"ေကာင္ေလး! ဒီအိမ္ကိုဝယ္မွာေသခ်ာလား?"
အိမ္ပြဲစားအေဒၚႀကီးကေမးသည္။
"ေသခ်ာပါတယ္။"
လက္သီးကိုတင္းၾကပ္စြာဆုပ္ထား၍ သူျပန္ေျဖလိုက္ေလသည္။ သူသိခ်င္ေနတဲ့အရာေတြ ဒီအိမ္ႀကီးထဲမွာမ်ား႐ွိေနေလမလား သူအနည္းငယ္ေတာ့ေမၽွာ္လင့္ခ်င္သည္။
သူသိခ်င္ေနတဲ့အရာေတြကိုသိလာရင္ေရာ သူေနာင္တရမွာလား? သူေတြးမိျပန္သည္။
အိမ္အိုႀကီးကိုၾကည့္လိုက္မိေလေတာ့ ျပဴတင္းေပါက္တစ္ခုမွ မ်က္လံုးတစ္စံုကိုလွစ္ခနဲ ျမင္လိုက္ရေလသည္။ သူေက်ာခ်မ္းသြားမိသည္။
သူအျမင္မွားတာ ျဖစ္မွာပါေလ။
သူ႔နာမည္က ႐ႈိင္းသုတ။ သူဒီအိမ္ကိုဝယ္ခ်င္ေနခဲ့တာၾကာၿပီ။ လြန္ခဲ့တဲ့ႏွစ္ႏွစ္က မေတာ္တဆမႈတစ္ခုေၾကာင့္ ဒီအိမ္ကိုသူေရာက္ခဲ့သည္။ အဲဒီေနာက္ ဒီအိမ္အေၾကာင္းကို သူမၾကာခဏအိပ္မက္မက္သည္။ အိမ္ႀကီးထဲတြင္ သူ႔ကိုေစာင့္ေနေသာ တစ္စံုတစ္ေယာက္႐ွိေနသလို သူခံစားရသည္။
အဲဒီလိုႏွင့္ သူအိမ္ထဲကိုဝင္လာခဲ့ေလသည္။ အိမ္ႀကီးသည္ ႏွစ္ေပါင္းမ်ားစြာၾကာေနပံုရသည္။ အိမ္ထဲကိုဝင္လိုက္သည္ႏွင့္ ေနရာအႏွံထူထပ္ေနေသာဖုန္မႈန္႔မ်ားကိုေတြ႕ရေလသည္။ သစ္သားၾကမ္းခင္းသည္လည္း နင္းလိုက္တိုင္း တကၽြီကၽြီျမည္ေနျပန္သည္။ အိမ္ႀကီးသည္ ႏွစ္ထပ္အိမ္ျဖစ္သည့္အျပင္ အေတာ္အတန္က်ယ္ဝန္းေသာ္လည္း အိမ္ထဲတြင္ေတာ့လၽွပ္စစ္မီးမ်ားမ႐ွိေခ်။
"လိုအပ္တာေတြလုပ္ရအံုးမွာေပါ့။"
သုတသည္ အလုပ္သမားအခ်ိဳ႕ကိုဖုန္းဆက္ေခၚလိုက္ကာ အိမ္ႀကီးကို႐ွင္းလင္းခိုင္းလိုက္ေလသည္။ ထို႔ေနာက္ လၽွပ္စစ္မီးကို တပ္ဆင္လိုက္ေလသည္။
အားလံုးျပင္ဆင္ၿပီသြားေသာအခါတြင္ေတာ့ အိမ္ႀကီးထဲလွည့္ပတ္ၾကည့္လိုက္ရင္း သုတေရ႐ြတ္လိုက္ေလသည္။
"အားလံုးၿပီးၿပီ။"
ထို႔ေနာက္ သူသည္ ညစာစားၿပီး အားရပါးရအိပ္စက္လိုက္ေလေတာ့သည္။
သူအိပ္ေပ်ာ္ေနေသာအခ်ိန္တြင္ပဲ သူ႔ကုတင္ေဘးတြင္ ေကာင္မေလးတစ္ေယာက္ေပၚလာေလသည္။
"ေနာက္ဆံုးေတာ့ ႐ွင္ေရာက္လာၿပီပဲ။"
ထိုေကာင္မေလးသည္ သြယ္လ်ေသာခႏၶာကိုယ္႐ွိကာ အျဖဴေရာင္ဂါဝန္ေလးကို ဝတ္ဆင္ထားေလသည္။ သူမ၏ေျဖာင့္စင္း႐ွည္လ်ားေသာ ဆံႏြယ္ေလးမ်ားသည္ သူမလႈပ္႐ွားလိုက္တိုင္း ေဘးဘယ္ညာကိုအသာအယာ ယိမ္းသြားေလသည္။ ေကာင္မေလး၏သြယ္လ်ေသာ လက္ေခ်ာင္းေလးမ်ားသည္ သုတ၏ ပါးျပင္ကို အသာအယာထိေတြ႕လိုက္ခ်ိန္မွာေတာ့ သုတမ်က္လံုးမ်ားပြင့္လာေလေတာ့သည္။
"မင္းက…"
သုတသည္ ထိုေကာင္မေလးကို ျမင္ျမင္ခ်င္း အလြန္အံ့အားသင့္သြားေတာ့သည္။ ထိုေကာင္မေလးသည္ သူ႔အိပ္မက္ထဲတြင္ မၾကာခဏေတြ႕ရေသာေကာင္မေလးျဖစ္တာေၾကာင့္ပင္။
"မိုး…"
ေကာင္မေလးနာမည္ကို သုတေရရြတ္လိုက္မိေတာ့ ေကာင္မေလးက ျပံဳးျပေလသည္။
"ကၽြန္မကို မွတ္မိသားပဲ။"
"မင္းက သရဲလား?"
သုတေမးလိုက္မိေတာ့ မိုးက ရယ္သည္။
"ကၽြန္မကက်ိန္စာမိေနတဲ့သူပဲ။ ကၽြန္မကို ႐ွင္က ဒီေနရာကေနကယ္ထုတ္ေပးႏိုင္တယ္။"
"ငါကဘာလို႔မင္းကို ကယ္ထုတ္ေပးရမွာလဲ?"
သုတက ေမးလိုက္ေလေတာ့ မိုးကရယ္ျပန္သည္။
"ကၽြန္မအျပင္ထြက္ခ်င္လို႔ပါ။ ကၽြန္မကမေကာင္းတဲ့လူမဟုတ္ပါဘူး။"
မိုးသည္ ခ်စ္စရာေကာင္းေသာ ပံုစံေလးလုပ္ျပကာ သုတကို အသနားခံေလသည္။ မိုး၏ မ်က္ႏွာေဖာင္းေဖာင္းေလးသည္ ျဖဴဥေနၿပီး ပါးျပင္ေလးသည္လည္ ပန္းႏုေရာင္သန္းေနေလသည္။ မ်က္ခံုးပါးပါးေလး၏ေအာက္မွာမွ မ်က္ဝန္းနက္ခပ္က်ယ္က်ယ္ေလးမ်ားက ေတာက္ပစြာေနရာယူထားေလသည္။ ထိုေကာင္မေလး၏ခ်စ္စဖြယ္အမူအယာတို႔တြင္ ဘယ္သူမွစိတ္တင္းထားႏိုင္မည့္မဟုတ္သလို သုတသည္လည္း အရည္ေပ်ာ္ကာ သူမကို ကယ္ထုတ္ရန္သေဘာတူလိုက္မိေလသည္။
"ငါမင္းကိုဘယ္လိုကယ္ထုတ္ရမွာလဲ?"
