The Dimple On His Cheek ( Com...
By aseinnkyaw
464K 32.9K 2.4K
ယောကျ်ားတစ်ယောက်ကို ချစ်မိတာက အပြစ်ဆိုရင် ကျွန်တော့်မှာ သူ့ကိုချစ်မိတဲ့ အပြစ်တစ်ခုပဲရှိတာပါ ရှင်းမြတ်နိုးပို... More
Author's Note
Character Intro
Part - 1
Part - 2
Part - 3
Part - 4
Part - 5
Part - 6
Part - 7
Part - 8
Part - 9
Part - 10
Part - 11
Part - 12
Part - 13 ( Kiss Sense )
Part - 14
Part - 15 ( Trio)
Part - 16
Part - 17
Part - 18
Part - 19
Part - 20
Part - 21
Part - 22
Part - 23
Part - 24 ( Valentine Special )
Part - 25
Part - 26
Part - 27
Part - 28
Part - 29
Part - 30
Part - 31
Pre - Ending
3 Hours ago
Ending
Inner Art ❤️
Book Cover 🤍
Extra - 2
10.5K 612 111
By aseinnkyaw
Unicode
ရွှန်းရွှန်း မင်္ဂလာပွဲပြီးနောက် ...
ချောင်းသာကမ်းခြေ...
.
.
.
တိမ်မှုန်တိမ်မွှားတို့ကင်းစင်ကာ ကြည်လင်
နေသော ကောင်းကင်ပြာပြာအောက် ရေလှိုင်း
တွန့်ကလေးများ ရိုက်ခတ်လျက်ရှိသော ချောင်းသာကမ်းခြေရှိ "New Chaungthar" Hotel ရှေ့
တွင် " Alphard "ကားတစ်စီးစိုက်ကပ်လာသည်။
ညဦးပိုင်းကတည်းက ရန်ကုန်မှထွက်ခွာလာ
ခြင်းကြောင့် ကားမောင်းနေသော ဒါရိုင်ဘာနှင့်
နောက်ဆုံးခုံမှာ တွတ်ထိုးနေသော လူနှစ်ဦးမှ လွဲ၍တစ်ကားလုံးအိပ်မောကျနေပေသည်။
"အစ်ကို......ရောက်ပြီ......ထေတာ့ "
အိပ်မောကျနေရာမှ မိမိ ပုခုံးကို ခပ်ဆတ်ဆတ်
လှုပ်နိုးလိုက်တဲ့ နံဘေးရှိ ချမ်းမြေ့ကိုကိုကြောင့်
ထူးထက်ခေါင် ဆတ်ခနဲ နိုးလာသည်။
"ဟေ...ဟုတ်လား... "
တစ်လမ်းလုံး ရုပ်ပျက်ဆင်းပျက် အိပ်ပျော်လာ
တာမို့ ပုံပျက်နေတဲ့ မျက်မှန်ကို သေသေချာချာ
ဖြစ်အောင် လက်ညှိုးနဲ့ ကောက်တင်လိုက်ကာ
ထူးထက်ခေါင်က အညောင်းဆန့်လိုက်သည်။
မနက်စောစော သူ ရန်ကုန်ကစထွက်ကတည်း
က တစ်လမ်းလုံး အိပ်လိုက်လာခဲ့တာ ဖြစ်ပြီး သူ့
ဘေးမှာထိုင်၍ လိုက်ပါလာသော ချမ်းမြေ့လည်
ထိုနည်းတူပင်...။
" ညီ ..... သွားမယ် "
ထူးထက်ခေါင်က ထိုင်နေရာမှ ဆတ်ခနဲ
ထရပ်လိုက်ရင်း အနောက်ဘက်တွင်ထိုင်ကာ
စိုင်းစင်ခေးဆိုင် နဲ့ စကားလက်ဆုံကျနေသော
ရှင်းမြတ်နိုးပိုင်ကို မျက်မှောင်ကုတ်ကြည့်လိိုက်
သည်။
"bro နဲ့ ချမ်းမြေ့တို့ နှစ်ယောက်သွားနှင့်ကျလေ
ကျွန်တော် နဲ့ ခေးဆိုင် နောက်ကလိုက်လာခဲ့မယ်"
ရှင်းမြတ်နိုးပိုင် က သူ့ဘက်ကို ခဏသာ လှည့်
ပြောရင်း မျက်နှာက ခေးဆိုင်ဘက် ပြန်လှည့်
သွားတာမို့ ထူးထက်ခေါင်က စိတ်မပါသလို
သက်ပြင်းဖွဖွ ချလိုက်သည်။ တကယ်ဆိုညီ
တော်တော်လွန်နေပြီ...။ မနေ့ညကတည်းက
ရန်ကုန်ကိုစရောက်ပါပြီဆိုကတည်းက ခေးဆိုင်
နဲ့စကားတွတ်ထိုးနေတာ အခုထိ အမျှင်မပြတ်
တော့... ။မနက်အစောပိုင်း ချောင်းသာကိုထွက်
လာတော့လည်း ခေးဆိုင်နဲ့မှ အတူထိုင်ချင်ပါ
တယ် ဟုဆိုသောကြောင့် သူ နဲ့ ချမ်းမြေ့ကိုကို
မှာတော့ အောင့်သီးအောင့်သက် နဲ့ အရှေ့ခုံမှာ
အတူတူထိုင်ပေးလိုက်ရသည်။ အဲတာတောင်
အခုထိ စကားပြောတာကို မရပ်တန့်နိုင်သေးဘူး
ဆိုတော့ တော်တော်လေး တရားလွန်နေပြီ...။
"ချမ်းမြေ့ ငါတို့သွားနှင့်မယ်..."
