" ခ်မ္းလိုက္တာ အမ ကြၽန္ေတာ္ဆိုင္ကယ္မယူသြားလို႔မရဘူးလား "
" မရဘူး ငါ့သားကို လမ္းေလ်ွာက္ခိုင္းမလို႔လား "
" ဟာ အမရာ သံုးဘီးေခၚသြားလို႔ရသားနဲ႔ "
" ဒီခ်ိန္ ေစ်းႀကီးတယ္ သြားမွာသာသြားစမ္း ကားဆိုက္ေနရင္ ငါ့သားေလးေစာင့္ေနရလိမ့္မယ္ "
မေကြးရာသီဥတုက မိုးလင္းအာရုဏ္ဆို ဘယ္လိုခ်မ္းမွန္းမသိ။ ေလတိုက္ေတာ့ပိုခ်မ္းသည္။
ကမ္းနားဘက္ကမွ ကားဂိတ္က အတန္ငယ္ေဝးသည္။ ဟိုငနာေလးကေတာ့ေလ ခုခ်ိန္ဆို ကားဂိတ္မွာ ေျခေစာင့္ေနလာက္ၿပီ။
ကားဂိတ္ကေတာ့ ေန႔နဲ႔ညမွားေနသလို စည္းကားေနခ်က္။
ကားဂိတ္မွာ တစ္ပတ္ပတ္ၾကည့္ေတာ့ ကားကေတာ့ ဆိုက္ေနၿပီ။ လူကေတာ့ မေတြ႕။
ဂိတ္ထဲမွာလည္းမေတြ႕။ ဟ ဘယ္ေရာက္ေနတာတုန္း။
ကားကိုတစ္ပတ္ပတ္ၾကည့္မွ ေတြ႕ပါၿပီ။ အထုပ္ေတြခ်တဲ့နား မက္တပ္ရပ္ေနတာ။
အိုး မေတြ႕တာ၁နွစ္ပဲ ရွိပါေသးတယ္။ အရပ္က ကြၽန္ေတာ္ေမာ္ၾကည့္ေနရၿပီတဲ့လား။
ကြၽန္ေတာ့္ကိုျမင္ေတာ့ မက္တပ္ရပ္ေနရာက ေျပးလာတာ လူကိုအင့္ခနဲပဲ။
" ေယာက္... ဖ "
သူေအာ္ေခၚကာ ေျပးဖက္လိုက္ေတာ့ ေဘးက ခရီးသည္ေတြက ျပဴးၾကည့္ၾကသည္။
" ဟ လႊတ္ဦးဟ လူေတြ ၾကည့္ေနတယ္ "
" လႊတ္ဘူး လႊတ္ဘူး ဘာလို႔ေနာက္က်ေနတာလဲ ေယာက္ဖရာ "
" ခ်မ္းလို႔ ဆိုင္ကယ္ေျဖးေျဖးေမာင္းလာေတာ့ ေနာက္က်သြားတာ ေရာက္တာၾကာေနၿပီလား "
" နာရီဝက္ေလာက္ရွိၿပီရယ္ ေယာက္ဖ အိမ္အျမန္သြားရေအာင္ ငါအိပ္ခ်င္ေနၿပီရယ္ "
" ေအးပါကြာ ဘာေတြပါေသးလဲ ပစၥည္း "
" မား ထည့္ေပးလိုက္တဲ့ မုန္႔တစ္ျခင္း ပါတယ္ "
" မင့္အထုပ္ေရာ "
" ေက်ာပိုးအိတ္ပဲ အပိုမပါဘူး ေယာက္ဖဆီက ငွားဝတ္မယ္ "
" မပါရင္ မဝတ္ပဲေန ငွားေတာ့မငွားဘူး "
"ဟာ ကပ္စီးပုတ္လိုက္တာ ေယာက္ဖရာ အေမ့ကို တိုင္ေျပာမယ္ "
" ေအးေျပာေပါ့ အမက မင္းဘက္ကဆိုေတာ့ အဘအဝတ္ေတြ ထုတ္ေပးလိမ့္မယ္ "
" ဟာ မင္းအဘ အဝတ္ေတြေတာ့ မဝတ္ခ်င္ဘူး "
" ငါေတာ့မငွားဘူး "
