မနက်စာစားရန်အတွက် သုံးယောက်လုံးထမင်းစားစားပွဲတွင်ထိုင်နေကြသည်။ မေဆူးခက်ရှိနေသည့်အတွက် မနက်စာကိုတော့အပြင်မှာစားရန်မလို။ သို့သော် စေလိုရာ၏အသည်းကျော်လေးက ကောက်နေသည်။
"မာမီ သားကအဲ့လူကြီးစားပြီးမှစားမယ်"
ထမင်းစားပွဲတွင်ထိုင်နေရာမှထပြီး စေလိုရာ့ကိုမျက်စောင်းထိုးပြီးထွက်သွားသည်။ မေဆူးခက်လည်းအခြေအနေကဘယ်လိုဖြစ်နေတာလဲဆိုတာသိချင်တာကြောင့် စေလိုရာ့ကိုအကြည့်တစ်ချက်နဲ့မေးလိုက်သည်။ သို့သော် စေလိုရာကခေါင်းကုတ်ပြီး အကောင်ပိစိလေးအနောက်ကိုပြေးလိုက်သွားသည်။
"ကလေး! ကလေး! ဦးကိုစိတ်ဆိုးနေတာလား"
"မဆိုးပါဘူး ... ဒီအတိုင်းပဲဘာမှမဖြစ်ဘူး"
"ဖြစ်နေပါတယ် ... ပြော ကိုယ်အမှားလုပ်မိထားတယ်မလား"
"သိချင်ရင် ဦးရဲ့ကောင်မလေးတွေကိုသွားမေးပါလား"
အခန်းတံခါးကြီးကိုဝုန်းခနဲပိတ်သွားပြီး အိပ်ရာပေါ်ပစ်လှဲပစ်လိုက်သည်။ စားပွဲပေါ်ရှိဖုန်းကိုလှမ်းယူလိုက်ပြီး နားကြပ်တပ်ကာသီချင်းဖွင့်လိုက်သည်။ ဖုန်းကိုဘောင်းဘီအိတ်ထဲထည့်လိုက်ပြီး စာအုပ်စင်လေးဆီလျှောက်သွားလိုက်သည်။ စာအုပ်စင်ပေါ်မှဖတ်ချင်သည့်စာအုပ်လေးတစ်အုပ်ကိုယူလိုက်ပြီး ပြတင်းပေါက်ဘောင်ပေါ်တွင်တက်ထိုင်လိုက်သည်။ စာအုပ်လေးကိုဖွင့်ကာစိတ်ဝင်တစားဖတ်နေသည်။ စေလိုရာကအကောင်ပိစိလေး၏အခန်းထဲသို့ဝင်လာသည်။ ပြတင်းပေါက်ဘောင်ပေါ်ကအကောင်ပိစိလေးကိုပွေ့ချီလိုက်သည်။
"ဟာ ဘာလုပ်တာလဲ ... ဒီမှာစာဖတ်နေတယ်လေ"
နားကြပ်ကလေးကိုဖြုတ်ကာ စေလိုရာကိုမော့ကြည့်ပြီး စူပုပ်ပုပ်လေးနဲ့စကားဆိုလာသည်။ စေလိုရာကဘာမှပြန်မပြောဘဲပွေ့ချီကာအောက်ထပ်သို့ဆင်းလာပြီး ထမင်းစားစားပွဲရှေ့တွင်ချပေးလိုက်သည်။
"အပြင်မှာပဲစားလိုက်တော့မယ် ... အဲ့ကလေးကိုသာသေချာကျွေး
လိုက် သွားပြီ"
အကောင်ပိစိလေးကသူရှိနေရင်မစားဘူးလို့ဆိုထားသောကြောင့် သူအပြင်မှာပဲစားလိုက်တော့မည်ဟုဆုံးဖြတ်လိုက်ခြင်းဖြစ်သည်။ တစ်သက်နဲ့တစ်ကိုယ်ဒီလောက်ချစ်တတ်တဲ့လူကိုမမြင်ဖူးလို့ မေဆူးခက်မျက်လုံးပြူးကာမော့ကြည့်မိသည်။
"ငါတောင်ရည်းစားဘဝကအဲ့လောက်အချစ်မခံရဖူးဘူးဟယ်"
စေလိုရာ အိတ်ဆွဲပြီးထွက်သွားလေသည်။ အကောင်ပိစိလေးအိမ်ရှေ့ကိုပြေးထွက်လာပေမဲ့ ထွက်သွားပြီဖြစ်သည့်ဦးရဲ့ကားကို မမီလိုက်ပါ။
"သားတို့ ရန်ဖြစ်ထားကြတာလား"
"မဟုတ်ပါဘူး ... သားကဒီအတိုင်းလေးစိတ်ဆိုးတာပါ ဦးကသား
ကိုစိတ်ဆိုးသွားပြီလားမသိဘူး"
မေဆူးခက် ရယ်လိုက်ပြီးအကောင်ပိစိလေး၏ဆံပင်တွေကို လက်ဖြင့်ထိုးဖွလိုက်သည်။
"မာမီကလည်း သားကလေးမှမဟုတ်တော့တာ အဲ့လိုမလုပ်ပါနဲ့"
"အမယ် ... ကလေးမဟုတ်ဘူးသာပြောတယ် စေလိုရာရှေ့ရောက်ရင်ကလေးလေးလိုဖြစ်သွားတာဘယ်သူလေးပါလိမ့်နော်"
"အာ မာမီကလည်းဗျာ ... တော်ပြီ အခန်းထဲပဲဝင်နေတော့မယ်"
အကောင်ပိစိလေးကအပေါ်ထပ်ပြေးတက်ပြီး အခန်းထဲဝင်သွားသည်။ မေဆူးခက်ကသူမ၏သားလေးကိုကြည့်ရင်း ရယ်မောကာအခန်းထဲဝင်သွားလေသည်။
"သားရေ မာမီနေ့လယ်စာလုပ်ပေးထားတယ် ... ဦးဆီကိုသွားပို့လိုက်"
နေ့ခင်းအထိအခန်းထဲကထွက်မလာတဲ့အကောင်ပိစိလေးကိုဦးဆီနေ့လယ်စာသွားဖို့ပေးရန်တိုက်တွန်းရင်း အပြင်သို့လွှတ်လိုက်လေသည်။ အကောင်ပိစိလေးကကျေးဇူးတင်လို့မာမီ့ကိုပြေးဖက်လေသည်။
