မနက္ ၉နာရီဆိုတာ မေကြးတိုင္းမွာေတာ့ အလြန္ပူသည္။ မနက္ျဖန္ဆို ျပန္ရေတာ့မွာျဖစ္၍ ဒီေန႔အၿပီး မင္းဘူးဘက္ကမ္းမွ ဘုရားအစံုလိုက္ပို႔ေနမိသည္။
မေန႔က သူဘာျဖစ္လို႔ သူလည္းလြမ္းေနေတာ့မွာပါလို႔ ေျပာမိလည္း မသိေတာ့ပါ။ ေတာ္ေသးတာက ထိုစကားဝိုင္းကို ဘယ္သူကမွ အစျပန္မေဖာ္တာပါပဲ။
ရွင္ပင္စကၠိန္းတဲ ( စက္ကတဲ )
မင္းဘူးဂုဏ္ေဆာင္ ဘုရားတစ္ဆူ။ အဆင့္အဆင့္ေတြနွင့္။
ဘုရားဝန္းထဲ ဝင္ကတည္းက က်ယ္ဝန္းလွသည္က ဘုန္းႀကီးေက်ာင္ေတြလည္းရွိသည္။ သီလရွင္ေက်ာင္းေတြလည္း ရွိသည္။ တမာပင္တန္းေတြနဲ႔ ျမစ္ကို လွမ္းျမင္ေနရသည္။
" ဘုရားက အဆင့္ေတြ အမ်ားႀကီးပဲေနာ္ "
" အင္းအစက ဘုရားစတည္တုန္းကေတာ့ ေတာင္ကုန္းေလးေပၚ တည္ထားတာေလ နွစ္ကာလေတြၾကာ ငလ်င္ဒဏ္ေတြခံရေတာ့ ျပန္လည္ျပဳျပင္လာေတာ့ အဲ့လိုျဖစ္သြားတာ "
" ဒီက ျပန္ရင္ ဘယ္သြားမွာလဲ ေယာက္ဖ "
" နဂါးပြက္ေတာင္ လိုက္ပို႔မယ္ "
" တကယ္နဂါးရွိတာလား "
" ေရာက္ေတာ့သိရမွာေပါ့ကြာ "
........
ေတာင္ပူစာေလး၂လံုး ၃လံုးကို ျမင္ရသည္။ ေလွကားေလးေတြနဲ႔ လူေတြကလည္း ျပတ္သည္မရွိ။
သံစည္းရုိးမခတ္ထားေသာ အပုဆံုး ေတာင္ပူစာေလးဆီ ေခၚသြားသည့္ေနာက္ လိုက္ရျပန္သည္။
ေတာင္ေလးေတြက အျဖဴေရာင္ေတြ။ ဘိလပ္ေျမေဖ်ာ္ထားေသာအရည္နွင့္တူသည္။ ထိုအရည္ေတြက ေတာင္ေပၚကေန လမ္းကေလးေတြျဖစ္ၿပီး စီးက်ေနသည္။
ေတာင္ထိပ္ေရာက္ေတာ့ ေတာင္ထိပ္မွာ ေရအိုင္ငယ္ေလးလို။ ေရေတြေတာ့မဟုတ္။ ေစာနက ဘိလပ္ေျဖေဖ်ာ္ရည္ေတြလို ေဖ်ာ္ရည္ေတြက အျပည့္။ ထိုအရည္ေတြက ၿငိမ္ၿငိမ္ေနတာမဟုတ္။
ပြက္ခနဲ ပြက္ခနဲ ျဖစ္ေနသည္။ သူသိလိုက္ရပါၿပီ။ ဒါဟာ မီးေတာင္ငယ္ေလးေတြပါ။
တစ္ခုရွိတာက မီးေလာင္ေနတဲ့ ေခ်ာ္ရည္ေတြမဟုတ္ပဲ ေက်ာက္ရည္ပူေတြ ျဖစ္ေနတာပါပဲ။ ထို႔ေၾကာင့္ ျဖဴညစ္ညစ္အရည္ေတြ ျဖစ္ေနတာ။
" ကိုင္ၾကည့္ေလ "
" ကိုင္လို႔ရတာလား "
" ရတာေပါ့ ထိၾကည့္ "
" ေအး "
" ဘယ္လိုလဲ "
ပူေနမည္ထင္တာ။
" ေအးစက္စက္နဲ႔ "
" ဒါက ထူးျခားခ်က္ပဲ "
