သခင့်​စေလိုရာ

By PannWintHlwar

447K 25.7K 1.3K

စေလိုရာ 💚 သခင် (အရာအားလုံးကိုအချိန်တွေကကုစားသွားမှာပါလို့ပြောပေမဲ့ သူ့အတွက်တော့ ကလေးငယ်နှင့်ပတ်သက်သည့်အရာအား... More

အပိုင်း - ၁💚
အပိုင်း - ၂💚
အပိုင်း - ၃💚
အပိုင်း - ၄💚
အပိုင်း - ၅💚
အပိုင်း - ၆💚
အပိုင်း - ၇💚
အပိုင်း - ၈💚
အပိုင်း - ၉💚
အပိုင်း - ၁၀💚
အပိုင်း - ၁၂💚
အပိုင်း - ၁၃💚
အပိုင်း - ၁၄💚
အပိုင်း - ၁၅💚
Episode - 16💛
Episode - 17💛
Episode - 18💛
Episode - 19💛
Episode -20💛
Episode- 21💛
Episode - 22💛
Episode -23💛
Episode -24💛
Episode - 25💛
Episode - 26💛
Episode - 27💛
Episode - 28💛(Finale)
သခင့်​စေလိုရာ(Extra)

အပိုင်း - ၁၁💚

12K 818 32
By PannWintHlwar

ပြတင်းပေါက်အပြင်ဘက်မှ ငှက်ကလေးများ၏အသံများကြောင့်စေလိုရာနိုးလာသည်။ နိုးလာသည်နှင့်ချက်ချင်း ဘေးဘက်ကအခန်းလေးထဲသို့ဝင်ကြည့်လိုက်သည်။ အိပ်ရာပေါ်တွင်အကောင်ပိစိမရှိတော့ပါ။ မင်းပိုင်စေများပြန်ခေါ်သွားလေပြီလားလို့တွေးမိပေမဲ့ ဒီနေရာကိုဘယ်သူမှမသိသေးပါ။ သူအခန်းထဲကပြန်ထွက်လာတော့ အကောင်ပိစိလေးကအိမ်ရှေ့ကနေပြေးဝင်လာသည်။ သူ့အပေါ်အတင်းခုန်တက်ပြီးဖက်ထားပါတော့သည်။ အကောင်ပိစိလေးထံမှ သနပ်ခါးနံ့သင်းသင်းကလေးရလိုက်သည်မို့ ပိစိလေးမျက်နှာကိုကြည့်လိုက်သည်။

"ကလေး သနပ်ခါးလိမ်းထားတာလား"

"ဟုတ်တယ် ... ဟီးဟီး ဒေါ်ကြီးသနပ်ခါးလိမ်းထားတာတွေ့တော့ လိမ်းချင်လာလို့ဓားပြတိုက်ပြီးလိမ်းထားတာ"

"ကလေးရယ် ဒေါ်ကြီးသနားပါတယ်"

"သနားစရာမလိုပါဘူးစေလိုရာရယ် ... မင်းကလေးရဲ့ဓားပြတိုက်နည်းကတစ်မျိုးကွဲ့ ... ချစ်စရာအမူအရာလေးနဲ့ဓားပြတိုက်တော့မပေးချင်ဘဲနေပါ့မလားရှင်"

ဒေါ်ကြီးအသံကြားတော့ အကောင်ပိစိလေး သူ့ကိုယ်ပေါ်မှခုန်ဆင်းလိုက်သည်။ ဈေးခြင်းတောင်းဆွဲပြီးဝင်လာသည့်ဒေါ်ကြီးကပြုံးလျက်ပြောသည်။ ပြောနေရင်းနဲ့အကောင်ပိစလေး၏ပါးကိုဖွဖွလေးဆွဲလိုက်သည်။

"အာ ... ဒေါ်ကြီးကလည်းဗျာ"

"အမယ်လေး ရှက်နေသေးတယ် ... ဒီနေ့ကင်းမွန်ချက်မယ် အဆင်ပြေကြလားမသိဘူး"

"ပြေပါတယ်ဗျာ့ ... ကျွန်တော်အရမ်းကြိုက်တာ ဒေါ်ကြီးကိုပိုချစ်သွားပြီ ... ကျွန်တော်ကူလုပ်ပေးမယ်လေနော်"

"ကိုယ်ရေချိုးလိုက်ဦးမယ်"

အကောင်ပိစိလေးကဒေါ်ကြီးနဲ့အတူမီးဖိုချောင်တွင်ကူညီပေးနေသည်။ စေလိုရာရော သခင်လေးပါ နှစ်ဦးစလုံးဖုန်းတွေပိတ်ထားကြပြီး အရာအားလုံးကိုခေတ္တခဏလျစ်လျူရှု့ထားကြသည်။ ရန်ကုန်အိမ်တွင် မင်းပိုင်စေတို့ရောက်နေမယ်ဆိုတာလည်းရိပ်မိပါသည်။ အကောင်ပိစိလေး စေလိုရာ့ကိုမစောင့်နိုင်တော့ဘဲအခန်းထဲဝင်လာပြီး ရေချိုးခန်းတံခါးကိုထုပါတော့သည်။

"ဦးရေ ... ဦး ... ဦး ရေချိုးလို့မပြီးသေးဘူးလား ... ပြီးရင် ကလေးနဲ့လျှောက်သွားမယ်လေ"

"ပြီးပါပြီ"

စေလိုရာသည် အောက်ပိုင်းကိုသဘက်ကလေးတစ်ထည်သာပတ်ထားပြီးထွက်လာသည့်အခါ အကောင်ပိစိလေးမျက်လုံးပြူးသွားပြီး မျက်နှာကြီးကိုအုပ်ကာ ကျောခိုင်းလိုက်သည်။

"ဦးကလည်းဗျာ ... အင်္ကျီလည်းမဝတ်ဘူး ... ပြီးရင်ထွက်လာခဲ့ ကလေးအပြင်ကပဲစောင့်တော့မယ်"

အခန်းတံခါးကိုဆွဲဖွင့်ပြီးထွက်ပြေးမည်လုပ်နေသည့်အကောင်ပိစိလေးကိုသူ့ဘက်ဆွဲလှည့်လိုက်ပြီး တံခါးကိုပြန်ပိတ်လိုက်သည်။ အခန်းတံခါးပေါ်တွင်လက်နှစ်ဖက်ထောက်လိုက်ပြီး တံခါးနဲ့သူ့ကိုယ်ကြာထဲမှာအကောင်ပိစိလေးညပ်နေသည်။ အကောင်ပိစိလေးမျက်လုံးကြီးစုံမှိတ်ပြီး တောင့်တောင့်ကြီးဖြစ်နေသည်။

"ဦး ကလေးကိုအနိုင်မကျင့်နဲ့နော် ... ဖယ်ပေး ကလေးအပြင်ထွက်မလို့"

"ကိုယ့်ကိုကြည့်ပါဦး"

အကောင်ပိစိလေးရဲ့လက်ကလေးနှစ်ဖက်ကိုသူ့ခါးပေါ်တင်လိုက်တော့ သူ့ကိုယ်ကအေးစက်နေသည်ကြောင့် အကောင်ပိစိလေးတုန်သွားသည်။ ဦးရဲ့ခန္ဓာကိုယ်တောင့်တောင့်တင်းတင်းမှာ ရေစက်လက်တွဲခိုနေသည်ကို ကြည့်လည်းကြည့်ချင် မကြည့်လည်းမကြည့်ရဲနဲ့ မျက်လုံးလေးတစ်ဖက်အရင်ဖွင့်ကြည့်လိုက်သည်။ ပြီးမှနောက်တစ်ဖက်ကိုဖွင့်ကြည့်သည်။ မျက်လုံးလေးတွေပွင့်လာသည်ကြောင့် အကောင်ပိစိလေးရဲ့ပါးနှစ်ဖက်ကိုအားရပါးရနမ်းပစ်လိုက်သည်။

