသည် ။
"ကလေး ကလေး ထပါဦး ၊ ကိုယ်သွားစရာရှိသေးတယ်"
"အင့် ဘယ်သွားမလို့လဲ"
"ကိစ္စလေးရှိလို့ပါ ၊ ခဏနေရင်ကလေးအကုန်သိရမှာပါ ၊ ကလေး
အတွက်ကိုယ်မုန့်ဝယ်ပေးထားတယ် ၊ ခေါင်းကိုက်သေးလား ၊ မုန့်စားပြီးဆေးသောက်ထားလိုက်နော် ၊ ကိုယ်ပြန်လာခဲ့မယ်"
အကောင်ပိစိလေး၏နဖူးလေးကိုနမ်းလိုက်ပြီးအိမ်မှထွက်လာခဲ့
သည် ။ ရှင်းလင်းပွဲသို့ရောက်တော့သတင်းထောက်တွေကစုံစုံ
လင်လင်ရောက်ရှိနေကြပြီဖြစ်သည် ။ သူအားလုံး၏ရှေ့သို့ထွက်
ရပ်လိုက်သည် ။
"အားလုံးပဲမင်္ဂလာပါ ကျွန်တော့်နာမည်ကစေလိုရာပါ ၊ မော်လ်ဒယ်
လင်းရတနာနဲ့တွဲနေတဲ့သူလို့ထင်နေကြတဲ့သူပါ ၊ ဒီကိစ္စကိုကျွန်
တော်ငြင်းဆိုပါတယ် ၊ ကျွန်တော်သူနဲ့ဘာမှမပတ်သက်ပါဘူး ၊ အမှန်တော့ကျွန်တော်ကဂေးတစ်ယောက်ပါ ၊ ကျွန်တော့်မှာချစ်ရ
တဲ့ကောင်လေးတစ်ယောက်ရှိပါတယ် ၊ ကျွန်တော်တို့နှစ်ယောက်
ရဲ့ခရီးကအရမ်းခက်ခဲပါတယ် ၊ မိဘတွေရဲ့သဘောတူညီချက်ကို
ကျွန်တော်တို့မရသေးပါဘူး ၊ ဒီသတင်းတွေထွက်လာတော့ကျွန်
တော့်ကောင်လေးကအဆင်ပြေတယ်လို့ဟန်ဆောင်နေပေမဲ့
အခုတော့သူဟန်မဆောင်နိုင်တော့ပါဘူး ၊ အားလုံးကိုပြောချင်တာ
ကကိုယ့်ရဲ့ထင်မြင်ချက်တွေနဲ့မပြောကြဖို့ပါ ၊ မလင်းရတနာကို
လည်းကျွန်တော်တောင်းပန်ပါတယ် ၊ ဘယ်သူတွေကဘယ်လိုဖြန့်
လိုက်လို့ဒီသတင်းပြန့်သွားတယ်ဆိုတာကျွန်တော်မသိပါဘူး ၊
သိလည်းမသိချင်တော့ပါဘူး ၊ အခုလိုလာရောက်ပေးတဲ့သတင်း
ထောက်တွေအားလုံးကိုလည်းကျေးဇူးတင်ပါတယ် ၊ ကျွန်တော်
မေးမြန်းခြင်းတွေကိုငြင်းပယ်ပါရစေ ၊ အားလုံးကျေးဇူးတင်ပါ
တယ်"
ရှင်းလင်းပွဲ၏နောက်ဆုံးနားတွင်လင်းရတနာကလာရောက်နား
ထောင်သွားသည် ။ အောက်နှုတ်ခမ်းကိုကိုက်ကာအံကိုကြိတ်
ထားသည် ။ သူမလိုချင်သည်ကိုမရဘဲလမ်းလွဲသွားခဲ့သည် ။ ဒီသတင်းတွေကိုသူမကိုယ်တိုင်စေခိုင်းကာဖြန့်ခိုင်းခဲ့သည် ။ သို့