"ကျေးဇူးပါမာမီ အရမ်းချစ်တယ် ... အဝတ်အစားလဲပြီးသွားလိုက်မယ်"
မာမီလုပ်ပေးတဲ့ထမင်းဗူးလေးကိုပိုက်ပြီး ပြုံးပျော်စွာရုံးထဲသို့ဝင်လာသည်။ အရင်တစ်ခေါက်ကလိုလုံခြုံရေးဦးလေးကြီးနဲ့ရန်မဖြစ်ရဘဲ အဆင်ပြေပြေရုံးခန်းသို့ရောက်လာသည်။
"ဦးရေ အံ့ဩသွားလား ... ဟီးဟီး"
ဖိုင်တွေကြားထဲတွင်ခေါင်းပင်မဖော်နိုင်အောင်အလုပ်လုပ်နေသည့်ဦးကို အကောင်ပိစိလေးကအပေါက်ဝကနေချောင်းကြည့်ရင်းခေါ်လိုက်သည်။ စေလိုရာကအလုပ်လုပ်နေသည့်အချိန်မျက်မှန်တပ်ရသည်။ မျက်မှန်ကိုလက်ညှိုးနဲ့ပင့်တင်လိုက်ပြီး တံခါးနားကိုလှမ်းကြည့်လိုက်တော့ ခေါင်းလေးပြူပြီးချောင်းကြည့်နေသည့်အကောင်ပိစိလေးကိုတွေ့ရသည်။
"ကလေး! ဘာလာလုပ်တာလဲ ... မိုးတွေရွာနေတယ်လေ ... တစ်ယောက်တည်းလာတာလား"
"မာမီကရုံးရှေ့အထိလိုက်ပို့ပေးတယ်"
"ခေါ်ခဲ့တာမဟုတ်ဘူးကလေးရယ်"
တံခါးနားကအကောင်ပိစိလေးကို လက်ဆွဲခေါ်လာခဲ့သည်။ ဆိုဖာပေါ်မှာထိုင်ရင်းဦးပေးသည့်ရေတစ်ခွက်ကိုအားရပါးရသောက်ချပစ်လိုက်သည်။
"မာမီကစိတ်ပြေလက်ပျောက် ရှော့ပင်းထွက်မလို့တဲ့ ... အဲ့တာကြောင့်လိုက်မလာတာ"
"ဪ ဟုတ်ပါပြီ ... ဒါကဘာလေးလဲ"
"ဦးအတွက်မာမီလုပ်ပေးလိုက်တာ ကလေးလုပ်တာမဟုတ်ဘူးနော် ... အဲ့တာကြောင့်အရမ်းအရသာရှိမှာ"
"ကလေးရယ် ဒါကတော့မှန်တာပေါ့ ... ဟားဟား"
"ဟိုလေ မနက်ကစိတ်ဆိုးသွားတာလားဟင်"
ဦးရဲ့လက်မောင်းကိုဖက်တွယ်ရင်း မျက်လုံးလေးပြူးကာမော့ကြည့်ပြီးမေးသည်။ မနက်က အကောင်ပိစိလေး မနက်စာမစားမှာကိုအရမ်းစိုးရိမ်လို့ ဒီလိုပြုမူခဲ့ခြင်းဖြစ်သည်။ ညကလုပ်ရပ်ကြောင့်လည်း သူမှားသွားတယ်လို့သူထင်မိသည်။ အကောင်ပိစိလေးကသူ့ကြောင့်ဖြစ်သွားတဲ့အမှတ်အသားလေးတွေကြောင့်အတော်နေရခက်နေသည်ကို သူသိလိုက်သည်။
"မဆိုးပါဘူး ... ကိုယ့်ကြောင့် ကလေးနေရခက်နေလို့ကိုယ်တောင်းပန်ပါတယ်"
"နေရခက်တာတော့ဟုတ်ပါတယ် ... မာမီရှိနေလို့ပါ မာမီမြင်သွားတော့မကောင်းဘူးလေ ... ကလေးကသဘောကျပါတယ်"
နောက်ဆုံးစကားလေးမှာလေသံလေးကတိုးတိုးလေးဖြစ်သွားပြီးခေါင်းလေးငုံ့သွားလေသည်။ စေလိုရာကလည်းထိုစကားကိုပြတ်ပြတ်သားသားကြားလိုက်သည်။
"ဒါပေမဲ့ ကလေးတစ်ခုသိချင်တာရှိတယ်"
"အင်း ကလေးကဘာသိချင်တာလဲ"
"အရင်တုန်းကကောင်မလေးတွေကိုအဲ့လိုလုပ်ခဲ့ဖူးတာလား ... ဟိုလေ ဆိုင်တော့မဆိုင်ပေမဲ့ ... အဲ့တာက ... ဟို ..."
အမောင်အူတိုကလေး မေးရခက်နေသည်ထင်ပါရဲ့။ သူစိတ်ဆိုးသွားမှာကိုလည်း စိုးရိမ်နေပြန်သေးသည်။ ဘယ်လောက်တောင်ချစ်ဖို့ကောင်းလိုက်တဲ့ကောင်လေးပါလိမ့်။ အူတွေအသည်းတွေယားလွန်းလို့ ဆွဲပြီးငုံသာထားပစ်လိုက်ချင်တော့တယ်။
"ချစ်တာတော့ချစ်ခဲ့ပါတယ် ... မချစ်ခဲ့ပါဘူးလို့ပြောရင်ကိုယ်ညာနေတာသိသာနေတာပဲ ... ချစ်လို့တွဲခဲ့တာလေကလေးရဲ့ ... ဒါပေမဲ့ ကလေးတွေးနေသလိုမျိုးကိစ္စတော့မရှိပါဘူး ... အမှတ်အသားတွေပေးတာကိုပြောတာ ... ဒီအူကြူးလေးနဲ့မှပဲစိတ်မထိန်းနိုင်တွေကိုဖြစ်လို့ ... ပြောပါဦး ဘာဆေးတွေစားထားတာလဲ"
"ဒီမှာတွေ့လား အခုထက်ထိနီနေသေးတယ် ... အကျင့်ပုတ်ကြီး"
"ကလေးပဲသဘောကျတယ်ဆို ... ထပ်ပေးရဦးမလား"
"တော်ပါပြီ ... ထမင်းစားဦး မာမီကသေချာလုပ်ပေးထားတာ"
"ဒယ်ဒီ့ဆီကဘာသတင်းကြားသေးလဲ ... မာမီရော ဘာပြောသေးလဲ"