"မွှေးနေတာပဲကွာ ... ကလေးကို ကိုယ်ပေးစရာရှိသေးတယ် "

"အင်္ကျီအရင်ဝတ်လိုက်ပါနော် ... ကလေးထုတ်ပေးမယ်လေ"

စေလိုရာ့မှာ ဘာအင်္ကျီမှပါမလာလို့ မနေ့ကမှအသစ်တွေဝယ်လိုက်ရသည်။ အကောင်ပိစိလေး ဦးဆီမှနေရုန်းထွက်ပြီး ချည်အင်္ကျီအပြာအကွက်လေးတစ်ထည်ယူလာသည်။ ပုဆိုးလည်းယူလာပေးသည်။ ဦးအဝတ်ဝတ်နေသည့်အချိန်ကျောခိုင်းထား‌ပေးသေးသည်။

"ကလေးအရှေ့ကအံဆွဲကိုဖွင့်လိုက် ... အဲ့ထဲမှာရှိတယ်"

အကောင်ပိစိအံဆွဲကိုဖွင့်လိုက်တော့ ပါကင်ပိတ်ထားသည့်ဖုန်းအသစ်တစ်လုံးကိုတွေ့သည်။

"ဦး ကလေးဖုန်းကအကောင်းကြီးရှိသေးတယ် ... မွေးနေ့ကလည်းလိုသေးတယ်လေ ... ဒါကဘာအတွက်လဲ"

"ကလေးရဲ့ဖုန်းကို ကလေးရဲ့ဒယ်ဒီကသိမ်းပစ်မှာလို့ကိုယ်ထင်နေတယ် ... ဒီဖုန်းကိုဖွက်ထား ညဘက်ကျရင်အဆက်အသွယ်လုပ်လို့ရအောင်ကိုးဝယ်ပေးတာ ... လုံးဝမတွေ့စေနဲ့နော်"

"အာ ... ဟုတ်ဟုတ် ဦးကအရမ်းတော်တာပဲ ... သေချာဖွက်ထားလိုက်မယ် ဟီးဟီး"

"ပြီးတော့ ကိုယ်နဲ့မတွေ့ရရင်ငိုမနေနဲ့နော် သည်းခံနိုင်ရမယ် ... မဟုတ်တဲ့စိတ်တွေလည်းလျှောက်မတွေးနဲ့ ... ကိုယ်ကလေးကို ပြန်လာခေါ်မှာ ... ကလေးရဲ့နေ့စဉ်လုပ်နေတာတွေကိုပုံမှန်အတိုင်းလုပ် ကိုယ်ညတိုင်းဖုန်းဆက်မယ် ... ဖုန်းသံကိုပိတ်ထား ... ကလေးရဲ့ဒယ်ဒီသိသွားရင် ဆက်သွယ်လို့မရတော့မှာစိုးလို့"

"ဟုတ် ကလေးနားလည်ပြီ ... ကလေးစောင့်နေမယ် ဦးလာခေါ်တဲ့နေ့ကို"

"ကလေးပြန်ချင်တဲ့နေ့ကိုပြောနော် ... နေချင်သလောက်နေလို့ရတယ် ... ကိစ္စအားလုံးကိုယ်တာဝန်ယူတယ်"

အကောင်ပိစိလေးကိုတင်းတင်းကြပ်ကြပ်ဖက်ထားလိုက်သည်။ အကောင်ပိစိလေးကလည်းတင်းတင်းကြပ်ကြပ်ပြန်ဖက်ထားသည်။ စေလိုရာ၏စိတ်ထဲတွင်တော့ မင်းပိုင်စေကသခင်လေးကိုပြန်ခေါ်သွားမည်မှာကျိန်းသေနေသည်ကြောင့် အလွမ်းဓာတ်ခံကတော့ စေလိုရာ့တွင်ရှိနေပြီး စိတ်ထဲလည်းနည်းနည်းလေးလံနေလေသည်။

"အဆင်ပြေသွားမှာပါ ... ကိုယ်တို့အားလုံးအဆင်ပြေသွားမှာမို့လို့ ကလေးခဏလေးပဲသည်းခံပေးပါ ... ခဏလေးပါပဲ"

"ဟုတ် ... ကလေးသည်းခံနိုင်ပါတယ်"

အကောင်ပိစိလေးရဲ့ဆံပင်လေးတွေအုပ်နေသည့်နဖူးလေးကိုနမ်းလိုက်ပြီး ဆွဲကြိုးလေးတစ်ကြိုးဆွဲပေးလိုက်ပြန်သည်။

"ဒါကရောဘာလဲဟင်"

"ဒီနေ့ကကိုယ်တို့ချစ်သူသက်တမ်း၆လပြည့်လေးလေ ... မေ့နေတာလား"

"ဟုတ်တယ်မေ့နေတာ ... အဲ့တာဦးကြောင့်လေ ဦးရှိနေတော့ဘာကိုမှသတိမရတော့တာ ... ဦးဘေးနားမှာရှိနေရင် အရာအားလုံးမေ့နေလို့ပါ ဦးတစ်မျက်နှာကိုတစ်ကမ္ဘာထင်နေသူမို့လို့ပါနော်"

အကောင်ပိစိ သူကိုယ်တိုင်ကမေ့နေသည်ကြောင့် စေလိုရာစိတ်မဆိုးလေအောင် အပြောလေးတွေနဲ့ချေပနေပြန်ပါသည်။ စေလိုရာမှာလည်း ဒီအပြောလေးတွေအောက် အကြိမ်ကြိမ်အခါခါကျရှုံးနေရသူတစ်ယောက်ဖြစ်နေလေသည်။

"စကားကလည်းတတ်ပါလားနော် ... ကလေး ကားမောင်းသင်မလား ... ဒီမှာကလမ်းရှင်းတယ်လေ ဘယ်လိုလဲ"

"သင်တာကသင်ချင်ပါတယ် ... ဒါပေမဲ့ ဦးကမဆူနဲ့နော် ... ကိုယ်ပျင်းလာပြီတို့ စက်ဘီးတွေကကျော်ကုန်ပြီတို့ မပြောကြေး"

"မပြောပါဘူးဗျာ ... ညနေခင်းသင်ပေးမယ်လေ ... ပြီးရင် ကလေးကိုရေပန်းဥယျာဉ်လိုက်ပို့မယ်"

"သိပ်သဘောအကျကြီးတော့မဟုတ်ပါဘူး ဟီးဟီး ... ဓာတ်ပုံပါရိုက်ပေး ဟီးဟီး ... အလန်းဆုံးဖြစ်အောင်ပြင်ရမယ် ... ကောင်မလေးတွေကြွေသွားစေရမယ်"

စေလိုရာ ရယ်သာရယ်နေလိုက်သည်။ အကောင်ပိစိကမျက်စောင်းထိုးပြီး ခြေဆောင့်ကာထွက်သွားသည်။ ဒါက အကောင်ပိစိလေးစိတ်ဆိုးသွားသည်ကိုပြသည့်အချက်ပင်ဖြစ်သည်။ သူဘာများမှားပြောမိလိုက်ပါလိမ့်။

"ကလေး ကိုယ်ဘာမှားသွားလို့လဲ"

အကောင်ပိစိလေးကမီးဖိုထဲပြန်ဝင်သွားပြီး အသီးအရွက်တွေလှီးနေသည်။ အကောင်ပိစိလေးရဲ့လက်ထဲကဓားကိုဆွဲယူလိုက်သည့်အခါ အကောင်ပိစိလေးကရုန်းရင်း စေလိုရာ၏လက်ကို ဓားရှသွားတော့သွေးတွေထွက်လာသည်။

"ဦး သွေးတွေ ဟင့် အများကြီးပဲ ... ဒေါ်ကြီးရေ လာပါဦး ... ဟင့် ဦးဓားထိသွားလို့ သွေးတွေအများကြီးထွက်နေတယ် ... ဟင့်"

