သခင့်​စေလိုရာ
By PannWintHlwar
446K 25.7K 1.3K
စေလိုရာ 💚 သခင် (အရာအားလုံးကိုအချိန်တွေကကုစားသွားမှာပါလို့ပြောပေမဲ့ သူ့အတွက်တော့ ကလေးငယ်နှင့်ပတ်သက်သည့်အရာအား... More
အပိုင်း - ၂💚
အပိုင်း - ၃💚
အပိုင်း - ၄💚
အပိုင်း - ၅💚
အပိုင်း - ၆💚
အပိုင်း - ၇💚
အပိုင်း - ၈💚
အပိုင်း - ၉💚
အပိုင်း - ၁၀💚
အပိုင်း - ၁၁💚
အပိုင်း - ၁၂💚
အပိုင်း - ၁၃💚
အပိုင်း - ၁၄💚
အပိုင်း - ၁၅💚
Episode - 16💛
Episode - 17💛
Episode - 18💛
Episode - 19💛
Episode -20💛
Episode- 21💛
Episode - 22💛
Episode -23💛
Episode -24💛
Episode - 25💛
Episode - 26💛
Episode - 27💛
Episode - 28💛(Finale)
သခင့်​စေလိုရာ(Extra)
အပိုင်း - ၁💚
71.2K 2.1K 287
By PannWintHlwar
မနက်ခင်း၏နေရောင်သည် စောင်ပုံထဲတွင်မြုပ်ပြီးနှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေသာ အကောင်ပိစိလေးဆီသို့ ကျရောက်နေသည်။ အကောင်ပိစိလေးထပ်အိပ်ချင်သေး၍မျက်နှာကိုလက်ဖြင့်အုပ်ကာ ပြန်အိပ်နေသည်။ ကြာလာတော့ မျက်နှာပူတက်လာသလို အကောင်ပိစိလေးရဲ့မျက်နှာလေးသည်လည်း စူပုပ်ပုပ်လေးဖြစ်လာခဲ့ပြီဖြစ်သည်။
"ဦးရေ ... ဦး ... ဦး ... ဦး ... ကလေးမျက်နှာကို နေကြီးကထိုးနေတယ် လာဖယ်ပေးပါလို့ ... ကလေးအိပ်ချင်သေးတယ်"
သူလှမ်းအော်လိုက်သည်ကို ဘာအသံမှပြန်မလာလို့ ဟိုဘက်ကိုနားလေးစွင့်လိုက် ဒီဘက်ကိုနားလေးစွင့်လိုက်နဲ့ နားထောင်နေသည်။ အကောင်ပိစိလေး ပိုပြီးစူပုပ်ပုပ်လေးဖြစ်လာသည်။ အကောင်ပိစိလေး ဇွဲမလျော့သေးဘဲ နောက်တစ်ကြိမ်ထပ်၍အော်ခေါ်ပြန်သည်။
"ဦးရေလို့ ... ဦးရေ ... ကလေးမျက်နှာကိုနေလုံးကြီးကထိုးနေပါတယ်ဆို ... လာဖယ်ပေးပါလို့"
အသံကိုအဆုံးထိတင်ပြီးအော်ခေါ်သော်လည်း ဘယ်သူမှဘာမှပြန်မပြောလာတဲ့အတွက် အကောင်ပိစိလေးဆက်ခနဲငုတ်တုပ်လေးထထိုင်လာသည်။ ဦး မရှိလေသလား။ အလုပ်ကိုအစောကြီးထွက်သွားလေသလား။ စောင်ပုံထဲကအတင်းရုန်းထွက်ပြီး Sticthအရုပ်ကလေးပိုက်ကာ လှေကားကနေဟိုကြည့်ဒီကြည့်နဲ့ဆင်းလာသည်။ ဦးကသူ့ကိုထားသွားပြီလား။ အတွေးတွေနဲ့ မျက်ရည်ကြည်တွေလည်းဝဲခိုပြီး အရုပ်ကလေးပိုက်ကာ တဖြည်းဖြည်းဆင်းလာသည်။ အောက်ထပ်ကဦးရဲ့အခန်းထဲကိုအကောင်ပိစိလေးကဝင်ကြည့်ပါသည်။ ဦးမရှိပါ။ အိမ်ရှေ့တံခါးကိုဆွဲဖွင့်လိုက်ပြီး ခြံထဲကိုကြည့်လိုက်တော့ ခေါင်းကုတ်လိုက် လည်ပင်းပွတ်လိုက်နဲ့ ဖုန်းပြောနေသူတစ်ယောက်ကိုအကောင်ပိစိတွေ့လိုက်သည်။ ဦးရဲ့အတွင်းရေးမှူးပဲ ဦးကဘယ်ရောက်သွားတာလဲ။
"ဦးရေ ဦးရေလို့ ... ကလေးခေါ်နေတယ်လေ ... ဘယ်ရောက်နေတာလဲ"
အိမ်ထဲကအသံပြဲပြဲလေးကြောင့် "စေလိုရာ" ခြံအပြင်ကနေပြေးဝင်လာသည်။ အသံလေးကငိုသံလေးနည်းနည်းရောယှက်နေလို့ စေလိုရာ အမြန်ပြေးလာလိုက်သည်။
"ကလေး ... ဆောရီးကွာ ... ကိုယ်အပြင်မှာစကားပြောနေလို့ကလေးခေါ်တာမကြားလိုက်ဘူး ... အမယ်လေး အမယ်လေး
မငိုပါနဲ့"
အသက်၁၈နှစ်အရွယ်ဖြစ်နေသော်လည်း ကလေးသာသာရှိသေးသည့် "သခင်" ဆိုသည့်ကောင်လေးနှင့် အသက်၃၆နှစ်အရွယ် "စေလိုရာ" ဆိုသည့်လူကြီးတို့က ချစ်သူရည်းစားတွေလို့ပြောပါလျှင်မည်သူကယုံကြမည်နည်း။ သခင်လေး ဆယ်တန်းအောင်လို့ ရန်ကုန်မှာကျောင်းလာတက်သည်။ မိဘတွေကလည်း အဆောင်မှာနေဖို့စိတ်မချလို့ ငယ်သူငယ်ချင်းဖြစ်သူ စေလိုရာ၏အိမ်တွင်နေစေ၍ကျောင်းတက်ခိုင်းရာမှ နှစ်ဦးသား ချစ်ကျွမ်းဝင်ခဲ့ကြသည်။ သခင့်မိဘ စေလိုရာ၏သူငယ်ချင်းတွေက သူတို့သားလေးနဲ့ဒီလိုချစ်သူရည်းစားဖြစ်နေကြသည်ဆိုတာကို မသိကြပါ။ သခင်ဆိုသည့်ကောင်လေးသည်လည်း ယောကျာ်းလေးလို့သာပြောရသည် ယောကျာ်းလေးနဲ့တစ်စက်မှမတူပါ။ တောင်ကြီးမှာမွေးတာဖြစ်လို့ ဖြူဖွေးနေတဲ့အသားအရည်လေးနဲ့ ချစ်ဖို့ကောင်း
တဲ့ကလေးမျက်နှာလေးကလုံးဝပျောက်ကွယ်မသွားပါ။ တစ်ခုခုဆို အဆုံးထိတွေးပြီးဝမ်းနည်းတတ်သည်။ ပုရွက်ဆိတ်ကလေးသေနေတာမြင်ရင်တောင်ငိုတတ်သည်။ ပိုးဟပ်ကလေးတွေသေနေတာမြင်ရင်လည်း အိမ်အနောက်ဘက်မှာမြေကြီးကိုတူးပြီးမြှုပ်ပေးတတ်သည်။ အရမ်းကိုစိတ်နူးညံပြီး Emotionalဖြစ်တဲ့ကလေးလို့ပြောရပေမည်။ အစကတော့ စေလိုရာလည်းအရမ်းအံ့ဩရပေမဲ့ သခင့်အဖေပြောပြမှ နားလည်လာတော့သည်။
"မငိုပါနဲ့ကလေးရယ်"
ချော့လျှင်ပိုပြီးငိုတတ်တာ ကလေးတို့ရဲ့သဘာဝပင်ဖြစ်သည်။ မျက်ရည်တွေဘူးသီးလုံးလောက်ကျပြီး ရှိုက်ရှိုက်ပြီးငိုနေလေသည်။ ရန်နိုင်လည်း သခင်လေးငိုနေသည်ကြောင့် ဖုန်းပြောနေရာကပြေးလာပြီးအနားရောက်လာသည်။
