Tyranny Ver.1 [ ဖိႏွိပ္​ညႇင္​...

By relisia6800

172K 17.1K 1.2K

မင္​းကမုန္​းတယ္​လို႔တဖြဖြ​ေျပာ​ေနရင္​​ေတာင္​ ငါအဆင္​​ေျပပါတယ္​ BaekHyunee .. CV by Asuna Park ❤ More

1....
2...
3...
4...
5..
6.....
7...
8...
9...
10..
11..
12..
13..
15 ( မဂၤလာဦးည -.- )
16..
17( Changes )
18...
19..
20..
21...
Final..

14..

7.1K 760 45
By relisia6800

Zawgyi

Laptop တစ္​လံုးနဲ႔ အလုပ္​ကိစၥ​ေတြ​ေတာ္​​ေတာ္​​ေလး
႐ႈပ္​​ေန​ေပမယ္​့ ခါတိုင္​းလို..အလုပ္​စားပြဲမွာ
သြားလုပ္​​ေနဖို႔စိတ္​မ၀င္​စားအား...။

ကုတင္​က်ယ္​ႀကီးရဲ႕တစ္​ဖက္​ျခမ္​းမွာ ၿငိမ္​းခ်မ္​းစြာ
အိပ္​​ေမာက်​ေနသည္​့ သူ႔​ေဘးနား​ေလးမွာ..
ၿငိမ္​ၿငိမ္​သက္​သက္​​ေလးထိုင္​ရင္​းနဲ႔ပဲ..
Laptop အသံုးျပဳ​ေနမိသည္​...။

အခန္​းထဲမွာ..အသက္​႐ွဴသံမွန္​မွန္​​ေလးရယ္​..
computer ခလုတ္​ႏွိပ္​သံ တစ္​​ေတာက္​​ေတာက္​ရယ္​ကလြဲ အားလံုးတိတ္​ဆိတ္​လို႔...။

ဒီအ​ေျခအ​ေနက အိမ္​မက္​လား..တစ္​ကယ္​လား
မသဲကြဲလို႔..တစ္​ခါတစ္​ခါကိုယ္​့လက္​ကိုယ္​ဆြဲဆိတ္​ၾကည္​့ၿပီး..ရယ္​ရတာလဲအ​ေမာ..။

တစ္​လ​ေက်ာ္​ၾကာလာၿပီ ျဖစ္​​​ေပမယ္​့လို႔..
BaekHyunee ကိုကြၽန္​​ေတာ္​့ခ်စ္​သူအျဖစ္​​ေခၚထားႏိုင္​တာ
အခုထိယံုတစ္​၀က္​မယံုတစ္​၀က္​နဲ႔..။
ဒါ​ေပမယ္​့ ..ဒါ​ေတြကလက္​​ေတြ႔ဘ၀ဆိုတာ..
​ေပ်ာ္​ရႊင္​စြာ..၀မ္​း​ေျမာက္​စြာနဲ႔ပဲ...
လက္​ခံရင္​း...
​ေနာက္​ထပ္​တစ္​ႀကိမ္​ရယ္​​ေမာမိျပန္​ပါသည္​..။

"​ေရာက္​​ေနၿပီလား.."

"အင္​း..​ေလးနာရီ​ေလာက္​ကတည္​းက​ေရာက္​​ေနတာ.."

"အခုဘယ္​နနာရီ႐ွိၿပီလဲ.."

"၇နာရီဆယ္​မိနစ္​.."

"အာ...ငါ​ေတာ္​​ေတာ္​အိပ္​​ေပ်ာ္​သြားတာပဲ.."

"ဘယ္​​ေကာင္​မ​ေလးကို အိပ္​မက္​မက္​​ေနလဲမွမသိတာ..
အိပ္​​ေနတာမွသိုး​ေနတာပဲ.."

မနက္​ကမွတ႐ုတ္​ဘက္​က​ေန ျပန္​​ေရာက္​လာတာမို႔..
ပင္​ပန္​းၿပီးအိပ္​​ေနတာသိ​ေပမယ္​့..
သံုးနာရီ​ေလာက္​..သူမ်ားကို
တစ္​​ေယာက္​တည္​းပစ္​ထားၿပီး အိပ္​​ေနတာမို႔..
ဒီတိုင္​း နည္​းနည္​းျငဴစူျပလိုက္​​ေတာ့..
ဆဲဆိုသံတိုးတိုး​ေလးထြက္​လာသည္​..။

အသံထြက္​ရယ္​မိ​ေတာ့..မ်က္​​ေစာင္​းတစ္​စင္​းပါ
လက္​​ေဆာင္​ရလိုက္​သည္​..။

ပြ​ေယာင္​း​ေယာင္​း​ျဖစ္​​ေနသည္​့ ဆံပင္​ဖ႐ိုဖရဲ​ေတြကို
လက္​နဲ႔သပ္​ခ်ၿပီး..
ပါးစပ္​​ေဟာင္​း​ေလာင္​းျဖစ္​သြားတဲ့အထိသန္​း​ေ၀​ေနသည္​့ပံုက..တစ္​စက္​မွ ၾကည္​့မ​ေကာင္​း​ေပမယ္​့..
ကြၽန္​​ေတာ္​့မ်က္​လံုးထဲမွာ​ေတာ့ ဘာကိစၥ
ခ်စ္​ဖို႔​ေကာင္​း​ေနသလဲမ​ေျပာတတ္​..။

သူမ်ား​ေတြဆို ရည္​းစား​ေဘးမွာ႐ွိရင္​..
ခ်စ္​ဖို႔​ေကာင္​း​ေအာင္​ဘယ္​လို​ေနရမလဲပဲ ​ေတြး​ေနၾကတာ..
သူ႔က်မွပဲ..မ်က္​၀တ္​​ေတြႏိႈက္​လိုႏိႈက္​..
တစ္​၀ါး၀ါးသန္​းလိုသန္​းနဲ႔..။
​ေအး​ေလ..တစ္​ျခားလူမွ မဟုတ္​တာ..
Byun Baek Hyun ပဲဟာ..။

ထားပါ​ေတာ့..။

"ဟာ..! ျပန္​မအိပ္​နဲ႔​ေတာ့​ေလ...
​ေရသြားခ်ိဳး..!"

"ခဏ..နာရီ၀က္​ထဲ..."

"​ေရခ်ိဳးၿပီးထမင္​းစားၿပီးမွျပန္​အိပ္​ဆို.."

"နာရီ၀က္​ထဲ​ေပးအိပ္​ဆို.."

ကြၽန္​​ေတာ္​့ကို​ေနာက္​​ေက်ာ​ေပးၿပီးျပန္​အိပ္​ဖို႔
ျပင္​​ေနရာက​ေန..
​ေခါင္​းအံုး​ေတြကို
မွီထိုင္​​ေနတဲ့ကြၽန္​​ေတာ္​့​ေဘးနားဆတ္​ခနဲ
​ေနရာ​ေျပာင္​းလာၿပီး..
ဒီတုိင္​း..ကြၽန္​​ေတာ္​့​ေပါင္​တံ​ေတြနား..
လာလွဲလိုက္​သည္​့လူ...။

အိအိစိစိအသံ​ေလးထြက္​ၿပီးထပ္​အိပ္​ဖို႔​ေတာင္​းဆို​ေနသည္​..။
အသံကတိုးလြန္​းလို႔ ​ေခြး​ေပါက္​​ေလး​ေတြ ​ေအာ္​ျမည္​တာမ်ိဳး​ေလး..။
မ်က္​လံုး​ေတြက​ေတာ့ပြင္​့မလာ​ေတာ့...။

​ေပါင္​​ေပၚက laptopကို..ခ်က္​ခ်င္​း​ေဘးခ်လိုက္​ၿပီး..
​ေဘးနားရစ္​သီရစ္​သီ လာအိပ္​​ေနသည္​့ ​ေခါင္​း​ေလးကို..
​ေပါင္​​ေပၚ ​ေျပာင္​းတင္​လိုက္​သည္​..။

မွဲ႔နက္​က​ေလးအ​ေပၚ​ေရြ႔သြားတဲ့အထိျပံဳးလိုက္​တာကို..
ျမင္​ျဖစ္​​ေအာင္​ျမင္​လိုက္​ပါသည္​​ေလ..။
မ်က္​လံုး​ေတြက​ေတာ့ပြင္​့မလာ​ေတာ့..။

ပြ​ေန​ေသးသည္​့ ဆံပင္​​ေတြၾကားထဲ လက္​ထိုးထည္​့ကာအသာပြတ္​သပ္​​ေပးရင္​း..
အိပ္​စက္​ျခင္​း​ေျဖာင္​့ျဖဴးဖို႔ရန္​အတြက္​ ​ေဖးမကူညီ​ေပးလိုက္​သည္​..။

ဒါနဲ႔..​ေနပါဦး..။
အခုဒီလိုလုပ္​ရမယ္​့အခ်ိန္​မဟုတ္​ဘူးထင္​တယ္​..။

"Hyunee..ထပါဦး..Hyunee.."

"wae..wae..!?
ငါအိပ္​​ေနတာကို အဲ့​ေလာက္​​ေတာင္​ၾကည္​့မရျဖစ္​​ေနတာလား..? ဟူတ္​လား.."

"honeyကလဲ..ကိုယ္​က​ေျပာစရာ႐ွိလို႔ပါ.."

"ငါႏိုးမွ​ေျပာလို႔မရဘူးလား..?"

