If only we breakup .. (Z+U) (...

بواسطة reta-nan

2.1M 162K 15.9K

No descriptions here المزيد

ep 1
ep 2
ep 3
ep 4
ep 5
ep 6
ep 7
ep 8
ep 9
ep 10
ep 11
ေမာင္..... သို႔
ep 12
ep 14
ep 15
ep 16
ep 17
ep 18
ep 19
ep 20
ep 21
ep 22
ep 23
ep 24
ep 25
ep 26
ep 27
ep 28
ep 29 ( Final )
extra 1
extra 2
extra 3
extra 4
စာအုပ်အဖြစ်ထုတ်ဝေခြင်း
if only we break up

ep 13

58K 5K 390
بواسطة reta-nan

တစ္ေႏြၿပီးဆံုးသြားၿပီး ေနာက္ထပ္ေႏြရာသီတစ္ခုကို ေက်ာ္ျဖတ္ၿပီးေနာက္ ........

၁ ႏွစ္ခြဲခန္႕အၾကာ........

အခ်ိန္တစ္ခ်ိဳ႕ကုန္ဆံုးသြားၿပီး အေျခေနတစ္ခ်ိဳ႕ ေျပာင္းလဲသြားၿပီ ။ ခိုင္ျမဲသည္ ကင္မရာတစ္လံုးပိုက္လွ်က္ ေက်ာပိုးအိတ္တစ္လံုးလြယ္ၿပီး ေရာက္တတ္ရာရာ ခရီးထြက္ေနခဲ့၏ ။ အိမ္ကထြက္သြားတယ္လို႕ မေျပာရံုတမယ္ ခိုင္ၿမဲ အိမ္မကပ္ေတာ့တာ တစ္ႏွစ္နီးပါးခန္႕ရွိၿပီ ။ တစ္ခါတေလဆို သူ ခ်င္းေတာင္ဖက္သို႕ ေရာက္ေနသည္ဟု သတင္းၾကားၿပီး တစ္ခါတေလဆို သူ ရွမ္းျပည္ဖက္မွာဟု သတင္းၾကားသည္ ။ သူ ဘယ္သြားလဲ ၊ ဘယ္မွာ ရွိလဲ ဘယ္သူမွ မသိၾကေပမယ့္ သူ႕ဘဏ္အေကာင့္ထဲမွာ ပံုမွန္၀င္လာတတ္သည့္ ေငြအေမာက္ေတြေၾကာင့္ လမ္းမွာခရီးစရိတ္ျပတ္ၿပီး ဒုကၡေရာက္မွာကို မပူပန္ရ ။ တစ္သက္လံုး သူ႕ကိုအႏိုင္လိုခ်င္တဲ့ ကိုကိုက ခုေနာက္ပိုင္း သူ ဘာလုပ္လုပ္ အေလ်ာ့ေပးကာ ေနာက္ကြယ္ကေန ေထာက္ပ့ံမႈ ျပဳလုပ္ေပးသည္ ။ ေမေမတို႕ကလည္း သူ စိတ္ခ်မ္းသာရင္ၿပီးေရာဆိုၿပီး ဘာဆိုဘာမွ ၀င္မေျပာၾကေတာ့ ။ ဒါေပမယ့္ တစ္လတစ္ခါပဲ ျဖစ္္ျဖစ္ ၊ ႏွစ္လတစ္ခါပဲျဖစ္ျဖစ္ အိမ္ကိုျပန္လာခဲ့ဖုိ႕ေတာ့ ေတာင္းဆိုတတ္သည္ ။

ဒီေနရာက ေတာင္ေပၚေဒသမလို႕ ေလတိုက္ရင္ အရိုးစိမ့္ေနေအာင္ကို ေအးတာ ။ သူ စီးလာတဲ့ ကားက မွန္လံုဆိုေပမယ့္ ဘယ္ၾကားက ေလေတြတိုးလာမွန္းမသိ ၊ ေအးေအးစိမ့္စိမ့္နဲ႕ သူကားေပၚ အိပ္လွ်က္ ပါလာသည္ ။ ေတာင္တန္းအေကြ႕အေကာက္ေၾကာင့္ ကားက ပံုမွန္အရွိန္အတုိင္းသြားေနၿပီး ကားေပၚမွာလည္း မနက္ခင္း ေစ်းလာေရာင္းၾကသည့္ လူအမ်ားပါလာၾကသည္ ။ မနက္ ၅ နာရီမထိုးေသးေပမယ့္ ကားတစ္စီးလံုးက ဆူညံေနၿပီး သူ နားမလည္တဲ့ ဘာသာစကားကိုေျပာဆိုေနၾကသည္ ။ ကားထဲမွာပင္ အေရာင္းအ၀ယ္တည့္ေနၾကေတာ့ သူ႕အရပ္သူ႕ေဒသနဲ႕ေတာ့ ကိုက္ေနတာပဲ ။

" ဂိတ္ဆံုးၿပီေနာ္ .........."

ကားဆရာ ေအာ္သံေၾကာင့္ ခိုင္ၿမဲ အိပ္ခ်င္မူးတူးနွင့္ မ်က္လံုးပြင့္လာၿပီး ေဘးဘီ၀ဲၾကည့္လိုက္ေတာ့ ကားထဲမွာ သူအပါအ၀င္ သံုးေလးေယာက္ပဲ ရွိေတာ့သည္ ။ ေျခေထာက္ေအာက္မွ ခ်ထားတဲ့ ေက်ာပိုးအိတ္ကုိ ယူလိုက္ၿပီး  ကားေပၚက လွ်င္ျမန္စြာပင္ ဆင္းသြားလိုက္သည္ ။ ကားဂိတ္ဆိုေပမယ့္ ေရွ႕နားမွာ ေစ်းရွိလို႕ မနက္၀မ္းစာျဖည့္ဖုိ႕ေတာ့ ပူစရာမလိုေတာ့ဘူးေပါ့ ။ ဒါေပမယ့္ အေရးႀကီးတာက သူ႕ကို လာႀကိဳမယ္ဆိုၿပီး ခုထိ အရိပ္အေယာင္မေတြ႕ေသးသည့္ စည္သူဆိုသည့္ ဟိုအေကာင္ ။

ဒါေၾကာင့္ ရွာမေတြ႕မွာစိုးလို႕ သူ ကားရဲ႕မနီးမေ၀းမွာ ရပ္ေနလိုက္ၿပီး ဖုန္းထုတ္ဆက္လိုက္သည္ ။

Ringing..............

" ေအး.......ခိုင္ၿမဲကို.......ငါေရာက္လာၿပီ ခဏေစာင့္ဦး "

" ငါ လမ္းတစ္၀က္မွာကတည္းက မင္းေရာက္ေနတယ္လို႕ေျပာတာ ၾကားလိုက္သလားလို႕ ။ ေခြးေကာင္ ....... ခပ္ျမန္ျမန္လာ ... ငါဗိုက္ဆာလို႕ ေသေတာ့မယ္ ။ ညကတည္းက ဘာမွ မစားရေသးဘူး "

" ငါ တကယ္ေရာက္ၿပီ ........ ေဟာ ... ငါ မင္းကိုေတြ႕ၿပီ ။ မင္းဆီလာခဲ့မယ္ ..ဖုန္းခ်လုိက္ၿပီေနာ္ "

မင္းကိုေတြ႕ၿပီသာ ဆုိတယ္ ကိုယ္က သူ႕ကိုခုထိမေတြ႕ေသး ။ မၾကာပါဘူး ........ ဖြတ္ခ်က္ဖြတ္ခ်က္ ျမည္တဲ့ တရုတ္ဆိုင္ကယ္တစ္စီးနဲ႕ သူ႕ေရွ႕ေရာက္လာတဲ့ သူငယ္ခ်င္းကို မွတ္မိေအာင္ မနည္းၾကည့္ယူလုိက္ရသည္ ။

" ေဟ့ေကာင္ ... ခိုင္ၿမဲ ။ ၾကည့္ေနပံုက ငါ့ကိုမ်ား ဒုကၡသည္မွတ္ေနလားမသိဘူး "

" သိဘူးေလ ...... သူငယ္ခ်င္းေတြမေတြ႕တာၾကာလို႕ ျပန္ေတြ႕ရင္ ကားေတြ ရဟတ္ေတြနဲ႕ ေသာက္ရမ္း အထင္ႀကီးဖို႕ေကာင္းလာမယ္လို႕ ထင္ခဲ့တာ ။ ဘယ္လိုျဖစ္ၿပီး မင္းနဲ႕က်မွ မြဲေတေနလို႕ လူရုပ္ေတာင္ မေပါက္ေတာ့တာလဲ "

ခိုင္ၿမဲကို စကားေၾကာင့္ စည္သူ ဆိုင္ကယ္ေပၚက ဆင္းလာၿပီး သူ႕ဂုတ္ပိုးကုိ လက္၀ါးနဲ႕ ရိုက္ခ်လိုက္သည္ ။

" ဒီေနရာမွာ မင္းက ဧည့္သည္ ၊ ငါက အိမ္ရွင္ေနာ္ ။ စကားေျပာ မဆင္ျခင္ရင္ မင္းကို ေစ်းေကာင္းေကာင္းနဲ႕ ေမွာင္ခိုု ေရာင္းပစ္မွာ "

" ငါ့ကို ေစ်းေကာင္းရမယ္လို႕ ထင္ရင္ မင္းမွားသြားမွာေပါ့ ။ ဒါေတြထားလိုက္ .... ငါဗိုက္ဆာေနၿပီ ။ မနက္စာ အရင္စားရေအာင္ "

" အင္း ...... ဒီမွာက ေစ်းေပါၿပီး ေကာင္းတာ အကုန္ရွိတယ္ ။ သြားရေအာင္ .........."

ႏွစ္ဦးသား လဖက္ရည္ဆုိင္သို႕ အရင္၀င္ၿပီး စားစရာအရင္မွာရင္း ေရွးေဟာင္းေႏွာင္းျဖစ္ေတြ ျပန္ေျပာေနလိုက္သည္ ။

အဆင္ေျပၿပီလို႕ထင္ထားကာမွ ဒဏ္ရာကို ပုဆိန္နဲ႕ျပန္ေပါက္တဲ့ စည္သူစကားေၾကာင့္ ခိုင္ၿမဲ အဆင္မေျပေတာ့။

" ဒါနဲ႕ ....... မင္းနဲ႕ ရာျပည့္ ဘယ္ေတာ့ေလာက္ ယူမွာလဲ ။ တစ္သက္လံုး ဒီအတိုင္းပဲ တြဲေတာ့မွာလား "

ေသာက္လိုက္ကမ္းဆိုး မသိတဲ့ေကာင္ ။ စလာကတည္းက တျခားအေၾကာင္းေျပာေနတဲ့ သူငယ္ခ်င္းကို ဒီေမးခြန္းေမးမွ ျဖစ္မွာလား ။ လက္ထဲမွာကိုင္ထားတဲ့ မုန္႕ကို ပန္းကန္ထဲျပန္ထည့္ရင္း စိတ္မပါသလို ခိုင္ၿမဲ ေျဖခ်လိုက္သည္ ။

" ငါတို႕ လမ္းခြဲလိုက္ၿပီ "

မယံုၾကည္ႏိုင္ ျဖစ္သြားတဲ့ စည္သူမ်က္ႏွာက ခိုင္ၿမဲအေပၚ အားနာမႈအျပည့္ ။ အားနာေပမယ့္လည္း သိခ်င္စိတ္က ထိန္းမရျပန္ေရာ ။

" ဘာလို႕လဲ ....... မင္းတို႕ သိပ္ခ်စ္ခဲ့ၾကတယ္မလား "

" သိပ္ခ်စ္ခဲ့ၾကရံုနဲ႕ လမ္းမခြဲရဘူးဆို သိပ္ေကာင္းမွာပဲ ။ ငါ့အမွားပါ ... ငါ့အမွားေတြေၾကာင့္ သူ ငါ့ကို မုန္းသြားတာ ။ ငါမေကာင္းခဲ့လို႕ သူ ငါ့ဆီက ထြက္ေျပးသြားတာ "

" သူ အခု ဘယ္မွာလဲ ......."

