"သူ" သာလျှင်.....💘

By reselda_

12.3K 409 13

တစ်ချိန်ကကျွန်တော့ရင်ကိုလှုတ်ခတ်သွားစေခဲ့တဲ့လူတစ်ယောက်... ဘယ်အချိန် ဘယ်နေရာမှာ ဘယ်လိုပုံစံ ဘယ်လိုအခြေအနေမျိုးန... More

Part-1
Part-2
Part-3
Part-4
Part-5
Part-6(💛...💛)
Part-7(❤...❤)
Part-8
Part-9
Part-10
Part-11
Part-13(End)

Part-12

551 29 0
By reselda_

နေမင်းမဟာ..ထိုပန်းဆိုင်ကနေ..ကားကိုဘယ်လိုမောင်းပြီးသူ့အိမ်သို့ ဘယ်လိုပြန်ရောက်လာမိသည်ပင်မသိတော့....အိမ်ရောက်တာတောင် သူ့ရင်အစုံသည် အခုအချိန်ထိ မတည်ငြိမ်နိုင်သေး.....
သူ့လက်ထဲမှာတော့ အဝါရောင်နှင်းဆီပန်းစည်းတစ်ခု.....
သူ့အာရုံမှာတော့ နှုတ်ခေါင်းနှစ်ဝင်မတတ် နမ်းချင်စရာကောင်းသည့် ကောင်လေးတစ်ယောက်ရဲ့ ပါးချိုင့်.....နောက်ပြီး ကောင်လေးရဲ့ အပြုံး.... အကြည့်တွေကို တရိပ်ရိပ်မြင်ယောင်နေတယ်......

'တော်လောက်ပြီ...နေမင်းမဟာ...တော်လောက်ပြီ
မင်းအဲ့လောက်အထိ ရင်မခုန်နေနဲ့တော့..'

နေမင်းမဟာ သူ့ကိုယ်သူ သတိပေး၍ အိမ်ထဲသို့ဝင်လာပြီး သူ့အမေကိုရှာလိုက်သည်.....

'မေမေ...မေမေ....ဟင်..အခန်းထဲမှာလည်း မရှိပါလား...
အပေါ်ထပ်မှာများလား'

သူ့အမေအခန်းမှာရှာမတွေ့တာနဲ့ နေမင်းမဟာ လည်း အပေါ်ထပ်ကိုတက်လာခဲ့တော့....

'ကြီးမြင့်.....'

သူ့ကိုလည်းတွေ့ရော မေမေ အမြဲတမ်းသော့ခတ်ထားလေ့ ရှိတဲ့ စတိုခန်းကို သန့်ရှင်းရေးလုပ်နေတဲ့ ကြီးမြင့်က....

'အော်...သားရောက်ပြီလား'

'ကြီးမြင့် မေမေရော ဘယ်မှာလဲ'

ကြီးမြင့်က သူ့နဖူးစပ်က ချွေးစတွေကို အင်္ကျီလက်ဖြင့်တို့သုတ်လိုက်ရင်း

'သားမေမေ ခုနက သူ့သူငယ်ချင်းဆီသွားမလို့တဲ့...သွားတာတော့ကြာပါပြီ...ခဏနေရောက်တော့မှာပါ'

'ဟုတ်....ကြီးမြင့် ဒါနဲ့ ဘာလို့ဒီအခန်းကို မေမေကအမြဲတမ်းသော့ခတ်ထားတာလဲ...'

'အဲ့တာတော့ ကြီးမြင့်လည်းမသိဘူး...အခုတောင် ဒီအခန်းကို မဖွင့်တာကြာတော့ ဖုန်တွေအရမ်းတက်နေပြီလားဆိုပြီးလာကြည့်ရင်းနဲ့သန့်ရှင်းရေးလုပ်နေတာ'

'အော်~~~ဟုတ်'

'ကဲ....ကြီးမြင့် အမှိုက်တွေသွားပစ်လိုက်ဦးမယ်နော်သား..'