မ​ေန႔ညက ​ေသခ်ာထည္​့ထားခဲ့သည္​့..
ကုတင္​​ေဘးကစားပြဲခံု​ေလးရဲ႕အ​ေပၚဆံုးအံဆြဲထဲက
ပစၥည္​း​ေလးတစ္​ခု ထုတ္​ယူ​ေနတုန္​းမွာ..
ဆတ္​ခနဲ ကြၽန္​​ေတာ္​့​ေပါင္​​ေပၚကထထိုင္​ၿပီး
ရန္​႐ွာ​ေနသူရဲ႕ႏႈတ္​ခမ္​း​ေထာ္​​ေထာ္​ အ​ေရာင္​​ေလ်ာ့က်
သြားဖို႔အ​ေရးလဲ ​ေတာင္​းပန္​လႊာတင္​သြင္​းရ​ေသးသည္​..။

​ေအး​ေလ..ကြၽန္​​ေတာ္​ဆိုလဲ..အရမ္​းအိပ္​ခ်င္​​ေနတာကို..
​ေပးမအိပ္​ရင္​..ဆြဲထိုးခ်င္​တဲ့အထိကို ​ေဒါသထြက္​တတ္​တာမလား..။
မ်က္​ႏွာဆူပုတ္​ပုတ္​က
ဘယ္​​ေလာက္​ထိ​ေဒါသထြက္​​ေနမွန္​းသိသာလြန္​းသည္​..။

ထားပါ..။
ကြၽန္​​ေတာ္​့လက္​ထဲက ဟာ​ေလးကို..
သူျမင္​ၿပီးသြားတဲ့​ေနာက္​..
အိပ္​ခ်င္​စိတ္​လံုး၀​ေပ်ာက္​သြားမွာမို႔..။

"လက္​ျဖန္​႔..လက္​ဖ၀ါးဘက္​ျဖန္​႔ခိုင္​းတာမဟုတ္​ဘူး..
လက္​ခံုဘက္​ျဖန္​႔.."

"honey..ကိုယ္​​ေျပာ​ေနတယ္​​ေလ..လက္ျဖန္​႔ဆို.."

Byun Baek Hyun ပီသစြာ..
စကားနားမ​ေထာင္​လုပ္​​ေနသည္​့ လူကို..
ကိုယ္​့ဘာသာကိုယ္​..သူ႔လက္​အတင္​းဆြဲျဖန္​႔မွပဲ..
ရ​ေတာ့သည္​..။

​ေအး​ေပါ့..။
သူအိပ္​​ေနတုန္​း..အတင္​းသြားႏိႈး​​ေတာ့လဲ ခံ​ေပါ့..။
ဒါ​ေပမယ္​့ ဒီအခ်ိန္​မွာမွ ​ေပးခ်င္​မိတာကို
ဘယ္​လိုလုပ္​ရမလဲ..။

"ဒါက..?"

"လက္​ထပ္​လက္​စြပ္​​ေလ..ဘာလဲ..အ​ေရာင္​မႀကိဳက္​လို႔လား.."

"Park Chan Yeol..ငါ​ေဒါသမထြက္​ခင္​..​ေပါက္​ကရ​ေတြ​ေျပာမ​ေနပဲ..
ငါ့ကိုမင္​းအရမ္​းခ်စ္​လို႔တစ္​သက္​လံုးအတူတူ​ေနဖို္​့့
လက္​ထပ္​ခ်င္​ပါတယ္ လို႔အခု​ေျပာ..!"

တစ္​ျခားလူ​ေတြ ဘယ္​လို​ေနလဲ​ေတာ့မသိ..။

ဒီမွာ​ေတာ့ လူဆိုး​ေခါင္​း​ေဆာင္​ႏွစ္​​ေယာက္​ရဲ႕..
လက္​ထပ္​ဖို႔​ေတာင္​းဆိုခန္​းဟာ..
​ေတာ္​​ေတာ္​​ေလးမ​ေျပျပစ္​..။

မ​ေျပျပစ္​ဆို..ကြၽန္​​ေတာ္​ကိုယ္​တိုု္င္​၌ကိုက..
ဒီအ​ေျခအ​ေနမ်ိဳး လိုခ်င္​လို႔ကိုတမင္​သက္​သက္​ဖန္​တီးယူခဲ့တာမလား..။

မီး​ေလး​ေတြ​ေရာင္​စံုထြန္​းညႇိထားၿပီး..
အရည္​အ​ေသြး​ေကာင္​း​ေကာင္​း၀ိုင္​တစ္​ပုလင္​း႐ွိသည္​့
​ေနရာမွာ ႐ိုမန္​႔တစ္​ဆန္​ဆန္​​လက္​ထပ္​ခြင္​့​ေတာင္​းရတယ္​ဆိုတာသိ​ေပမယ္​့..
ဘယ္​လိုလုပ္​မလဲ..။

​​ေနာက္​က်ရင္​..ကြၽန္​​ေတာ္​သူ႔ကိုလက္​ထပ္​ခြင္​့​ေတာင္​းတဲ့
​ေန႔အ​ေၾကာင္​းစဥ္​းစားတဲ့အခါ..
အမွတ္​တရ​ေကာင္​း​ေလးတစ္​ခုကို သတိရ​ေစတဲ့စိတ္​ကူး​ေတြနဲ႔ဒီအ​ေျခအ​ေနကို​ေရြးလိုက္​ျခင္​းသာ..။

ထင္​ထားသလို..ဆူပုတ္​​ေနသည္​့မ်က္​ႏွာ​ေလး​ေၾကာင္​့
ကြၽန္​​ေတာ္​့mission ​ေအာင္​ျမင္​သြား​ေၾကာင္​း.။

"ဘယ္​သူက ကိုယ္​့ရည္​းစားအိပ္​​ေနတာကိုႏိႈးၿပီးလက္​ထပ္​ခြင္​့​ေတာင္​းလို႔လဲ...
ခ်စ္​တာမို႔လက္​ထပ္​ပါရ​​ေစ ဘာညာလဲမ​ေျပာပဲ..
လက္​ႀကီးအတင္​းျဖန္​႔ခိုင္​းၿပီးလက္​စြပ္​အတင္​းစြပ္​​ေပးရတာလဲ
အ​ေကာင္​စုတ္​ရဲ႕..!"

"အဲ့တာဆို သ​ေဘာမက်ဘူးလား..?"

"Park Chan Yeol..ငါလက္​စြပ္​ကို လႊင္​့ပစ္​လိုက္​မွာ​ေနာ္​..!"

"ဟားဟား..မလုပ္​ပါနဲ႔ဗ်ာ..ကိုယ္​က အခုမွမ​ေပးရရင္​
မ​ေနႏိုင္​​ေလာက္​ဘူးထင္​လို႔..
အိပ္​​ေနတာကိုႏိႈးလိုက္​မိတာပါ..စိတ္​မဆိုးနဲ႔​ေနာ္​..
မ်က္​ႏွာလွလွ​ေလး႐ုပ္​ဆိုး​ေနၿပီ.."

လက္​သူႂကြယ္​က..လက္​စြပ္​က​ေလးကို ၾကည္​့လိုက္​..
ပြစိပြစိ​ေျပာလိုက္​ လုပ္​​ေနတဲ့​ေကာင္​​ေလးက
ကြၽန္​​ေတာ္​အရင္​ကသိတဲ့ BaekHyun ​ေရာ
ဟုတ္​ရဲ႕လားလို႔ တအံ့တၾသၾကည္​့မိတဲ့အထိ..။

အတၱနဲ႔မာနကို ဖယ္​ခြာလိုက္​​ေတာ့..​သူ​ေတာ္​​ေတာ္​​ေလး
ႏူးညံ့လာသည္​..။

လက္​​ေခ်ာင္​းသြယ္​သြယ္​​ေလးဆယ္​​ေခ်ာင္​းလံုးကို..
ႏူးညံ့စြာဆုပ္​ကိုင္​ရင္​း..​ေခါင္​းကိုအသာ​ေမာ့ယူလိုက္​​ေတာ့
ထုတ္​မ​ေျပာ​ေပမယ္​့ ​ေပ်ာ္​ရႊင္​​ေနသည္​့မ်က္​၀န္​းလက္​လက္​​ေတြက ကြၽန္​​ေတာ္​နဲ႔အၾကည္​့ခ်င္​းဆံုလာသည္​..။

​ေစာ​ေစာကလို အိပ္​ခ်င္​မူးတူးမ်က္၀န္​း​ေတြမဟုတ္​​ေတာ့..။

"မင္​းကို အရမ္​းခ်စ္​တယ္​..တစ္​သက္​လံုးအတူ​ေနခ်င္​တာမို႔..ကိုယ္​့ကိုလက္​ထပ္​မယ္​မလား..!?"

"မ​ေမးနဲ႔.."

"ဟာ..! မ​ေမးလို႔မရဘူး​ေလ..!"

သိၿပီးသားအ​ေျဖကို ျဖစ္​ညႇစ္​​ေတာင္​းခံ​ေနတာမို႔
စိတ္​မ႐ွည္​ဘူးထင္​သည္​..။
ဘာတစ္​ခြန္​းမွ မ​ေျပာ​ေပမယ္​့..
ကြၽန္​​ေတာ္​့ကိုသူ႔ရင္​ခြင္​​ေသး​ေသး​ေလးထဲ ဆြဲဖက္​ခ်လိုက္​သည္​..။

ဘာရနံ႔မွ​ေရာယွက္​မ​ေနတဲ့ သူ႔ရဲ႕ကိုယ္​သင္​းနံ႔..။
လက္​က​ေလး​ေတြက ကြၽန္​​ေတာ္​့ခါးကိုတင္​းတင္​းၾကပ္​ၾကပ္​ဖက္​တြယ္​လာသည္​..။

"အစက..နက္​ျဖန္​..မင္​းappaဆီသြားမွ..
အဲ့မွာ​ေျပာမလို႔..ဒါ​ေပမယ္​့ဘယ္​လိုမွ မ​ေနႏိုင္​​ေတာ့တာနဲ႔..
အခု​ေျပာခ်လိုက္​တာ..
မ​ေန႔ညက ဒါ​ေလး​ေျပာဖို႔အ​ေရး..
ငါဘယ္​​ေလာက္​ရင္​ခုန္​ၿပီး..စိတ္​လႈပ္​႐ွားခဲ့လဲဆိုတာ..
မင္​းသိလား..?"

"မသိဘူး.."

"ကိုယ္​​ေျပာျပမယ္​​ေလ..သိသြား​ေအာင္​.."

"မ​ေျပာနဲ႔.."