ချမ်းမြေ့ကို ခပ်တိုးတိုးပြောလိုက်လေတော့
ချမ်းမြေ့က ခေးဆိုင်ဘက် ခပ်စူးစူးတစ်ချက်
လှမ်းကြည့်ကာ သူနဲ့အတူ ကားပေါ်က အရင်
ဆင်းလာခဲ့သည်။ ထို့နောက် ရွှန်းရွှန်း တို့
လင်မယားရှိရာဘက်သို့ သွားကာ
"ရွှန်းရွှန်း ...နင်နဲ့ Haruto အရင်ဝင်နားလေ
ငါနဲ့ အစ်ကိုနဲ့ ပစ္စည်းတွေ သယ်ခဲ့လိုက်မယ်"
ချမ်းမြေ့က ရွှန်းရွှန်းကို ကြည့်ရင်းပြောလိုက်
တော့ သူပါရောယောင်ပြီး ခေါင်းငြိမ့်ပြလိုက်
သည်။ ရွှန်းရွှန်းကတော့ ကျေးဇူးပဲဟု ဆိုလျက်
Haruto ရဲ့ လက်ကိုဆွဲကာ ထွက်သွားသည်။
Haruto က အားနာသလို လှည့်ကြည့်နေပေမဲ့
သူက သွားနားဖို့ရန်သာ အချက်ပြလိုက်သည်။
ရွှန်းရွှန်း ရဲ့တရားဝင်ယောကျ်ား ဆိုပေမဲ့
သူတို့ အတွက်တော့ လူမျိူးခြားဧည့်သည်
တစ်ယောက်ဖြစ်နေတာမို့ အထုတ်အပိုးတွေ
သယ်ခိုင်းနေလို့လည်းမကောင်းဘူးမဟုတ်လား။
ဝန်ထမ်းတွေက ခရီးဆောင်အိတ် အလေးအပင်တွေကို လာသယ်ပေးကြပြီး သူနဲ့ချမ်းမြေ့ကိုကိုကတော့ ကားပေါ်ကနေ Hotel အခန်းထဲရှိ မုန့်ခြင်းတောင်းတွေ ပစ္စည်းအတိုအစတွေကို တစ်ခုချင်း စိတ်ရှည်လက်ရှည် ခေါက်တုံ့ခေါက်ပြန် သယ်နေရပေသည်။
"ချမ်းမြေ့..... ခုတစ်လော ညီ နဲ့ ခေးဆိုင်
တစ်ခုခု ထူးခြားနေတယ် မထင်ဘူးလား "
ထူးထက်ခေါင်က ရှင်းမြတ်နိုးပိုင်ရဲ့ နောက်ဆုံး
လက်ကျန် မုန့်ထုတ်တွေကို ကားထိုင်ခုံအောက်
က ဆွဲထုတ်လိုက်ရင်း ချမ်းမြေ့ကိုကို အား မေး
လိုက်သည်။
"အစ်ကိုရော သတိထားမိတာလား ကျွန်တော်
လည်း ပြောမလို့ပဲ ...သူတို့နှစ်ယောက် အခု
တစ်လော အရမ်းဓာတ်တည့်နေကြသလိုပဲ
ညဘက်တွေ ကျွန်တော် ခေးဆိုင်ဆီ ဖုန်းဆက်
ရင်တောင် ဘယ်တော့မှ မအားဘူး အမြဲ ရှင်းနဲ့
ဘဲ ပြောနေတာ "
ချမ်းမြေ့စကားကြောင့် ထူးထက်ခေါင် ရင်ထဲ
လှိုက်ခနဲ ဖြစ်ကာ စိုးရိမ်ရေမှတ်တို့က မြှင့်တတ်
လာသည်။ အခုတစ်လော သူ ကိုယ်တိုင်လည်း
ဘဲ ညဘက်တွေ ညီ့ ဖုန်းကို ဆက်လိုက်တိုင်း
အမြဲလိုလို " မအားသေးပါရှင် " ဟုပဲအော်နေ
သော Oreator က မမနဲ့ပဲ ဆုံနေရသည် မဟုတ်
လား။
"ကျစ်..... ဘာတွေ ဖြစ်နေတာလဲ ဧကန္တ သူတို့
တစ်ခုခုများ.... မရိုးမသား "
ခြေမကိုင်မိ လက်မကိုင်မိဖြစ်နေတဲ့ ထူးထက်ခေါင် ကိုကြည့်ပြီး ဖိနပ်ဘူးကို ထိုင်ခုံအောက်က ဆွဲထုတ်နေတဲ့ ချမ်းမြေ့ကိုကိုက ရယ်လိုက်သည်။
"အစ်ကို ကလည်း.... ဘာတွေ ပူနေတာလဲ
ရှင်းက ခင်ဗျားကိုထားပြီး နောက်တစ်ယောက်
တွဲနေတယ် ထင်နေတာလား..."
"ဟျောင့် ...ချမ်းမြေ့ ကိုကို မနောက်နဲ့ကွ ငါ့မှာ
သူနဲ့ အတူရှိချင်လွန်းလို့ မန္တလေးက ငါ့အလုပ်
တွေ အကုန်လုံးဖျက်ပြီး ချောင်းသာလိုက်လာ
ခဲ့တာကွ သူက ငါ့ကို ပစ်ပြီး ခေးဆိုင် နဲ့ပဲ နေနေ
တော့....."
"အစ်ကို က အလုပ်တွေချည်း ဖိလုပ်နေတော့
ရှင်းအကြောင်း ဘယ် နားလည်မလဲ ရှင်းက
အခုထိ ကလေးဆန်သေးတာကို ကျွန်တော့်
သိသလောက်ကတော့... ရှင်းနဲ့ခေးဆိုင်
ဇာတ်လမ်း တစ်ခုအကြောင်းကိုပဲ ပြောနေတာ
ထင်တာပဲ ပြီးတော့ သူတို့က အဲဒီ ဇာတ်လမ်း
နဲ့ပတ်သက်ပြီး Fan Page တစ်ခုလား ထောင်
ထားသေးတယ်လေ အဲတာနဲ့ နှစ်ယောက်သား
အလုပ်ရှုပ်နေကြတာ "
"ဘယ်လို....."
ချမ်းမြေ့စကားကြောင့် ထူးထက်ခေါင် ခမျာ
အံသြတကြီးဖြစ်ရင်း မျက်လုံးများ ဝိုင်းစက်
သွားရသည်။ ညီ တစ်ယောက် ရုပ်ရှင်ကားတွေ
တရုတ်၊ ကိုရီးယား ဒရမ်မာစီးရီးတွေ အသဲ
အသန် ကြိုက်တတ်တာကို သိပေမဲ့ အဲလောက်
ထိ ရူးသွပ်လိမ့်မယ်မှန်းတော့ သူ စဉ်းတောင်
မစဉ်းစားခဲ့မိတာ အမှန်ပင်....။ ဘာ Fan Page
ဟုတ်လား ။ ဒီအရွယ်ကြီးရောက်မှ ကလေး
ကလား နဲ့.....