"မာမီကတော့ဘာမှမပြောဘူး"
"ဒယ်ဒီကြီးတစ်ယောက်တော့ မာမီ့ကိုလွမ်းနေမှာကျိန်းသေတယ်နော် ... လေးဒယ်ဒီကြီးကမေဆူးခက်ကိုငယ်ငယ်ကတည်းကတုန်နေအောင်ချစ်တာမေဆူးခက်ကိုငယ်ငယ်ကတည်းကတုန်နေအောင်ချစ်တာ"
"မာမီကအဓိကပဲလေ ... ဟီးဟီး ဒယ်ဒီကြီးကလည်းမာမီ့ကိုလွမ်းရင်လွမ်းနေမှာပေါ့"
"ဟီးဟီး ဟုတ်တယ်နော် ... ပြန်တွေ့ပေးဦးမှပါလေ ဟီးဟီး"
နှစ်ယောက်သားစကားတွေပြောလိုက် ရယ်မောပျော်ရွှင်ရင်း နေ့လယ်အတူစားကြသည်။ အကောင်ပိစိလေးကစာအုပ်တစ်အုပ်ဖတ်ရင်း စေလိုရာအလုပ်လုပ်နေသည်ကိုထိုင်စောင့်နေသည်။ စေလိုရာ့ရုံးခန်းထဲသို့ကာင်မလေးချောချောလှလှလေးများကခေါက်တုံ့ခေါက်ပြန်ဝင်ထွက်ကြသည်။ ဒါကိုထိုင်ကြည့်နေရသည့်အကောင်ပိစိလေးသည်စာအုပ်ကြီးကိုလက်ထဲတွင်ကိုင်ထားသော်လည်း စာတစ်ကြောင်းကိုပဲထပ်တလဲလဲဖတ်နေမိသည်။ စေလိုရာ့အနားကိုအတင်းကပ်နေကြတာကိုလည်းအကောင်ပိစိလေးကြည့်ရင်း ဒေါသတွေထွက်လာသည်။
"ဦးရေကလေးဗိုက်ဆာတယ်"
ကောင်မလေးတစ်ယောက်နဲ့အလုပ်ကိစ္စစကားပြောနေသည်ကိုအကောင်ပိစိလေးကမကျေနပ်တော့ပါ။ အသံပိစိလေးနဲ့တမင်ပြောပြီး ဦးပေါင်ပေါ်တက်ထိုင်လိုက်သည်။
"ဦးလို့ ... ကလေးဗိုက်ဆာပါတယ်ဆို ဗိုက်ဆာတယ်လို့"
စေလိုရာရဲ့ပုခုံးပေါ်ကိုမှီရင်း ချွဲပြစ်နေသည့်အသံဖြင့် ထိုကောင်မလေးရှေ့တွင်ပြောလိုက်သည်။ ထိုကောင်မလေးလည်းကြောင်သွားပြီး တော်တော်လန့်သွားသည်။ စေလိုရာလည်းရုတ်တရက်ကြီးဆိုတော့ လန့်သွားသည်။
"ဟို နောက်မှပဲပြောတော့မယ်နော် ... ခွင့် ခွင့်ပြုပါဦးဘော့စ်"
စေလိုရာလည်းခေါင်းညိတ်ပြလိုက်ပြီး ထိုကောင်မလေးထွက်သွားမှ ပေါင်ပေါ်ကအကောင်ပိစိလေးကိုတင်းတင်းကြပ်ကြပ်ဆွဲဖက်ပစ်လိုက်သည်။ သူ့ကိုသဝန်တိုနေသည့်အကောင်ပိစိလေးကိုအသည်းယားလွန်းလို့ ပါးလေးနှစ်ဖက်ကိုလည်းခပ်ဖွဖွလေးဆွဲလိုက်သေးသည်။
"ကိုယ့်ကိုသဝန်တိုနေတာလား"
"ဟုတ်တယ် ... နေ့တိုင်းအဲ့ကောင်မလေးတွေနဲ့အလုပ်လုပ်ရတာလား"
"ဒါပေါ့ နေ့တိုင်းပဲ"
"ဦးမလုပ်နဲ့တော့ ... ကလေးပဲရှာကျွေးတော့မယ်"
"အောင်မလေးဗျာ ... ကလေးရဲ့ဒယ်ဒီကအလုပ်နဲ့အကိုင်နဲ့တောင်မကြည်ဘူးလေ ... ကလေးကကိုယ့်ကိုရှာကျွေးမယ်ဆိုတာသာသိကြည့် အမယ်လေး ကြက်သီးတွေတောင်ထလာပြီ"
"ခစ်ခစ် ... အပိုတွေ စကားကလည်းအရမ်းတတ်တယ် ... ကလေးကတော့လေ စိတ်ထဲရှိတာအကုန်ပြောမှာပဲ ... အဲ့ကောင်မလေးတွေနဲ့ပူးကပ်ပြီးအလုပ်လုပ်နေတာမကြိုက်ဘူး ... အဲ့တော့ ဦးကိုပိုင်ရှင်ရှိမှန်းသိအောင်လုပ်ရမယ်"
ဦးရဲ့လည်ပင်းကိုဖိကပ်ပြီးကိုက်ပစ်လေတော့သည်။ စေလိုရာမှာနာသော်လည်း အသံတစ်သံမျှပင်မထွက်ဘဲ အံကြိတ်ခံရှာသည်။ လည်ပင်းကဖြည်းဖြည်းချင်းရဲတက်လာပြီး ကိုက်ထားသည့်သွားရာကထင်းလာလေတော့သည်။
"ဂျစ်တူးလေး အခုကျေနပ်ပြီလား"
"ခ်ခ် ဦးကိုအရမ်းချစ်တာပဲ ... တစ်နေ့ဒယ်ဒီလည်းစိတ်ပြေလာမှာလို့ကလေးယုံကြည်တယ်"
"ဒါပေါ့ လက်ခံလာမှာ ... ကိုယ်တို့အတူကြိုးစားကြတာပေါ့"
အကောင်ပိစိလေးရဲ့ခေါင်းကိုထိန်းပြီးနှုတ်ခမ်းလေးကိုအသာအယာစုပ်ယူနမ်းလိုက်သည်။ အကောင်ပိစိလေးလည်း စေလိုရာရဲ့ပေါင်ပေါ်တွင်ငြိမ်ငြိမ်လေးထိုင်နေသည်။ ထိုစဉ် တံခါးမခေါက်ဘာမခေါက်ဝင်လာသည့်ရန်နိုင်သည် ပါးစပ်အဟောင်းသားဖြစ်ကာ တိတ်တိတ်လေးပြန်ထွက်သွားလေသည်။