"ဒီအိမ္ရဲ႕ေျမေအာက္ခန္းထဲမွာ ကၽြန္မရဲ႕ အ႐ုပ္ကေလး႐ွိတယ္။ အဲဒါေလးကို အိမ္အျပင္ထုတ္ေပးပါေနာ္။"
"ေကာင္းၿပီေလ။"
"ဒါေပမယ့္ အဂၤါေန႔ည(၉)နာရီမွ လုပ္လို႔ရမယ္။"
"အဂၤါေန႔… ဒါဆိုႏွစ္ရက္လိုေသးတာေပါ့။"
"ဟုတ္တယ္။"
သို႔ေသာ္ ေနာက္တစ္ေန႔ေရာက္သည္ႏွင့္ သုတ၏သူငယ္ခ်င္း အိမ့္သဇင္ေရာက္လာေတာ့သည္။ အိမ့္သဇင္သည္ အရပ္ျမင့္ျမင့္ ပိန္ပိန္သြယ္သြယ္ႏွင့္ ခပ္မိုက္မိုက္မိန္းကေလးတစ္ဦးျဖစ္ေလသည္။ သုတႏွင့္လည္း ေျပာမနာဆိုမနာသူငယ္ခ်င္းမ်ားျဖစ္ၾကသည့္အေလ်ာက္ ကားပ်က္သြားေသာညကလည္း သူတို႔ႏွစ္ဦးအတူ ဒီအိမ္ႀကီးထဲကိုဝင္ခဲ့ဖူးသည္။
အိမ့္သဇင္သည္ အိမ္ထဲသို႔ဝင္ဝင္ခ်င္း သုတကိုေျပာလာေလသည္။
"ငါေတာ့သိပ္ၿပီးခံစားခ်က္မေကာင္းဘူးေနာ္။ နင္ဘာလို႔ဒီလိုအိမ္ကိုဝယ္လိုက္တာလဲ?"
အိမ့္သဇင္၏စကားကိုၾကားသည္ႏွင့္ မိုး၏မ်က္ႏွာသည္ ခ်က္ခ်င္းမဲေမွာင္သြားေလေတာ့သည္။ အိမ့္သဇင္ကေတာ့ မိုးကိုမျမင္။
သုတကေတာ့ မိုးကို အိပ္မက္ထဲမွာေတြ႕စဥ္ကတည္းက သေဘာက်ေနၿပီးျဖစ္တာေၾကာင့္ မိုးကိုကူညီေပးဖို႔ဆံုးျဖတ္ထားၿပီးျဖစ္ေလသည္။
"ဒီအိမ္ကို ခဏခဏအိပ္မက္မက္လို႔ပါ။ၿပီးေတာ့ ငါတို႔ေရာက္လာတဲ့ေန႔ကမွတ္ဥာဏ္ကို ျပန္သတိရခ်င္လို႔။ ငါတို႔တစ္ခုခုျဖစ္ခဲ့တယ္ထင္တယ္။"
အိမ့္သဇင္ကေတာ့ သက္ျပင္းခ်ကာ ေျပာလာျပန္သည္။
"နင့္သေဘာပါ။ အဲဒီညက ငါတို႔ႏွစ္ေယာက္လံုး ဒီအိမ္ထဲဝင္သြားၿပီး ဘာျဖစ္လဲ ဘာမွမမွတ္မိၾကေတာ့ဘူးမလား? နင္သတိထားသင့္တယ္။ ငါသြားေတာ့မယ္။"
အိမ့္သဇင္ထြက္သြားၿပီးေနာက္မွေတာ့ မိုးႏွင့္ သုတစကားေျပာျဖစ္ၾကေလသည္။
"႐ွင့္သူငယ္ခ်င္းက တစ္မ်ိဳးပဲေနာ္။"
"ထားလိုက္ပါ။ သူ႔ကိုစိတ္ထဲထားမေနနဲ႔။"
မိုးႏွင့္ သုတတို႔သည္ ႏွစ္ရက္အတြင္းတြင္ ခပ္ျမန္ျမန္ပဲ ရင္းႏွီးသြားခဲ့ၾကေလသည္။ အဂၤါေန႔ညေရာက္ေသာအခါတြင္ေတာ့ သုတသည္ ေျမေအာက္ခန္းထဲကို ဆင္းသြားလိုက္ေလသည္။ ထိုေျမေအာက္ခန္းထဲဝင္လိုက္ေသာအခိိန္တြင္ေတာ့ ညွီစို႔စို႔အနံ႔တစ္ခုကို သုတရလိုက္ေလသည္။ အထဲကိုဝင္သြားလိုက္ေတာ့ ေထာင့္တစ္ခုတြင္ ေလွာင္ခ်ိဳင့္ထဲထည့္ထားေသာ အ႐ုပ္ေလးကို ေတြ႕လိုက္ရေလသည္။
"အ႐ုပ္ေလးကိုယူလိုက္ေလ။"
"ေလွာင္အိမ္က ေသာ့ခတ္ထားတယ္။"
သုတေျပာလိုက္ေပမယ့္ သူေက်ာေတြခ်မ္းလာသလိုခံစားရေလသည္။ အေနာက္ကို လွည့္ၾကည့္လိုက္ေတာ့ မိုးသည္ လွလွပပပဲ သူ႔ကိုျပံဳးျပေနေလသည္။
"ေသာ့ကိုဖ်က္လိုက္ေပါ့။ ေသာ့ကေဟာင္းေနၿပီပဲ။"
"အင္း။"
သုတသည္ ေဘ့စ္ေဘာတုတ္တံတစ္ခုကို သြားယူလိုက္ျပန္ကာ ထိုေသာ့ကို ႐ိုက္ခ်ပစ္လိုက္ေလသည္။ ထို႔ေနာက္ အ႐ုပ္ကေလးကို ေလွာင္ခ်ိဳင့္အျပင္ကို ထုတ္လိုက္ေလေတာ့သည္။
"မိုးရဲ႕အ႐ုပ္ေလး…"
မိုးသည္ ထိုအ႐ုပ္ကေလးကို သုတလက္ထဲမွလုယူလိုက္ၿပီးေနာက္ တယုတယပြတ္သပ္လိုက္ေလသည္။
"မေတြ႕ရတာၾကာၿပီေနာ္။"
သုတၾကည့္ေနတုန္းမွာပဲ မိုးသည္ ခ်စ္စဖြယ္ေကာင္မေလးအျဖစ္မွ ဆံပင္ဖားလ်ားခ်ထားၿပီး မ်က္ႏွာတြင္ မီးေလာက္ရာမ်ားႏွင့္ျပည့္ေနေသာ ေၾကာက္စရာ သရဲမတစ္ေကာင္အျဖစ္သို႕ေျပာင္းလဲသြားေလေတာ့သည္။
"ဟီး ဟီး ဟီး ဟီး"
ထိုျမင္ကြင္းကို ျမင္လိုက္ရေသာ သုတသည္ လိပ္ျပာလြင့္ထြက္မတတ္ေၾကာက္လန္႔သြားတာေၾကာင့္ ထြက္ေျပးရန္ႀကိဳးစားမိေလသည္။ သို႔ေသာ္လည္း ေျမေအာက္ခန္းတံခါးသည္ ဂ်ိန္းခနဲပိတ္က်သြားေလေတာ့သည္။
"မလုပ္ပါနဲ႔!!! မလုပ္ပါနဲ႔!!!!"