"ရှင်းကမှ တော်ပါသေးတယ်.. ကျွန်တော့် ရဲ့
ခေးဆိုင်ဆို ဘာရူးသလား မမေးနဲ့ သူ့ကိုယ်သူ
ဝေ ....ဘာ ရှန်း ဆိုလား အဲလိုတွေ ပြောပြီး
ကျွန်တော့် သင်တန်းမှာ တစ်ချိန်လုံး သောင်း
ကျန်းနေတာ...ဟိုတစ်လောကတောင် ဘာတဲ့
အဲထဲက မင်းသား မှုတ်တဲ့ ပုလွေဆိုလား အဲတာ
ဝယ်ခိုင်းပြီး ဂျီကျလို့ ကျွန်တော်နဲ့ ပြသနာတတ်
သေးတယ်.. "
ထူးထက်ခေါင်းက ချမ်းမြေ့ပြောသမျှတွေကို
နှုတ်ခမ်းကြီးမဲ့ကာ ခေါင်းတငြိမ့်ငြိမ့်ဖြင့် စိတ်
ဝင်တစား နားထောင်နေပေသည်။ သူက ဘဲ
ညီနဲ့အသက်ကွာလွန်းနေတော့ ခေတ်မမှီတော့
တာလား... ။ ချမ်းမြေ့ကပဲ ညီတို့ ခေးဆိုင်တို့
ကို နားလည်မှု အပြည့်အဝပေးနိုင်တာလားကို
မသိပါ..။
အဲဒီနောက်တော့ သူ နဲ့ ချမ်းမြေ့ဟာ Hotel
Reception မှာ ထိုင်ရင်း ဖုန်းတစ်လုံးကို ပြိုင်
တူကြည့်ကာ တခစ်ခစ်ရယ်နေကြတဲ့ ညီ နဲ့
ခေးဆိုင်ကို လူခွဲကာ သက်ဆိုင်ရာ အခန်းအသီး
သီးသို့ အနဲပင် ပြန်ခေါ်လာရသည်။
အဲတာကိုတောင် ခေးဆိုင်က ချမ်းမြေ့လက်ဆွဲ
ခေါ်နေသည့်ကြားကနေ " ကိုရှင်း ညမှ တွေ့
မယ်နော်" ဟု အမျှင်မပြတ်သလို ပြောနေသေး
တာမို့ ထူးထက်ခေါင် ခမျာ ခေးဆိုင်အား
မျက်စောင်းထိုးရင်း ရှင်းကို မနဲဆွဲခေါ်လာရသည်။
"ကဲ...ဆိုပါဦး ကိုယ့်ကို ...နဲနဲလေးတောင်
အဖက်မလုပ်သေးတဲ့အကြောင်း တစ်ညလုံး
လည်း ခေးဆိုင်နဲ့ တတွတ်တွတ်ပြောနေတာ
မဝေသးဘူးလား..... ဟမ် "
ထူးထက်ခေါင်က ရှင်းမြတ်နိုးပိုင်ကို လက်
မောင်းကနေ ဆွဲခေါ်လာရင်း ကုတင်ပေါ်
အင့်ခနဲထိုင်ခိုင်းလိုက်ကာ မေးစေ့ကို ကိုင်ရင်း
မေးလိုက်သည်။ရှင်းမြတ်နိုးပိုင်ကလည်း သူ့ကို အပေါ်ကအုပ်မိုးထားတဲ့ ထူးထက်ခေါင်ကို
ကြောက်အားလန့်အားနှင့် သွားစိကာ ရယ်ပြ
လိုက်ရင်း
"ဟီး... ဘာမှမဟုတ်ပါဘူး Bro ရာ... ပြီးတော့
Bro ကို ပစ်ထားတာလည်း မဟုတ်ပါဘူး ဟိုဟာ
လေ..... "
ထူးထက်ခေါင် က မျက်နှာငယ်ကလေးဖြင့်
ရှင်းပြနေသည့် ရှင်းမြတ်နိုးပိုင်ရဲ့စကားကို
ဆုံးအောင်နားမထောင်တော့ပဲ ခပ်ဟဟပွင့်
နေသော နှုတ်ခမ်းများကို သူ့နှုတ်ခမ်းများဖြင့်
အားသုံးကာ ပိတ်လိုက်သည်။ ကုတင်ပေါ်
နောက်ပြန်လှန်ကျသွားသော ရှင်းမြတ်နိုးပိုင်
သည်လည်း တစ်စက္ကန့်လေး တောင် ရုန်းကန်
နိုင်စွမ်းမရှိတော့ပဲ ထူးထက်ခေါင်ရဲ့ ချိူမြိန်လှ
သော အနမ်းတွေမှာ နစ်မျောလျက်....
ပုဇွန်ဆီရောင် ညနေခင်းသည် ချောင်းသာ
ကမ်းခြေ၏ အလှကို ပို၍ တောက်ပလာအောင်
အစွန်းကုန် ပံ့ပိုးပေးနေလေသည်။ လေလှိုင်း
ငယ် များသည် ကမ်းခြေတစ်ဝိုက် လွင့်မြူးနေ
ကြပြီး ကမ်းခြေနှင့်ပင်လယ်၏ အလှကို
အပြည့်အဝ ခံစားရစေသည်။
"New Chaungthar Hotel " ရှေ့တစ်နေရာတွင်
တော့ ရွှန်းရွှန်း နှင့် Haruto တို့အတွဲသည် ကမ်း
ခြေ ဝတ်စုံများနှင့် Hotel မှ စီစဉ်ပေးထားသော
ထီးအမိုးလေးနှင့် ဒရင်းဘတ် ပေါ်တွင် အသီး
သီး လှဲလျောင်းလျက် အုန်းစိမ်းရေ နုနုလေး
တစ်လုံးစီ ကိုင်ကာ ကမ်းခြေ၏ အရသာ ကို
အပြည့်အဝခံစားနေကြသည်။
သူတို့ အိပ်နေသောနေရာနှင့် မလှမ်းမကမ်းရှိ
သဲသောင်ပြင် တစ်နေရာတွင်တော့ ချမ်းမြေ့
ကိုကို ၊ ထူးထက်ခေါင်နှင့် ရှင်းမြတ်နိုးပိုင် တို့
သည် တစ်စုံတစ်ခုအား အသဲအသန်ပြုလုပ်
လျက် အူလှိုက်သည်းလှိုက် ရယ်နေကြပေသည်။
"ကိုကို.. ကျွန်တော် တစ်ကိုယ်လုံး ယားလာပြီ
ထွက်တော့မယ်.... ကိုရှင်း ကို အရှုံးပေးလိုက်
တော့...."
သဲပုံထဲတွင် တစ်ကိုယ်လုံး လှဲလျောင်းအိပ်ကာ
နစ်မြှုပ်နေလျက် မျက်နှာလေးပဲဖော်ထားသော
ခေးဆိုင်သည် ချမ်းမြေ့အား သနားစဖွယ်
မျက်ဝန်းလေးနှင့် ကြည့်လျက် တိုးညှင်းစွာ
ပြောလိုက်သည်။ သို့သော် ခေးဆိုင် အား
စိုက်ကြည့်လျက် အရယ်မသတ်နိုင်သေးသော
ချမ်းမြေ့က ...
"ကလေး ခဏလေးပဲ တောင့်ထား.. နောက်
ဆယ်မိနစ်ဆို တစ်နာရီပြည့်ပြီ အဲခါကျ ရှင်းဆီ
က ကလေးကြိုက်တဲ့ ကျောက်ပုဇွန် သုံးကောင်
တောင် စားရမှာလေ..."
ချမ်းမြေ့စကားအဆုံးတွင် စိုင်းစင်ခေးဆိုင်
မျက်နှာကလေးက မဲ့ရွဲ့ကာ ငိုချင်သလို ဖြစ်
သွားသည်။ ဒီ ကျောက်ပုဇွန်လေး သုံးကောင်
အတွက်နဲ့ သူ သဲထဲမှာ အယားခံပြီး အိပ်နေရ
တာ တစ်နာရီတောင်ပြည့်တော့မည်။
ကိုကို က ပါးစပ်ဆော့ပြီး ကိုရှင်းနဲ့ အသာ
အယာလေး လောင်းကြေးထပ်လိုက်ပေမဲ့
တကယ်တမ်း သူက ခံလိုက်ရတာပင်။ ဘော့စ်
ဆိုတဲ့ လူကြီးကလည်း မကောင်း ။ ကိုရှင်းနဲ့
ကိုကို တို့လုပ်သမျှတွေ သူ့အပေါ် မညှာမတာ
နှိပ်စက်နေတာတွေကို ဘေးကနေကြည့်ကာ
ရယ်ပဲရယ်နေပြီး သူ့ဘက်ကလည်း ဘာမှဝင်
မပြောကူပေး။
ကိုရှင်းတစ်ယောက်နဲ့ပဲ မျက်လုံးထဲ ပိတ်နေ
တာကြီး..။ စိုင်းစင်ခေးဆိုင်က စိတ်ထဲကနေ
သုံးယောက်လုံးကို မကျေမနပ်နှင့် ဆူအောင့်
တွေးရင်း နှုတ်ခမ်းကို ဆူထော်လိုက်သည်။
ထိုအခါမှအသားကုန်ရယ်နေရင်း စိုင်းစင်ခေး
ဆိုင်ရဲ့ချစ်စဖွယ် အမူအယာကို အသည်းယားသွားသော ချမ်းမြေ့က အမြတ်တနိုး ကြည့်လိုက်ကာ သဲသောင်ပြင်ကြားထဲမှာ တစ်ကိုယ်လုံးပျောက်နေပြီး ကွက်ပေါ်နေသော မျက်နှာလေးဆီမှ ပန်းနုရောင် နှုတ်ခမ်းဖူးလေးကို ငုံ့နမ်းလိုက်သည်။
"ဟာ..ချမ်းမြေ့...လူရှေ့ သူရှေ့ကြီးမှာကွာ..