" သိရင္ေတာ့ ငါမင္းဆီကို လာမေနဘူး ။ သူ႕ကိုပဲ သြားရွာတယ္ "

စိတ္မေကာင္းလိုက္တာ သူငယ္ခ်င္းရာလုိ႕ ေျပာလိုက္ခ်င္ေပမယ့္ ညိဳးငယ္ေနသည့္ ခို္င္ၿမဲ မ်က္ႏွာကိုျမင္ေတာ့ စည္သူလည္း အလိုက္သိေလး တိတ္ဆိတ္သြားသည္ ။ လက္စသတ္ေတာ့ သူ႕သူငယ္ခ်င္း အသည္းကြဲေနတာကိုး ။ သူကလည္း သူပဲ ..... အလိုက္ကမ္းဆိုး မသိလိုက္တာ ။ ေစာေစာစီးစီး သူငယ္ခ်င္းကို ၀မ္းနည္းေအာင္ လုပ္မိၿပီ ။

ပ်က္ယြင္းေနတဲ့ ခိုင္ၿမဲ မ်က္ႏွာကိုၾကည့္ၿပီး စည္သူ သက္ျပင္းခ်ကာ အနည္းငယ္က်န္ေနေသးသည့္ လဖက္ရည္ကို အကုန္ေသာက္ရန္ ခြက္ကိုယူၿပီး ပါးစပ္နားေတ့လိုက္သည္ ။ သို႕ေသာ္ ပါးစပ္နားမေရာက္ခင္မွာပင္ သူ႕လက္ကို လမ္းကို္င္လိုက္တဲ့ ခိုင္ၿမဲေၾကာင့္ စည္သူ လန္႕သြားေလ၏ ။

" ဆက္ေမးဦးေလ ။ မင္း ဘာလို႕ ဆက္မေမးေတာ့တာလဲ ။ ဒီႏွစ္ေတြမွာ ငါ့ကို သူ႕အေၾကာင္းေမးတဲ့သူက မင္း ပထမဦးဆံုးပဲ ။ ငါေလ သူ႕အေၾကာင္း တစ္ေယာက္ေယာက္ကို အရမ္းေျပာျပခ်င္ခဲ့တာ ။ ငါတို႕ ဘယ္ေလာက္ထိ ခ်စ္ခဲ့တဲ့အေၾကာင္း ၊ ငါ ဘယ္ေလာက္ထိ အမွားေတြကို ဆက္တိုက္ လုပ္မိခဲ့တဲ့အေၾကာင္း တစ္ေယာက္ေယာက္ကို ေျပာျပခ်င္ခ့ဲတာ ။ ဒါေၾကာင့္ ငါ့ကို သူ႕အေၾကာင္း ဆက္ေမးေပးပါလား "

ဘုရားေရ.......... ခိုင္ၿမဲကို ဒီေနရာမွာေတာ့ မငိုခ်ေလာက္ပါဘူးေနာ္ ။ ေစာေစာစီးစီး လွ်ာရွည္မိတဲ့သူမွားတာ..... အိမ္ေရာက္တဲ့အထိေစာင့္ၿပီး ေမးလိုက္ရင္ ေျမြကိုက္ေသမွာမလုိ႕လား ။ ခုေတာ့ မရေတာ့ဘူး .... ခုိင္ၿမဲကိုက လဖက္ရည္ ေနာက္တစ္ခြက္နဲ႕ မုန္႕ဟင္းခါးတစ္ပြဲ ထပ္မွာၿပီးေနၿပီ ။ သူ ဒီအေၾကာင္းကို လဖက္ရည္ ဆိုင္ပိတ္တဲ့အထိမ်ား ေျပာဖို႕ အစီစဥ္ရွိေနလား မသိဘူး ။

************

စည္သူတို႕ ၿမိဳ႕မွာ သူ ေရာက္ေနတာ တပတ္ျပည့္ေတာ့မယ္ ။ ပံုမွန္ဆို ခရီးသြားရင္ သူ တည္းခိုခန္း ၊ဒါမွမဟုတ္ မုိတယ္ေတြမွာ အတည္းမ်ားေပမယ့္ ဒီတစ္ခါေတာ့ စည္သူနဲ႕ပဲ ကပ္ေနလိုက္သည္ ။ ၿပီးေတာ့ သူ႕ရဲ႕မၿပီးေသးတဲ့ ပံုျပင္ေတြကို ဆက္ေျပာျပခဲ့သည္ ။

အမွန္ေတာ့ ခိုင္ၿမဲ အိမ္မွာမေနခ်င္လို႕သာ ဟိုသြားဒီသြားလုပ္ေနတာ ။ ခုေနာက္ပုိင္း ခရီးထြက္ရတာကို သူ နည္းနည္း ၿငီးေငြ႕ခ်င္လာၿပီ ။ ဒါေၾကာင့္ ဒီတစ္ခါျပန္ေရာက္ရင္ေတာ့ သူ အလုပ္ေလး ဘာေလးရွာၿပီး အတည္တက်ျပန္ေနရင္ ေကာင္းမလာဟု ေတြးမိေသးသည္ ။ ေလာေလာဆယ္ေတာ့ သူ႕ခံစားခ်က္ေတြကို ရင္ဖြင့္လို႕ရတဲ့ သူငယ္ခ်င္းရွိေနတာေၾကာင့္ ၿမိဳသိပ္ထားသမွ် အတိုးခ် စီကာပတ္ကံုး ေျပာေနမိသည္ ။

" မင္းမွားတာေပါ့ ........ မင္း အႀကီးႀကီးကို မွားတာ ။ စိုးရာျပည့္က မင္းအေပၚဘယ္ေလာက္ထိ နားလည္မႈ ေပးႏို္င္လဲဆိုတာ ေဘးလူေတာင္ သိတယ္ ။ ငါ့သူငယ္ခ်င္းကို ဒီလို လူစားမ်ိဳး ျဖစ္ေနလိမ့္မယ္လို႕ ငါမထင္ခဲ့ဘူး ။ မင္းကြာ ..... လူစိတ္ မရွိတဲ့ေကာင္ "

အစကေတာ့ စည္သူ ခုိင္ၿမဲကို အျပစ္တင္စကားမေျပာပါဘူး ။ ဒါေပမယ့္ သံုးေလးရက္ၾကာၿပီးေနာက္ အခါတရာမက နားေထာင္လိုက္ရတဲ့ ေၾကကြဲဖြယ္ရာ အခ်စ္ဇာတ္လမ္းတစ္ပုဒ္ေၾကာင့္ ဘာၿပီးရင္ ဘာလာလဲ သူ အလြတ္ရေနၿပီ။ ထို႕အတူ စိုးရာျပည့္အေပၚ လုပ္ရက္ခဲ့တ့ဲ ခိုင္ၿမဲကို သူငယ္ခ်င္းျဖစ္ေနတာေတာင္ သူ မုန္းမိေတာ့မည္ ။

လက္ထဲက အေအးသံဗူးကို ပိန္ရံူ႕သြားတဲ့အထိ ညစ္ေျခလိုက္ရင္း ေခါင္းငိုက္ငိုက္စိုက္လွ်က္ ခိုင္ၿမဲ ဆိုလာသည္ ။

" ငါမွားတာ ငါသိပါတယ္ ။ ငါ့အမွားေတြ အတြက္လည္း ငါေနာင္တရေနပါၿပီ ။ ငါေလ ....... သူ႕ကို အရမ္းေတာင္းပန္ခ်င္တာပဲ ။ ခ်စ္ခြင့္မရွိေတာ့ဘူးဆိုရင္ေတာင္ ေတာင္းပန္ခြင့္ေတာ့ ရခ်င္ေသးတယ္ ။ ဒါေပမယ့္လည္း ငါက သူ႕မ်က္စိေရွ႕ေတာင္ သြားဖို႕ မတန္တဲ့ေကာင္ပါကြာ ။ မေတာ္တဆ သူနဲ႕လမ္းမွာေတြ႕ခဲ့ရင္ေတာင္ ငါ သူ႕ကို ေနာက္ကြယ္ကေနပဲ ပုန္းၿပီး ၾကည့္ေနမွာ ။ သူေရွ႕သြားၿပီး သူ စိတ္အေႏွာက္ယွက္ျဖစ္ေအာင္ မလုပ္ရက္ဘူး "

" ငါ နားလည္ပါတယ္ သူငယ္ခ်င္းရာ ။ ဒါေပမယ့္ ကိုယ့္ကိုယ္ကိုယ္ အျပစ္တင္တဲ့ စိတ္နဲ႕ေတာ့ တစ္ဘ၀လံုး မရွင္သန္သြားပါနဲ႕ ။ မင္း ဒီလုိုျဖစ္ေနတာ သူကေကာ ျမင္ခ်င္ပါ့မလား ။ ၀မ္းနည္းစရာေတြ ေခါင္းထဲက ခဏ ထုတ္ထားလိုက္ ။ လာ .. ငါတို႕ ညစာ စားရေအာင္ ။ အမိုးက ဟင္းက်က္ၿပီတဲ့ "

ထိုင္ေနတဲ့ ကြပ္ပ်စ္ေပၚကထၿပီး ႏွစ္ဦးသား ထမင္းစားရန္ မီးဖို ခန္းထဲ ၀င္သြားလိုက္သည္ ။ ညစာစားၿပီးေသာ္ သိပ္မေမွာင္ေသးတာမို႕ အျပင္ျပန္ထြက္ထိုင္ေနတုန္း စည္သူရဲ႕ ဖုန္းျမည္လာတာေၾကာင့္ သူ ဖုန္းကို ေကာက္ကိုင္လိုက္သည္ ။

Ringing ............

" က်ားသားမိုးႀကိဳး .... ဖုန္းေတြဘာေတြ ဆက္လုိ႕ ။ မင္းဆက္လာတာနဲ႕ အေတာ္ပဲ ဒီမွာ ခိုင္ၿမဲကိုလည္း ေရာက္ေနတယ္ "

" ..............."

" အဆင္ေျပပါတယ္။ မင္း သူနဲ႕ေျပာၾကည့္ခ်င္လား "

" ................."

" အင့္ ......... ခိုင္ၿမဲ ။ ဟိုေကာင္ ငအုတ္ ..........."

မေတြ႕တာ ၾကာၿပီမလို႕ ခိုင္ၿမဲ ဖုန္းကုိလဲြေျပာင္းယူၿပီး ႏူတ္ဆက္လိုက္သည္ ။

" ေနေကာင္းလား ......... အုတ္ႀကီး "

" ငါ့နာမည္ကို ဖ်က္ေခၚတာ ခုထိ မေတာ္ေသးဘူးလား ။ ဒါနဲ႕ မင္း အဲ့အထိ ဘာသြားလုပ္တာလဲ "

" အားေနလို႕ေလ ။ ငါ့ဘာငါ ဘာျဖစ္ျဖစ္ေပါ့ ။ မင္းကို သံေတာ္ဦး တင္ရမွာလား "

" စကားေျပာတာ အခုထိ အခ်ိဳးမေျပဘူး ။ မင္း ေပ်ာက္ေနတာ အခ်ိန္ေတာ္ေတာ္ၾကာတယ္ေနာ္ ။ စိတ္အထင္ မင္းနဲ႕ မေတြ႕တာ တစ္ႏွစ္ေလာက္ရွိၿပီလားလုိ႕ ။ ဒီေန႕ မင္းရဲ႕ေကာင္ေလးကို ျမင္မွ ငါ မင္းကို ေတာ္ေတာ္ေလး သတိရသြားတာ ။ ဒါေပမယ့္ ဘယ္လို ဆက္သြယ္ရမွန္း မသိလို႕ မဆက္သြယ္ခဲ့တာ "

ဒီေကာင္ မူးေၾကာင္ရူးေၾကာင္နဲ႕ ဘာထေျပာေနပါလိမ့္ ။ ငါ့မွာ ရာျပည့္ကလြဲလုိ႕ ဘယ္ေကာင္ေလး ရွိဖူးလုိ႕လဲ ။ သူေျပာေနတဲ့လူက ရာျပည့္ဆိုရင္ ဒီေကာင္ ငါ့ကို ဂ်င္းထည့္ဖုိ႕ ႀကိဳးစားေနတာပဲ ။

" ေဆးေသာက္ရင္ လႈပ္ေသာက္သိလား ။ ငါ့မွာ ဘာေကာင္ေလးမွ မရွိေတာ့ဘူး ။ရွိခဲ့ဖူးတဲ့တစ္ေယာက္ကလည္း အခု ဒီႏုိင္ငံမွာ မဟုတ္ဘူး "

