Part-6(💛...💛)

620 25 0
                                    

ကလေးတစ်ယောက်ငိုနေလျှင် မုန့် ဒါမှမဟုတ် ကစားစရာတွေနဲ့
ဆွယ်ပြီး အငိုတိတ်အောင်ချော့လို့ရပေမယ့် အရွယ်ရောက်ပြီးသား လူတစ်ယောက် အထူးသဖြင့် အသည်းကွဲနေတဲ့လူ ငိုပြီဆိုရင်တော့
တော်ရုံ တန်ရုံနဲ့ချော့၍မရ.ဘယ်လောက်တရားချချ သူတို့နားထဲမဝင်
ကိုယ်ကချော့ချင်ရင်တောင် သူတို့ကဘဲ သူတို့ခံစားချက်ကိုပြောပြပြီး
ငိုနေကြလို့ နှစ်သိမ့်ပေးချိန်တောင်သိပ်မရလိုက်...
အဲ့တော့နှစ်သိမ့်ပြောဆိုနေတာထက် သူတို့ခံစားနေရတာကို အားရ
အောင် ပြောစေကာကျေနပ်အောင်ငိုပြီးတဲ့အထိပေးနေလိုက်တာက အကောင်းဆုံးဘဲမဟုတ်လား...



အခုလည်း ညနေစောင်းနေတာတောင် ဝတ်ရည်ကျော် သူ့အိမ်သို့
မပြန်နိုင်သေး..မပြန်နိုင်တဲ့အကြောင်းအရင်းကတော့ အချိန်တွေကိုလျှစ်လျူရှုပြီး သူ့ပခုံးပေါ်မေးတင်ကာ အားပါးတရငိုကြွေးနေတဲ့
သူ့ရဲ့ အဖိုးတန်သားလေးတစ်ဖြစ်လဲ သူငယ်ချင်း ပိုင်ရတုမောင်
ကြောင့်ပင်..

'ပိုင်ပိုင်....'

ဝတ်ရည်ကျော် ခေါ်လိုက်တော့ ပိုင်ရတုမောင်က ငိုနေရာကနေ
ပြန်ထူးရင်း ဝတ်ရည်ကျော်ကိုမဖက်ထားတော့ဘဲ ခွာလိုက်သည်

'ဝတ်ရည်...နင်ဘာပြောမလို့လဲ'

ငိုထားလို့ မျက်လုံးတွေနီရဲပြီး ဖောင်းမို့အစ်နေတဲ့မျက်ခွံတွေနဲ့
မျက်ရည်ရော နှာရည်တွေပါထွက်နေတဲ့ ပိုင်ရတုမောင်ကိုကြည့်ကာ
ဝတ်ရည်ကျော်ရဲ့ရင်ထဲမှာမူ သနားစိတ်ထက် သူ့ရဲ့ဖျောက်မရတဲ့
စနောက်ချင်တဲ့စိတ်ကဘဲ.. တဖွားဖွားပေါ်နေတယ်
နောက်ဆုံး သူမနေနိုင်တော့တာနဲ့ မခံချင်အောင် စနောက်တတ်တဲ့ သူ့ဗီဇအရ...

'ပိုင်ပိုင်...နင့်ပုံစံကလေ ကလေးတစ်ယောက်က လိုချင်တာမရလို့
မိဘတွေကိုဆန္ဒပြတဲ့အနေနဲ့ တညလုံးငိုထားတဲ့ရုပ်နဲ့..ကလေးလည်းမဟုတ်ဘဲ ငိုနေတာကြည့်ပါဦး.နှာရည်တွေလည်းထွက်လို့...ရုပ်ဆိုး
လိုက်တာဟယ်.. ငါ့လိုအလှပဂေးလေးဝတ်ရည်ကျော်ရဲ့ သူငယ်ချင်း
ရောဟုတ်ရဲ့လား.. အံ့သြပါရဲ့ဟယ်....အင်းလေ...အဲ့တာကြောင့်မို့ အကိုနေမင်းမဟာက နင့်ကိုမသိဘူးလို့ပြောသွားတာနေမှာ...ဟားဟား'

"သူ" သာလျှင်.....💘Where stories live. Discover now