ညီ.. လာ.... သွားမယ် "
ထူးထက်ခေါင်က ချမ်းမြေ့ ရုတ်တရက်ကြီး
ခေးဆိုင်ကို ငုံ့နမ်းလိုက်သော အမူအရာကြောင့်
ဆွံ့အသွားရင်း ရှက်ရယ်ရယ်ကာ ရှင်း လက်ကို
ဆွဲလျက် ထိုနေရာမှ လစ်ထွက်လာခဲ့သည်။
ခပ်လှမ်းလှမ်းတစ်နေရာရောက်တော့မှ ရှင်းရဲ့
လက်ကို လွှတ်လိုက်ကာ.....
"ချမ်းမြေ့ နဲ့ ခေးဆိုင်ကို အားမကျဖူးလား...ညီ "
"Bro နော် လူမြင်ကွင်းကြီးမှာ အားကျစရာလား
"အဲတာဆို လူကွယ်ရာ ... ဆိုရင်ရော.... "
"အာ........ "
ရှင်းက မျက်စောင်းလေး လှမ်းထိုးလိုက်တော့
ထူးထက်ခေါင်က ရှင်းရဲ့ နဖူးလေးကို ရွှတ်ခနဲ
နမ်းလိုက်သည် ။ ထို့နောက် လူသူကင်းရှင်းနေ
သည်အား အကြောင်းပြုလျက် ဆက်နမ်းမည်
အပြု...
"ဟိုနှစ်ယောက်... ဒါက ရှင်တို့ ဟန်းနီးမွန်း
လား ကျွန်မတို့ ဟန်းနီးမွန်းလား..."
ခပ်လှမ်းလှမ်းမှ သူတို့ဆီလျှောက်လာနေသော
ရွှန်းရွှန်း နဲ့ Haruto ကြောင့် ထူးထက်ခေါင် က
နင်သွားရကာ နမ်းလက်စအနမ်းတို့ကို အီလည်
လည်ဖြင့်သာ လက်စသတ်လိုက်ရသည်။
"မမနော် "
ရှင်းရဲ့ ရှက်ဝဲဝဲစကားကြောင့် ရွှန်းရွှန်း သာမက
Haruto ကပါ ဟက်ဟက်ပက်ပက် ရယ်မော
လိုက်သည်။
"နမ်းစရာရှိတာ ဆက်နမ်းပါဗျာ မရှက်ပါနဲ့ "
အဲဒီနောက်တော့ မြန်မာစကား မပီကလာ
ပီကလာနှင့် ပြောလိုက်သော Haruto ရဲ့ ဒဲ့ဒိုး
စကားကြောင့် ရှင်းသာ မက ထူးထက်ခေါင်
မျက်နှာမှာပါ နီမြန်းသွားရသည်။ ရွှန်းရွှန်း
ကတော့ဆက်သာ ရယ်နေလျက်.........
တိတ်တဆိတ် လှုပ်ရှားမှုများ ဖျက်ဆီးခံလိုက်
ရသော ထူးထက်ခေါင်ကတော့ ညဘက်မှ
တွေ့မယ် ဟူသော အတွေးနဲ့အတူ ကိုယ့်ဘက်
ကိုယ်ယက်ကာ စိတ်ထဲမှ ကြိမ်းဝါးနေလျက်
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
" အဟမ်း..."
ရေချိူးခန်းထဲကနေ တဘက်ဖြူလေးပတ်ကာ
ထွက်လာပြီး မှန်တင်ခုံပေါ် ခြေသလုံးသားဖြူ
ဖြူများကို မြှောက်ကာ Lotion လိမ်းနေတဲ့ စိုင်း
စင်ခေးဆိုင် အားကြည့်ရင်း ချမ်းမြေ့ကိုကို က
အိပ်ယာထက်ကနေ လှဲလျောင်းအိပ်နေရင်းမှ
တံတွေးမျိူချလိုက်သည်။ ဖြူဖြူသေးသေး
ကိုယ်လုံးလေးနှင့် အပေါ်ပိုင်း ဗလာကျင်းနေ
သော ခေးဆိုင်၏ ခန္ဓာကိုယ်သည် ဆွဲမက်
လောက်စရာ ခန္ဓာကိုယ်မျိူးမဟုတ်သော်လည်
ဗိုက်ခေါက်သေးသေးကလေး ထွက်နေသည်
ကပင် သူ့အား အပြည့်အဝ ဆွဲဆောင်နေလေ
သည်။ ထို့နောက် ခေးဆိုင်က ရေခြောက်ခါစ
ဆံပင်များကို လက်နဲ့ ခါရမ်းလိုက်ကာ မမြင်
မကန်းနှင့် Dryer ကိုပါ စမ်းနေတာမို့ ချမ်းမြေ့
က နောက်ကနေကြည့်ရင်း ပြုံးလိုက်သည်။
ထို့နောက် ကုတင်ပေါ်ကနေ ခေးဆိုင်အနားသို့
ဝုန်းခနဲ ထသွားလိုက်ကာ
"ကိုယ် လုပ်ပေးမယ် ကလေး "ဟု ညင်သာစွာ
ဆိုလျက် ခေးဆိုင် လက်ထဲက Dryer ကို ဆွဲလု
လိုက်လေသည်။ ခေးဆိုင်ကတော့ သူ့နောက်
ပါးမှာ လာရပ်တဲ့ ချမ်းမြေ့ရဲ့ ကိုယ်ငွေ့နွေးနွေး
ရဲ့ အထိအတွေ့ကြောင့် ရေခြောက်ခါစ ခန္ဓာ
ကိုယ်အေးအေးလေး တွန့်ခနဲ ဖြစ်သွားရသည်။
မှန်ကနေ မသိမသာ လှမ်းကြည့်တော့လည်း
သူ့ ဆံပင်တွေကို ဂရုတစိုက်ကိုင်ကာ သေချာ
လေမှုတ်ပေးနေသည့် ချမ်းမြေ့ကိုကို ရဲ့ပုံရိပ်
ကို ဝါးတားတားလေး မြင်နေရတာမို့ စိတ်ထဲ
က ကြိတ်ပြီး ကျေနပ်နေရသည်။ ကိုကို ဆိုတာ
သူ့ကို အခုလို တစ်ခါမှ ဂရုစိုက်ဖူးခဲ့သူ မဟုတ်။
"ရော့... ကိုယ့်ကို ချောင်းကြည့်ချင်ရင်လည်း
မျက်မှန်တပ်ပြီးကြည့် အဲတာမှ သေချာမြင်ရ
မှာပေါ့ "
ချမ်းမြေ့က သူ့ကို ခိုးကြည့်နေသော ခေးဆိုင်
ရဲ့ မျက်ဝန်းများကို ဖမ်းမိသွားတာမို့ ရယ်လိုက်
လျက် မှန်တင်ခုံပေါ် ရှိ မျက်မှန်ကို ယူကာတပ်
ပေးလိုက်သည်။
ထို့နောက် ဗိုက်ခေါက်သေးသေးလေးထွက်နေ
တဲ့ ခေးဆိုင်ရဲ့ ကိုယ်လုံးလေးကို အသဲယားလာ
သည်မို့ တစ်ကိုယ်လုံးကို ပွေ့ချီကာ ကုတင်ပေါ်
တင်လိုက်သည်။
"ကိုကို....ဘာလုပ်မလို့လဲဟင် "
ခေးဆိုင်က ချမ်းမြေ့ရဲ့ အပြုအမူများ အား
ကြိတ်ပြီး ကျေနပ်နေပေမယ့် အပြစ်ကင်းစင်
သော မျက်ဝန်းကလေးဖြင့် ချစ်စဖွယ်လေး
ဟန်လုပ်ကာ မေးလိုက်သည်။
"ကလေးက ဘာလုပ်စေချင်လဲ ပြော..."