" အ့ံၾသစရာ "
" မင္း ဒါကိုစေတြ႕ေတာ့ ဘယ္လိုထင္လဲ "
" ေက်ာက္ရည္ပူထြက္တဲ့ မီးေတာင္ငယ္လို႔ထင္တာ "
" တစ္ဝက္မွန္တယ္ တစ္ဝက္မွားတယ္ မပူဘူးမလား "
" ေအးကြာ သဘာဝတရားႀကီးကလည္း အဆန္းႀကီးပဲ "
" လာ ဟိုဘက္မွာ လူရွင္းသြားၿပီ "
အျမင့္ဆံုးေတာင္ထိပ္ေလး ၿခံခတ္ထားေသာ ေတာင္ကုန္းေလးမွာ လူက အင္မတန္ နည္းသြားေလၿပီ။
ကုန္းကေလးတက္လမ္းကမက္ေစာက္ေန၍ တက္ေနက်သူက ကြၽန္ေတာ့လက္ကို ဆြဲ၍တက္ေလေတာ့ အေနာက္က ဖိုးက်ိ္ဳင္းတုတ္ ျဖစ္ၿပီေလ ။
" ၾကည့္ၾကည့္ ဘာထူးျခားလဲ လို႔ "
" တူတူပဲ မဟုတ္ဘူးလား "
ေျပာလည္းေျပာ ၿခံစည္းရိုးကိုကိုင္ရင္း အတြင္းဘက္ၾကည့္လိုက္ေတာ့ တပြက္ပြက္ထေနေသာ ေရပြက္ေတြၾကား တစ္ခုခု ေ႐ြ႕လ်ားသြားသလို။
အေကာင္တစ္ေကာင္ေကာင္ ျဖတ္၍ ကူးသြားသလိုလို။
" ေဟ့ ေဟ့ ဘာေကာင္ႀကီးလဲ "
" ဘာေကာင္ႀကီးမွ မဟုတ္ဘူး ေတြ႕လိုက္တယ္မလား "
" ေအး အေမာက္လိုလို ဘာလိုလိုနဲ႔ ရွည္ေမ်ာေမ်ာႀကီး "
" အဲ့ဒါေၾကာင့္ နဂါးပြက္ေတာင္ လို႔ေခၚတာ "
ေျပာရင္း ျပန္ဆင္းလာေတာ့ သူက ဓာတ္ပံုေတြ ခ်ိတ္ထားရာ ေခၚျပသည္။
ထိုပံုေတြဟာ ဘုရားဖူးလာသူမ်ားကရိုက္ထားတာလည္းပါသည္။ ေဂါပကေတြဘက္က ရိုက္ထားသည္လည္း ရွိသည္။
" ဒီပံုကိုၾကည့္ "
" ေစာနကနဲ႔ေတာ့ တူတယ္ ဒါေပမဲ့ ဒါက ပိုထင္ရွားတယ္ "
" ဟုတ္တယ္ ဘာနဲ႔တူလဲ သတိထားမိလား "
" နဂါးတစ္ေကာင္နဲ႔တူတယ္ "
" အဲ့ဒါပဲ ထူးဆန္းတယ္မထင္ဘူးလား သာမန္ေက်ာက္ရည္ပူတြင္းက ေရပြက္ပြက္တာထက္ ဒီလို အလ်ားလိုက္ ပံုႀကီး ေ႐ြ႕လ်ားေနတာေလ "
" ဟာ ငါလန္႔ေတာင္လန္႔လာၿပီ ေယာက္ဖရာ အစက တစ္ေကာင္ေကာင္ရွိေနတယ္မွတ္လို႔ "
" မရွိဘူး ဘာမွကိုမရွိတာ လူလုပ္ထားတာလည္း မဟုတ္ဘူး သဘာဝအတိုင္း ရွိေနတာ "
" ၿခံက ဘာလို႔ခတ္ထားတာလဲ "
" လူေတြက လိုက္ဆြဲလို႔ တစ္ခ်ိဳ႕က စူးစမ္းခ်င္စိတ္နဲ႔ လက္နဲ႔ လိုက္ဆြဲတာ ရွိတယ္ေလ အဲ့ဒါေၾကာင့္မေတာ္တဆ ျပဳတ္က်မွာစိုးလို႔ ခတ္လိုက္ၾကတာ ကေလးေတြ ပါလာရင္လည္း အႏၲာရယ္ကင္းတာေပါ့ "
........