"သခင်လေးကဘာဖြစ်လို့လဲ ... ဘာလို့ဒီလောက်တောင်ငိုနေရ
တာလဲ ... ဘော့စ် ကလေးကိုဘာတွေလုပ်လိုက်ပြန်ပြီလဲ"
"သူများ ... ဟင့် သူများဦးကို ... ဟင့် အဲ့လိုမအော်နဲ့ ... နှစ်တစ်ထောင် ဟင့် ... အက်ဖ်ဖေကြီးရဲ့ ဟင့်"
သူ့ဘက်ကလိုက်ပြောပေးသည့်ရန်နိုင် ထိုင်ငိုချင်သွားသည်။ အမြဲတမ်းဒီအားနည်းချက်နဲ့ပဲအနှိမ်ခံနေရသည်။ ရန်နိုင်ဆိုတဲ့
ကောင်ကလေ တစ်ယောက်တည်းနေရတာသဘောကျလို့ ရှိသမျှမိန်းမလှလေးတွေကိုအကုန်ခါချခဲ့တာ ဘာမှတ်နေကြလဲ။
"ဦးကဘာလို့ကလေးခေါ်နေတာမလာတာလဲ ... ကလေးကိုထားသွားပြီလားလို့"
"ပေါက်ပေါက်ရှာရှာကလေးရာ ... ကိုယ်ကထားသွားစရာလား ... ဟိုဘက်အိမ်ကမမက မွေးနေ့မို့လို့ မုန့်လာပို့တာနဲ့အပြင်ကိုပြန်လိုက်ပို့ရင်း စကားပြောနေတာကြာသွားတယ်ကလေးရယ်"
"ဦးကိုမုန်းတယ် ... ဟင့်"
အရုပ်ကလေးပိုက်ပြီး ဖင်လေးကောက်ကာ အပေါ်ထပ်ကိုပြန်ပြေးတက်သွားပြီး အခန်းတံခါးကိုဒုန်းခနဲပိတ်ကာလော့ချပစ်
လိုက်သည်။ သူစကားပြောမှားသွားပြီဆိုတာ သူသိလိုက်ပြီ။ အရမ်းသဝန်တိုတတ်သည့်ကလေးငယ် စိတ်ကောက်သွားပြီ။
"ဘော့စ်ကလည်းဗျာ တုံးလိုက်တာ ... ဘာလို့အဲ့မိန်းကလေးအကြောင်းသွားပြောရတာလဲ ... ချော့ပေတော့"
"ငါလည်းလွှတ်ခနဲထွက်သွားပြီးမှသတိရတယ်ကွာ ... ရန်နိုင် ငါ့ကိုမနက်စာမြန်မြန်သွားဝယ်ပေးစမ်းပါကွာ"
"ရစ်စ် ဘော့စ် ... အမိန့်အတိုင်းပါ ... ဒါ‌ပေမဲ့ ပိုက်ဆံလေးတော့ပေးနော် ... ကျွန်တော်ကပြတ်တုန်း လပ်တုန်း တစ်လလုံးဖြစ်နေလို့ဗျာ့"
"ဟာကွာ ... သွား စားပွဲပေါ်ကပိုက်ဆံအိတ်ထဲကယူသွား ... မြန်မြန်ပြန်လာ"
"ရက်စ်‌ ဘော့စ်"
ရန်နိုင်ဆိုတဲ့ကောင်လေးကိုလည်း သူကျေးဇူးတင်မိသည်။ သူတို့ဘက်ကနေရပ်တည်ပေးနေတဲ့တစ်ဦးတည်းသောလူဖြစ်နေသည်မို့ သူအရမ်းကျေးဇူးတင်မိသည်။ ကလေးမိဘတွေသိတဲ့တစ်နေ့ သူသေရမယ့်နေ့ဆိုတာလည်း သူကြိုတွေးနေမိသည်။ အခုလောလောဆယ်တော့ သဝန်တိုပြီးစိတ်ကောက်သွားတဲ့ကလေးကို သူချော့ရဦးမည်။
"ကလေးရေ ကိုယ်ဝင်လာပြီနော်"
