သူငယ်ချင်းယောက္ခမကြီးတွေလည်းပြန်တော့မည်ဖြစ်တာမို့ စေလိုရာစိတ်ထဲပေါ့ပါးလို့နေသည်။ ရုံးခန်းထဲတွင် တက်တက်ကြွကြွအလုပ်လုပ်နေစဉ် တံခါးခေါက်သံနဲ့အတူ ရန်နိုင်ဝင်လာသည်။
"ဘော့စ် သူငယ်ချင်းရောက်နေပါတယ် ... မင်းပိုင်စေလို့ပြောပါတယ်"
"ဪ အေး ... ဝင်ခိုင်းလိုက်လေ"
စေလိုရာ လုပ်လက်စစာရင်းတွေကိုခဏရပ်ထားလိုက်ပြီးဆိုဖာမှာထိုင်စောင့်နေလိုက်သည်။ မင်းပိုင်စေအခန်းထဲသို့ဝင်လာသည်။
"ထိုင် ... မင်းကဘာကိစ္စရှိလို့လဲ"
"ငါတို့ပြန်တော့မယ်ဆိုတော့ မင်းပျော်နေပြီလား"
"ဟမ်"
"သားနဲ့ဘယ်အဆင့်ထိရောက်နေပြီလဲ"
မင်းပိုင်စေ သိများသိနေပြီလား။ မဟုတ်သေး အခုလိုမေးခွန်းမေးလာကတည်းက သူသိနေပြီးသားမို့ဖြစ်မည်။ အခုလိုရုတ်တရက်ကြီးအမေးခံလိုက်ရသည်မို့ စေလိုရာထိတ်လန့်သွားရသည်။
"ငါ ..."
"သိပ်တော့ထွေထွေထူးထူးပြောစရာမရှိပါဘူး ... ငါ့သားကိုပြန်ခေါ်သွားမှာ ... အခုကပညာရေးတစ်ဝက်ဖြစ်နေလို့ ထားခဲ့ရဦးမယ် ... မိဘတွေနဲ့ဝေးတော့ သူ့ကိုဂရုစိုက်ပေးတဲ့သူအပေါ်စိတ်ယိုင်တတ်တာသဘာဝပါပဲ ... ငါ့သားကိုငါတို့ထိန်းနိုင်တယ် မင်းစိတ်ကိုမင်းထိန်း ... အခုမှအညွန့်တလူလူနဲ့တက်နေတဲ့ငါ့သားဘဝကို မင်းဖျက်ဆီးမလို့လား ... မင်းကိုအဲ့လိုလူမျိုးလို့မထင်ထားခဲ့မိဘူး ... မင်းကငါ့သားဘဝကိုဖျက်ဆီးနေတဲ့အကောင်ပဲ"
"နေပါဦး ပိုင်စေရယ် ... ငါတောင်းပန်ပါတယ်ကွာ"
မင်းပိုင်စေအရှေ့တွင် စေလိုရာဒူးထောက်လိုက်သည်။ သူကိုယ်တိုင်တောင်မသိလိုက်ဘဲဒူးထောက်လိုက်သည်။ မင်းပိုင်စေလည်း စေလိုရာ၏လုပ်ရပ်ကိုအံ့အားသင့်သွားမိသည်။
"မင်းဘာလုပ်တာလဲ"
"ငါဒီလိုတောင်းပန်ပါတယ်ကွာ ... ငါ့ဘဝမှာလေ ကလေးကိုအချစ်ဆုံးပါ ... မိဘတွေမရှိတော့တဲ့နောက်ပိုင်း ကလေးကငါ့ဘဝဖြစ်နေပြီ ... ငါကလေးကိုအရမ်းချစ်တယ် ... ငါကလေးနဲ့လမ်းမခွဲနိုင်ဘူး"
"အချိန်တွေကမင်းကိုကုစားပေးမှာပါ ... ဒီကျန်နေတဲ့အချိန်အတောအတွင်းမှာ မင်းစိတ်ကိုရအောင်ဖြတ်ပါ ... ငါသွားတော့မယ်"
"ပိုင်စေ ... ပိုင်စေ"
မင်းပိုင်စေအခန်းထဲမှထွက်သွားသည့်အခါ စေလိုရာသည်ကြမ်းပြင်ပေါ်တွင် ဒူးထောက်လျက်ကျန်ရစ်ခဲ့ရှာသည်။ သူဘာဆက်လုပ်ရမည်နည်း။ မင်းပိုင်စေပြောသလို အချိန်တွေကကုစားပေးနိုင်မည်လား။ မင်းပိုင်စေပြောသလို သူကသခင်လေးရဲ့ဘဝကိုဖျက်ဆီးနေမိပြီလား။ သူ့ကြောင့် သခင်လေးထိခိုက်ရတော့မည်လား။ သူ့အတွေးတွေချာချာလည်စွာဖြင့် ကြမ်းပြင်ပေါ်တွင်အချိန်အကြာကြီးဒူးထောက်နေမိပါတော့သည်။
"ဦး!"
အကောင်ပိစိလေး စာအုပ်လေးတွေပိုက်ပြီး အဆောင်ထဲကနေပြေးထွက်လာသည်။ မိုးတွေရွာနေတာကိုထီးမဆောင်းဘဲနဲ့ပြေးထွက်လာလို့ စေလိုရာကထီးဆောင်းပြီးအကောင်ပိစိဆီအမြန်ပြေးသွားရသည်။ လက်ထဲကစာအုပ်တွေကိုစေလိုရာယူလိုက်သည်။
"ဦး လာကြိုမယ်ဆိုတာလည်းကြိုမပြောထားဘူး ... စပရိုက်လုပ်တာလား"
"အင်း ဒါပေါ့ ... ကလေးကိုစပရိုက်လုပ်လိုက်တာ ... ဗိုက်ဆာနေပြီလား ... ဘာစားမလဲ ... ကိုယ်လည်းဘာမှမစားရသေးဘူး"
"မာလာရှမ်းကောစားချင်တယ် ... ဒါပေမဲ့ ဦးကမကြိုက်တော့ခက်သား"
"ရပါတယ် ဦးလည်းစားမယ် ... တစ်ခါတစ်လေစားကြည့်တာပေါ့ ... Chilli Potပဲမလား"
"ဟုတ်တယ် ဟုတ်တယ် ... ဦးကိုအရမ်းချစ်တာပဲ ဟီးဟီး"