"ဟီး ဟီး ဟီး ဟီး… ကၽြန္မနဲ႔ အတူတူကစားရေအာင္ေလ။"
မိုး၏ ဇတ္သည္ တစ္ပတ္လည္သြားၿပီးေနာက္ ေခါင္းျပတ္ထြက္သြားကာ ထိုေခါင္းျပတ္ႀကီးသည္ ေလေပၚတြင္ပ်ံဝဲေနေလသည္။
"ကၽြန္မက အ႐ုပ္ေလးနဲ႔ပဲေဆာ့ရေတာ့ ပ်င္းေနတာ။ အတူေဆာ့ရေအာင္ေလ။"
ထိုေခါင္းျပတ္ႀကီးသည္ စကားေျပာလ်က္ သုတအနားကိုကပ္လာေတာ့သည္။ သုတသည္လည္း ေၾကာက္အားလန္႔အားႏွင့္ အတင္း႐ုန္းကန္ေနမိေလသည္။
"မလာနဲ႔!! မလာနဲ႔!! အား!!!"
သုတ၏ အက္႐ွေသာအသံတို႔သည္ ေျမေအာက္ခန္းတစ္ခုလံုးဖံုးလႊမ္းသြားေတာ့သည္။ ထို႔အတူ သူ၏ေျခေထာက္တစ္ဖက္သည္လည္း က်ိဳးသြားေတာ့သည္။ မိုးသည္ အ႐ုပ္ကေလး၏ ေျခေထာက္တစ္ဖက္ကိုကိုင္ကာ ဆြဲလန္ပစ္လိုက္ျခင္းေၾကာင့္ သုတေျခေထာက္က်ိဳးသြားျခင္းျဖစ္ေလသည္။
မိုးသည္ အ႐ုပ္ကေလး၏ လက္တစ္ဖက္ကိုကိုင္ကာ လွန္ခ်ိဳးပစ္လိုက္ျပန္သည္။
"အား!!!"
သုတ နာေလ မိုးေပ်ာ္႐ႊင္စြာရယ္မိေလျဖစ္ေလသည္။
"႐ွင္က ကၽြန္မကိုကယ္၊ ကၽြန္မနဲ႔အတူတူေနၿပီး ႏွစ္ေယာက္သားခ်စ္သြားၾကမယ့္ဇာတ္လမ္းေတြ စိတ္ကူးယဥ္ၿပီး ကၽြန္မကိုကယ္တာဆိုရင္ေတာ့ ႐ွင္မွားသြားၿပီ။ ကၽြန္မက ခ်စ္ရတာထက္ ကစားရတာကိုပိုႀကိဳက္တယ္။"
ထို႔ေနာက္ မိုးသည္ သုတေဘးနားတြင္ထိုင္လိုက္ကာ ေျပာလိုက္ျပန္သည္။
"ေအးေအးေဆးေဆးကစားၾကတာေပါ့။"
ထို႔ေနာက္ အိမ္ႀကီးတစ္ခုလံုးသည္ ေမွာင္က်သြားေလေတာ့သည္။
သံုးရက္ၾကာေသာ္-
အိမ့္သဇင္သည္လည္း သံုးရက္တိတိ သုတထံမွအဆက္အသြယ္မရတာေၾကာင့္ သုတ၏အိမ္သို႔ လိုက္သြားမိေလသည္။
သုတ၏အိမ္ကိုေရာက္ေတာ့ တစ္အိမ္လံုးတိတ္ဆိတ္ေနတာေၾကာင့္ အိမ့္သဇင္သည္ သုတကိုဖုန္းဆက္လိုက္ေလသည္။
သို႔ေသာ္ သုတ၏အိပ္ခန္းထဲမွ ဖုန္းျမည္သံကိုသာ အိမ့္သဇင္ၾကားလိုက္ရေလသည္။
"သုတဘယ္ေရာက္ေနတာပါလိမ့္။ တံခါးေတြလည္း ေသာ့မခတ္ထားပါဘူး။ သူအိမ္မွာပဲ႐ွိမွာပါ။"
သုတကိုေအာ္ေခၚကာ ႐ွာေသာ္လည္း မေတြ႕တာေၾကာင့္ ရဲစခန္းကို လူေပ်ာက္တိုင္ဖို႔ အိမ္အျပင္သို႔ထြက္ရန္ျပန္လိုက္ေသာအခါတြင္ေတာ့ အိမ္တံခါးမႀကီးသည္ ဂ်ိန္းခနဲပိတ္သြားေလေတာ့သည္။
"ဟီး ဟီး ဟီး ဟီး… ေနာက္ထပ္ကစားဖို႔လူတစ္ေယာက္…"
ထိုအသံကို အိမ့္သဇင္ၾကားလိုက္သည္ႏွင့္ အတိတ္မွ အျဖစ္အပ်က္မ်ားကို ျပန္ျမင္ေယာင္လာေတာ့သည္။
သူတို႔ႏွစ္ေယာက္သည္ ထိုအိမ္ကို ပထမဆံုးအႀကိမ္ေရာက္တုန္းကမိုးေတြလည္း႐ြာေနၿပီး ကားလည္ပ်က္သြားခဲ့တာေၾကာင့္ မိုးကိုခဏတည္းခိုခြင့္ေတာင္းခဲ့တာျဖစ္ေလသည္။ သို႔ေသာ္ ထိုညတြင္ သုတသည္ ႏွစ္ႀကိမ္တိတိ ကုတင္ေပၚမွဆြဲအခ်ခံခဲ့ရသည့္အျပင္ မ်က္ႏွာက်က္ေပၚတြင္ေဇာက္ထိုးႀကီးျဖစ္ေနေသာ မိုးကိုလည္း အိမ့္သဇင္က ျမင္ေတြ႕ခဲ့ရတာေၾကာင့္ သူတို႔ႏွစ္ဦး အျမန္ေျပးထြက္လာခဲ့ၾကတာျဖစ္ေလသည္။
"ဒါကနင္အမွတ္ရခ်င္တဲ့မွတ္ဥာဏ္ေတြလားသုတ။ ခ်ီးပဲ!!"
ထို႔ေနာက္သူမ သတိေမ့သြားေလေတာ့သည္။
အိမ့္သဇင္အတိတ္တို႔ကို ျပန္သတိရၿပီး၍ သတိျပန္ကပ္ေသာအခ်ိန္တြင္ေတာ့ သူမသည္လည္း ေျမေအာက္ခန္းထဲတြင္ ပိတ္မိေနေလၿပီ။ ေဘးဘက္ကိုၾကည့္လိုက္မိေတာ့ ေသြးအလိမ္းလိမ္းႏွင့္ ၾကမ္းျပင္ေပၚလဲက်ေနေသာ သုတကိုေတြ႕လိုက္ရတာေၾကာင့္ သူမ စိုးရိမ္သြားမိေလသည္။
"သုတ!"
သုတသည္ အိမ့္သဇင္ကိုစကားတစ္ခြန္းေျပာလာေလသည္။
"နင့္ကို… ငါဒီကိုေခၚလာခဲ့တာ…သူနင့္ကို…အြန္း"
သုတစကားမဆံုးခင္မွာပဲ သူ႔ပါးစပ္ပိတ္က်သြားကာ စကားေျပာလို႔မရေတာ့ေပ။
"သုတ! သုတ!"
"ကစားရအံုးမွာေပါ့။"
ထိုအသံေၾကာင့္ အိမ့္သဇင္လွည့္ၾကည့္လိုက္မိေတာ့ တစ္ကိုယ္လံုးေသြးမ်ားေပက်ံေနေသာ မိုးကိုေတြ႕လိုက္ရေလသည္။ မိုး၏ မ်က္ႏွာတြင္ေတာ့ေၾကာက္မက္ဖြယ္အျပံဳးတစ္ခုကို ဆင္ျမန္းထားေလသည္။ မိုး၏မ်က္လံုးတို႔ကလည္း အျပင္သို႔ျပဴးထြက္ကာ ပါးစပ္ကလည္း ပါးျပင္တေလၽွာက္ဟျပဲႀကီးျဖစ္လို႔ေနေလသည္။
"နင့္မွာ ဘာအေဆာင္႐ွိလဲ။ ျဖဳတ္လိုက္စမ္း။ မျဖဳတ္ရင္ ငါသူ႔ကိုသတ္ပစ္လိုက္မယ္။"
"ဟမ္? ဘာအေဆာင္?"