" ပစၥည္းေတြ သိမ္းၿပီးၿပီလား "
" ငါ့မွာ ဘာမွမွမပါတာ "
" ေအး ဟုတ္သား "
" မင္းအခန္းက တမာအနံ႔ ေမႊးေနတာပဲကြာ ငါေတာ့ ဒီကို အရမ္းလြမ္းေနေတာ့မွာ "
" မင္း ဒီည ထမင္းစားနည္းတယ္ေနာ္ "
ငါ မင္းနဲ႔ခြဲရေတာ့မွာမို႔ လြမ္းရေတာ့မွာမို႔ စိတ္မေကာင္းျဖစ္လို႔ စားမဝင္ဘူး လို႔ေျဖလိုက္ရမွာလား။
" မဆာလို႔ပါကြာ"
" အိပ္ေတာ့ မနက္အေစာႀကီး ကားဂိတ္ဆင္းရမွာ "
" အင္းပါ မင္းလည္း လာအိပ္ေလ "
" အင္း "
ျပတင္းေပါက္ေန နွစ္ေယာက္သားခြာကာ ကုတင္ဆီ ကိုယ္စီလွဲခ်လိုက္ရင္း သူ႔လက္ေမာင္းနဲ႔ ကြၽန္ေတာ့လက္ေမာင္းထိမိေတာ့ စိတ္ထဲ ဒိတ္ကနဲ ခံစားလိုက္ရသည္။
ကြၽန္ေတာ္ကပဲ ဦးေအာင္ သူ႔ကို ေက်ာခိုင္းအိပ္လိုက္သည္။
.......
အိပ္ခ်င္လာသည္က လံုးဝေခါင္းမထူနိုင္ေတာ့။
" အိပ္ေနၿပီလား အုပ္စိုး "
သူ႔ဆီက ထြက္လာသည့္အသံကို ျပန္ေျပာခ်င္ေပမဲ့ တကယ္အိပ္ခ်င္ေနၿပီ ျဖစ္၍ ဘာမွျပန္မေျဖပဲ ေနလိုက္မိသည္။
ဘာေျပာလာမလဲ ပဲ နားစြင့္ေနလိုက္မိသည္။
.
.
.
.
သိုေပမဲ့ စကားသံက ထြက္မလာပဲ ကြၽန္ေတာ့ကို အေနာက္မွ သိုင္းဖက္လိုက္သည္။
ဗုေဒါၶ အိပ္ခ်င္ေနသည့္ မ်က္လံုးေတြ ျပဴးသြားရသည္။
အသက္ရွဴသံကို အတိုင္းသားၾကားေနရၿပီး ေလပူေတြ လာလာထိေနပံုေထာက္ သူ႔ေခါင္းက ကြၽန္ေတာ့ ဂုတ္ပိုးနားတြင္ ကပ္ေနေလာက္သည္။
" ငါ လြမ္းေနေတာ့မွာ အုပ္စိုးရာ "
တင္းက်ပ္သြားေသာ သူ႔လက္နဲ႔အတူ ကြၽန္ေတာ့ နွလံုးသားဟာ ဖ်စ္ညစ္ခံလိုက္ရသလို ခံစားလိုက္ရသည္။
........
For unicode
မနက်၉နာရီဆိုတာ မကွေးတိုင်းမှာတော့ အလွန်ပူသည်။ မနက်ဖြန်ဆို ပြန်ရတော့မှာဖြစ်၍ ဒီနေ့အပြီး မင်းဘူးဘက်ကမ်းမှ ဘုရားအစုံလိုက်ပို့နေမိသည်။
မနေ့က သူဘာဖြစ်လို့ သူလည်းလွမ်းနေတော့မှာပါလို့ပြောမိလည်း မသိတော့ပါ။တော်သေးတာက ထိုစကားဝိုင်းကို ဘယ်သူကမှ အစပြန်မဖော်တာပါပဲ။
ရှင်ပင်စက္ကိန်းတဲ ( စက်ကတဲ )
မင်းဘူးဂုဏ်ဆောင်ဘုရားတစ်ဆူ။ အဆင့်အဆင့်တွေနှင့်။
ဘုရားဝန်းထဲ ဝင်ကတည်းက ကျယ်ဝန်းလှသည်က ဘုန်းကြီးကျောင်တွေလည်းရှိသည်။ သီလရှင်ကျောင်းတွေလည်း ရှိသည်။ တမာပင်တန်းတွေနဲ့ မြစ်ကို လှမ်းမြင်နေရသည်။
" ဘုရားက အဆင့်တွေ အများကြီးပဲနော်"
" အင်းအစက ဘုရားစတည်တုန်းကတော့တောင်ကုန်းလေးပေါ် တည်ထားတာလေ နှစ်ကာလတွေကြာ ငလျင်ဒဏ်တွေခံရတော့ ပြန်လည်ပြုပြင်လာတော့ အဲ့လိုဖြစ်သွားတာ "
" ဒီက ပြန်ရင်ဘယ်သွားမှာလဲယောက်ဖ "
" နဂါးပွက်တောင်လိုက်ပို့မယ်"
" တကယ်နဂါးရှိတာလား "
"ရောက်တော့သိရမှာပေါ့ကွာ "
........
