သခင့်​စေလိုရာ

Door PannWintHlwar

447K 25.7K 1.3K

စေလိုရာ 💚 သခင် (အရာအားလုံးကိုအချိန်တွေကကုစားသွားမှာပါလို့ပြောပေမဲ့ သူ့အတွက်တော့ ကလေးငယ်နှင့်ပတ်သက်သည့်အရာအား... Meer

အပိုင်း - ၁💚
အပိုင်း - ၃💚
အပိုင်း - ၄💚
အပိုင်း - ၅💚
အပိုင်း - ၆💚
အပိုင်း - ၇💚
အပိုင်း - ၈💚
အပိုင်း - ၉💚
အပိုင်း - ၁၀💚
အပိုင်း - ၁၁💚
အပိုင်း - ၁၂💚
အပိုင်း - ၁၃💚
အပိုင်း - ၁၄💚
အပိုင်း - ၁၅💚
Episode - 16💛
Episode - 17💛
Episode - 18💛
Episode - 19💛
Episode -20💛
Episode- 21💛
Episode - 22💛
Episode -23💛
Episode -24💛
Episode - 25💛
Episode - 26💛
Episode - 27💛
Episode - 28💛(Finale)
သခင့်​စေလိုရာ(Extra)

အပိုင်း - ၂💚

25K 1.6K 123
Door PannWintHlwar

ညနေခြောက်နာရီ အကောင်ပိစိလေးကိုကြိုရန်အတွက်သူ၏Entertainmentထဲမှထွက်လာခဲ့လိုက်သည်။ ခြောက်နာရီခွဲလောက်တွင် အကောင်ပိစိလေး၏သင်တန်းအရှေ့သို့ရောက်နေပြီဖြစ်သည်။ သင်တန်းထဲမှလူအများကြီးထွက်လာပါသော်လည်း သူ့ရဲ့အကောင်ပိစိလေးကတော့ထွက်မလာသေးပါ။ သင်တန်းအချိန်ကလည်းကျော်နေပြီမို့ စေလိုရာကားပေါ်မှဆင်းပြီး သင်တန်းထဲသို့ဝင်လိုက်သည်။ သင်တန်းကောင်တာမှကောင်မလေးတွေကရယ်ရယ်မောမောစကားတွေပြောနေကြပြီး သူဝင်လာမှအကုန်ရပ်တန့်ကုန်ကြသည်။

"သခင်တို့အတန်းကမဆင်းသေးတာလား ... အကုန်လုံးထွက်လာပြီး ကျွန်တော့်ကလေးထွက်မလာသေးလို့"

သင်တန်းကောင်တာမှကောင်မလေးတွေ သူမေးတာမဖြေဘဲသူ့ကိုပဲစိုက်ကြည့်နေကြသည်။ စေလိုရာနောက်ထပ်တစ်ခေါက်ထပ်မေးရသည်။

"ဒီမှာညီမတို့ အစ်ကိုမေးနေတယ်လေ ... သခင် ဘာလို့အခုထက်ထိသင်တန်းထဲကထွက်မလာသေးတာလဲလို့"

"အာ အာ ခဏလေးနော် ... သခင် ... သခင်က Section Aမှာ ... ညီမ အပေါ်မှာသွားကြည့်ပေးမယ်နော်"

စေလိုရာ ကောင်တာကကောင်မလေးထက်အရင်ပြေးတက်
လိုက်သည်။ အခန်းထဲမှာသခင်တစ်ယောက်တည်းငုတ်တုပ်လေးထိုင်ပြီး ဘောပင်လေးကိုက်ထားကာ ခေါင်းတွေကုတ်နေသည်။

"ကလေး ... ဟာကွာ စိတ်ပူသွားတာပဲ ... တစ်ယောက်တည်းဘာလုပ်နေတာလဲ"

"ဦး ကလေးစာမရသေးလို့ ... ဆရာကဒီတစ်ပုဒ်ပြီးမှပြန်ရမယ်ဆိုလို့ပါ"

စေလိုရာရောက်နေစဉ် လူတစ်ယောက်အခန်းထဲဝင်လာပြီး ခုဏကကောင်မလေးလည်းအနောက်ကပါလာသည်။

"စေလိုရာရဲ့အုပ်ထိန်းသူလား"

စေလိုရာ ထိုလူ့ကိုခေါင်းစခြေဆုံးကြည့်လိုက်သည်။ အသက်
က စေလိုရာနဲ့အတူတူ‌လောက်ဖြစ်မည်။ သန့်သန့်ပြန့်ပြန့်နဲ့ကြည့်လိုက်တာနဲ့ဆရာဆိုတာတန်းသိနိုင်သည်။

"ကျွန်တော်က ဒီအတန်းကဆရာပါ ... သခင်က ပုဒ်စာလေးတစ်ပုဒ်ကိုမရလို့ တွက်ခိုင်းနေတာပါ ... စိတ်ပူသွားစေမိတာ ကျွန်တော့်ဘက်က တောင်းပန်ပါတယ်"

"ရပါတယ် ... နောက်ဆိုရင်တော့ အကြောင်းကြားပေးပေါ့ ... အခုက တခြားသူတွေကျအကုန်ထွက်လာပြီး ... ကလေးတစ်ယောက်တည်းထွက်မလာတော့ စိတ်ပူသွားတယ်"

စေလိုရာ ခပ်တည်တည်နဲ့ပဲဆရာ့ကိုစိုက်ကြည့်ပြီးပြောလိုက်တော့ ဆရာကအပြုံးမပျက်ဘဲတောင်းပန်သည်။ စေလိုရာ သူ့ရဲ့ဖုန်းနံပါတ်ကိုသင်တန်းမှာပေးခဲ့ပြီး ကလေးကိုပြန်ခေါ်လာခဲ့
လိုက်သည်။

"ဦး ... ကလေးကိုအိမ်ရောက်ရင်ဒါလေးကူတွက်ပေးပါနော်"

စေလိုရာကစကားပြန်မပြောဘဲ ခေါင်းပဲညိတ်ပြတော့အကောင်ပိစိနည်းနည်းကြောက်သွားသည်။ မုန့်စားဖို့ပြောရမလား မပြောရမလားစဉ်းစားရင်း ကားပေါ်မှာငြိမ်ငြိမ်လေးပါလာသည်။ စေလိုရာ ရန်ကုန်အကင်ဆိုင်ရှေ့တွင်ကားရပ်လိုက်တော့ အကောင်ပိစိပြုံးဖြီးသွားပြီး လွယ်အိတ်ကလေးလွယ်ကာ စေလိုရာ့လက်မောင်းကိုတွဲပြီးလိုက်လာသည်။ စေလိုရာစကားတစ်လုံးမှမပြောဘဲ အသားတွေကိုကင်ပေးသည်။ အကောင်ပိစိရဲ့ပန်းကန်ထဲကိုထည့်ပေးသည်။ အကောင်ပိစိဘေးမှာထိုင်ပြီး တူလေးကိုင်ကာ စေလိုရာကိုမော့ကြည့်လိုက် တူလေးကိုပါးစပ်နဲ့ကိုက်လိုက်လုပ်နေသည်။ ဦး သူ့ကိုစိတ်များဆိုးသွားလေသလား။

"ဦး ကလေးကိုစကားမပြောဘူးလားဟင် ... စိတ်ဆိုးသွားတာလား"

"မဆိုးပါဘူး ... စား ပူပူလေးစားမှကောင်းတာ ... ပြီးရင်အိမ်ပြန်ကြမယ်"

စေလိုရာ အကောင်ပိစိကိုတစ်ချက်မှမကြည့်ဘဲ လုပ်စရာရှိတာတွေလုပ်ရင်းပြောလိုက်သည်။ အကောင်ပိစိငိုချင်လာသည်။ တစ်ခါမှလည်း ဒီလိုအခြေအနေမျိုးကြီးကိုမကြုံဖူးပါ။ စေလိုရာကတစ်ခါမှလည်းဒီလိုလေသံမမာဖူးဘူး။ သူဖုန်းဆက်ပြီးမပြောလို့ စိတ်များဆိုးနေလေသလား။ သူ ဦးကိုဘယ်လိုချော့ရမလဲဆိုတာမသိတော့ပါ။

"ဘာလို့မစားတော့တာလဲ"

အကောင်ပိစိက ဆက်မစားသေးဘဲ တူကြီးကိုအတင်းကိုက်
ထားပြီး စေလိုရာကိုဘယ်လိုချော့ရမလဲစဉ်းစားနေသည်။ ဒီလိုနေရာကြီးမှာ နမ်းလိုက်ရင်လည်း ရှက်စရာကြီး သူများ
တွေမြင်ကုန်မှာကိုသူကြောက်သည်။ အခုမှမချော့ရင်လည်းအဲ့လိုကြီးပဲဖြစ်နေတော့မှာ မနေတတ်။ ဘယ်လိုလုပ်ရမှာလဲ။ သူမသိတော့ပါ။ ဖြစ်ရာဖြစ်ဆိုပြီး အကောင်ပိစိမျက်လုံးစုံမှိတ်ချပြီး စေလိုရာကိုဖြတ်ခနဲအမြန်နမ်းလိုက်သည်။ မျက်နှာလေးကချက်ချင်းရဲတက်သွားသည်။ ဟိုဘက်ကြည့်လိုက် ဒီဘက်ကြည့်လိုက်လုပ်နေကာ ခေါင်းကိုအတင်းငုံ့ပြီး အသားတွေတစ်ခုပြီးတစ်ခုယူစားနေသည်။ စေလိုရာလည်းလူ‌ တွေအများကြီးအရှေ့မှာ ဒီလိုအနမ်းခံလိုက်ရတော့ အံ့သြသွားရသည်။ ကလေးကသူစိတ်ဆိုးနေတယ်လို့ထင်နေတာလား။ သူစိတ်ဆိုးနေတာမဟုတ်။ သူစဉ်းစားနေတာ သင်တန်းကဆရာကို သူစဉ်းစားနေတာ။ ကလေးကိုပုဒ်စာတွက်ခိုင်းရအောင် သူ့ကလေးကမူကြိုကလေးလည်းမဟုတ်။ သို့ပေမဲ့ အနမ်းခံလိုက်ရတော့ ဘဝင်လေဟပ်သွားရသည်။

