Part-1

3.6K 54 7
                                    

📲 🎶🎶

စားပွဲပေါ်မှာတင်ထားသည့် Handphoneလေးမှ တုန်ယင်လျှက် တီးလုံးသံတို့ထွက်ပေါ်လာသည်နှင့်တပြိုင်နက်.....တစ်ယောက်သော သူ၏ ယောကျာ်းဆန်လှသော လက်တစ်စုံက ကိုင်လက်စ ဇွန်းနှင့်ခရင်းကို ထမင်းပန်းကန်ပြားပေါ်ပြန်ချပြီး phကိုကောက်ကိုင်လိုက်သည်

'hello...'

'hello...မေမေ့သားလေး'

phထဲမှ အမေဖြစ်သူ၏အသံချိုချိုကိုကြားလိုက်ရသောအခါ phပြောနေသောကောင်လေး၏ညာဘက်ပါးပြင်၌ ပါးချိုင့်လေးတစ်ခုက အလိုအလျှောက်ဖြစ်တည်လာတော့သည်

'hrr...မေမေ သားကမေမေ့phကိုတစ်မနက်ခင်းလုံးမျှော်နေတာ'

'အံမယ်..ဟုတ်လို့လားသားရဲ့... သားကမျှော်နေတယ်ဆိုပြီး သားကျတော့ဘာလို့phမဆက်တာလဲ'

'ဆက်မလို့ဘဲ.... ဒါပေမယ့်သားက မေမေတို့မအားမှာစိုးလို့ပါ..
တော်ကြာ သားဆက်လိုက်ရင် အနှောင့်အယှက်ဖြစ်သွားမှာစိုးလို့လေ'

'အမယ်လေး...အနှောင့်အယှက်မဖြစ်ပါဘူး သားလေးရယ်...
အမေက မဆက်ဘူးဆိုတာကလည်း အခုမှအလုပ်ပြီးလို့လေ...'

'aww....ဟုတ် ဒါနဲ့ ဖေဖေရော..'

'သားအဖေက အခင်းထဲမှာဘဲရှိသေးတယ်သားရဲ့...
သား ထမင်းရောစားပြီးပြီလား'

'သားက အခုမှ စားမလို့ဘဲရှိသေးတယ်'

'ဟုတ်လား...အဲ့ဆို သားလေး စားလေ..
အမေလည်းနားလိုက်ဦးမယ်နော်'

'ဟုတ်ကဲ့ မေမေ'

တဖက်ကအသံပြတ်တောက်သွားသည်နှင့် phကိုစားပွဲပေါ်ပြန်တင်လိုက်ကာ စားလက်စ ထမင်းကိုဆက်စားနေရင်း အခင်းထဲမှာအလုပ်တွေရှုပ်နေမည့် ဖေဖေနဲ့မေမေကို သူမြင်ယောင်နေမိသည်....
.
.
သူတို့မိသားစုက ပြင်ဦးလွင်မှာ ပန်းခင်းတွေအများကြီးစိုက်ထားတာလေ..အရင်တုန်းက သူတို့မိသားစုက ဒီအလုပ်ကိုမလုပ်ပါဘူး..
အရင်ကတော့ သူ့အဖေက စီးပွားရေးလုပ်ငန်းရှင်ကြီးတစ်ဦးပေါ့..
ဒါပေမယ့် သူခြောက်နှစ်သားအရွယ်မှာဘဲ သူ့အဖေက စီးပွားရေးလုပ်ငန်းမလုပ်တော့ဘဲ အေးအေးချမ်းချမ်းလေးဘဲနေချင်တော့တယ်လို့ပြောကာ ရန်ကုန်မှာမနေတော့ဘဲ ပြင်ဦးလွင်မှာပန်းတွေစိုက်ရင်းနေ နေတာလေ...

"သူ" သာလျှင်.....💘Where stories live. Discover now