'ဟုတ်ကဲ့...ကြီးမြင့်'

ကြီးမြင့်ကတော့ အခန်းထဲကနေထွက်သွားပြီး အမှိုက်သွားပစ်သည်...
နေမင်းမဟာ ဟာ စတိုခန်းရှေ့မှာရပ်နေရာကနေ အခန်းထဲကိုဝင်လာခဲ့သည်.....
မေမေက ဘာလို့ ဒီအခန်းကို အမြဲတမ်းသော့ခတ်ထားလေ့ရှိတာလဲ..
ဒါပေမယ့် သော့ကိုတော့ ကြီးမြင့်ကို တစ်ချောင်းပေးထားပြီး
ဘာလို့ ငါ့ကိုကျတော့ဒီအခန်းထဲမဝင်နဲ့လို့ပြောရတာလဲ....မေမေက ငါ့ကိုမသိစေချင်တဲ့အရာများရှိနေလို့လား....
နေမင်းမဟာ တွေးနေရင်းဖြင့် အခန်းတစ်ခုလုံးကိုလည့်ပတ်ကြည့်လိုက်သည်....အခန်းကစတိုခန်းသာပြောတယ်.....ကုတင် စာကြည့်စားပွဲ ဗီရိုအပြည့်အစုံနဲ့ အိပ်ခန်းအတိုင်းဘဲ....ဒီအခန်းက ဧည့်သည်တွေလာရင်နေဖို့ထား ထားတာများလား....အဲ့ဒါလည်းမဟုတ်လောက်သေးပါဘူး...အိမ်မှာ ဧည့်သည်တွေလာရင်နေဖို့အိပ်ဖို့အခန်းကသက်သက်ရှိပြီးသားဘဲ.....ဒါပေမယ့် ဒီအခန်းကျတော့ တမျိုးကြီးဘဲ....အရင်က ဒီအခန်းမှာများတစ်ယောက်ယောက်နေသွားတာလား...
ငါ့စိတ်ထဲမှာလည်း ဒီအခန်းက ငါနဲ့ရင်းနှီးနေသလိုဘဲ....ထူးဆန်းလိုက်တာ...

နေမင်းမဟာ ဟာ အခန်းထဲက ပစ္စည်းတွေကိုကြည့်နေရင်းဖြင့် အခန်းထောင့်က စားပွဲပေါ်မှာတင်ထားတဲ့ သေတ္တာသေးသေးလုံးတစ်လုံးကိုတွေ့လိုက်တယ်....
'ဟင်....ဘာသေတ္တာလေးပါလိမ့်....'

သေတ္တာကသော့မခတ်ထားတာနဲ့ နေမင်းမဟာလည်း သေတ္တာအဖုံးကိုဖွင့်လိုက်တော့ အတွင်းမှာ မြင်လိုက်ရတာက မှတ်စုစာအုပ်တစ်အုပ်.....
'မှတ်စုစာအုပ်က ဘာလို့ ဒီအခန်းထဲမှာရှိနေတာလဲ'

မေမေ့ရဲ့ မှတ်စုစာအုပ်လား....ဒါမှမဟုတ် အရင်က ဖေဖေရေးခဲ့တဲ့စာအုပ်များလား....နေမင်းမဟာ စဉ်းစားနေစဉ်မှာတင် အခန်းဝကနေ လှမ်းအော်ပြောတဲ့ကြီးမြင့်အသံကို ကြားလိုက်ရတဲ့အတွက်..... စာအုပ်ကို သေတ္တာထဲကနေ ထုတ်ပြီး သူ့အင်္ကျီထဲအမြန်ဝှက်လိုက်ကာ... သေတ္တာအဖုံးကိုပြန်ပိတ်လိုက်သည်....

'သားရေ.ဒီအခန်းကို..ကြီးမြင့် သော့ခတ်တော့မယ်....'

'ဟုတ်...ကြီးမြင့် '

နေမင်းမဟာက ထိုအခန်းကနေ ထွက်လာတော့ ကြီးမြင့်က အခန်းတံခါးကို သော့ပြန်ခတ်ကာ အောက်ထပ်သို့ပြန်ဆင်းသွားသည်...

နေမင်းမဟာလည်း သူ့အခန်းထဲသို့ ခပ်သုတ်သုတ်ဝင်လာပြီး တံခါးကိုအမြန်ပိတ်ကာ သူအင်္ကျီထဲမှာ ဖွက်ထားတဲ့စာအုပ်ကိုထုတ်လိုက်သည်....
ထို့နောက် လက်တစ်ဖက်မှာ ကိုင်ထားတဲ့နှင်းဆီပန်းစည်းကို အိပ်ရာ
ပေါ်တင်ပြီး နေမင်းမဟာ ဟာစာကြည့်စားပွဲမှာထိုင်လိုက်ကာ မှတ်စုစာအုပ်ကို ဖွင့်လိုက်သည်.....

'ဟင်.....ဒါ..ဒါ ငါ့လက်ရေးတွေပါလား...'