"​ေဟာ္​..! ဒီလူဆိုး​ေကာင္​က​ေတာ့..လက္​ထပ္​မယ္​လဲ
ျပန္​မ​ေျပာပဲ..ဂ်စ္​ပဲတိုက္​​ေနတာပဲ.."

"အဲ့​ေတာ့ ..ဘာျဖစ္​လဲ..မ​ေက်နပ္​ဘူးလား..?"

တစ္​ခြန္​းမက်န္​ ျပန္​ခံ​ေျပာ​ေနတဲ့အဆိုးအဆာ​ေလး..။

အသည္​းယားလြန္​းလို႔..ခနၶာ​ေသး​ေသးကို..
အိပ္​ရာခင္​းနဲ႔ထိ​ေတြ႔​ေစလိုက္​ၿပီး..
ကိုယ္​​ေပၚမွအုပ္​မိုးခ်လိုက္​သည္​..။

အဲ့ဒီက်..ထြက္​လာတဲ့အသံ​ေသး​ေသး​ေလးက..။

"Chan Yeol..မင္​းလက္​စြပ္​​ေရာ..?"

"အာ...အံဆြဲထဲမွာ.."

"ယူလိုက္​..ငါ၀တ္​​ေပးမယ္​.."

စကၠန္​႔ပိုင္​းအခ်ိဳ႕ၾကာၿပီးခ်ိန္​တြင္​..
​ေစာ​ေစာကအံဆြဲထဲမွာ..က်န္​ရစ္​ခဲ့သည္​့လက္​စြပ္​ဘူး​ေလး
ထဲက သူနဲ႔ဆင္​တူ
ြ္​လက္​စြပ္​ျဖဴ​ေလးသည္​..
ကြၽန္​​ေတာ္​့လက္​သူႂကြယ္​မွာ လွပစြာ​ေနရာယူလာခဲ့သည္​..။

ဆင္​ယင္​​ေပးတဲ့လူက​ေတာ့ သူ႔လက္​က​ေလးကိုျဖန္​႔ၿပီး
သူ႔လက္​စြပ္​ကို ၾကည္​့လိုက္​..
ကြၽန္​​ေတာ္​့လက္​ကို ျဖန္​႔ခိုင္​းၿပီး..ကြၽန္​​ေတာ္​့လက္​စြပ္​ကို
ၾကည္​့လိုက္​..။

သူဘယ္​​ေလာက္​​ေပ်ာ္​​ေနလဲ ကိုယ္​့ကိုပါခံစား​ေစသလို..။

"ကိုယ္​့ကိုခ်စ္​လား..?"

"အြန္​း.."

ခ်စ္​ျခင္​းစကားတစ္​ခြန္​း..​ေလျပည္​ညႇင္​း​ေတြၾကားထဲက​ေန
သူ႔ႏႈတ္​ဖ်ားကလ်ွံထြက္​က်ဆင္​းလာတဲ့အခါ..
ကြၽန္​​ေတာ္​့ႏႈတ္​ခမ္​းနဲ႔တည္​့တည္​့ျဖစ္​​ေနသည္​့..
သူ႔နားထင္​​ေနရာ​ေလးကို ခပ္​ဖြဖြနမ္​း႐ိႈက္​မိလိုက္​သည္​..။

မအိပ္​ရလို႔ဆိုၿပီး ဂ်စ္​တိုက္​​ေနတာ​ေတြလဲမ႐ွိ​ေတာ့..။
အရမ္​း​ေပ်ာ္ရႊင္​​ေနတဲ့လူသား​ေလးကို
ျမတ္​ႏိုးစြာနဲ႔ ႏႈတ္​ခမ္​းပါးႏုႏု​ေလးဆီ ခ်ဥ္​းကပ္​မိလိုက္​​ေတာ့..
သူက ျပံဳးရႊင္​စြာနဲ႔ပင္​..ႀကိဳဆို​ေပးသည္​..။

ကြၽန္​​ေတာ္​့​ေပါင္​​ေပၚ တက္​ထိုင္​လာတဲ့ ကိုယ္​လံုးအိအိ​ေလးရဲ႕
အထိအ​ေတြ႔..။
လည္​ပင္​း​ေပၚသိုင္​းယွက္​လာတဲ့ လက္​က​ေလး​ေတြ..။

ျဖစ္​ႏိုင္​ရင္​..အခ်ိန္​နာရီ​ေတြကို..ဒီ​ေနရာ​ေလးမွာပဲ..
ရပ္​တန္​႔ထားလိုက္​ခ်င္​တယ္​လို႔​ေျပာရင္​..
ကြၽန္​​ေတာ္​လြန္​မယ္​မထင္​..။

သူ႔ႏႈတ္​ခမ္​းပါးလ်ပ္​လ်ပ္​​ေလးနဲ႔အထိမွာ..
ကြၽန္​​ေတာ္​အတံုးအရံုးက်႐ွံုးမိျပန္​တယ္​..။

ဒီ​ေန႔က ကြၽန္​​ေတာ္​တို႔ႏွစ္​​ေယာက္​ရဲ႕
​ေတာ္​၀င္​​ေန႔​ေလးလို႔ပဲ တင္​စားလိုက္​ရ​ေတာ့မလား...။

:::::::::::::::::::::::::::::::::::::::::::::

"appa..ChanYeollie ထပ္​လိုက္​လာတယ္​..
ဒီတစ္​ခါ​ေတာ့ အရင္​အ​ေခါက္​​ေတြကနဲ႔မတူ​ေတာ့ဘူး..
သားတို႔ခ်စ္​သူျဖစ္​​ေနၾကၿပီ..appa..
​ေနာက္​ဆံုးတစ္​​ေခါက္​လာခဲ့ၿပီး​ေတာ့..ကိစၥအမ်ားႀကီး
ျဖစ္​သြား​ေသးတယ္​.."

"ရား...! ​ေတာ္​ၿပီ လူႀကီးကိုစိတ္​မ​ေကာင္​းျဖစ္​​ေအာင္​.."

ကြၽန္​​ေတာ္​ဆိုးခဲ့သမ်ွ​ေတြ ..အတြက္​..
၀န္​ခ်​ေတာင္​းပန္​မိ​ေတာ့..
ခါးကိုအသာလာဖက္​ၿပီး ရင္​ခြင္​ထဲထည္​့ၿပီးႏွစ္​သိမ္​့​ေပးတဲ့လူ...။

ဘယ္​​ေတာ့မွ..ကြၽန္​​ေတာ္​့ကို အျပစ္​မတင္​ခဲ့..။
ကြၽန္​​ေတာ္​့ပါးစပ္​က​ေန ခ်စ္​တယ္​ဆိုတဲ့စကားတစ္​ခြန္​း
ၾကားရရံုနဲ႔အားလံုးအဆင္​​ေျပ​ေၾကာင္​းတစ္​ဖြဖြ​ေျပာတဲ့လူ...။

အတိတ္​ထဲမွာ နစ္​​ေျမာမ​ေနပဲ...
အနာဂတ္​က သာယာလြန္​းတဲ့ အခ်စ္​ခရီးလမ္​းကိုပဲ
​ေမ်ွာ္​မွန္​းတမ္​းတဖို႔​ေျပာ​ေနတဲ့လူ..။

အားနာလြန္​းလို႔ က်ခ်င္​ခ်င္​ျဖစ္​​ေနတဲ့မ်က္​ရည္​စက္​​ေတြကို..
လက္​နဲ႔အျမန္​သုတ္​လိုက္​ရသည္​..။

"ChanYeol-ah...
အဲ့ကားနဲ႔အတူတူ မ​ေပါက္​ကြဲ​ေပးတာ..
ငါတစ္​ကယ္​​ေက်းဇူးတင္​တယ္​.."

"ဟာ..! ​ေတာ္​ပါၿပီဆို..ဘာလို႔အဲ့တာ​ေတြပဲ
​ေျပာ​ေနရတာလဲ..?"

သူက ​ေမ့ဖို႔​ေျပာ​ေပမယ္​့
အျပစ္​က်ဴးလြန္​ထားတဲ့ကိုယ္​က​ေတာ့..
အရိပ္​မဲႀကီးကအ​ေနာက္​ကလိုက္​​ေနသလို..
တစ္​ကယ္​လို႔အဲ့​ေန႔ကသာ..ကြၽန္​​ေတာ္​ စိတ္​ကူးမ​ေျပာင္​းပဲ
ဒီတုိင္​းပစ္​ထားလိုက္​မယ္​ဆိုရင္​..

​ေသခ်ာတယ္​..။
အဲ့​ေန႔ကသူသာ​ေသသြားခဲ့မယ္​ဆိုရင္​..
Baek Hyun ဆိုတဲ့ကြၽန္​​ေတာ္​လဲ..ဒီ​ေန႔ဒီ​ေနရာမွာ
ရပ္​​ေနႏိုင္​မွာ မဟုတ္​ဘူးထင္​တယ္​..။

တစ္​ကယ္​​ေက်းဇူးတင္​ပါတယ္​..Chan..။

ကိုယ္​့အသက္​ဆက္​ႀကိဳးကို..ကိုယ္​ကိုယ္​တိုင္​ ႐ူးရူးမိုက္​မိုက္​နဲ႔ ျဖတ္​ခဲ့တဲ့ငါ့လိုလူကို...
အျမဲတမ္​းခ်စ္​​ေပး​ေနလို႔..။

"ဦး​ေလးByun..ကြၽန္​​ေတာ္​ChanYeollieပါ..
အားနာ​ေပမယ္​့..BaekHyuneeကို..
Park Baek Hyun ျဖစ္​​ေအာင္​..
ကြၽန္​​ေတာ္​ လုပ္​လိုက္​​ေတာ့မယ္​​ေနာ္​.."

"ရား..! ဘာစကားႀကီးလဲ.."

"​ေအာ္​..ကိုယ္​နဲ့မင္း​လက္​ထပ္​​ေတာ့မယ္​လို႔​ေျပာတာပါ.."