" သြားမယ္ အိပ္ခ်င္ၿပီ "
ဆြဲျခင္းက ခပ္ေသးေသးမို႔ ေရွ႕ဒူးၾကားထဲ ညႇပ္လိုက္သည္။
ဆိုင္ကယ္ေပၚတက္ထိုင္ေတာ့ အိက်သြားသည္။
" အုပ္စိုး မင္းဝက္ျဖစ္ေနၿပီဟ "
" ဘာျဖစ္တုန္း ဝက္ျဖစ္ေတာ့ မင္းကမခ်စ္ေတာ့ဘူးလား ေယာက္ဖ "
" ေတာ္စမ္း ေသခ်ာကိုင္ထား ငါကျခင္းကိုထိန္းရဦးမွာ "
" စိတ္ခ် ေယာက္ဖ "
ေျပာရင္း ခါးကို ယွက္သိုင္းလာတဲ့ လက္နွစ္ဖက္။ ေက်ာေပၚေရာက္လာတဲ့ ကိုယ္ေငြ႕ေႏြးေႏြး။
ပုခံုးေပၚ မွီတင္လာတဲ့ ေခါင္း။
" ေလးတယ္ဟ ဖယ္စမ္း "
အမွန္လည္းေလးပါသည္။ သူနဲ႔ယွဥ္ရင္ မနွစ္ကထိ သိပ္မသိသာေသးေပမဲ့ ခုေတာ့ လူက သိသိသာသာ ကြာျခားေနၿပီေလ။
" ငါလြမ္းေနတာ "
ရုတ္ခ်ည္းတိတ္က်သြားတဲ့ပတ္ဝန္းက်င္မွာ ပုရစ္ေအာ္သံေလးေတြေတာင္မၾကားရေတာ့သလို။
အမွန္ေတာ့ ေစ်းသူေစ်းသားေတြက ဆိုင္ကယ္တဝီဝီနဲ႔ သြားေနၾကၿပီ။ လႈပ္ရွားသက္ဝင္ေနတဲ့လမ္းမွာ ကြၽန္ေတာ္တို႔ဆိုင္ကယ္ေလးကပဲ စက္သံေလးတစ္ခုနဲ႔ တိတ္ဆိတ္လို႔။
တကယ္အိပ္ခ်င္ေနတယ္ထင္ပါရဲ႕။ အသက္ရွဴသံေနွးက်သြားတာေလးက လည္ပင္းကိုထိကပ္ေနေတာ့ အိပ္ေပ်ာ္သြားၿပီမွန္း သိသာသည္။
အေမႊေကာင္ မင္းဘာေတြ စတန္႔ထြင္ျပန္ၿပီလဲ။ ဘာေတြ ေလ်ွာက္ေမႊဦးမွာလဲ။
လြမ္းတယ္လို႔ ေျပာေတာ့ ဒီလူက ရင္ခုန္သံေတာင္မမွန္ခ်င္ေတာ့ဘူးကြာ။
" အုပ္စိုး ထဦး အိမ္ေရာက္ၿပီ အခန္းထဲ က်မွ ျပန္အိပ္ "
" ေရာက္ၾကၿပီလား ေအာင္မေလး ငါ့သားက အိပ္ေပ်ာ္လာတာကိုး "
" ႀကီးေမ သားလြမ္းေနတာ "
ေမာင္ခႊ်ဲ ျဖစ္သြားရျပန္ၿပီ။
" ဒါ မားတို႔ထည့္ေပးလိုက္တာ သား အိပ္ခ်င္တုန္းပဲ ႀကီးေမရာ "
" ဘုန္းေမာင္ ေခၚသြားေလ မင့္ပါအိပ္လိုက္ အိပ္ေရးမဝဘူးမလား "
" ဒါဆို မနက္မွ စကားေျပာမယ္ ႀကီးေမ လာေယာက္ဖ သြားအိပ္မယ္ "
" အမ ဆိုင္ကယ္မသြင္းခဲ့ရဘူး "
" ထားလိုက္ အမ မင္းဘူးဘက္ ကူးစရာရွိတယ္ "
" ဟုတ္ "