စေလိုရာ့ရဲ့ခါးကိုဖက်ပြီး တခစ်ခစ်နဲ့ရယ်ရင်းထီးအောက်မှလိုက်လာသည်။ ဘေးနားကကောင်မလေးတွေနဲ့ကောင်လေးတွေကတော့ကွက်ကြည့်ကွက်ကြည့်နဲ့ကြည့်သွားကြသည်။ ဂျူလီနဲ့ပန်းခက်တို့သည် စေလိုရာနဲ့အကောင်ပိစိကိုကြည့်ပြီးနှာခေါင်းမီးတောက်နေကြသည်မှာ မိုးရေဖြင့်တောင်ငြိမ်းနိုင်မည် မထင်တော့ပါ။ တစ်ချို့ကလည်းသူတစ်ပါးအကြောင်းကိုပြည့်ပြည့်စုံစုံမသိဘဲနဲ့ မဟုတ်တဲ့အထင်အမြင်တွေနဲ့လျှောက်ပြောနေကြသည်။ စံရိပ်ငြိမ်ဂမုန်းပွင့်ရှိChilli potကိုမောင်းလာလိုက်သည်။ ဆိုင်ထဲသို့ရောက်သည်နှင့် လွယ်အိတ်လေးချပြီး သူစားချင်တာတွေသွားရွေးတော့သည်။ အသီးအရွက်တွေ အသားတွေထည့်ပြီး ဂဏန်းဘက်ကိုလက်ကလေးကရွေ့သွားလေသည်။ စေလိုရာရောက်လာပြီးအကောင်ပိစိလက်ကိုလှမ်းဆွဲလိုက်သည်။ စေလိုရာကိုမော့ကြည့်ကာ ရှိသမျှသွားတွေအကုန်ပေါ်အောင်ဖြီးပြနေလေသည်။
"ကလေးဂဏန်းတွေစားတာများပြီ ... ဒီတစ်ခါတော့မစားရတော့ဘူးနော်"
"ကလေးမစားပါဘူး ... ကလေးကဒီဘက်ကဝက်သားပြားလေးယူမလို့ပါ ဟီးဟီး"
အလည်လေးက စေလိုရာဘေးနားရောက်လာမှဂဏန်းကိုမထည့်တော့ဘဲ အသားပြားတွေချည်းပဲထည့်လေတော့သည်။ သူစားချင်တာလေးစားရတော့ အကောင်ပိစိလေးကပြုံးပျော်နေသည်။ စေလိုရာကပုဇွန်အခွံတွေကိုသေချာခွာပေးပြီးပန်းကန်ထဲထည့်ပေးသည်။
"ကလေးကအခွံစား ... ကိုယ်ကအသားစားမယ်"
"ဟာ ဦး ... အကျင့်ပုတ်ကြီး"
အကောင်ပိစိရဲ့အကြည့်လေးတစ်ချက်သည် စေလိုရာကိုအခွံတွေဝါးစားစေနိုင်သည်။ ပုဇွန်တွေထည့်ထားတဲ့ပန်းကန်လေးကိုအကောင်ပိစိဘက်ပို့ပေးလိုက်သည်။
"ကလေးမိဘတွေပြန်သွားတာသိပြီးပြီမလား"
"ဟုတ် ဒယ်ဒီဖုန်းဆက်ပြီးပြောတယ် ... ရုတ်တရက်ကြီးပြန်သွားတာဝမ်းနည်းပေမဲ့ ဦးနဲ့အရင်လိုနှစ်ယောက်တည်းနေရတာတွေးမိပြန်တော့လည်း ပျော်တယ်"
"ဟုတ်ပါပြီဗျာ"
"ဦးကမစားဘူးလား ... ပုဇွန်စားလေ ဒီမှာအသားပြားတွေလည်းအများကြီးပဲ ... ကလေးခွံ့ကျွေးရမှာလား"
"ခွံ့ကျွေးရင်တော့ကောင်းတာပေါ့"
စေလိုရာကပါးစပ်ဟပေးတော့ ပုဇွန်အခွံတစ်ခုကိုယူပြီးပါးစပ်ထဲထည့်ပေးလိုက်သည်။
"ကလေး အခွံကြီးကို ... အကျင့်ပုတ်လေး"
အကောင်ပိစိကတခစ်ခစ်ရယ်ပြီး သဘောတွေကျနေလေသည်။ စေလိုရာကတော့ ပါးစပ်ထဲကအခွံကိုပြန်ထုတ်ပြီးအကောင်ပိစိပါးကိုလူတွေအလစ်မှာနမ်းပစ်လိုက်သည်။ ဒါကိုလည်းအကောင်ပိစိလေးကတခစ်ခစ်နဲ့သဘောတကျရယ်မောနေလေသည်။ စေလိုရာ အကောင်ပိစိဆီကနေလိုက်လုစားရင်းစနောက်နေလေသည်။ စားသောက်ပြီးရုပ်ရှင်ဝင်ကြည့်ကြသေးသည်။ ရုပ်ရှင်ရုံထဲမှာ ကျောင်းသား ကျောင်းသူတွေကအများစုဖြစ်နေသည်။ အကောင်ပိစိ ရုပ်ရှင်ကိုစိတ်ဝင်တစားကြည့်နေလေသည်။ စေလိုရာကတော့ အကောင်ပိစိရဲ့မျက်နှာကသူ့အတွက်ရုပ်ရှင်ဖြစ်သည်။ ရုပ်ရှင်ကြည့်ပြီးပြန်ထွက်လာတော့ညနေစောင်းနေပြီဖြစ်သည်။ မိုးတွေကလည်းအုံ့မှိုင်းနေလို့ပုံမှန်ထက်အနည်းငယ်မှောင်နေသည်။ ရာသီဥတုလိုပဲ စေလိုရာ၏ရင်ထဲတွင်လည်းအုံ့မှိုင်းနေပါသည်။ သို့ပေမဲ့ သူ့ကလေးငယ်အရှေ့တွင်တော့ ရအောင်ပြုံးထားသည်။
"ဦး သွားလို့ရပြီလေ ... ကားထွက်ခိုင်းနေပြီ"
အရှေ့မှလုံခြုံရေးက ကားကိုထွက်ဖို့လက်ပြနေတာကိုမမြင်ဘဲ သူတွေးချင်တာတွေတွေးပြီးငိုင်နေသည်။ အကောင်ပိစိရဲ့အသံကိုကြားမှကားထွက်ဖို့ကိုသတိရသည်။
"ကလေး ကားလျှောက်မောင်းကြမလား"
"အင်းအင်း ... ကောင်းတယ် ကောင်းတယ် ... အရမ်းသဘောကျတယ်"
ကားထဲမှာသီချင်းတွေဖွင့်ကာ အကောင်ပိစိကလိုက်ဆိုပါသည်။ သူမရတဲ့နေရာတွေကိုဝါးချကာ သူရတဲ့နေရာတွေဆိုအသံကပိုကျယ်လာသည်။ စေလိုရာလည်းအကောင်ပိစိနဲ့အတူသီချင်းတွေလိုက်ဆိုနေမိသည်။ ခြေဦးတည့်ရာကားကိုလျှောက်မောင်းရင်း တစ်ညလုံးအကောင်ပိစိနဲ့အတူအချိန်တွေဖြုန်းခဲ့သည်။ ညတော်တော်မိုးချုပ်မှအိမ်သို့ပြန်ရောက်လာကြသည်။ ကိုရန်နိုင်ကြီးကတော့ အရင်တုန်းကဆိုသိုးနေအောင်အိပ်နေသလောက်အခုတော့ကောင်မလေးနဲ့တတွတ်တွတ်ဖုန်းချည်းပဲပြောနေသည်။ ဖုန်းပြောနေတာ သူတို့ပြန်လာသည်ကိုတောင်မသိနိုင်တဲ့အထိပင်ဖြစ်နေသည်။ အကောင်ပိစိလေးကစာအုပ်လေးတွေကိုပိုက်ပြီးသမ်းရင်းနဲ့အိမ်ထဲဝင်လာလေသည်။ လှေကားနားမှာရပ်ပြီး စေလိုရာဘက်ကိုလှည့်ကာမော့ကြည့်လိုက်သည်။