"ဦး ကလေးကိုစိတ်မဆိုးပါနဲ့တော့နော်"

"ကိုယ်ဘယ်တုန်းကစိတ်ဆိုးလို့လဲ ... ကလေးက ဦးစိတ်ဆိုးနေတယ်ထင်ပြီးချော့တာလား"

"အင် ... စိတ်ဆိုးနေတာမဟုတ်ဘူးလား ... ဦးကတည်တည်ကြီးနေတော့ ကလေးကစိတ်ဆိုးနေတယ်ထင်တာပေါ့ ... အား ရှက်လိုက်တာ ... မုန့်စားတာပဲကောင်းတယ်"

သိပ်ချစ်ဖို့ကောင်းတဲ့ကလေးလေး။ မင်းပိုင်စေတို့သာသိရင်သူ့ကိုသေနတ်နဲ့ပဲပစ်သတ်မလား အရှင်လတ်လတ်ပဲမြေမြှုပ်
မလား တွေးရင်းနဲ့ကြက်သီးတောင်ထမိသည်။ သူသည်လည်း သူငယ်ချင်းအရင်းခေါက်ခေါက်ကြီးရဲ့သားလေးကိုမှပိုင်ဆိုင်ချင်ရသည်။ သူငယ်ချင်းကိုယောက္ခမခေါ်ရမယ့်အဖြစ်ကိုတွေးရင်းလည်းရင်ခုန်မိသည်။ ဒီကလေးနဲ့စတွေ့တဲ့အချိန်လေးကိုလည်းသူသတိရမိပါသေးသည်။

"မာမီရေ သားအောင်တယ် ... သားအောင်တယ်"

သခင် ဆယ်တန်းအောင်စာရင်းကိုကြည့်ပြီး ခုန်ပေါက်ပျော်မြူးကာအိမ်သို့ပြန်လာသည်။ သားလေးအောင်တယ်ဆိုတော့ မိဘတွေပျော်ရတာပေါ့။ ၂ဘာသာဂုဏ်ထူးလည်းပါတယ်ဆိုတော့ ပိုတောင်ပျော်ရသေးသည်။ အပျော်ပေါ်အပျော်ဆင့်သွားရသည်။ မင်းပိုင်စေနဲ့‌မေဆူးခက်တို့သည် သားလေးကိုရန်ကုန်မှာပဲကျောင်းတက်စေချင်သည်။ အဆောင်မှာလည်းမနေစေချင်ပါ။ သားလေးကအရမ်းကိုသရဲကြောက်တတ်လို့တစ်ယောက်တည်းအဆောင်မှာနေဖို့ဆိုတာလည်းမဖြစ်ပါ။သူများတွေအနိုင်ကျင့်မှာလည်းစိုးရိမ်သေးသည်။ ထိုအချိန် ရန်ကုန်က စေလိုရာကိုသွားသတိရမိသည်။ တစ်ကိုယ်တည်းသမားဖြစ်လို့ အကူအညီတောင်းကြည့်ချင်သေးသည်။ မင်းပိုင်စေ သူငယ်ချင်းဖြစ်သူစေလိုရာဆီကို ဖုန်းဆက်လိုက်သည်။

"ဟယ်လို အမိန့်ရှိပါ"

"စေလိုရာ ... ငါပါကွ မင်းပိုင်စေ"

"ဟာ ပိုင်စေ ... ထူးထူးဆန်းဆန်း ဘာကိစ္စလဲ"

"ဒီလိုကွာ ... ငါ့သားလေးက ဒီနှစ်ဆယ်တန်းအောင်ပြီ"

"ဟာ ဟုတ်သားပဲ ... ငါလည်းအလုပ်တွေရှုပ်နေတာနဲ့မေ့သွားတယ်ကွာ ... ဘယ်နှစ်ဘာသာပါလဲ"

"နှစ်ဘာသာပါတယ် ... အဲ့တာ ရန်ကုန်မှာကျောင်းထားချင်တယ်ကွာ ... အဆောင်လည်းမနေစေချင်ဘူး ... အဲ့တာ ..."

"ငါ့ဆီမှာထားချင်တယ်ဆိုပါတော့"

စေလိုရာ စကားဖြတ်ပြောလိုက်သည်။ ပိုင်စေလည်းအား
မနာတော့ဘဲ ဝန်ခံလိုက်သည်။ ကူညီပါစေလို့လည်းရင်ထဲကဆုတောင်းနေမိသည်။

"ရပါတယ်ကွာ ... ငါ့တုန်းကလည်းမင်းတို့တွေကူညီထားတာပဲ ... ဘယ်တော့လာမှာလဲ"

မင်းပိုင်စေ အရမ်း အရမ်းကိုဝမ်းသာသွားရသည်။ သူ့သားကို
ရန်ကုန်မှာကျောင်းထားပြီး ရန်ကုန်မှာပဲအခြေချဖို့အတွက် သူရည်ရွယ်ထားသည်။ အခုသူရည်ရွယ်ထားတာတွေတကယ်ဖြစ်လာတော့မည်။ သားနဲ့စေလိုရာက အရင်ကတွေ့ဖူးပေမဲ့ ဆယ်တန်းဖြေနေတဲ့တစ်နှစ်လုံးမတွေ့ဖြစ်ကြ။ ရင်းနှီးပြီးသားလူဖြစ်လို့ သားလေးကလက်ခံမှာပါဆိုတာလည်း သူယုံကြည်သည်။ သားလေးကို ရန်ကုန်မှာကျောင်းတက်ပြီးသင်တန်းတွေလည်းတက်ခိုင်းမည်။ သားကိုသူအကောင်းဆုံးပံ့ပိုးပေးမယ်လို့ပဲ သူခံယူထားသည်။ ဒီလိုနဲ့ ရန်ကုန်ကိုရောက်လာကြသည်။

"ဦး ... သားကဘယ်အခန်းမှာနေရမှာလဲ"

"အပေါ်ထပ်မှာအခန်းပြင်ပေးထားပါတယ်ဗျာ ... သွားကြည့်လိုက် မကြိုက်ရင်ပြော ... ပြန်ပြင်ပေးမယ်"

အကောင်ပိစိလေးက ခုန်ဆွ ခုန်ဆွဖြင့် အပေါ်ထပ်သို့ပြေးတက်သွားသည်။ အစွန်ဆုံးအခန်းလေးထဲကိုဝင်လိုက်သည်။ တစ်ခန်းလုံးကို ဆေးအပြာရောင်နုနုလေးသုတ်ထားသည်။ ကုတင်လေးကပြင်တင်းပေါက်ဘေးနားမှာကပ်ပေးထားသည်။ စာကြည့်စားပွဲလေးလည်းပါသေးသည်။ ဗီရိုလေးကလည်းအပြာရောင်လေးဖြစ်သည်။ အိပ်ရာပေါ်တက်ပြီး ခုန်ကြည့်သေးသည်။ အရမ်းကိုသဘောကျလွန်းလို့ ပါးစပ်တောင်ပြန်မစိနိုင်ဘဲ အောက်မှာစကားပြောနေတဲ့ မာမီနဲ့ဒယ်ဒီကိုအတင်းဆွဲခေါ်ပြီး စေလိုရာပြင်ပေးထားသည့် သူ့အခန်းလေးကိုပြသည်။ အရမ်းကြိုက်တယ် အရမ်းကြိုက်တယ်ဆိုပြီး စေလိုရာကိုပြေးပြေးဖက်သေးသည်။ ဦးကအကောင်းဆုံးပဲလို့ပြောတာလည်း ခဏခဏပင်။ မိဘတွေတောင်စေလိုရာ့ကိုအားနာလာသည်။ ဒီလိုကလေးနဲ့ထားခဲ့ရမှာအားနာလာသည်။

"အားမနာပါနဲ့ကွာ ... မင်းတို့သားလေးကို ခြေမွှေးမီးမလောင်လက်မွှေးမီးမလောင်ထားမှာ စိတ်ချ ... မင်းတို့လည်း အားရင်အားသလိုလာခဲ့ပေါ့"

"အေးပါ ... ကျေးဇူးပါစေလိုရာ ... ဒါဆိုငါတို့သွားတော့မယ် ... သားကိုစိတ်ချမယ်နော် ... သားကလည်း စေလိုရာ့စကားကိုနားထောင်နော် ... အရမ်းဂျီကျ‌မနေနဲ့"

"ဟုတ် ... စိတ်ချ ဒယ်ဒီ"

မေဆူးခက်နဲ့မင်းပိုင်စေတို့ပြန်သွားသည်နှင့် အိမ်ကြီးအကြီးထဲတွင် စေလိုရာနဲ့သခင်နှစ်ယောက်သာကျန်ခဲ့တော့သည်။ ပိုဆိုးသည်က စေလိုရာကုမ္ပဏီသွားရမယ်ဆိုပြီးထွက်သွားသည်။ ပိစိတစ်ယောက်တည်းကျန်ခဲ့တော့ အခန်းထဲမှာသာအောင်းနေသည်။ အိမ်ကကျယ်တော့ ပိုဆိုးသည်။ အကောင်ပိစိ သရဲကားထိုင်ကြည့်နေစဉ် ...