သော်အောင်မြင်ခြင်းမရှိဘဲလမ်းလွဲသွားခဲ့သည် ။ ရှင်းလင်းပွဲမှ
ပြန်ထွက်လာပြီးဖုန်းဆိုင်တစ်ဆိုင်သို့သွားလိုက်သည် ။
"ညီလေးရေ A 80အနက်ရောင်နှစ်လုံးယူမယ်"
ဖုန်းအသစ်ကိုစောင့်နေတုန်းသူ့ဖုန်းကိုထုတ်ကာSim cardကို
ထုတ်ပစ်လိုက်သည် ။ ဖုန်းအသစ်ရမှငွေချေကာဖုန်းအဟောင်း
ကိုကားထဲတွင်ထားခဲ့လိုက်သည် ။ အိမ်ထဲကိုဝင်လိုက်တော့
အကောင်ပိစိလေးကဆိုဖာပေါ်တွင်လှဲကာရုပ်ရှင်ကြည့်နေသည် ။
"ဦး ပြန်လာပြီလား ၊ ကားသံတောင်မကြားလိုက်ဘူး"
"ဘယ်ကြားပါ့မလဲ ၊ ကလေးကရုပ်ရှငိထဲကမင်းသမီးလေးဆီအာ
ရုံရောက်နေတာကို"
"ခ်ခ် ဟုတ်တယ် ၊ ဦးထက်ပိုချစ်ဖို့ကောင်းတယ် ၊ ဒါကဘာကြီးလဲ"
စေလိုရာ၏လက်ထဲကအထုပ်နှစ်ထုပ်ကိုဆွဲယူလိုက်သည် ။ အိတ်
ပေါ်မှတံဆိပ်ကိုမြင်လိုက်ကတည်းကဖုန်းဝယ်လာပြီဆိုတာသိလိုက်
သည် ။
"ဟာ eightyကြီး ၊ ဆင်တူလား ၊ ဦးကပိုက်ဆံအရမ်းဖြုန်းတာပဲ"
"မဖြုန်းပါဘူး ၊ အရင်က ကလေးနဲ့ဆင်တူဝယ်ထားတဲ့ဖုန်းကို
ကလေးကလွှတ်ပစ်လိုက်တယ်ဆို ၊ အဲ့တာကြောင့်အသစ်ဝယ်လာ
တာ"
"ဦးပေးထားတဲ့ဖုန်းရှိသေးတယ်လေ ၊ ဒယ်ဒီအိမ်ပြန်ခေါ်သွားရင်
ခိုးပြီးဆက်သွယ်ဖို့ပေးထားတာလေ"
"အဲ့တာကကိုယ်နဲ့ဆင်တူမဟုတ်ဘူးလေ"
"ဦးကအဲ့လိုတွေဝယ်ပေးနေတော့ ကလေးကမယူရဲတော့ဘူး ၊ အမြဲတမ်းဦးက ကလေးအတွက်ပဲစဉ်းစားပေးနေတာအားနာလာ
ပြီ"
"ကလေးပိုက်ဆံရှာနိုင်တဲ့တစ်နေ့ကိုယ့်ကိုပြန်ဝယ်ပေးပေါ့ ၊ အဲ့အ
ချိန်ကျရင်ကိုယ်ကအလုပ်မလုပ်တော့ဘူးကွာ အနားယူလိုက်တော့
မယ်"
"အပျင်းကြီး ဖုန်းဝယ်ပေးတာကျေးဇူးတင်ပါတယ် ၊ ဒါနဲ့ ဦးညနေ
ကဘယ်သွားတာလဲဟင် ၊ ကလေးလည်းဘာမှမသိရဘူး"
"ခဏနေကလေးသိလာမှာ ၊ ကိုယ်ရေချိုးလိုက်ဦးမယ် ၊ ကလေး
ဘာစားပြီးပြီလဲ"
"ဦးဝယ်ပေးထားတဲ့မုန့်စားထားတယ် ၊ ဦးရော"