"ကလေးလေးပင်ပန်းသွားရပြီ ... ရေချိုးပြီးအိပ်လိုက်တော့နော် ... မနက်မှတွေ့မယ်"
အကောင်ပိစိရဲ့နှုတ်ခမ်းလေးနဲ့နဖူးလေးကိုနမ်းလိုက်သည်။ အကောင်ပိစိလေးက စေလိုရာရဲ့ပါးကိုပြန်နမ်းလိုက်သည်။
"ဂွတ်နိုက် ဦး"
အကောင်ပိစိလေးကလေးလံတဲ့ခြေလှမ်းတွေနဲ့အပေါ်ထပ်သို့တက်သွားလေသည်။ တစ်နေကုန်ပင်ပန်းလာသမျှကိုရေတွေနဲ့အတူဖယ်ရှားပစ်လိုက်ပြီး အိပ်ရာဝင်ခဲ့လေသည်။
"ဟူး ပေါ့ပါးနေတာပဲ"
မနက်မိုးမလင်းခင်အစောကြီး အကောင်ပိစိလေးကငိုပြီးအပေါ်ထပ်မှဆင်းလာသည်။ စေလိုရာရဲ့အခန်းထဲပြေးဝင်လာပြီး စေလိုရာ့ရင်ခွင်ထဲတိုးဝင်ကာ ရှိုက်ကြီးတငင်ငိုနေသည်။ စေလိုရာလည်း သူ့ရင်ခွင်ထဲကအကောင်ပိစိလေးကြောင့်လန့်နိုးလာသည်။ ရှိုက်ကြီးတငင်ငိုနေတော့ပိုလို့တောင်လန့်သွားရသည်။
"ကလေး ဘာဖြစ်တာလဲ ... ဘာလို့ငိုနေတာလဲ ... ဘာဖြစ်လို့လဲကလေးရယ် ... ဦးကိုပြောပါဦး"
"ကလေးကိုမထားခဲ့ပါနဲ့နော် ဟင့် ... အိမ်မက်ထဲမှာ ဦးကလေး ကိုထားသွားတယ် ဟင့် ... မထားခဲ့ပါနဲ့နော် ... ကလေးမဆိုးတော့ပါဘူး ဂျီလည်းမကျတော့ပါဘူး ဟင့် ... ဦးမကြိုက်တာတွေလည်းမလုပ်တော့ပါဘူး ဟင့် ... ကလေးတောင်းပန်ပါတယ်နော် ... မထားခဲ့ပါနဲ့နော် ဟင့်"
"ကလေးရယ် မငိုပါနဲ့တော့ကွာ ... အိမ်မက်သပ်သပ်ပါ ... တိတ်တော့နော် ပြန်အိပ်ရအောင် ... အိပ်ရေးမဝရင်ကျောင်းမှာစာသင်ရတာအခက်တွေ့နေမယ် ... မငိုနဲ့တော့ တိတ်တိတ်"
"မအိပ်ဘူး ... မအိပ်ချင်ဘူး ဟင့် ... အိမ်မက်ကြီးကတကယ်ကြီးလိုပဲ ... အိမ်မက်ထဲမှာကလေးကိုထားပြီးထွက်သွားတယ်"
ရင်ခွင်ထဲကိုပိုလို့တောင်တိုးဝင်လာပြီး ခါးကိုပိုပြီးတင်းကြပ်စွာဖက်ထားလေသည်။ ဒီလောက်ရှိုက်ကြီးတငင်ငိုနေတာ ကလေးဘယ်လောက်တောင်ကြောက်နေလို့လဲ။ သူ့ကြောင့်ကလေးနာကျင်ခံစားနေရပြီ။ အမြဲတမ်းကြောက်လန့်နေတာမျိုးကို သူ,မဖြစ်စေချင်ပါ။ အကောင်ပိစိလေးကငိုလွန်းလို့မျက်နှာလေးကနီရဲနေပြီး မျက်လုံးလေးတွေဖောင်းအစ်နေပြီဖြစ်သည်။
"ကလေး ဦးကိုကြည့်ပါဦး"
ရင်ခွင်ထဲကနေအတင်းဆွဲထုတ်ပြီး မျက်နှာလေးကိုအတင်းဆွဲမော့ယူရသည်။
"မငိုပါနဲ့တော့ ... ကိုယ်သေတာကိုမြင်ချင်လို့လား ... ကိုယ့်ရင်ကိုအရှင်လတ်လတ်ခွဲနေသလိုပဲ ... အိမ်မက်ပါ ရိုးရိုးသာမန်အိမ်မက်လေးတစ်ခုပါ ... ပြီးတော့အိမ်မက်ဆိုတာပြောင်းပြန်ယူရတယ်ကလေးရဲ့ ... မငိုနဲ့တော့နော် တိတ်တော့ ... ရေသောက်လိုက်ဦး အရမ်းပင်ပန်းနေပြီကလေးရယ်"
ရေတစ်ခွက်အရင်တိုက်လိုက်ပြီး မျက်ရည်တွေကိုသုတ်ပေးလိုက်သည်။ ကုတင်ပေါ်မှာငုတ်တုပ်လေးနဲ့ငူငူငိုင်ငိုင်လေးထိုင်နေသည်။ စေလိုရာကအရှေ့မှာထိုင်နေသည်ကို စေလိုရာ့ကိုအကြည့်ချင်းမဆုံဘဲမျက်နှာလွှဲထားသည်။
"ကလေး အိပ်တော့လေနော် ... မနက်အိပ်ရေးမဝဘဲနေမယ်"
"ကလေးဘေးနားမှာပဲနေနော် ... ဘယ်မှမသွားနဲ့"
စေလိုရာရဲ့အင်္ကျီစကိုဆွဲထားပြီးပြောလာသည်။ စေလိုရာအရင်လှဲလိုက်ပြီး အကောင်ပိစိကိုရင်ခွင်ထဲထည့်လိုက်သည်။ နောက်ကျောလေးကိုပွတ်သပ်ပေးရင်းနဲ့ အကောင်ပိစိကိုမျက်လုံးလေးမှိတ်ခိုင်းထားသည်။ အကောင်ပိစိလေးငိုထားတော့ပင်ပန်းပြီးခဏလေးနဲ့အိပ်ပျော်သွားသည်။ အကောင်ပိစိလေးအိပ်သွားမှ သူလည်းမျက်လုံးတွေမှိတ်လိုက်တော့မျက်ရည်တွေစီးကျလာလေသည်။
*ကိုယ် ဘယ်လိုဆက်လုပ်ရမလဲကလေးရယ် ... ကိုယ့်ကြောင့်ဖြူစင်တဲ့ကလေးလေးကအခုလိုငိုနေရပြီ ... ခံစားနေရပြီ ... ကိုယ်မင်းကိုငိုအောင်ပဲလုပ်မိနေတယ်ကလေးရယ်*