"ငါဘာမှမမြင်လိုက်ပါဘူး"
မေဆူးခက်ဈေးဝယ်ထွက်နေစဉ် သူမဆီသို့မင်းပိုင်စေဆီမှဖုန်းဝင်လာသည်။ သူမဖုန်းကိုင်လိုက်သည်။
"ဟယ်လို"
"ခက် ဘယ်မှာလဲ"
"ရန်ကုန်မှာလေ ... ဈေးဝယ်ထွက်နေတယ်"
"ပြန်မလာတော့ဘူးလား"
"သားဘေးနားမှာနေဦးမယ် ... ခက်လည်းလက်ခံဖို့ခက်ခဲပါတယ် ... ဒါပေမဲ့ လူတိုင်းနှာခေါင်းရှုံ့တဲ့အချိန် သားဘေးနားမှာ အားဖြစ်ပေးချင်တယ် ... ခက်တို့ကမိဘလေ မိဘကအားဖြစ်ပေးရမှာပေါ့ ... ဘယ်တတ်နိုင်မှာလဲ သူ့ကံကဒီလိုပါလာတော့ စိတ်လျှော့ချပြီး ဖြစ်သမျှအကြောင်းအကောင်းပေါ့"
မင်းပိုင်စေဘာမှဆက်မပြောဘဲဖုန်းချသွားလေသည်။ မေဆူးခက်လည်းဖုန်းပြန်မခေါ်ဘဲ လျှောက်သွားနေလိုက်သည်။ မထင်မှတ်ဘဲဆိုင်တစ်ဆိုင်တွင်ကောင်လေးနှစ်ယောက်ကိုသွားတွေ့သည်။ သာမန်ထက်ပိုနေသည့်ဆက်ဆံရေးကိုသူမသတိထားမိသည်။ သူတစ်ပါးတွေကနှာခေါင်းရှုံ့နေပေမဲ့ကောင်လေးနှစ်ယောက်ကပျော်ရွှင်နေသည်။ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ကာစကားတွေအများကြီးပြောနေကြသည်။ သူမထိုကောင်လေးနှစ်ယောက်ကိုကြည့်ရင်းပြုံးမိသည်။ သူတို့ရဲ့မိဘတွေလည်းအခက်
အခဲတွေကြားထဲမှသူတို့လေးတွေကိုလက်ခံနိုင်ပါစေလို့သူမဆုတောင်းပေးလိုက်ပါသေးသည်။
"ဦး! ကလေးမုန့်သွားဝယ်ဦးမယ် ... ဒီနားမှာLotteriaရှိတယ်"
"နေဦး ကိုယ်လိုက်မယ် ... ကလေးတစ်ယောက်တည်းစိတ်မချဘူး လမ်းလည်းကူးရဦးမှာ"
အလုပ်တွေခဏရပ်ထားလိုက်ပြီး ဖုန်းနဲ့ပိုက်ဆံအိတ်ကိုဘောင်းဘီအိတ်ထဲထည့်ကာ အကောင်ပိစိလေးရဲ့လက်ကိုတွဲလိုက်သည်။ အကောင်ပိစိလေးရဲ့လက်ကိုတွဲပြီး ရုံးအပြင်ဘက်သို့ထွက်လာလိုက်သည်။ လမ်းတစ်ဖက်ကိုကူးပြီးဆိုင်ထဲသို့ဝင်လိုက်သည်။
"ဦး! ကလေးဒီမှာစားချင်တယ် ရလားဟင်"
"ရတယ်လေ ... အခုမှာခဲ့ပြီလား"
"ဟုတ် မှာခဲ့တယ် ... ဦးကအရမ်းရုပ်ဆိုးတာပဲ"
"ကလေး ကိုယ်ကြားဖူးတာကလေ အရမ်းချစ်ဖို့ကောင်းတာပဲဆိုတာပါ ... ကလေးပြောမှပဲ"
"ကလေးကသူများနဲ့တူအောင်မပြောချင်ဘူးလေ ... ဆန်းသွားတယ်မလား"
ဒီလိုပေါတောတောလေးနေတတ်တဲ့အကောင်ပိစိလေးကိုလည်း သူအရမ်းသဘောကျပါသည်။ ချစ်မိပြီဆိုကတည်းကတစ်ယောက်သောသူ၏အပြုအမူအားလုံးကိုသဘောကျနေမိသည်။ စေလိုရာခဏခဏစိုက်ကြည့်နေလို့ ရှက်သွား၍ခေါင်းငုံ့သွားသည့်အထဲအကောင်ပိစိမပါပါ။ သူ့ဘာသာသူစားစရာရှိတာကိုငုံ့စားနေသည်။ စေလိုရာ မစားဘဲ အကောင်ပိစိလေးပါးစပ်မှာပေနေတာတွေကို ဂရုတစိုက်သုတ်ပေးနေသည်။
"ဦး! မစားဘူးလားဟင် ... ကလေးပဲစားနေရတာအားနာလာပြီ ... ရော့ ဦးကအရိုးကိုက် ဟီးဟီး"
ကြက်ရိုးကြီးကိုဦးရဲ့မျက်နှာရှေ့ထိုးပေးပြီး တခစ်ခစ်နဲ့ရယ်နေလေသည်။ ဦးကကြက်ရိုးကိုကျော်ပြီး အကောင်ပိစိလေးရဲ့လက်ဖမိုးလေးကိုဖြတ်ခနဲနမ်းလိုက်သည်။
"ဟာ ဦးနော် ... အသားအရမ်းယူတယ် ... ကလေးအသားတွေလည်းပဲ့ကုန်တော့မှာပဲ"
"ချစ်လို့ပါကလေးရဲ့ ... စားစား ပြီးရင်ပြန်ကြမယ်"
ဒီလိုမြင်ကွင်းလေးကို အပြင်ဘက်ကနေလှမ်းကြည့်နေသည့်လူတစ်ဦးရှိနေသည်ကိုသူတို့နှစ်ယောက်သတိမထားမိကြပါ။
အပိုင်းသစ်ဆက်ရန် 💚
မနက်ဖြန်ဝါဆိုလပြည့်နေ့လေးမှာမာန်လေးတို့ရဲ့Extraလေးကိုတင်ပေးနိုင်အောင်ကြိုးစားနေပါတယ် ဒီအပိုင်းလေးကိုသဘောကျမယ်လို့ယုံကြည်ပါတယ် အရမ်းချစ်တယ်နော် Love U ❤
