For You

181 23 1
                                    

ကျွန်​​တော့်​နာမည်​ ​သွေးသစ်​ ။ ကျွန်​​တော်​လူတစ်​​ယောက်ကို ​​လိုက်​ရှာ​​နေခဲ့တာ အ​တော်​ကြာပြီ . . .ကျွန်​​တော်​အခုသွားမည့်​​နေရာ​လေးက သူရှိရာပါ ၊
မ​သေချာ​ပေမယ့် ​မျှော်​လင့်​ချက်​​တော့အပြည့်​ပါပဲ ...။

လွန်​ခဲ့တဲ့ ၅ရက်​​​​နေ့ ညက ကျွန်​​တော့်​ဆီကို စာတစ်​​စောင်​​ရောက်​လာတယ်​။

" ​သွေးသစ်​လား "
Facebookသုံး​နေစဉ်​ ဝင်​လာ​သော message​လေးက ကိုယ်​မသိ​သော Accတစ်​ခုကဖြစ်​သည်​။ သူငယ်​ချင်းမဟုတ်​လျှင်​ စာမပြန်​တတ်​သည်​က ငယ်​ငယ်​တည်းကအကျင့်​တစ်​ခုပင်​။ ထို့​ကြောင့်​ ​ပေါ်လာ​သောNoti​လေးအားဖျက်​ကာ Facebookပြန်​သုံး​နေလိုက်​သည်​။

ခဏ​လောက်​သုံးပြီးအချိန်​ကြည့်​လိုက်​​တော့ ည11နာရီ​တောင်​ခွဲ​နေ​လေပြီ။ မနက်​စော​စောသွားစရာရှိတာမို့ ဖုန်းပိတ်​ကာ ​​သွေးသစ်​ ​အိပ်​ယာဝင်​လိုက်​သည်​။

လှောင်​ပိတ်​​နေတဲ့ အိမ်​ကြီးထဲကေ​ကာင်​လေးတစ်​​ယောက်​ ... ၊ မျက်​နှာကို ​သေချာမမြင်​ရ​သော်​လည်း သူ့ကိုစိုက်​ကြည့်​​နေတဲ့ ခပ်​မည်းမည်းမျက်​ဆံ​​တွေက တစ်​စုံတစ်​ခုကို​မျှော်​​လင့်​​နေသည့်​နှယ်​။ ​ခေါင်းတွင်​​သွေးတို့ တစက်​စက်​ကျလျက်​ပင်။ ကြည့်​​နေရင်းပဲ ​ဝေး​ဝေးသွားသည့်​​ကောင်​​လေး ... မပီမပင်​ကြား​​နေရ​သော စကားသံတို့နှင့်​အတူ ​နောက်​ဆုံးတွင်​ ​ကောင်​​လေးသည်​ အ​မှောင်​ကမ္ဘာထဲသို့ ဝင်​​ရောက်​​ပျောက်​ကွယ်​သွားသည်​။

"​ ​​သွေးသစ်​ ... ​သွေးသစ်​ ...
သား​ရေ ထ​တော့​လေ ၊ ​ကျောင်းဆရာကန်​​တော့ပွဲ
ရှိတယ်​ဆို "
အခန်းဝမှ အ​မေ့အသံကြား၍ ​သွေးသစ်​ လန့်​နိုးလာသည်​။

ဘယ်​လိုအိပ်​မက်​မျိုးပါလိမ့်​ ၊ သူတစ်​ခါမှ ဒီလိုအိပ်​မက်​မျိုးမမက်​ဖူးပါ။

"​ ​သွေးသစ်​ ... သား​ရေ "

" ဟုတ်​ကဲ့ အ​မေ ... သားနိုးပြီ "

"​ ​အေး ​အေး "

ပြန်​​ဖြေသံကြားမှ အ​မေလှည့်​ပြန်​သွားပုံရသည်​။ သွားစရာ​တွေ ၊ ပြင်​စရာ​တွေကလည်း ရှိ​သေးတာမို့ အိပ်​မက်​အ​ကြောင်းကို ​သွေးသစ်​ ​ရှည်​ရှည်​​ဝေး​ဝေး မ​တွေးဖြစ်​​တော့ပါ။ နာရီကိုကြည့်​လိုက်​​တော့လည်း ၆နာရီ ထိုး​နေပြီမို့ လုပ်​စရာရှိတာ အမြန်​လုပ်​ရသည်​။

Just Write ItDär berättelser lever. Upptäck nu