အကောင်ပိစိလေးနိုးလာတော့ စေလိုရာနဲ့မျက်နှာချင်းဆိုင်ဖြစ်နေသည်။ စေလိုရာကမနိုးသေးဘူးအထင်နဲ့ အကောင်ပိစိလေးကသူ့ရဲ့လက်ညှိုးလေးနဲ့စေလိုရာရဲ့မျက်ခုံး မျက်လုံး နှာခေါင်း နှုတ်ခမ်းတွေကိုအသာလေးတို့ထိကြည့်နေပြီးရယ်နေသည်။
"သဘောကျလို့လား"
ရုတ်တရက် စေလိုရာမေးလိုက်တော့ အကောင်ပိစိလန့်ပြီးလက်ကလေးပြန်ရုတ်သွားသည်။ အမှန်တော့ စေလိုရာအိပ်
ချင်ယောင်ဆောင်နေခြင်းဖြစ်သည်။
"ကိုယ်မေးနေတယ်လေ ဖြေဦး ... သဘောကျလို့လားလို့"
"အင်း ... ကလေးကဦးရဲ့အရာအားလုံးကိုသဘောကျတယ် ... ဦးနဲ့ပတ်သက်တဲ့အရာအားလုံးကိုသဘောကျတယ် ... ကောင်မလေးတွေနဲ့ကောင်လေးတွေကလွဲလို့"
"အူတိုလေး ထတော့ ... ကျောင်းသွားရမယ် အတန်းချိန်တွေနောက်ကျကုန်မယ်"
"ဦး အဲ မဟုတ်ဘူး ... ဒီနေ့ကစနေနေ့လေဘေးဘေ"
"ဟုတ်သားပဲ ... ကိုယ်ကအလုပ်သွားရမှာဆိုတော့ကလေးလည်းသွားရမယ်ပဲထင်နေတာ"
"ရပါတယ် ... ကလေး ဦးကိုမုတ်ဆိတ်ရိပ်ပေးချင်တယ်"
"သဘောဗျာ သဘော"
အကောင်ပိစိကိုဘေစင်ဘောင်ပေါ်တင်ထားပြီး အကောင်ပိစိကစေလိုရာရဲ့ခါးကိုခြေထောက်နှစ်ဖက်နဲ့ခွဖက်ထားသည်။ မုတ်ဆိတ်ရိပ်တာကနည်းနည်း စကားများတာကများများဖြစ်နေသည်။ ညတုန်းကရှိုက်ကြီးတငင်ငိုနေသည့်ကလေး လူစားအထိုးခံလိုက်ရတာလားလို့တောင် စေလိုရာတွေးမိပါသည်။
"ဦး မရယ်နဲ့လေ ... ဓားထိသွားမယ် ငြိမ်ငြိမ်နေ"
သူငယ်ငယ်တုန်းကဘယ်လောက်ဆော့ပြီးဘယ်လောက်ဆိုး
ကြောင်းတွေလာပြောပြနေတော့ ဒီလူကမပြုံးနိုင်ဘဲနေမလား။ ပြုံးမိတာလေးကိုအအော်ခံလိုက်ရသည်။
"ဦးကအမိုက်ဆုံးပဲ ... ကလေးရဲ့ဦးလောက်ဘယ်သူမှမချောဘူး"
အခုလိုအကောင်ပိစိလေးပျော်ရွှင်နေတာကိုမြင်ရမှ သူလည်းသက်ပြင်းချနိုင်တော့သည်။ သူရေချိုးနေတုန်း အကောင်ပိစိကမနက်စာသွားဝယ်ထားသည်။ လမ်းထိပ်ကဆိုင်လေးတွင်ဆန်းဝေ့ချ်ရတော့ ဝယ်လာပြီးပန်းကန်လေးထဲထည့်ကာကော်ဖီဖျော်လိုက်သည်။ စေလိုရာ ရေချိုးပြင်ဆင်ပြီးတော့ စားပွဲမှာထိုင်လိုက်သည်။
"သွားဝယ်တာမြန်လိုက်တာကလေးရယ် ... ပြေးသွားတာလား"
"ပြေးစရာလားဦးရဲ့ ကားရှိနေတာပဲကို ... ကိုကြီးရန်နိုင်ကိုမောင်းခိုင်းလိုက်တာ ... ဟီးဟီး"
"အဲ့တာများကလေးရယ် သူ့ကိုပဲဝယ်ခိုင်းလိုက်တာမဟုတ်ဘူး"
"အာ ... မရပါဘူး ... ဦးအတွက်ကလေးကဝယ်ပေးချင်တာ"
"ဟုတ်ပါပြီကလေးငယ် ... ဒီနေ့သင်တန်းပိတ်တယ်ဆိုတော့အိမ်မှာစာလည်းလုပ်ဦးနော် ... နားကြပ်ကြီးအမြဲတမ်းတပ်မထားနဲ့ နားလေးစွင့်ထားနော်"
"ဟုတ်ဟုတ် ... ဦးကအရမ်းစကားများတာပဲ ... အပြစ်ပေးတဲ့အနေနဲ့အာဘွားပေးမယ်"
စေလိုရာကတော့ နောက်ဆိုစကားပဲထိုင်များနေတော့မယ်ဟုဆုံးဖြတ်ချက်ချလိုက်ရင်း အိမ်မှထွက်လာခဲ့လိုက်လေသည်။
အပိုင်း ၉ ဆက်ရန်💚
အပိုင်းသစ်လေးသဘောကျမယ်ထင်ပါတယ်နော်။ ဖတ်ပေးလို့ကျေးဇူးတင်ပါတယ်နော်။ Vote & commentတွေwarmly welcomeပါနော်။ အရမ်းချစ်တယ်နော်💚
Zawgyi
သူငယ္ခ်င္းေယာကၡမႀကီးေတြလည္းျပန္ေတာ့မည္ျဖစ္တာမို႔ ေစလိုရာစိတ္ထဲေပါ့ပါးလို႔ေနသည္။ ႐ုံးခန္းထဲတြင္ တက္တက္ႂကြႂကြအလုပ္လုပ္ေနစဥ္ တံခါးေခါက္သံနဲ႕အတူ ရန္နိုင္ဝင္လာသည္။
"ေဘာ့စ္ သူငယ္ခ်င္းေရာက္ေနပါတယ္ ... မင္းပိုင္ေစလို႔ေျပာပါတယ္"
"ဪ ေအး ... ဝင္ခိုင္းလိုက္ေလ"
ေစလိုရာ လုပ္လက္စစာရင္းေတြကိုခဏရပ္ထားလိုက္ၿပီးဆိုဖာမွာထိုင္ေစာင့္ေနလိုက္သည္။ မင္းပိုင္ေစအခန္းထဲသို႔ဝင္လာသည္။
"ထိုင္ ... မင္းကဘာကိစၥရွိလို႔လဲ"
"ငါတို႔ျပန္ေတာ့မယ္ဆိုေတာ့ မင္းေပ်ာ္ေနၿပီလား"
"ဟမ္"
"သားနဲ႕ဘယ္အဆင့္ထိေရာက္ေနၿပီလဲ"
မင္းပိုင္ေစ သိမ်ားသိေနၿပီလား။ မဟုတ္ေသး အခုလိုေမးခြန္းေမးလာကတည္းက သူသိေနၿပီးသားမို႔ျဖစ္မည္။ အခုလို႐ုတ္တရက္ႀကီးအေမးခံလိုက္ရသည္မို႔ ေစလိုရာထိတ္လန႔္သြားရသည္။
"ငါ ..."