" ေခြးသား .......... ေစတနာကို ေစာ္ကားတယ္ ။ မင္းေျပာတယ္ေနာ္ စိုးရာျပည့္က ဒီႏိုင္ငံမွာ မရွိေတာ့ဘူးဆို ။ ဒါဆို မနက္က စင္တာထဲမွာ ျမင္ခဲ့ရတာက ၀ိညာဥ္တစ္ေကာင္လား ။ အစက လူမွားတယ္ထင္ၿပီး ႏူတ္မဆက္ဘဲ ေနလိုက္တာ သူနဲ႔အတူ ပါလာတဲ့လူႀကီးက ျပည့္လို႕ ေခၚတာ ၾကားမွ ငါလူမမွားဘူးဆိုတာ သိလိုက္ရတယ္ ။ Hey bro..... မင္း သူနဲ႕ ရန္ျဖစ္ထားတာလား ။ ဒါဆိုလည္း သူ႕ကို ဂရုစိုက္ပါကြာ ။ မဟုတ္ရင္ သူမ်ားလက္ထဲ ပါသြားလိမ့္မယ္ "

မဟုတ္ေသးဘူး ။ တစ္ခုခုေတာ့ တစ္ခုခုပဲ ။ ဒီေကာင္ အုတ္ႀကီး သူ႕ကို တမင္စေနာက္ေနတာလား ။ ထိုင္ေနရင္းနဲ႕ ခိုင္ၿမဲ စိတ္ေတြထိန္းမရ ျဖစ္ကာ ခ်က္ခ်င္း မတ္တပ္ရပ္ၿပီး ထိုေနရာမွာ ေခါက္တုန္႕ေခါက္ျပန္ေလွ်ာက္လိုက္သည္ ။

" ေနဦး ........ မင္း ဘာေျပာလိုက္တာလဲ ။ မင္း ရာျပည့္ကို စင္တာထဲမွာ ျမင္လို္က္တယ္ဆိုတာက တကယ္လား ။ ၿပီးေတာ့ လူတစ္ေယာက္က သူ႕ကို ျပည့္လို႕ေခၚလိုက္တယ္ဆိုတာကေရာ တကယ္လား "

" မင္းကို လိမ္လို႕ ငါဘာရမွာလဲ "

၀ုန္း. .......!

ဖုန္းကိုပိတ္ခ်ၿပီး အိမ္ထဲ၀င္ရန္အလုပ္ ကြပ္ပ်စ္နဲ႕ ၀ိုင္တိုက္မိလို႔ သူ႕ေပါင္တစ္ဖက္ ေတာ္ေတာ္ေလး နာသြားသည္ ။ ဒါေပမယ့္ နာက်င္မႈကို ဂရုမစိုက္အားဘဲ ဖုန္းကို ပစ္ခ်ေပးရင္း အိမ္ထဲ ေျပး၀င္သြားသည္ ။

" ေဟ့ေကာင္ .........ခုိင္ၿမဲ ။ ဘာျဖစ္တာလဲ ...... ေျဖးေျဖးသာသာ လုပ္ပါဦး "

စည္သူစကားကို ခိုင္ၿမဲ နားမေထာင္အား ။ တစ္ခဏအၾကာမွာေတာ့ သူ႕ေက်ာပိုးအိပ္ကိုလြယ္လွ်က္ ခိုင္ၿမဲ ျပန္ထြက္လာၿပီး အေမာတေကာ ေျပာလာသည္ ။

" ငါ့ကို ကားဂိတ္လိုက္ပို႕ေပး ။ ငါ ခုခ်က္ခ်င္း ျပန္မလို႕ "

" မင္း ရူးေနလား ။ ဒီအခ်ိန္ ညဖက္ႀကီး ဘယ္ကားမွ မထြက္ဘူး ။ ဘာကိစၥလဲ မသိေပမယ့္ မနက္မွ ေအးေဆးသြားပါလား ။ ငါ ကားေပၚထိ ပုိ႕ေပးမယ္ကြာ "

" မရဘူး ......... ခုခ်က္ခ်င္း ျပန္မွ ျဖစ္မယ္ ။ သူ ... သူ ျပန္ေရာက္ေနၿပီ "

အဆက္စပ္မရွိသည့္ ခိုင္ၿမဲစကားေၾကာင့္ စည္သူ နားရူပ္သြားသည္ ။

" သူ ဆိုတာက ............"

" ရာျပည့္ ........ ငါ့ရဲ႕ခ်စ္သူ ရာျပည့္ ...... သူ႕ကို အုတ္ႀကီးက ျမင္လိုက္တယ္တဲ့ ။ သူမွသူ အေသအခ်ာပဲတဲ့ "

" မင္းေျပာေတာ့ မေတာ္တဆ သူ႕ကို လမ္းမွာ ေတြ႕ရင္ေတာင္ ေနာက္ကြယ္ကေနပဲ ပုန္းၿပီးၾကည့္မယ္ဆို ။ သူေရွ႕သြားၿပီး သူ စိတ္အေႏွာက္ယွက္ျဖစ္ေအာင္ မလုပ္ရက္ဘူးဆို "

ခိုင္ၿမဲေျပာထားတဲ့စကားကို အမွတ္ရသူ စည္သူက ခုိင္ၿမဲ ျဖစ္ပ်က္ေနသည့္ပံုကိုျမင္ေတာ့ အျမင္ကတ္ကတ္ႏွင့္ေျပာလိုက္ရာ ပစၥည္းေတြကို အိတ္ထဲ ကမန္းကတမ္းေကာက္ထည့္ေနသည့္ ခိုင္ၿမဲမွ ျပန္ေခ်ပလိုက္သည္ ။

" အဲ့တာက ျပန္မေတြ႕ႏိုင္ေတာ့ဘူးထင္လို႕ ေျပာလိုက္တာ ။ အခု ျပန္ေတြ႕ရဖို႕ ေမွ်ာ္လင့္ခ်က္ရွိတယ္ဆိုေတာ့ သူ႕ကိုေတာင္းပန္ဖို႕ ငါသြားမွကို ျဖစ္မယ္ "

************

ညဖက္ေရာက္ၿပီဆိုေတာ့ ေလေအးေတြ ျပန္တိုက္ၿပီေလ ။ ဆိုင္ကယ္စီးလာတာမလို႕ ႏွစ္ဦးသားလမ္းမွာ ေတာ္ေတာ္ေလး ခိုက္ခိုက္တုန္ ခ်မ္းေနၿပီ ။ ဂိတ္ကိုသြားလည္း ဒီအခ်ိန္ ဘယ္ကားမွ မလာႏိုင္တာမလို႕ ဟိုင္းေ၀းလမ္းမေပၚကို တန္းေမာင္းခိုင္းၿပီး တျခားၿမိဳ႕က ဆင္းလာတဲ့ ကားကို တားျပီး လမ္းႀကံဳလို္က္ပါရင္ ႀကံလိုက္သည္ ။

ႏွစ္ဦးသား လမ္းေဘးမွာ ဆိုင္ကယ္ထိုးရပ္ရင္း လမ္းႀကံဳလိုက္လို႕ရမယ့္ ခရီးသည္တင္ကားကို ေစာင့္လိုက္သည္ ။ နာရီ၀က္ၾကာသည္အထိ မည္သည့္ကားမွ ေရာက္မလာေသး ။ ေရာက္လာသည့္ ကားတစ္ခ်ိဳ႕ကလည္း သူတို႕နဲ႕ လမ္းမႀကံဳ ။ ဒါကိုေတာင္ ခိုင္ၿမဲ လက္မေလ်ာ့ေသး ။

ခုမွ ည ၇ နာရီေက်ာ္ရွိေသးေပမယ့္ ညက အေတာ္ေလးေမွာင္ေနၿပီ ။ ခပ္ေ၀းေ၀းကေန မီးအလင္းေရာင္ကို ျမင္လုိက္ရာ ခိုင္ၿမဲ ျမင္သာေအာင္ ဖုန္းမီးဖြင့္ၿပီး လက္ကို ေ၀့ယမ္းျပလိုက္သည္ ။ ကံမေကာင္းစြာနဲ႕ ကားေလးက သူတို႕ကို ေက်ာ္တက္သြားသည္ ။

" တီး ................! "

ခိုင္ၿမဲ စိတ္ပ်က္လက္ပ်က္နဲ႕ လမ္းေဘးမွာ ျပန္ရပ္လိုက္စဥ္ ေစာနက သူတို႕တားစီးတဲ့ကားက ခပ္လွမ္းလွမ္းမွာ ရပ္ၿပီး ဟြန္းတီးလိုက္တာေၾကာင့္ လက္မိႈင္က်ေနတဲ့ ခိုင္ၿမဲ ေမွ်ာ္လင့္ခ်က္ေတြ ျပည့္၀သြားသလို ေပ်ာ္ရႊင္သြားၿပီး အိတ္ကိုဆြဲကာ ကားဆီသို႕ေျပးသြားလိုက္သည္ ။

ကားအနားကို ေရာက္ေသာ္ မွန္တစ္၀က္ခ်ထားသည့္ ယာဥ္ေမာင္းသူဖက္ျခမ္းကိုသြားၿပီး အကူညီေတာင္းလိုက္သည္ ။

" ဟိုေလ ........ ကြ်န္ေတာ္ ရန္ကုန္ သြားခ်င္လို႕ ။ ဦးေလးတို႕က ဘယ္အထိ သြားမလို႕လဲ မသိဘူး ။ လမ္းတူရင္လမ္းႀကံဳလိုက္ခ်င္လို႕ပါ "

ယာဥ္ေမာင္းက သူ႕နံေဘးက မိန္းကေလးကို တစ္လွည့္ ေနာက္ခန္းကို တစ္လွည့္ၾကည့္ၿပီး ခိုင္ၿမဲကို ကားေပၚတက္ရန္ ေျပာလိုက္သည္ ။

" ငါတို႕လည္း ရန္ကုန္ထိသြားမွာ ။ လိုက္ခဲ့ ....ေနာက္ခန္းမွာ ေနရာလြတ္ေသးတယ္ "

" ေက်းဇူးတင္ပါတယ္ ။ တကယ့္ကို ေက်းဇူးတင္ပါတယ္ "

ခိုင္ၿမဲ ယာဥ္ေမာင္းတဲ့သူကို အႀကိမ္ႀကိမ္ေက်းဇူးတင္စကားေျပာရင္း ခပ္လွမ္းလွမ္းက စည္သူကို လက္ျပႏူတ္ဆက္လိုက္သည္ ။ ၿပီးေနာက္ ေက်ာပိုးအိတ္ကို ေရွ႕ထုတ္ကာ ကားေနာက္ခန္းတံခါး ဖြင့္ၿပီး ၀င္ထိုင္လိုက္သည္ ။

ကားေပၚမွာက ေရွ႕ခန္းမွာ ယာဥ္ေမာင္းသည့္ လူႀကီးႏွင့္ အသက္နည္းနည္းငယ္သည့္ အမ်ိဳးသမီးတစ္ဦးရယ္ ေနာက္ခန္းမွာက သူနဲ႕ရြယ္တူေကာင္ေလး တစ္ေယာက္ရယ္သာ ပါလို႕ သူ႕အတြက္ ေနရထိုင္ရ သိပ္မခက္ေတာ့ ။ မေတာ္လို႕ လူအျပည့္ပါလာရင္ သူပါလိုက္တက္လာလို႕ ေနရာက်ပ္သြားရင္ သူလည္း အားနာ ရဦးမယ္ ။

သူတို႕ကားေလးသည္ ေတာင္အခ်ိဳးအေကြ႕အတိုင္း ေမာင္းႏွင္သြားၿပီးေနာက္ ခိုင္ၿမဲလည္း ကားေပၚ ရင္ခုန္စြာ လိုက္ပါလာလိုက္သည္ ။ ဟိုေရာက္ရင္ သူ ရာျပည့္ကိုေတြ႕ေအာင္ရွာမယ္ ။ ၿပီးရင္ ေတာင္းပန္မယ္ ။ ၁ က ျပန္စဖို႕ အခြင့္အေရးမရွိေတာ့ဘူးဆိုရင္ေတာင္ ေနာက္ဆံုးအေနနဲ႕ပဲျဖစ္ျဖစ္ ကေလးမ်က္ႏွာကို ျမင္ခြင့္ရခ်င္ေသးတယ္ ။