ခွမ်း ~~~

အောက်ထပ်မှ တစ်ခုခုပြုတ်ကျသံကိုကြားလိုက်ရသည်။ ဘာလား သူခိုးလား မဖြစ်နိုင်ပါဘူး ဦးကသေချာသော့ခတ်ခဲ့တယ်လို့ သူ့ကိုပြောသွားပါတယ်။ ဘယ်သူခိုးက ဘယ်ကနေဝင်လာတာလဲ။

ခွမ်း ~~~

နောက်တစ်ခါကြားလိုက်ရတော့ မီးဖိုချောင်ထဲကဆိုတာသိလိုက်ရသည်။ သူခိုးကမီးဖိုချောင်ထဲဘာဝင်လုပ်နေတာလဲ။ ဗိုက်ဆာလို့များလား။ ဘာပဲဖြစ်ဖြစ် ဒီသူခိုးကိုရအောင်ဖမ်းပြီး ဦးဆီကိုဖုန်းဆက်ရမည်လို့ကြံလိုက်သည်။ ပိစိမီးဖိုချောင်ထဲ ဖြည်းဖြည်းချင်း ခြေသံမကြားအောင်ဝင်လာသည်။ ကုပ်ချောင်း ကုပ်ချောင်းနဲ့ကျောခိုင်းနေတဲ့လူတစ်ယောက်ကိုတွေ့လိုက်ရသည်။ ထိုလူရဲ့ခေါင်းကို ဘေးနားကတွေ့တဲ့ဒယ်အိုးနဲ့ဂွက်ခနဲ ဆော်ထည့်လိုက်လေတော့သည်။ ထိုလူသတိလစ်သွားမှ စေလိုရာဆီကို ဖုန်းဆက်လိုက်သည်။ အိမ်မှာသူခိုးကြီးဝင်နေပါတယ်ဆိုတဲ့ပိစိရဲ့စကားကြောင့် စေလိုရာလည်း ရှိုးပွဲအတွက်ပြင်ဆင်နေရင်း ထပြေးလာရသည်။ အိမ်ရောက်တော့ မီးဖိုချောင်ထဲမှာ သတိလစ်ပြီးပက်လက်လန်နေတဲ့လူရယ် ဒယ်အိုးကြီးကိုင်ပြီး ခုံပေါ်မှာငုတ်တုပ်ထိုင်နေတဲ့ပိစိရယ်ကိုတွေ့လိုက်ရတော့သည်။ လဲနေတဲ့သူကိုကြည့်လိုက်တော့ သူ့ရဲ့အတွင်းရေးမှူးရန်နိုင်ဖြစ်နေသည်။

"ဟာ ရန်နိုင် ... ကလေးလေး မင်းသူ့ကိုရိုက်လိုက်တာလား"

"ဟုတ်တယ်လေ ... သူကသူခိုးမဟုတ်ဘူးလား"

"ဟာကွာ သေလိုက်ပါတော့လား ... ဒါကိုယ့်ရဲ့အတွင်းရေးမှူးရန်နိုင် ... သူဒီနေ့မှနယ်ကပြန်ရောက်လာတာဖြစ်မယ် ... ကိုယ်မင်းကိုပြောပြထားဖို့မေ့သွားတယ်"

ရန်နိုင်သတိရလာဖို့ ရေနဲ့မျက်နှာကိုအရင်ပတ်လိုက်သည်။ ရန်နိုင် ခေါင်းကနာကျင်မှုနဲ့အတူတူ မျက်လုံးတွေပွင့်လာသည်။

"အား ... နာလိုက်တာကွာ ... ငါ့ကိုဘယ်သူရိုက်တာလဲ"

အကောင်ပိစိ စေလိုရာ့ခါးကအင်္ကျီစကိုဆွဲကာ စေလိုရာ့အနောက်မှာကွယ်နေပြီး ချောင်းကြည့်နေသည်။ သူရိုက်လိုက်တာတော်တော်အားပါသွားသည်။ စေလိုရာ့ရဲ့အတွင်းရေးမှူးမှန်းသိလိုက်ရတော့ သူ့ကိုတစ်ခုခုပြန်လုပ်မှာကြောက်ပြီး စေလိုရာအနောက်မှာကွယ်နေသည်။

"ဆောရီးပါ ရန်နိုင်ရယ် ... ကလေးကမသိလို့လုပ်မိတာပါ ... စိတ်ကိုလျော့နော် ... မင်းအကြောင်းကို ငါမပြောပြရသေးလို့ပါ"

"ကျွန်တော် တော်တော်နာသွားတာ ... ကြယ်တွေလတွေတောင်မြင်ကုန်တယ် ... ကလေးမို့လို့နော် ဟင်းဟင်း"

အနောက်ကနေ ဖြည်းဖြည်းချင်းထွက်လာပြီး ရန်နိုင့်ကိုရယ်ပြနေသည်။ ချစ်တော့ချစ်စရာလေး။ နေပါဦး ဒီပိစိလေးက သူ့ကိုရိုက်လိုက်တာပေါ့။ အမယ်လေး လူကောင်သာသေးတာအားကမနည်းပါလား။

"အာညောကာဆယ်ရော ... သခင်ပါကိုကြီး ... ခုဏက ရိုက်မိတဲ့အတွက် ကန်တော့နော် ကန်တော့ ... ကန်တော့ ဟီးဟီး"

"အေးပါ ရပါတယ် ... ကိုကြီးနာမည်ကရန်နိုင် ... ဒီအိမ်ရဲ့ဟိုဘက်ကတိုက်အိမ်ပုပုလေးမှာနေတယ်"

ရန်နိုင်ကသူ့ခေါင်းကိုပွတ်ရင်း သခင့်ကိုကြည့်ကာပြောတော့ ပိစိအားနာနာနဲ့ရယ်ပြနေရသည်။

"ဦး ... အဲ့တာဆို အပေါ်မှာသွားနေတော့မယ်နော် ... တာ့တာ"

"အေးပါ အေးပါ"

လက်ထဲကဒယ်အိုးကြီးကို စေလိုရာ့လက်ထဲထည့်ခဲ့ကာအပေါ်ထပ်ကိုပြေးတက်သွားလေသည်။ ထိုပိစိလေးကိုကြည့်ရင်းစေလိုရာရယ်မိသည်။ ဒီပိစိလေးရောက်လာမှ သူ့အိမ်ကဆူညံဗြောင်းဆန်လာတော့သည်။ ထိုပိစိလေးနဲ့စတွေ့ကတည်းက ရင်တွေခုန်နေတာသူသိသည်။ ကလေးသေးသေးလေးမို့ သူအသည်းယားနေတာလည်းဖြစ်နိုင်ပါသည်လို့ဖြည့်တွေးပြီး သူငယ်ချင်းရဲ့မျက်နှာကိုမြင်ယောင်ပြီး သူ့စိတ်တွေကိုထိန်းချုပ်ထားခဲ့သည်။ ကလေးသာသာလေးရှိသည့် ဒီပိစိလေးကို သူကအရောင်တွေဆိုးချင်နေမိသည်။ ဒီပိစိလေးကလည်း သူ့အနားဆိုလျှင်အရမ်းကိုကပ်ပြီးချွဲလွန်းသည်။ ပိစိရဲ့အပြုအမူတွေကသူ့ကိုရူးသွပ်စေသည်။ သူက ပိစိကို ကလေး ကလေးလို့ခေါ်ပါများလာတော့ ပိစိကလည်းသူ့ကိုယ်သူကလေး ကလေးနဲ့ပြောတာအကျင့်ပါသွားသည်။ တစ်ရက်မှာတော့ ...

"ဘော့စ် ... သခင်လေး ကျောင်းမှာလှေကားပေါ်ကပြုတ်ကျလို့တဲ့"

"ဘာ ... လှေကားပေါ်က"

ကျောင်းက အုပ်ထိန်းသူဆီအကြောင်းကြားလာတော့ စေလိုရာ ကျောင်းသို့အမြန်ပြေးလာရသည်။ သူ့မိဘတွေကိုကျတော့ ခြေမွှေးမီးမလောင် လက်မွှေးမီးမလောင်ထားပါ့မယ်ဆိုပြီး ကတိပေးခဲ့ပြီးတော့ အခုလှေကားပေါ်ကပြုတ်ကျသည်။ ပိုင်စေတို့သာသိရင် သူအရမ်းအားနာရမည်။ ဘာဒဏ်ရာမှမရပါ‌စေနဲ့လို့သာဆုတောင်းရင်း သူကျောင်းသို့လိုက်လာခဲ့သည်။ သူကျောင်းကိုရောက်တော့ ကောင်မလေးတွေရဲ့မျက်လုံးတွေ ကသူ့ဆီမှာပင်ရောက်နေသည်။ ဆရာမရုံးခန်းရှိတဲ့နေရာကိုမေးရင်း မြန်မြန်လာလိုက်သည်။ အကောင်ပိစိက အေးဆေးမုန့်တွေထိုင်စားနေတာကိုတွေ့လိုက်ရသည်။ ဆရာမရုံးခန်းထဲမှာအေးဆေးဇိမ်ကျနေသည်။

"ဦး မြန် ..."