အေပၚထပ္ ကြၽန္ေတာ့အခန္းမွာ ကုတင္က အင္မတန္ႀကီးသည္။ ၃ေယာက္ေလာက္က်ယ္က်ယ္ဝန္းဝန္း အိပ္ရေလာက္ေအာင္ထိ က်ယ္ေတာ့ တိုင္ေကာင္ဟာ အိပ္ာေပၚ လွိမ့္ေနၿပီ။
" အုပ္စိုး မင္းအခန္းမွာ အဲကြန္းမရွိဘူးလား "
" အဲကြန္းမလိုဘူး ျပတင္းထဖြင့္လိုက္ "
ျပတင္းကိုဖြင့္ခ်လိုက္ေတာ့ အာရုဏ္ဦးေလႏုေထြးက တမာေတာကုိျဖတ္ၿပီး ဝင္လာသည္။
" ဟားး ေကာင္းခ်က္ သဘာဝအဲကြန္းပဲ ခုက်ေတာ့လည္း ေစာနက သူေအးတာနဲ႔ မတူေတာ့ျပန္ဘူး "
" မင္းအိပ္ခ်င္တယ္ဆို အိပ္ေလ "
" အင္း မင္းပါလာအိပ္ "
" ငါေတာ္ၿပီ မင္းပဲ.... "
စကားမဆံုးခင္ ဆြဲခ်လိုက္ေတာ့ လူက ခုတင္ေပၚ ေျခကားယားလက္ကားယား ပစ္က်သြားသည္။
" စကားမ်ားတယ္ အိပ္ခ်င္ၿပီ "
ေႏြပူပူ ေလးႏုေအးဝင္ထြက္ေနတဲ့ အခန္းေလး။
အသက္ရွဴသံမွန္မွန္နဲ႔ တိတ္က်သြားခ်ိန္။
အရပ္ရွည္ရွည္ေကာင္ေလးရဲ႕ ရင္ဘတ္ေပၚမွာ ျဖဴလံုးပိန္ရွည္ေလးဟာ ေမွာက္ရက္အိပ္ေပ်ာ္လို႔။
ထိုေန႔မနက္က ၁၀နာရီမွ အိပ္ယာထရင္း မနက္စာငတ္ခဲ့ၾကသည္။
........
For Unicode
" ချမ်းလိုက်တာ အမ ကျွန်တော်ဆိုင်ကယ်မယူသွားလို့မရဘူးလား "
" မရဘူး ငါ့သားကို လမ်းလျှောက်ခိုင်းမလို့လား "
" ဟာ အမရာ သုံးဘီးခေါ်သွားလို့ရသားနဲ့ "
" ဒီချိန်ဈေးကြီးတယ်သွားမှာသာသွားစမ်း ကားဆိုက်နေရင်ငါ့သားလေးစောင့်နေရလိမ့်မယ်"
မကွေးရာသီဥတုက မိုးလင်းအာရုဏ်ဆို ဘယ်လိုချမ်းမှန်းမသိ။လေတိုက်တော့ပိုချမ်းသည်။
ကမ်းနားဘက်ကမှ ကားဂိတ်က အတန်ငယ်ဝေးသည်။ ဟိုငနာလေးကတော့လေ ခုချိန်ဆို ကားဂိတ်မှာခြေစောင့်နေလာက်ပြီ။
ကားဂိတ်ကတော့နေ့နဲ့ညမှားနေသလို စည်းကားနေချက်။
ကားဂိတ်မှာ တစ်ပတ်ပတ်ကြည့်တော့ ကားကတော့ ဆိုက်နေပြီ။ လူကတော့ မတွေ့။
ဂိတ်ထဲမှာလည်းမတွေ့။ ဟဘယ်ရောက်နေတာတုန်း။
ကားကိုတစ်ပတ်ပတ်ကြည့်မှတွေ့ပါပြီ။ အထုပ်တွေချတဲ့နား မက်တပ်ရပ်နေတာ။
အိုး မတွေ့တာ၁နှစ်ပဲ ရှိပါသေးတယ်။ အရပ်က ကျွန်တော်မော်ကြည့်နေရပြီတဲ့လား။