သူက ရင္ခုန္လြန္းလုိ႕ အိပ္မရေပမယ့္ သူ႕ေဘးကေကာင္ေလးကေတာ့ ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္ပင္ အိပ္စက္ေနသည္ ။ မီးအလင္းေရာင္ ေကာင္းေကာင္းမရတာတစ္ေၾကာင္းရင္ ထိုလူက သူ႕မ်က္ႏွာကို ပု၀ါတစ္စနဲ႕ အုပ္ထားတာရယ္ေၾကာင့္ ညီေလးလား အကိုလား သူ မသိေသး ။ ႏူတ္ဆက္ခ်င္ေပမယ့္ အိပ္စက္ေနသူကို အေႏွာက္အယွက္မေပးခ်င္၍ သူ ဆိတ္ဆိတ္ပင္လိုက္ပါလာလိုက္သည္ ။

၂ နာရီခန္႕ၾကာေသာ္ သူတို႕ကားေလးသည္ ယာဥ္ရပ္နားစခန္းတစ္ခုမွာ ထိုးရပ္သြားေလ၏ ။

" ဦးတိို႕ ညစာ ၀င္စားလိုက္ဦးမယ္ ။ ေကာင္ေလး ...... မင္းေကာ လိုက္စားေလ "

" မစားေတာ့ဘူး ... ဦးေလး ။  စားလာလို႕ ။ ကြ်န္ေတာ္ အျပင္ထြက္ေစာင့္ေနလိုက္မယ္ ။ ေအးေဆးစားၾကပါ ... ဒီနားေလးမွာပဲ ကြ်န္ေတာ္ရွိေနမယ္ "

အမွန္ေတာ့ သူ ရင္ခုန္လြန္းလို႕ ဗိုက္မဆာႏိုင္ေတာ့တာ ။ ဒါေပမယ့္ သူမ်ားကားထဲ က်န္ေနခဲ့ဖို႕ကလည္း မသင့္ေတာ့ ကားထဲကထြက္ၿပီး အျပင္ဖက္မွာ ေဆးလိပ္ေသာက္ရန္ထြက္လုုိက္သည္ ။ သူ႕ကိုေျပာၿပီးေနာက္ ယာဥ္ေမာင္းဦးေလးက ကားေနာက္ခန္းမွာ အိပ္ေနသည့္ လူကို လႈပ္ႏိူးလို္က္သည္ ။

" လူေလး ........ ဦးတို႕ ညစာဆင္းစားမလို႕ ။ လူေလးလည္း တစ္ခုခုစားဦးေလ ။ ေန႔လည္ထမင္းစားၿပီးကတည္းက ဘာမွ ထပ္မစားထားဘူးမလား ။ ခဏေန ဗိုက္ဆာဦးမယ္ "

ကားအျပင္ေရာက္ေနလို႕ ခိုင္ၿမဲ ထိုသူမ်က္ႏွာကို ေကာင္းေကာင္းမျမင္ရေပမယ့္ တီးတိုးေျပာသံကိုေတာ့ နားစြန္နားဖ်ား ၾကားလိုက္ရပါသည္ ။

" စားခ်င္စိတ္မရွိေသးဘူး ။ ျပန္လာရင္ မုန္႕နည္းနည္းပါးပါး၀ယ္ခဲ့လိုက္ "

" ေကာင္းၿပီ .... အနားယူလိုက္ဦးေနာ္ ။ ဦးေလး မုန္႕၀ယ္ခဲ့လို္က္မယ္ "

ကားတံခါးကို ျပန္ပိတ္ခဲ့ၿပီး ယာဥ္ေမာင္းဦးေလးနဲ႕ မိန္းကေလးငယ္က ညစာအတြက္ဆိုင္တစ္ဆိုင္ကို ၀င္သြားသည္ ။ ခိုင္ၿမဲသည္ ေဆးလိပ္ဖြာေနရင္း ရန္ကုန္ေရာက္ဖို႕ ဘယ္ေလာက္ၾကာႏိုင္လဲ တြက္ခ်က္လိုက္သည္ ။ သူတို႕သာ လမ္းမွာ ထပ္မနားဘူးဆို မနက္ ၇ နာရီေလာက္ဆို ေရာက္ေလာက္ပါတယ္ ။ အိမ္မွာမေနဘဲ ေလွ်ာက္သြားေနသည့္ သူ႕အျဖစ္ကို ဒီတစ္ခါ ေနာင္တအရဆံုးပဲ ။

ဖုန္းသံုးမယ္ဆုိၿပီး အိတ္ကပ္ကို စမ္းလိုက္ရာ သူ႕ဖုန္းကားထဲမွာ က်န္ခဲ့မွန္းသိလို႕ သူ ကားထဲကို တစ္ခ်က္ေခ်ာင္းၾကည့္ၿပီး ကားတံခါးကို သာသာေလးဖြင့္လိုက္သည္ ။ တစ္ဖက္ကိုလွည့္အိပ္ေနသည့္ ဟိုလူ စိတ္အေႏွာက္ယွက္မျဖစ္ေစရန္ ခိုင္ၿမဲ ေျဖးေျဖးခ်င္း သူ႕အိတ္ကို ဇစ္ဖြင့္ၿပီး ႏိႈက္လိုက္သည္ ။

" ခင္ဗ်ားက လမ္းႀကံဳလိုက္လာတဲ့သူလား ........."

" ဗ်ာ ........... ဟုတ္ ...ဟုတ္ ........"

သူ႕ဖက္ကိုလွည့္ၿပီး ေမးလာသည့္ ထိုလူေၾကာင့္ ခိုင္ၿမဲေယာင္နနျပန္ေျဖရင္း သူ႕ေၾကာင့္ထိုလူႏိုးသြားတာလားဆိုၿပီး အားနာမိသြားသည္ ။ သို႕ေသာ္ ထိုအသံကို သူရင္းႏွီးလြန္းတာေၾကာင့္ ႏွလံုးခုန္သံက တိုး၍ျမန္လာကာ ဂနာမၿငိမ္ျဖစ္လာသည္ ။ သူ ထိုသူဘယ္သူလဲဆိုုတာကို သိခ်င္စိတ္ျပင္းျပသြားၿပီး မ၀ံ့မရဲႏွင့္ လူတစ္ကိုယ္လံုး ကားထဲေရာက္ေအာင္ အရင္၀င္ထိုင္လိုက္သည္ ။ၿပီးေနာက္ လက္ထဲက ကိုင္ထားတဲ့ ဖုန္းရဲ႕ Flashlight ကိုဖြင့္ကာ ထိုသူရဲ႕ မ်က္ႏွာစီကို ထိုးလိုက္သည္ ။

ဖုန္းအလင္းေရာင္ေၾကာင့္ မ်က္စိက်ိန္းစပ္သြားဟန္တူၿပီး ထိုသူ သူ႕ရဲ႕မ်က္ႏွာကို လက္နဲ႕ ကာထားကာ ခိုင္ၿမဲကို စိတ္ဆိုးသြားသလို ေျပာလာသည္ ။

" ဘာလို႕သူမ်ားမ်က္ႏွာကို ဖုန္းမီးနဲ႕ ထိုးရတာလဲ ။ ခင္ဗ်ား အားမနာတတ္ဘူးလား.........."

" ကေလး .................."

ေသခ်ာတယ္ ဒါ ကေလးအသံ ။ မ်က္ႏွာကို သဲသဲကြဲကြဲမျမင္ရေသးေပမယ့္ ဒီပံုစံက ကေလးပံုစံနဲ႕ တူလြန္းအားႀကီးသည္ ။ တစ္ဖက္မွ ရုတ္တရက္ၿငိမ္သြားၿပီးေနာက္ ထိုသူသည္ သူ႔မ်က္ႏွာကို ကာထားသည့္လက္ကိုဖယ္ၿပီး ခိုင္ၿမဲကိုျပန္ၾကည့္လာသည္ ။ ရုတ္တရက္ အံၾသသြားဟန္ ေငးလာၿပီးမွ ထိုသူခ်က္ခ်င္းပင္ မ်က္ႏွာလြဲသြားသည္ ။

" လူမွားေနတယ္ ..... ကြ်န္ေတာ္က စိုးရာျပည့္္ မဟုတ္ဘူး "

" ေမာင္က စိုုးရာျပည့္လို႕ ေခၚမိလို႕လား ။ ကေလးလို႕ပဲ ေခၚမိတာေလ "

ေသခ်ာသြားၿပီ သူက ကေလးမွ ကေလးအစစ္ ။ ဘာလို႕မ်ား ......... ဘာလို႕မ်ား ၂ နာရီေလာက္ အတူရွိခဲ့တာေတာင္ သူ နည္းနည္းမွ မမွတ္မိရပါလိမ့္ ။

ရာျပည့္ကလည္း ဘူးခံျငင္းရာမွ ရိုက္မစစ္ရဘဲ ေပၚသြားသည့္ သူ႕အေျဖေၾကာင့္ အနည္းငယ္ရွက္ရြံ႕သြားၿပီး ေခါင္းငံု႕ေနလိုက္သည္ ။ ရာျပည့္မွန္းလည္းသိေရာ ခိုင္ၿမဲသည္ အတင့္ရဲၿပီး ေရွ႕တိုးလာကာ သူ႕ခြန္အားႏွင့္ သိုင္းဖက္လုိက္သည္ ။

" အင့္ ........ ခင္ဗ်ား ........ ဒါဘာလုပ္တာလဲ ။ ရာရာစစ သူမ်ားကားေပၚတက္ၿပီး "

" ေတာင္းပန္ပါတယ္ ကေလးရယ္ ။ကေလးကို ျပန္ေတြ႕တဲ့ အခ်ိန္မွာေတာင္ ေတာင္းပန္ပါတယ္ဆိုတဲ့စကားပဲ ျပန္သံုးေနမိတယ္ ။ ေမာင္ေလ ကေလးကို ျပန္မေတြ႕ရေတာ့ဘူးထင္ထားတာ ။ ဒါေပမယ့္ ဘာလုိ႕ဒီေလာက္တိုက္တိုက္ဆိုင္ဆိုင္ အိမ္အျပန္လမ္းမွာ လာေတြ႕ရတာလဲ မသိဘူး ။ ေမာင့္ကို ......ေမာင့္ကိုေလ ကံတရားက အခြင့္ေရးေနာက္တစ္ႀကိမ္ေပးလိုက္တာလား မသိဘူး "

နီးကပ္လြန္းသည့္ အေနအထားမွာ ေမာင့္ႏူတ္ခမ္းပါးမွာ စြဲကပ္ေနသည့္ ေဆးလိပ္နံ႕ေၾကာင့္ ရာျပည့္ မႏွစ္ၿမိဳ႕သလို ျဖစ္သြားမိၿပီး ေမာင္ ဘယ္တုန္းက ေဆးလိပ္ေသာက္တတ္သြားလဲ သူ ေတြးလိုက္မိသည္ ။ ၿပီးေတာ့ ေမာင္ပိန္သြားလိုက္တာ ။ အေမွာင္ထဲမွာေတာင္ ေမာင့္ရဲ႕မ်က္ႏွာေလးက အရင္လို ျပည့္ျပည့္ၿဖိဳးျဖိဳး မရွိေတာ့ဘူး ။ ခြန္အားအျပည့္နဲ႕ သိုင္းဖက္လာသည့္ လက္အစံုကို သူ မတြန္းထုတ္မိေသာ္လည္း စကားလံုးေတြနဲ႕ ျငင္းဆန္လိုက္မိသည္ ။

" ကံတရားက ေမာင့္ကို အခြင့္ေရးေနာက္တစ္ႀကိမ္ ထပ္ေပးရင္ေတာင္ ငါ့ဖက္က ေမာင့္ကုိဘာအခြင့္အေရးမွ ထပ္မေပးႏိုင္ေတာ့ဘူးဆိုရင္ေကာ ......."