"ကလေး ဘာမှမဖြစ်ဘူး ... ကိုယ်ဘာမှမဖြစ်ဘူး သွေးကတိတ်သွားမှာလေ ... မငိုနဲ့ မငိုနဲ့ "

တရှုံ့ရှုံ့နဲ့ငိုရင်းဒေါ်ကြီးကဆေးထည့်ပေး ပတ်တီးစည်းပေးနေတာကို ဘေးနားကနေငုတ်တုပ်လေးထိုင်ကြည့်နေသည်။ သူ့ကြောင့်ထိခိုက်မိသွားတာဆိုပြီး ထပ်တလဲလဲတောင်းပန်နေရှာသည်။

"သားရယ် မငိုပါနဲ့ ... ဦးကဘာမှမဖြစ်ပါဘူး သားကြောင့်ဖြစ်ရတာလည်းမဟုတ်ပါဘူးကွယ် ... အခုဒေါ်ကြီးဆေးထည့်ပေးထားတယ်လေ ပျောက်သွားမှာ ... အမယ်လေး ကလေးလေးကျနေတာပဲကွယ် တိတ်တော့"

ရှုံ့မဲ့မဲ့လေးနဲ့စေလိုရာ၏ရင်ခွင်ထဲကို ဝင်တိုးလာသည်။ ဒေါ်ကြီးက အကောင်ပိစိလေး၏ခေါင်းလေးကိုအသာပွတ်သပ်လိုက်ပြီး မီးဖိုထဲပြန်ဝင်သွားသည်။

"နာနေသေးလားဟင်"

"မနာပါဘူး ... ဆေးလိမ်းထားတာပဲ ဘာမှမဖြစ်တော့ဘူး"

"နောက်ဆို ဦးကိုဘယ်တော့မှစိတ်မဆိုးတော့ပါဘူး ... အူးဝါး"

"ကလေးရေ မငိုပါနဲ့တော့နော် ... ဒီမှာကြည့် ကိုယ့်လက်ကဘာမှမဖြစ်ဘူး"

စေလိုရာကလက်ကိုမြှောက်ပြပြီးလှုပ်ပြတော့ ရင်ခွင်ထဲကနေမော့ကြည့်နေသည်။ သူတို့နှစ်ယောက်ကကြည်နူးနေပေမဲ့ ရန်ကုန်မှာတော့ ရန်နိုင်တစ်ယောက်ပျားတုပ်နေသည်။

"မေးနေတယ်လေ ... သူတို့ဘယ်မှာလဲလို့"

မင်းပိုင်‌စေကရုံးအထိလိုက်လာပြီး သောင်းကျန်းနေလေသည်။ ရန်နိုင်လည်းခေါင်းမီးတောက်နေရသည်။

"အစ်ကိုရယ် ကျွန်တော်တကယ်မသိတာပါ ... ကျွန်တော့်ကိုခရီးထွက်နေတယ်လို့ပဲပြောသွားတာပါဗျာ ... အဆက်အသွယ်ကလည်းတကယ်မရတာပါ ... အခုကျွန်တော်လည်းအလုပ်တွေရှုပ်နေလို့ ပြန်လိုက်ပါနော် ... ဘော့စ်တို့ပြန်လာမှာပါ ... ခိုးပြေးသွားတယ်လို့တော့မပြောသွားဘူးဗျာ့"

"ဘာကွ!!! ခိုးပြေးတယ်"

"အဲ့လိုပြောမသွားဘူးလို့ ...တကယ်ပဲစိတ်တိုလာပြီ ... ဒီမှာ ခင်ဗျားကြီးကကိုယ့်သားအပေါ်မှာယုံကြည်မှုမရှိဘူးလား ... ဒေါသထွက်လိုက်တာနော် လုံခြုံရေးခေါ်လိုက်ရမလား"

"တောက်!!! သွားမယ် ... အိမ်မှာစောင့်နေမယ်"

"ကျေးဇူးတင်လိုက်တာဗျာ ... အိမ်မှာစောင့်တာအကောင်းဆုံးပဲ တာ့တာပါဗျာ"

ရန်နိုင်တစ်ယောက်ဒေါသတွေထွက်နေရသည်။ အလုပ်ကိစ္စတွေရှုပ်နေပါတယ်ဆို ဒီလူကြီးကလာလာရှုပ်နေတယ်။ အလုပ်တွေအရမ်းများပြီး ရည်းစားကိုအချိန်မပေးနိုင်လို့ရည်းစားနဲ့လည်းရန်ဖြစ်ရသည်။ ဘော့စ်ကကိုယ့်ရဲ့ကျးဇူးရှင်မို့လို့ ဒီလူကြီးကိုသည်းခံနေတာအကောင်းမှတ်နေတယ်။ ရဲစခန်းဖုန်းဆက်ပြီးတိုင်လိုက်ရင် သံတိုင်ကြားမှာမျက်နှာငယ်လေးဖြစ်နေဦးမယ်။ ရန်နိုင်ဒေါသတွေထွက်လွန်းလို့ခုန်ပေါက်နေမိသည်။

"အား ... ပင့်ကူကြီး ... ဦးရေ ပင့်ကူကြီး"

"ဘယ်မှာလဲ ပင့်ကူ ... မရှိပါဘူးကလေးရဲ့"

"ဟိုမှာလေ ဟိုမှာ ... အကြီးကြီးပဲ ဖယ်ပေး"

အကောင်ပိစိလက်ညှိုးထိုးပြနေသည့်နေရာကိုကြည့်လိုက်တော့ ပင့်ကူကသေးသေးလေး လက်ကလေးနဲ့တို့လိုက်ရင်ပြေးသွားတာတန်းနေတဲ့အကောင်လေး။ အဲ့တာကိုအကြီးကြီးပါဆို၍အော်ပြီး သူ့အပေါ်ဖက်တက်လာသည့်ကလေးငယ်ကိုသူရယ်မိသည်။ ကျန်တဲ့အကောင်တွေတော့မကြောက်ဘဲနဲ့ ပင့်ကူကိုမှကြောက်နေသည်။ သူ့အပေါ်ကိုအတင်းခွတက်ပြီးဖက်ထားတဲ့ကလေးကို သူစချင်လာသည်။

"ကလေး ပင့်ကူကမသွားဘူးကလေးရဲ့ ... ကလေးကိုစိုက်ကြည့်နေတယ်"

"ဦးကလည်း ပင့်ကူကစိုက်ကြည့်နေတာဘယ်လိုသိလဲ ... မစနဲ့ ဖယ်ပေးပါဆို"

"ကိုယ့်ကိုအာဘွားပေးရင် ဖယ်ပေးမယ်"

"ဈေးကိုင်ပြန်ပြီ ... နေပေါ့မဖယ်ပေးလည်းရတယ် ... သွားတော့မယ်"

သူ့အပေါ်ကနေခုန်ဆင်းသွားပြီး အပြင်ဘက်ပြေးထွက်သွားသည်။ ပါးစပ်ကလည်း အား ပင့်ကူကြီးဆိုပြီးအော်သွားသေးသည်။ စေလိုရာကတော့အခန်းထဲမှာရယ်ပြီးကျန်ခဲ့သည်။ ရမလားလို့ ဈေးကိုင်လိုက်တာ မမြတ်သည့်အပြင် ဒေဝါလီပါခံလိုက်ရသည့်အဆင့်အထိရောက်သွားသည်။ အကောင်ပိစိလေးနောက်ကို စေလိုရာလိုက်လာခဲ့လိုက်သည်။

"ကလေးရေ အဲ့မှာဘာထိုင်လုပ်နေတာလဲ"

ကျောခိုင်းထိုင်နေသည့်အကောင်ပိစိအနားသွားလိုက်တော့ ရေပိုက်ကြီးနဲ့ဒီဘက်လှည့်လာပြီး ဆော့တော့သည်။ စေလိုရာတစ်ကိုယ်လုံးခဏလေးအတွင်းမှာစိုကုန်သည်။ စေလိုရာလည်းရေပိုက်တစ်ပိုက်ဆွဲယူလိုက်ပြီး အကောင်ပိစိကိုရေနဲ့လိုက်ပတ်တော့သည်။

"ဟတ်ချိုး !!"

