Part-10

481 25 0
                                    

September......
စာမေးပွဲတောင်ဖြေရတော့မှာပါလား....
နေမင်းမဟာနဲ့ ပိုင်ရတုမောင် လည်း သူတို့စာနဲ့သူတို့ ရှုတ်ယှက်ခတ်နေတာကြောင့် ဒီရက်ပိုင်းမှာတွေ့တောင်မတွေ့ဖြစ်ကြပေ....
စာမေးပွဲဖြေရင် ပိုလို့ မတွေ့နိုင်ဖြစ်မှာစိုးတဲ့အတွက် စာမေးပွဲမဖြေခင် နှစ်ရက်အလိုမှာ သူတို့တွေ့ဖြစ်ကြတယ်...
ဒီနေ့မှ သူတို့တွေ့တဲ့နေရာဖြစ်တဲ့ အင်းယားကန်ဘောင်က လူသွားလူလာနည်းနေတဲ့အတွက် ပိုင်ရတုမောင်အတွက်တော့ အခွင့်ကောင်းတစ်ခုပင်....

'ကိုနေ....ကျွန်တော်ကိုနေ့အတွက် ရေခဲမုန့်ဝယ်လာတယ်...'

ပိုင်ရတုမောင်က သူ့လက်ထဲမှာကိုင်ထားတဲ့ ရေခဲမုန့်တစ်ဗူးကို နေမင်းမဟာအားပေးလိုက်သည်...

'တစ်ဗူးတည်းလား...ညီ့အတွက်ရော'

'ကျွန်တော်ကမစားတော့ဘူး...ဗိုက်ပြည့်နေပြီ'

'အော်~~'

နေမင်းမဟာက ခေါင်းငြိမ့်ပြပြီး ပိုင်ရတုမောင်ဝယ်လာပေးတဲ့ ရေခဲမုန့်ကိုစားနေရင်း...

'စာမေးပွဲဖြေတော့မယ်နော်...ညီက စာတွေပိုင်နေပြီလား'

'ဟုတ်...ပိုင်နေပြီလို့ဘဲပြောရမှာပေါ့...အကိုရော..'

'အင်း...အကိုလည်း ညီ့လိုဘဲ..'

ဖြေပြီးတာနဲ့ သူတို့နှစ်ယောက်လုံး တစ်ယောက်ကိုတစ်ယောက်ကိုကြည့်ကာ ရယ်လိုက်ကြသည်....

'အကို...ကျွန်တော်လိုချင်တဲ့ မွေးနေ့လက်ဆောင်ကို အခုတောင်းလို့ရမလား'

'အင်းရတယ်လေ...ပြောပါဦး ညီက အကို့ဆီကဘာလိုချင်တာလဲ'

ပိုင်ရတုမောင် ဟာ နေမင်းမဟာ ကိုမဝံ့မရဲကြည့်ရင်း

'ကျွန်တော်လိုချင်တာက...အကို့ဆီကမေတ္တာပါ..
ကျွန်တော်အခုလိုပြောလို့ အကိုစိတ်မဆိုးလိုက်ပါနဲ့နော်.အကိုက ကျွန်တော့်ရဲ့ အချစ်ဦးပါ....ကျွန်တော်အကို့ကို စတွေ့ကတည်းက ချစ်နေမိတာပါ...ကျွန်တော်ဖွင့်ပြောလိုက်ရင် အကိုစိတ်ဆိုးသွားမှာစိုးလို့မပြောခဲ့တာပါ...ဒါပေမယ့် အကိုနဲ့ မတွေ့ရတဲ့ဒီရက်တွေမှာ ကျွန်တော့်ကိုယ်ကျွန်တော်သေချာသိခဲ့ရတယ်...အကို့အပေါ်မှာထားတဲ့ ကျွန်တော့်ရဲ့အချစ်တွေက အခုချိန်မှာ ကျွန်တော့်နှလုံးသားတစ်ခုလုံးကို ခိုင်ခိုင်မာမာနဲ့ အမြစ်တွယ်ထားနှင့်နေပြီဆိုတာကိုလေ...'

"သူ" သာလျှင်.....💘Where stories live. Discover now