အဲ့လိုအမြဲစိတ်ကောက်တတ်တဲ့ကလေးမို့လို့ စေလိုရာ အခန်းသော့တွေအကုန် သူသိမ်းထားသည်။ အခုတော့ အခန်းကိုအလွယ်တကူဖွင့်ဝင်လို့ရသည်။ ဖင်လေးပစ်ပြီး အိပ်နေတာ ကျားမကြောက်ဘာမကြောက်နဲ့။ သူ့အရုပ်လေးကိုလည်းဖက်ထားရသေးသည်။ ကလေးလေးမှတကယ့်ကိုကလေးလေး။ ဒီကလေးငယ်ကို သူ့ဘက်ကစပြီးအရောင်တွေဆိုးနေခဲ့မိသည်။
"ကလေးရေ ကိုယ်တို့မုန့်စားကြရအောင်လေ ... ပြီးရင် ကိုယ်
လည်းရုံးသွားရမယ် ... ကလေးလည်းသင်တန်းသွားရမယ်လေ"
သူပွေ့ချီဖို့လုပ်သည့်လက်ကို ပုတ်ချပစ်လိုက်သည်။ ကလေးငယ် တကယ်ကြီးကိုအကြီးအကျယ်စိတ်ကောက်နေတာပါလား။
"ကလေးရေ ... ဦးကလေ အိမ်နီးချင်းမို့လို့စကားပြောရတာပါ ... ကိုယ်ကစကားမပြောဘဲခပ်တည်တည်နေရင် ဘယ်ကောင်းပါ့မလဲ ... မဟုတ်ဘူးလား စိတ်မဆိုးနဲ့တော့နော်"
သခင်လေး စူပုပ်ပုပ်မျက်နှာလေးနဲ့ စေလိုရာရှိရာဘက်သို့လှည့်လာပြီး ...
"အဲ့နေကြီးကိုဖယ်ပေး ... ကလေးမျက်နှာကိုလာလာထိုးနေတယ်"
မှန်တံခါးမှလိုက်ကာစအမြန်ဆွဲလိုက်ပြီး ကလေးငယ်ဘေးနားပြန်ထိုင်ကာ သူ့ရင်ခွင်ထဲကိုပွေ့ပြီးသွင်းလိုက်သည်။ ငြိမ်ခံနေ
ကတည်းက စိတ်ဆိုးပြေသွားပြီဆိုတာ သူသိပါသည်။
"ဦး ကလေးဒီနေ့သင်တန်းမသွားချင်ဘူး ... ဦးလည်းရုံးမသွားပါနဲ့လားဟင်"
"သင်တန်းမသွားလို့တော့မရဘူး ... ကိုယ်ကကလေးကိုသင်တန်းအပြန်လာကြိုပြီး မုန့်ကျွေးမလို့စဉ်းစားထားတာ"
"တကယ်လား ... လူကိုလာပြီးဂျင်းမထည့်နဲ့နော် ... ဂျင်းထည့်ရင်တော့ တစ်ပတ်တိတိစိတ်ကောက်မှာ"
"တကယ်ပြောတာ ... အဲ့တော့ သင်တန်းသွား ... ကိုယ်လိုက်ပို့ပေးမယ်"
သူ့ရင်ခွင်ထဲကအကောင်ပိစိသည် ပြုံးစိစိဖြစ်လာပါ၏ ။ သူစားချင်တာတွေစဉ်းစားရင်းပြုံးနေသည်ဆိုတာလည်း သူသိပါ၏ ။ နဖူးလေးကို အသာလေးတောက်လိုက်တော့မော့ကြည့်လာလေသည်။
"ဦး ... ဦးကိုကလေးပြောစရာရှိတယ်"
"ပြောလေ ဘာလိုချင်လို့လဲ ... ဖုန်းလဲချင်လို့လား ... ဘယ်သွားချင်လို့လဲ"
"မဟုတ်ပါဘူး ... ကလေးကဘယ်သူမှမသိတဲ့လျှို့ဝှက်ချက်တစ်ခုကိုပြောပြမလို့ပါ"
"ဟာ ကိုယ်အရမ်းသိချင်လာပြီကွာ ... ကဲ ပြောပါဦး"
အကောင်ပိစိက ပြုံးစိစိနဲ့ရင်ခွင်ထဲကရုန်းထွက်သွားသည်။ စေလိုရာ၏နားအနားကပ်ပြီး တိုးတိုးလေးပြောပြသွားလေသည်။
"အမှန်တော့ ... ကလေးက ကမ္ဘာမြေကြီးကိုကယ်တင်နေတဲ့ ပါဝါရိန်းဂျား အနီကောင်ပါ ... ခစ်ခစ်"