နေမင်းမဟာ ဟာ စာအုပ်ကိုဖွင့်လိုက်တာနဲ့ တွေ့လိုက်ရတဲ့လက်ရေးကြောင့် အံ့သြမှင်သက်သွားသည်....

'ငါ...ဒါတွေကို ဘယ်တုန်းက ရေးလိုက်တာလဲ'

စာမျက်နှာတွေကို တစ်ရွက်ချင်းစီလှန်ကြည့်နေရင်းဖြင့် တစ်နေရာရောက်တော့ နေမင်းမဟာ ရဲ့မျက်လုံးတို့က ပြူးကျယ်ဝိုင်းစက်သွားသည်....

ဇူလိုင်လ ၁၅ ရက်နေ့.....

ဒီနေ့ဟာ ငါ့အတွက် ဘဝမှာ ပထမဆုံးသောရင်ခုန်သံကို ရှာဖွေတွေ့ရှိ ခဲ့တဲ့နေ့ဘဲ......စာကြည့်တိုက်ရဲ့ တစ်နေရာမှာ စာအုပ်တစ်အုပ်ရှေ့ချပြီး အိပ်ပျော်နေတဲ့ကောင်လေးတစ်ယောက်.....ငါ့နှလုံးခုန်သံတွေကို မြန်ဆန်လာစေတဲ့ကောင်လေးတစ်ယောက်လို့ပြောရင် ပိုမှန်လိမ့်မယ်

အရမ်းကိုအပြစ်ကင်းစင်ပြီး ချောမောခန့်ညားတဲ့ကောင်လေး......
ငါ ကောင်လေးရဲ့ ရှေ့မှာ ထိုင်ပြီး ကောင်လေးကို တစိမ့်စိမ့်ကြည့်နေမိတယ်.....နောက် သူနိုးလာတော့ ငါကသူ့ကိုမကြည့်ခဲ့သလို ဂရုမစိုက်သလိုမျိုးနေခဲ့တယ်.....သူကငါ့နဲ့ခင်မင်ရင်းနှီးချင်လို့ စကားစပြောတဲ့အချိန် ငါအရမ်းပျော်မိတယ်.....

ပြီးတော့ သူက သူ့နာမည်ကိုပြောပြပြီး မိတ်ဆက်တယ်.....

အဲ့အချိန်ကတည်းက သူ့ရဲ့နာမည်ကအစ ငါ့ရင်ထဲမှာ ကွက်လပ်မရှိအောင် သူကနေရာယူခဲ့တယ်....

'ပိုင်ရတုမောင်......'

ကောင်လေး မင်းက ငါ့ရဲ့ ရင်ခုန်သံဘဲ......❤

နေမင်းမဟာ ဖတ်နေရင်းနဲ့သူ့ကိုယ်သူပင်မယုံနိုင်တော့...
ပိုင်ရတုမောင်.....ပန်းဆိုင်ကကောင်လေးဘဲ.....
ဒါဆို ငါသူ့ကိုချစ်ခဲ့မိတာပေါ့....ဘာတွေလဲ....ဘာလို့ ငါကဘာမှမသိတာလဲ......
နေမင်းမဟာ သူ့ခေါင်းကို ခပ်ကြမ်းကြမ်းကုတ်လိုက်ပြီး နောက်စာမျက်နှာတွေတစ်ရွက်ပြီးတစ်ရွက် လှန်ရင်း..... နောက်ဆုံးစာမျက်နှာမရောက်ခင် နှစ်ရွက်မြောက်ကို သူဖတ်လိုက်တယ်.....

အချိန်တွေက ကုန်မြန်လိုက်တာကွာ.....
စာမေးပွဲဖြေပြီးရင် သူနဲ့ငါခွဲရတော့မယ်....တွေ့နေရတာတောင် ငါသူ့ကိုလွမ်းမိနေတာ မတွေ့များမတွေ့ရတော့ရင် ငါရူးသွားမယ်ထင်တယ်......သူ့အပေါ်မှာ အဲ့လောက်တောင်ချစ်နေမိပြီ.....ဒါပေမယ့် သူက ငါ့ကိုမချစ်လောက်ဘူးထင်ပါတယ်....ငါ့လို လူတစ်ယောက်ကို သူချစ်ပါ့မလား.....သူ့ဘေးမှာ အချောအလှမိန်းကလေးတွေအများကြီး ရှိနေတာဘဲလေ....သူ ငါ့ကိုချစ်လာမှာမဟုတ်ပါဘူး....
တကယ်လို့ မချစ်နိုင်ဘူးဆိုရင်လည်း မင်း ငါ့ကို စကားလုံးတွေ အကြည့်တွေ ဂရုစိုက်မှုတွေနဲ့ ငါ့ကိုမျှော်လင့်ချက်တွေမပေးပါနဲ့.....
အခုချိန်မှာတော့ ငါကမင်းမွေးနေ့မှာပြောခဲ့သလို မင်းလိုချင်တဲ့အရာတိုင်းအတွက် ငါ့ဘက်ကအကုန်ပေးမယ့်  မင်းအတွက် အဖြည့်ခံသက်သက်ပါ...