Zawgyi
မနက္စာစားရန္အတြက္ သုံးေယာက္လုံးထမင္းစားစားပြဲတြင္ထိုင္ေနၾကသည္။ ေမဆူးခက္ရွိေနသည့္အတြက္ မနက္စာကိုေတာ့အျပင္မွာစားရန္မလို။ သို႔ေသာ္ ေစလိုရာ၏အသည္းေက်ာ္ေလးက ေကာက္ေနသည္။
"မာမီ သားကအဲ့လူႀကီးစားၿပီးမွစားမယ္"
ထမင္းစားပြဲတြင္ထိုင္ေနရာမွထၿပီး ေစလိုရာ့ကိုမ်က္ေစာင္းထိုးၿပီးထြက္သြားသည္။ ေမဆူးခက္လည္းအေျခအေနကဘယ္လိုျဖစ္ေနတာလဲဆိုတာသိခ်င္တာေၾကာင့္ ေစလိုရာ့ကိုအၾကည့္တစ္ခ်က္နဲ႕ေမးလိုက္သည္။ သို႔ေသာ္ ေစလိုရာကေခါင္းကုတ္ၿပီး အေကာင္ပိစိေလးအေနာက္ကိုေျပးလိုက္သြားသည္။
"ကေလး! ကေလး! ဦးကိုစိတ္ဆိုးေနတာလား"
"မဆိုးပါဘူး ... ဒီအတိုင္းပဲဘာမွမျဖစ္ဘူး"
"ျဖစ္ေနပါတယ္ ... ေျပာ ကိုယ္အမွားလုပ္မိထားတယ္မလား"
"သိခ်င္ရင္ ဦးရဲ႕ေကာင္မေလးေတြကိုသြားေမးပါလား"
အခန္းတံခါးႀကီးကိုဝုန္းခနဲပိတ္သြားၿပီး အိပ္ရာေပၚပစ္လွဲပစ္လိုက္သည္။ စားပြဲေပၚရွိဖုန္းကိုလွမ္းယူလိုက္ၿပီး နားၾကပ္တပ္ကာသီခ်င္းဖြင့္လိုက္သည္။ ဖုန္းကိုေဘာင္းဘီအိတ္ထဲထည့္လိုက္ၿပီး စာအုပ္စင္ေလးဆီေလွ်ာက္သြားလိုက္သည္။ စာအုပ္စင္ေပၚမွဖတ္ခ်င္သည့္စာအုပ္ေလးတစ္အုပ္ကိုယူလိုက္ၿပီး ျပတင္းေပါက္ေဘာင္ေပၚတြင္တက္ထိုင္လိုက္သည္။ စာအုပ္ေလးကိုဖြင့္ကာစိတ္ဝင္တစားဖတ္ေနသည္။ ေစလိုရာကအေကာင္ပိစိေလး၏အခန္းထဲသို႔ဝင္လာသည္။ ျပတင္းေပါက္ေဘာင္ေပၚကအေကာင္ပိစိေလးကိုေပြ႕ခ်ီလိုက္သည္။
"ဟာ ဘာလုပ္တာလဲ ... ဒီမွာစာဖတ္ေနတယ္ေလ"
နားၾကပ္ကေလးကိုျဖဳတ္ကာ ေစလိုရာကိုေမာ့ၾကည့္ၿပီး စူပုပ္ပုပ္ေလးနဲ႕စကားဆိုလာသည္။ ေစလိုရာကဘာမွျပန္မေျပာဘဲေပြ႕ခ်ီကာေအာက္ထပ္သို႔ဆင္းလာၿပီး ထမင္းစားစားပြဲေရွ႕တြင္ခ်ေပးလိုက္သည္။
"အျပင္မွာပဲစားလိုက္ေတာ့မယ္ ... အဲ့ကေလးကိုသာေသခ်ာေကြၽး
လိုက္ သြားၿပီ"
အေကာင္ပိစိေလးကသူရွိေနရင္မစားဘူးလို႔ဆိုထားေသာေၾကာင့္ သူအျပင္မွာပဲစားလိုက္ေတာ့မည္ဟုဆုံးျဖတ္လိုက္ျခင္းျဖစ္သည္။ တစ္သက္နဲ႕တစ္ကိုယ္ဒီေလာက္ခ်စ္တတ္တဲ့လူကိုမျမင္ဖူးလို႔ ေမဆူးခက္မ်က္လုံးျပဴးကာေမာ့ၾကည့္မိသည္။
"ငါေတာင္ရည္းစားဘဝကအဲ့ေလာက္အခ်စ္မခံရဖူးဘူးဟယ္"
ေစလိုရာ အိတ္ဆြဲၿပီးထြက္သြားေလသည္။ အေကာင္ပိစိေလးအိမ္ေရွ႕ကိုေျပးထြက္လာေပမဲ့ ထြက္သြားၿပီျဖစ္သည့္ဦးရဲ႕ကားကို မမီလိုက္ပါ။
"သားတို႔ ရန္ျဖစ္ထားၾကတာလား"
"မဟုတ္ပါဘူး ... သားကဒီအတိုင္းေလးစိတ္ဆိုးတာပါ ဦးကသား
ကိုစိတ္ဆိုးသြားၿပီလားမသိဘူး"
ေမဆူးခက္ ရယ္လိုက္ၿပီးအေကာင္ပိစိေလး၏ဆံပင္ေတြကို လက္ျဖင့္ထိုးဖြလိုက္သည္။
"မာမီကလည္း သားကေလးမွမဟုတ္ေတာ့တာ အဲ့လိုမလုပ္ပါနဲ႕"
"အမယ္ ... ကေလးမဟုတ္ဘူးသာေျပာတယ္ ေစလိုရာေရွ႕ေရာက္ရင္ကေလးေလးလိုျဖစ္သြားတာဘယ္သူေလးပါလိမ့္ေနာ္"
"အာ မာမီကလည္းဗ်ာ ... ေတာ္ၿပီ အခန္းထဲပဲဝင္ေနေတာ့မယ္"
အေကာင္ပိစိေလးကအေပၚထပ္ေျပးတက္ၿပီး အခန္းထဲဝင္သြားသည္။ ေမဆူးခက္ကသူမ၏သားေလးကိုၾကည့္ရင္း ရယ္ေမာကာအခန္းထဲဝင္သြားေလသည္။
"သားေရ မာမီေန႕လယ္စာလုပ္ေပးထားတယ္ ... ဦးဆီကိုသြားပို႔လိုက္"
ေန႕ခင္းအထိအခန္းထဲကထြက္မလာတဲ့အေကာင္ပိစိေလးကိုဦးဆီေန႕လယ္စာသြားဖို႔ေပးရန္တိုက္တြန္းရင္း အျပင္သို႔လႊတ္လိုက္ေလသည္။ အေကာင္ပိစိေလးကေက်းဇူးတင္လို႔မာမီ့ကိုေျပးဖက္ေလသည္။