"တွေ့လား ... ကိုယ်ပြောပါတယ် မဆော့ပါနဲ့တော့ တော်ပါတော့ဆိုတာကို ကိုယ့်စကားဆိုနားမထောင်ဘူး ... တစ်ခါတစ်လေ ကိုယ်စိတ်မကောင်းဖြစ်မိတယ်"

အကောင်ပိစိလေးကကုတင်ခြေရင်းမှာထိုင်ပြီး ဦးကမတ်တပ်ရပ်ကာ အကောင်ပိစိရဲ့ခေါင်းကိုရေခြောက်အောင်သုတ်ပေးနေသည်။ ဦးကစိတ်မကောင်းဖြစ်တယ်ပြောလိုက်တော့မော့ကြည့်လာသည်။ ဦးရဲ့ခါးကိုဖက်လိုက်ပြီး မော့ကြည့်နေသည်။

"ကလေးစကားနားထောင်ပါ့မယ် စိတ်မကောင်းမဖြစ်နဲ့တော့နော် ... နောက်ဆိုကလေးနားထောင်မယ်လေနော်"

"အဲ့ပါးစပ်လေးကလေရွှေချထားရမယ် ... ပြောလိုက်ရင်တော့ဟုတ်နေတာပဲ ... ဂျစ်တူးလေး သွား အနွေးထည်သွားဝတ်ထား ဖျားနေဦးမယ်"

"ဟုတ်"

Hoddieအဖြူလေးဆွဲထုတ်ပြီး ဝတ်လိုက်သည်။ ဦးကစာအုပ်ဖတ်ကာကုတင်ပေါ်တွင်လှဲလိုက်သည်။ အကောင်ပိစိလေးကကုတင်ပေါ်ကိုပြေးတက်လာပြီး ဦးရင်ဘက်ပေါ်ခေါင်းလေးတင်ကာ ဦးကိုကြည့်နေသည်။ ဦးကတော့ဟန်မပျက်စာဖတ်နေသည်။

"ဦး ကလေးကြည့်နေတယ်လေ ... ဘာလို့အဲ့စာအုပ်ကိုပဲကြည့်နေတာလဲ"

အကောင်ပိစိကစာအုပ်ကိုဆွဲဖယ်သည် ဦးကပြန်ယူပြီးဖတ်သည်။ ထပ်ခါတလဲလဲ ဖယ်လိုက် ဖတ်လိုက်နဲ့ ကြာလာတော့ ဦးကစာအုပ်ဘေးချလိုက်ပြီး အကောင်ပိစိကိုရင်ခွင်ထဲသွင်းကာ ခွထားပစ်လိုက်သည်။

"အာ့ ... ဦး အသက်ရှူကြပ်တယ် လွှတ် ... အားလေးနည်းနည်းလျှော့ပါဦး အဟွတ် ... ကလေးကိုသေအောင်သတ်နေတာလား အဟွတ် ... ကလေးပြောစရာရှိတယ်"

ဦးကလွှတ်ပေးလိုက်ပြီး ရင်ခွင်ထဲကအကောင်ပိစိလေးကိုငုံ့ကြည့်လိုက်သည်။

"မနက်ဖြန်ပြန်ရအောင်"

"ကလေးအဆင်သင့်ဖြစ်ပြီလား"

"အင်း ဖြစ်ပြီ ... အချိန်မဆွဲချင်တော့ဘူး ... ကြာနေရင် ဒယ်ဒီပိုပြီးစိတ်ဆိုးနေလိမ့်မယ်"

"အင်း ပြန်ကြတာပေါ့ ... ကလေးမငိုနဲ့နော် ကိုယ့်ကိုကလေးရဲ့ဒယ်ဒီဘာပဲလုပ်လုပ် မငိုရဘူးနော်"

"ဟုတ် မငိုဘူး ... ကလေးခံနိုင်ရည်ရှိတယ် စိတ်မပူနဲ့"

"လိမ္မာလိုက်တာ ... ကိုယ့်ကလေး‌လေးအိပ်တော့နော် ... မနက်ဖြန်အတွက်အားတွေပြည့်နေအောင် ကိုယ်သီချင်းဆိုပြရမလား"

"ဆိုလည်းမဆိုတတ်ဘဲနဲ့ ဒီအတိုင်းပဲအိပ်တော့မယ်"

စေလိုရာ၏နှုတ်ခမ်းကိုတစ်ချက်နမ်းလိုက်ပြီး မျက်လုံးတွေကိုမှိတ်ချကာငြိမ်သွားသည်။ စေလိုရာလည်းမနက်ဖြန်အတွက်စိတ်ထဲမှာအသင့်ပြင်ထားပါသည်။ မနက်စောစောလေးထွက်လာလိုက်တော့ ညနေခင်းလောက်ရန်ကုန်ကိုပြန်ရောက်လာကြသည်။ အိမ်ထဲကိုဝင်ဝင်ချင်းမှာပဲ မင်းပိုင်စေ၏လက်သီးစာကိုမိလိုက်ပါသည်။

"ဒယ်ဒီ ဘာလို့အဲ့လိုလုပ်တာလဲ"

"မင်းဝင်မပြောနဲ့ ... မင်းတို့ကဘာမှန်နေလို့လဲ အသက်ကြီးပြီး
တော့ ငါ့သားကိုဖျက်ဆီးတဲ့ကောင် ... မင်းငါ့သူငယ်ချင်းမဟုတ်ဘူး "

"ကြိုက်သလောက်ထိုးကွာ ငါခံမယ်"

"အေး ... မင်းကိုသတ်မှာ ငါသတ်မှာ"

"ကိုရယ် တော်ပါတော့ ... စကားနဲ့ပဲပြောကြပါ ... သား မင်းဒယ်ဒီကိုဆွဲဦး"

"မဆွဲနဲ့ ... လာ ပြန်ကြမယ် ... မင်းနဲ့ပတ်သက်စရာအကြောင်းမရှိတော့ဘူး ... မင်းလိုလူမျိုးနဲ့သူငယ်ချင်းဖြစ်ရတာငါရွံတယ်"

"ဒယ်ဒီ ... သား ဦးနဲ့အိပ်ပြီးပြီ"

"ဘာ! "

"ကလေး!"

အပိုင်းသစ်ဆက်ရန် 💚

ကြာသွားတာတောင်းပန်ပါတယ်နော် အပိုင်းသစ်လေးကိုသဘောကျကြမယ်လို့ထင်ပါတယ် ဖတ်ပေးလို့ကျေးဇူးတင်ပါတယ် မန့်လေးတွေစောင့်နေမယ်ချစ်တယ်နော်❤️

Zawgyi

ျပတင္းေပါက္အျပင္ဘက္မွ ငွက္ကေလးမ်ား၏အသံမ်ားေၾကာင့္ေစလိုရာနိုးလာသည္။ နိုးလာသည္ႏွင့္ခ်က္ခ်င္း ေဘးဘက္ကအခန္းေလးထဲသို႔ဝင္ၾကည့္လိုက္သည္။ အိပ္ရာေပၚတြင္အေကာင္ပိစိမရွိေတာ့ပါ။ မင္းပိုင္ေစမ်ားျပန္ေခၚသြားေလၿပီလားလို႔ေတြးမိေပမဲ့ ဒီေနရာကိုဘယ္သူမွမသိေသးပါ။ သူအခန္းထဲကျပန္ထြက္လာေတာ့ အေကာင္ပိစိေလးကအိမ္ေရွ႕ကေနေျပးဝင္လာသည္။ သူ႕အေပၚအတင္းခုန္တက္ၿပီးဖက္ထားပါေတာ့သည္။ အေကာင္ပိစိေလးထံမွ သနပ္ခါးနံ႕သင္းသင္းကေလးရလိုက္သည္မို႔ ပိစိေလးမ်က္ႏွာကိုၾကည့္လိုက္သည္။