သခင် မတ်တပ်ထရပ်လိုက်တော့ စေလိုရာကဆွဲဖက်လိုက်သည်။ စိတ်ပူလိုက်ရတာ စိတ်ပူလိုက်ရတာ သူကတော့အေးဆေးမုန့်ထိုင်စားနိုင်သည်။

"ဘယ်နားထိသွားတာလဲ ... ဘယ်လိုဖြစ်ပြီးပြုတ်ကျရတာလဲ"

"ဟီးဟီး ပြောပြရင်မဆူနဲ့ ... ခုန်ဆင်းလိုက်တာအထစ်ကျော်ပြီး ချော်ထွက်သွားတယ်"

လှေကားကနေပြုတ်ကျထားတာတောင်ရယ်နိုင်သေးတဲ့ကလေးကို သူတကယ်ကိုမနိုင်ပါ။ သူ့မိဘတွေကိုမပြောဖို့လည်း နှုတ်ပိတ်သေးသည်။ အဲ့လို တစ်နေ့ပြီးတစ်နေ့ဖြတ်သန်းလာရင်းနဲ့ အခုတော့ ဒီကလေးလေးကသူ့ရဲ့အသည်းကျော် အချစ်တော်လေးဖြစ်နေလေပြီ။ သူတွေးရင်းပြုံးမိလိုက်သည်။ အခုတော့ သူ့အရှေ့ကအကောင်ပိစိက သူ့ကိုပြူးကြည့်နေပြီဖြစ်သည်။

"ဦး ! ဘယ်သူ့အကြောင်းတွေးနေတာလဲ"

"အင်း ... တစ်စုံတစ်ယောက်အကြောင်းပေါ့ ... စားလို့ပြီးရင်အိမ်ပြန်ကြရအောင်"

လွယ်အိတ်ကလေးလွယ်ပြီး အရှေ့ကနေပြေးထွက်သွားလို့ကားလော့ခ်ကိုလှမ်းဖွင့်ပေးလိုက်ရသည်။ ပြောသားပဲ မနိုင်ပါဘူးလို့။ မုန့်စားရလို့အရမ်းကိုပျော်နေတဲ့ကလေးလေးကိုကြည့်ရင်း သူပြုံးမိသည်။ ဒါပေမဲ့ ဟိုဆရာဆိုတဲ့လူမျက်နှာကိုမြင်ရင်ဒေါသထွက်လာသည်။ ကလေးကိုအိမ်စာပေးလည်းရတာပဲ အကြောင်းမကြားဘာမကြားနဲ့ခေါ်ထားစရာလား။ မဖြစ်သေးဘူး ကလေးကိုသေချာဂရုစိုက်မှရမယ်။

"ဦးရေ ဦးလို့ ... ကလေးခေါ်နေပါတယ်ဆိုဗျာ"

အပေါ်ထပ်ကအသံပြဲပြဲလေးကြောင့် ဖုန်းပြောနေရင်းအမြန်ပြေးတက်သွားရသည်။ ကုတင်ပေါ်မှာစောင်နဲ့ပတ်ပြီး ဟိုဘက်လှည့်လိုက် ဒီဘက်လှည့်လိုက်နဲ့ ဆော့နေသည်။

"ဟုတ်ကဲ့ ကျွန်တော်မနက်ဖြန်လာခဲ့ပါ့မယ်"

ဖုန်းကိုမြန်မြန်ချပြီး အကောင်ပိစိဆီကိုအပြေးသွားရပါသည်။ လှိမ့်နေရင်းကုတင်ပေါ်ကပြုတ်ကျရင် သူရင်ကျိုးရဦးမည်။ မျက်နှာလေးကမချိုမချဉ်လေးနဲ့သူ့ကိုကြည့်နေပါသည်။ မျက်နှာလေးကရေစိုနေပုံဆိုရင် ခုဏလေးတင်မှမျက်နှာသစ်ထားပုံရသည်။

"ဦး ကလေးချောကလက်စားချင်တယ်"

"ဟင် ... ဒီအချိန်ကြီးလား"

"အင်းလေ ... ဘာလဲ ဦးကမကျွေးချင်ဘူးလား ... ရတယ်"

စောင်နဲ့ပတ်ပြီး တစ်ဖက်ကိုလှိမ့်ချသွားလို့ မနည်းလိုက်ဆွဲရသေးသည်။ ချစ်တာကို ဝယ်ပေးရမှာပေါ့။ 24Hoursဆိုင်တွေ
ရှိသေးသည်လေ။

"ကလေးခဏစောင့် ... ကိုယ်သွားဝယ်ပေးမယ်"

"အင်း အင်း ... မြန်မြန် မြန်မြန် ... ကလေးအရမ်းစားချင်နေပြီ"

စေလိုရာ မြန်မြန်ထပြီး အခန်းထဲကကားသော့ယူ အနီးအနားက 24Hoursဆိုင်တွေမှာကြည့်တော့ ကုန်နေသည်။ အဲ့တာနဲ့
မနီးမဝေးလောက်က City Martကိုသွားဝယ်ရသည်။ နည်းနည်းလေးဝေးတော့ အပြန်နောက်ကျသွားသည်။ သူပြန်လာတော့ အိမ်ရှေ့ခြံအပြင်မှာငုတ်တုပ်လေးထိုင်စောင့်နေသည်။

"ဟာ ကလေး ... အပြင်ကိုဘာလို့ထွက်နေတာလဲ ... အိမ်ထဲမှာ
စောင့်နေပါဆိုကွာ ... ကျစ် ! ခြင်တွေကိုက်ကုန်ပြီ"

"ဦးကကြာနေတာကို ကလေးစိတ်ပူတာပေါ့ ... ဖုန်းလည်းမကိုင်ဘဲနဲ့ ... ဟိုနှစ်တစ်ထောင်ကြီးကလည်းအိပ်နေလိုက်တာ နှိုးလို့ကိုမရဘူး"

"ကလေးရာ ... လာ အိမ်ထဲဝင်"

အလင်းရောင်ထဲမှာကြည့်လိုက်တော့မှ အသားဖြူဖြူဖွေးဖွေးလေးမှာ ခြင်တွေကိုက်ထားလို့ နီရဲနေသည်။ အကောင်ပိစိယားလို့အသေကုပ်နေသည်။

"ကလေး မကုပ်နဲ့ ပိုဆိုးမယ် ... ကိုယ်ဆေးလိမ်းပေးမယ်"

လက်တစ်ဖက်ထဲကိုချောကလက်ထည့်ပေးပြီးတော့ ကျန်တစ်
ဖက်ကို ဆေးလိမ်းပေးသည်။ စေလိုရာ ဆေးလိမ်းပေးတာကိုမျက်လုံးလေးပြူးပြီးလိုက်ကြည့်နေသည်။ ချောကလက်ကိုတစ်ကိုက်ကိုက်လိုက်ပြီး ...

"ဦးကတကယ်ချောတယ်နော် ... မိန်းမ,မယူဘူးလားဟင်"

"ဘာ ... ကလေး ဘယ်လိုပြောလိုက်တာလဲ"

အကောင်ပိစိ စလိုက်ပေမဲ့ စေလိုရာအတွက်ကတော့ ပါးစပ်ထဲသံရည်ပူလောင်းချခံလိုက်ရသလိုပင်ခံစားလိုက်ရပါတော့သည်။

အပိုင်း ၃ ဆက်ရန်💚

သဲငယ်လေးတွေသဘောကျကြမယ်လို့ယုံကြည်ပါတယ်။ သဲငယ်လေးတွေရဲ့Voteနဲ့မန့်လေးတွေကလွှာ့ရဲ့အသက်ပါနော်။ သဲငယ်လေးတွေကိုချစ်တယ်နော်💚

Zawgyi

ညေနေျခာက္နာရီ အေကာင္ပိစိေလးကိုႀကိဳရန္အတြက္သူ၏Entertainmentထဲမွထြက္လာခဲ့လိုက္သည္။ ေျခာက္နာရီခြဲေလာက္တြင္ အေကာင္ပိစိေလး၏သင္တန္းအေရွ႕သို႔ေရာက္ေနၿပီျဖစ္သည္။ သင္တန္းထဲမွလူအမ်ားႀကီးထြက္လာပါေသာ္လည္း သူ႕ရဲ႕အေကာင္ပိစိေလးကေတာ့ထြက္မလာေသးပါ။ သင္တန္းအခ်ိန္ကလည္းေက်ာ္ေနၿပီမို႔ ေစလိုရာကားေပၚမွဆင္းၿပီး သင္တန္းထဲသို႔ဝင္လိုက္သည္။ သင္တန္းေကာင္တာမွေကာင္မေလးေတြကရယ္ရယ္ေမာေမာစကားေတြေျပာေနၾကၿပီး သူဝင္လာမွအကုန္ရပ္တန႔္ကုန္ၾကသည္။

"သခင္တို႔အတန္းကမဆင္းေသးတာလား ... အကုန္လုံးထြက္လာၿပီး ကြၽန္ေတာ့္ကေလးထြက္မလာေသးလို႔"

သင္တန္းေကာင္တာမွေကာင္မေလးေတြ သူေမးတာမေျဖဘဲသူ႕ကိုပဲစိုက္ၾကည့္ေနၾကသည္။ ေစလိုရာေနာက္ထပ္တစ္ေခါက္ထပ္ေမးရသည္။