"သိပ္ေတာ့ေထြေထြထူးထူးေျပာစရာမရွိပါဘူး ... ငါ့သားကိုျပန္ေခၚသြားမွာ ... အခုကပညာေရးတစ္ဝက္ျဖစ္ေနလို႔ ထားခဲ့ရဦးမယ္ ... မိဘေတြနဲ႕ေဝးေတာ့ သူ႕ကိုဂ႐ုစိုက္ေပးတဲ့သူအေပၚစိတ္ယိုင္တတ္တာသဘာဝပါပဲ ... ငါ့သားကိုငါတို႔ထိန္းနိုင္တယ္ မင္းစိတ္ကိုမင္းထိန္း ... အခုမွအၫြန႔္တလူလူနဲ႕တက္ေနတဲ့ငါ့သားဘဝကို မင္းဖ်က္ဆီးမလို႔လား ... မင္းကိုအဲ့လိုလူမ်ိဳးလို႔မထင္ထားခဲ့မိဘူး ... မင္းကငါ့သားဘဝကိုဖ်က္ဆီးေနတဲ့အေကာင္ပဲ"
"ေနပါဦး ပိုင္ေစရယ္ ... ငါေတာင္းပန္ပါတယ္ကြာ"
မင္းပိုင္ေစအေရွ႕တြင္ ေစလိုရာဒူးေထာက္လိုက္သည္။ သူကိုယ္တိုင္ေတာင္မသိလိုက္ဘဲဒူးေထာက္လိုက္သည္။ မင္းပိုင္ေစလည္း ေစလိုရာ၏လုပ္ရပ္ကိုအံ့အားသင့္သြားမိသည္။
"မင္းဘာလုပ္တာလဲ"
"ငါဒီလိုေတာင္းပန္ပါတယ္ကြာ ... ငါ့ဘဝမွာေလ ကေလးကိုအခ်စ္ဆုံးပါ ... မိဘေတြမရွိေတာ့တဲ့ေနာက္ပိုင္း ကေလးကငါ့ဘဝျဖစ္ေနၿပီ ... ငါကေလးကိုအရမ္းခ်စ္တယ္ ... ငါကေလးနဲ႕လမ္းမခြဲနိုင္ဘူး"
"အခ်ိန္ေတြကမင္းကိုကုစားေပးမွာပါ ... ဒီက်န္ေနတဲ့အခ်ိန္အေတာအတြင္းမွာ မင္းစိတ္ကိုရေအာင္ျဖတ္ပါ ... ငါသြားေတာ့မယ္"
"ပိုင္ေစ ... ပိုင္ေစ"
မင္းပိုင္ေစအခန္းထဲမွထြက္သြားသည့္အခါ ေစလိုရာသည္ၾကမ္းျပင္ေပၚတြင္ ဒူးေထာက္လ်က္က်န္ရစ္ခဲ့ရွာသည္။ သူဘာဆက္လုပ္ရမည္နည္း။ မင္းပိုင္ေစေျပာသလို အခ်ိန္ေတြကကုစားေပးနိုင္မည္လား။ မင္းပိုင္ေစေျပာသလို သူကသခင္ေလးရဲ႕ဘဝကိုဖ်က္ဆီးေနမိၿပီလား။ သူ႕ေၾကာင့္ သခင္ေလးထိခိုက္ရေတာ့မည္လား။ သူ႕အေတြးေတြခ်ာခ်ာလည္စြာျဖင့္ ၾကမ္းျပင္ေပၚတြင္အခ်ိန္အၾကာႀကီးဒူးေထာက္ေနမိပါေတာ့သည္။
"ဦး!"
အေကာင္ပိစိေလး စာအုပ္ေလးေတြပိုက္ၿပီး အေဆာင္ထဲကေနေျပးထြက္လာသည္။ မိုးေတြ႐ြာေနတာကိုထီးမေဆာင္းဘဲနဲ႕ေျပးထြက္လာလို႔ ေစလိုရာကထီးေဆာင္းၿပီးအေကာင္ပိစိဆီအျမန္ေျပးသြားရသည္။ လက္ထဲကစာအုပ္ေတြကိုေစလိုရာယူလိုက္သည္။
"ဦး လာႀကိဳမယ္ဆိုတာလည္းႀကိဳမေျပာထားဘူး ... စပရိုက္လုပ္တာလား"
"အင္း ဒါေပါ့ ... ကေလးကိုစပရိုက္လုပ္လိုက္တာ ... ဗိုက္ဆာေနၿပီလား ... ဘာစားမလဲ ... ကိုယ္လည္းဘာမွမစားရေသးဘူး"
"မာလာရွမ္းေကာစားခ်င္တယ္ ... ဒါေပမဲ့ ဦးကမႀကိဳက္ေတာ့ခက္သား"
"ရပါတယ္ ဦးလည္းစားမယ္ ... တစ္ခါတစ္ေလစားၾကည့္တာေပါ့ ... Chilli Potပဲမလား"
"ဟုတ္တယ္ ဟုတ္တယ္ ... ဦးကိုအရမ္းခ်စ္တာပဲ ဟီးဟီး"
ေစလိုရာ့ရဲ႕ခါးကိုဖက္ၿပီး တခစ္ခစ္နဲ႕ရယ္ရင္းထီးေအာက္မွလိုက္လာသည္။ ေဘးနားကေကာင္မေလးေတြနဲ႕ေကာင္ေလးေတြကေတာ့ကြက္ၾကည့္ကြက္ၾကည့္နဲ႕ၾကည့္သြားၾကသည္။ ဂ်ဴလီနဲ႕ပန္းခက္တို႔သည္ ေစလိုရာနဲ႕အေကာင္ပိစိကိုၾကည့္ၿပီးႏွာေခါင္းမီးေတာက္ေနၾကသည္မွာ မိုးေရျဖင့္ေတာင္ၿငိမ္းနိုင္မည္ မထင္ေတာ့ပါ။ တစ္ခ်ိဳ႕ကလည္းသူတစ္ပါးအေၾကာင္းကိုျပည့္ျပည့္စုံစုံမသိဘဲနဲ႕ မဟုတ္တဲ့အထင္အျမင္ေတြနဲ႕ေလွ်ာက္ေျပာေနၾကသည္။ စံရိပ္ၿငိမ္ဂမုန္းပြင့္ရွိChilli potကိုေမာင္းလာလိုက္သည္။ ဆိုင္ထဲသို႔ေရာက္သည္ႏွင့္ လြယ္အိတ္ေလးခ်ၿပီး သူစားခ်င္တာေတြသြားေ႐ြးေတာ့သည္။ အသီးအ႐ြက္ေတြ အသားေတြထည့္ၿပီး ဂဏန္းဘက္ကိုလက္ကေလးကေ႐ြ႕သြားေလသည္။ ေစလိုရာေရာက္လာၿပီးအေကာင္ပိစိလက္ကိုလွမ္းဆြဲလိုက္သည္။ ေစလိုရာကိုေမာ့ၾကည့္ကာ ရွိသမွ်သြားေတြအကုန္ေပၚေအာင္ၿဖီးျပေနေလသည္။