"ကေလး သနပ္ခါးလိမ္းထားတာလား"

"ဟုတ္တယ္ ... ဟီးဟီး ေဒၚႀကီးသနပ္ခါးလိမ္းထားတာေတြ႕ေတာ့ လိမ္းခ်င္လာလို႔ဓားျပတိုက္ၿပီးလိမ္းထားတာ"

"ကေလးရယ္ ေဒၚႀကီးသနားပါတယ္"

"သနားစရာမလိုပါဘူးေစလိုရာရယ္ ... မင္းကေလးရဲ႕ဓားျပတိုက္နည္းကတစ္မ်ိဳးကြဲ႕ ... ခ်စ္စရာအမူအရာေလးနဲ႕ဓားျပတိုက္ေတာ့မေပးခ်င္ဘဲေနပါ့မလားရွင္"

ေဒၚႀကီးအသံၾကားေတာ့ အေကာင္ပိစိေလး သူ႕ကိုယ္ေပၚမွခုန္ဆင္းလိုက္သည္။ ေဈးျခင္းေတာင္းဆြဲၿပီးဝင္လာသည့္ေဒၚႀကီးကၿပဳံးလ်က္ေျပာသည္။ ေျပာေနရင္းနဲ႕အေကာင္ပိစေလး၏ပါးကိုဖြဖြေလးဆြဲလိုက္သည္။

"အာ ... ေဒၚႀကီးကလည္းဗ်ာ"

"အမယ္ေလး ရွက္ေနေသးတယ္ ... ဒီေန႕ကင္းမြန္ခ်က္မယ္ အဆင္ေျပၾကလားမသိဘူး"

"ေျပပါတယ္ဗ်ာ့ ... ကြၽန္ေတာ္အရမ္းႀကိဳက္တာ ေဒၚႀကီးကိုပိုခ်စ္သြားၿပီ ... ကြၽန္ေတာ္ကူလုပ္ေပးမယ္ေလေနာ္"

"ကိုယ္ေရခ်ိဳးလိုက္ဦးမယ္"

အေကာင္ပိစိေလးကေဒၚႀကီးနဲ႕အတူမီးဖိုေခ်ာင္တြင္ကူညီေပးေနသည္။ ေစလိုရာေရာ သခင္ေလးပါ ႏွစ္ဦးစလုံးဖုန္းေတြပိတ္ထားၾကၿပီး အရာအားလုံးကိုေခတၱခဏလ်စ္လ်ဴရႈ႕ထားၾကသည္။ ရန္ကုန္အိမ္တြင္ မင္းပိုင္ေစတို႔ေရာက္ေနမယ္ဆိုတာလည္းရိပ္မိပါသည္။ အေကာင္ပိစိေလး ေစလိုရာ့ကိုမေစာင့္နိုင္ေတာ့ဘဲအခန္းထဲဝင္လာၿပီး ေရခ်ိဳးခန္းတံခါးကိုထုပါေတာ့သည္။

"ဦးေရ ... ဦး ... ဦး ေရခ်ိဳးလို႔မၿပီးေသးဘူးလား ... ၿပီးရင္ ကေလးနဲ႕ေလွ်ာက္သြားမယ္ေလ"

"ၿပီးပါၿပီ"

ေစလိုရာသည္ ေအာက္ပိုင္းကိုသဘက္ကေလးတစ္ထည္သာပတ္ထားၿပီးထြက္လာသည့္အခါ အေကာင္ပိစိေလးမ်က္လုံးျပဴးသြားၿပီး မ်က္ႏွာႀကီးကိုအုပ္ကာ ေက်ာခိုင္းလိုက္သည္။

"ဦးကလည္းဗ်ာ ... အကၤ်ီလည္းမဝတ္ဘူး ... ၿပီးရင္ထြက္လာခဲ့ ကေလးအျပင္ကပဲေစာင့္ေတာ့မယ္"

အခန္းတံခါးကိုဆြဲဖြင့္ၿပီးထြက္ေျပးမည္လုပ္ေနသည့္အေကာင္ပိစိေလးကိုသူ႕ဘက္ဆြဲလွည့္လိုက္ၿပီး တံခါးကိုျပန္ပိတ္လိုက္သည္။ အခန္းတံခါးေပၚတြင္လက္ႏွစ္ဖက္ေထာက္လိုက္ၿပီး တံခါးနဲ႕သူ႕ကိုယ္ၾကာထဲမွာအေကာင္ပိစိေလးညပ္ေနသည္။ အေကာင္ပိစိေလးမ်က္လုံးႀကီးစုံမွိတ္ၿပီး ေတာင့္ေတာင့္ႀကီးျဖစ္ေနသည္။

"ဦး ကေလးကိုအနိုင္မက်င့္နဲ႕ေနာ္ ... ဖယ္ေပး ကေလးအျပင္ထြက္မလို႔"

"ကိုယ့္ကိုၾကည့္ပါဦး"

အေကာင္ပိစိေလးရဲ႕လက္ကေလးႏွစ္ဖက္ကိုသူ႕ခါးေပၚတင္လိုက္ေတာ့ သူ႕ကိုယ္ကေအးစက္ေနသည္ေၾကာင့္ အေကာင္ပိစိေလးတုန္သြားသည္။ ဦးရဲ႕ခႏၶာကိုယ္ေတာင့္ေတာင့္တင္းတင္းမွာ ေရစက္လက္တြဲခိုေနသည္ကို ၾကည့္လည္းၾကည့္ခ်င္ မၾကည့္လည္းမၾကည့္ရဲနဲ႕ မ်က္လုံးေလးတစ္ဖက္အရင္ဖြင့္ၾကည့္လိုက္သည္။ ၿပီးမွေနာက္တစ္ဖက္ကိုဖြင့္ၾကည့္သည္။ မ်က္လုံးေလးေတြပြင့္လာသည္ေၾကာင့္ အေကာင္ပိစိေလးရဲ႕ပါးႏွစ္ဖက္ကိုအားရပါးရနမ္းပစ္လိုက္သည္။

"ေမႊးေနတာပဲကြာ ... ကေလးကို ကိုယ္ေပးစရာရွိေသးတယ္ "

"အကၤ်ီအရင္ဝတ္လိုက္ပါေနာ္ ... ကေလးထုတ္ေပးမယ္ေလ"

ေစလိုရာ့မွာ ဘာအကၤ်ီမွပါမလာလို႔ မေန႕ကမွအသစ္ေတြဝယ္လိုက္ရသည္။ အေကာင္ပိစိေလး ဦးဆီမွေန႐ုန္းထြက္ၿပီး ခ်ည္အကၤ်ီအျပာအကြက္ေလးတစ္ထည္ယူလာသည္။ ပုဆိုးလည္းယူလာေပးသည္။ ဦးအဝတ္ဝတ္ေနသည့္အခ်ိန္ေက်ာခိုင္းထား‌ေပးေသးသည္။

"ကေလးအေရွ႕ကအံဆြဲကိုဖြင့္လိုက္ ... အဲ့ထဲမွာရွိတယ္"

အေကာင္ပိစိအံဆြဲကိုဖြင့္လိုက္ေတာ့ ပါကင္ပိတ္ထားသည့္ဖုန္းအသစ္တစ္လုံးကိုေတြ႕သည္။

"ဦး ကေလးဖုန္းကအေကာင္းႀကီးရွိေသးတယ္ ... ေမြးေန႕ကလည္းလိုေသးတယ္ေလ ... ဒါကဘာအတြက္လဲ"

"ကေလးရဲ႕ဖုန္းကို ကေလးရဲ႕ဒယ္ဒီကသိမ္းပစ္မွာလို႔ကိုယ္ထင္ေနတယ္ ... ဒီဖုန္းကိုဖြက္ထား ညဘက္က်ရင္အဆက္အသြယ္လုပ္လို႔ရေအာင္ကိုးဝယ္ေပးတာ ... လုံးဝမေတြ႕ေစနဲ႕ေနာ္"