အုတ္​ဂူျဖဴျဖဴ​ေ႐ွ႕မွာ..ပန္​းစည္​းလွလွ​ေလးရယ္​..
ကြၽန္​​ေတာ္​နဲ႔appaရဲ႕ဓာတ္​ပံု​ေတြရယ္​အျပင္​..
ဒီ​ေန႔​ေတာ့...
ကြၽန္​​ေတာ္​နဲ႔ChanYeol တြဲ႐ိုက္​ထားတဲ့
ဓာတ္​ပံုလွလွ​ေလးတစ္​ခုပါ
​ေနရာယူ​ေနၿပီျဖစ္​သည္​..။

လြန္​ခဲ့တဲ့သံုး​ေလးရက္​​ေလာက္​က..
ဟန္​ျမစ္​​​ေဘးမွာ..
လမ္​း​ေလ်ွာက္​ထြက္​ၾကရင္​း...
ဒီတုိင္​းဘာရယ္​ညာရယ္​မဟုတ္​တြဲ႐ိုက္​ထားတဲ့ပံု..။

သူကကြၽန္​​ေတာ္​့ကိုရႊန္​းရႊန္​းစားစားၾကည္​့လို႔..။

appa ..သားမက္​က​ေလးကို
သ​ေဘာက်တယ္​ဟုတ္​...?

ငယ္​ငယ္​က အရမ္​းအငိုသန္​တဲ့သားကို...
​ေရခဲမုန္​႔​ေလး​ေတြ​ေကြၽးၿပီး ​ေခ်ာ့တတ္​လို႔​ေတာင္​..
ဒီက​ေလး​ေလး​ေတာ္​လိုက္​တာလို႔ appa ခ်ီးက်ဴးခဲ့တဲ့
ChanYeollie​ေလ...။

"wedding dress သြားယူမယ္​​ေနာ္​.."

appa ကိုႏႈတ္​ဆက္​ခဲ့ၾကၿပီးတဲ့​ေနာက္​...
အုတ္​ဂူ​ေတြကို အထပ္​လိုက္​စီတန္​းထားတာမို႔..
​ေအာက္​​ေရာက္​ဖို႔အတြက္​..
​ေလွကားထစ္​​ေတြကို နင္​းျဖတ္​​ေနတုန္​းမွာ...
အနားနား​ေလးကပ္​ၿပီး​ေျပာလာတဲ့ စကားတစ္​ခြန္​း...။

သူမ်ား​ေတြမဂၤလာ​ေဆာင္​ၾကတာကိုၾကည္​့ၿပီး..
တစ္​ခါမွ အားက်စိတ္​မျဖစ္​ဖူး​ေပမယ္​့...
ထူးဆန္​းစြာပင္​..ကိုယ္​့အလွည္​့က်မွ..
ရင္​​ေတြမတရားလိႈက္​ခုန္​ၿပီး..
​ေလွကားတစ္​ထစ္​ဆင္​းဖို႔အ​ေရး​ေတာင္​..​ေျခ​ေထာက္​
မခိုင္​​ေတာ့သလို...။

သူက​ေတာ့လွစ္​ခနဲျပံဳးၿပီး..ကြၽန္​​ေတာ္​့ပါးကို..
အသာလာနမ္​းသည္​..။
ၿပီး​ေတာ့ သူ႔လက္​​ေခ်ာင္​းတုတ္​တုတ္​႐ွည္​႐ွည္​
​ေတြနဲ႔ ကြၽန္​​ေတာ္​့လက္​ကို ယုယုယယကိုင္​တြယ္​ကာ..
​​ေလွကားထစ္​​ေတြဆင္​းဖို႔ရာအတြက္​ ဦး​ေဆာင္​လမ္​းျပ​ေပးသည္​...။

ရင္​ထဲမွာ..ပန္​းပြင္​့တစ္​ရာပြင္​့သြားၾကတဲ့ခံစားခ်က္​မ်ိဳး..။

အာ..အခ်စ္​ဆိုတာဒီလိုမ်ိဳးလားဆိုတဲ့ခံစားခ်က္​မ်ိဳး..။

ကိုယ္​မယံုၾကည္​ခဲ့တဲ့အခ်စ္​ကို..
ယံုၾကည္​သြားတယ္​ဆိုတာထက္​..
ျမတ္​ႏိုးတန္​ဖိုးထားတတ္​​ေအာင္​ သင္​​ေပးခဲ့တဲ့..
Chan Yeollie...။
သူ႔ပါးတစ္​ဖက္​မွာ...သူျပံဳးလိုက္​တိုင္​း​ေရး​ေရး​ေလး​ေပၚလာတတ္​တဲ့ ပါးၿခိဳင္​့က​ေလးက...အစ..
ုျမတ္​ႏိုးမိျပန္​တယ္​...။

:::::::::::::::::::::::::::::::::::

သူမ်ား​ေတြလို..ခမ္​းနားႀကီးက်ယ္​တဲ့ခန္​းမႀကီး​ေတြမွာ..
လက္​ထပ္​ထိမ္​းျမားျခင္​းမ်ိဳးမဟုတ္​​ေပမယ္​့...
ကြၽန္​​ေတာ္​ သ​ေဘာက်သည္​..။

ကိုယ္​ခင္​ရာမင္​ရာ..မိတ္​​ေဆြတစ္​ခ်ိဳ႕နဲ႔..
Church ​ေက်ာင္​း​ေလးမွာပဲ..
အက်ဥ္​းခ်ံဳးက်င္​းပတဲ့မဂၤလာပြဲ​ေလးဆို​ေပမယ္​့
ကြၽန္​​ေတာ္​ျမတ္​ႏိုးသည္​..။

TVထဲမွာပဲျဖစ္​​ေစ..ကိုယ္​့မိတ္​​ေဆြ​ေတြမဂၤလာပြဲမွာပဲျဖစ္​​ေစ
အ​ေ႐ွ႕မွာ​ေစာင္​့ဆိုင္​း​ေနတဲ့သတို႔သား​ေလာင္​း႐ွိရာ...
ဖခင္​ျဖစ္​သူရဲ႕လက္​ကိုျမဲျမဲတြဲၿပီးတစ္​လွမ္​းခ်င္​းစီ
​ေလ်ွာက္​လွမ္​းလာၾကတဲ့သတို႔သမီး႐ဲ႕မ်က္​ႏွာထက္​မွာ
​ေပ်ာ္​ရႊင္​ျခင္​း
စိတ္​လႈပ္​႐ွားျခင္​း..
ရင္​ခုန္​လိႈက္​​ေမာျခင္​း..စသျဖင္​့ကို..
ခဏခဏ​ေတြ႔ဖူးၿပီး..ခဏခဏ​ေလွာင္​ရယ္​မိခဲ့တာ​ေတြက..
အခုမွ ၀ဋ္​လည္​​ေနသလို...။

Church ထဲကို ၀င္​လိုက္​တာနဲ႔...
Father​ေဘးမွာ..အသင္​့​ေစာင္​့ဆိုင္​း​ေနသည္​့
ChanYeolကို ျမင္​လိုက္​တာနဲ႔..
ႏွလံုးအိမ္​​ေပါက္​ကြဲမထြက္​ ရင္​ခုန္​ရလြန္​းသည္​..။

ဒီလူကို ငါပိုင္​ရ​ေတာ့မွာပါလား...
ဒီလူက..ငါ့ကို အရမ္​းခ်စ္​တဲ့လူ..ငါကလဲ အရမ္​းခ်စ္​တဲ့လူ..
ဒီလိုလူမ်ိဳးကို ပိုင္​ဆိုင္​ခြင္​့ရတာ
ငါအရမ္​း​ကံ​ေကာင္​းတာပါလား..စသျဖင္​့
အ​ေတြးမ်ိဳးစံု၀င္​မိသည္​..။

ကြၽန္​​ေတာ္​နဲ႔ဆင္​တူ အျဖဴ​​ေရာင္​၀တ္​စံုကို..
ဆင္​ျမန္​းထားသည္​့သူ႔ပံုစံက..
​ေခ်ာ​ေမာလြန္​းတာထက္​ ပိုတယ္​လို႔ ​ေျပာရမလို...
ခန္​႔ညားလြန္​း​ေနသည္​..။

​ေယာက်္​ားပီသလြန္​းတယ္​...
ျပည္​့စံုလြန္​းတယ္​ဆိုတဲ့စကားရပ္​​ေတြကသူ႔အတြက္​
သီးသန္​႔လိုမ်ိဳး..။

ဆံပင္​အားလံုးလွန္​တင္​ထားၿပီး..
ကြၽန္​​ေတာ္​သိပ္​ခ်စ္​ရတဲ့ပါးၿခိဳင္​့က​ေလး​ေပၚ​ေအာင္​..
ျပံဳးျပ​ေနတာကိုက..
ကြၽန္​​ေတာ္​့အတြက္​ဆုလာဘ္​တစ္​ခုလိုပင္​..။

"Se Hun-ah..ငါရင္​​ေတြခုန္​လိုက္​တာကြာ.."

"အံမယ္​..တစ္​မိုး​ေအာက္​တစ္​​ေယာက္​..
Byun BaekHyunက ဘယ္​လို​ေတာင္​ျဖစ္​တာလဲ..?"

"tsk..! Byun Baek Hyun မဟုတ္​​ေတာ့ဘူး..
Park Baek Hyun လို႔​ေျပာင္​း​ေခၚ.."

"ဟုတ္​ပါၿပီတဲ့ဗ်ာ.."

SeHun လက္​ကိုတင္​းတင္​းဆုပ္​ကိုင္​ၿပီး..
သူ႔ဆီကို တစ္​လွမ္​းခ်င္​း​ေလ်ွာက္​လွမ္​း​ေနတဲ့အခ်ိန္​...

လူပရိသတ္​​ေတြအလယ္​...အရမ္​းကိုရင္​​ေတြခုန္​ရလြန္​းလို႔..
ညီငယ္​​ေလးဆီခံစားရသမ်ွ ရင္​ဖြင္​့ျပလိုက္​မိသည္​..။

appa ​ေနရာမွာ..SeHunကို အစားထိုးထားတာမို႔..
SeHun က ကြၽန္​​ေတာ္​့ကိုသူ႔ဆီလႊဲ​ေျပာင္​း​ေပးရမယ္​့
တာ၀န္​ယူထားရျခင္​းျဖစ္​သည္​..။

"hyungကို..လႊဲ​ေပးလိုက္​ၿပီ​ေနာ္​...
ကြၽန္​​ေတာ္​့hyungကိုငို​ေအာင္​လုပ္​ရင္​..
Chan Yeol hyungကို ဒီတိုင္​းမထားဘူး..
သ​ေဘာ​ေပါက္​.."