"ဒီမွာညီမတို႔ အစ္ကိုေမးေနတယ္ေလ ... သခင္ ဘာလို႔အခုထက္ထိသင္တန္းထဲကထြက္မလာေသးတာလဲလို႔"

"အာ အာ ခဏေလးေနာ္ ... သခင္ ... သခင္က Section Aမွာ ... ညီမ အေပၚမွာသြားၾကည့္ေပးမယ္ေနာ္"

ေစလိုရာ ေကာင္တာကေကာင္မေလးထက္အရင္ေျပးတက္
လိုက္သည္။ အခန္းထဲမွာသခင္တစ္ေယာက္တည္းငုတ္တုပ္ေလးထိုင္ၿပီး ေဘာပင္ေလးကိုက္ထားကာ ေခါင္းေတြကုတ္ေနသည္။

"ကေလး ... ဟာကြာ စိတ္ပူသြားတာပဲ ... တစ္ေယာက္တည္းဘာလုပ္ေနတာလဲ"

"ဦး ကေလးစာမရေသးလို႔ ... ဆရာကဒီတစ္ပုဒ္ၿပီးမွျပန္ရမယ္ဆိုလို႔ပါ"

ေစလိုရာေရာက္ေနစဥ္ လူတစ္ေယာက္အခန္းထဲဝင္လာၿပီး ခုဏကေကာင္မေလးလည္းအေနာက္ကပါလာသည္။

"ေစလိုရာရဲ႕အုပ္ထိန္းသူလား"

ေစလိုရာ ထိုလူ႕ကိုေခါင္းစေျခဆုံးၾကည့္လိုက္သည္။ အသက္
က ေစလိုရာနဲ႕အတူတူေလာက္ျဖစ္မည္။ သန႔္သန႔္ျပန႔္ျပန႔္နဲ႕ၾကည့္လိုက္တာနဲ႕ဆရာဆိုတာတန္းသိနိုင္သည္။

"ကြၽန္ေတာ္က ဒီအတန္းကဆရာပါ ... သခင္က ပုဒ္စာေလးတစ္ပုဒ္ကိုမရလို႔ တြက္ခိုင္းေနတာပါ ... စိတ္ပူသြားေစမိတာ ကြၽန္ေတာ့္ဘက္က ေတာင္းပန္ပါတယ္"

"ရပါတယ္ ... ေနာက္ဆိုရင္ေတာ့ အေၾကာင္းၾကားေပးေပါ့ ... အခုက တျခားသူေတြက်အကုန္ထြက္လာၿပီး ... ကေလးတစ္ေယာက္တည္းထြက္မလာေတာ့ စိတ္ပူသြားတယ္"

ေစလိုရာ ခပ္တည္တည္နဲ႕ပဲဆရာ့ကိုစိုက္ၾကည့္ၿပီးေျပာလိုက္ေတာ့ ဆရာကအၿပဳံးမပ်က္ဘဲေတာင္းပန္သည္။ ေစလိုရာ သူ႕ရဲ႕ဖုန္းနံပါတ္ကိုသင္တန္းမွာေပးခဲ့ၿပီး ကေလးကိုျပန္ေခၚလာခဲ့
လိုက္သည္။

"ဦး ... ကေလးကိုအိမ္ေရာက္ရင္ဒါေလးကူတြက္ေပးပါေနာ္"

ေစလိုရာကစကားျပန္မေျပာဘဲ ေခါင္းပဲညိတ္ျပေတာ့အေကာင္ပိစိနည္းနည္းေၾကာက္သြားသည္။ မုန႔္စားဖို႔ေျပာရမလား မေျပာရမလားစဥ္းစားရင္း ကားေပၚမွာၿငိမ္ၿငိမ္ေလးပါလာသည္။ ေစလိုရာ ရန္ကုန္အကင္ဆိုင္ေရွ႕တြင္ကားရပ္လိုက္ေတာ့ အေကာင္ပိစိၿပဳံးၿဖီးသြားၿပီး လြယ္အိတ္ကေလးလြယ္ကာ ေစလိုရာ့လက္ေမာင္းကိုတြဲၿပီးလိုက္လာသည္။ ေစလိုရာစကားတစ္လုံးမွမေျပာဘဲ အသားေတြကိုကင္ေပးသည္။ အေကာင္ပိစိရဲ႕ပန္းကန္ထဲကိုထည့္ေပးသည္။ အေကာင္ပိစိေဘးမွာထိုင္ၿပီး တူေလးကိုင္ကာ ေစလိုရာကိုေမာ့ၾကည့္လိုက္ တူေလးကိုပါးစပ္နဲ႕ကိုက္လိုက္လုပ္ေနသည္။ ဦး သူ႕ကိုစိတ္မ်ားဆိုးသြားေလသလား။

"ဦး ကေလးကိုစကားမေျပာဘူးလားဟင္ ... စိတ္ဆိုးသြားတာလား"

"မဆိုးပါဘူး ... စား ပူပူေလးစားမွေကာင္းတာ ... ၿပီးရင္အိမ္ျပန္ၾကမယ္"

ေစလိုရာ အေကာင္ပိစိကိုတစ္ခ်က္မွမၾကည့္ဘဲ လုပ္စရာရွိတာေတြလုပ္ရင္းေျပာလိုက္သည္။ အေကာင္ပိစိငိုခ်င္လာသည္။ တစ္ခါမွလည္း ဒီလိုအေျခအေနမ်ိဳးႀကီးကိုမႀကဳံဖူးပါ။ ေစလိုရာကတစ္ခါမွလည္းဒီလိုေလသံမမာဖူးဘူး။ သူဖုန္းဆက္ၿပီးမေျပာလို႔ စိတ္မ်ားဆိုးေနေလသလား။ သူ ဦးကိုဘယ္လိုေခ်ာ့ရမလဲဆိုတာမသိေတာ့ပါ။

"ဘာလို႔မစားေတာ့တာလဲ"

အေကာင္ပိစိက ဆက္မစားေသးဘဲ တူႀကီးကိုအတင္းကိုက္
ထားၿပီး ေစလိုရာကိုဘယ္လိုေခ်ာ့ရမလဲစဥ္းစားေနသည္။ ဒီလိုေနရာႀကီးမွာ နမ္းလိုက္ရင္လည္း ရွက္စရာႀကီး သူမ်ား
ေတြျမင္ကုန္မွာကိုသူေၾကာက္သည္။ အခုမွမေခ်ာ့ရင္လည္းအဲ့လိုႀကီးပဲျဖစ္ေနေတာ့မွာ မေနတတ္။ ဘယ္လိုလုပ္ရမွာလဲ။ သူမသိေတာ့ပါ။ ျဖစ္ရာျဖစ္ဆိုၿပီး အေကာင္ပိစိမ်က္လုံးစုံမွိတ္ခ်ၿပီး ေစလိုရာကိုျဖတ္ခနဲအျမန္နမ္းလိုက္သည္။ မ်က္ႏွာေလးကခ်က္ခ်င္းရဲတက္သြားသည္။ ဟိုဘက္ၾကည့္လိုက္ ဒီဘက္ၾကည့္လိုက္လုပ္ေနကာ ေခါင္းကိုအတင္းငုံ႕ၿပီး အသားေတြတစ္ခုၿပီးတစ္ခုယူစားေနသည္။ ေစလိုရာလည္းလူ ေတြအမ်ားႀကီးအေရွ႕မွာ ဒီလိုအနမ္းခံလိုက္ရေတာ့ အံ့ၾသသြားရသည္။ ကေလးကသူစိတ္ဆိုးေနတယ္လို႔ထင္ေနတာလား။ သူစိတ္ဆိုးေနတာမဟုတ္။ သူစဥ္းစားေနတာ သင္တန္းကဆရာကို သူစဥ္းစားေနတာ။ ကေလးကိုပုဒ္စာတြက္ခိုင္းရေအာင္ သူ႕ကေလးကမူႀကိဳကေလးလည္းမဟုတ္။ သို႔ေပမဲ့ အနမ္းခံလိုက္ရေတာ့ ဘဝင္ေလဟပ္သြားရသည္။

"ဦး ကေလးကိုစိတ္မဆိုးပါနဲ႕ေတာ့ေနာ္"

"ကိုယ္ဘယ္တုန္းကစိတ္ဆိုးလို႔လဲ ... ကေလးက ဦးစိတ္ဆိုးေနတယ္ထင္ၿပီးေခ်ာ့တာလား"

"အင္ ... စိတ္ဆိုးေနတာမဟုတ္ဘူးလား ... ဦးကတည္တည္ႀကီးေနေတာ့ ကေလးကစိတ္ဆိုးေနတယ္ထင္တာေပါ့ ... အား ရွက္လိုက္တာ ... မုန႔္စားတာပဲေကာင္းတယ္"

သိပ္ခ်စ္ဖို႔ေကာင္းတဲ့ကေလးေလး။ မင္းပိုင္ေစတို႔သာသိရင္သူ႕ကိုေသနတ္နဲ႕ပဲပစ္သတ္မလား အရွင္လတ္လတ္ပဲေျမျမႇုပ္
မလား ေတြးရင္းနဲ႕ၾကက္သီးေတာင္ထမိသည္။ သူသည္လည္း သူငယ္ခ်င္းအရင္းေခါက္ေခါက္ႀကီးရဲ႕သားေလးကိုမွပိုင္ဆိုင္ခ်င္ရသည္။ သူငယ္ခ်င္းကိုေယာကၡမေခၚရမယ့္အျဖစ္ကိုေတြးရင္းလည္းရင္ခုန္မိသည္။ ဒီကေလးနဲ႕စေတြ႕တဲ့အခ်ိန္ေလးကိုလည္းသူသတိရမိပါေသးသည္။

