သူငယ်​ချင်း​လေးပါတဲ့ Just Fr...

By moeswaemaung_fool

237K 18.2K 597

ရည်​မှန်းချက်​တူညီခဲ့တဲ့ သူတို့နှစ်​​ယောက်​။ ဘဝ​လျှောက်​လမ်း မတူညီတဲ့ သူတို့နှစ်​​ယောက်​။ အရမ်းချစ်​ကြတဲ့... More

အစ
အတိတ်​ဆိုတာ ၁
အတိတ်​ဆိုတာ ၂
အတိတ်​ဆိုတာ ၃
အတိတ်​ဆိုတာ ၎
အတိတ်​ဆိုတာ ၅
အတိတ်​ဆိုတာ ၆
Present Time 1
Present Time 2
Present Time 3
Present Time 4
Present Time 5
Present Time 6
Present Time 7
Present Time 8
Present Time 9
Present Time 10
Present Time 11
Present Time 12
Present Time 13
Present Time 14
Present Time 15
Present Time 16
Present Time 17
Present Time 18
Present Time 19
Present Time 20
Present Time 21
Present Time 22
Present Time 23
Present Time 24
Present Time 25
Present Time 26
Present Time 27
Ending
Hello HoneyBees
Order Now!!!😍😍😍

Prologue

28.9K 979 8
By moeswaemaung_fool



" ​ဝေ ဘာတုန်းဟ ကုလား​လေးရ "

" ဖုန်းလာ​နေတယ်​ဗျို့ "



" ​အေး လာပြီကွာ "





" အုပ်​စိုး လား "

" မင်း ဘယ်​သူ.... "

" ငါပါ အံ့ဘုန်း "






" ဘာလဲ မလာရဘူးလား "





" ​အေး ​ယောက်​ဖ "





" ​အေး မှာစရာရှိလား "




" ​အေး ​အေး "




......

For Unicode

အမြဲလိုလို မိုး​တွေ​စွေရွာ​သော ဒီနယ်​မြေ။​အေးချမ်းတာကလွန်​လို့ စိမ့်​တက်​နေ​အောင်​ချမ်းလှသည်​။ သူလည်းဘယ်​ဘဝက​ရေစက်​ရယ်​ကြောင့်​ဒီနယ်​မြေဆီ​ရောက်​နေရသည်​မသိ။

" အုပ်​ကြီး​ရေ ဗျို့ အုပ်​ကြီး "

"​ဝေ ဘာတုန်းဟ ကုလား​လေးရ "

" ဖုန်းလာ​နေတယ်​ဗျို့ "

" ဘယ်​ကတုန်း ဦးစီး​မေးရင်​မရှိဘူး​ပြောလိုက်​ကွာ "

" ဦးစီး မဟုတ်​ဘူးဗျ ပခုက္ကူကတဲ့ "

"​အေး လာပြီကွာ "

ပခုက္ကူက ဘယ်​သူပါလိမ့်​။ လုပ်​လက်​စ စာရင်း​တွေ ပစ်​ချပြီး နှစ်​ထပ်​ပျဉ်​ထောင်​လေးက​နေ​ပြေးဆင်းကာ မိုး​ရေထဲက​နေပဲ ခပ်​လှမ်းလှမ်းက ဖုန်းထားတဲ့ ရှင်းလင်း​ဆောင်​ထဲ​ပြေးလိုက်​သည်​။

​ပြော​တော့သာ ရှင်းလင်း​ဆောင်​။ ဒါကြီးက ဇရပ်​သာသာ​လေးဆိုတာ မြင်​တာနဲ့အသိသာကြီးရယ်​။

ကမ်းရိုးတန်းဖုန်း​လေး​ဘေးချထားတဲ့ ဖုန်းခွက်​ကို​ကောက်​ယူရင်း စိုသွားတဲ့ ဆံပင်​ကို လက်​နဲ့ခါချမိသည်​။

" ဟယ်​လို အမိန့်​ရှိပါခင်​ဗျာ "

" အုပ်​စိုး လား "

" မင်း ဘယ်​သူ.... "

" ငါပါ အံ့ဘုန်း "

" ဟာ အံဘုန်း မင်းကွာ ငါက ပခုက္ကူက ဆိုလို့ ဘယ်​သူများလဲလို့ ဘယ်​ကရတာလည်းကွ ဒီဖုန်းနံပါတ်​"

" အရင်​ရုံးက​နေ​လှမ်း​မေးကြည့်​တာ "

"​သြော်​အေးပါကွာ ဘာတုန်း​ယောက်​ဖ​ပြော "

" ငါ မင်းဆီလာမလို့ အဲ့ဒါ မင်း မန်း​လေး ဆင်းလာခဲ့ "

"​ဟေ ငါ့ဆီလာမလို့.....​ယောက်​ဖ မင်း​နော်​ငါမြို့ကြီးပြကြီးမှာ တာဝန်​ကျတုန်းက လာပါဆို​တော့မလာဘူး၊ ဒီပုစိ​ညောင့်​တောက်​နေရာကျမှ လာချင်​ရတယ်​လို့ "