ကျွန်တော့်ကိုမြင်တော့ မက်တပ်ရပ်နေရာကပြေးလာတာ လူကိုအင့်ခနဲပဲ။
"ယောက်... ဖ "
သူအော်ခေါ်ကာပြေးဖက်လိုက်တော့ဘေးက ခရီးသည်တွေက ပြူးကြည့်ကြသည်။
" ဟ လွှတ်ဦးဟ လူတွေ ကြည့်နေတယ်"
" လွှတ်ဘူး လွှတ်ဘူး ဘာလို့နောက်ကျနေတာလဲယောက်ဖရာ "
" ချမ်းလို့ ဆိုင်ကယ်ဖြေးဖြေးမောင်းလာတော့နောက်ကျသွားတာရောက်တာကြာနေပြီလား "
" နာရီဝက်လောက်ရှိပြီရယ်ယောက်ဖ အိမ်အမြန်သွားရအောင်ငါအိပ်ချင်နေပြီရယ်"
"အေးပါကွာ ဘာတွေပါသေးလဲ ပစ္စည်း "
" မား ထည့်ပေးလိုက်တဲ့ မုန့်တစ်ခြင်း ပါတယ်"
" မင့်အထုပ်ရော "
"ကျောပိုးအိတ်ပဲ အပိုမပါဘူးယောက်ဖဆီက ငှားဝတ်မယ်"
" မပါရင်မဝတ်ပဲနေ ငှားတော့မငှားဘူး "
"ဟာ ကပ်စီးပုတ်လိုက်တာယောက်ဖရာ အမေ့ကို တိုင်ပြောမယ်"
"အေးပြောပေါ့ အမက မင်းဘက်ကဆိုတော့ အဘအဝတ်တွေ ထုတ်ပေးလိမ့်မယ်"
" ဟာ မင်းအဘ အဝတ်တွေတော့ မဝတ်ချင်ဘူး "
" ငါတော့မငှားဘူး "
" သွားမယ်အိပ်ချင်ပြီ "
ဆွဲခြင်းက ခပ်သေးသေးမို့ရှေ့ဒူးကြားထဲ ညှပ်လိုက်သည်။
ဆိုင်ကယ်ပေါ်တက်ထိုင်တော့ အိကျသွားသည်။
" အုပ်စိုး မင်းဝက်ဖြစ်နေပြီဟ "
" ဘာဖြစ်တုန်း ဝက်ဖြစ်တော့ မင်းကမချစ်တော့ဘူးလားယောက်ဖ "
"တော်စမ်းသေချာကိုင်ထား ငါကခြင်းကိုထိန်းရဦးမှာ "
" စိတ်ချယောက်ဖ "
ပြောရင်း ခါးကို ယှက်သိုင်းလာတဲ့ လက်နှစ်ဖက်။ကျောပေါ်ရောက်လာတဲ့ ကိုယ်ငွေ့နွေးနွေး။
ပုခုံးပေါ် မှီတင်လာတဲ့ခေါင်း။
"လေးတယ်ဟ ဖယ်စမ်း "
အမှန်လည်းလေးပါသည်။ သူနဲ့ယှဉ်ရင်မနှစ်ကထိ သိပ်မသိသာသေးပေမဲ့ ခုတော့ လူက သိသိသာသာ ကွာခြားနေပြီလေ။
" ငါလွမ်းနေတာ "
ရုတ်ချည်းတိတ်ကျသွားတဲ့ပတ်ဝန်းကျင်မှာ ပုရစ်အော်သံလေးတွေတောင်မကြားရတော့သလို။
အမှန်တော့ဈေးသူဈေးသားတွေက ဆိုင်ကယ်တဝီဝီနဲ့ သွားနေကြပြီ။ လှုပ်ရှားသက်ဝင်နေတဲ့လမ်းမှာ ကျွန်တော်တို့ဆိုင်ကယ်လေးကပဲ စက်သံလေးတစ်ခုနဲ့ တိတ်ဆိတ်လို့။