တောင်ပူစာလေး၂လုံး ၃လုံးကို မြင်ရသည်။လှေကားလေးတွေနဲ့ လူတွေကလည်း ပြတ်သည်မရှိ။
သံစည်းရိုးမခတ်ထားသော အပုဆုံးတောင်ပူစာလေးဆီခေါ်သွားသည့်နောက်လိုက်ရပြန်သည်။
တောင်လေးတွေက အဖြူရောင်တွေ။ ဘိလပ်မြေဖျော်ထားသောအရည်နှင့်တူသည်။ ထိုအရည်တွေကတောင်ပေါ်ကနေ လမ်းကလေးတွေဖြစ်ပြီး စီးကျနေသည်။
တောင်ထိပ်ရောက်တော့တောင်ထိပ်မှာရေအိုင်ငယ်လေးလို။ရေတွေတော့မဟုတ်။စောနက ဘိလပ်ဖြေဖျော်ရည်တွေလိုဖျော်ရည်တွေက အပြည့်။ထိုအရည်တွေက ငြိမ်ငြိမ်နေတာမဟုတ်။
ပွက်ခနဲ ပွက်ခနဲ ဖြစ်နေသည်။ သူသိလိုက်ရပါပြီ။ ဒါဟာ မီးတောင်ငယ်လေးတွေပါ။
တစ်ခုရှိတာက မီးလောင်နေတဲ့ချော်ရည်တွေမဟုတ်ပဲကျောက်ရည်ပူတွေ ဖြစ်နေတာပါပဲ။ ထို့ကြောင့်ဖြူညစ်ညစ်အရည်တွေ ဖြစ်နေတာ။
" ကိုင်ကြည့်လေ "
" ကိုင်လို့ရတာလား "
" ရတာပေါ့ ထိကြည့်"
"အေး "
" ဘယ်လိုလဲ "
ပူနေမည်ထင်တာ။
"အေးစက်စက်နဲ့ "
" ဒါက ထူးခြားချက်ပဲ "
" အံ့သြစရာ "
" မင်း ဒါကိုစတွေ့တော့ ဘယ်လိုထင်လဲ "
"ကျောက်ရည်ပူထွက်တဲ့ မီးတောင်ငယ်လို့ထင်တာ "
" တစ်ဝက်မှန်တယ်တစ်ဝက်မှားတယ်မပူဘူးမလား "
"အေးကွာ သဘာဝတရားကြီးကလည်း အဆန်းကြီးပဲ "
" လာ ဟိုဘက်မှာ လူရှင်းသွားပြီ "
အမြင့်ဆုံးတောင်ထိပ်လေး ခြံခတ်ထားသောတောင်ကုန်းလေးမှာ လူက အင်မတန်နည်းသွားလေပြီ။
ကုန်းကလေးတက်လမ်းကမက်စောက်နေ၍ တက်နေကျသူက ကျွန်တော့လက်ကို ဆွဲ၍တက်လေတော့ အနောက်က ဖိုးကျိ်ုင်းတုတ်ဖြစ်ပြီလေ ။
" ကြည့်ကြည့်ဘာထူးခြားလဲ လို့ "
" တူတူပဲ မဟုတ်ဘူးလား "
ပြောလည်းပြော ခြံစည်းရိုးကိုကိုင်ရင်း အတွင်းဘက်ကြည့်လိုက်တော့ တပွက်ပွက်ထနေသောရေပွက်တွေကြား တစ်ခုခုရွေ့လျားသွားသလို။
အကောင်တစ်ကောင်ကောင်ဖြတ်၍ ကူးသွားသလိုလို။
"ဟေ့ဟေ့ ဘာကောင်ကြီးလဲ "
" ဘာကောင်ကြီးမှ မဟုတ်ဘူးတွေ့လိုက်တယ်မလား "
"အေး အမောက်လိုလို ဘာလိုလိုနဲ့ ရှည်မျောမျောကြီး "
" အဲ့ဒါကြောင့်နဂါးပွက်တောင်လို့ခေါ်တာ "
ပြောရင်း ပြန်ဆင်းလာတော့ သူက ဓာတ်ပုံတွေ ချိတ်ထားရာခေါ်ပြသည်။
ထိုပုံတွေဟာ ဘုရားဖူးလာသူများကရိုက်ထားတာလည်းပါသည်။ဂေါပကတွေဘက်က ရိုက်ထားသည်လည်း ရှိသည်။
" ဒီပုံကိုကြည့်"