"အား!!!"
မိုးသည္ သုတ၏ပါးစပ္ကိုျပန္ဖြင့္ေပးလိုက္သည့္အျပင္ လက္တစ္ဖက္ကိုပါျဖည္းျဖည္းခ်င္းလိမ္ေနတာေၾကာင့္ သုတသည္ အသံဝင္မတတ္ေအာ္ေတာ့သည္။
"ျဖဳတ္မယ္ျဖဳတ္မယ္!!!"
အိမ့္သဇင္သည္ သူမလည္ပင္းတြင္ဆြဲထားေသာ နတ္သမီးပံုလည္ဆြဲေလးကိုျဖဳတ္လိုက္ေလသည္။
"ေအာက္မွာခ်ထားလိုက္။"
သို႔ေသာ္ အိမ့္သဇင္သည္ ေအာက္ကိုမခ်ဘဲ မိုးထံသို႔ပစ္ေပါက္လိုက္ေလေတာ့သည္။
"အား!"
မိုးသည္ စူး႐ွေသာအသံျဖင့္ေအာ္ကာ အေနာက္သို႔ဆုတ္သြားေလေတာ့သည္။ လန္႔သြားတာေၾကာင့္ သူမလက္ထဲမွအ႐ုပ္ေလးသည္ ၾကမ္းျပင္ေပၚျပဳတ္က်သြားေလေတာ့သည္။
အိမ့္သဇင္သည္ ထိုအ႐ုပ္ကိုအျမန္ေျပးေကာက္လိုက္ေလေတာ့သည္။
"အ႐ုပ္ကို ေလွာင္အိမ္ထဲျပန္ထည့္လိုက္။ အျမန္!"
သုတ၏ အသံတို႔သည္အက္ကြဲေနေလသည္။ အိမ့္သဇင္သည္လည္း ေလွာင္အိမ္ဆီသို႔အျမန္ေျပးသြားလိုက္ကာ အ႐ုပ္ကိုေလွာင္အိမ္ထဲထည့္လိုက္ေလေတာ့သည္။
"မလုပ္နဲ႔!!!"
မိုးသည္ အိမ့္သဇင္နားသို႔အျမန္ေျပးသြားလိုက္ကာ အိမ့္သဇင္ကိုဆြဲရန္ႀကိဳးစားလိုက္ေလသည္။ သို႔ေသာ္ အိမ့္သဇင္ကို ထိလိုက္သည္ႏွင့္ သူမ လႊင့္ထြက္သြားေလေတာ့သည္။
"အား!!!"
အိမ့္သဇင္သည္ အ႐ုပ္ကို ေလွာင္အိမ္ထဲထည့္လိုက္ကာ ေျပာလာေလသည္။
"နင္ငါ့ကိုထိလို႔မရဘူးမလား။ ခုဏကလည္း သုတကိုဆြဲေခၚခဲ့ခိုင္းတာမလား?"
"ဘာေၾကာင့္လဲ!!! ဘာလို႔ငါကနင့္ကို ထိလို႔မရတာလဲ!!"
"႐ွင္းပါတယ္။ ငါကနင့္ကိုပိတ္ေလွာင္ခဲ့တဲ့သူရဲ႕မ်ိဳးဆက္မို႔ေပါ့။ နင့္မွာအ႐ုပ္ကေလး႐ွိတာနဲ႔ လူတိုင္းကို ဒုကၡေပးလို႔ရမယ္ထင္ေနတာလား? ငါ့အဖြားကသူအ႐ုပ္တစ္႐ုပ္ကို ေလွာင္အိမ္ထဲထည့္ပိတ္ခဲ့တဲ့အေၾကာင္းကို ပံုျပင္လုပ္ၿပီးေျပာျပေနၾကပဲ။ ဒါေပမယ့္ ဒါကတကယ္ျဖစ္ေနလိမ့္မယ္လို႔ထင္မထားခဲ့ဘူး။"
မိုးသည္ ေဒါသတႀကီးျဖစ္ကာ သုတကိုဝင္ပူးရန္ႀကိဳးစားလိုက္ေလသည္။ သို႔ေသာ္လည္း သူမ၏ ဝိညာဥ္သည္ သုတကိုျဖတ္သာျဖတ္သြားေလသည္။
"ဘာျဖစ္တာလဲ!!! ငါဘာလို႔ဝင္လို႔မရေတာ့တာလဲ!!!"
အိမ့္သဇင္သည္ မိုးကိုဂ႐ုစိုက္မေနေတာ့ဘဲ သုတဘက္ကိုလွည့္၍သာ ေျပာလာေလသည္။
"အားနာေပမယ့္ ငါ့ကိုေသာ့တစ္ခုေလာက္႐ွာေပးပါလား?"
သုတသည္လည္းေခါင္းၿငိမ့္ကာ အျပင္ကို တရြတ္ဆြဲ၍ထြက္သြားေလသည္။
"မိုး… နင့္မိသားစုတစ္ခုလံုးကို သတ္ပစ္ၿပီးတာေတာင္မေက်နပ္ေသးဘူးလား? နင္အသိတရားမရေသးတာလား?"
"ငါ… သတ္ပစ္ခဲ့တာလား? သူတို႔ကိုေလ…"
"အိမ္တစ္အိမ္မွာ ေနမေကာင္းျဖစ္ေနတဲ့ေကာင္မေလးတစ္ေယာက္႐ွိတယ္တဲ့။ ဒါေပမယ့္ သူမ ေသတဲ့ေန႔မွာမိုးေတြအရမ္း႐ြာေနတာေၾကာင့္ မိသားစုဝင္ေတြကေဆး႐ံုကို အမီမပို႔ႏိုင္လိုက္ၾကဘူးတဲ့။ အဲဒါေၾကာင့္ အဲဒီေကာင္မေလးက အၿငိဳးႀကီးတဲ့ဝိညာဥ္ျဖစ္သြားၿပီး တစ္မိသားစုလံုးကိုသတ္ပစ္ခဲ့တယ္။"
"ငါ… ငါ… မဟုတ္ဘူး။"
မိုးသည္ ေခါင္းကိုရမ္းခါ၍ ျငင္းဆန္ေသာ္လည္း သူမမိသားစုဝင္မ်ားကို သူမကိုယ္တိုင္သတ္ပစ္ခဲ့ေသာ ျမင္ကြင္းတို႔က သူမအျမင္အာ႐ံုထဲတြင္ဆက္တိုက္ေပၚလာေတာ့သည္။
"ငါမဟုတ္ဘူး။ ငါမဟုတ္ဘူး!!!"