"မာမီေရ သားေအာင္တယ္ ... သားေအာင္တယ္"

သခင္ ဆယ္တန္းေအာင္စာရင္းကိုၾကည့္ၿပီး ခုန္ေပါက္ေပ်ာ္ျမဴးကာအိမ္သို႔ျပန္လာသည္။ သားေလးေအာင္တယ္ဆိုေတာ့ မိဘေတြေပ်ာ္ရတာေပါ့။ ၂ဘာသာဂုဏ္ထူးလည္းပါတယ္ဆိုေတာ့ ပိုေတာင္ေပ်ာ္ရေသးသည္။ အေပ်ာ္ေပၚအေပ်ာ္ဆင့္သြားရသည္။ မင္းပိုင္ေစနဲ႕ေမဆူးခက္တို႔သည္ သားေလးကိုရန္ကုန္မွာပဲေက်ာင္းတက္ေစခ်င္သည္။ အေဆာင္မွာလည္းမေနေစခ်င္ပါ။ သားေလးကအရမ္းကိုသရဲေၾကာက္တတ္လို႔တစ္ေယာက္တည္းအေဆာင္မွာေနဖို႔ဆိုတာလည္းမျဖစ္ပါ။သူမ်ားေတြအနိုင္က်င့္မွာလည္းစိုးရိမ္ေသးသည္။ ထိုအခ်ိန္ ရန္ကုန္က ေစလိုရာကိုသြားသတိရမိသည္။ တစ္ကိုယ္တည္းသမားျဖစ္လို႔ အကူအညီေတာင္းၾကည့္ခ်င္ေသးသည္။ မင္းပိုင္ေစ သူငယ္ခ်င္းျဖစ္သူေစလိုရာဆီကို ဖုန္းဆက္လိုက္သည္။

"ဟယ္လို အမိန႔္ရွိပါ"

"ေစလိုရာ ... ငါပါကြ မင္းပိုင္ေစ"

"ဟာ ပိုင္ေစ ... ထူးထူးဆန္းဆန္း ဘာကိစၥလဲ"

"ဒီလိုကြာ ... ငါ့သားေလးက ဒီႏွစ္ဆယ္တန္းေအာင္ၿပီ"

"ဟာ ဟုတ္သားပဲ ... ငါလည္းအလုပ္ေတြရႈပ္ေနတာနဲ႕ေမ့သြားတယ္ကြာ ... ဘယ္ႏွစ္ဘာသာပါလဲ"

"ႏွစ္ဘာသာပါတယ္ ... အဲ့တာ ရန္ကုန္မွာေက်ာင္းထားခ်င္တယ္ကြာ ... အေဆာင္လည္းမေနေစခ်င္ဘူး ... အဲ့တာ ..."

"ငါ့ဆီမွာထားခ်င္တယ္ဆိုပါေတာ့"

ေစလိုရာ စကားျဖတ္ေျပာလိုက္သည္။ ပိုင္ေစလည္းအား
မနာေတာ့ဘဲ ဝန္ခံလိုက္သည္။ ကူညီပါေစလို႔လည္းရင္ထဲကဆုေတာင္းေနမိသည္။

"ရပါတယ္ကြာ ... ငါ့တုန္းကလည္းမင္းတို႔ေတြကူညီထားတာပဲ ... ဘယ္ေတာ့လာမွာလဲ"

မင္းပိုင္ေစ အရမ္း အရမ္းကိုဝမ္းသာသြားရသည္။ သူ႕သားကို
ရန္ကုန္မွာေက်ာင္းထားၿပီး ရန္ကုန္မွာပဲအေျခခ်ဖိဳ႕အတြက္ သူရည္႐ြယ္ထားသည္။ အခုသူရည္႐ြယ္ထားတာေတြတကယ္ျဖစ္လာေတာ့မည္။ သားနဲ႕ေစလိုရာက အရင္ကေတြ႕ဖူးေပမဲ့ ဆယ္တန္းေျဖေနတဲ့တစ္ႏွစ္လုံးမေတြ႕ျဖစ္ၾက။ ရင္းႏွီးၿပီးသားလူျဖစ္လို႔ သားေလးကလက္ခံမွာပါဆိုတာလည္း သူယုံၾကည္သည္။ သားေလးကို ရန္ကုန္မွာေက်ာင္းတက္ၿပီးသင္တန္းေတြလည္းတက္ခိုင္းမည္။ သားကိုသူအေကာင္းဆုံးပံ့ပိုးေပးမယ္လို႔ပဲ သူခံယူထားသည္။ ဒီလိုနဲ႕ ရန္ကုန္ကိုေရာက္လာၾကသည္။

"ဦး ... သားကဘယ္အခန္းမွာေနရမွာလဲ"

"အေပၚထပ္မွာအခန္းျပင္ေပးထားပါတယ္ဗ်ာ ... သြားၾကည့္လိုက္ မႀကိဳက္ရင္ေျပာ ... ျပန္ျပင္ေပးမယ္"

အေကာင္ပိစိေလးက ခုန္ဆြ ခုန္ဆြျဖင့္ အေပၚထပ္သို႔ေျပးတက္သြားသည္။ အစြန္ဆုံးအခန္းေလးထဲကိုဝင္လိုက္သည္။ တစ္ခန္းလုံးကို ေဆးအျပာေရာင္ႏုႏုေလးသုတ္ထားသည္။ ကုတင္ေလးကျပင္တင္းေပါက္ေဘးနားမွာကပ္ေပးထားသည္။ စာၾကည့္စားပြဲေလးလည္းပါေသးသည္။ ဗီရိုေလးကလည္းအျပာေရာင္ေလးျဖစ္သည္။ အိပ္ရာေပၚတက္ၿပီး ခုန္ၾကည့္ေသးသည္။ အရမ္းကိုသေဘာက်လြန္းလို႔ ပါးစပ္ေတာင္ျပန္မစိနိုင္ဘဲ ေအာက္မွာစကားေျပာေနတဲ့ မာမီနဲ႕ဒယ္ဒီကိုအတင္းဆြဲေခၚၿပီး ေစလိုရာျပင္ေပးထားသည့္ သူ႕အခန္းေလးကိုျပသည္။ အရမ္းႀကိဳက္တယ္ အရမ္းႀကိဳက္တယ္ဆိုၿပီး ေစလိုရာကိုေျပးေျပးဖက္ေသးသည္။ ဦးကအေကာင္းဆုံးပဲလို႔ေျပာတာလည္း ခဏခဏပင္။ မိဘေတြေတာင္ေစလိုရာ့ကိုအားနာလာသည္။ ဒီလိုကေလးနဲ႕ထားခဲ့ရမွာအားနာလာသည္။

"အားမနာပါနဲ႕ကြာ ... မင္းတို႔သားေလးကို ေျခေမႊးမီးမေလာင္လက္ေမႊးမီးမေလာင္ထားမွာ စိတ္ခ် ... မင္းတို႔လည္း အားရင္အားသလိုလာခဲ့ေပါ့"

"ေအးပါ ... ေက်းဇူးပါေစလိုရာ ... ဒါဆိုငါတို႔သြားေတာ့မယ္ ... သားကိုစိတ္ခ်မယ္ေနာ္ ... သားကလည္း ေစလိုရာ့စကားကိုနားေထာင္ေနာ္ ... အရမ္းဂ်ီက်မေနနဲ႕"

"ဟုတ္ ... စိတ္ခ် ဒယ္ဒီ"

ေမဆူးခက္နဲ႕မင္းပိုင္ေစတို႔ျပန္သြားသည္ႏွင့္ အိမ္ႀကီးအႀကီးထဲတြင္ ေစလိုရာနဲ႕သခင္ႏွစ္ေယာက္သာက်န္ခဲ့ေတာ့သည္။ ပိုဆိုးသည္က ေစလိုရာကုမၸဏီသြားရမယ္ဆိုၿပီးထြက္သြားသည္။ ပိစိတစ္ေယာက္တည္းက်န္ခဲ့ေတာ့ အခန္းထဲမွာသာေအာင္းေနသည္။ အိမ္ကက်ယ္ေတာ့ ပိုဆိုးသည္။ အေကာင္ပိစိ သရဲကားထိုင္ၾကည့္ေနစဥ္ ...