"ကေလးဂဏန္းေတြစားတာမ်ားၿပီ ... ဒီတစ္ခါေတာ့မစားရေတာ့ဘူးေနာ္"
"ကေလးမစားပါဘူး ... ကေလးကဒီဘက္ကဝက္သားျပားေလးယူမလို႔ပါ ဟီးဟီး"
အလည္ေလးက ေစလိုရာေဘးနားေရာက္လာမွဂဏန္းကိုမထည့္ေတာ့ဘဲ အသားျပားေတြခ်ည္းပဲထည့္ေလေတာ့သည္။ သူစားခ်င္တာေလးစားရေတာ့ အေကာင္ပိစိေလးကၿပဳံးေပ်ာ္ေနသည္။ ေစလိုရာကပုဇြန္အခြံေတြကိုေသခ်ာခြာေပးၿပီးပန္းကန္ထဲထည့္ေပးသည္။
"ကေလးကအခြံစား ... ကိုယ္ကအသားစားမယ္"
"ဟာ ဦး ... အက်င့္ပုတ္ႀကီး"
အေကာင္ပိစိရဲ႕အၾကည့္ေလးတစ္ခ်က္သည္ ေစလိုရာကိုအခြံေတြဝါးစားေစနိုင္သည္။ ပုဇြန္ေတြထည့္ထားတဲ့ပန္းကန္ေလးကိုအေကာင္ပိစိဘက္ပို႔ေပးလိုက္သည္။
"ကေလးမိဘေတြျပန္သြားတာသိၿပီးၿပီမလား"
"ဟုတ္ ဒယ္ဒီဖုန္းဆက္ၿပီးေျပာတယ္ ... ႐ုတ္တရက္ႀကီးျပန္သြားတာဝမ္းနည္းေပမဲ့ ဦးနဲ႕အရင္လိုႏွစ္ေယာက္တည္းေနရတာေတြးမိျပန္ေတာ့လည္း ေပ်ာ္တယ္"
"ဟုတ္ပါၿပီဗ်ာ"
"ဦးကမစားဘူးလား ... ပုဇြန္စားေလ ဒီမွာအသားျပားေတြလည္းအမ်ားႀကီးပဲ ... ကေလးခြံ႕ေကြၽးရမွာလား"
"ခြံ႕ေကြၽးရင္ေတာ့ေကာင္းတာေပါ့"
ေစလိုရာကပါးစပ္ဟေပးေတာ့ ပုဇြန္အခြံတစ္ခုကိုယူၿပီးပါးစပ္ထဲထည့္ေပးလိုက္သည္။
"ကေလး အခြံႀကီးကို ... အက်င့္ပုတ္ေလး"
အေကာင္ပိစိကတခစ္ခစ္ရယ္ၿပီး သေဘာေတြက်ေနေလသည္။ ေစလိုရာကေတာ့ ပါးစပ္ထဲကအခြံကိုျပန္ထုတ္ၿပီးအေကာင္ပိစိပါးကိုလူေတြအလစ္မွာနမ္းပစ္လိုက္သည္။ ဒါကိုလည္းအေကာင္ပိစိေလးကတခစ္ခစ္နဲ႕သေဘာတက်ရယ္ေမာေနေလသည္။ ေစလိုရာ အေကာင္ပိစိဆီကေနလိုက္လုစားရင္းစေနာက္ေနေလသည္။ စားေသာက္ၿပီး႐ုပ္ရွင္ဝင္ၾကည့္ၾကေသးသည္။ ႐ုပ္ရွင္႐ုံထဲမွာ ေက်ာင္းသား ေက်ာင္းသူေတြကအမ်ားစုျဖစ္ေနသည္။ အေကာင္ပိစိ ႐ုပ္ရွင္ကိုစိတ္ဝင္တစားၾကည့္ေနေလသည္။ ေစလိုရာကေတာ့ အေကာင္ပိစိရဲ႕မ်က္ႏွာကသူ႕အတြက္႐ုပ္ရွင္ျဖစ္သည္။ ႐ုပ္ရွင္ၾကည့္ၿပီးျပန္ထြက္လာေတာ့ညေနေစာင္းေနၿပီျဖစ္သည္။ မိုးေတြကလည္းအုံ႕မွိုင္းေနလို႔ပုံမွန္ထက္အနည္းငယ္ေမွာင္ေနသည္။ ရာသီဥတုလိုပဲ ေစလိုရာ၏ရင္ထဲတြင္လည္းအုံ႕မွိုင္းေနပါသည္။ သို႔ေပမဲ့ သူ႕ကေလးငယ္အေရွ႕တြင္ေတာ့ ရေအာင္ၿပဳံးထားသည္။
"ဦး သြားလို႔ရၿပီေလ ... ကားထြက္ခိုင္းေနၿပီ"
အေရွ႕မွလုံၿခဳံေရးက ကားကိုထြက္ဖို႔လက္ျပေနတာကိုမျမင္ဘဲ သူေတြးခ်င္တာေတြေတြးၿပီးငိုင္ေနသည္။ အေကာင္ပိစိရဲ႕အသံကိုၾကားမွကားထြက္ဖို႔ကိုသတိရသည္။
"ကေလး ကားေလွ်ာက္ေမာင္းၾကမလား"
"အင္းအင္း ... ေကာင္းတယ္ ေကာင္းတယ္ ... အရမ္းသေဘာက်တယ္"
ကားထဲမွာသီခ်င္းေတြဖြင့္ကာ အေကာင္ပိစိကလိုက္ဆိုပါသည္။ သူမရတဲ့ေနရာေတြကိုဝါးခ်ကာ သူရတဲ့ေနရာေတြဆိုအသံကပိုက်ယ္လာသည္။ ေစလိုရာလည္းအေကာင္ပိစိနဲ႕အတူသီခ်င္းေတြလိုက္ဆိုေနမိသည္။ ေျခဦးတည့္ရာကားကိုေလွ်ာက္ေမာင္းရင္း တစ္ညလုံးအေကာင္ပိစိနဲ႕အတူအခ်ိန္ေတြျဖဳန္းခဲ့သည္။ ညေတာ္ေတာ္မိုးခ်ဳပ္မွအိမ္သို႔ျပန္ေရာက္လာၾကသည္။ ကိုရန္နိုင္ႀကီးကေတာ့ အရင္တုန္းကဆိုသိုးေနေအာင္အိပ္ေနသေလာက္အခုေတာ့ေကာင္မေလးနဲ႕တတြတ္တြတ္ဖုန္းခ်ည္းပဲေျပာေနသည္။ ဖုန္းေျပာေနတာ သူတို႔ျပန္လာသည္ကိုေတာင္မသိနိုင္တဲ့အထိပင္ျဖစ္ေနသည္။ အေကာင္ပိစိေလးကစာအုပ္ေလးေတြကိုပိုက္ၿပီးသမ္းရင္းနဲ႕အိမ္ထဲဝင္လာေလသည္။ ေလွကားနားမွာရပ္ၿပီး ေစလိုရာဘက္ကိုလွည့္ကာေမာ့ၾကည့္လိုက္သည္။