"ငါကပဲသူ႔ကိုငို​ေအာင္​လုပ္​တာပါကြာ.."

"ကဲပါ..SeHunee ..​ေက်းဇူးတင္​တယ္​​ေနာ္​..
​ေနရာမွာသြားထုိင္​လို႔ရၿပီ.."

ကြၽန္​​ေတာ္​့လက္​က​ေလးတစ္​ဖက္​..SeHunee
လက္​ထဲက​ေန သူ႔လက္​ထဲ ကူး​ေျပာင္​းခ်ိန္​တြင္​လဲ..

​ေပ်ာ္​ရႊင္​ျခင္​း..၀မ္​းနည္​းျခင္​း ခံစားခ်က္​​ေတြ
​ေရာႁပြန္​းလာခဲ့ျပန္​သည္​..။

သို႔​ေပမယ္​့ သူ႔မ်က္​ႏွာထက္​ကအျပံဳးတစ္​ပြင္​့ကို
​ေငး​ေမာရင္​းပဲ..
အတိတ္​ကျဖစ္​ပ်က္​ခဲ့သမ်ွ​ေတြအားလံုးကို..
ဒီ​ေနရာမွာပဲ အားလံုး​ေမ့ပစ္​လိုက္​​ေတာ့မယ္​ဆိုတဲ့အ​ေတြး​ေတြနဲ႔...။

အဲ့​ေနာက္​မွာ​ေတာ့..father ​ေ႐ွ႕​ေမွာက္​မွာ..
ကြၽန္​​ေတာ္​တို႔ႏွစ္​​ေယာက္​ကတိက၀တ္​ျပဳခဲ့ၾကသည္​..။

"ကြၽန္​​ေတာ္​..Byun Baek Hyunကို..
အသက္​ထက္​ဆံုးခ်စ္​ခင္​သြားပါမည္​.."

"ကြၽန္​​ေတာ္​လဲ..Park Chan Yeolကို..
အသက္​ထက္​ဆံုးခ်စ္​ခင္​သြားပါမည္​.."

ကြၽန္​​ေတာ္​တို႔ႏွစ္​​ေယာက္​ရဲ႕​ေပါင္​းစည္​းခန္​းကို..
Father ဆီမွာ တင္​ျပလိုက္​ၿပီးတဲ့​ေနာက္​...

လက္​ထပ္​ျခင္​းအရာ​ေျမာက္​ဖို႔ရာအတြက္​..
ကတိလုပ္​တဲ့အ​ေနနဲ႔..
သူ႔ႏႈတ္​ခမ္​းဖူးဖူး​ေတြကြၽန္​​ေတာ္​့ႏႈတ္​ခမ္​း႐ွိရာ
ခ်ဥ္​းကပ္​လာခဲ့တဲ့အခါ..။

အႀကိမ္​ႀကိမ္​အခါခါထိ​ေတြ႔ဖူး​ေပမယ္​့ ဒီတစ္​​ေခါက္​က
​ရင္​ခုန္​တယ္​ဆိုတာထက္​ကို ပိုသည္​..။

​ေနာက္​ဆံုးထြက္​သက္​အထိ သူနဲ႔ အတူတူ႐ွိသြားရမယ္​့
အ​ေၾကာင္​း​ေတြ​ေတြးမိလိုက္​တဲ့အခါ...
ကြၽန္​​ေတာ္​့႐ဲ႕ျဖစ္​တည္​မႈကအဖိုးထိုက္​တန္​သြားသလိုမ်္ိုုး...။

ႏႈတ္​ခမ္​း​ေပၚ​ေရာက္​လာတဲ့​ေႏြး​ေႏြး​ေထြး​ေထြးအထိအ​ေတြ႔က
ဘယ္​​ေတာ့မွ လက္မလႊတ္​ခ်င္​​ေလာက္​တဲ့အထိ
ျမတ္​ႏိုးဖို႔​ေကာင္​းတာမ်ိဳး...။

အရင္​တုန္​းကသူ႔ကိုျငင္​းပယ္​ခဲ့မိတာ​ေတြက..
ကြၽန္​​ေတာ္​႐ူး​ေနခဲ့လို႔ပဲဆိုတာ..​ေကာင္​း​ေကာင္​းႀကီးသိလိုက္​ရသည္​..။

"အိမ္​မက္​လိုပဲ..BaekHyunee..
မင္​းကို လက္​ထပ္​ခြင္​့ရတယ္​ဆိုတာ.."

"wae..မငိုနဲ႔​ေလ...
ငါအခု​ေဘးမွာ ႐ွိ​ေနၿပီ​ေနာ္​..အဲ့တာ​ေၾကာင္​့မို႔...
ဘာမွ​ေတြးမပူနဲ႔​ေတာ့​ေနာ္​.."

ကြၽန္​​ေတာ္​လုပ္​ခဲ့တာ​ေတြက..
ကြၽန္​​ေတာ္​့ကိုယ္​ကြၽန္​​ေတာ္​​ေတာင္​ ဘယ္​လိုမွခြင္​့လႊတ္​​ေပး
ႏိုင္​စရာအ​ေၾကာင္​းမ႐ွိတာ​ေတြမို႔..
ခံစားခဲ့ရတဲ့သူဆိုရင္​ ဘယ္​​ေလာက္​​ေတာင္​မွ..
နာက်င္​ခဲ့ရ႐ွာမလဲ..။

အိမ္​မက္​မက္​​ေနတာ ဆိုတဲ့စကားတစ္​ခြန္​းကို
ထပ္​တလဲလဲရြတ္​​ေန႐ွာတဲ့သူ..။
ပါးျပင္​ျဖဴျဖဳထက္​က မ်က္​ရည္​စီး​ေၾကာင္​း​ေတြကို
ခပ္​ဖြဖြသုတ္​​ေပးလိုက္​​ေတာ့...

မဂၤလာပြဲလာ..ပရိသတ္​​ေတြဆီက​ေန..
လက္​ခုပ္​သံ​ေလးထြက္​က်လာခဲ့သည္​..။

အ​ေ႐ွ႕ဆံုးမွာထိုင္​​ေနတဲ့သူ႔​ေမ​ေမနဲ႔ SeHunee ကလဲ
ျပံဳးလို႔..။

"မင္​းထပ္​ငို​ေနမယ္​ဆိုရင္​..လက္​စြပ္​ကို ခြၽတ္​ၿပီး..
လႊင္​့ပစ္​လိုက္​မွာ​ေနာ္​.."

"​သိၿပီ..မငို​ေတာ့ဘူး..!"

"ခ်စ္​ဖို႔​ေကာင္​းတယ္​.."

​ေယာက်္​ား​ေလးႏွစ္​​ေယာက္​ျဖစ္​တဲ့အျပင္​..
ကြၽန္​​ေတာ္​ကBaek Hyun ျဖစ္​​ေနတာမို႔..
နည္​းနည္​း​ေလး​ေတာင္​အႏုအရြစကားလံုး​ေတြမပါ​ေပမယ္​့လဲ..

ကြၽန္​​ေတာ္​သူ႔ကို​ေပ်ာ္​​ရႊင္​​ေအာင္​ထားႏိုင္​သည္​..။

ုၿခိမ္​း​ေျခာက္​စကားတစ္​ခြန္​း​ေနာက္​မွာ..တစ္​ကယ္​လုပ္​မွာ
မဟုတ္​မွန္​းသိ​ေပမယ္​့ မ်က္​ရည္​​ေတြကိုလက္​နဲ႔ပြတ္​သုတ္​ၿပီးအျပံဳးႂကီးႀကီးျပံဳးျပလာတဲ့သူ႔ကို
ခ်စ္​လြန္​းလို႔ ပါးျပင္​ျဖဴျဖဴကို အနမ္​း​ေႁခြခ်မိလိုက္​သည္​..။

SeHunဆီက​ေန ဒီ​ေန႔နမ္​းလို႔ၿပီးၾကဦးမွာလားဆိုတဲ့
အသံထြက္​လာ​ေပမယ္​့ ဂ႐ုမစိုက္​..။

လက္​ခုပ္​သံ​ေတြၾကားထဲမွာပဲ..
ကြၽန္​​ေတာ္​တို႔ႏွစ္​​ေယာက္​ရဲ႕​ေတာ္​၀င္​​ေန႔က​ေလးကို
​ေ႐ွ႕ဆက္​ျဖစ္​လိုက္​ၾကသည္​..။

အသက္​ဆယ္​ႏွစ္​အရြယ္​ထဲက ကြၽန္​​ေတာ္​တို႔
ခ်စ္​ခဲ့ၾကတယ္​..။

အခုအသက္​၂၉ ႏွစ္​မွာ..လူအမ်ား​​ေ႐ွ႕လက္​ထပ္​ခဲ့ၾကတယ္​..။

ဒီအ​ေတာအတြင္​းကိစၥ​ေတြအမ်ားႀကီး​ေက်ာ္​ျဖတ္​ခဲ့ရ​ေပမယ္​့
သူကြၽန္​​ေတာ္​့အ​ေပၚ..တစ္​စက္​က​ေလးမွ​ေတာင္​
အခ်စ္​မ​ေလ်ာ့ခဲ့သလို..
ကြၽန္​​ေတာ္​့ဘက္​ကလဲ..သူ႔ကိုခ်စ္​တဲ့စိတ္​​ေတြကို..
ဘယ္​​ေတာ့မွ မ​ေျပာင္​းလဲႏိုင္​ခဲ့..။

မိဘ​ေတြဆက္​ဆံ​ေရးအဆင္​မ​ေျပတာ​ေၾကာင္​့နဲ႔
စိတ္​ဓာတ္​​ေတြခက္​ထန္​ခဲ့တဲ့ကြၽန္​​ေတာ္​..။
ကိုယ္​့ဘ၀ထဲမွာ..ဒီလိုၾကည္​ႏူးဖို႔​ေကာင္​းတဲ့ကိစၥမ်ိဳး
႐ွိမလာ​ေလာက္​ဘူးလို႔ထင္​ခဲ့​ေပမယ္​့..