ခြမ္း ~~~

ေအာက္ထပ္မွ တစ္ခုခုျပဳတ္က်သံကိုၾကားလိုက္ရသည္။ ဘာလား သူခိုးလား မျဖစ္နိုင္ပါဘူး ဦးကေသခ်ာေသာ့ခတ္ခဲ့တယ္လို႔ သူ႕ကိုေျပာသြားပါတယ္။ ဘယ္သူခိုးက ဘယ္ကေနဝင္လာတာလဲ။

ခြမ္း ~~~

ေနာက္တစ္ခါၾကားလိုက္ရေတာ့ မီးဖိုေခ်ာင္ထဲကဆိုတာသိလိုက္ရသည္။ သူခိုးကမီးဖိုေခ်ာင္ထဲဘာဝင္လုပ္ေနတာလဲ။ ဗိုက္ဆာလို႔မ်ားလား။ ဘာပဲျဖစ္ျဖစ္ ဒီသူခိုးကိုရေအာင္ဖမ္းၿပီး ဦးဆီကိုဖုန္းဆက္ရမည္လို႔ႀကံလိုက္သည္။ ပိစိမီးဖိုေခ်ာင္ထဲ ျဖည္းျဖည္းခ်င္း ေျခသံမၾကားေအာင္ဝင္လာသည္။ ကုပ္ေခ်ာင္း ကုပ္ေခ်ာင္းနဲ႕ေက်ာခိုင္းေနတဲ့လူတစ္ေယာက္ကိုေတြ႕လိုက္ရသည္။ ထိုလူရဲ႕ေခါင္းကို ေဘးနားကေတြ႕တဲ့ဒယ္အိုးနဲ႕ဂြက္ခနဲ ေဆာ္ထည့္လိုက္ေလေတာ့သည္။ ထိုလူသတိလစ္သြားမွ ေစလိုရာဆီကို ဖုန္းဆက္လိုက္သည္။ အိမ္မွာသူခိုးႀကီးဝင္ေနပါတယ္ဆိုတဲ့ပိစိရဲ႕စကားေၾကာင့္ ေစလိုရာလည္း ရွိုးပြဲအတြက္ျပင္ဆင္ေနရင္း ထေျပးလာရသည္။ အိမ္ေရာက္ေတာ့ မီးဖိုေခ်ာင္ထဲမွာ သတိလစ္ၿပီးပက္လက္လန္ေနတဲ့လူရယ္ ဒယ္အိုးႀကီးကိုင္ၿပီး ခုံေပၚမွာငုတ္တုပ္ထိုင္ေနတဲ့ပိစိရယ္ကိုေတြ႕လိုက္ရေတာ့သည္။ လဲေနတဲ့သူကိုၾကည့္လိုက္ေတာ့ သူ႕ရဲ႕အတြင္းေရးမႉးရန္နိုင္ျဖစ္ေနသည္။

"ဟာ ရန္နိုင္ ... ကေလးေလး မင္းသူ႕ကိုရိုက္လိုက္တာလား"

"ဟုတ္တယ္ေလ ... သူကသူခိုးမဟုတ္ဘူးလား"

"ဟာကြာ ေသလိုက္ပါေတာ့လား ... ဒါကိုယ့္ရဲ႕အတြင္းေရးမႉးရန္နိုင္ ... သူဒီေန႕မွနယ္ကျပန္ေရာက္လာတာျဖစ္မယ္ ... ကိုယ္မင္းကိုေျပာျပထားဖို႔ေမ့သြားတယ္"

ရန္နိုင္သတိရလာဖို႔ ေရနဲ႕မ်က္ႏွာကိုအရင္ပတ္လိုက္သည္။ ရန္နိုင္ ေခါင္းကနာက်င္မႈနဲ႕အတူတူ မ်က္လုံးေတြပြင့္လာသည္။

"အား ... နာလိုက္တာကြာ ... ငါ့ကိုဘယ္သူရိုက္တာလဲ"

အေကာင္ပိစိ ေစလိုရာ့ခါးကအကၤ်ီစကိုဆြဲကာ ေစလိုရာ့အေနာက္မွာကြယ္ေနၿပီး ေခ်ာင္းၾကည့္ေနသည္။ သူရိုက္လိုက္တာေတာ္ေတာ္အားပါသြားသည္။ ေစလိုရာ့ရဲ႕အတြင္းေရးမႉးမွန္းသိလိုက္ရေတာ့ သူ႕ကိုတစ္ခုခုျပန္လုပ္မွာေၾကာက္ၿပီး ေစလိုရာအေနာက္မွာကြယ္ေနသည္။

"ေဆာရီးပါ ရန္နိုင္ရယ္ ... ကေလးကမသိလို႔လုပ္မိတာပါ ... စိတ္ကိုေလ်ာ့ေနာ္ ... မင္းအေၾကာင္းကို ငါမေျပာျပရေသးလို႔ပါ"

"ကြၽန္ေတာ္ ေတာ္ေတာ္နာသြားတာ ... ၾကယ္ေတြလေတြေတာင္ျမင္ကုန္တယ္ ... ကေလးမို႔လို႔ေနာ္ ဟင္းဟင္း"

အေနာက္ကေန ျဖည္းျဖည္းခ်င္းထြက္လာၿပီး ရန္နိုင့္ကိုရယ္ျပေနသည္။ ခ်စ္ေတာ့ခ်စ္စရာေလး။ ေနပါဦး ဒီပိစိေလးက သူ႕ကိုရိုက္လိုက္တာေပါ့။ အမယ္ေလး လူေကာင္သာေသးတာအားကမနည္းပါလား။

"အာေညာကာဆယ္ေရာ ... သခင္ပါကိုႀကီး ... ခုဏက ရိုက္မိတဲ့အတြက္ ကန္ေတာ့ေနာ္ ကန္ေတာ့ ... ကန္ေတာ့ ဟီးဟီး"

"ေအးပါ ရပါတယ္ ... ကိုႀကီးနာမည္ကရန္နိုင္ ... ဒီအိမ္ရဲ႕ဟိုဘက္ကတိုက္အိမ္ပုပုေလးမွာေနတယ္"

ရန္နိုင္ကသူ႕ေခါင္းကိုပြတ္ရင္း သခင့္ကိုၾကည့္ကာေျပာေတာ့ ပိစိအားနာနာနဲ႕ရယ္ျပေနရသည္။

"ဦး ... အဲ့တာဆို အေပၚမွာသြားေနေတာ့မယ္ေနာ္ ... တာ့တာ"

"ေအးပါ ေအးပါ"

လက္ထဲကဒယ္အိုးႀကီးကို ေစလိုရာ့လက္ထဲထည့္ခဲ့ကာအေပၚထပ္ကိုေျပးတက္သြားေလသည္။ ထိုပိစိေလးကိုၾကည့္ရင္းေစလိုရာရယ္မိသည္။ ဒီပိစိေလးေရာက္လာမွ သူ႕အိမ္ကဆူညံေျဗာင္းဆန္လာေတာ့သည္။ ထိုပိစိေလးနဲ႕စေတြ႕ကတည္းက ရင္ေတြခုန္ေနတာသူသိသည္။ ကေလးေသးေသးေလးမို႔ သူအသည္းယားေနတာလည္းျဖစ္နိုင္ပါသည္လို႔ျဖည့္ေတြးၿပီး သူငယ္ခ်င္းရဲ႕မ်က္ႏွာကိုျမင္ေယာင္ၿပီး သူ႕စိတ္ေတြကိုထိန္းခ်ဳပ္ထားခဲ့သည္။ ကေလးသာသာေလးရွိသည့္ ဒီပိစိေလးကို သူကအေရာင္ေတြဆိုးခ်င္ေနမိသည္။ ဒီပိစိေလးကလည္း သူ႕အနားဆိုလွ်င္အရမ္းကိုကပ္ၿပီးခြၽဲလြန္းသည္။ ပိစိရဲ႕အျပဳအမူေတြကသူ႕ကို႐ူးသြပ္ေစသည္။ သူက ပိစိကို ကေလး ကေလးလို႔ေခၚပါမ်ားလာေတာ့ ပိစိကလည္းသူ႕ကိုယ္သူကေလး ကေလးနဲ႕ေျပာတာအက်င့္ပါသြားသည္။ တစ္ရက္မွာေတာ့ ...

"ေဘာ့စ္ ... သခင္ေလး ေက်ာင္းမွာေလွကားေပၚကျပဳတ္က်လိဳ႕တဲ့"

"ဘာ ... ေလွကားေပၚက"

ေက်ာင္းက အုပ္ထိန္းသူဆီအေၾကာင္းၾကားလာေတာ့ ေစလိုရာ ေက်ာင္းသို႔အျမန္ေျပးလာရသည္။ သူ႕မိဘေတြကိုက်ေတာ့ ေျခေမႊးမီးမေလာင္ လက္ေမႊးမီးမေလာင္ထားပါ့မယ္ဆိုၿပီး ကတိေပးခဲ့ၿပီးေတာ့ အခုေလွကားေပၚကျပဳတ္က်သည္။ ပိုင္ေစတို႔သာသိရင္ သူအရမ္းအားနာရမည္။ ဘာဒဏ္ရာမွမရပါေစနဲ႕လို႔သာဆုေတာင္းရင္း သူေက်ာင္းသို႔လိုက္လာခဲ့သည္။ သူေက်ာင္းကိုေရာက္ေတာ့ ေကာင္မေလးေတြရဲ႕မ်က္လုံးေတြ ကသူ႕ဆီမွာပင္ေရာက္ေနသည္။ ဆရာမ႐ုံးခန္းရွိတဲ့ေနရာကိုေမးရင္း ျမန္ျမန္လာလိုက္သည္။ အေကာင္ပိစိက ေအးေဆးမုန႔္ေတြထိုင္စားေနတာကိုေတြ႕လိုက္ရသည္။ ဆရာမ႐ုံးခန္းထဲမွာေအးေဆးဇိမ္က်ေနသည္။

"ဦး ျမန္ ..."