"ကိုယ်တော့ဘာမှမစားရသေးဘူး ၊ ကိုယ့်ကိုခေါက်ဆွဲပြုတ်ပေးပါ
လား"
"အင်း ပြုတ်ထားပေးမယ် ၊ ရေမြန်မြန်ချိုး"
ဖုန်းတွေချထားခဲ့ပြီးမီးဖိုချောင်ထဲဝင်သွားသည် ။ ခေါက်ဆွဲထုပ်
နှစ်ထုပ်ယူကာရေနွေးအိုးတည်ထားလိုက်သည် ။ ရေနွေးအိုးကို
စောင့်နေစဉ်ဖုန်းထဲSim cardထည့်ကာအကောင့်တွေပြန်ဖွင့်
လိုက်သည် ။ MessengerကနေMessageတွေအများကြီး
တက်လာသည် ။ ဂျူလီနဲ့ပန်းခက်ကစေလိုရာလုပ်ထားသည့်
သတင်းစာရှင်းလင်းပွဲဗီဒီယိုကိုပို့ထားပြီးစကားတွေအများကြီးလာ
ပြောထားကြသည် ။ အကောင်ပိစိလေးကထိုဗီဒီယိုကိုဖွင့်ကြည့်
ရင်းအရမ်းကိုအံ့ဩနေသည် ။ ဂျူလီတို့ပန်းခက်တို့ကလည်း
စေလိုရာရဲ့လုပ်ရပ်ကိုအရမ်းတွေသဘောကျကာဘယ်လိုတောင်
ကြွေကြောင်း ၊ အကောင်ပိစိလေးကဘယ်လိုတောင်ကံကောင်း
ပြီးအချစ်ခံရကြောင်းတွေအများကြီးပြောထားကြသည် ။
ရေချိုးပြီးလို့ထွက်လာသည့်စေလိုရာကိုအတင်းပြေးဖက်တော့
သည် ။
"ဘာလို့အဲ့လိုလုပ်ရတာလဲ ၊ ဦးရဲ့အလုပ်တွေထိခိုက်တယ်လေ"
"ကလေးကိုမထိခိုက်စေချင်လို့ပါ ၊ ကိုယ့်အလုပ်ကကိုယ်ပြန်စီမံ
လို့ရတယ် ၊ ကလေးစိတ်ထိခိုက်မှာကိုယ်အရမ်းစိုးရိမ်တယ် ၊
ကလေးတစ်ခုခုဖြစ်သွားရင်ကလေးရဲ့ဒယ်ဒီ့ကိုကိုယ်ဘယ်လိုမျက်
နှာပြရမလဲ"
"ကျေးဇူးတင်ပါတယ် ကလေးကိုချစ်ပေးလို့ ၊ နောက်ဆိုဦးအပေါ်
မဆိုးတော့ဘူးလို့ကလေးကတိပေးတယ်"
"ချစ်ဖို့ကောင်းလိုက်တဲ့ကိုယ့်ရဲ့ပူတူးလေး ၊ ကိုယ်ဗိုက်ဆာနေပြီ"
"အာ ဟုတ်သားပဲ ခေါက်ဆွဲပြုတ်"
ခေါက်ဆွဲပြုတ်တွေအတူတူထိုင်စားကာရုပ်ရှင်ကြည့်နေကြသည် ။ ရုပ်ရှင်ထဲတွင်Ratedအခန်းတစ်ခန်းကပါလာတော့ဂျူလီနဲ့
ပန်းခက်ကိုစိတ်ထဲကနေကျိန်ဆဲမိသည် ။ အကောင်ပိစိလေးကို
ဂျင်းထည့်ပြီးဒီဇာတ်ကားကိုပေးလိုက်ကြသည် ။
"ကလေးအဲ့ကားဘယ်သူ့ဆီကယူလာတာလဲ"
"ဂျူလီတို့ဆီက ကလေးတောင်းတာမဟုတ်ဘူးနော် သူတို့ပေး