"ေက်းဇူးပါမာမီ အရမ္းခ်စ္တယ္ ... အဝတ္အစားလဲၿပီးသြားလိုက္မယ္"
မာမီလုပ္ေပးတဲ့ထမင္းဗူးေလးကိုပိုက္ၿပီး ၿပဳံးေပ်ာ္စြာ႐ုံးထဲသို႔ဝင္လာသည္။ အရင္တစ္ေခါက္ကလိုလုံၿခဳံေရးဦးေလးႀကီးနဲ႕ရန္မျဖစ္ရဘဲ အဆင္ေျပေျပ႐ုံးခန္းသို႔ေရာက္လာသည္။
"ဦးေရ အံ့ဩသြားလား ... ဟီးဟီး"
ဖိုင္ေတြၾကားထဲတြင္ေခါင္းပင္မေဖာ္နိုင္ေအာင္အလုပ္လုပ္ေနသည့္ဦးကို အေကာင္ပိစိေလးကအေပါက္ဝကေနေခ်ာင္းၾကည့္ရင္းေခၚလိုက္သည္။ ေစလိုရာကအလုပ္လုပ္ေနသည့္အခ်ိန္မ်က္မွန္တပ္ရသည္။ မ်က္မွန္ကိုလက္ညွိုးနဲ႕ပင့္တင္လိုက္ၿပီး တံခါးနားကိုလွမ္းၾကည့္လိုက္ေတာ့ ေခါင္းေလးျပဴၿပီးေခ်ာင္းၾကည့္ေနသည့္အေကာင္ပိစိေလးကိုေတြ႕ရသည္။
"ကေလး! ဘာလာလုပ္တာလဲ ... မိုးေတြ႐ြာေနတယ္ေလ ... တစ္ေယာက္တည္းလာတာလား"
"မာမီက႐ုံးေရွ႕အထိလိုက္ပို႔ေပးတယ္"
"ေခၚခဲ့တာမဟုတ္ဘူးကေလးရယ္"
တံခါးနားကအေကာင္ပိစိေလးကို လက္ဆြဲေခၚလာခဲ့သည္။ ဆိုဖာေပၚမွာထိုင္ရင္းဦးေပးသည့္ေရတစ္ခြက္ကိုအားရပါးရေသာက္ခ်ပစ္လိုက္သည္။
"မာမီကစိတ္ေျပလက္ေပ်ာက္ ေရွာ့ပင္းထြက္မလို႔တဲ့ ... အဲ့တာေၾကာင့္လိုက္မလာတာ"
"ဪ ဟုတ္ပါၿပီ ... ဒါကဘာေလးလဲ"
"ဦးအတြက္မာမီလုပ္ေပးလိုက္တာ ကေလးလုပ္တာမဟုတ္ဘူးေနာ္ ... အဲ့တာေၾကာင့္အရမ္းအရသာရွိမွာ"
"ကေလးရယ္ ဒါကေတာ့မွန္တာေပါ့ ... ဟားဟား"
"ဟိုေလ မနက္ကစိတ္ဆိုးသြားတာလားဟင္"
ဦးရဲ႕လက္ေမာင္းကိုဖက္တြယ္ရင္း မ်က္လုံးေလးျပဴးကာေမာ့ၾကည့္ၿပီးေမးသည္။ မနက္က အေကာင္ပိစိေလး မနက္စာမစားမွာကိုအရမ္းစိုးရိမ္လို႔ ဒီလိုျပဳမူခဲ့ျခင္းျဖစ္သည္။ ညကလုပ္ရပ္ေၾကာင့္လည္း သူမွားသြားတယ္လို႔သူထင္မိသည္။ အေကာင္ပိစိေလးကသူ႕ေၾကာင့္ျဖစ္သြားတဲ့အမွတ္အသားေလးေတြေၾကာင့္အေတာ္ေနရခက္ေနသည္ကို သူသိလိုက္သည္။
"မဆိုးပါဘူး ... ကိုယ့္ေၾကာင့္ ကေလးေနရခက္ေနလို႔ကိုယ္ေတာင္းပန္ပါတယ္"
"ေနရခက္တာေတာ့ဟုတ္ပါတယ္ ... မာမီရွိေနလို႔ပါ မာမီျမင္သြားေတာ့မေကာင္းဘူးေလ ... ကေလးကသေဘာက်ပါတယ္"
ေနာက္ဆုံးစကားေလးမွာေလသံေလးကတိုးတိုးေလးျဖစ္သြားၿပီးေခါင္းေလးငုံ႕သြားေလသည္။ ေစလိုရာကလည္းထိုစကားကိုျပတ္ျပတ္သားသားၾကားလိုက္သည္။
"ဒါေပမဲ့ ကေလးတစ္ခုသိခ်င္တာရွိတယ္"
"အင္း ကေလးကဘာသိခ်င္တာလဲ"
"အရင္တုန္းကေကာင္မေလးေတြကိုအဲ့လိုလုပ္ခဲ့ဖူးတာလား ... ဟိုေလ ဆိုင္ေတာ့မဆိုင္ေပမဲ့ ... အဲ့တာက ... ဟို ..."
အေမာင္အူတိုကေလး ေမးရခက္ေနသည္ထင္ပါရဲ႕။ သူစိတ္ဆိုးသြားမွာကိုလည္း စိုးရိမ္ေနျပန္ေသးသည္။ ဘယ္ေလာက္ေတာင္ခ်စ္ဖို႔ေကာင္းလိုက္တဲ့ေကာင္ေလးပါလိမ့္။ အူေတြအသည္းေတြယားလြန္းလို႔ ဆြဲၿပီးငုံသာထားပစ္လိုက္ခ်င္ေတာ့တယ္။
"ခ်စ္တာေတာ့ခ်စ္ခဲ့ပါတယ္ ... မခ်စ္ခဲ့ပါဘူးလို႔ေျပာရင္ကိုယ္ညာေနတာသိသာေနတာပဲ ... ခ်စ္လို႔တြဲခဲ့တာေလကေလးရဲ႕ ... ဒါေပမဲ့ ကေလးေတြးေနသလိုမ်ိဳးကိစၥေတာ့မရွိပါဘူး ... အမွတ္အသားေတြေပးတာကိုေျပာတာ ... ဒီအူၾကဴးေလးနဲ႕မွပဲစိတ္မထိန္းနိုင္ေတြကိုျဖစ္လို႔ ... ေျပာပါဦး ဘာေဆးေတြစားထားတာလဲ"
"ဒီမွာေတြ႕လား အခုထက္ထိနီေနေသးတယ္ ... အက်င့္ပုတ္ႀကီး"
"ကေလးပဲသေဘာက်တယ္ဆို ... ထပ္ေပးရဦးမလား"
"ေတာ္ပါၿပီ ... ထမင္းစားဦး မာမီကေသခ်ာလုပ္ေပးထားတာ"
"ဒယ္ဒီ့ဆီကဘာသတင္းၾကားေသးလဲ ... မာမီေရာ ဘာေျပာေသးလဲ"