နေမင်းမဟာရဲ့ ဦးနှောက်ထဲ သူမေ့ပျောက်နေတဲ့ အရာတွေက ဝိုးတဝါးနဲ့ ပေါ်ထွက်လာခဲ့တယ်.....ဒါပေမယ့် အားလုံးတော့မဟုတ်သေးဘူး....အနည်းငယ်သာ....သူ နောက်ဆုံး စာမျက်နှာ တစ်ရွက်ကိုထပ်လှန်လိုက်သည်....

ငါ့ဘဝမှာအပျော်ရွှင်ရဆုံးနဲ့အကြည်နူးဆုံးအချိန်ဟာ ဒီအချိန်ဘဲ...     သူ့ ရင်ခွင်ထဲမှာ ငါရှိနေတဲ့အချိန်လေး........
ငါအရမ်းပျော်ခဲ့တယ်....သူငါ့ကိုချစ်တယ်လို့ပြောခဲ့တုန်းက
ငါအရမ်းကိုအံ့သြခဲ့တယ်....သူ့ဆီက ဒီလိုစကားမျိုး ကြားရလိမ့်မယ်လို့ ငါဘယ်တုန်းကမှမထင်ထားခဲ့ဘူး..
ပြီးတော့ သူ့ဘက်က စပြီး ငါ့ကိုနမ်းခဲ့တဲ့အတွက်ရောပေါ့....
ငါ ဒီအနမ်းကိုဘယ်တော့မှ မေ့မှာမဟုတ်ဘူး....အဲ့အချိန်တုန်းက
ငါတို့နှစ်ယောက် အတူတူအနမ်းချင်းဖလှယ်နေတဲ့အချိန် သူ့နဲ့ငါ့ရဲ့ ရင်ခုန်သံတွေကလည်းတစ်ထပ်တည်းကျနေခဲ့တယ်......
ငါ အော်ပြောပလိုက်ချင်တယ်.....ငါဟာ ဒီကမ္ဘာပေါ်မှာ ကံအကောင်းဆုံးလူပါလို့လေ....ငါချစ်တဲ့လူရဲ့အချစ်ကို ပိုင်ဆိုင်ခွင့်ရတာဟာ ငါ့အတွက်တော့မဟာကံကောင်းမှုတစ်ခုဘဲ.....

ငါမင်းကို အရမ်းချစ်တယ်......အနက်ရှိုင်းဆုံးသော ငါ့ရင်ထဲက အချစ်တွေနဲ့ ချစ်နေမိတာ..မင်းက ငါ့ရဲ့ ဘဝမှာအချစ်ရဆုံးလူတစ်ယောက်ပါ..ပိုင်ရတုမောင

အ!!
နေမင်းမဟာ ခေါင်းထဲကထိုးကိုက်လာတဲ့အတွက် သူ့လက်နှစ်ဖက်နဲ့ ခေါင်းကို ဖိထားမိသည်.....

အား!!!
ခေါင်းကလည်း တဆစ်ဆစ်နဲ့ထိုးကိုက်လာပြီး သူ့နားထဲမှာလည်း လူတစ်ယောက် ရဲ့အသံတွေကိုဘဲ ထပ်ခါတလဲလဲကြားနေတယ်

အကို့မှာ ချစ်သူရှိလား.....

ကျွန်တော့်ကို အကို့ရဲ့ ပေါင်ချိန်စက်လို့ဘဲ သဘောထားလိုက်လေ..

ကျွန်တော် ဘာတောင်းတောင်းအကိုပေးမှာလား

ဒီစကားကို ကျွန်တော်မှတ်ထားလိုက်ပြီနော်....ပြန်မပြင်ကြေး...

အကို~~~~ကျွန်တော့်လိုချင်တဲ့ အကို့ရဲ့ အချစ်တွေ ကျွန်တော့်ကိုပေးနိုင်မလား????