အရိုင်းစိတ်များထကြွနေသော ချမ်းမြေသည့်
ခေးဆိုင်ကို ရီဝေဝေကလေး ကြည့်လိုက်ကာ
သူ့ရင်ဘတ်က အင်္ကျီကြယ်သီးများကို တစ်လုံး
ချင်း ဆွဲဖြုတ်လိုက်လေသည်။ ထို့နောက် ခေး
ဆိုင်ရဲ့ နှုတ်ခမ်းပါးလေးက စပြီး ညင်ညင်သာ
သာလေး နမ်းလိုက်သည်။ နှုတ်ခမ်းပါးလေးမှ
တဆင့် နားရွက်ဖျားလေးကို မထိတထိ ကစား
ပြီး လည်တိုင်ဖြူဖြူလေးသို့ လျှာလေးနဲ့တို့
လိုက်သောအခါ ခေးဆိုင် ရဲ့ ကိုယ်လုံးကလေး
တွန့် သွားသည်ကို မြင်လိုက်ရတာမို့ ချမ်းမြေ့က
ပြုံးလိုက်သည်။ ဒီကလေး လူပျိူ စစ်စစ်လးပဲ။
အဲဒီနောက်တော့ ရင်ဘတ်ဖြူဖြူ ကလေးမှ
တဆင့် ဝမ်းဗိုက်သား ပြည့်ပြည့်ကလေးဆီသို့
တဆင့်ချင်း လျှောဆင်းလိုက်သောအခါ ခေး
ဆိုင်သာ မက သူ့ရဲ့ ရင်ခုန်သံများသည်လည်း အာကာသထဲ ပို့လွှတ်တော့မည့် ဒုံးပျံတစ်ခုလို
အရှိန်ပြင်းလာခဲ့သည်။ ထိုနောက် ခေးဆိုင်ရဲ့
ခါးလေးကိုကိုင်လျက် ပတ်ထားသော တဘက်
လေးအား ဖြေချမည်အပြု အခန်းတံခါးဝဆီမှ
" ဒုန်း ဒုန်း "ဟူသော ထုရိုက်သံတစ်ခုကြောင့်
အရှိန်တတ်နေသော ခံစားမှုတို့သည် ရုတ်တရက်
ဌက်ထပျံသွားသလို ပျောက်ချင်းမလှပျောက်ကုန်ကာ စိတ်ပေါက်ပေါက်နှင့် ဒေါသတကြီး အော်ဟစ်လိုက်သည်။
"ကျစ်... ဒီအချိန်ကြီးကျမှ ဘယ်က သာသနာ
ဖျက်တွေက အခန်းတံခါးကို တဒုန်းဒုန်း ထုရိုက်
နေရတာလဲ "
ပါးစပ်က ပွစိပွစိရေရွတ်လျက် အခန်းတံခါးကို
ဒေါသတကြီး ဆောင့်ဖွင့်လိုက်သောအခါ တံခါး
ဝမှာ မျက်ရည် လည်ရွှဲဖြင့် ရပ်နေသာ ရှင်းလေး
ကို မြင်လိုက်ရတာမို့ မျက်လုံးများဝိုင်းစက်ကာ
ပါးစပ်အဟောင်းသားဖြစ်သွားရသည်။
ထို့နောက် ဖရိုဖရဲ ဖြစ်နေသော အကျီများကို
အနဲငယ် ပြင်လိုက်ပြီး
"ရှင်း....ညဘက်ကြီး ဘာဖြစ်လာတာလဲဟာ"
သူ မေးလိုက်တာကို မဖြေပဲ သူ့ ခန္ဓာကိုယ်အား
တွန်းတိုက်ထွက်သွားသော ရှင်းသည် ခေးဆိုင်
အနားရောက်တော့မှ ချူံးပွဲချငိုလေတော့သည်။
"အီး....ဟီး.... Bro ပေါ့ ခုနက Hotel ရှေ့
လမ်းထွက်လျှောက်ရင်း ခေါင်းရွက်သယ်ဆီက
ပုဇွန်ကြော် စားချင်လို့ ဝယ်မလို့ကို ဝမ်းလျှော
မှာစိုးလို့ ဆိုပြီး မစားခိုင်းဘူးလေ ငါစားချင်တာ
ကို ဘယ်လောက်တောင် ရက်စက်လိုက်သလဲ
အဲတာကြောင့် ရန်ဖြစ်ပြီး ထွက်လာခဲ့တာ "
"အင်... "
ရှင်းမြတ်နိုးပိုင်ရဲ့ ကြီးကျယ်လှသော ငိုချင်းချ
ရတဲ့ အကြောင်းပြချက်ကြီးကြောင့် ချမ်းမြေ့
ကိုကို ခမျာ နင်သွားရကာ အင်ခနဲ ဖြစ်သွားရ
တော့သည်။
ဒီသာသနာဖျက် ကလေးကတော့နော် ဟင်း
ဟင်း....။ ဒင်းလေးက ပုဇွန်ကြော်ပဲ မစား
ရတာ ငါက ဒီမှာတစ်ညလုံး ငတ်တော့မယ်.. ။
"အဲဒီတော့ ပုဇွန်ကြော်လေး မစားရတာနဲ့
ငါတို့အခန်းကို ငိုပြီး ထွက်လာတယ်ပေါ့
ရက်စက်လိုက်တာ ရှင်းရာ မင်းမို့ လုပ်ရက်တယ် "
ချမ်းမြေ့က စိတ်ကို မနဲထိန်းရင်း ငိုမဲ့မဲ့ဖြင့်
အံကြိတ်ကာပြောလိုက်သည်။ ထိုအခါမှ
ရှင်းမြတ်နိုးပိုင်က ငိုနေရင်းမှ ချမ်းမြေ့ကို
နဂါး မျက်စောင်းကြီးဖြင့် ထိုးချလိုက်ရင်း
"ချမ်းမြေ့ မင်းအသာနေ.... ခေးဆိုင် ငါ့ကို
ဒီတစ်ညတော့ မင်းနဲ့အတူအိပ်ခွင့်ပေးပါနော်
ငါ Bro ဆီကို မပြန်ချင်ဘူး သူ့ကို တစ်ရက်
လောက်တော့ မှတ်လောက်သားလောက်
ရှိအောင် ဆုံးမမှ ဖြစ်မှာ မို့ပါ "
"ဗျာ..."