အခ်စ္​ဆိုတာ..ခ်စ္​တတ္​ရင္​..
အရမ္​းကိုအဖိုးထိုက္​တန္​​ေၾကာင္​းသင္​ျပ​ေပးခဲ့သည္​့သူ...။

မင္​းဘ၀ထဲ ယံုယံုၾကည္​ၾကည္​ဆြဲသြင္​း​ေပးခဲ့တဲ့အတြက္​..
​ေက်းဇူးတင္​တယ္​..။

ၿပီး​ေတာ့ခ်စ္​တယ္​..Chan Yeol..။

TBC ###

Unicode

Zawgyi

Laptop တစ်လုံးနဲ့ အလုပ်ကိစ္စတွေတော်တော်လေး
ရှုပ်နေပေမယ့် ခါတိုင်းလို..အလုပ်စားပွဲမှာ
သွားလုပ်နေဖို့စိတ်မဝင်စားအား...။

ကုတင်ကျယ်ကြီးရဲ့တစ်ဖက်ခြမ်းမှာ ငြိမ်းချမ်းစွာ
အိပ်မောကျနေသည့် သူ့ဘေးနားလေးမှာ..
ငြိမ်ငြိမ်သက်သက်လေးထိုင်ရင်းနဲ့ပဲ..
Laptop အသုံးပြုနေမိသည်...။

အခန်းထဲမှာ..အသက်ရှူသံမှန်မှန်လေးရယ်..
computer ခလုတ်နှိပ်သံ တစ်တောက်တောက်ရယ်ကလွဲ အားလုံးတိတ်ဆိတ်လို့...။

ဒီအခြေအနေက အိမ်မက်လား..တစ်ကယ်လား
မသဲကွဲလို့..တစ်ခါတစ်ခါကိုယ့်လက်ကိုယ်ဆွဲဆိတ်ကြည့်ပြီး..ရယ်ရတာလဲအမော..။

တစ်လကျော်ကြာလာပြီ ဖြစ်ပေမယ့်လို့..
BaekHyunee ကိုကျွန်တော့်ချစ်သူအဖြစ်ခေါ်ထားနိုင်တာ
အခုထိယုံတစ်ဝက်မယုံတစ်ဝက်နဲ့..။
ဒါပေမယ့် ..ဒါတွေကလက်တွေ့ဘဝဆိုတာ..
ပျော်ရွှင်စွာ..ဝမ်းမြောက်စွာနဲ့ပဲ...
လက်ခံရင်း...
နောက်ထပ်တစ်ကြိမ်ရယ်မောမိပြန်ပါသည်..။

"ရောက်နေပြီလား.."

"အင်း..လေးနာရီလောက်ကတည်းကရောက်နေတာ.."

"အခုဘယ်နနာရီရှိပြီလဲ.."

"၇နာရီဆယ်မိနစ်.."

"အာ...ငါတော်တော်အိပ်ပျော်သွားတာပဲ.."

"ဘယ်ကောင်မလေးကို အိပ်မက်မက်နေလဲမှမသိတာ..
အိပ်နေတာမှသိုးနေတာပဲ.."

မနက်ကမှတရုတ်ဘက်ကနေ ပြန်ရောက်လာတာမို့..
ပင်ပန်းပြီးအိပ်နေတာသိပေမယ့်..
သုံးနာရီလောက်..သူများကို
တစ်ယောက်တည်းပစ်ထားပြီး အိပ်နေတာမို့..
ဒီတိုင်း နည်းနည်းငြူစူပြလိုက်တော့..
ဆဲဆိုသံတိုးတိုးလေးထွက်လာသည်..။

အသံထွက်ရယ်မိတော့..မျက်စောင်းတစ်စင်းပါ
လက်ဆောင်ရလိုက်သည်..။

ပွယောင်းယောင်းဖြစ်နေသည့် ဆံပင်ဖရိုဖရဲတွေကို
လက်နဲ့သပ်ချပြီး..
ပါးစပ်ဟောင်းလောင်းဖြစ်သွားတဲ့အထိသန်းဝေနေသည့်ပုံက..တစ်စက်မှ ကြည့်မကောင်းပေမယ့်..
ကျွန်တော့်မျက်လုံးထဲမှာတော့ ဘာကိစ္စ
ချစ်ဖို့ကောင်းနေသလဲမပြောတတ်..။

သူများတွေဆို ရည်းစားဘေးမှာရှိရင်..
ချစ်ဖို့ကောင်းအောင်ဘယ်လိုနေရမလဲပဲ တွေးနေကြတာ..
သူ့ကျမှပဲ..မျက်ဝတ်တွေနှိုက်လိုနှိုက်..
တစ်ဝါးဝါးသန်းလိုသန်းနဲ့..။
အေးလေ..တစ်ခြားလူမှ မဟုတ်တာ..
Byun Baek Hyun ပဲဟာ..။

ထားပါတော့..။

"ဟာ..! ပြန်မအိပ်နဲ့တော့လေ...
ရေသွားချိုး..!"

"ခဏ..နာရီဝက်ထဲ..."

"ရေချိုးပြီးထမင်းစားပြီးမှပြန်အိပ်ဆို.."

"နာရီဝက်ထဲပေးအိပ်ဆို.."

ကျွန်တော့်ကိုနောက်ကျောပေးပြီးပြန်အိပ်ဖို့
ပြင်နေရာကနေ..
ခေါင်းအုံးတွေကို
မှီထိုင်နေတဲ့ကျွန်တော့်ဘေးနားဆတ်ခနဲ
နေရာပြောင်းလာပြီး..
ဒီတိုင်း..ကျွန်တော့်ပေါင်တံတွေနား..
လာလှဲလိုက်သည့်လူ...။

အိအိစိစိအသံလေးထွက်ပြီးထပ်အိပ်ဖို့တောင်းဆိုနေသည်..။
အသံကတိုးလွန်းလို့ ခွေးပေါက်လေးတွေ အော်မြည်တာမျိုးလေး..။
မျက်လုံးတွေကတော့ပွင့်မလာတော့...။

ပေါင်ပေါ်က laptopကို..ချက်ချင်းဘေးချလိုက်ပြီး..
ဘေးနားရစ်သီရစ်သီ လာအိပ်နေသည့် ခေါင်းလေးကို..
ပေါင်ပေါ် ပြောင်းတင်လိုက်သည်..။

မှဲ့နက်ကလေးအပေါ်ရွေ့သွားတဲ့အထိပြုံးလိုက်တာကို..
မြင်ဖြစ်အောင်မြင်လိုက်ပါသည်လေ..။
မျက်လုံးတွေကတော့ပွင့်မလာတော့..။

ပွနေသေးသည့် ဆံပင်တွေကြားထဲ လက်ထိုးထည့်ကာအသာပွတ်သပ်ပေးရင်း..
အိပ်စက်ခြင်းဖြောင့်ဖြူးဖို့ရန်အတွက် ဖေးမကူညီပေးလိုက်သည်..။

ဒါနဲ့..နေပါဦး..။
အခုဒီလိုလုပ်ရမယ့်အချိန်မဟုတ်ဘူးထင်တယ်..။

"Hyunee..ထပါဦး..Hyunee.."

"wae..wae..!?
ငါအိပ်နေတာကို အဲ့လောက်တောင်ကြည့်မရဖြစ်နေတာလား..? ဟူတ်လား.."

"honeyကလဲ..ကိုယ်ကပြောစရာရှိလို့ပါ.."

"ငါနိုးမှပြောလို့မရဘူးလား..?"

မနေ့ညက သေချာထည့်ထားခဲ့သည့်..
ကုတင်ဘေးကစားပွဲခုံလေးရဲ့အပေါ်ဆုံးအံဆွဲထဲက
ပစ္စည်းလေးတစ်ခု ထုတ်ယူနေတုန်းမှာ..
ဆတ်ခနဲ ကျွန်တော့်ပေါင်ပေါ်ကထထိုင်ပြီး
ရန်ရှာနေသူရဲ့နှုတ်ခမ်းထော်ထော် အရောင်လျော့ကျ
သွားဖို့အရေးလဲ တောင်းပန်လွှာတင်သွင်းရသေးသည်..။

အေးလေ..ကျွန်တော်ဆိုလဲ..အရမ်းအိပ်ချင်နေတာကို..
ပေးမအိပ်ရင်..ဆွဲထိုးချင်တဲ့အထိကို ဒေါသထွက်တတ်တာမလား..။
မျက်နှာဆူပုတ်ပုတ်က
ဘယ်လောက်ထိဒေါသထွက်နေမှန်းသိသာလွန်းသည်..။

ထားပါ..။
ကျွန်တော့်လက်ထဲက ဟာလေးကို..
သူမြင်ပြီးသွားတဲ့နောက်..
အိပ်ချင်စိတ်လုံးဝပျောက်သွားမှာမို့..။

"လက်ဖြန့်..လက်ဖဝါးဘက်ဖြန့်ခိုင်းတာမဟုတ်ဘူး..
လက်ခုံဘက်ဖြန့်.."

"honey..ကိုယ်ပြောနေတယ်လေ..လက်ဖြန့်ဆို.."

Byun Baek Hyun ပီသစွာ..
စကားနားမထောင်လုပ်နေသည့် လူကို..
ကိုယ့်ဘာသာကိုယ်..သူ့လက်အတင်းဆွဲဖြန့်မှပဲ..
ရတော့သည်..။

အေးပေါ့..။
သူအိပ်နေတုန်း..အတင်းသွားနှိုးတော့လဲ ခံပေါ့..။
ဒါပေမယ့် ဒီအချိန်မှာမှ ပေးချင်မိတာကို
ဘယ်လိုလုပ်ရမလဲ..။

"ဒါက..?"