"ေနာက္ဆံုးမွာေတာ့ သူမကို ပေယာဂႏွင္တဲ့မိန္းမႀကီးတစ္ေယာက္က ဖမ္းခ်ဳပ္ထားလိုက္ရေတာ့တယ္။"
"ငါ… "
မိုးသည္ ၾကမ္းျပင္ေပၚတြင္ ပံုလ်က္သားလဲက်သြားေတာ့သည္။ သူမအသိစိတ္တို႔သည္ အခုမွဇ ျပန္လည္ကပ္တြယ္လာသည့္ပံု။
"ေဖေဖ… ေမေမ… မမ… မိုး… မိုးေတာင္းပန္ပါတယ္။"
"နင္အနားယူပါေတာ့။ တမလြန္ကိုသြားၿပီး မိသားစုဝင္ေတြကိုေတာင္းပန္လိုက္ပါ။"
အိမ့္သဇင္၏ စကားအဆံုးမွာေတာ့ မိုးသည္ မတ္တပ္ထရပ္လိုက္ကာ ေပ်ာက္ကြယ္သြားေလေတာ့သည္။
မိုးေပ်ာက္ကြယ္သြားၿပီးေနာက္မွာေတာ့ အိမ့္သဇင္သည္ ေဆး႐ံုကိုဖုန္းဆက္ရေလေတာ့သည္။
သုတသည္ ေဆး႐ံုတက္လိုက္ရၿပီးေနာက္ အိမ္ႀကီးတြင္လည္း ပရိတ္႐ြတ္အမၽွအတမ္းေပးေဝကာ ထိုအိမ္ႀကီးကို ၿဖိဳခ်ပစ္လိုက္ေလေတာ့သည္။ အိမ့္သဇင္သည္လည္း အ႐ုပ္ေလးကို မီး႐ႈိ႕လိုက္ကာ ျပာကိုျမစ္ထဲေျမာေပးလိုက္ေလသည္။
"နင့္ဘဝေလးၿငိမ္းခ်မ္းပါေစမိုးေရ…"
The End
By @WhiteButterfly2342
ဒါက ပထမဆံုးone shotေလးပါ။ အခ်င္းခ်င္းလြတ္လြတ္လပ္လပ္ေဝဖန္ခြင့္႐ွိပါတယ္ေနာ္။ သူမ်ားficကိုကိုယ္ေဝဖန္မွ ကိုယ့္ficကိုလည္း သူမ်ားကျပန္ေဝဖန္ေပးမွာပါေနာ္။
ေနာက္ထပ္storyေလးေတြကိုလည္းေမၽွာ္ေနပါတယ္ေနာ္။
Unicode**
"ကောင်လေး! ဒီအိမ်ကိုဝယ်မှာသေချာလား?"
အိမ်ပွဲစားအဒေါ်ကြီးကမေးသည်။
"သေချာပါတယ်။"
လက်သီးကိုတင်းကြပ်စွာဆုပ်ထား၍ သူပြန်ဖြေလိုက်လေသည်။ သူသိချင်နေတဲ့အရာတွေ ဒီအိမ်ကြီးထဲမှာများရှိနေလေမလား သူအနည်းငယ်တော့မျှော်လင့်ချင်သည်။
သူသိချင်နေတဲ့အရာတွေကိုသိလာရင်ရော သူနောင်တရမှာလား? သူတွေးမိပြန်သည်။
အိမ်အိုကြီးကိုကြည့်လိုက်မိလေတော့ ပြူတင်းပေါက်တစ်ခုမှ မျက်လုံးတစ်စုံကိုလှစ်ခနဲ မြင်လိုက်ရလေသည်။ သူကျောချမ်းသွားမိသည်။
သူအမြင်မှားတာ ဖြစ်မှာပါလေ။
သူ့နာမည်က ရှိုင်းသုတ။ သူဒီအိမ်ကိုဝယ်ချင်နေခဲ့တာကြာပြီ။ လွန်ခဲ့တဲ့နှစ်နှစ်က မတော်တဆမှုတစ်ခုကြောင့် ဒီအိမ်ကိုသူရောက်ခဲ့သည်။ အဲဒီနောက် ဒီအိမ်အကြောင်းကို သူမကြာခဏအိပ်မက်မက်သည်။ အိမ်ကြီးထဲတွင် သူ့ကိုစောင့်နေသော တစ်စုံတစ်ယောက်ရှိနေသလို သူခံစားရသည်။
အဲဒီလိုနှင့် သူအိမ်ထဲကိုဝင်လာခဲ့လေသည်။ အိမ်ကြီးသည် နှစ်ပေါင်းများစွာကြာနေပုံရသည်။ အိမ်ထဲကိုဝင်လိုက်သည်နှင့် နေရာအနှံထူထပ်နေသောဖုန်မှုန့်များကိုတွေ့ရလေသည်။ သစ်သားကြမ်းခင်းသည်လည်း နင်းလိုက်တိုင်း တကျွီကျွီမြည်နေပြန်သည်။ အိမ်ကြီးသည် နှစ်ထပ်အိမ်ဖြစ်သည့်အပြင် အတော်အတန်ကျယ်ဝန်းသော်လည်း အိမ်ထဲတွင်တော့လျှပ်စစ်မီးများမရှိချေ။
"လိုအပ်တာတွေလုပ်ရအုံးမှာပေါ့။"
သုတသည် အလုပ်သမားအချို့ကိုဖုန်းဆက်ခေါ်လိုက်ကာ အိမ်ကြီးကိုရှင်းလင်းခိုင်းလိုက်လေသည်။ ထို့နောက် လျှပ်စစ်မီးကို တပ်ဆင်လိုက်လေသည်။
အားလုံးပြင်ဆင်ပြီသွားသောအခါတွင်တော့ အိမ်ကြီးထဲလှည့်ပတ်ကြည့်လိုက်ရင်း သုတရေရွတ်လိုက်လေသည်။
"အားလုံးပြီးပြီ။"
ထို့နောက် သူသည် ညစာစားပြီး အားရပါးရအိပ်စက်လိုက်လေတော့သည်။
သူအိပ်ပျော်နေသောအချိန်တွင်ပဲ သူ့ကုတင်ဘေးတွင် ကောင်မလေးတစ်ယောက်ပေါ်လာလေသည်။
"နောက်ဆုံးတော့ ရှင်ရောက်လာပြီပဲ။"
ထိုကောင်မလေးသည် သွယ်လျသောခန္ဓာကိုယ်ရှိကာ အဖြူရောင်ဂါဝန်လေးကို ဝတ်ဆင်ထားလေသည်။ သူမ၏ဖြောင့်စင်းရှည်လျားသော ဆံနွယ်လေးများသည် သူမလှုပ်ရှားလိုက်တိုင်း ဘေးဘယ်ညာကိုအသာအယာ ယိမ်းသွားလေသည်။ ကောင်မလေး၏သွယ်လျသော လက်ချောင်းလေးများသည် သုတ၏ ပါးပြင်ကို အသာအယာထိတွေ့လိုက်ချိန်မှာတော့ သုတမျက်လုံးများပွင့်လာလေတော့သည်။
"မင်းက…"
သုတသည် ထိုကောင်မလေးကို မြင်မြင်ချင်း အလွန်အံ့အားသင့်သွားတော့သည်။ ထိုကောင်မလေးသည် သူ့အိပ်မက်ထဲတွင် မကြာခဏတွေ့ရသောကောင်မလေးဖြစ်တာကြောင့်ပင်။
"မိုး…"
ကောင်မလေးနာမည်ကို သုတရေရွတ်လိုက်မိတော့ ကောင်မလေးက ပြုံးပြလေသည်။
"ကျွန်မကို မှတ်မိသားပဲ။"
"မင်းက သရဲလား?"
သုတမေးလိုက်မိတော့ မိုးက ရယ်သည်။
"ကျွန်မကကျိန်စာမိနေတဲ့သူပဲ။ ကျွန်မကို ရှင်က ဒီနေရာကနေကယ်ထုတ်ပေးနိုင်တယ်။"
"ငါကဘာလို့မင်းကို ကယ်ထုတ်ပေးရမှာလဲ?"