ရှင်းရဲ့စကားဆုံး ခေးဆိုင်ဆီမှ " ဗျာ "ဟူသော
အာမေဍိတ်သံ တိုးတိုးအား ကြားလိုက်ရသည်။
"ဘာလဲ... ခေးဆိုင်... မင်းလည်း ချမ်းမြေ့နဲ့
ပေါင်းပြီး ငါ့ ကို မအိပ်စေချင်ဘူးမလား အဲတာ
ဆိုလည်းရတယ်လေ ငါ သဲသောင်ပြင်မှာပဲ
သွားအိပ်တော့မယ် "
"အာ...ကိုရှင်းကလည်း.. မဟုတ်ပါဖူးဗျာ
ကျွန်တော်တို့ အခန်းမှာပဲ အိပ်ပါ ..ကိုကို
ရတယ်မလား "
စိုင်းစင်ခေးဆိုင်က ချမ်းမြေ့အား ခွင့်တောင်း
သလို မျက်နှာငယ်ကလေးဖြင့် ကြည့်နေပေမဲ့
ချမ်းမြေ့က ဘာမှ တုံ့ပြန်ခြင်း မရှိပဲ စိတ်ရှုပ်
ထွေးစွာ ဝရံတာအပြင် ထွက်ထိုင်နေလိုက်သည်။
တစ်ဖက်ခန်းက ဝရံတာကို ကြည့်တော့လည်း
လက်တော့ပ်ကြီးဖွင့်ကာ မျက်မှောင်ကုတ်လျက်
ကွန်ပျူတာ screenကို သဲကြီးမဲကြီး စိုက်ကြည့်
နေသောထူးထက်ခေါင်ကို မြင်လိုက်ရတာမို့
ဝရံတာကနေ လှမ်းအော်လိုက်သည်။
"ဟေ့လူ... ရှင်းကို အခုချက်ချင်းလာခေါ် "
သူ့အသံကြားသည်နှင့် ထူးထက်ခေါင်က စိတ်
မပါသလို ခပ်လေးလေး လှည့်ကြည့်လာကာ
ပုခုံးကိုသာ တွန့်ပြလာသောကြောင့် ပို၍ စိတ်
တို သွားရသည်။ ဘာလဲ... မခေါ်နိုင်ဘူးဆိုတဲ့
သဘောလား...။
"ဟေ့လူ... ကိုယ်ချင်းစာမှပေါ့ ကျွန်တော်လည်း
ညဘက်ကျမှ....... ခေးဆိုင် နဲ့....ကျစ် "
ချမ်းမြေ့က ပြောမယ့်စကားကို မဆက်တော့ပဲ
စိတ်ညစ်ညူးသလို ရေရွတ်လိုက်သည်။ သူ့ကို
နဲနဲလေးတောင် အဖက်လုပ်ခြင်းမရှိပါပဲ Laptop
ကိုသာ သဲကြီးမဲကြီး ကြည့်နေသော ထူးထက်
ခေါင်သည် Laptop အဖုံးကို အသံမြည်အောင်
ပိတ်လိုက်လျက် အခန်းတံခါးကို ဝုန်းခနဲဆောင့်
ပိတ်ကာဝင်သွားလေသည်။ မိနစ် အနဲငယ်
လောက် အကြာမှာတော့ သူ့ဆီသို့ အစ်ကိုဟူ
သော Contact တစ်ခုမှ SMS တစ်စောင် ဝင်လာ
ခဲ့သည်။
"ရှင်းနဲ့ဝေးဝေးနေ... ခေးဆိုင်ကို အလယ်ကထားအိပ် ..ဒီတစ်ညတော့ ငါ့ကိုယ်စား ဂရုစိုက်ပေး
မက်ဆေ့ချ်ကို ဖတ်ကာ မျက်လုံးများပြူးလျက်
ဒေါသတကြီး ဖြစ်လာသော ချမ်းမြေ့ သည်
ဖုန်းကို ကျစ်ကျစ်ပါအောင် ဆုပ်လျက် ခုန်ဆွ
ခုန်ဆွ ဖြစ်နေလေသည်။ ရှင်းနဲ့ပတ်သက်ပြီး
အဖြူစင်ဆုံး နေပေးခဲ့တဲ့ သူ့သိက္ခာကိုလည်း
စော်ကားသေး..။ သူ နဲ့ ခေးဆိုင် ကိုလည်း
မသိမသာ နှောင့်ယှက်သေး...ခင်ဗျားကြီး
တစ်နေ့နေ့တော့တွေ့မယ်....
အပြင်မှာ တစ်နာရီလောက်ထိုင်နေပြီး နဲနဲအေး
လာတော့မှ အခန်းထဲသို့ မှုန်ကုပ်ကုပ် ပြန်ဝင်ခဲ့
လိုက်သည်။ အခန်းထဲသို့ ရောက်သောအခါ
မှာလည်း သူနဲ့ Love Scene ရိုက်တုန်းကထက်
ရှင်းနဲ့စကားပြောနေရသည်ကို ပိုပြီး ပျော်မွေ့
နေပုံရတဲ့ ခေးဆိုင်ကို ထုံပေပေကြည့်လျက်
စိတ်ပျက်လက်ပျက်ဖြင့် ကုတင် အစွန်းပေါ်
ခေါင်းမြီးခြုံကာ အိပ်နေလိုက်သည်။ မည်မျှ
ပင် အိပ်ပျော်ဖို့ ကြိုးစားသော်ငြား သူ့နားထဲ
တရစပ် ကြားနေရသော ရှင်းနဲ့ ခေးဆိုင်ရဲ့
အသံစူးစူးကြောင့် စောင်ခြုံထဲ ကနေသာ
လက်သီးဗုန်းပြနေရသည်။ ဘာ... သူတို့ပြော
နေတာတွေက...ဟန်ကွမ်ကျွင်း.. ဇယ်ဝူကျွင်း.
ကျန်းချန် က..... ဘယ်လို .... ရွယ်ယန်နဲ့
ကျင်းကွမ်းယောင် ပေါင်းကြံတာ... ကမ္ဘာပေါ်
မှာရှိရှိသမျှ တရုတ်နာမည်တွေကို စုံလို့ပါပဲ..။
"လန်ကျန့်ဆို ဝေ့ရင်းကို ဘယ်လောက်တောင်
ချစ်လိုက်သလဲ ဝေ့ရင်းက လန်ကျန့်လို့အော်
လိုက်တာနဲ့ တန်းရောက်လာတာလေ Bro က
တော့ အဲလိုမဟုတ်ပေါင် သေအောင်ခေါ်နေ
လည်း ငါ့ကို သူ့အလုပ်လောက် ဂရုမစိုက်ဘူး
အခုလည်းကြည့် ငါ့ကို လာတောင်မချော့ဘူး
တွေ့လား ...အီး.......ဟီး....."