နားထောင်လိုက်ရသည့်စေလိုရာ ဘာပြန်ပြောလို့ပြောရမှန်းမသိတော့ဘဲ ကုတင်ပေါ်မှာ ငုတ်တုပ်ကြီးကျန်ခဲ့လေသည်။အကောင်ပိစိလေးကတော့ တခစ်ခစ်နဲ့ရယ်ရင်း ရေချိုးခန်းထဲဝင်သွားလေသည်။ စေလိုရာလည်း ပါဝါရိန်းဂျားကိုတောင်အူတိုနေမိပြန်ပါသည်။ သူ့ကလေးပိစိက ပါဝါရိန်းဂျားကိုအရမ်းကြိုက်သည်။ ကုန်ကုန်ပြောရရင် ကြောင်နဲ့ကြွက်ကိုလည်း သူအူတိုနေမိသည်။ ကလေးလည်းရေချိုးပြီဆိုတော့သူလည်းရေချိုးရန် ကိုယ့်အခန်းကိုပြန်ဆင်းလာခဲ့လိုက်သည်။
"ဘော့စ် ကျွန်တော်ပြန်ရောက်ပါပြီ ... ဒါက စာဖိုမှူးကြီးကိုမင်း ကိုယ်တိုင်ပြင်ဆင်ပေးလိုက်တဲ့မနက်စာပါ ... အရသာရှိရှိသုံးဆောင်ကြပါ"
"အေး စားပွဲပေါ်တင်ထားခဲ့ကွာ ... မင်းလည်းပြင်ဆင်ပြီးရုံးသွားတော့ ... ငါကလေးကိုလိုက်ပို့ပြီး ရုံးကိုလာခဲ့မယ်"
"ရက်စ် ဘော့စ်"
ဘယ်လိုလူကိုအတွင်းရေးမှူးထားမိပါလိမ့်လို့ပဲ စေလိုရာ သူ့ကိုယ်သူအပြစ်တင်မိတော့သည်။ အမြဲတမ်းပြောင်ချော်ချော်နဲ့ အဲ့လိုပေါနေလို့အက်ဖ်‌ဖေဖြစ်နေတာပါလို့ပြောတော့ မခံချင်ပြန်။ ဒါပေမဲ့လည်း အရမ်းအားကိုးရလို့ အတွင်းရေးမှူးနေရာလေးကမြဲနေတာပေါ့။ မဟုတ်ရင်တော့ စေလိုရာရဲ့လက်အောက်မှာတစ်ရက်တောင်ခံမှာမဟုတ်။
"ဦးရေ ကလေးပြီးပြီ"
"ကိုယ်လည်းပြီးပါပြီဗျာ ... မနက်စာရနေပြီ ... မုန့်စားရမယ်"
"ကိုကြီးမင်းလွင်လုပ်ပေးလိုက်တာလား"
"အယ် ... ဘယ်လိုသိတာလဲ"
"သိတာပေါ့ ... ကိုကြီးမင်းလွင်မနက်စာလုပ်ပေးရင် အမြဲတမ်းဒါကြီးပဲ ... စားဖိုမှူးသာပြောတယ် ဒီတစ်မျိုးတည်းပဲလုပ်တတ်တာလားမသိဘူး"
ဒီစကားကို မင်းလွင်သာကြားရင် မျက်လုံးမီးတောက်ပြီးနားထဲရော ခေါင်းပေါ်ကပါမီးခိုးတွေတလူလူထွက်မယ့်ပုံစံကို စေလိုရာပြေးမြင်မိသည်။
"ကလေးကြိုက်တယ်ဆိုလို့ သူကလုပ်ပေးလိုက်တာဖြစ်မှာပါ"
"ထားပါတော့ ... ဒီကအချောလေးကပဲ ကျော်သွားပေးလိုက်
ပါ့မယ်"