"စောနကနဲ့တော့ တူတယ်ဒါပေမဲ့ ဒါက ပိုထင်ရှားတယ်"
" ဟုတ်တယ်ဘာနဲ့တူလဲ သတိထားမိလား "
" နဂါးတစ်ကောင်နဲ့တူတယ်"
" အဲ့ဒါပဲ ထူးဆန်းတယ်မထင်ဘူးလား သာမန်ကျောက်ရည်ပူတွင်းကရေပွက်ပွက်တာထက်ဒီလို အလျားလိုက်ပုံကြီးရွေ့လျားနေတာလေ "
" ဟာ ငါလန့်တောင်လန့်လာပြီယောက်ဖရာ အစက တစ်ကောင်ကောင်ရှိနေတယ်မှတ်လို့ "
" မရှိဘူး ဘာမှကိုမရှိတာ လူလုပ်ထားတာလည်း မဟုတ်ဘူး သဘာဝအတိုင်း ရှိနေတာ "
" ခြံက ဘာလို့ခတ်ထားတာလဲ "
" လူတွေက လိုက်ဆွဲလို့ တစ်ချို့က စူးစမ်းချင်စိတ်နဲ့ လက်နဲ့ လိုက်ဆွဲတာ ရှိတယ်လေ အဲ့ဒါကြောင့်မတော်တဆ ပြုတ်ကျမှာစိုးလို့ ခတ်လိုက်ကြတာ ကလေးတွေ ပါလာရင်လည်း အန္တာရယ်ကင်းတာပေါ့ "
........
" ပစ္စည်းတွေ သိမ်းပြီးပြီလား "
" ငါ့မှာ ဘာမှမှမပါတာ "
"အေး ဟုတ်သား "
" မင်းအခန်းက တမာအနံ့မွှေးနေတာပဲကွာ ငါတော့ ဒီကို အရမ်းလွမ်းနေတော့မှာ "
" မင်း ဒီည ထမင်းစားနည်းတယ်နော်"
ငါ မင်းနဲ့ခွဲရတော့မှာမို့ လွမ်းရတော့မှာမို့ စိတ်မကောင်းဖြစ်လို့ စားမဝင်ဘူး လို့ဖြေလိုက်ရမှာလား။
" မဆာလို့ပါကွာ"
"အိပ်တော့ မနက်အစောကြီး ကားဂိတ်ဆင်းရမှာ "
" အင်းပါ မင်းလည်း လာအိပ်လေ "
" အင်း "
ပြတင်းပေါက်နေ နှစ်ယောက်သားခွာကာ ကုတင်ဆီ ကိုယ်စီလှဲချလိုက်ရင်း သူ့လက်မောင်းနဲ့ ကျွန်တော့လက်မောင်းထိမိတော့ စိတ်ထဲ ဒိတ်ကနဲ ခံစားလိုက်ရသည်။
ကျွန်တော်ကပဲ ဦးအောင်သူ့ကိုကျောခိုင်းအိပ်လိုက်သည်။
.......
အိပ်ချင်လာသည်က လုံးဝခေါင်းမထူနိုင်တော့။
" အိပ်နေပြီလား အုပ်စိုး "
သူ့ဆီက ထွက်လာသည့်အသံကို ပြန်ပြောချင်ပေမဲ့ တကယ်အိပ်ချင်နေပြီ ဖြစ်၍ ဘာမှပြန်မဖြေပဲနေလိုက်မိသည်။
ဘာပြောလာမလဲ ပဲ နားစွင့်နေလိုက်မိသည်။
.
.
.
.
သိုပေမဲ့ စကားသံက ထွက်မလာပဲ ကျွန်တော့ကို အနောက်မှ သိုင်းဖက်လိုက်သည်။
ဗုဒ္ဓေါ အိပ်ချင်နေသည့်မျက်လုံးတွေ ပြူးသွားရသည်။
အသက်ရှူသံကို အတိုင်းသားကြားနေရပြီးလေပူတွေ လာလာထိနေပုံထောက်သူ့ခေါင်းက ကျွန်တော့ ဂုတ်ပိုးနားတွင်ကပ်နေလောက်သည်။
" ငါ လွမ်းနေတော့မှာ အုပ်စိုးရာ "
တင်းကျပ်သွားသော သူ့လက်နဲ့အတူ ကျွန်တော့ နှလုံးသားဟာ ဖျစ်ညစ်ခံလိုက်ရသလို ခံစားလိုက်ရသည်။