ရှင်းက ပြောရင်းနဲ့ငိုနေတာမို့ ခေးဆိုင်က သူ့
လက်သေးသေးလေးဖြင့် ရှင်း ပါးပြင်ထက်က
မျက်ရည်တွေကို သုတ်ပေးလိုက်ကာ
"ကိုရှင်းကလည်း မငိုပါနဲ့.... ကိုကို လည်း
အတူတူပါပဲ..... ဘော့စ်က... ကိုရှင်းကို ချစ်
သလောက်တောင် ကိုကိုက ကျွန်တော့် ကို
မချစ်ပါဘူး ..... အီး ......."
ခေးဆိုင်ကပါ ရှင်းနဲ့အတူ လိုက်ငိုနေသောအခါ
နားမခံနိုင်တော့သော ချမ်းမြေ့က စောင်ခြုံထဲ
ကနေ ဝုန်းခနဲ ထလာကာ
"တော်ကြပါတော့ ငါအိပ်မရတော့ဘူး ပြီးတော့
ခေးဆိုင်....ခုနက စကားလေး ပြန်ပြောစမ်းပါ
ဦး ဘာ...ကိုကို က ငါ့ကို ဘော့စ်လောက် မချစ်
ဘူးဆိုတာ....မင်းတော့နော်. ဒီမှာကြည့်စမ်း ငါ
မင်းကို ဘယ်လောက် ချစ်လိုက်သလဲလို့ "
ချမ်းမြေ့က ခေးဆိုင်ရဲ့ ပါးဖောင်းဖောင်း
အိအိကလေး ကို လက်နှစ်ဖက်နှင့် ညစ်ပြီး
ပြောနေပြီးမှ သူ့ခရီးဆောင်အိတ်ကို ဖွင့်လိုက်
ကာ "The Untamed" ဇာတ်လမ်းထဲက ဝေဝူ
ရှန်းကိုင်တဲ့ ပုလွေအတိုင်း တစ်ပုံစံတည်း
အော်ဒါမှာထားခဲ့တဲ့ ပုလွေလေးကိုထုတ်ပြီး
ခေးဆိုင်ကို ပစ်ပေးလိုက်သည်။ ထိုအခါမှ
ခေးဆိုင်သည် သူ့လက်ထဲ ရောက်လာသော
ကြည်လင်တောက်ပြောင်နေတဲ့ ပုလွေလေးကို
ကြည့်နေလျက် အားပါးတရ ပြုံးကာ ချမ်းမြေ့
အား ပြေးဖက်လိုက်သည်။
"ကိုကို့ အချစ်တွေကိုကျွန်တော် နားမလည်ခဲ့
မိတာ...ခွင့်လွှတ်ပါ....အရမ်းချစ်တယ် ကိုကို "
"မချစ်လို့လည်း မရဘူး .... မင်း ပုလွေကြောင့် ငါ
ဘယ်လောက်အလုပ်ရှုပ်သွားတယ် ထင်သလဲ "
ချမ်းမြေ့ နှင့် ခေးဆိုင် ကြည်နူးနေကြသော
မြင်ကွင်းကို မျက်ရည်လေး ဝဲတဲတဲဖြင့် ကြည့်
နေရှာသောရှင်းသည် စိတ်ထဲက ကျိတ်အားကျ
နေရပေသည်။ Bro လည်း ငါ့ကို ခုနေလာချော့
ရင် ဘယ်လောက်တောင် ကောင်းလိုက်မလဲ..။
ခေါင်းအုံးလေးဖက်ကာ ဝမ်းနည်းနေရှာသော
ရှင်းသည် သူ့ဖုန်းထဲသို့ SMS တစ်စောင်ဝင်လာ
သည့် အသံကြားတာမို့ မှောက်ထားသော ဖုန်း
ကို စိတ်မပါလက်မပါ ယူကြည့်လိုက်သည်။
စာထဲမှာ ရေးထားသည်ကတော့....
"လန်ဝမ်ကျီး က ဝေဝူ့ရှန်းကို ချစ်တဲ့ အချစ်မျိူး
နဲ့ ကိုယ်ကမင်းကို ဆယ်ဆပိုချစ်ပေးပါ့မယ် ညီ "
ထို့နောက် ရှင်းမြတ်နိုးပိုင် ၏ မျက်နှာထက်တွင်
အပြုံးလေးတစ်ခု လင်းလက်သွားလေတော့သည်။
~~~~~~~~~~~~~~~~~~~~~~~~
A/N
ဖြေရှင်းချက်လေးတစ်ခု ပေးပါရစေ
ဝရံတာအပြင် ချမ်းမြေ့ထွက်သွားတဲ့
အခန်းမှာ အထူးလေး Laptop ကို သဲကြီးမဲကြီး
စိုက်ကြည့်နေခဲ့ပါတယ်။ အဲတာဟာ တကယ်
တော့ အလုပ်လုပ်နေတာ မဟုတ်ပါဘူး ။
ရှင်းလေးကို ပြန်ချော့ဖို့ ရှင်းလေးကြိုက်တဲ့
The untamed ဇာတ်ကား တစ်ခုလုံးရဲ့
ဇာတ်ကောင်တွေ အကြောင်းကို
မွှေနှောက်ပြီး ကြည့်နေခဲ့တာပါ။....
ကဲ အားလုံးပဲ ပျော်ရွှင်မောနိုင်ကြပါစေနော်
Zawgyi
ချောင်းသာကမ်းခြေ...
.
.
.
"အစ်ကို......ရောက်ပြီ......ထေတာ့ "
"ဟေ...ဟုတ်လား... "
" ညီ ..... သွားမယ် "
ထရပ်လိုက်ရင်း အနောက်ဘက်တွင်ထိုင်ကာ စိုင်းစင်ခေးဆိုင် နဲ့ စကားလက်ဆုံကျနေသော ရှင်းမြတ်နိုးပိုင်ကို မျက်မှောင်ကုတ်ကြည့်လိုက်သည်။
ရွှန်းရွှန်း ရဲ့တရားဝင်ယောက်ျား ဆိုပေမဲ့ သူတို့ အတွက်တော့ လူမျိုးခြားဧည့်သည် တစ်ယောက်ဖြစ်နေတာမို့ အထုတ်အပိုးတွေ သယ်ခိုင်းနေလို့လည်းမကောင်းဖူးမဟုတ်လား။
တစ်ခုခု ထူးခြားနေတယ် မထင်ဖူးလား "
"အစ်ကိုရော သတိထားမိတာလား ကျွန်တော်လည်း ပြောမလို့ပဲ ...သူတို့နှစ်ယောက် အခုတစ်လော အရမ်းဓာတ်တည့်နေကြသလိုပဲ ညဘက်တွေ ကျွန်တော် ခေးဆိုင်ဆီ ဖုန်းဆက် ရင်တောင် ဘယ်တော့မှ မအားဖူး အမြဲ ရှင်းနဲ့ဘဲ ပြောနေတာ "
တွဲနေတယ် ထင်နေတာလား..."