စေလိုရာ အားရပါးရရယ်မိပါသည်။ ဒီအကောင်ပိစိလေးကတစ်မျိုးပြီးတစ်မျိုးနဲ့ သူ့ကိုရယ်အောင်လုပ်နိုင်သည်။ သင်တန်းသွားတဲ့လမ်းတောက်လျှောက်လည်း သူစားချင်တာတွေတတွတ်တွတ်ပြောနေသည်။ သင်တန်းမရောက်ခင် မုန့်တွေဝယ်ဖို့မုန့်ဆိုင်တစ်ဆိုင်မှာရပ်ပေးရသေးသည်။ ဝယ်လာလိုက်တဲ့မုန့်တွေဆိုတာ တပွေ့တပိုက်။ သင်တန်းမှာမုန့်သွားစားမှာလား စာသွားသင်မှာလား နည်းနည်းတော့မသဲကွဲတော့ပါ။ သို့ပေမဲ့ ချစ်နေတော့လည်း အပြစ်မမြင်နိုင် မဆူရက် မအော်ရက်နဲ့ အမြဲတမ်းအလိုလိုက်ပေးနေမိပြန်သည်။
"ဦး ညနေလာကြိုနော် ... မကြိုရင် တစ်ပတ်တိတိစိတ်ကောက်မှာ"
"လာကြိုမှာပါဗျာ ... ကဲ သွားတော့ ... စာကိုသေချာသင်နော် ... အိပ်ငိုက်မနေနဲ့"
"အမယ် လူကိုအထင်သေးတာပေါ့ ... ငိုက်စရာလား ဒီနေ့သင်
မယ့်ဆရာကချောချောလေးရယ် ... သွားပြီဗျို့"
သွားခါနီးမှာတောင် စေလိုရာကိုမခံချင်အောင်စသွားသေးသည်။ စေလိုရာ မီးတဝင်းဝင်းတောက်ကာ ကားထဲတွင်ကျန်ခဲ့လေသည်။ ကလေးငယ်စချင်တာပဲသိတယ်။ သူ့ရင်ထဲဘယ်လိုဖြစ်သွားလဲဆိုတာ သူမသိဘူး။ ကျောင်းထဲပြေးဝင်သွားသည့် အကောင်ပိစိလေးရဲ့ကျောပြင်ကိုငေးကြည့်ပြီးသက်ပြင်းတစ်ချက်ချမိပြန်သည် ။
အပိုင်း ၂ ဆက်ရန်💚
Characterတွေတစ်ခါတည်းမိတ်ဆက်ပေးလိုက်ပါပြီနော်။ဘယ်သူကဘယ်သူဆိုတာသိနိုင်မယ်လို့ထင်ပါတယ်။ ရီဒါလေးတွေသဘောကျမယ်လို့ယုံကြည်ပါတယ်။ ရီဒါလေးတွေဖတ်ချင်တဲ့အချက်ကလေးတွေအားလုံးကို လွှာ သေချာလေးထည့်ရေးမှာပါ။ ရီဒါလေးတွေနဲ့ရီဒါလေးတွေရဲ့Commentလေးတွေကလွှာ့ရဲ့အသက်လေးတွေပါနော်။ဖတ်ပေးတဲ့ရီဒါလေးတွေကိုကျေးဇူးတင်ပါတယ်။ သဲငယ်လေးတွေကိုချစ်ပါတယ်။
Zawgyi
မငိုပါနဲ့"
"မငိုပါနဲ့ကလေးရယ်"
"ဦးကိုမုန်းတယ် ... ဟင့်"
"ရက်စ် ဘော့စ်"
"ရက်စ် ဘော့စ်"
"ဦးရေ ကလေးပြီးပြီ"
"အယ် ... ဘယ်လိုသိတာလဲ"
ပါ့မယ်"
အပိုင်း ၂ ဆက်ရန်💚
Continue Reading
You'll Also Like
1.2M 94.4K 46
မချစ်ရင် မချစ်ဘူး ပြောခဲ့ပေါ့ဦးရယ်...... မချစ်ရင် မချစ်ဘူး ပြောခဲ့ပေါ့ဦးရယ်......(24.9.2020)
45.3K 2.4K 29
ကျွန်တော်ဦးကိုချစ်တယ် ဒါဟာဘယ်တော့မှ မပြောင်းလဲတဲ့အမှန်တရားတခုပဲ..... တိမ်ယံလွှာ ဦးကလေးကိုချစ်တယ် ဒါပေမဲ့ဘယ်တော့မှ ဦးဖွင့်ပြောမှာမဟုတ်တဲ့ အမှန်တရားတ...
1.3M 126K 58
169K 10.6K 22
Uni "ခင်ဗျားက ရွာသူကြီးဆိုတော့ ခင်ဗျားကိုကျုပ်ယူလိုက်ရင် ကျုပ်ဒီရွာကိုပိုင်ပြီမလား?" -မင်းတစ်ခေတ်- "ခင်...