"အာ ... ဟုတ္ဟုတ္ ဦးကအရမ္းေတာ္တာပဲ ... ေသခ်ာဖြက္ထားလိုက္မယ္ ဟီးဟီး"

"ၿပီးေတာ့ ကိုယ္နဲ႕မေတြ႕ရရင္ငိုမေနနဲ႕ေနာ္ သည္းခံနိုင္ရမယ္ ... မဟုတ္တဲ့စိတ္ေတြလည္းေလွ်ာက္မေတြးနဲ႕ ... ကိုယ္ကေလးကို ျပန္လာေခၚမွာ ... ကေလးရဲ႕ေန႕စဥ္လုပ္ေနတာေတြကိုပုံမွန္အတိုင္းလုပ္ ကိုယ္ညတိုင္းဖုန္းဆက္မယ္ ... ဖုန္းသံကိုပိတ္ထား ... ကေလးရဲ႕ဒယ္ဒီသိသြားရင္ ဆက္သြယ္လို႔မရေတာ့မွာစိုးလို႔"

"ဟုတ္ ကေလးနားလည္ၿပီ ... ကေလးေစာင့္ေနမယ္ ဦးလာေခၚတဲ့ေန႕ကို"

"ကေလးျပန္ခ်င္တဲ့ေန႕ကိုေျပာေနာ္ ... ေနခ်င္သေလာက္ေနလို႔ရတယ္ ... ကိစၥအားလုံးကိုယ္တာဝန္ယူတယ္"

အေကာင္ပိစိေလးကိုတင္းတင္းၾကပ္ၾကပ္ဖက္ထားလိုက္သည္။ အေကာင္ပိစိေလးကလည္းတင္းတင္းၾကပ္ၾကပ္ျပန္ဖက္ထားသည္။ ေစလိုရာ၏စိတ္ထဲတြင္ေတာ့ မင္းပိုင္ေစကသခင္ေလးကိုျပန္ေခၚသြားမည္မွာက်ိန္းေသေနသည္ေၾကာင့္ အလြမ္းဓာတ္ခံကေတာ့ ေစလိုရာ့တြင္ရွိေနၿပီး စိတ္ထဲလည္းနည္းနည္းေလးလံေနေလသည္။

"အဆင္ေျပသြားမွာပါ ... ကိုယ္တို႔အားလုံးအဆင္ေျပသြားမွာမို႔လို႔ ကေလးခဏေလးပဲသည္းခံေပးပါ ... ခဏေလးပါပဲ"

"ဟုတ္ ... ကေလးသည္းခံနိုင္ပါတယ္"

အေကာင္ပိစိေလးရဲ႕ဆံပင္ေလးေတြအုပ္ေနသည့္နဖူးေလးကိုနမ္းလိုက္ၿပီး ဆြဲႀကိဳးေလးတစ္ႀကိဳးဆြဲေပးလိုက္ျပန္သည္။

"ဒါကေရာဘာလဲဟင္"

"ဒီေန႕ကကိုယ္တို႔ခ်စ္သူသက္တမ္း၆လျပည့္ေလးေလ ... ေမ့ေနတာလား"

"ဟုတ္တယ္ေမ့ေနတာ ... အဲ့တာဦးေၾကာင့္ေလ ဦးရွိေနေတာ့ဘာကိုမွသတိမရေတာ့တာ ... ဦးေဘးနားမွာရွိေနရင္ အရာအားလုံးေမ့ေနလို႔ပါ ဦးတစ္မ်က္ႏွာကိုတစ္ကမာၻထင္ေနသူမို႔လို႔ပါေနာ္"

အေကာင္ပိစိ သူကိုယ္တိုင္ကေမ့ေနသည္ေၾကာင့္ ေစလိုရာစိတ္မဆိုးေလေအာင္ အေျပာေလးေတြနဲ႕ေခ်ပေနျပန္ပါသည္။ ေစလိုရာမွာလည္း ဒီအေျပာေလးေတြေအာက္ အႀကိမ္ႀကိမ္အခါခါက်ရႈံးေနရသူတစ္ေယာက္ျဖစ္ေနေလသည္။

"စကားကလည္းတတ္ပါလားေနာ္ ... ကေလး ကားေမာင္းသင္မလား ... ဒီမွာကလမ္းရွင္းတယ္ေလ ဘယ္လိုလဲ"

"သင္တာကသင္ခ်င္ပါတယ္ ... ဒါေပမဲ့ ဦးကမဆူနဲ႕ေနာ္ ... ကိုယ္ပ်င္းလာၿပီတို႔ စက္ဘီးေတြကေက်ာ္ကုန္ၿပီတို႔ မေျပာေၾကး"

"မေျပာပါဘူးဗ်ာ ... ညေနခင္းသင္ေပးမယ္ေလ ... ၿပီးရင္ ကေလးကိုေရပန္းဥယ်ာဥ္လိုက္ပို႔မယ္"

"သိပ္သေဘာအက်ႀကီးေတာ့မဟုတ္ပါဘူး ဟီးဟီး ... ဓာတ္ပုံပါရိုက္ေပး ဟီးဟီး ... အလန္းဆုံးျဖစ္ေအာင္ျပင္ရမယ္ ... ေကာင္မေလးေတြေႂကြသြားေစရမယ္"

ေစလိုရာ ရယ္သာရယ္ေနလိုက္သည္။ အေကာင္ပိစိကမ်က္ေစာင္းထိုးၿပီး ေျခေဆာင့္ကာထြက္သြားသည္။ ဒါက အေကာင္ပိစိေလးစိတ္ဆိုးသြားသည္ကိုျပသည့္အခ်က္ပင္ျဖစ္သည္။ သူဘာမ်ားမွားေျပာမိလိုက္ပါလိမ့္။

"ကေလး ကိုယ္ဘာမွားသြားလို႔လဲ"

အေကာင္ပိစိေလးကမီးဖိုထဲျပန္ဝင္သြားၿပီး အသီးအ႐ြက္ေတြလွီးေနသည္။ အေကာင္ပိစိေလးရဲ႕လက္ထဲကဓားကိုဆြဲယူလိုက္သည့္အခါ အေကာင္ပိစိေလးက႐ုန္းရင္း ေစလိုရာ၏လက္ကို ဓားရွသြားေတာ့ေသြးေတြထြက္လာသည္။

"ဦး ေသြးေတြ ဟင့္ အမ်ားႀကီးပဲ ... ေဒၚႀကီးေရ လာပါဦး ... ဟင့္ ဦးဓားထိသြားလို႔ ေသြးေတြအမ်ားႀကီးထြက္ေနတယ္ ... ဟင့္"

"ကေလး ဘာမွမျဖစ္ဘူး ... ကိုယ္ဘာမွမျဖစ္ဘူး ေသြးကတိတ္သြားမွာေလ ... မငိုနဲ႕ မငိုနဲ႕ "

တရႈံ႕ရႈံ႕နဲ႕ငိုရင္းေဒၚႀကီးကေဆးထည့္ေပး ပတ္တီးစည္းေပးေနတာကို ေဘးနားကေနငုတ္တုပ္ေလးထိုင္ၾကည့္ေနသည္။ သူ႕ေၾကာင့္ထိခိုက္မိသြားတာဆိုၿပီး ထပ္တလဲလဲေတာင္းပန္ေနရွာသည္။

"သားရယ္ မငိုပါနဲ႕ ... ဦးကဘာမွမျဖစ္ပါဘူး သားေၾကာင့္ျဖစ္ရတာလည္းမဟုတ္ပါဘူးကြယ္ ... အခုေဒၚႀကီးေဆးထည့္ေပးထားတယ္ေလ ေပ်ာက္သြားမွာ ... အမယ္ေလး ကေလးေလးက်ေနတာပဲကြယ္ တိတ္ေတာ့"

