Part-13(End)

1.2K 30 2
                                    

'မေမေတို့ကလည်း သားကိုဘာမှလည်းမပြောဘဲနဲ့....အခုကျတော့ ရုတ်တရက်ကြီး....'

သားတော်မောင်ကို မပြောဘဲ ဦးကျော်စွာတို့ လင်မယားနှစ်ယောက် ရုတ်တရက်ရန်ကုန်ကို လာခဲ့တဲ့အတွက် ကလေးဆိုးကြီး ပိုင်ရတုမောင်ကတော့ နှုတ်ခမ်းကြီးစူပုတ်စွာ...

'မဟုတ်ပါဘူး...သားရယ် အမေတို့က သားအံ့သြသွားအောင်လို့ပါ'

'ဒါပေမယ့် သားက အမေတို့ကို ကိုယ်တိုင်လာကြိုချင်တာကို....အခုတော့ သားကိုယ်တိုင်လာမကြိုရဘူး....'

'မေမေတို့ကို သားဦးလေးလာကြိုတာဘဲကို သားရယ်...'

ဒေါ်သက်ထားမေက သူ့ရဲ့သား ကလေးဆိုးကြီး စိတ်ဆိုးပြေအောင် ချော့မော့ပြောနေပေမယ့် ပိုင်ရတုမောင်ကတော့ သူငယ်တန်းကလေးတစ်ယောက် သူကြိုက်တဲ့မုန့်မစားရလို့ စိတ်ဆိုးနေသလို နှုတ်ခမ်းကြီးဆူထော်နေဆဲ....

'ဦးလေးလည်းမကောင်းဘူး...မေမေတို့လာမယ်ဆိုတာကို သားကိုနဲနဲလေးတောင်မပြောပြဘူး'

'ဖေဖေတို့က မပြောပြခိုင်းတာပါ သားရယ်....ကဲ အခုတော့ စိတ်ဆိုးပြေတော့ နောက်တစ်ခါ ဖေဖေတို့လာရင် သားကိုပြောမယ်နော်..
ဟုတ်ပြီလား'

အဖေဖြစ်သူ ဦးကျော်စွာကပါ မနေနိုင်တော့ဘဲ သူ့သားစိတ်ဆိုးပြေအောင် ကူပြောမှ ပိုင်ရတုမောင်ရဲ့ ဆူထော်နေတဲ့နှုတ်ခမ်းက အနည်းငယ်ပြေလျော့သွားကာ

'ဖေဖေ တကယ်ပြောတာလား'

'တကယ်ပြောတာပေါ့ သားရယ့် အဖေက မင်းအဖေပါကွ....
ဘာလဲ မယုံဘူးလား'

'ဟီးဟီး...ယုံပါတယ် အဖေရဲ့'

ထိုအခါမှ ပိုင်ရတုမောင် စိတ်ဆိုးပြေသွားပြီး ရယ်ရယ်ပြုံးပြုံးပြန်ဖြစ်သွားသည်......

ကျွီ!!!

'ကားရပ်သံကြားတယ်သား.....ဘယ်သူလာတာလဲမသိဘူး'

ဒေါ်သက်ထားမေရော ဆိုင်ထဲမှာရှိနေတဲ့ ကျန်တဲ့သူတွေပါ....ဘယ်သူလာတာလဲဆိုပြီး ဆိုင်အပေါက်ဝကိုကြည့်လိုက်တော့...

'ကိုနေ.....ကိုနေလာတာနဲ့ အတော်ဘဲ...
အခု ကျွန်တော့်မိဘတွေလည်းရောက်နေတာ တခါတည်းမိတ်ဆက်ပေးမယ်လေ'

"သူ" သာလျှင်.....💘Where stories live. Discover now