"လက်ထပ်လက်စွပ်လေ..ဘာလဲ..အရောင်မကြိုက်လို့လား.."

"Park Chan Yeol..ငါဒေါသမထွက်ခင်..ပေါက်ကရတွေပြောမနေပဲ..
ငါ့ကိုမင်းအရမ်းချစ်လို့တစ်သက်လုံးအတူတူနေဖို့့်
လက်ထပ်ချင်ပါတယ် လို့အခုပြော..!"

တစ်ခြားလူတွေ ဘယ်လိုနေလဲတော့မသိ..။

ဒီမှာတော့ လူဆိုးခေါင်းဆောင်နှစ်ယောက်ရဲ့..
လက်ထပ်ဖို့တောင်းဆိုခန်းဟာ..
တော်တော်လေးမပြေပြစ်..။

မပြေပြစ်ဆို..ကျွန်တော်ကိုယ်တိုု်င်၌ကိုက..
ဒီအခြေအနေမျိုး လိုချင်လို့ကိုတမင်သက်သက်ဖန်တီးယူခဲ့တာမလား..။

မီးလေးတွေရောင်စုံထွန်းညှိထားပြီး..
အရည်အသွေးကောင်းကောင်းဝိုင်တစ်ပုလင်းရှိသည့်
နေရာမှာ ရိုမန့်တစ်ဆန်ဆန်လက်ထပ်ခွင့်တောင်းရတယ်ဆိုတာသိပေမယ့်..
ဘယ်လိုလုပ်မလဲ..။

နောက်ကျရင်..ကျွန်တော်သူ့ကိုလက်ထပ်ခွင့်တောင်းတဲ့
နေ့အကြောင်းစဉ်းစားတဲ့အခါ..
အမှတ်တရကောင်းလေးတစ်ခုကို သတိရစေတဲ့စိတ်ကူးတွေနဲ့ဒီအခြေအနေကိုရွေးလိုက်ခြင်းသာ..။

ထင်ထားသလို..ဆူပုတ်နေသည့်မျက်နှာလေးကြောင့်
ကျွန်တော့်mission အောင်မြင်သွားကြောင်း.။

"ဘယ်သူက ကိုယ့်ရည်းစားအိပ်နေတာကိုနှိုးပြီးလက်ထပ်ခွင့်တောင်းလို့လဲ...
ချစ်တာမို့လက်ထပ်ပါရစေ ဘာညာလဲမပြောပဲ..
လက်ကြီးအတင်းဖြန့်ခိုင်းပြီးလက်စွပ်အတင်းစွပ်ပေးရတာလဲ
အကောင်စုတ်ရဲ့..!"

"အဲ့တာဆို သဘောမကျဘူးလား..?"

"Park Chan Yeol..ငါလက်စွပ်ကို လွှင့်ပစ်လိုက်မှာနော်..!"

"ဟားဟား..မလုပ်ပါနဲ့ဗျာ..ကိုယ်က အခုမှမပေးရရင်
မနေနိုင်လောက်ဘူးထင်လို့..
အိပ်နေတာကိုနှိုးလိုက်မိတာပါ..စိတ်မဆိုးနဲ့နော်..
မျက်နှာလှလှလေးရုပ်ဆိုးနေပြီ.."

လက်သူကြွယ်က..လက်စွပ်ကလေးကို ကြည့်လိုက်..
ပွစိပွစိပြောလိုက် လုပ်နေတဲ့ကောင်လေးက
ကျွန်တော်အရင်ကသိတဲ့ BaekHyun ရော
ဟုတ်ရဲ့လားလို့ တအံ့တသြကြည့်မိတဲ့အထိ..။

အတ္တနဲ့မာနကို ဖယ်ခွာလိုက်တော့..သူတော်တော်လေး
နူးညံ့လာသည်..။

လက်ချောင်းသွယ်သွယ်လေးဆယ်ချောင်းလုံးကို..
နူးညံ့စွာဆုပ်ကိုင်ရင်း..ခေါင်းကိုအသာမော့ယူလိုက်တော့
ထုတ်မပြောပေမယ့် ပျော်ရွှင်နေသည့်မျက်ဝန်းလက်လက်တွေက ကျွန်တော်နဲ့အကြည့်ချင်းဆုံလာသည်..။

စောစောကလို အိပ်ချင်မူးတူးမျက်ဝန်းတွေမဟုတ်တော့..။

"မင်းကို အရမ်းချစ်တယ်..တစ်သက်လုံးအတူနေချင်တာမို့..ကိုယ့်ကိုလက်ထပ်မယ်မလား..!?"

"မမေးနဲ့.."

"ဟာ..! မမေးလို့မရဘူးလေ..!"

သိပြီးသားအဖြေကို ဖြစ်ညှစ်တောင်းခံနေတာမို့
စိတ်မရှည်ဘူးထင်သည်..။
ဘာတစ်ခွန်းမှ မပြောပေမယ့်..
ကျွန်တော့်ကိုသူ့ရင်ခွင်သေးသေးလေးထဲ ဆွဲဖက်ချလိုက်သည်..။

ဘာရနံ့မှရောယှက်မနေတဲ့ သူ့ရဲ့ကိုယ်သင်းနံ့..။
လက်ကလေးတွေက ကျွန်တော့်ခါးကိုတင်းတင်းကြပ်ကြပ်ဖက်တွယ်လာသည်..။

"အစက..နက်ဖြန်..မင်းappaဆီသွားမှ..
အဲ့မှာပြောမလို့..ဒါပေမယ့်ဘယ်လိုမှ မနေနိုင်တော့တာနဲ့..
အခုပြောချလိုက်တာ..
မနေ့ညက ဒါလေးပြောဖို့အရေး..
ငါဘယ်လောက်ရင်ခုန်ပြီး..စိတ်လှုပ်ရှားခဲ့လဲဆိုတာ..
မင်းသိလား..?"

"မသိဘူး.."

"ကိုယ်ပြောပြမယ်လေ..သိသွားအောင်.."

"မပြောနဲ့.."

"ဟော်..! ဒီလူဆိုးကောင်ကတော့..လက်ထပ်မယ်လဲ
ပြန်မပြောပဲ..ဂျစ်ပဲတိုက်နေတာပဲ.."

"အဲ့တော့ ..ဘာဖြစ်လဲ..မကျေနပ်ဘူးလား..?"

တစ်ခွန်းမကျန် ပြန်ခံပြောနေတဲ့အဆိုးအဆာလေး..။

အသည်းယားလွန်းလို့..ခန္ဓာသေးသေးကို..
အိပ်ရာခင်းနဲ့ထိတွေ့စေလိုက်ပြီး..
ကိုယ်ပေါ်မှအုပ်မိုးချလိုက်သည်..။

အဲ့ဒီကျ..ထွက်လာတဲ့အသံသေးသေးလေးက..။

"Chan Yeol..မင်းလက်စွပ်ရော..?"

"အာ...အံဆွဲထဲမှာ.."

"ယူလိုက်..ငါဝတ်ပေးမယ်.."

စက္ကန့်ပိုင်းအချို့ကြာပြီးချိန်တွင်..
စောစောကအံဆွဲထဲမှာ..ကျန်ရစ်ခဲ့သည့်လက်စွပ်ဘူးလေး
ထဲက သူနဲ့ဆင်တူ
ွ်လက်စွပ်ဖြူလေးသည်..
ကျွန်တော့်လက်သူကြွယ်မှာ လှပစွာနေရာယူလာခဲ့သည်..။

ဆင်ယင်ပေးတဲ့လူကတော့ သူ့လက်ကလေးကိုဖြန့်ပြီး
သူ့လက်စွပ်ကို ကြည့်လိုက်..
ကျွန်တော့်လက်ကို ဖြန့်ခိုင်းပြီး..ကျွန်တော့်လက်စွပ်ကို
ကြည့်လိုက်..။

သူဘယ်လောက်ပျော်နေလဲ ကိုယ့်ကိုပါခံစားစေသလို..။

"ကိုယ့်ကိုချစ်လား..?"

"အွန်း.."

ချစ်ခြင်းစကားတစ်ခွန်း..လေပြည်ညှင်းတွေကြားထဲကနေ
သူ့နှုတ်ဖျားကလျှံထွက်ကျဆင်းလာတဲ့အခါ..
ကျွန်တော့်နှုတ်ခမ်းနဲ့တည့်တည့်ဖြစ်နေသည့်..
သူ့နားထင်နေရာလေးကို ခပ်ဖွဖွနမ်းရှိုက်မိလိုက်သည်..။

မအိပ်ရလို့ဆိုပြီး ဂျစ်တိုက်နေတာတွေလဲမရှိတော့..။
အရမ်းပျော်ရွှင်နေတဲ့လူသားလေးကို
မြတ်နိုးစွာနဲ့ နှုတ်ခမ်းပါးနုနုလေးဆီ ချဉ်းကပ်မိလိုက်တော့..
သူက ပြုံးရွှင်စွာနဲ့ပင်..ကြိုဆိုပေးသည်..။

ကျွန်တော့်ပေါင်ပေါ် တက်ထိုင်လာတဲ့ ကိုယ်လုံးအိအိလေးရဲ့
အထိအတွေ့..။
လည်ပင်းပေါ်သိုင်းယှက်လာတဲ့ လက်ကလေးတွေ..။

ဖြစ်နိုင်ရင်..အချိန်နာရီတွေကို..ဒီနေရာလေးမှာပဲ..
ရပ်တန့်ထားလိုက်ချင်တယ်လို့ပြောရင်..
ကျွန်တော်လွန်မယ်မထင်..။

သူ့နှုတ်ခမ်းပါးလျပ်လျပ်လေးနဲ့အထိမှာ..
ကျွန်တော်အတုံးအရုံးကျရှုံးမိပြန်တယ်..။

ဒီနေ့က ကျွန်တော်တို့နှစ်ယောက်ရဲ့
တော်ဝင်နေ့လေးလို့ပဲ တင်စားလိုက်ရတော့မလား...။

:::::::::::::::::::::::::::::::::::::::::::::

"appa..ChanYeollie ထပ်လိုက်လာတယ်..
ဒီတစ်ခါတော့ အရင်အခေါက်တွေကနဲ့မတူတော့ဘူး..
သားတို့ချစ်သူဖြစ်နေကြပြီ..appa..
နောက်ဆုံးတစ်ခေါက်လာခဲ့ပြီးတော့..ကိစ္စအများကြီး
ဖြစ်သွားသေးတယ်.."