ရႈံ႕မဲ့မဲ့ေလးနဲ႕ေစလိုရာ၏ရင္ခြင္ထဲကို ဝင္တိုးလာသည္။ ေဒၚႀကီးက အေကာင္ပိစိေလး၏ေခါင္းေလးကိုအသာပြတ္သပ္လိုက္ၿပီး မီးဖိုထဲျပန္ဝင္သြားသည္။

"နာေနေသးလားဟင္"

"မနာပါဘူး ... ေဆးလိမ္းထားတာပဲ ဘာမွမျဖစ္ေတာ့ဘူး"

"ေနာက္ဆို ဦးကိုဘယ္ေတာ့မွစိတ္မဆိုးေတာ့ပါဘူး ... အူးဝါး"

"ကေလးေရ မငိုပါနဲ႕ေတာ့ေနာ္ ... ဒီမွာၾကည့္ ကိုယ့္လက္ကဘာမွမျဖစ္ဘူး"

ေစလိုရာကလက္ကိုျမႇောက္ျပၿပီးလႈပ္ျပေတာ့ ရင္ခြင္ထဲကေနေမာ့ၾကည့္ေနသည္။ သူတို႔ႏွစ္ေယာက္ကၾကည္ႏူးေနေပမဲ့ ရန္ကုန္မွာေတာ့ ရန္နိုင္တစ္ေယာက္ပ်ားတုပ္ေနသည္။

"ေမးေနတယ္ေလ ... သူတို႔ဘယ္မွာလဲလို႔"

မင္းပိုင္‌ေစက႐ုံးအထိလိုက္လာၿပီး ေသာင္းက်န္းေနေလသည္။ ရန္နိုင္လည္းေခါင္းမီးေတာက္ေနရသည္။

"အစ္ကိုရယ္ ကြၽန္ေတာ္တကယ္မသိတာပါ ... ကြၽန္ေတာ့္ကိုခရီးထြက္ေနတယ္လို႔ပဲေျပာသြားတာပါဗ်ာ ... အဆက္အသြယ္ကလည္းတကယ္မရတာပါ ... အခုကြၽန္ေတာ္လည္းအလုပ္ေတြရႈပ္ေနလို႔ ျပန္လိုက္ပါေနာ္ ... ေဘာ့စ္တို႔ျပန္လာမွာပါ ... ခိုးေျပးသြားတယ္လို႔ေတာ့မေျပာသြားဘူးဗ်ာ့"

"ဘာကြ!!! ခိုးေျပးတယ္"

"အဲ့လိုေျပာမသြားဘူးလို႔ ...တကယ္ပဲစိတ္တိုလာၿပီ ... ဒီမွာ ခင္ဗ်ားႀကီးကကိုယ့္သားအေပၚမွာယုံၾကည္မႈမရွိဘူးလား ... ေဒါသထြက္လိုက္တာေနာ္ လုံၿခဳံေရးေခၚလိုက္ရမလား"

"ေတာက္!!! သြားမယ္ ... အိမ္မွာေစာင့္ေနမယ္"

"ေက်းဇူးတင္လိုက္တာဗ်ာ ... အိမ္မွာေစာင့္တာအေကာင္းဆုံးပဲ တာ့တာပါဗ်ာ"

ရန္နိုင္တစ္ေယာက္ေဒါသေတြထြက္ေနရသည္။ အလုပ္ကိစၥေတြရႈပ္ေနပါတယ္ဆို ဒီလူႀကီးကလာလာရႈပ္ေနတယ္။ အလုပ္ေတြအရမ္းမ်ားၿပီး ရည္းစားကိုအခ်ိန္မေပးနိုင္လို႔ရည္းစားနဲ႕လည္းရန္ျဖစ္ရသည္။ ေဘာ့စ္ကကိုယ့္ရဲ႕က်းဇူးရွင္မို႔လို႔ ဒီလူႀကီးကိုသည္းခံေနတာအေကာင္းမွတ္ေနတယ္။ ရဲစခန္းဖုန္းဆက္ၿပီးတိုင္လိုက္ရင္ သံတိုင္ၾကားမွာမ်က္ႏွာငယ္ေလးျဖစ္ေနဦးမယ္။ ရန္နိုင္ေဒါသေတြထြက္လြန္းလို႔ခုန္ေပါက္ေနမိသည္။

"အား ... ပင့္ကူႀကီး ... ဦးေရ ပင့္ကူႀကီး"

"ဘယ္မွာလဲ ပင့္ကူ ... မရွိပါဘူးကေလးရဲ႕"

"ဟိုမွာေလ ဟိုမွာ ... အႀကီးႀကီးပဲ ဖယ္ေပး"

အေကာင္ပိစိလက္ညွိုးထိုးျပေနသည့္ေနရာကိုၾကည့္လိုက္ေတာ့ ပင့္ကူကေသးေသးေလး လက္ကေလးနဲ႕တို႔လိုက္ရင္ေျပးသြားတာတန္းေနတဲ့အေကာင္ေလး။ အဲ့တာကိုအႀကီးႀကီးပါဆို၍ေအာ္ၿပီး သူ႕အေပၚဖက္တက္လာသည့္ကေလးငယ္ကိုသူရယ္မိသည္။ က်န္တဲ့အေကာင္ေတြေတာ့မေၾကာက္ဘဲနဲ႕ ပင့္ကူကိုမွေၾကာက္ေနသည္။ သူ႕အေပၚကိုအတင္းခြတက္ၿပီးဖက္ထားတဲ့ကေလးကို သူစခ်င္လာသည္။

"ကေလး ပင့္ကူကမသြားဘူးကေလးရဲ႕ ... ကေလးကိုစိုက္ၾကည့္ေနတယ္"

"ဦးကလည္း ပင့္ကူကစိုက္ၾကည့္ေနတာဘယ္လိုသိလဲ ... မစနဲ႕ ဖယ္ေပးပါဆို"

"ကိုယ့္ကိုအာဘြားေပးရင္ ဖယ္ေပးမယ္"

"ေဈးကိုင္ျပန္ၿပီ ... ေနေပါ့မဖယ္ေပးလည္းရတယ္ ... သြားေတာ့မယ္"

သူ႕အေပၚကေနခုန္ဆင္းသြားၿပီး အျပင္ဘက္ေျပးထြက္သြားသည္။ ပါးစပ္ကလည္း အား ပင့္ကူႀကီးဆိုၿပီးေအာ္သြားေသးသည္။ ေစလိုရာကေတာ့အခန္းထဲမွာရယ္ၿပီးက်န္ခဲ့သည္။ ရမလားလို႔ ေဈးကိုင္လိုက္တာ မျမတ္သည့္အျပင္ ေဒဝါလီပါခံလိုက္ရသည့္အဆင့္အထိေရာက္သြားသည္။ အေကာင္ပိစိေလးေနာက္ကို ေစလိုရာလိုက္လာခဲ့လိုက္သည္။

"ကေလးေရ အဲ့မွာဘာထိုင္လုပ္ေနတာလဲ"

ေက်ာခိုင္းထိုင္ေနသည့္အေကာင္ပိစိအနားသြားလိုက္ေတာ့ ေရပိုက္ႀကီးနဲ႕ဒီဘက္လွည့္လာၿပီး ေဆာ့ေတာ့သည္။ ေစလိုရာတစ္ကိုယ္လုံးခဏေလးအတြင္းမွာစိုကုန္သည္။ ေစလိုရာလည္းေရပိုက္တစ္ပိုက္ဆြဲယူလိုက္ၿပီး အေကာင္ပိစိကိုေရနဲ႕လိုက္ပတ္ေတာ့သည္။

"ဟတ္ခ်ိဳး !!"