သုတက မေးလိုက်လေတော့ မိုးကရယ်ပြန်သည်။
"ကျွန်မအပြင်ထွက်ချင်လို့ပါ။ ကျွန်မကမကောင်းတဲ့လူမဟုတ်ပါဘူး။"
မိုးသည် ချစ်စရာကောင်းသော ပုံစံလေးလုပ်ပြကာ သုတကို အသနားခံလေသည်။ မိုး၏ မျက်နှာဖောင်းဖောင်းလေးသည် ဖြူဥနေပြီး ပါးပြင်လေးသည်လည် ပန်းနုရောင်သန်းနေလေသည်။ မျက်ခုံးပါးပါးလေး၏အောက်မှာမှ မျက်ဝန်းနက်ခပ်ကျယ်ကျယ်လေးများက တောက်ပစွာနေရာယူထားလေသည်။ ထိုကောင်မလေး၏ချစ်စဖွယ်အမူအယာတို့တွင် ဘယ်သူမှစိတ်တင်းထားနိုင်မည့်မဟုတ်သလို သုတသည်လည်း အရည်ပျော်ကာ သူမကို ကယ်ထုတ်ရန်သဘောတူလိုက်မိလေသည်။
"ငါမင်းကိုဘယ်လိုကယ်ထုတ်ရမှာလဲ?"
"ဒီအိမ်ရဲ့မြေအောက်ခန်းထဲမှာ ကျွန်မရဲ့ အရုပ်ကလေးရှိတယ်။ အဲဒါလေးကို အိမ်အပြင်ထုတ်ပေးပါနော်။"
"ကောင်းပြီလေ။"
"ဒါပေမယ့် အင်္ဂါနေ့ည(၉)နာရီမှ လုပ်လို့ရမယ်။"
"အင်္ဂါနေ့… ဒါဆိုနှစ်ရက်လိုသေးတာပေါ့။"
"ဟုတ်တယ်။"
သို့သော် နောက်တစ်နေ့ရောက်သည်နှင့် သုတ၏သူငယ်ချင်း အိမ့်သဇင်ရောက်လာတော့သည်။ အိမ့်သဇင်သည် အရပ်မြင့်မြင့် ပိန်ပိန်သွယ်သွယ်နှင့် ခပ်မိုက်မိုက်မိန်းကလေးတစ်ဦးဖြစ်လေသည်။ သုတနှင့်လည်း ပြောမနာဆိုမနာသူငယ်ချင်းများဖြစ်ကြသည့်အလျောက် ကားပျက်သွားသောညကလည်း သူတို့နှစ်ဦးအတူ ဒီအိမ်ကြီးထဲကိုဝင်ခဲ့ဖူးသည်။
အိမ့်သဇင်သည် အိမ်ထဲသို့ဝင်ဝင်ချင်း သုတကိုပြောလာလေသည်။
"ငါတော့သိပ်ပြီးခံစားချက်မကောင်းဘူးနော်။ နင်ဘာလို့ဒီလိုအိမ်ကိုဝယ်လိုက်တာလဲ?"
အိမ့်သဇင်၏စကားကိုကြားသည်နှင့် မိုး၏မျက်နှာသည် ချက်ချင်းမဲမှောင်သွားလေတော့သည်။ အိမ့်သဇင်ကတော့ မိုးကိုမမြင်။
သုတကတော့ မိုးကို အိပ်မက်ထဲမှာတွေ့စဉ်ကတည်းက သဘောကျနေပြီးဖြစ်တာကြောင့် မိုးကိုကူညီပေးဖို့ဆုံးဖြတ်ထားပြီးဖြစ်လေသည်။
"ဒီအိမ်ကို ခဏခဏအိပ်မက်မက်လို့ပါ။ပြီးတော့ ငါတို့ရောက်လာတဲ့နေ့ကမှတ်ဉာဏ်ကို ပြန်သတိရချင်လို့။ ငါတို့တစ်ခုခုဖြစ်ခဲ့တယ်ထင်တယ်။"
အိမ့်သဇင်ကတော့ သက်ပြင်းချကာ ပြောလာပြန်သည်။
"နင့်သဘောပါ။ အဲဒီညက ငါတို့နှစ်ယောက်လုံး ဒီအိမ်ထဲဝင်သွားပြီး ဘာဖြစ်လဲ ဘာမှမမှတ်မိကြတော့ဘူးမလား? နင်သတိထားသင့်တယ်။ ငါသွားတော့မယ်။"
အိမ့်သဇင်ထွက်သွားပြီးနောက်မှတော့ မိုးနှင့် သုတစကားပြောဖြစ်ကြလေသည်။
"ရှင့်သူငယ်ချင်းက တစ်မျိုးပဲနော်။"
"ထားလိုက်ပါ။ သူ့ကိုစိတ်ထဲထားမနေနဲ့။"
မိုးနှင့် သုတတို့သည် နှစ်ရက်အတွင်းတွင် ခပ်မြန်မြန်ပဲ ရင်းနှီးသွားခဲ့ကြလေသည်။ အင်္ဂါနေ့ညရောက်သောအခါတွင်တော့ သုတသည် မြေအောက်ခန်းထဲကို ဆင်းသွားလိုက်လေသည်။ ထိုမြေအောက်ခန်းထဲဝင်လိုက်သောအခိန်တွင်တော့ ညှီစို့စို့အနံ့တစ်ခုကို သုတရလိုက်လေသည်။ အထဲကိုဝင်သွားလိုက်တော့ ထောင့်တစ်ခုတွင် လှောင်ချိုင့်ထဲထည့်ထားသော အရုပ်လေးကို တွေ့လိုက်ရလေသည်။
"အရုပ်လေးကိုယူလိုက်လေ။"
"လှောင်အိမ်က သော့ခတ်ထားတယ်။"
သုတပြောလိုက်ပေမယ့် သူကျောတွေချမ်းလာသလိုခံစားရလေသည်။ အနောက်ကို လှည့်ကြည့်လိုက်တော့ မိုးသည် လှလှပပပဲ သူ့ကိုပြုံးပြနေလေသည်။
"သော့ကိုဖျက်လိုက်ပေါ့။ သော့ကဟောင်းနေပြီပဲ။"
"အင်း။"
သုတသည် ဘေ့စ်ဘောတုတ်တံတစ်ခုကို သွားယူလိုက်ပြန်ကာ ထိုသော့ကို ရိုက်ချပစ်လိုက်လေသည်။ ထို့နောက် အရုပ်ကလေးကို လှောင်ချိုင့်အပြင်ကို ထုတ်လိုက်လေတော့သည်။
"မိုးရဲ့အရုပ်လေး…"
မိုးသည် ထိုအရုပ်ကလေးကို သုတလက်ထဲမှလုယူလိုက်ပြီးနောက် တယုတယပွတ်သပ်လိုက်လေသည်။
"မတွေ့ရတာကြာပြီနော်။"
သုတကြည့်နေတုန်းမှာပဲ မိုးသည် ချစ်စဖွယ်ကောင်မလေးအဖြစ်မှ ဆံပင်ဖားလျားချထားပြီး မျက်နှာတွင် မီးလောက်ရာများနှင့်ပြည့်နေသော ကြောက်စရာ သရဲမတစ်ကောင်အဖြစ်သို့ပြောင်းလဲသွားလေတော့သည်။
"ဟီး ဟီး ဟီး ဟီး"
ထိုမြင်ကွင်းကို မြင်လိုက်ရသော သုတသည် လိပ်ပြာလွင့်ထွက်မတတ်ကြောက်လန့်သွားတာကြောင့် ထွက်ပြေးရန်ကြိုးစားမိလေသည်။ သို့သော်လည်း မြေအောက်ခန်းတံခါးသည် ဂျိန်းခနဲပိတ်ကျသွားလေတော့သည်။
"မလုပ်ပါနဲ့!!! မလုပ်ပါနဲ့!!!!"