ေအးေအးစက္စက္ ထြက္ေပၚလာသည့္ ရာျပည့္အသံက လြန္ခဲ့သည့္ ၁ ႏွစ္ေက်ာ္ကထက္ပုိၿပီး ေအးစက္လြန္းသည္ ။

ရာျပည့္ကို သိုင္းဖက္ထားတဲ့ လက္ေတြက အားေလွ်ာ့သြားေပမယ့္ အနီးကပ္ျမင္ေနရသည့္ မ်က္ႏွာေခ်ာေခ်ာကိုၾကည့္ၿပီး ဒီလူကို သူ ဘယ္နည္္းနဲ႕မွ လက္မလႊတ္ႏိုင္ဘူးဆိုတာ ပိုေသခ်ာသြားသည္ ။

သူဘယ္ေတြးဖူးမွာလဲ ။ ခ်စ္ရသူကို ျပန္ေတြ႕ဖို႕ မ၀့ံမရဲ ေမွ်ာ္လင့္မိေပမယ့္ ခုလို ကားတစ္စီးတည္းမွာ ခရီးသည္အျဖစ္ တူတူ ျပန္ေတြ႕ရလိမ့္မယ္လို႕ ။

အို ........ ကေလးဖက္က အခြင့္ေရးမရွိေတာ့ဘူးလို႕ ဆိုလည္း ဘာအေရးလဲ ။

ေ၀းသြားတုန္းက သူနားလည္ထားတာ အခ်စ္ဆိုတာ ေပးဆပ္ျခင္းလို႕ ။ ကေလးေပ်ာ္မယ္ဆိုရင္ သူ စြန္႕လႊတ္ေပးပါ့မယ္ဆိုၿပီး လိုက္မရွာဘဲေတာင္ ေနခဲ့တာ ။ သူမဟုတ္တ့ဲ အျခားတစ္ေယာက္နဲ႕ လက္ထပ္ၿပီး ဘ၀ကို ေကာင္းေကာင္းမြန္မြန္ ျဖတ္သန္းမယ္ဆို သူေက်နပ္ပါတယ္လို႕ ေတြးခဲ့ဖူးတာ ။

ခုေတာ့ ......

ကေလးကို ေနာက္တစ္ႀကိမ္ျပန္ေတြ႕ေတာ့ သူ ေတြးမိတာက.....

ကေလးကို ဒီဘ၀မွာပဲျဖစ္ျဖစ္ ၊ ေနာင္ဘ၀မွာပဲ ျဖစ္ျဖစ္ သူတစ္ဦးသာလွ်င္ ပို္င္ဆိုင္ခ်င္တယ္ ။ ရွိခဲ့တ့ဲအမွားေတြအတြက္ ကေလးေက်နပ္တဲ့အထိ သူေတာင္းပန္သြားမယ္ ။ ေပးသမွ်နာက်င္မႈေတြကို လက္ခံမယ္ ။ အဓိက ကေလးကို ေနာက္တစ္ခါ မဆံုးရံူးရရင္ေတာ္ၿပီ ။

ခ်စ္တယ္ ........ အၿမဲတမ္းအတြက္ ခ်စ္ေနဆဲပဲ ။

-------------------

23.7.2019

အမွန္ ဒီ Fic ကို Ex-Boyfriend လို႕ နာမည္ေပးရမွာ ဟီးဟီး ။ စိတ္မပူပါနဲ႕ ဟိုတစ္ပုဒ္နဲ႕ plot တူတယ္ထင္ရေပမယ့္ မတူပါဘူး ။


Unicode

တစ်နွေပြီးဆုံးသွားပြီး နောက်ထပ်နွေရာသီတစ်ခုကို ကျော်ဖြတ်ပြီးနောက် ........

၁ နှစ်ခွဲခန့်အကြာ........

အချိန်တစ်ချို့ကုန်ဆုံးသွားပြီး အခြေနေတစ်ချို့ ပြောင်းလဲသွားပြီ ။ ခိုင်မြဲသည် ကင်မရာတစ်လုံးပိုက်လျှက် ကျောပိုးအိတ်တစ်လုံးလွယ်ပြီး ရောက်တတ်ရာရာ ခရီးထွက်နေခဲ့၏ ။ အိမ်ကထွက်သွားတယ်လို့ မပြောရုံတမယ် ခိုင်မြဲ အိမ်မကပ်တော့တာ တစ်နှစ်နီးပါးခန့်ရှိပြီ ။ တစ်ခါတလေဆို သူ ချင်းတောင်ဖက်သို့ ရောက်နေသည်ဟု သတင်းကြားပြီး တစ်ခါတလေဆို သူ ရှမ်းပြည်ဖက်မှာဟု သတင်းကြားသည် ။ သူ ဘယ်သွားလဲ ၊ ဘယ်မှာ ရှိလဲ ဘယ်သူမှ မသိကြပေမယ့် သူ့ဘဏ်အကောင့်ထဲမှာ ပုံမှန်ဝင်လာတတ်သည့် ငွေအမောက်တွေကြောင့် လမ်းမှာခရီးစရိတ်ပြတ်ပြီး ဒုက္ခရောက်မှာကို မပူပန်ရ ။ တစ်သက်လုံး သူ့ကိုအနိုင်လိုချင်တဲ့ ကိုကိုက ခုနောက်ပိုင်း သူ ဘာလုပ်လုပ် အလျော့ပေးကာ နောက်ကွယ်ကနေ ထောက်ပံ့မှု ပြုလုပ်ပေးသည် ။ မေမေတို့ကလည်း သူ စိတ်ချမ်းသာရင်ပြီးရောဆိုပြီး ဘာဆိုဘာမှ ဝင်မပြောကြတော့ ။ ဒါပေမယ့် တစ်လတစ်ခါပဲ ဖြစ်ဖြစ် ၊ နှစ်လတစ်ခါပဲဖြစ်ဖြစ် အိမ်ကိုပြန်လာခဲ့ဖို့တော့ တောင်းဆိုတတ်သည် ။

ဒီနေရာက တောင်ပေါ်ဒေသမလို့ လေတိုက်ရင် အရိုးစိမ့်နေအောင်ကို အေးတာ ။ သူ စီးလာတဲ့ ကားက မှန်လုံဆိုပေမယ့် ဘယ်ကြားက လေတွေတိုးလာမှန်းမသိ ၊ အေးအေးစိမ့်စိမ့်နဲ့ သူကားပေါ် အိပ်လျှက် ပါလာသည် ။ တောင်တန်းအကွေ့အကောက်ကြောင့် ကားက ပုံမှန်အရှိန်အတိုင်းသွားနေပြီး ကားပေါ်မှာလည်း မနက်ခင်း ဈေးလာရောင်းကြသည့် လူအများပါလာကြသည် ။ မနက် ၅ နာရီမထိုးသေးပေမယ့် ကားတစ်စီးလုံးက ဆူညံနေပြီး သူ နားမလည်တဲ့ ဘာသာစကားကိုပြောဆိုနေကြသည် ။ ကားထဲမှာပင် အရောင်းအဝယ်တည့်နေကြတော့ သူ့အရပ်သူ့ဒေသနဲ့တော့ ကိုက်နေတာပဲ ။

" ဂိတ်ဆုံးပြီနော် .........."

ကားဆရာ အော်သံကြောင့် ခိုင်မြဲ အိပ်ချင်မူးတူးနှင့် မျက်လုံးပွင့်လာပြီး ဘေးဘီဝဲကြည့်လိုက်တော့ ကားထဲမှာ သူအပါအဝင် သုံးလေးယောက်ပဲ ရှိတော့သည် ။ ခြေထောက်အောက်မှ ချထားတဲ့ ကျောပိုးအိတ်ကို ယူလိုက်ပြီး  ကားပေါ်က လျှင်မြန်စွာပင် ဆင်းသွားလိုက်သည် ။ ကားဂိတ်ဆိုပေမယ့် ရှေ့နားမှာ ဈေးရှိလို့ မနက်ဝမ်းစာဖြည့်ဖို့တော့ ပူစရာမလိုတော့ဘူးပေါ့ ။ ဒါပေမယ့် အရေးကြီးတာက သူ့ကို လာကြိုမယ်ဆိုပြီး ခုထိ အရိပ်အယောင်မတွေ့သေးသည့် စည်သူဆိုသည့် ဟိုအကောင် ။

ဒါကြောင့် ရှာမတွေ့မှာစိုးလို့ သူ ကားရဲ့မနီးမဝေးမှာ ရပ်နေလိုက်ပြီး ဖုန်းထုတ်ဆက်လိုက်သည် ။

Ringing..............

" အေး.......ခိုင်မြဲကို.......ငါရောက်လာပြီ ခဏစောင့်ဦး "

" ငါ လမ်းတစ်ဝက်မှာကတည်းက မင်းရောက်နေတယ်လို့ပြောတာ ကြားလိုက်သလားလို့ ။ ခွေးကောင် ....... ခပ်မြန်မြန်လာ ... ငါဗိုက်ဆာလို့ သေတော့မယ် ။ ညကတည်းက ဘာမှ မစားရသေးဘူး "

" ငါ တကယ်ရောက်ပြီ ........ ဟော ... ငါ မင်းကိုတွေ့ပြီ ။ မင်းဆီလာခဲ့မယ် ..ဖုန်းချလိုက်ပြီနော် "

မင်းကိုတွေ့ပြီသာ ဆိုတယ် ကိုယ်က သူ့ကိုခုထိမတွေ့သေး ။ မကြာပါဘူး ........ ဖွတ်ချက်ဖွတ်ချက် မြည်တဲ့ တရုတ်ဆိုင်ကယ်တစ်စီးနဲ့ သူ့ရှေ့ရောက်လာတဲ့ သူငယ်ချင်းကို မှတ်မိအောင် မနည်းကြည့်ယူလိုက်ရသည် ။

" ဟေ့ကောင် ... ခိုင်မြဲ ။ ကြည့်နေပုံက ငါ့ကိုများ ဒုက္ခသည်မှတ်နေလားမသိဘူး "

" သိဘူးလေ ...... သူငယ်ချင်းတွေမတွေ့တာကြာလို့ ပြန်တွေ့ရင် ကားတွေ ရဟတ်တွေနဲ့ သောက်ရမ်း အထင်ကြီးဖို့ကောင်းလာမယ်လို့ ထင်ခဲ့တာ ။ ဘယ်လိုဖြစ်ပြီး မင်းနဲ့ကျမှ မွဲတေနေလို့ လူရုပ်တောင် မပေါက်တော့တာလဲ "

ခိုင်မြဲကို စကားကြောင့် စည်သူ ဆိုင်ကယ်ပေါ်က ဆင်းလာပြီး သူ့ဂုတ်ပိုးကို လက်ဝါးနဲ့ ရိုက်ချလိုက်သည် ။

" ဒီနေရာမှာ မင်းက ဧည့်သည် ၊ ငါက အိမ်ရှင်နော် ။ စကားပြော မဆင်ခြင်ရင် မင်းကို ဈေးကောင်းကောင်းနဲ့ မှောင်ခို ရောင်းပစ်မှာ "

" ငါ့ကို ဈေးကောင်းရမယ်လို့ ထင်ရင် မင်းမှားသွားမှာပေါ့ ။ ဒါတွေထားလိုက် .... ငါဗိုက်ဆာနေပြီ ။ မနက်စာ အရင်စားရအောင် "

" အင်း ...... ဒီမှာက ဈေးပေါပြီး ကောင်းတာ အကုန်ရှိတယ် ။ သွားရအောင် .........."

နှစ်ဦးသား လဖက်ရည်ဆိုင်သို့ အရင်ဝင်ပြီး စားစရာအရင်မှာရင်း ရှေးဟောင်းနှောင်းဖြစ်တွေ ပြန်ပြောနေလိုက်သည် ။

အဆင်ပြေပြီလို့ထင်ထားကာမှ ဒဏ်ရာကို ပုဆိန်နဲ့ပြန်ပေါက်တဲ့ စည်သူစကားကြောင့် ခိုင်မြဲ အဆင်မပြေတော့။

" ဒါနဲ့ ....... မင်းနဲ့ ရာပြည့် ဘယ်တော့လောက် ယူမှာလဲ ။ တစ်သက်လုံး ဒီအတိုင်းပဲ တွဲတော့မှာလား "

သောက်လိုက်ကမ်းဆိုး မသိတဲ့ကောင် ။ စလာကတည်းက တခြားအကြောင်းပြောနေတဲ့ သူငယ်ချင်းကို ဒီမေးခွန်းမေးမှ ဖြစ်မှာလား ။ လက်ထဲမှာကိုင်ထားတဲ့ မုန့်ကို ပန်းကန်ထဲပြန်ထည့်ရင်း စိတ်မပါသလို ခိုင်မြဲ ဖြေချလိုက်သည် ။

" ငါတို့ လမ်းခွဲလိုက်ပြီ "

မယုံကြည်နိုင် ဖြစ်သွားတဲ့ စည်သူမျက်နှာက ခိုင်မြဲအပေါ် အားနာမှုအပြည့် ။ အားနာပေမယ့်လည်း သိချင်စိတ်က ထိန်းမရပြန်ရော ။

" ဘာလို့လဲ ....... မင်းတို့ သိပ်ချစ်ခဲ့ကြတယ်မလား "

" သိပ်ချစ်ခဲ့ကြရုံနဲ့ လမ်းမခွဲရဘူးဆို သိပ်ကောင်းမှာပဲ ။ ငါ့အမှားပါ ... ငါ့အမှားတွေကြောင့် သူ ငါ့ကို မုန်းသွားတာ ။ ငါမကောင်းခဲ့လို့ သူ ငါ့ဆီက ထွက်ပြေးသွားတာ "

" သူ အခု ဘယ်မှာလဲ ......."