ကိုနေ့ကို ကျွန်တော်အရမ်းချစ်တယ်......

အားးး ~~~~~~
နေမင်းမဟာ မခံမရပ်နိုင်စွာ အော်ဟစ်မိလိုက်သည်....
နောက်ဆုံးတော့ နေမင်းမဟာ သူမေ့နေခဲ့တဲ့ အရာအားလုံးကိုပြန်မှတ်မိသွားသည်....
ပြီးတော့ သူဘာကြောင့်အခုလိုမေ့သွားတာလဲ....
သူ့ကိုအခုလိုဖြစ်အောင် ဘယ်သူလုပ်ခဲ့လဲဆိုတာရောပေါ့

ရုတ်တရက်ဆိုသလို နေမင်းမဟာ ဟာ စားပွဲပေါ်ကမှတ်စုစာအုပ်ကိုဆွဲယူပြီး အိမ်အောက်ထပ်ကိုဆင်းလာခဲ့သည်
သူဆင်းလာတာနဲ့ အိမ်ထဲသို့ဝင်လာသည့် အမေဖြစ်သူ ဒေါ်စိမ်းမြသက်က ပြာပြာသလဲဖြင့်...

'သား ဘာဖြစ်လာတာလဲ...ဘာဖြစ်လို့လဲဟင်'

'အမေ....အမေသားကိုအမှန်အတိုင်းပြောပါ...အမေသိနေတယ်မဟုလား.....'

'ဘာကိုလဲ သား...သားဘာတွေပြောနေတာလဲ'

နေမင်းမဟာ က သူ့လက်ထဲမှာ ကိုင်လာတဲ့စာအုပ်ကိုပြလိုက်တော့ ဒေါ်စိမ်းမြသက်က အံ့သြတုန်လှုပ်စွာဖြင့်.....

'သား...ဒါကို ဘယ်ကတွေ့တာလဲ'

'အမေအမြဲတမ်းသော့ခတ်ထားတဲ့အခန်းထဲက.....
အမေ အမေသားတို့အကြောင်းကိုအကုန်သိနေတယ်မဟုလား....အဲ့တာဆိုရင် အမေသားကိုပြောပြသင့်တယ်လေ...တကယ်လို့သားမေ့နေတယ်ဆိုရင်တောင်..ဘာလို့ သားကို ဒါတွေမပြောပြရတာလဲ...ဟင်..မေမေ သားမေးနေတာဖြေပါဦး'

နေမင်းမဟာ သူ့အမေကိုပြောနေရင်းနဲ့ မျက်ရည်တို့ပင်ကျလာခဲ့သည်....ဒေါ်စိမ်းမြသက်ကတော့ အံကိုတင်းတင်းကြိတ်ကာ....

'ဟုတ်တယ် အမေ အကုန်သိတယ်....သား ဘွဲ့ယူတဲ့နေ့ကတည်းက သားတို့နှစ်ယောက်ပုံစံကိုကြည့်ပြီး အမေ မသင်္ကာဖြစ်နေတာ...ပြီးတော့ သား အက်ဆီးဒင့်ဖြစ်လို့ ဆေးရုံတက်နေရတဲ့အချိန် သားအခန်းကိုဝင်ကြည့်တော့ ဒီစာအုပ်ကိုတွေပြီး အမေဖတ်ကြည့်လိုက်တယ်...အဲ့အချိန်မှာဘဲ သားနဲ့ အဲ့ကောင်လေးအကြောင်းကို အမေအကုန်သိသွားတာ....'

'အဲ့တာဆို သားသတိရလာရင် မေမေ ဒီအကြောင်းတွေကို ဘာလို့ သားကိုမပြောပြတာလဲ....မေမေပြောပြလို့ရရဲ့သားနဲ့ ဘာလို့သားကိုမပြောပြတာလဲ....'

နေမင်းမဟာ ဟာ ရှိုက်သံတစ်ဝက်ဖြင့် သူ့အမေကိုမေးလိုက်တယ်...ဒါပေမယ့် သူ့အမေရဲ့အဖြေကြောင့် သူ့လက်ထဲမှာကိုင်လာတဲ့စာအုပ်ပါ ကြမ်းပြင်ပေါ်လွတ်ကျသွားသည်...

'အဲ့ကောင်လေးက သားအဖေကိုသတ်ခဲ့တဲ့လူရဲ့ သားဖြစ်နေတဲ့အတွက်ကြောင့်ဘဲ....'

'ဗျာ.....'