"ေတြ႕လား ... ကိုယ္ေျပာပါတယ္ မေဆာ့ပါနဲ႕ေတာ့ ေတာ္ပါေတာ့ဆိုတာကို ကိုယ့္စကားဆိုနားမေထာင္ဘူး ... တစ္ခါတစ္ေလ ကိုယ္စိတ္မေကာင္းျဖစ္မိတယ္"

အေကာင္ပိစိေလးကကုတင္ေျခရင္းမွာထိုင္ၿပီး ဦးကမတ္တပ္ရပ္ကာ အေကာင္ပိစိရဲ႕ေခါင္းကိုေရေျခာက္ေအာင္သုတ္ေပးေနသည္။ ဦးကစိတ္မေကာင္းျဖစ္တယ္ေျပာလိုက္ေတာ့ေမာ့ၾကည့္လာသည္။ ဦးရဲ႕ခါးကိုဖက္လိုက္ၿပီး ေမာ့ၾကည့္ေနသည္။

"ကေလးစကားနားေထာင္ပါ့မယ္ စိတ္မေကာင္းမျဖစ္နဲ႕ေတာ့ေနာ္ ... ေနာက္ဆိုကေလးနားေထာင္မယ္ေလေနာ္"

"အဲ့ပါးစပ္ေလးကေလေ႐ႊခ်ထားရမယ္ ... ေျပာလိုက္ရင္ေတာ့ဟုတ္ေနတာပဲ ... ဂ်စ္တူးေလး သြား အေႏြးထည္သြားဝတ္ထား ဖ်ားေနဦးမယ္"

"ဟုတ္"

Hoddieအျဖဴေလးဆြဲထုတ္ၿပီး ဝတ္လိုက္သည္။ ဦးကစာအုပ္ဖတ္ကာကုတင္ေပၚတြင္လွဲလိုက္သည္။ အေကာင္ပိစိေလးကကုတင္ေပၚကိုေျပးတက္လာၿပီး ဦးရင္ဘက္ေပၚေခါင္းေလးတင္ကာ ဦးကိုၾကည့္ေနသည္။ ဦးကေတာ့ဟန္မပ်က္စာဖတ္ေနသည္။

"ဦး ကေလးၾကည့္ေနတယ္ေလ ... ဘာလို႔အဲ့စာအုပ္ကိုပဲၾကည့္ေနတာလဲ"

အေကာင္ပိစိကစာအုပ္ကိုဆြဲဖယ္သည္ ဦးကျပန္ယူၿပီးဖတ္သည္။ ထပ္ခါတလဲလဲ ဖယ္လိုက္ ဖတ္လိုက္နဲ႕ ၾကာလာေတာ့ ဦးကစာအုပ္ေဘးခ်လိဳက္ၿပီး အေကာင္ပိစိကိုရင္ခြင္ထဲသြင္းကာ ခြထားပစ္လိုက္သည္။

"အာ့ ... ဦး အသက္ရႉၾကပ္တယ္ လႊတ္ ... အားေလးနည္းနည္းေလွ်ာ့ပါဦး အဟြတ္ ... ကေလးကိုေသေအာင္သတ္ေနတာလား အဟြတ္ ... ကေလးေျပာစရာရွိတယ္"

ဦးကလႊတ္ေပးလိုက္ၿပီး ရင္ခြင္ထဲကအေကာင္ပိစိေလးကိုငုံ႕ၾကည့္လိုက္သည္။

"မနက္ျဖန္ျပန္ရေအာင္"

"ကေလးအဆင္သင့္ျဖစ္ၿပီလား"

"အင္း ျဖစ္ၿပီ ... အခ်ိန္မဆြဲခ်င္ေတာ့ဘူး ... ၾကာေနရင္ ဒယ္ဒီပိုၿပီးစိတ္ဆိုးေနလိမ့္မယ္"

"အင္း ျပန္ၾကတာေပါ့ ... ကေလးမငိုနဲ႕ေနာ္ ကိုယ့္ကိုကေလးရဲ႕ဒယ္ဒီဘာပဲလုပ္လုပ္ မငိုရဘူးေနာ္"

"ဟုတ္ မငိုဘူး ... ကေလးခံနိုင္ရည္ရွိတယ္ စိတ္မပူနဲ႕"

"လိမၼာလိုက္တာ ... ကိုယ့္ကေလး‌ေလးအိပ္ေတာ့ေနာ္ ... မနက္ျဖန္အတြက္အားေတြျပည့္ေနေအာင္ ကိုယ္သီခ်င္းဆိုျပရမလား"

"ဆိုလည္းမဆိုတတ္ဘဲနဲ႕ ဒီအတိုင္းပဲအိပ္ေတာ့မယ္"

ေစလိုရာ၏ႏႈတ္ခမ္းကိုတစ္ခ်က္နမ္းလိုက္ၿပီး မ်က္လုံးေတြကိုမွိတ္ခ်ကာၿငိမ္သြားသည္။ ေစလိုရာလည္းမနက္ျဖန္အတြက္စိတ္ထဲမွာအသင့္ျပင္ထားပါသည္။ မနက္ေစာေစာေလးထြက္လာလိုက္ေတာ့ ညေနခင္းေလာက္ရန္ကုန္ကိုျပန္ေရာက္လာၾကသည္။ အိမ္ထဲကိုဝင္ဝင္ခ်င္းမွာပဲ မင္းပိုင္ေစ၏လက္သီးစာကိုမိလိုက္ပါသည္။

"ဒယ္ဒီ ဘာလို႔အဲ့လိုလုပ္တာလဲ"

"မင္းဝင္မေျပာနဲ႕ ... မင္းတို႔ကဘာမွန္ေနလို႔လဲ အသက္ႀကီးၿပီး
ေတာ့ ငါ့သားကိုဖ်က္ဆီးတဲ့ေကာင္ ... မင္းငါ့သူငယ္ခ်င္းမဟုတ္ဘူး "

"ႀကိဳက္သေလာက္ထိုးကြာ ငါခံမယ္"

"ေအး ... မင္းကိုသတ္မွာ ငါသတ္မွာ"

"ကိုရယ္ ေတာ္ပါေတာ့ ... စကားနဲ႕ပဲေျပာၾကပါ ... သား မင္းဒယ္ဒီကိုဆြဲဦး"

"မဆြဲနဲ႕ ... လာ ျပန္ၾကမယ္ ... မင္းနဲ႕ပတ္သက္စရာအေၾကာင္းမရွိေတာ့ဘူး ... မင္းလိုလူမ်ိဳးနဲ႕သူငယ္ခ်င္းျဖစ္ရတာငါ႐ြံတယ္"

"ဒယ္ဒီ ... သား ဦးနဲ႕အိပ္ၿပီးၿပီ"

"ဘာ! "

"ကေလး!"

အပိုင္းသစ္ဆက္ရန္ 💚

ၾကာသြားတာေတာင္းပန္ပါတယ္ေနာ္ အပိုင္းသစ္ေလးကိုသေဘာက်ၾကမယ္လို႔ထင္ပါတယ္ ဖတ္ေပးလို႔ေက်းဇူးတင္ပါတယ္ မန႔္ေလးေတြေစာင့္ေနမယ္ခ်စ္တယ္ေနာ္❤️

Continue Reading

You'll Also Like

221K 14.7K 53
Cover by _ nong_thelea ❤ ရှင်း မင်းသူထက် သီဟ
245K 12K 37
ကြၽန္​​ေတာ္​ဘဝမွာကြၽန္​​ေတာ္​အရမ္​းခင္​တြယ္​ခဲ့ရတဲ့လူ​ေတ်ာက္​႐ွိခဲ့ဖူးတယ္​....... မိုး​ေသာက္​ ငါ​ေတာင္​းပန္​ပါတယ...
170K 10.7K 22
Uni "ခင်ဗျားက ရွာသူကြီးဆိုတော့ ခင်ဗျားကိုကျုပ်ယူလိုက်ရင် ကျုပ်ဒီရွာကိုပိုင်ပြီမလား?" -မင်းတစ်ခေတ်- "ခင်...
1.2M 94.7K 46
မချစ်ရင် မချစ်ဘူး ပြောခဲ့ပေါ့ဦးရယ်...... မခ်စ္ရင္ မခ်စ္ဘူး ေျပာခဲ့ေပါ့ဦးရယ္......(24.9.2020)