" သိရင်တော့ ငါမင်းဆီကို လာမနေဘူး ။ သူ့ကိုပဲ သွားရှာတယ် "

စိတ်မကောင်းလိုက်တာ သူငယ်ချင်းရာလို့ ပြောလိုက်ချင်ပေမယ့် ညိုးငယ်နေသည့် ခိုင်မြဲ မျက်နှာကိုမြင်တော့ စည်သူလည်း အလိုက်သိလေး တိတ်ဆိတ်သွားသည် ။ လက်စသတ်တော့ သူ့သူငယ်ချင်း အသည်းကွဲနေတာကိုး ။ သူကလည်း သူပဲ ..... အလိုက်ကမ်းဆိုး မသိလိုက်တာ ။ စောစောစီးစီး သူငယ်ချင်းကို ဝမ်းနည်းအောင် လုပ်မိပြီ ။

ပျက်ယွင်းနေတဲ့ ခိုင်မြဲ မျက်နှာကိုကြည့်ပြီး စည်သူ သက်ပြင်းချကာ အနည်းငယ်ကျန်နေသေးသည့် လဖက်ရည်ကို အကုန်သောက်ရန် ခွက်ကိုယူပြီး ပါးစပ်နားတေ့လိုက်သည် ။ သို့သော် ပါးစပ်နားမရောက်ခင်မှာပင် သူ့လက်ကို လမ်းကိုင်လိုက်တဲ့ ခိုင်မြဲကြောင့် စည်သူ လန့်သွားလေ၏ ။

" ဆက်မေးဦးလေ ။ မင်း ဘာလို့ ဆက်မမေးတော့တာလဲ ။ ဒီနှစ်တွေမှာ ငါ့ကို သူ့အကြောင်းမေးတဲ့သူက မင်း ပထမဦးဆုံးပဲ ။ ငါလေ သူ့အကြောင်း တစ်ယောက်ယောက်ကို အရမ်းပြောပြချင်ခဲ့တာ ။ ငါတို့ ဘယ်လောက်ထိ ချစ်ခဲ့တဲ့အကြောင်း ၊ ငါ ဘယ်လောက်ထိ အမှားတွေကို ဆက်တိုက် လုပ်မိခဲ့တဲ့အကြောင်း တစ်ယောက်ယောက်ကို ပြောပြချင်ခဲ့တာ ။ ဒါကြောင့် ငါ့ကို သူ့အကြောင်း ဆက်မေးပေးပါလား "

ဘုရားရေ.......... ခိုင်မြဲကို ဒီနေရာမှာတော့ မငိုချလောက်ပါဘူးနော် ။ စောစောစီးစီး လျှာရှည်မိတဲ့သူမှားတာ..... အိမ်ရောက်တဲ့အထိစောင့်ပြီး မေးလိုက်ရင် မြွေကိုက်သေမှာမလို့လား ။ ခုတော့ မရတော့ဘူး .... ခိုင်မြဲကိုက လဖက်ရည် နောက်တစ်ခွက်နဲ့ မုန့်ဟင်းခါးတစ်ပွဲ ထပ်မှာပြီးနေပြီ ။ သူ ဒီအကြောင်းကို လဖက်ရည် ဆိုင်ပိတ်တဲ့အထိများ ပြောဖို့ အစီစဉ်ရှိနေလား မသိဘူး ။

************

စည်သူတို့ မြို့မှာ သူ ရောက်နေတာ တပတ်ပြည့်တော့မယ် ။ ပုံမှန်ဆို ခရီးသွားရင် သူ တည်းခိုခန်း ၊ဒါမှမဟုတ် မိုတယ်တွေမှာ အတည်းများပေမယ့် ဒီတစ်ခါတော့ စည်သူနဲ့ပဲ ကပ်နေလိုက်သည် ။ ပြီးတော့ သူ့ရဲ့မပြီးသေးတဲ့ ပုံပြင်တွေကို ဆက်ပြောပြခဲ့သည် ။

အမှန်တော့ ခိုင်မြဲ အိမ်မှာမနေချင်လို့သာ ဟိုသွားဒီသွားလုပ်နေတာ ။ ခုနောက်ပိုင်း ခရီးထွက်ရတာကို သူ နည်းနည်း ငြီးငွေ့ချင်လာပြီ ။ ဒါကြောင့် ဒီတစ်ခါပြန်ရောက်ရင်တော့ သူ အလုပ်လေး ဘာလေးရှာပြီး အတည်တကျပြန်နေရင် ကောင်းမလာဟု တွေးမိသေးသည် ။ လောလောဆယ်တော့ သူ့ခံစားချက်တွေကို ရင်ဖွင့်လို့ရတဲ့ သူငယ်ချင်းရှိနေတာကြောင့် မြိုသိပ်ထားသမျှ အတိုးချ စီကာပတ်ကုံး ပြောနေမိသည် ။

" မင်းမှားတာပေါ့ ........ မင်း အကြီးကြီးကို မှားတာ ။ စိုးရာပြည့်က မင်းအပေါ်ဘယ်လောက်ထိ နားလည်မှု ပေးနိုင်လဲဆိုတာ ဘေးလူတောင် သိတယ် ။ ငါ့သူငယ်ချင်းကို ဒီလို လူစားမျိုး ဖြစ်နေလိမ့်မယ်လို့ ငါမထင်ခဲ့ဘူး ။ မင်းကွာ ..... လူစိတ် မရှိတဲ့ကောင် "

အစကတော့ စည်သူ ခိုင်မြဲကို အပြစ်တင်စကားမပြောပါဘူး ။ ဒါပေမယ့် သုံးလေးရက်ကြာပြီးနောက် အခါတရာမက နားထောင်လိုက်ရတဲ့ ကြေကွဲဖွယ်ရာ အချစ်ဇာတ်လမ်းတစ်ပုဒ်ကြောင့် ဘာပြီးရင် ဘာလာလဲ သူ အလွတ်ရနေပြီ။ ထို့အတူ စိုးရာပြည့်အပေါ် လုပ်ရက်ခဲ့တဲ့ ခိုင်မြဲကို သူငယ်ချင်းဖြစ်နေတာတောင် သူ မုန်းမိတော့မည် ။

လက်ထဲက အအေးသံဗူးကို ပိန်ရူံ့သွားတဲ့အထိ ညစ်ခြေလိုက်ရင်း ခေါင်းငိုက်ငိုက်စိုက်လျှက် ခိုင်မြဲ ဆိုလာသည် ။

" ငါမှားတာ ငါသိပါတယ် ။ ငါ့အမှားတွေ အတွက်လည်း ငါနောင်တရနေပါပြီ ။ ငါလေ ....... သူ့ကို အရမ်းတောင်းပန်ချင်တာပဲ ။ ချစ်ခွင့်မရှိတော့ဘူးဆိုရင်တောင် တောင်းပန်ခွင့်တော့ ရချင်သေးတယ် ။ ဒါပေမယ့်လည်း ငါက သူ့မျက်စိရှေ့တောင် သွားဖို့ မတန်တဲ့ကောင်ပါကွာ ။ မတော်တဆ သူနဲ့လမ်းမှာတွေ့ခဲ့ရင်တောင် ငါ သူ့ကို နောက်ကွယ်ကနေပဲ ပုန်းပြီး ကြည့်နေမှာ ။ သူရှေ့သွားပြီး သူ စိတ်အနှောက်ယှက်ဖြစ်အောင် မလုပ်ရက်ဘူး "

" ငါ နားလည်ပါတယ် သူငယ်ချင်းရာ ။ ဒါပေမယ့် ကိုယ့်ကိုယ်ကိုယ် အပြစ်တင်တဲ့ စိတ်နဲ့တော့ တစ်ဘဝလုံး မရှင်သန်သွားပါနဲ့ ။ မင်း ဒီလိုဖြစ်နေတာ သူကကော မြင်ချင်ပါ့မလား ။ ဝမ်းနည်းစရာတွေ ခေါင်းထဲက ခဏ ထုတ်ထားလိုက် ။ လာ .. ငါတို့ ညစာ စားရအောင် ။ အမိုးက ဟင်းကျက်ပြီတဲ့ "

ထိုင်နေတဲ့ ကွပ်ပျစ်ပေါ်ကထပြီး နှစ်ဦးသား ထမင်းစားရန် မီးဖို ခန်းထဲ ဝင်သွားလိုက်သည် ။ ညစာစားပြီးသော် သိပ်မမှောင်သေးတာမို့ အပြင်ပြန်ထွက်ထိုင်နေတုန်း စည်သူရဲ့ ဖုန်းမြည်လာတာကြောင့် သူ ဖုန်းကို ကောက်ကိုင်လိုက်သည် ။

Ringing ............

" ကျားသားမိုးကြိုး .... ဖုန်းတွေဘာတွေ ဆက်လို့ ။ မင်းဆက်လာတာနဲ့ အတော်ပဲ ဒီမှာ ခိုင်မြဲကိုလည်း ရောက်နေတယ် "

" ..............."

" အဆင်ပြေပါတယ်။ မင်း သူနဲ့ပြောကြည့်ချင်လား "

" ................."

" အင့် ......... ခိုင်မြဲ ။ ဟိုကောင် ငအုတ် ..........."

မတွေ့တာ ကြာပြီမလို့ ခိုင်မြဲ ဖုန်းကိုလွဲပြောင်းယူပြီး နူတ်ဆက်လိုက်သည် ။

" နေကောင်းလား ......... အုတ်ကြီး "

" ငါ့နာမည်ကို ဖျက်ခေါ်တာ ခုထိ မတော်သေးဘူးလား ။ ဒါနဲ့ မင်း အဲ့အထိ ဘာသွားလုပ်တာလဲ "

" အားနေလို့လေ ။ ငါ့ဘာငါ ဘာဖြစ်ဖြစ်ပေါ့ ။ မင်းကို သံတော်ဦး တင်ရမှာလား "

" စကားပြောတာ အခုထိ အချိုးမပြေဘူး ။ မင်း ပျောက်နေတာ အချိန်တော်တော်ကြာတယ်နော် ။ စိတ်အထင် မင်းနဲ့ မတွေ့တာ တစ်နှစ်လောက်ရှိပြီလားလို့ ။ ဒီနေ့ မင်းရဲ့ကောင်လေးကို မြင်မှ ငါ မင်းကို တော်တော်လေး သတိရသွားတာ ။ ဒါပေမယ့် ဘယ်လို ဆက်သွယ်ရမှန်း မသိလို့ မဆက်သွယ်ခဲ့တာ "

ဒီကောင် မူးကြောင်ရူးကြောင်နဲ့ ဘာထပြောနေပါလိမ့် ။ ငါ့မှာ ရာပြည့်ကလွဲလို့ ဘယ်ကောင်လေး ရှိဖူးလို့လဲ ။ သူပြောနေတဲ့လူက ရာပြည့်ဆိုရင် ဒီကောင် ငါ့ကို ဂျင်းထည့်ဖို့ ကြိုးစားနေတာပဲ ။

" ဆေးသောက်ရင် လှုပ်သောက်သိလား ။ ငါ့မှာ ဘာကောင်လေးမှ မရှိတော့ဘူး ။ရှိခဲ့ဖူးတဲ့တစ်ယောက်ကလည်း အခု ဒီနိုင်ငံမှာ မဟုတ်ဘူး "

" ခွေးသား .......... စေတနာကို စော်ကားတယ် ။ မင်းပြောတယ်နော် စိုးရာပြည့်က ဒီနိုင်ငံမှာ မရှိတော့ဘူးဆို ။ ဒါဆို မနက်က စင်တာထဲမှာ မြင်ခဲ့ရတာက ဝိညာဉ်တစ်ကောင်လား ။ အစက လူမှားတယ်ထင်ပြီး နူတ်မဆက်ဘဲ နေလိုက်တာ သူနဲ့အတူ ပါလာတဲ့လူကြီးက ပြည့်လို့ ခေါ်တာ ကြားမှ ငါလူမမှားဘူးဆိုတာ သိလိုက်ရတယ် ။ Hey bro..... မင်း သူနဲ့ ရန်ဖြစ်ထားတာလား ။ ဒါဆိုလည်း သူ့ကို ဂရုစိုက်ပါကွာ ။ မဟုတ်ရင် သူများလက်ထဲ ပါသွားလိမ့်မယ် "

မဟုတ်သေးဘူး ။ တစ်ခုခုတော့ တစ်ခုခုပဲ ။ ဒီကောင် အုတ်ကြီး သူ့ကို တမင်စနောက်နေတာလား ။ ထိုင်နေရင်းနဲ့ ခိုင်မြဲ စိတ်တွေထိန်းမရ ဖြစ်ကာ ချက်ချင်း မတ်တပ်ရပ်ပြီး ထိုနေရာမှာ ခေါက်တုန့်ခေါက်ပြန်လျှောက်လိုက်သည် ။

" နေဦး ........ မင်း ဘာပြောလိုက်တာလဲ ။ မင်း ရာပြည့်ကို စင်တာထဲမှာ မြင်လိုက်တယ်ဆိုတာက တကယ်လား ။ ပြီးတော့ လူတစ်ယောက်က သူ့ကို ပြည့်လို့ခေါ်လိုက်တယ်ဆိုတာကရော တကယ်လား "

" မင်းကို လိမ်လို့ ငါဘာရမှာလဲ "

ဝုန်း. .......!