"ကေလးေလးပင္ပန္းသြားရၿပီ ... ေရခ်ိဳးၿပီးအိပ္လိုက္ေတာ့ေနာ္ ... မနက္မွေတြ႕မယ္"
အေကာင္ပိစိရဲ႕ႏႈတ္ခမ္းေလးနဲ႕နဖူးေလးကိုနမ္းလိုက္သည္။ အေကာင္ပိစိေလးက ေစလိုရာရဲ႕ပါးကိုျပန္နမ္းလိုက္သည္။
"ဂြတ္နိုက္ ဦး"
အေကာင္ပိစိေလးကေလးလံတဲ့ေျခလွမ္းေတြနဲ႕အေပၚထပ္သို႔တက္သြားေလသည္။ တစ္ေနကုန္ပင္ပန္းလာသမွ်ကိုေရေတြနဲ႕အတူဖယ္ရွားပစ္လိုက္ၿပီး အိပ္ရာဝင္ခဲ့ေလသည္။
"ဟူး ေပါ့ပါးေနတာပဲ"
မနက္မိုးမလင္းခင္အေစာႀကီး အေကာင္ပိစိေလးကငိုၿပီးအေပၚထပ္မွဆင္းလာသည္။ ေစလိုရာရဲ႕အခန္းထဲေျပးဝင္လာၿပီး ေစလိုရာ့ရင္ခြင္ထဲတိုးဝင္ကာ ရွိုက္ႀကီးတငင္ငိုေနသည္။ ေစလိုရာလည္း သူ႕ရင္ခြင္ထဲကအေကာင္ပိစိေလးေၾကာင့္လန႔္နိုးလာသည္။ ရွိုက္ႀကီးတငင္ငိုေနေတာ့ပိုလို႔ေတာင္လန႔္သြားရသည္။
"ကေလး ဘာျဖစ္တာလဲ ... ဘာလို႔ငိုေနတာလဲ ... ဘာျဖစ္လို႔လဲကေလးရယ္ ... ဦးကိုေျပာပါဦး"
"ကေလးကိုမထားခဲ့ပါနဲ႕ေနာ္ ဟင့္ ... အိမ္မက္ထဲမွာ ဦးကေလး ကိုထားသြားတယ္ ဟင့္ ... မထားခဲ့ပါနဲ႕ေနာ္ ... ကေလးမဆိုးေတာ့ပါဘူး ဂ်ီလည္းမက်ေတာ့ပါဘူး ဟင့္ ... ဦးမႀကိဳက္တာေတြလည္းမလုပ္ေတာ့ပါဘူး ဟင့္ ... ကေလးေတာင္းပန္ပါတယ္ေနာ္ ... မထားခဲ့ပါနဲ႕ေနာ္ ဟင့္"
"ကေလးရယ္ မငိုပါနဲ႕ေတာ့ကြာ ... အိမ္မက္သပ္သပ္ပါ ... တိတ္ေတာ့ေနာ္ ျပန္အိပ္ရေအာင္ ... အိပ္ေရးမဝရင္ေက်ာင္းမွာစာသင္ရတာအခက္ေတြ႕ေနမယ္ ... မငိုနဲ႕ေတာ့ တိတ္တိတ္"
"မအိပ္ဘူး ... မအိပ္ခ်င္ဘူး ဟင့္ ... အိမ္မက္ႀကီးကတကယ္ႀကီးလိုပဲ ... အိမ္မက္ထဲမွာကေလးကိုထားၿပီးထြက္သြားတယ္"
ရင္ခြင္ထဲကိုပိုလို႔ေတာင္တိုးဝင္လာၿပီး ခါးကိုပိုၿပီးတင္းၾကပ္စြာဖက္ထားေလသည္။ ဒီေလာက္ရွိုက္ႀကီးတငင္ငိုေနတာ ကေလးဘယ္ေလာက္ေတာင္ေၾကာက္ေနလို႔လဲ။ သူ႕ေၾကာင့္ကေလးနာက်င္ခံစားေနရၿပီ။ အၿမဲတမ္းေၾကာက္လန႔္ေနတာမ်ိဳးကို သူ,မျဖစ္ေစခ်င္ပါ။ အေကာင္ပိစိေလးကငိုလြန္းလို႔မ်က္ႏွာေလးကနီရဲေနၿပီး မ်က္လုံးေလးေတြေဖာင္းအစ္ေနၿပီျဖစ္သည္။
"ကေလး ဦးကိုၾကည့္ပါဦး"
ရင္ခြင္ထဲကေနအတင္းဆြဲထုတ္ၿပီး မ်က္ႏွာေလးကိုအတင္းဆြဲေမာ့ယူရသည္။
"မငိုပါနဲ႕ေတာ့ ... ကိုယ္ေသတာကိုျမင္ခ်င္လို႔လား ... ကိုယ့္ရင္ကိုအရွင္လတ္လတ္ခြဲေနသလိုပဲ ... အိမ္မက္ပါ ရိုးရိုးသာမန္အိမ္မက္ေလးတစ္ခုပါ ... ၿပီးေတာ့အိမ္မက္ဆိုတာေျပာင္းျပန္ယူရတယ္ကေလးရဲ႕ ... မငိုနဲ႕ေတာ့ေနာ္ တိတ္ေတာ့ ... ေရေသာက္လိုက္ဦး အရမ္းပင္ပန္းေနၿပီကေလးရယ္"
ေရတစ္ခြက္အရင္တိုက္လိုက္ၿပီး မ်က္ရည္ေတြကိုသုတ္ေပးလိုက္သည္။ ကုတင္ေပၚမွာငုတ္တုပ္ေလးနဲ႕ငူငူငိုင္ငိုင္ေလးထိုင္ေနသည္။ ေစလိုရာကအေရွ႕မွာထိုင္ေနသည္ကို ေစလိုရာ့ကိုအၾကည့္ခ်င္းမဆုံဘဲမ်က္ႏွာလႊဲထားသည္။
"ကေလး အိပ္ေတာ့ေလေနာ္ ... မနက္အိပ္ေရးမဝဘဲေနမယ္"
"ကေလးေဘးနားမွာပဲေနေနာ္ ... ဘယ္မွမသြားနဲ႕"
ေစလိုရာရဲ႕အကၤ်ီစကိုဆြဲထားၿပီးေျပာလာသည္။ ေစလိုရာအရင္လွဲလိုက္ၿပီး အေကာင္ပိစိကိုရင္ခြင္ထဲထည့္လိုက္သည္။ ေနာက္ေက်ာေလးကိုပြတ္သပ္ေပးရင္းနဲ႕ အေကာင္ပိစိကိုမ်က္လုံးေလးမွိတ္ခိုင္းထားသည္။ အေကာင္ပိစိေလးငိုထားေတာ့ပင္ပန္းၿပီးခဏေလးနဲ႕အိပ္ေပ်ာ္သြားသည္။ အေကာင္ပိစိေလးအိပ္သြားမွ သူလည္းမ်က္လုံးေတြမွိတ္လိုက္ေတာ့မ်က္ရည္ေတြစီးက်လာေလသည္။