"ဘယ်လို....."
ဟုတ်လား ။ ဒီအရွယ်ကြီးရောက်မှ ကေလး
ကလား နဲ့.....
ခေါ်နေသည့်ကြားကနေ " ကိုရှင်း ညမှ တွေ့ မယ်နော်" ဟု အမျှင်မပြတ်သလို ပြောနေသေးတာမို့ ထူးထက်ခေါင် ခမ်ာ ခေးဆိုင် အား မျက်စောင်းထိုးရင်း ရှင်းကို မနဲဆွဲခေါ်လာရသည်။
လည်း ခေးဆိုင်နဲ့ တတွတ်တွတ်ပြောနေတာမဝေသးဖူးလား..... ဟမ် "
"ဟီး... ဘာမှမဟုတ်ပါဖူး Bro ရာ... ပြီးတော့
Bro ကို ပစ်ထားတာလည်း မဟုတ်ပါဖူး ဟိုဟာ
လေ..... "
နိုင်စွမ်းမရှိတော့ပဲ ထူးထက်ခေါင်ရဲ့ ချိုမြိန်လှ
တော့...."
ဆယ်မိနစ်ဆို တစ်နာရီပြည့်ပြီ အဲခါက် ရှင်းဆီ
တောင် စားရမှာလေ..."
နှုတ်ခမ်းဖူးလေးကို စုပ်နမ်းလိုက်သည်။
" အာ........ "
"မမနော် "
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
" အဟမ်း..."
ရေချိုးခန်း ထဲကနေ တဘက်ဖြူလေးပတ်ကာ
ဖြူများကို မြှောက်ကာ Lotion လိမ်းနေတဲ့ စိုင်းစင်ခေးဆိုင် အားကြည့်ရင်း ချမ်းမြေ့ကိုကို ကအိပ်ယာထက်ကနေ လှဲလျောင်းအိပ်နေရင်းမှတံတွေးမျိုချလိုက်သည်။ ဖြူဖြူသေးသေး ကိုယ်လုံးလေးနှင့် အပေါ်ပိုင်း ဗလာကျင်းနေ သော ခေးဆိုင်၏ ခန္ဓာကိုယ်သည် ဆွဲမက်လောက်စရာ ခန္ဓာကိုယ်မျိုးမဟုတ်သော်လည်
မှာပေါ့ "
အနဲငယ် ပြင်လိုက်ပြီး
ပုဇွန်ကြော် စားချင်လို့ ဝယ်မလို့ကို ဝမ်းလျှော မှာစိုးလို့ ဆိုပြီး မစားခိုင်းဖူးလေ ငါစားချင်တာကို ဘယ်လောက်တောင် ရက်စက်လိုက်သလဲ
"အင်... "
"ချမ်းမြေ့ မင်းအသာနေ.... ခေးဆိုင် ငါ့ကို ဒီတစ်ညတော့ မင်းနဲ့အတူအိပ်ခွင့်ပေးပါနော် ငါ Bro ဆီကို မပြန်ချင်ဖူး သူ့ကို တစ်ရက်
"ဗျာ..."
"ဘာလဲ... ခေးဆိုင်... မင်းလည်း ချမ်းမြေ့နဲ့ ပေါင်းပြီး ငါ့ ကို မအိပ်စေချင်ဖူးမလား အဲတာဆိုလည်းရတယ်လေ ငါ သဲသောင်ပြင်မှာပဲ သွားအိပ်တော့မယ် "
ရတယ်မလား "
မက်ဆေ့ခ်ျကို ဖတ်ကာ မျက်လုံးများပြူးလျက်
ခုန်ဆွ ဖြစ်နေလေသည်။ ရှင်းနဲ့ပတ်သက်ပြီး
တော့ အဲလိုမဟုတ်ပေါင် သေအောင်ခေါ်နေလည်း ငါ့ကို သူ့အလုပ်လောက် ဂရုမစိုက်ဖူး အခုလည်းကြည့် ငါ့ကို လာတောင်မချော့ဖူး တွေ့လား ...အီး.......ဟီး....."
မချစ်ပါဖူး......အီး....."
"တော်ကြပါတော့ ငါအိပ်မရတော့ဖူး ပြီးတော့ ခေးဆိုင်....ခုနက စကားလေး ပြန်ပြောစမ်းပါဦး ဘာ...ကိုကို က ငါ့ကို ဘော့စ်လောက် မချစ် ဖူးဆိုတာ....မင်းတော့နော်. ဒီမှာကြည့်စမ်း ငါ မင်းကို ဘယ်လောက် ချစ်လိုက်သလဲလို့ "
ချမ်းမြေ့က ခေးဆိုင်ရဲ့ ပါးဖောင်းဖောင်း အိအိကလေး ကို လက်နှစ်ဖက်နှင့် ညစ်ပြီးပြောနေပြီးမှ သူ့ခရီးဆောင်အိတ်ကို ဖွင့်လိုက် ကာ "The Untamed" ဇာတ်လမ်းထဲက ဝေဝူ ရှန်းကိုင်တဲ့ ပုလွေအတိုင်း တစ်ပုံစံတည်း အ်ာဒါမှာထားခဲ့တဲ့ ပုလွေလေးကိုထုတ်ပြီး ခေးဆိုင်ကို ပစ်ပေးလိုက်သည်။ ထိုအခါမှ
"မချစ်လို့လည်း မရဖူး...မင်း ပုလွေကြောင့် ငါ ဘယ်လောက်အလုပ်ရှုပ်သွားတယ် ထင်သလဲ "
"လန်ဝမ်ကျီး က ဝေဝူ့ရှန်းကို ချစ်တဲ့ အချစ်မျိုး
~~~~~~~~~~~~~~~~~~~~~~~~
A/N
Continue Reading
You'll Also Like
179K 13.5K 47
အထပ်ထပ် ရစ်ပတ်နှောင်ဖွဲ့၍ မြတ်နိုးခြင်းမည်သော မေတ္တာတရားတို့အား နှလုံးသားတွင်း သန့်ရှင်းစွာ တည်ရှိစေ .....။ အထပ်ထပ် ရစ်ပတ်နှောင်ဖွဲ့၍ မြတ်နိုးခြင်းမ...
467 90 15
අලසකම ගෙවා ගන්න, හිත් සනසන්න අතින් වචන වූ කල්හි...... කවි ලිවීම යනු නොනවතින ඇබ්බැහිවීමකි ❤️❤️ Only short poems Sweet poems Enjoy my works❤️❤️
18.6K 820 32
သံယောဇဉ် ဆိုတဲ့တံတားကိုနင်းဖြတ်ပီး နှလုံးသားကိုပဲဦးစားပေးရွေးချယ်ရဲပါ့မလားဆိုရင် ကျွန်တော် ကတော့... သံယောဇဉ် ဆိုတဲ့တံတားကိုနင်းဖြတ်ပီး နှလုံးသား ကို...
510K 39.8K 40
စကားတွေ အများကြီး မလိုပါဘူး ရိုးသွင်ရယ်။ အဓိက က မင်း ငါ့ကို ချစ်တယ်ဆိုတာ... ငါ ခံစားမိတယ်....။ Pic crd {Pinterest } {Uni life/ Same age} စကားေတြ အမ်ာ...