တကယ်အိပ်ချင်နေတယ်ထင်ပါရဲ့။ အသက်ရှူသံနှေးကျသွားတာလေးက လည်ပင်းကိုထိကပ်နေတော့ အိပ်ပျော်သွားပြီမှန်း သိသာသည်။
အမွှေကောင်မင်းဘာတွေ စတန့်ထွင်ပြန်ပြီလဲ။ ဘာတွေလျှောက်မွှေဦးမှာလဲ။
လွမ်းတယ်လို့ပြောတော့ ဒီလူက ရင်ခုန်သံတောင်မမှန်ချင်တော့ဘူးကွာ။
"အုပ်စိုး ထဦး အိမ်ရောက်ပြီ အခန်းထဲ ကျမှ ပြန်အိပ်"
"ရောက်ကြပြီလားအောင်မလေး ငါ့သားက အိပ်ပျော်လာတာကိုး "
" ကြီးမေ သားလွမ်းနေတာ "
မောင်ချွှဲ ဖြစ်သွားရပြန်ပြီ။
" ဒါ မားတို့ထည့်ပေးလိုက်တာ သား အိပ်ချင်တုန်းပဲ ကြီးမေရာ "
" ဘုန်းမောင်ခေါ်သွားလေ မင့်ပါအိပ်လိုက်အိပ်ရေးမဝဘူးမလား "
" ဒါဆို မနက်မှ စကားပြောမယ်ကြီးမေ လာယောက်ဖ သွားအိပ်မယ်"
" အမ ဆိုင်ကယ်မသွင်းခဲ့ရဘူး "
" ထားလိုက်အမ မင်းဘူးဘက်ကူးစရာရှိတယ်"
" ဟုတ်"
အပေါ်ထပ်ကျွန်တော့အခန်းမှာ ကုတင်က အင်မတန်ကြီးသည်။ ၃ယောက်လောက်ကျယ်ကျယ်ဝန်းဝန်း အိပ်ရလောက်အောင်ထိ ကျယ်တော့ တိုင်ကောင်ဟာ အိပ်ာပေါ် လှိမ့်နေပြီ။
" အုပ်စိုး မင်းအခန်းမှာ အဲကွန်းမရှိဘူးလား "
" အဲကွန်းမလိုဘူး ပြတင်းထဖွင့်လိုက်"
ပြတင်းကိုဖွင့်ချလိုက်တော့ အာရုဏ်ဦးလေနုထွေးက တမာတောကိုဖြတ်ပြီး ဝင်လာသည်။
" ဟားးကောင်းချက်သဘာဝအဲကွန်းပဲ ခုကျတော့လည်းစောနက သူအေးတာနဲ့ မတူတော့ပြန်ဘူး "
" မင်းအိပ်ချင်တယ်ဆို အိပ်လေ "
" အင်း မင်းပါလာအိပ်"
" ငါတော်ပြီ မင်းပဲ.... "
စကားမဆုံးခင်ဆွဲချလိုက်တော့ လူက ခုတင်ပေါ်ခြေကားယားလက်ကားယား ပစ်ကျသွားသည်။
" စကားများတယ်အိပ်ချင်ပြီ "
နွေပူပူလေးနုအေးဝင်ထွက်နေတဲ့ အခန်းလေး။
အသက်ရှူသံမှန်မှန်နဲ့ တိတ်ကျသွားချိန်။
အရပ်ရှည်ရှည်ကောင်လေးရဲ့ ရင်ဘတ်ပေါ်မှာ ဖြူလုံးပိန်ရှည်လေးဟာမှောက်ရက်အိပ်ပျော်လို့။
ထိုနေ့မနက်က ၁၀နာရီမှ အိပ်ယာထရင်း မနက်စာငတ်ခဲ့ကြသည်။