"ဟီး ဟီး ဟီး ဟီး… ကျွန်မနဲ့ အတူတူကစားရအောင်လေ။"
မိုး၏ ဇတ်သည် တစ်ပတ်လည်သွားပြီးနောက် ခေါင်းပြတ်ထွက်သွားကာ ထိုခေါင်းပြတ်ကြီးသည် လေပေါ်တွင်ပျံဝဲနေလေသည်။
"ကျွန်မက အရုပ်လေးနဲ့ပဲဆော့ရတော့ ပျင်းနေတာ။ အတူဆော့ရအောင်လေ။"
ထိုခေါင်းပြတ်ကြီးသည် စကားပြောလျက် သုတအနားကိုကပ်လာတော့သည်။ သုတသည်လည်း ကြောက်အားလန့်အားနှင့် အတင်းရုန်းကန်နေမိလေသည်။
"မလာနဲ့!! မလာနဲ့!! အား!!!"
သုတ၏ အက်ရှသောအသံတို့သည် မြေအောက်ခန်းတစ်ခုလုံးဖုံးလွှမ်းသွားတော့သည်။ ထို့အတူ သူ၏ခြေထောက်တစ်ဖက်သည်လည်း ကျိုးသွားတော့သည်။ မိုးသည် အရုပ်ကလေး၏ ခြေထောက်တစ်ဖက်ကိုကိုင်ကာ ဆွဲလန်ပစ်လိုက်ခြင်းကြောင့် သုတခြေထောက်ကျိုးသွားခြင်းဖြစ်လေသည်။
မိုးသည် အရုပ်ကလေး၏ လက်တစ်ဖက်ကိုကိုင်ကာ လှန်ချိုးပစ်လိုက်ပြန်သည်။
"အား!!!"
သုတ နာလေ မိုးပျော်ရွှင်စွာရယ်မိလေဖြစ်လေသည်။
"ရှင်က ကျွန်မကိုကယ်၊ ကျွန်မနဲ့အတူတူနေပြီး နှစ်ယောက်သားချစ်သွားကြမယ့်ဇာတ်လမ်းတွေ စိတ်ကူးယဉ်ပြီး ကျွန်မကိုကယ်တာဆိုရင်တော့ ရှင်မှားသွားပြီ။ ကျွန်မက ချစ်ရတာထက် ကစားရတာကိုပိုကြိုက်တယ်။"
ထို့နောက် မိုးသည် သုတဘေးနားတွင်ထိုင်လိုက်ကာ ပြောလိုက်ပြန်သည်။
"အေးအေးဆေးဆေးကစားကြတာပေါ့။"
ထို့နောက် အိမ်ကြီးတစ်ခုလုံးသည် မှောင်ကျသွားလေတော့သည်။
သုံးရက်ကြာသော်-
အိမ့်သဇင်သည်လည်း သုံးရက်တိတိ သုတထံမှအဆက်အသွယ်မရတာကြောင့် သုတ၏အိမ်သို့ လိုက်သွားမိလေသည်။
သုတ၏အိမ်ကိုရောက်တော့ တစ်အိမ်လုံးတိတ်ဆိတ်နေတာကြောင့် အိမ့်သဇင်သည် သုတကိုဖုန်းဆက်လိုက်လေသည်။
သို့သော် သုတ၏အိပ်ခန်းထဲမှ ဖုန်းမြည်သံကိုသာ အိမ့်သဇင်ကြားလိုက်ရလေသည်။
"သုတဘယ်ရောက်နေတာပါလိမ့်။ တံခါးတွေလည်း သော့မခတ်ထားပါဘူး။ သူအိမ်မှာပဲရှိမှာပါ။"
သုတကိုအော်ခေါ်ကာ ရှာသော်လည်း မတွေ့တာကြောင့် ရဲစခန်းကို လူပျောက်တိုင်ဖို့ အိမ်အပြင်သို့ထွက်ရန်ပြန်လိုက်သောအခါတွင်တော့ အိမ်တံခါးမကြီးသည် ဂျိန်းခနဲပိတ်သွားလေတော့သည်။
"ဟီး ဟီး ဟီး ဟီး… နောက်ထပ်ကစားဖို့လူတစ်ယောက်…"
ထိုအသံကို အိမ့်သဇင်ကြားလိုက်သည်နှင့် အတိတ်မှ အဖြစ်အပျက်များကို ပြန်မြင်ယောင်လာတော့သည်။
သူတို့နှစ်ယောက်သည် ထိုအိမ်ကို ပထမဆုံးအကြိမ်ရောက်တုန်းကမိုးတွေလည်းရွာနေပြီး ကားလည်ပျက်သွားခဲ့တာကြောင့် မိုးကိုခဏတည်းခိုခွင့်တောင်းခဲ့တာဖြစ်လေသည်။ သို့သော် ထိုညတွင် သုတသည် နှစ်ကြိမ်တိတိ ကုတင်ပေါ်မှဆွဲအချခံခဲ့ရသည့်အပြင် မျက်နှာကျက်ပေါ်တွင်ဇောက်ထိုးကြီးဖြစ်နေသော မိုးကိုလည်း အိမ့်သဇင်က မြင်တွေ့ခဲ့ရတာကြောင့် သူတို့နှစ်ဦး အမြန်ပြေးထွက်လာခဲ့ကြတာဖြစ်လေသည်။
"ဒါကနင်အမှတ်ရချင်တဲ့မှတ်ဉာဏ်တွေလားသုတ။ ချီးပဲ!!"
ထို့နောက်သူမ သတိမေ့သွားလေတော့သည်။
အိမ့်သဇင်အတိတ်တို့ကို ပြန်သတိရပြီး၍ သတိပြန်ကပ်သောအချိန်တွင်တော့ သူမသည်လည်း မြေအောက်ခန်းထဲတွင် ပိတ်မိနေလေပြီ။ ဘေးဘက်ကိုကြည့်လိုက်မိတော့ သွေးအလိမ်းလိမ်းနှင့် ကြမ်းပြင်ပေါ်လဲကျနေသော သုတကိုတွေ့လိုက်ရတာကြောင့် သူမ စိုးရိမ်သွားမိလေသည်။
"သုတ!"
သုတသည် အိမ့်သဇင်ကိုစကားတစ်ခွန်းပြောလာလေသည်။
"နင့်ကို… ငါဒီကိုခေါ်လာခဲ့တာ…သူနင့်ကို…အွန်း"
သုတစကားမဆုံးခင်မှာပဲ သူ့ပါးစပ်ပိတ်ကျသွားကာ စကားပြောလို့မရတော့ပေ။
"သုတ! သုတ!"
"ကစားရအုံးမှာပေါ့။"
ထိုအသံကြောင့် အိမ့်သဇင်လှည့်ကြည့်လိုက်မိတော့ တစ်ကိုယ်လုံးသွေးများပေကျံနေသော မိုးကိုတွေ့လိုက်ရလေသည်။ မိုး၏ မျက်နှာတွင်တော့ကြောက်မက်ဖွယ်အပြုံးတစ်ခုကို ဆင်မြန်းထားလေသည်။ မိုး၏မျက်လုံးတို့ကလည်း အပြင်သို့ပြူးထွက်ကာ ပါးစပ်ကလည်း ပါးပြင်တလျှောက်ဟပြဲကြီးဖြစ်လို့နေလေသည်။
"နင့်မှာ ဘာအဆောင်ရှိလဲ။ ဖြုတ်လိုက်စမ်း။ မဖြုတ်ရင် ငါသူ့ကိုသတ်ပစ်လိုက်မယ်။"
"ဟမ်? ဘာအဆောင်?"
"အား!!!"
မိုးသည် သုတ၏ပါးစပ်ကိုပြန်ဖွင့်ပေးလိုက်သည့်အပြင် လက်တစ်ဖက်ကိုပါဖြည်းဖြည်းချင်းလိမ်နေတာကြောင့် သုတသည် အသံဝင်မတတ်အော်တော့သည်။
"ဖြုတ်မယ်ဖြုတ်မယ်!!!"