သခင္ မတ္တပ္ထရပ္လိုက္ေတာ့ ေစလိုရာကဆြဲဖက္လိုက္သည္။ စိတ္ပူလိုက္ရတာ စိတ္ပူလိုက္ရတာ သူကေတာ့ေအးေဆးမုန႔္ထိုင္စားနိုင္သည္။

"ဘယ္နားထိသြားတာလဲ ... ဘယ္လိုျဖစ္ၿပီးျပဳတ္က်ရတာလဲ"

"ဟီးဟီး ေျပာျပရင္မဆူနဲ႕ ... ခုန္ဆင္းလိုက္တာအထစ္ေက်ာ္ၿပီး ေခ်ာ္ထြက္သြားတယ္"

ေလွကားကေနျပဳတ္က်ထားတာေတာင္ရယ္နိုင္ေသးတဲ့ကေလးကို သူတကယ္ကိုမနိုင္ပါ။ သူ႕မိဘေတြကိုမေျပာဖို႔လည္း ႏႈတ္ပိတ္ေသးသည္။ အဲ့လို တစ္ေန႕ၿပီးတစ္ေန႕ျဖတ္သန္းလာရင္းနဲ႕ အခုေတာ့ ဒီကေလးေလးကသူ႕ရဲ႕အသည္းေက်ာ္ အခ်စ္ေတာ္ေလးျဖစ္ေနေလၿပီ။ သူေတြးရင္းၿပဳံးမိလိုက္သည္။ အခုေတာ့ သူ႕အေရွ႕ကအေကာင္ပိစိက သူ႕ကိုျပဴးၾကည့္ေနၿပီျဖစ္သည္။

"ဦး ! ဘယ္သူ႕အေၾကာင္းေတြးေနတာလဲ"

"အင္း ... တစ္စုံတစ္ေယာက္အေၾကာင္းေပါ့ ... စားလို႔ၿပီးရင္အိမ္ျပန္ၾကရေအာင္"

လြယ္အိတ္ကေလးလြယ္ၿပီး အေရွ႕ကေနေျပးထြက္သြားလို႔ကားေလာ့ခ္ကိုလွမ္းဖြင့္ေပးလိုက္ရသည္။ ေျပာသားပဲ မနိုင္ပါဘူးလို႔။ မုန႔္စားရလို႔အရမ္းကိုေပ်ာ္ေနတဲ့ကေလးေလးကိုၾကည့္ရင္း သူၿပဳံးမိသည္။ ဒါေပမဲ့ ဟိုဆရာဆိုတဲ့လူမ်က္ႏွာကိုျမင္ရင္ေဒါသထြက္လာသည္။ ကေလးကိုအိမ္စာေပးလည္းရတာပဲ အေၾကာင္းမၾကားဘာမၾကားနဲ႕ေခၚထားစရာလား။ မျဖစ္ေသးဘူး ကေလးကိုေသခ်ာဂ႐ုစိုက္မွရမယ္။

"ဦးေရ ဦးလို႔ ... ကေလးေခၚေနပါတယ္ဆိုဗ်ာ"

အေပၚထပ္ကအသံၿပဲၿပဲေလးေၾကာင့္ ဖုန္းေျပာေနရင္းအျမန္ေျပးတက္သြားရသည္။ ကုတင္ေပၚမွာေစာင္နဲ႕ပတ္ၿပီး ဟိုဘက္လွည့္လိုက္ ဒီဘက္လွည့္လိုက္နဲ႕ ေဆာ့ေနသည္။

"ဟုတ္ကဲ့ ကြၽန္ေတာ္မနက္ျဖန္လာခဲ့ပါ့မယ္"

ဖုန္းကိုျမန္ျမန္ခ်ၿပီး အေကာင္ပိစိဆီကိုအေျပးသြားရပါသည္။ လွိမ့္ေနရင္းကုတင္ေပၚကျပဳတ္က်ရင္ သူရင္က်ိဳးရဦးမည္။ မ်က္ႏွာေလးကမခ်ိဳမခ်ဥ္ေလးနဲ႕သူ႕ကိုၾကည့္ေနပါသည္။ မ်က္ႏွာေလးကေရစိုေနပုံဆိုရင္ ခုဏေလးတင္မွမ်က္ႏွာသစ္ထားပုံရသည္။

"ဦး ကေလးေခ်ာကလက္စားခ်င္တယ္"

"ဟင္ ... ဒီအခ်ိန္ႀကီးလား"

"အင္းေလ ... ဘာလဲ ဦးကမေကြၽးခ်င္ဘူးလား ... ရတယ္"

ေစာင္နဲ႕ပတ္ၿပီး တစ္ဖက္ကိုလွိမ့္ခ်သြားလို႔ မနည္းလိုက္ဆြဲရေသးသည္။ ခ်စ္တာကို ဝယ္ေပးရမွာေပါ့။ 24Hoursဆိုင္ေတြ
ရွိေသးသည္ေလ။

"ကေလးခဏေစာင့္ ... ကိုယ္သြားဝယ္ေပးမယ္"

"အင္း အင္း ... ျမန္ျမန္ ျမန္ျမန္ ... ကေလးအရမ္းစားခ်င္ေနၿပီ"

ေစလိုရာ ျမန္ျမန္ထၿပီး အခန္းထဲကကားေသာ့ယူ အနီးအနားက 24Hoursဆိုင္ေတြမွာၾကည့္ေတာ့ ကုန္ေနသည္။ အဲ့တာနဲ႕
မနီးမေဝးေလာက္က City Martကိုသြားဝယ္ရသည္။ နည္းနည္းေလးေဝးေတာ့ အျပန္ေနာက္က်သြားသည္။ သူျပန္လာေတာ့ အိမ္ေရွ႕ၿခံအျပင္မွာငုတ္တုပ္ေလးထိုင္ေစာင့္ေနသည္။

"ဟာ ကေလး ... အျပင္ကိုဘာလို႔ထြက္ေနတာလဲ ... အိမ္ထဲမွာ
ေစာင့္ေနပါဆိုကြာ ... က်စ္ ! ျခင္ေတြကိုက္ကုန္ၿပီ"

"ဦးကၾကာေနတာကို ကေလးစိတ္ပူတာေပါ့ ... ဖုန္းလည္းမကိုင္ဘဲနဲ႕ ... ဟိုႏွစ္တစ္ေထာင္ႀကီးကလည္းအိပ္ေနလိုက္တာ ႏွိုးလို႔ကိုမရဘူး"

"ကေလးရာ ... လာ အိမ္ထဲဝင္"

အလင္းေရာင္ထဲမွာၾကည့္လိုက္ေတာ့မွ အသားျဖဴျဖဴေဖြးေဖြးေလးမွာ ျခင္ေတြကိုက္ထားလို႔ နီရဲေနသည္။ အေကာင္ပိစိယားလို႔အေသကုပ္ေနသည္။

"ကေလး မကုပ္နဲ႕ ပိုဆိုးမယ္ ... ကိုယ္ေဆးလိမ္းေပးမယ္"

လက္တစ္ဖက္ထဲကိုေခ်ာကလက္ထည့္ေပးၿပီးေတာ့ က်န္တစ္
ဖက္ကို ေဆးလိမ္းေပးသည္။ ေစလိုရာ ေဆးလိမ္းေပးတာကိုမ်က္လုံးေလးျပဴးၿပီးလိုက္ၾကည့္ေနသည္။ ေခ်ာကလက္ကိုတစ္ကိုက္ကိုက္လိုက္ၿပီး ...

"ဦးကတကယ္ေခ်ာတယ္ေနာ္ ... မိန္းမ,မယူဘူးလားဟင္"

"ဘာ ... ကေလး ဘယ္လိုေျပာလိုက္တာလဲ"

အေကာင္ပိစိ စလိုက္ေပမဲ့ ေစလိုရာအတြက္ကေတာ့ ပါးစပ္ထဲသံရည္ပူေလာင္းခ်ခံလိုက္ရသလိုပင္ခံစားလိုက္ရပါေတာ့သည္။

အပိုင္း ၃ ဆက္ရန္

သဲငယ္ေလးေတြသေဘာက်ၾကမယ္လို႔ယုံၾကည္ပါတယ္။ သဲငယ္ေလးေတြရဲ႕Voteနဲ႕မန႔္ေလးေတြကလႊာ့ရဲ႕အသက္ပါေနာ္။ သဲငယ္ေလးေတြကိုခ်စ္တယ္ေနာ္

Ga verder met lezen

Dit interesseert je vast

1.4M 102K 59
Unicode သံစဥ်တွေဟာ တီးခတ်သူရဲ့ စေရာ ကိုလိုက်နာကြတယ်တဲ့။ ဒါဆို ချစ်မိသွားသူတွေကရော? ဘယ်သူ့ စေရာ ကို လိုက်နာကြမှာလဲ? သူတို့အသက်ထက် ချစ်မြတ်နိုးရသူတွေရဲ...
414K 10K 85
"ပူတင်းလေးကဘာလဲ" "ကိုကို့အပိုင်" "ကိုကိုတို့ကရောဘာလဲ " "မောင်နှမ" "ဟာ..."
1.2M 94.8K 46
မချစ်ရင် မချစ်ဘူး ပြောခဲ့ပေါ့ဦးရယ်...... မခ်စ္ရင္ မခ်စ္ဘူး ေျပာခဲ့ေပါ့ဦးရယ္......(24.9.2020)
314K 11.4K 46
ဖီးနစ်ငှက်တစ်ကောင်ရဲ့ ရင်ကွဲမတတ်အော်ဟစ်သံဟာ လောင်ကျွမ်းအံ့ဆဲဆဲ အတောင်ပံတွေနဲ့အတူ ပျောက်ကွယ်ပျက်စီးသွားတော့မယ့်အချိန်မှာ ငါဟာ မင်းနဲ့နောက်တစ်ကြိမ်...