"မာမီကေတာ့ဘာမွမေျပာဘူး"
"ဒယ္ဒီႀကီးတစ္ေယာက္ေတာ့ မာမီ့ကိုလြမ္းေနမွာက်ိန္းေသတယ္ေနာ္ ... ေလးဒယ္ဒီႀကီးကေမဆူးခက္ကိုငယ္ငယ္ကတည္းကတုန္ေနေအာင္ခ်စ္တာေမဆူးခက္ကိုငယ္ငယ္ကတည္းကတုန္ေနေအာင္ခ်စ္တာ"
"မာမီကအဓိကပဲေလ ... ဟီးဟီး ဒယ္ဒီႀကီးကလည္းမာမီ့ကိုလြမ္းရင္လြမ္းေနမွာေပါ့"
"ဟီးဟီး ဟုတ္တယ္ေနာ္ ... ျပန္ေတြ႕ေပးဦးမွပါေလ ဟီးဟီး"
ႏွစ္ေယာက္သားစကားေတြေျပာလိုက္ ရယ္ေမာေပ်ာ္႐ႊင္ရင္း ေန႕လယ္အတူစားၾကသည္။ အေကာင္ပိစိေလးကစာအုပ္တစ္အုပ္ဖတ္ရင္း ေစလိုရာအလုပ္လုပ္ေနသည္ကိုထိုင္ေစာင့္ေနသည္။ ေစလိုရာ့႐ုံးခန္းထဲသို႔ကာင္မေလးေခ်ာေခ်ာလွလွေလးမ်ားကေခါက္တုံ႕ေခါက္ျပန္ဝင္ထြက္ၾကသည္။ ဒါကိုထိုင္ၾကည့္ေနရသည့္အေကာင္ပိစိေလးသည္စာအုပ္ႀကီးကိုလက္ထဲတြင္ကိုင္ထားေသာ္လည္း စာတစ္ေၾကာင္းကိုပဲထပ္တလဲလဲဖတ္ေနမိသည္။ ေစလိုရာ့အနားကိုအတင္းကပ္ေနၾကတာကိုလည္းအေကာင္ပိစိေလးၾကည့္ရင္း ေဒါသေတြထြက္လာသည္။
"ဦးေရကေလးဗိုက္ဆာတယ္"
ေကာင္မေလးတစ္ေယာက္နဲ႕အလုပ္ကိစၥစကားေျပာေနသည္ကိုအေကာင္ပိစိေလးကမေက်နပ္ေတာ့ပါ။ အသံပိစိေလးနဲ႕တမင္ေျပာၿပီး ဦးေပါင္ေပၚတက္ထိုင္လိုက္သည္။
"ဦးလို႔ ... ကေလးဗိုက္ဆာပါတယ္ဆို ဗိုက္ဆာတယ္လို႔"
ေစလိုရာရဲ႕ပုခုံးေပၚကိုမွီရင္း ခြၽဲျပစ္ေနသည့္အသံျဖင့္ ထိုေကာင္မေလးေရွ႕တြင္ေျပာလိုက္သည္။ ထိုေကာင္မေလးလည္းေၾကာင္သြားၿပီး ေတာ္ေတာ္လန႔္သြားသည္။ ေစလိုရာလည္း႐ုတ္တရက္ႀကီးဆိုေတာ့ လန႔္သြားသည္။
"ဟို ေနာက္မွပဲေျပာေတာ့မယ္ေနာ္ ... ခြင့္ ခြင့္ျပဳပါဦးေဘာ့စ္"
ေစလိုရာလည္းေခါင္းညိတ္ျပလိုက္ၿပီး ထိုေကာင္မေလးထြက္သြားမွ ေပါင္ေပၚကအေကာင္ပိစိေလးကိုတင္းတင္းၾကပ္ၾကပ္ဆြဲဖက္ပစ္လိုက္သည္။ သူ႕ကိုသဝန္တိုေနသည့္အေကာင္ပိစိေလးကိုအသည္းယားလြန္းလို႔ ပါးေလးႏွစ္ဖက္ကိုလည္းခပ္ဖြဖြေလးဆြဲလိုက္ေသးသည္။
"ကိုယ့္ကိုသဝန္တိုေနတာလား"
"ဟုတ္တယ္ ... ေန႕တိုင္းအဲ့ေကာင္မေလးေတြနဲ႕အလုပ္လုပ္ရတာလား"
"ဒါေပါ့ ေန႕တိုင္းပဲ"
"ဦးမလုပ္နဲ႕ေတာ့ ... ကေလးပဲရွာေကြၽးေတာ့မယ္"
"ေအာင္မေလးဗ်ာ ... ကေလးရဲ႕ဒယ္ဒီကအလုပ္နဲ႕အကိုင္နဲ႕ေတာင္မၾကည္ဘူးေလ ... ကေလးကကိုယ့္ကိုရွာေကြၽးမယ္ဆိုတာသာသိၾကည့္ အမယ္ေလး ၾကက္သီးေတြေတာင္ထလာၿပီ"
"ခစ္ခစ္ ... အပိုေတြ စကားကလည္းအရမ္းတတ္တယ္ ... ကေလးကေတာ့ေလ စိတ္ထဲရွိတာအကုန္ေျပာမွာပဲ ... အဲ့ေကာင္မေလးေတြနဲ႕ပူးကပ္ၿပီးအလုပ္လုပ္ေနတာမႀကိဳက္ဘူး ... အဲ့ေတာ့ ဦးကိုပိုင္ရွင္ရွိမွန္းသိေအာင္လုပ္ရမယ္"
ဦးရဲ႕လည္ပင္းကိုဖိကပ္ၿပီးကိုက္ပစ္ေလေတာ့သည္။ ေစလိုရာမွာနာေသာ္လည္း အသံတစ္သံမွ်ပင္မထြက္ဘဲ အံႀကိတ္ခံရွာသည္။ လည္ပင္းကျဖည္းျဖည္းခ်င္းရဲတက္လာၿပီး ကိုက္ထားသည့္သြားရာကထင္းလာေလေတာ့သည္။
"ဂ်စ္တူးေလး အခုေက်နပ္ၿပီလား"
"ခ္ခ္ ဦးကိုအရမ္းခ်စ္တာပဲ ... တစ္ေန႕ဒယ္ဒီလည္းစိတ္ေျပလာမွာလို႔ကေလးယုံၾကည္တယ္"
"ဒါေပါ့ လက္ခံလာမွာ ... ကိုယ္တို႔အတူႀကိဳးစားၾကတာေပါ့"
အေကာင္ပိစိေလးရဲ႕ေခါင္းကိုထိန္းၿပီးႏႈတ္ခမ္းေလးကိုအသာအယာစုပ္ယူနမ္းလိုက္သည္။ အေကာင္ပိစိေလးလည္း ေစလိုရာရဲ႕ေပါင္ေပၚတြင္ၿငိမ္ၿငိမ္ေလးထိုင္ေနသည္။ ထိုစဥ္ တံခါးမေခါက္ဘာမေခါက္ဝင္လာသည့္ရန္နိုင္သည္ ပါးစပ္အေဟာင္းသားျဖစ္ကာ တိတ္တိတ္ေလးျပန္ထြက္သြားေလသည္။