ဖုန်းကိုပိတ်ချပြီး အိမ်ထဲဝင်ရန်အလုပ် ကွပ်ပျစ်နဲ့ ဝိုင်တိုက်မိလို့ သူ့ပေါင်တစ်ဖက် တော်တော်လေး နာသွားသည် ။ ဒါပေမယ့် နာကျင်မှုကို ဂရုမစိုက်အားဘဲ ဖုန်းကို ပစ်ချပေးရင်း အိမ်ထဲ ပြေးဝင်သွားသည် ။

" ဟေ့ကောင် .........ခိုင်မြဲ ။ ဘာဖြစ်တာလဲ ...... ဖြေးဖြေးသာသာ လုပ်ပါဦး "

စည်သူစကားကို ခိုင်မြဲ နားမထောင်အား ။ တစ်ခဏအကြာမှာတော့ သူ့ကျောပိုးအိပ်ကိုလွယ်လျှက် ခိုင်မြဲ ပြန်ထွက်လာပြီး အမောတကော ပြောလာသည် ။

" ငါ့ကို ကားဂိတ်လိုက်ပို့ပေး ။ ငါ ခုချက်ချင်း ပြန်မလို့ "

" မင်း ရူးနေလား ။ ဒီအချိန် ညဖက်ကြီး ဘယ်ကားမှ မထွက်ဘူး ။ ဘာကိစ္စလဲ မသိပေမယ့် မနက်မှ အေးဆေးသွားပါလား ။ ငါ ကားပေါ်ထိ ပို့ပေးမယ်ကွာ "

" မရဘူး ......... ခုချက်ချင်း ပြန်မှ ဖြစ်မယ် ။ သူ ... သူ ပြန်ရောက်နေပြီ "

အဆက်စပ်မရှိသည့် ခိုင်မြဲစကားကြောင့် စည်သူ နားရူပ်သွားသည် ။

" သူ ဆိုတာက ............"

" ရာပြည့် ........ ငါ့ရဲ့ချစ်သူ ရာပြည့် ...... သူ့ကို အုတ်ကြီးက မြင်လိုက်တယ်တဲ့ ။ သူမှသူ အသေအချာပဲတဲ့ "

" မင်းပြောတော့ မတော်တဆ သူ့ကို လမ်းမှာ တွေ့ရင်တောင် နောက်ကွယ်ကနေပဲ ပုန်းပြီးကြည့်မယ်ဆို ။ သူရှေ့သွားပြီး သူ စိတ်အနှောက်ယှက်ဖြစ်အောင် မလုပ်ရက်ဘူးဆို "

ခိုင်မြဲပြောထားတဲ့စကားကို အမှတ်ရသူ စည်သူက ခိုင်မြဲ ဖြစ်ပျက်နေသည့်ပုံကိုမြင်တော့ အမြင်ကတ်ကတ်နှင့်ပြောလိုက်ရာ ပစ္စည်းတွေကို အိတ်ထဲ ကမန်းကတမ်းကောက်ထည့်နေသည့် ခိုင်မြဲမှ ပြန်ချေပလိုက်သည် ။

" အဲ့တာက ပြန်မတွေ့နိုင်တော့ဘူးထင်လို့ ပြောလိုက်တာ ။ အခု ပြန်တွေ့ရဖို့ မျှော်လင့်ချက်ရှိတယ်ဆိုတော့ သူ့ကိုတောင်းပန်ဖို့ ငါသွားမှကို ဖြစ်မယ် "

************

ညဖက်ရောက်ပြီဆိုတော့ လေအေးတွေ ပြန်တိုက်ပြီလေ ။ ဆိုင်ကယ်စီးလာတာမလို့ နှစ်ဦးသားလမ်းမှာ တော်တော်လေး ခိုက်ခိုက်တုန် ချမ်းနေပြီ ။ ဂိတ်ကိုသွားလည်း ဒီအချိန် ဘယ်ကားမှ မလာနိုင်တာမလို့ ဟိုင်းဝေးလမ်းမပေါ်ကို တန်းမောင်းခိုင်းပြီး တခြားမြို့က ဆင်းလာတဲ့ ကားကို တားပြီး လမ်းကြုံလိုက်ပါရင် ကြံလိုက်သည် ။

နှစ်ဦးသား လမ်းဘေးမှာ ဆိုင်ကယ်ထိုးရပ်ရင်း လမ်းကြုံလိုက်လို့ရမယ့် ခရီးသည်တင်ကားကို စောင့်လိုက်သည် ။ နာရီဝက်ကြာသည်အထိ မည်သည့်ကားမှ ရောက်မလာသေး ။ ရောက်လာသည့် ကားတစ်ချို့ကလည်း သူတို့နဲ့ လမ်းမကြုံ ။ ဒါကိုတောင် ခိုင်မြဲ လက်မလျော့သေး ။

ခုမှ ည ၇ နာရီကျော်ရှိသေးပေမယ့် ညက အတော်လေးမှောင်နေပြီ ။ ခပ်ဝေးဝေးကနေ မီးအလင်းရောင်ကို မြင်လိုက်ရာ ခိုင်မြဲ မြင်သာအောင် ဖုန်းမီးဖွင့်ပြီး လက်ကို ဝေ့ယမ်းပြလိုက်သည် ။ ကံမကောင်းစွာနဲ့ ကားလေးက သူတို့ကို ကျော်တက်သွားသည် ။

" တီး ................! "

ခိုင်မြဲ စိတ်ပျက်လက်ပျက်နဲ့ လမ်းဘေးမှာ ပြန်ရပ်လိုက်စဉ် စောနက သူတို့တားစီးတဲ့ကားက ခပ်လှမ်းလှမ်းမှာ ရပ်ပြီး ဟွန်းတီးလိုက်တာကြောင့် လက်မှိုင်ကျနေတဲ့ ခိုင်မြဲ မျှော်လင့်ချက်တွေ ပြည့်ဝသွားသလို ပျော်ရွှင်သွားပြီး အိတ်ကိုဆွဲကာ ကားဆီသို့ပြေးသွားလိုက်သည် ။

ကားအနားကို ရောက်သော် မှန်တစ်ဝက်ချထားသည့် ယာဉ်မောင်းသူဖက်ခြမ်းကိုသွားပြီး အကူညီတောင်းလိုက်သည် ။

" ဟိုလေ ........ ကျွန်တော် ရန်ကုန် သွားချင်လို့ ။ ဦးလေးတို့က ဘယ်အထိ သွားမလို့လဲ မသိဘူး ။ လမ်းတူရင်လမ်းကြုံလိုက်ချင်လို့ပါ "

ယာဉ်မောင်းက သူ့နံဘေးက မိန်းကလေးကို တစ်လှည့် နောက်ခန်းကို တစ်လှည့်ကြည့်ပြီး ခိုင်မြဲကို ကားပေါ်တက်ရန် ပြောလိုက်သည် ။

" ငါတို့လည်း ရန်ကုန်ထိသွားမှာ ။ လိုက်ခဲ့ ....နောက်ခန်းမှာ နေရာလွတ်သေးတယ် "

" ကျေးဇူးတင်ပါတယ် ။ တကယ့်ကို ကျေးဇူးတင်ပါတယ် "

ခိုင်မြဲ ယာဉ်မောင်းတဲ့သူကို အကြိမ်ကြိမ်ကျေးဇူးတင်စကားပြောရင်း ခပ်လှမ်းလှမ်းက စည်သူကို လက်ပြနူတ်ဆက်လိုက်သည် ။ ပြီးနောက် ကျောပိုးအိတ်ကို ရှေ့ထုတ်ကာ ကားနောက်ခန်းတံခါး ဖွင့်ပြီး ဝင်ထိုင်လိုက်သည် ။

ကားပေါ်မှာက ရှေ့ခန်းမှာ ယာဉ်မောင်းသည့် လူကြီးနှင့် အသက်နည်းနည်းငယ်သည့် အမျိုးသမီးတစ်ဦးရယ် နောက်ခန်းမှာက သူနဲ့ရွယ်တူကောင်လေး တစ်ယောက်ရယ်သာ ပါလို့ သူ့အတွက် နေရထိုင်ရ သိပ်မခက်တော့ ။ မတော်လို့ လူအပြည့်ပါလာရင် သူပါလိုက်တက်လာလို့ နေရာကျပ်သွားရင် သူလည်း အားနာ ရဦးမယ် ။

သူတို့ကားလေးသည် တောင်အချိုးအကွေ့အတိုင်း မောင်းနှင်သွားပြီးနောက် ခိုင်မြဲလည်း ကားပေါ် ရင်ခုန်စွာ လိုက်ပါလာလိုက်သည် ။ ဟိုရောက်ရင် သူ ရာပြည့်ကိုတွေ့အောင်ရှာမယ် ။ ပြီးရင် တောင်းပန်မယ် ။ ၁ က ပြန်စဖို့ အခွင့်အရေးမရှိတော့ဘူးဆိုရင်တောင် နောက်ဆုံးအနေနဲ့ပဲဖြစ်ဖြစ် ကလေးမျက်နှာကို မြင်ခွင့်ရချင်သေးတယ် ။

သူက ရင်ခုန်လွန်းလို့ အိပ်မရပေမယ့် သူ့ဘေးကကောင်လေးကတော့ နှစ်နှစ်ခြိုက်ခြိုက်ပင် အိပ်စက်နေသည် ။ မီးအလင်းရောင် ကောင်းကောင်းမရတာတစ်ကြောင်းရင် ထိုလူက သူ့မျက်နှာကို ပုဝါတစ်စနဲ့ အုပ်ထားတာရယ်ကြောင့် ညီလေးလား အကိုလား သူ မသိသေး ။ နူတ်ဆက်ချင်ပေမယ့် အိပ်စက်နေသူကို အနှောက်အယှက်မပေးချင်၍ သူ ဆိတ်ဆိတ်ပင်လိုက်ပါလာလိုက်သည် ။

၂ နာရီခန့်ကြာသော် သူတို့ကားလေးသည် ယာဉ်ရပ်နားစခန်းတစ်ခုမှာ ထိုးရပ်သွားလေ၏ ။

" ဦးတို့ ညစာ ဝင်စားလိုက်ဦးမယ် ။ ကောင်လေး ...... မင်းကော လိုက်စားလေ "

" မစားတော့ဘူး ... ဦးလေး ။  စားလာလို့ ။ ကျွန်တော် အပြင်ထွက်စောင့်နေလိုက်မယ် ။ အေးဆေးစားကြပါ ... ဒီနားလေးမှာပဲ ကျွန်တော်ရှိနေမယ် "

အမှန်တော့ သူ ရင်ခုန်လွန်းလို့ ဗိုက်မဆာနိုင်တော့တာ ။ ဒါပေမယ့် သူများကားထဲ ကျန်နေခဲ့ဖို့ကလည်း မသင့်တော့ ကားထဲကထွက်ပြီး အပြင်ဖက်မှာ ဆေးလိပ်သောက်ရန်ထွက်လိုက်သည် ။ သူ့ကိုပြောပြီးနောက် ယာဉ်မောင်းဦးလေးက ကားနောက်ခန်းမှာ အိပ်နေသည့် လူကို လှုပ်နိူးလိုက်သည် ။