အိမ့်သဇင်သည် သူမလည်ပင်းတွင်ဆွဲထားသော နတ်သမီးပုံလည်ဆွဲလေးကိုဖြုတ်လိုက်လေသည်။
"အောက်မှာချထားလိုက်။"
သို့သော် အိမ့်သဇင်သည် အောက်ကိုမချဘဲ မိုးထံသို့ပစ်ပေါက်လိုက်လေတော့သည်။
"အား!"
မိုးသည် စူးရှသောအသံဖြင့်အော်ကာ အနောက်သို့ဆုတ်သွားလေတော့သည်။ လန့်သွားတာကြောင့် သူမလက်ထဲမှအရုပ်လေးသည် ကြမ်းပြင်ပေါ်ပြုတ်ကျသွားလေတော့သည်။
အိမ့်သဇင်သည် ထိုအရုပ်ကိုအမြန်ပြေးကောက်လိုက်လေတော့သည်။
"အရုပ်ကို လှောင်အိမ်ထဲပြန်ထည့်လိုက်။ အမြန်!"
သုတ၏ အသံတို့သည်အက်ကွဲနေလေသည်။ အိမ့်သဇင်သည်လည်း လှောင်အိမ်ဆီသို့အမြန်ပြေးသွားလိုက်ကာ အရုပ်ကိုလှောင်အိမ်ထဲထည့်လိုက်လေတော့သည်။
"မလုပ်နဲ့!!!"
မိုးသည် အိမ့်သဇင်နားသို့အမြန်ပြေးသွားလိုက်ကာ အိမ့်သဇင်ကိုဆွဲရန်ကြိုးစားလိုက်လေသည်။ သို့သော် အိမ့်သဇင်ကို ထိလိုက်သည်နှင့် သူမ လွှင့်ထွက်သွားလေတော့သည်။
"အား!!!"
အိမ့်သဇင်သည် အရုပ်ကို လှောင်အိမ်ထဲထည့်လိုက်ကာ ပြောလာလေသည်။
"နင်ငါ့ကိုထိလို့မရဘူးမလား။ ခုဏကလည်း သုတကိုဆွဲခေါ်ခဲ့ခိုင်းတာမလား?"
"ဘာကြောင့်လဲ!!! ဘာလို့ငါကနင့်ကို ထိလို့မရတာလဲ!!"
"ရှင်းပါတယ်။ ငါကနင့်ကိုပိတ်လှောင်ခဲ့တဲ့သူရဲ့မျိုးဆက်မို့ပေါ့။ နင့်မှာအရုပ်ကလေးရှိတာနဲ့ လူတိုင်းကို ဒုက္ခပေးလို့ရမယ်ထင်နေတာလား? ငါ့အဖွားကသူအရုပ်တစ်ရုပ်ကို လှောင်အိမ်ထဲထည့်ပိတ်ခဲ့တဲ့အကြောင်းကို ပုံပြင်လုပ်ပြီးပြောပြနေကြပဲ။ ဒါပေမယ့် ဒါကတကယ်ဖြစ်နေလိမ့်မယ်လို့ထင်မထားခဲ့ဘူး။"
မိုးသည် ဒေါသတကြီးဖြစ်ကာ သုတကိုဝင်ပူးရန်ကြိုးစားလိုက်လေသည်။ သို့သော်လည်း သူမ၏ ဝိညာဉ်သည် သုတကိုဖြတ်သာဖြတ်သွားလေသည်။
"ဘာဖြစ်တာလဲ!!! ငါဘာလို့ဝင်လို့မရတော့တာလဲ!!!"
အိမ့်သဇင်သည် မိုးကိုဂရုစိုက်မနေတော့ဘဲ သုတဘက်ကိုလှည့်၍သာ ပြောလာလေသည်။
"အားနာပေမယ့် ငါ့ကိုသော့တစ်ခုလောက်ရှာပေးပါလား?"
သုတသည်လည်းခေါင်းငြိမ့်ကာ အပြင်ကို တရွတ်ဆွဲ၍ထွက်သွားလေသည်။
"မိုး… နင့်မိသားစုတစ်ခုလုံးကို သတ်ပစ်ပြီးတာတောင်မကျေနပ်သေးဘူးလား? နင်အသိတရားမရသေးတာလား?"
"ငါ… သတ်ပစ်ခဲ့တာလား? သူတို့ကိုလေ…"
"အိမ်တစ်အိမ်မှာ နေမကောင်းဖြစ်နေတဲ့ကောင်မလေးတစ်ယောက်ရှိတယ်တဲ့။ ဒါပေမယ့် သူမ သေတဲ့နေ့မှာမိုးတွေအရမ်းရွာနေတာကြောင့် မိသားစုဝင်တွေကဆေးရုံကို အမီမပို့နိုင်လိုက်ကြဘူးတဲ့။ အဲဒါကြောင့် အဲဒီကောင်မလေးက အငြိုးကြီးတဲ့ဝိညာဉ်ဖြစ်သွားပြီး တစ်မိသားစုလုံးကိုသတ်ပစ်ခဲ့တယ်။"
"ငါ… ငါ… မဟုတ်ဘူး။"
မိုးသည် ခေါင်းကိုရမ်းခါ၍ ငြင်းဆန်သော်လည်း သူမမိသားစုဝင်များကို သူမကိုယ်တိုင်သတ်ပစ်ခဲ့သော မြင်ကွင်းတို့က သူမအမြင်အာရုံထဲတွင်ဆက်တိုက်ပေါ်လာတော့သည်။
"ငါမဟုတ်ဘူး။ ငါမဟုတ်ဘူး!!!"
"နောက်ဆုံးမှာတော့ သူမကို ပယောဂနှင်တဲ့မိန်းမကြီးတစ်ယောက်က ဖမ်းချုပ်ထားလိုက်ရတော့တယ်။"
"ငါ… "
မိုးသည် ကြမ်းပြင်ပေါ်တွင် ပုံလျက်သားလဲကျသွားတော့သည်။ သူမအသိစိတ်တို့သည် အခုမှဇ ပြန်လည်ကပ်တွယ်လာသည့်ပုံ။
"ဖေဖေ… မေမေ… မမ… မိုး… မိုးတောင်းပန်ပါတယ်။"
"နင်အနားယူပါတော့။ တမလွန်ကိုသွားပြီး မိသားစုဝင်တွေကိုတောင်းပန်လိုက်ပါ။"
အိမ့်သဇင်၏ စကားအဆုံးမှာတော့ မိုးသည် မတ်တပ်ထရပ်လိုက်ကာ ပျောက်ကွယ်သွားလေတော့သည်။
မိုးပျောက်ကွယ်သွားပြီးနောက်မှာတော့ အိမ့်သဇင်သည် ဆေးရုံကိုဖုန်းဆက်ရလေတော့သည်။
သုတသည် ဆေးရုံတက်လိုက်ရပြီးနောက် အိမ်ကြီးတွင်လည်း ပရိတ်ရွတ်အမျှအတမ်းပေးဝေကာ ထိုအိမ်ကြီးကို ဖြိုချပစ်လိုက်လေတော့သည်။ အိမ့်သဇင်သည်လည်း အရုပ်လေးကို မီးရှို့လိုက်ကာ ပြာကိုမြစ်ထဲမြောပေးလိုက်လေသည်။
"နင့်ဘဝလေးငြိမ်းချမ်းပါစေမိုးရေ…"
The End
By @WhiteButterfly2342
ဒါက ပထမဆုံးone shotလေးပါ။ အချင်းချင်းလွတ်လွတ်လပ်လပ်ဝေဖန်ခွင့်ရှိပါတယ်နော်။ သူများficကိုကိုယ်ဝေဖန်မှ ကိုယ့်ficကိုလည်း သူများကပြန်ဝေဖန်ပေးမှာပါနော်။
နောက်ထပ်storyလေးတွေကိုလည်းမျှော်နေပါတယ်နော်။