" ဘာလဲ မလာရဘူးလား "

" မဟုတ်​ရပါဘူးကွာ လာပါ​လေ့ ဘယ်​နေ့တက်​လာမလဲ "

" ငါ ကား​ပေါ်​တောင်​ရောက်​နေပြီ "

" ချီးပဲ​ယောက်​ဖ ကြိုမ​ပြောဘူး ပြီး​ရောကွာ ငါ့ဦးစီးဆီက ကား​တောင်းပြီး လာခဲ့မယ်​ကျွဲဆည်​ကန်​ပဲမလား "

" အင်း ဒါဆို ငါဖုန်းချလိုက်​တော့မယ်​"

"​အေး​ယောက်​ဖ "

မ​တွေ့တာ နှစ်​အ​တော်​ကြာသွား​လောက်​ပြီ။ ဒီ​ကောင်​ကြီး ပခုက္ကူကို ဘယ်​လို​ရောက်​နေတာပါလိမ့်​။ ဘာကိစ္စနဲ့များ သူ့ဆီလာချင်​ရပါလိမ့်​။

ဟာ ဘာဖြစ်​ဖြစ်​သွား​တော့​ခေါ်ရမည်​။

" ကုလား​လေး​ရေ ဆိုင်​ကယ်​သော့ယူလာ​ပေးစမ်း ဦးစီးအိမ်​ခဏသွားဦးမယ်​"

" မန်း​လေးဆင်းမို့လား အုပ်​ကြီး "

"​အေး မှာစရာရှိလား "

" မရှိပါဘူးဗျာ သင်္ကြန်​လေး လည်​ခဲ့ပြီးမှ ပြန်​တက်​ခဲ့​ပေါ့ "

"​အောင်​မယ်​သူကများ ငါ့ဆရာပြန်​လုပ်​နေ​သေး မင်းကမမှာလည်း မင်းအတွက်​ထိုးမုန့်​ဝယ်​ခဲ့မယ်​ကွာ​ငါမနက်​ဖန်​မှ ပြန်​ရောက်​လိမ့်​မယ်​မင်း တိုးကြီးတို့အဖွဲ့ကို​ခေါ်ပြီး အိပ်​၊ ပျိုးပင်​တွေ ဂရုစိုက်​ဦး "

" စိတ်​ချပါ အုပ်​ကြီးရာ သွား​နေကြပဲကို "

"​အေး​အေး "

ဆိုင်ကယ်​ကောက်​ဆွဲကာ မိုးဖွဲဖွဲထဲ ဦးစီးအရာရှိအိမ်​သို့​ပြေးရသည်​။ မန်း​လေးဆင်းဖို့က ကားနဲ့မှ အဆင်​ပြေမှာ။

​သြော်​အံ့ဘုန်း အံ့ဘုန်း။ မင်းနဲ့ကျမှ ငါ့မလည်း အမြဲ အံ့အားတကြီး ဖြစ်​နေရတာချည်းပဲ။

ဒီတစ်​ခါလည်း ဘယ်​လိုအံ့သြ​အောင်​လုပ်​ချဦးမလဲ​လေ။

Continue Reading

You'll Also Like

21.2K 969 24
unicode လူတွေသေသွားခဲ့ရင် ကောင်းကင်ပေါ်မှာကြယ်လေးတွေအဖြစ်သွားနေကြတယ်လို့ပဲ ကျွန်တော်သိခဲ့တာ ဒါပေမဲ့ သူကတော့ ကြယ်လေးတွေရဲ့ပုံပြင်တွေကို ပုံစံတစ်မျိုးလ...
322K 31.2K 44
ဒန်နီရယ်က တိမ်ကလေးလို လေနှင်ရာလွင့်ချင်တယ်ဆို ကျွန်တော်က အဲဲဲဒီတိမ်ကလေးကို အုပ်မိုးကာကွယ်ပေးနိုင်တဲ့ ကောင်းကင်ကြီးပဲ ဖြစ်ချင်တာ အဲတာမှ တိမ်ကလေး ဘယ်က...
400K 15.3K 43
ကိုယ်ဟာ ကြိုးဝိုင်းထဲမှာ ကိုယ့်ကိုစိန်ခေါ်လာသမျှကောင်တွေအကုန် ထိုးရဲတယ် သတ်ရဲတယ် ကိုယ်နိုင်မယ်ဆိုတဲ့ယုံကြည်မှုရှိတယ် ကိုယ်မလုပ်ရဲတာဘာမှမရှိဘူးလို့ထင...
55K 4.3K 24
❦{Own Creation}❦ Unicode+Zawgyi ဒုက္ခခပ်သိမ်းချုပ်ငြိမ်းရာ မောင့်ရဲ့နိဗ္ဗာန်ဘုံဟာ သက်လျာပါကွယ်။ AN-စိတ်ကူးယဉ်ရေးသားမှုဖြစ်ပြီး၊ထိုခေတ်ထိုအခါ နှင့်မက...