" လူလေး ........ ဦးတို့ ညစာဆင်းစားမလို့ ။ လူလေးလည်း တစ်ခုခုစားဦးလေ ။ နေ့လည်ထမင်းစားပြီးကတည်းက ဘာမှ ထပ်မစားထားဘူးမလား ။ ခဏနေ ဗိုက်ဆာဦးမယ် "

ကားအပြင်ရောက်နေလို့ ခိုင်မြဲ ထိုသူမျက်နှာကို ကောင်းကောင်းမမြင်ရပေမယ့် တီးတိုးပြောသံကိုတော့ နားစွန်နားဖျား ကြားလိုက်ရပါသည် ။

" စားချင်စိတ်မရှိသေးဘူး ။ ပြန်လာရင် မုန့်နည်းနည်းပါးပါးဝယ်ခဲ့လိုက် "

" ကောင်းပြီ .... အနားယူလိုက်ဦးနော် ။ ဦးလေး မုန့်ဝယ်ခဲ့လိုက်မယ် "

ကားတံခါးကို ပြန်ပိတ်ခဲ့ပြီး ယာဉ်မောင်းဦးလေးနဲ့ မိန်းကလေးငယ်က ညစာအတွက်ဆိုင်တစ်ဆိုင်ကို ဝင်သွားသည် ။ ခိုင်မြဲသည် ဆေးလိပ်ဖွာနေရင်း ရန်ကုန်ရောက်ဖို့ ဘယ်လောက်ကြာနိုင်လဲ တွက်ချက်လိုက်သည် ။ သူတို့သာ လမ်းမှာ ထပ်မနားဘူးဆို မနက် ၇ နာရီလောက်ဆို ရောက်လောက်ပါတယ် ။ အိမ်မှာမနေဘဲ လျှောက်သွားနေသည့် သူ့အဖြစ်ကို ဒီတစ်ခါ နောင်တအရဆုံးပဲ ။

ဖုန်းသုံးမယ်ဆိုပြီး အိတ်ကပ်ကို စမ်းလိုက်ရာ သူ့ဖုန်းကားထဲမှာ ကျန်ခဲ့မှန်းသိလို့ သူ ကားထဲကို တစ်ချက်ချောင်းကြည့်ပြီး ကားတံခါးကို သာသာလေးဖွင့်လိုက်သည် ။ တစ်ဖက်ကိုလှည့်အိပ်နေသည့် ဟိုလူ စိတ်အနှောက်ယှက်မဖြစ်စေရန် ခိုင်မြဲ ဖြေးဖြေးချင်း သူ့အိတ်ကို ဇစ်ဖွင့်ပြီး နှိုက်လိုက်သည် ။

" ခင်ဗျားက လမ်းကြုံလိုက်လာတဲ့သူလား ........."

" ဗျာ ........... ဟုတ် ...ဟုတ် ........"

သူ့ဖက်ကိုလှည့်ပြီး မေးလာသည့် ထိုလူကြောင့် ခိုင်မြဲယောင်နနပြန်ဖြေရင်း သူ့ကြောင့်ထိုလူနိုးသွားတာလားဆိုပြီး အားနာမိသွားသည် ။ သို့သော် ထိုအသံကို သူရင်းနှီးလွန်းတာကြောင့် နှလုံးခုန်သံက တိုး၍မြန်လာကာ ဂနာမငြိမ်ဖြစ်လာသည် ။ သူ ထိုသူဘယ်သူလဲဆိုတာကို သိချင်စိတ်ပြင်းပြသွားပြီး မဝံ့မရဲနှင့် လူတစ်ကိုယ်လုံး ကားထဲရောက်အောင် အရင်ဝင်ထိုင်လိုက်သည် ။ပြီးနောက် လက်ထဲက ကိုင်ထားတဲ့ ဖုန်းရဲ့ Flashlight ကိုဖွင့်ကာ ထိုသူရဲ့ မျက်နှာစီကို ထိုးလိုက်သည် ။

ဖုန်းအလင်းရောင်ကြောင့် မျက်စိကျိန်းစပ်သွားဟန်တူပြီး ထိုသူ သူ့ရဲ့မျက်နှာကို လက်နဲ့ ကာထားကာ ခိုင်မြဲကို စိတ်ဆိုးသွားသလို ပြောလာသည် ။

" ဘာလို့သူများမျက်နှာကို ဖုန်းမီးနဲ့ ထိုးရတာလဲ ။ ခင်ဗျား အားမနာတတ်ဘူးလား.........."

" ကလေး .................."

သေချာတယ် ဒါ ကလေးအသံ ။ မျက်နှာကို သဲသဲကွဲကွဲမမြင်ရသေးပေမယ့် ဒီပုံစံက ကလေးပုံစံနဲ့ တူလွန်းအားကြီးသည် ။ တစ်ဖက်မှ ရုတ်တရက်ငြိမ်သွားပြီးနောက် ထိုသူသည် သူ့မျက်နှာကို ကာထားသည့်လက်ကိုဖယ်ပြီး ခိုင်မြဲကိုပြန်ကြည့်လာသည် ။ ရုတ်တရက် အံသြသွားဟန် ငေးလာပြီးမှ ထိုသူချက်ချင်းပင် မျက်နှာလွဲသွားသည် ။

" လူမှားနေတယ် ..... ကျွန်တော်က စိုးရာပြည့် မဟုတ်ဘူး "

" မောင်က စိုးရာပြည့်လို့ ခေါ်မိလို့လား ။ ကလေးလို့ပဲ ခေါ်မိတာလေ "

သေချာသွားပြီ သူက ကလေးမှ ကလေးအစစ် ။ ဘာလို့များ ......... ဘာလို့များ ၂ နာရီလောက် အတူရှိခဲ့တာတောင် သူ နည်းနည်းမှ မမှတ်မိရပါလိမ့် ။

ရာပြည့်ကလည်း ဘူးခံငြင်းရာမှ ရိုက်မစစ်ရဘဲ ပေါ်သွားသည့် သူ့အဖြေကြောင့် အနည်းငယ်ရှက်ရွံ့သွားပြီး ခေါင်းငုံ့နေလိုက်သည် ။ ရာပြည့်မှန်းလည်းသိရော ခိုင်မြဲသည် အတင့်ရဲပြီး ရှေ့တိုးလာကာ သူ့ခွန်အားနှင့် သိုင်းဖက်လိုက်သည် ။

" အင့် ........ ခင်ဗျား ........ ဒါဘာလုပ်တာလဲ ။ ရာရာစစ သူများကားပေါ်တက်ပြီး "

" တောင်းပန်ပါတယ် ကလေးရယ် ။ကလေးကို ပြန်တွေ့တဲ့ အချိန်မှာတောင် တောင်းပန်ပါတယ်ဆိုတဲ့စကားပဲ ပြန်သုံးနေမိတယ် ။ မောင်လေ ကလေးကို ပြန်မတွေ့ရတော့ဘူးထင်ထားတာ ။ ဒါပေမယ့် ဘာလို့ဒီလောက်တိုက်တိုက်ဆိုင်ဆိုင် အိမ်အပြန်လမ်းမှာ လာတွေ့ရတာလဲ မသိဘူး ။ မောင့်ကို ......မောင့်ကိုလေ ကံတရားက အခွင့်ရေးနောက်တစ်ကြိမ်ပေးလိုက်တာလား မသိဘူး "

နီးကပ်လွန်းသည့် အနေအထားမှာ မောင့်နူတ်ခမ်းပါးမှာ စွဲကပ်နေသည့် ဆေးလိပ်နံ့ကြောင့် ရာပြည့် မနှစ်မြို့သလို ဖြစ်သွားမိပြီး မောင် ဘယ်တုန်းက ဆေးလိပ်သောက်တတ်သွားလဲ သူ တွေးလိုက်မိသည် ။ ပြီးတော့ မောင်ပိန်သွားလိုက်တာ ။ အမှောင်ထဲမှာတောင် မောင့်ရဲ့မျက်နှာလေးက အရင်လို ပြည့်ပြည့်ဖြိုးဖြိုး မရှိတော့ဘူး ။ ခွန်အားအပြည့်နဲ့ သိုင်းဖက်လာသည့် လက်အစုံကို သူ မတွန်းထုတ်မိသော်လည်း စကားလုံးတွေနဲ့ ငြင်းဆန်လိုက်မိသည် ။

" ကံတရားက မောင့်ကို အခွင့်ရေးနောက်တစ်ကြိမ် ထပ်ပေးရင်တောင် ငါ့ဖက်က မောင့်ကိုဘာအခွင့်အရေးမှ ထပ်မပေးနိုင်တော့ဘူးဆိုရင်ကော ......."

အေးအေးစက်စက် ထွက်ပေါ်လာသည့် ရာပြည့်အသံက လွန်ခဲ့သည့် ၁ နှစ်ကျော်ကထက်ပိုပြီး အေးစက်လွန်းသည် ။

ရာပြည့်ကို သိုင်းဖက်ထားတဲ့ လက်တွေက အားလျှော့သွားပေမယ့် အနီးကပ်မြင်နေရသည့် မျက်နှာချောချောကိုကြည့်ပြီး ဒီလူကို သူ ဘယ်နည်းနဲ့မှ လက်မလွှတ်နိုင်ဘူးဆိုတာ ပိုသေချာသွားသည် ။

သူဘယ်တွေးဖူးမှာလဲ ။ ချစ်ရသူကို ပြန်တွေ့ဖို့ မဝံ့မရဲ မျှော်လင့်မိပေမယ့် ခုလို ကားတစ်စီးတည်းမှာ ခရီးသည်အဖြစ် တူတူ ပြန်တွေ့ရလိမ့်မယ်လို့ ။

အို ........ ကလေးဖက်က အခွင့်ရေးမရှိတော့ဘူးလို့ ဆိုလည်း ဘာအရေးလဲ ။

ဝေးသွားတုန်းက သူနားလည်ထားတာ အချစ်ဆိုတာ ပေးဆပ်ခြင်းလို့ ။ ကလေးပျော်မယ်ဆိုရင် သူ စွန့်လွှတ်ပေးပါ့မယ်ဆိုပြီး လိုက်မရှာဘဲတောင် နေခဲ့တာ ။ သူမဟုတ်တဲ့ အခြားတစ်ယောက်နဲ့ လက်ထပ်ပြီး ဘဝကို ကောင်းကောင်းမွန်မွန် ဖြတ်သန်းမယ်ဆို သူကျေနပ်ပါတယ်လို့ တွေးခဲ့ဖူးတာ ။

ခုတော့ ......

ကလေးကို နောက်တစ်ကြိမ်ပြန်တွေ့တော့ သူ တွေးမိတာက.....

ကလေးကို ဒီဘဝမှာပဲဖြစ်ဖြစ် ၊ နောင်ဘဝမှာပဲ ဖြစ်ဖြစ် သူတစ်ဦးသာလျှင် ပိုင်ဆိုင်ချင်တယ် ။ ရှိခဲ့တဲ့အမှားတွေအတွက် ကလေးကျေနပ်တဲ့အထိ သူတောင်းပန်သွားမယ် ။ ပေးသမျှနာကျင်မှုတွေကို လက်ခံမယ် ။ အဓိက ကလေးကို နောက်တစ်ခါ မဆုံးရူံးရရင်တော်ပြီ ။

ချစ်တယ် ........ အမြဲတမ်းအတွက် ချစ်နေဆဲပဲ ။

-------------------

23.7.2019

အမှန် ဒီ Fic ကို Ex-Boyfriend လို့ နာမည်ပေးရမှာ ဟီးဟီး ။ စိတ်မပူပါနဲ့ ဟိုတစ်ပုဒ်နဲ့ plot တူတယ်ထင်ရပေမယ့် မတူပါဘူး ။

واصل القراءة

ستعجبك أيضاً

135K 6.6K 75
Unicode & Zawgyi အချစ်ကို ဘုရား တစ်ဆူလို မကိုးကွယ်တတ်ပေမဲ့..... စေ...မင်းကတော့ ကိုယ့်ရဲ့ကိုးကွယ်ရာပါ။ .....တောမင်...
121K 10.5K 35
လွန်ခဲ့တဲ့ ၁၅နှစ်က ဖြစ်ရပ်လေးကို အခြေခံထားတာမို့ တချို့အရာလေးတွေက လက်ရှိနဲ့ နည်းနည်းကွာခြားနေပါမယ်။ နောက်ပြီး ကျမကစာရေးဆရာမဟုတ်ပါဘူး။ ဒီအကြောင်းလေးကိ...
82.2K 6.5K 16
🤍 In a relationship with Mg's Saydanaryone Start Date - 3. 8. 2021 End Date - 6.11.2022