'ဟုတ်တယ် သား.....အမေ သားတို့အကြောင်းကိုသိပြီးကတည်းက ကောင်လေးရဲ့အကြောင်းကို အမေအကုန်စုံစမ်းခဲ့တာ....သူက သားအဖေကိုသတ်ခဲ့တဲ့ ဦးကျော်စွာ ဒေါ်သက်ထားမေရဲ့ သားဘဲ'

ဒီတစ်ခါတော့ နေမင်းမဟာ သူ့အမေရှေ့တွင် ဒူးထောက်ကျသွားတော့သည်..... သူ့မှတ်ဥာဏ်တွေပြန်မှတ်မိလာလို့ သူ့ကိုအခုလိုဖြစ်အောင်လုပ်ခဲ့တဲ့သူကိုဖော်ထုတ်ပြီးတာနဲ့ သူ့ချစ်သူဆီ သွားပြီးရှင်းပြကာ အရင်လိုမျိုးပြန်ဖြစ်အောင် ကြိုးစားမလို့ လုပ်ခဲ့ပေမယ့် အခုတော့~~~~~

'သား....အမေက သား ကောင်းအောင်အခုလိုမျိုးလုပ်ခဲ့ရတာပါ...'

နေမင်းမဟာ သူ့အမေရင်ခွင်ထဲ ဝင်ကာ အားရပါးရ ငိုချလိုက်တော့သည်....သူဘယ်လိုလုပ်ရမလဲ...သူ့ချစ်သူက သူ့အဖေကို သတ်ခဲ့တဲ့လူရဲ့သား.....သူမယုံနိုင်ဘူး...ဒါကို သူလုံးဝမယုံနိုင်ဘူး.....ကံတရားရယ် အဲ့လောက်ထိတော့ သူ့အပေါ်မရက်စက်လိုက်ပါနဲ့....

နေမင်းမဟာ ဟာ သူ့အမေ ရင်ခွင်ထဲမှာ ငိုနေရင်းနဲ့ ရုတ်တရက် အငိုရပ်သွားပြီး မတ်တပ်ထရပ်လိုက်သည်....ပြီးတော့ သူ့အမေ
ကို ပြောလိုက်သည်..

'သား မယုံဘူး မေမေ..ဒါတွေအကုန်လုံးရဲ့ အဖြစ်မှန်ကို သားကိုယ်တိုင်သိအောင်လုပ်ပြီးမှယုံမယ်'

ထို့နောက် နေမင်းမဟာ ဟာ အိမ်ထဲကနေ ထွက်သွားပြီး ကားစက်နှိုးကာ တစ်နေရာကို ကားမောင်းထွက်သွားသည်...

ဒေါ်စိမ်းမြသက်ကတော့ သူ့သားလေးအတွက် စိုးရိမ်ပြီး ဘာလုပ်လို့လုပ်ရမှန်းမသိ...နောက်ဆုံးတော့ လက်ကိုင်အိတ်ထဲက သူ့phကိုထုတ်ပြီး ဦးမြတ်သူဆီphခေါ်လိုက်သည်....ဒီအချိန်မှာ သူ့ကိုကူညီနိုင်တာ ဦးမြတ်သူတစ်ယောက်ဘဲရှိတယ်....ပြီးတော့
ဒီအချိန်မှာ သူ့သား ဘယ်ကိုသွားမယ်ဆိုတာကို သူမှန်းဆလို့ရနေတယ်လေ...

💗💗💗💗💗💗💗💗💗💗💗

Continue Reading

You'll Also Like

61.1K 3.3K 20
ဦးကိုကျန်တော်ချစ်တယ် ကျန်တော်ကိုပြန်ချစ်ပါ Wu yifan ငါမင်းကိုမချစ်ဘူးလို့ငါ့မှာလက်ထပ်ရမယ့်လူရှိတယ် Park Chanyeol
5.1K 80 6
ဤဇာတ်လမ်းသည် မည်သူတစ်စုံတစ်ဦးကိုမှထိခိုက်နစ်နာစေလို၍ရေးသားခြင်းမဟုတ်ပါ။ ဇာတ်ကောင်များကိုစိတ်ကူးယဉ်ဖန်တီးထားခြင်းသက်သက်သာဖြစ်သည်။ အမှားပါလျှင် နားလည်ခ...
16.4K 473 23
အချစ်တွေကအဆုံးမဲ့တယ် မင်းနဲ့တွေ့ဖို့ဖန်တီးပေးလိုက်တဲ့ ကံကြမ္မာကိုသိပ်ကျေးဇူးတင်မိတယ်