Unicode**
ိဒီeventလေးဖြစ်မြောက်ရေးအတွက် ပါဝင်ကူညီပေးကြပါသော စာရေးသူများ၊ ပြီးတော့ ပြာပြာ့ကိုအခုလို eventတွေလုပ်နိုင်အောင် မွေးဖွားပေးခဲ့တဲ့မိဘနှစ်ပါး….…
နောက်တာပါ။ ပထမဆုံးeventလေးကတော့ အဆုံးသတ်သွားပါပြီနော်။ အားလုံးပဲ ပျော်ကြလိမ့်မယ်လို့ထင်ပါတယ်။ ပါဝင်ပြီးတော့ ရေးပေးကြတဲ့ သာသာတွေအားလုံးကိုလည်း ကျေးဇူးတင်ပါတယ်ဗျာ။ ဝင်ဝေဖန်ပေးခဲ့တဲ့သူတွေရော promoteလုပ်ပေးကြတဲ့သူတွေကိုရော ကျေးဇူးတင်ပါတယ်။
ဒီeventလေးနဲ့ပတ်သတ်လို့ပြောရမယ်ဆိုရင် ရလာဒ်က မျှော်လင့်ထားတာထက်ကိုပိုကောင်းတယ်လို့ပြောရမယ်။ အားလုံးရဲ့ ဇာတ်လမ်းတွေထဲ ပြာပြာရေးတာအညံ့ဆုံးပဲ။ အကုန်လုံးကတကယ့်ကိုဂရုတစိုက်ရေးကြတာကိုတွေ့ရတယ်။ တစ်ယောက်ချင်းစီတိုင်းက တစ်မျိုးစီတော်ကြတယ်။ မတူညီတဲ့ခံစားချက်ကို ပေးစွမ်းနိုင်ကြတယ်။ ပြောရမယ်ဆို တကယ့်ကိုတန်ဖိုးရှိပါတယ်။
ဒါပေမယ့် ပေးထားတဲ့စာကြောင်းနဲ့ပတ်သတ်လို့ သိပ်ပေါ်လွင်အောင်မရေးနိုင်ကြတာတွေ့ရတယ်။
ဒီစာတွေမှာအချက်(4) ချက်ရှိတယ်။
-ကောင်လေးကအိမ်ကိုဝယ်ရမယ်။
-အဲဒီအိမ်ထဲမှာသူသိချင်တာရှိနေရမယ်။
-အဲဒီအချက်တွေကိုသိရရင်သူ့အတွက် နောင်တရစရာဖြစ်လာမယ်။
-အဲဒီအိမ်ထဲမှာတစ်ယောက်ယောက် သို့မဟုတ် တစ်စုံတစ်ခုရှိနေရမယ်။
အကုန်လုံးတော့မဟုတ်ပေမယ့် တချို့က ဒုတိယအချက်နဲ့ တတိယအချက်ကို ဆီလျော်အောင်မရေးနိုင်ကြတာကိုတွေ့ရတယ်။ ဒါကြောင့် ပိုကြိုးစားစေချင်ပါတယ်။ ဒါပေမယ့် ရေးထားတာတွေကတော့ အကုန်လုံးတကယ့်ကိုကောင်းတာပါ။
အဲဒီလောက်အလေးအနက်ထားပြီး သေချာရေးပေးမယ်လို့တောင်ထင်မထားဘူးရယ်။ အဲဒါတွေဖတ်ပြီးတော့ စိတ်မကောင်းဖြစ်ရပြန်တယ်။ ဒီထက်မကအောင်မြင်တဲ့ စာရေးသူတွေဖြစ်ရမှာလို့တွေးမိတယ်။ အဲဒါကြောင့် ပြာပြာက ပိုပြီးတော့ promoteလည်းလုပ်ပေးချင်မိတယ်။ ပိုပြီးတော့ ကူညီပေးချင်မိတယ်။ ဒါပေမယ့်ကိုယ်လုပ်နိုင်တာကလည်း သိပ်မရှိဘူးလေနော့။ ဒါလေးပဲတတ်နိုင်တာရယ်။
ဒီလကိုတော့ event ကိုနှစ်ခုလုပ်ပါ့မယ်။ main event ရယ် mini eventရယ်… အခုစလိုက်ကြရအောင်။
စာရေးသူတို့ ဒီထက်မကအောင်မြင်ပါစေဗျာ…
YOU ARE READING
Just Write It
Randomစာရေးဝါသနာပါတဲ့သူတွေ အတွေ့အကြုံရပြီး ပျော်ဖို့ကောင်းတဲ့ eventလေးတွေစုထားတာပါ။ Unicode** စာရေးဝါသနာပါတဲ့သူတွေ အတွေ့အကြုံရပြီး ပျော်ဖို့ကောင်းတဲ့ eventလေးတွေစုထားတာပါ။