"ငါဘာမွမျမင္လိုက္ပါဘူး"
ေမဆူးခက္ေဈးဝယ္ထြက္ေနစဥ္ သူမဆီသို႔မင္းပိုင္ေစဆီမွဖုန္းဝင္လာသည္။ သူမဖုန္းကိုင္လိုက္သည္။
"ဟယ္လို"
"ခက္ ဘယ္မွာလဲ"
"ရန္ကုန္မွာေလ ... ေဈးဝယ္ထြက္ေနတယ္"
"ျပန္မလာေတာ့ဘူးလား"
"သားေဘးနားမွာေနဦးမယ္ ... ခက္လည္းလက္ခံဖို႔ခက္ခဲပါတယ္ ... ဒါေပမဲ့ လူတိုင္းႏွာေခါင္းရႈံ႕တဲ့အခ်ိန္ သားေဘးနားမွာ အားျဖစ္ေပးခ်င္တယ္ ... ခက္တို႔ကမိဘေလ မိဘကအားျဖစ္ေပးရမွာေပါ့ ... ဘယ္တတ္နိုင္မွာလဲ သူ႕ကံကဒီလိုပါလာေတာ့ စိတ္ေလွ်ာ့ခ်ၿပီး ျဖစ္သမွ်အေၾကာင္းအေကာင္းေပါ့"
မင္းပိုင္ေစဘာမွဆက္မေျပာဘဲဖုန္းခ်သြားေလသည္။ ေမဆူးခက္လည္းဖုန္းျပန္မေခၚဘဲ ေလွ်ာက္သြားေနလိုက္သည္။ မထင္မွတ္ဘဲဆိုင္တစ္ဆိုင္တြင္ေကာင္ေလးႏွစ္ေယာက္ကိုသြားေတြ႕သည္။ သာမန္ထက္ပိုေနသည့္ဆက္ဆံေရးကိုသူမသတိထားမိသည္။ သူတစ္ပါးေတြကႏွာေခါင္းရႈံ႕ေနေပမဲ့ေကာင္ေလးႏွစ္ေယာက္ကေပ်ာ္႐ႊင္ေနသည္။ တစ္ေယာက္မ်က္ႏွာတစ္ေယာက္ၾကည့္ကာစကားေတြအမ်ားႀကီးေျပာေနၾကသည္။ သူမထိုေကာင္ေလးႏွစ္ေယာက္ကိုၾကည့္ရင္းၿပဳံးမိသည္။ သူတို႔ရဲ႕မိဘေတြလည္းအခက္
အခဲေတြၾကားထဲမွသူတို႔ေလးေတြကိုလက္ခံနိုင္ပါေစလို႔သူမဆုေတာင္းေပးလိုက္ပါေသးသည္။
"ဦး! ကေလးမုန႔္သြားဝယ္ဦးမယ္ ... ဒီနားမွာLotteriaရွိတယ္"
"ေနဦး ကိုယ္လိုက္မယ္ ... ကေလးတစ္ေယာက္တည္းစိတ္မခ်ဘဴး လမ္းလည္းကူးရဦးမွာ"
အလုပ္ေတြခဏရပ္ထားလိုက္ၿပီး ဖုန္းနဲ႕ပိုက္ဆံအိတ္ကိုေဘာင္းဘီအိတ္ထဲထည့္ကာ အေကာင္ပိစိေလးရဲ႕လက္ကိုတြဲလိုက္သည္။ အေကာင္ပိစိေလးရဲ႕လက္ကိုတြဲၿပီး ႐ုံးအျပင္ဘက္သို႔ထြက္လာလိုက္သည္။ လမ္းတစ္ဖက္ကိုကူးၿပီးဆိုင္ထဲသို႔ဝင္လိုက္သည္။
"ဦး! ကေလးဒီမွာစားခ်င္တယ္ ရလားဟင္"
"ရတယ္ေလ ... အခုမွာခဲ့ၿပီလား"
"ဟုတ္ မွာခဲ့တယ္ ... ဦးကအရမ္း႐ုပ္ဆိုးတာပဲ"
"ကေလး ကိုယ္ၾကားဖူးတာကေလ အရမ္းခ်စ္ဖို႔ေကာင္းတာပဲဆိုတာပါ ... ကေလးေျပာမွပဲ"
"ကေလးကသူမ်ားနဲ႕တူေအာင္မေျပာခ်င္ဘူးေလ ... ဆန္းသြားတယ္မလား"
ဒီလိုေပါေတာေတာေလးေနတတ္တဲ့အေကာင္ပိစိေလးကိုလည္း သူအရမ္းသေဘာက်ပါသည္။ ခ်စ္မိၿပီဆိုကတည္းကတစ္ေယာက္ေသာသူ၏အျပဳအမူအားလုံးကိုသေဘာက်ေနမိသည္။ ေစလိုရာခဏခဏစိုက္ၾကည့္ေနလို႔ ရွက္သြား၍ေခါင္းငုံ႕သြားသည့္အထဲအေကာင္ပိစိမပါပါ။ သူ႕ဘာသာသူစားစရာရွိတာကိုငုံ႕စားေနသည္။ ေစလိုရာ မစားဘဲ အေကာင္ပိစိေလးပါးစပ္မွာေပေနတာေတြကို ဂ႐ုတစိုက္သုတ္ေပးေနသည္။
"ဦး! မစားဘူးလားဟင္ ... ကေလးပဲစားေနရတာအားနာလာၿပီ ... ေရာ့ ဦးကအရိုးကိုက္ ဟီးဟီး"
ၾကက္ရိုးႀကီးကိုဦးရဲ႕မ်က္ႏွာေရွ႕ထိုးေပးၿပီး တခစ္ခစ္နဲ႕ရယ္ေနေလသည္။ ဦးကၾကက္ရိုးကိုေက်ာ္ၿပီး အေကာင္ပိစိေလးရဲ႕လက္ဖမိုးေလးကိုျဖတ္ခနဲနမ္းလိုက္သည္။
"ဟာ ဦးေနာ္ ... အသားအရမ္းယူတယ္ ... ကေလးအသားေတြလည္းပဲ့ကုန္ေတာ့မွာပဲ"
"ခ်စ္လို႔ပါကေလးရဲ႕ ... စားစား ၿပီးရင္ျပန္ၾကမယ္"
ဒီလိုျမင္ကြင္းေလးကို အျပင္ဘက္ကေနလွမ္းၾကည့္ေနသည့္လူတစ္ဦးရွိေနသည္ကိုသူတို႔ႏွစ္ေယာက္သတိမထားမိၾကပါ။
အပိုင္းသစ္ဆက္ရန္ 💚
မနက္ျဖန္ဝါဆိုလျပည့္ေန႕ေလးမွာမာန္ေလးတို႔ရဲ႕Extraေလးကိုတင္ေပးနိုင္ေအာင္ႀကိဳးစားေနပါတယ္ ဒီအပိုင္းေလးကိုသေဘာက်မယ္လို႔ယုံၾကည္ပါတယ္ အရမ္းခ်စ္တယ္ေနာ္ Love U ❤