လိုက်တာ ၊ ကလေးလည်းဘာမှမသိဘူး သူတို့ကကောင်းတယ်ဆို
လို့ယူလာတာ"
အကောင်ပိစိလေးကဘာမှမဖြစ်သလိုစကားပြောနေနိုင်ပေမဲ့
စေလိုရာ့အတွက်ကတော့ခက်ခဲတဲ့အခြေအနေတစ်ခုကိုရောက်ရှိလို့နေပြီဖြစ်သည် ။ သူ့ကိုအခွင့်အရေးယူတတ်တဲ့လူမျိုးလို့
အကောင်ပိစိလေးထင်သွားမည်ကိုလည်းသူစိုးရိမ်မိသည် ။
စေလိုရာချက်ချင်းထပြီးအခန်းထဲဝင်သွားသည် ။ အကောင်ပိစိ
လေးကပြူးကြောင်ကြောင်လေးနဲ့ဧည့်ခန်းထဲတွင်ကျန်ခဲ့သည် ။
စေလိုရာသူ့ကိုစိတ်ဆိုးသွားပြီလို့ထင်ပြီးအနောက်ကနေပြေးလိုက်
သွားသည် ။ စေလိုရာကအခန်းတံခါးကိုလော့ခ်ချထားလိုက်
သည် ။
"ဦး ဘာဖြစ်လို့လဲ ၊ ကလေးကိုစိတ်ဆိုးသွားတာလားဟင်"
အခန်းထဲကဘာအသံမှပြန်မကြားတော့ဒီဇာတ်ကားကိုယူလာမိ
သည့်မိမိကိုယ်မိမိအပြစ်တင်မိသည် ။ စေလိုရာကသူ့ကိုဒီလို
လူစားမျိုးလားဆိုပြီးထင်သွားမှာလည်းသူကြောက်သည် ။
ခဏနေမှစေလိုရာဘာဖြစ်သွားလဲဆိုတာကိုစဉ်းစားမိသည် ။
သူလည်းစဉ်းစားဖူးသည် ။ သို့သော်ဒီအခြေအနေကိုသူကြောက်
နေသည် ။ သူ့အပေါ်ဘာအခွင့်အရေးမှမယူဘဲချစ်ပေးသည့်
ဦးအတွက်သူပေးဆပ်ချင်သော်လည်းသူကြောက်နေမိသည် ။
သူစဉ်းစားနေတုန်းစေလိုရာအခန်းထဲကနေပြန်ထွက်လာသည် ။
"ကလေး အိပ်တော့ ၊ မနက်ကျောင်းသွားရမယ်မလား ၊ ကိုယ်
လည်းအိပ်တော့မယ်"
အကောင်ပိစိလေးရဲ့နှုတ်ခမ်းလေးကိုအသာအယာနမ်းပြီးအခန်းထဲပြန်ဝင်မလို့လုပ်နေသည့်စေလိုရာကိုလှမ်းဆွဲလိုက်သည် ။
"ဘာဖြစ်လို့လဲကလေး"
သူမေးသော်လည်းပြန်မဖြေဘဲအောက်နှုတ်ခမ်းလေးကိုသာအတင်းကိုက်ပြီးသူ့ကိုမော့ကြည့်နေသည် ။
"ကလေး ဘာဖြစ်လို့လဲ ၊ ကိုယ့်ကိုဘာပြောချင်လို့လဲ"
"ဦးနဲ့အတူနေချင်လို့"
ဆက်ရန် 💛
တူးဘီကိုတင်ညွှန့်အစ်မိုင်စတိုင်လ်🤪
11 . 8 . 2019
10 : 03 PM
Have a nice dream❤
Waiting for your votes & comments❤
Love you all❤