*ကိုယ္ ဘယ္လိုဆက္လုပ္ရမလဲကေလးရယ္ ... ကိုယ့္ေၾကာင့္ျဖဴစင္တဲ့ကေလးေလးကအခုလိုငိုေနရၿပီ ... ခံစားေနရၿပီ ... ကိုယ္မင္းကိုငိုေအာင္ပဲလုပ္မိေနတယ္ကေလးရယ္*
အေကာင္ပိစိေလးနိုးလာေတာ့ ေစလိုရာနဲ႕မ်က္ႏွာခ်င္းဆိုင္ျဖစ္ေနသည္။ ေစလိုရာကမနိုးေသးဘူးအထင္နဲ႕ အေကာင္ပိစိေလးကသူ႕ရဲ႕လက္ညွိုးေလးနဲ႕ေစလိုရာရဲ႕မ်က္ခုံး မ်က္လုံး ႏွာေခါင္း ႏႈတ္ခမ္းေတြကိုအသာေလးတို႔ထိၾကည့္ေနၿပီးရယ္ေနသည္။
"သေဘာက်လိဳ႕လား"
႐ုတ္တရက္ ေစလိုရာေမးလိုက္ေတာ့ အေကာင္ပိစိလန႔္ၿပီးလက္ကေလးျပန္႐ုတ္သြားသည္။ အမွန္ေတာ့ ေစလိုရာအိပ္
ခ်င္ေယာင္ေဆာင္ေနျခင္းျဖစ္သည္။
"ကိုယ္ေမးေနတယ္ေလ ေျဖဦး ... သေဘာက်လိဳ႕လားလို႔"
"အင္း ... ကေလးကဦးရဲ႕အရာအားလုံးကိုသေဘာက်တယ္ ... ဦးနဲ႕ပတ္သက္တဲ့အရာအားလုံးကိုသေဘာက်တယ္ ... ေကာင္မေလးေတြနဲ႕ေကာင္ေလးေတြကလြဲလို႔"
"အူတိုေလး ထေတာ့ ... ေက်ာင္းသြားရမယ္ အတန္းခ်ိန္ေတြေနာက္က်ကဳန္မယ္"
"ဦး အဲ မဟုတ္ဘူး ... ဒီေန႕ကစေနေန႕ေလေဘးေဘ"
"ဟုတ္သားပဲ ... ကိုယ္ကအလုပ္သြားရမွာဆိုေတာ့ကေလးလည္းသြားရမယ္ပဲထင္ေနတာ"
"ရပါတယ္ ... ကေလး ဦးကိုမုတ္ဆိတ္ရိပ္ေပးခ်င္တယ္"
"သေဘာဗ်ာ သေဘာ"
အေကာင္ပိစိကိုေဘစင္ေဘာင္ေပၚတင္ထားၿပီး အေကာင္ပိစိကေစလိုရာရဲ႕ခါးကိုေျခေထာက္ႏွစ္ဖက္နဲ႕ခြဖက္ထားသည္။ မုတ္ဆိတ္ရိပ္တာကနည္းနည္း စကားမ်ားတာကမ်ားမ်ားျဖစ္ေနသည္။ ညတုန္းကရွိုက္ႀကီးတငင္ငိုေနသည့္ကေလး လူစားအထိုးခံလိုက္ရတာလားလို႔ေတာင္ ေစလိုရာေတြးမိပါသည္။
"ဦး မရယ္နဲ႕ေလ ... ဓားထိသြားမယ္ ၿငိမ္ၿငိမ္ေန"
သူငယ္ငယ္တုန္းကဘယ္ေလာက္ေဆာ့ၿပီးဘယ္ေလာက္ဆိုး
ေၾကာင္းေတြလာေျပာျပေနေတာ့ ဒီလူကမၿပဳံးနိုင္ဘဲေနမလား။ ၿပဳံးမိတာေလးကိုအေအာ္ခံလိုက္ရသည္။
"ဦးကအမိုက္ဆုံးပဲ ... ကေလးရဲ႕ဦးေလာက္ဘယ္သူမွမေခ်ာဘူး"
အခုလိုအေကာင္ပိစိေလးေပ်ာ္႐ႊင္ေနတာကိုျမင္ရမွ သူလည္းသက္ျပင္းခ်နိဳင္ေတာ့သည္။ သူေရခ်ိဳးေနတုန္း အေကာင္ပိစိကမနက္စာသြားဝယ္ထားသည္။ လမ္းထိပ္ကဆိုင္ေလးတြင္ဆန္းေဝ့ခ်္ရေတာ့ ဝယ္လာၿပီးပန္းကန္ေလးထဲထည့္ကာေကာ္ဖီေဖ်ာ္လိုက္သည္။ ေစလိုရာ ေရခ်ိဳးျပင္ဆင္ၿပီးေတာ့ စားပြဲမွာထိုင္လိုက္သည္။
"သြားဝယ္တာျမန္လိုက္တာကေလးရယ္ ... ေျပးသြားတာလား"
"ေျပးစရာလားဦးရဲ႕ ကားရွိေနတာပဲကို ... ကိုႀကီးရန္နိုင္ကိုေမာင္းခိုင္းလိုက္တာ ... ဟီးဟီး"
"အဲ့တာမ်ားကေလးရယ္ သူ႕ကိုပဲဝယ္ခိုင္းလိုက္တာမဟုတ္ဘူး"
"အာ ... မရပါဘူး ... ဦးအတြက္ကေလးကဝယ္ေပးခ်င္တာ"
"ဟုတ္ပါၿပီကေလးငယ္ ... ဒီေန႕သင္တန္းပိတ္တယ္ဆိုေတာ့အိမ္မွာစာလည္းလုပ္ဦးေနာ္ ... နားၾကပ္ႀကီးအၿမဲတမ္းတပ္မထားနဲ႕ နားေလးစြင့္ထားေနာ္"
"ဟုတ္ဟုတ္ ... ဦးကအရမ္းစကားမ်ားတာပဲ ... အျပစ္ေပးတဲ့အေနနဲ႕အာဘြားေပးမယ္"
ေစလိုရာကေတာ့ ေနာက္ဆိုစကားပဲထိုင္မ်ားေနေတာ့မယ္ဟုဆုံးျဖတ္ခ်က္ခ်လိဳက္ရင္း အိမ္မွထြက္လာခဲ့လိုက္ေလသည္။
အပိုင္း ၉ ဆက္ရန္💚
အပိုင္းသစ္ေလးသေဘာက်မယ္ထင္ပါတယ္ေနာ္။ ဖတ္ေပးလို႔ေက်းဇူးတင္ပါတယ္ေနာ္။ Vote & commentေတြwarmly welcomeပါေနာ္။ အရမ္းခ်စ္တယ္ေနာ္💚