"ရား...! တော်ပြီ လူကြီးကိုစိတ်မကောင်းဖြစ်အောင်.."

ကျွန်တော်ဆိုးခဲ့သမျှတွေ ..အတွက်..
ဝန်ချတောင်းပန်မိတော့..
ခါးကိုအသာလာဖက်ပြီး ရင်ခွင်ထဲထည့်ပြီးနှစ်သိမ့်ပေးတဲ့လူ...။

ဘယ်တော့မှ..ကျွန်တော့်ကို အပြစ်မတင်ခဲ့..။
ကျွန်တော့်ပါးစပ်ကနေ ချစ်တယ်ဆိုတဲ့စကားတစ်ခွန်း
ကြားရရုံနဲ့အားလုံးအဆင်ပြေကြောင်းတစ်ဖွဖွပြောတဲ့လူ...။

အတိတ်ထဲမှာ နစ်မြောမနေပဲ...
အနာဂတ်က သာယာလွန်းတဲ့ အချစ်ခရီးလမ်းကိုပဲ
မျှော်မှန်းတမ်းတဖို့ပြောနေတဲ့လူ..။

အားနာလွန်းလို့ ကျချင်ချင်ဖြစ်နေတဲ့မျက်ရည်စက်တွေကို..
လက်နဲ့အမြန်သုတ်လိုက်ရသည်..။

"ChanYeol-ah...
အဲ့ကားနဲ့အတူတူ မပေါက်ကွဲပေးတာ..
ငါတစ်ကယ်ကျေးဇူးတင်တယ်.."

"ဟာ..! တော်ပါပြီဆို..ဘာလို့အဲ့တာတွေပဲ
ပြောနေရတာလဲ..?"

သူက မေ့ဖို့ပြောပေမယ့်
အပြစ်ကျူးလွန်ထားတဲ့ကိုယ်ကတော့..
အရိပ်မဲကြီးကအနောက်ကလိုက်နေသလို..
တစ်ကယ်လို့အဲ့နေ့ကသာ..ကျွန်တော် စိတ်ကူးမပြောင်းပဲ
ဒီတိုင်းပစ်ထားလိုက်မယ်ဆိုရင်..

သေချာတယ်..။
အဲ့နေ့ကသူသာသေသွားခဲ့မယ်ဆိုရင်..
Baek Hyun ဆိုတဲ့ကျွန်တော်လဲ..ဒီနေ့ဒီနေရာမှာ
ရပ်နေနိုင်မှာ မဟုတ်ဘူးထင်တယ်..။

တစ်ကယ်ကျေးဇူးတင်ပါတယ်..Chan..။

ကိုယ့်အသက်ဆက်ကြိုးကို..ကိုယ်ကိုယ်တိုင် ရူးရူးမိုက်မိုက်နဲ့ ဖြတ်ခဲ့တဲ့ငါ့လိုလူကို...
အမြဲတမ်းချစ်ပေးနေလို့..။

"ဦးလေးByun..ကျွန်တော်ChanYeollieပါ..
အားနာပေမယ့်..BaekHyuneeကို..
Park Baek Hyun ဖြစ်အောင်..
ကျွန်တော် လုပ်လိုက်တော့မယ်နော်.."

"ရား..! ဘာစကားကြီးလဲ.."

"အော်..ကိုယ်နဲ့မင်းလက်ထပ်တော့မယ်လို့ပြောတာပါ.."

အုတ်ဂူဖြူဖြူရှေ့မှာ..ပန်းစည်းလှလှလေးရယ်..
ကျွန်တော်နဲ့appaရဲ့ဓာတ်ပုံတွေရယ်အပြင်..
ဒီနေ့တော့...
ကျွန်တော်နဲ့ChanYeol တွဲရိုက်ထားတဲ့
ဓာတ်ပုံလှလှလေးတစ်ခုပါ
နေရာယူနေပြီဖြစ်သည်..။

လွန်ခဲ့တဲ့သုံးလေးရက်လောက်က..
ဟန်မြစ်ဘေးမှာ..
လမ်းလျှောက်ထွက်ကြရင်း...
ဒီတိုင်းဘာရယ်ညာရယ်မဟုတ်တွဲရိုက်ထားတဲ့ပုံ..။

သူကကျွန်တော့်ကိုရွှန်းရွှန်းစားစားကြည့်လို့..။

appa ..သားမက်ကလေးကို
သဘောကျတယ်ဟုတ်...?

ငယ်ငယ်က အရမ်းအငိုသန်တဲ့သားကို...
ရေခဲမုန့်လေးတွေကျွေးပြီး ချော့တတ်လို့တောင်..
ဒီကလေးလေးတော်လိုက်တာလို့ appa ချီးကျူးခဲ့တဲ့
ChanYeollieလေ...။

"wedding dress သွားယူမယ်နော်.."

appa ကိုနှုတ်ဆက်ခဲ့ကြပြီးတဲ့နောက်...
အုတ်ဂူတွေကို အထပ်လိုက်စီတန်းထားတာမို့..
အောက်ရောက်ဖို့အတွက်..
လှေကားထစ်တွေကို နင်းဖြတ်နေတုန်းမှာ...
အနားနားလေးကပ်ပြီးပြောလာတဲ့ စကားတစ်ခွန်း...။

သူများတွေမင်္ဂလာဆောင်ကြတာကိုကြည့်ပြီး..
တစ်ခါမှ အားကျစိတ်မဖြစ်ဖူးပေမယ့်...
ထူးဆန်းစွာပင်..ကိုယ့်အလှည့်ကျမှ..
ရင်တွေမတရားလှိုက်ခုန်ပြီး..
လှေကားတစ်ထစ်ဆင်းဖို့အရေးတောင်..ခြေထောက်
မခိုင်တော့သလို...။

သူကတော့လှစ်ခနဲပြုံးပြီး..ကျွန်တော့်ပါးကို..
အသာလာနမ်းသည်..။
ပြီးတော့ သူ့လက်ချောင်းတုတ်တုတ်ရှည်ရှည်
တွေနဲ့ ကျွန်တော့်လက်ကို ယုယုယယကိုင်တွယ်ကာ..
လှေကားထစ်တွေဆင်းဖို့ရာအတွက် ဦးဆောင်လမ်းပြပေးသည်...။

ရင်ထဲမှာ..ပန်းပွင့်တစ်ရာပွင့်သွားကြတဲ့ခံစားချက်မျိုး..။

အာ..အချစ်ဆိုတာဒီလိုမျိုးလားဆိုတဲ့ခံစားချက်မျိုး..။

ကိုယ်မယုံကြည်ခဲ့တဲ့အချစ်ကို..
ယုံကြည်သွားတယ်ဆိုတာထက်..
မြတ်နိုးတန်ဖိုးထားတတ်အောင် သင်ပေးခဲ့တဲ့..
Chan Yeollie...။
သူ့ပါးတစ်ဖက်မှာ...သူပြုံးလိုက်တိုင်းရေးရေးလေးပေါ်လာတတ်တဲ့ ပါးခြိုင့်ကလေးက...အစ..
ုမြတ်နိုးမိပြန်တယ်...။

:::::::::::::::::::::::::::::::::::

သူများတွေလို..ခမ်းနားကြီးကျယ်တဲ့ခန်းမကြီးတွေမှာ..
လက်ထပ်ထိမ်းမြားခြင်းမျိုးမဟုတ်ပေမယ့်...
ကျွန်တော် သဘောကျသည်..။

ကိုယ်ခင်ရာမင်ရာ..မိတ်ဆွေတစ်ချို့နဲ့..
Church ကျောင်းလေးမှာပဲ..
အကျဉ်းချုံးကျင်းပတဲ့မင်္ဂလာပွဲလေးဆိုပေမယ့်
ကျွန်တော်မြတ်နိုးသည်..။

TVထဲမှာပဲဖြစ်စေ..ကိုယ့်မိတ်ဆွေတွေမင်္ဂလာပွဲမှာပဲဖြစ်စေ
အရှေ့မှာစောင့်ဆိုင်းနေတဲ့သတို့သားလောင်းရှိရာ...
ဖခင်ဖြစ်သူရဲ့လက်ကိုမြဲမြဲတွဲပြီးတစ်လှမ်းချင်းစီ
လျှောက်လှမ်းလာကြတဲ့သတို့သမီးရဲ့မျက်နှာထက်မှာ
ပျော်ရွှင်ခြင်း
စိတ်လှုပ်ရှားခြင်း..
ရင်ခုန်လှိုက်မောခြင်း..စသဖြင့်ကို..
ခဏခဏတွေ့ဖူးပြီး..ခဏခဏလှောင်ရယ်မိခဲ့တာတွေက..
အခုမှ ဝဋ်လည်နေသလို...။

Church ထဲကို ဝင်လိုက်တာနဲ့...
Fatherဘေးမှာ..အသင့်စောင့်ဆိုင်းနေသည့်
ChanYeolကို မြင်လိုက်တာနဲ့..
နှလုံးအိမ်ပေါက်ကွဲမထွက် ရင်ခုန်ရလွန်းသည်..။

ဒီလူကို ငါပိုင်ရတော့မှာပါလား...
ဒီလူက..ငါ့ကို အရမ်းချစ်တဲ့လူ..ငါကလဲ အရမ်းချစ်တဲ့လူ..
ဒီလိုလူမျိုးကို ပိုင်ဆိုင်ခွင့်ရတာ
ငါအရမ်းကံကောင်းတာပါလား..စသဖြင့်
အတွေးမျိုးစုံဝင်မိသည်..။

ကျွန်တော်နဲ့ဆင်တူ အဖြူရောင်ဝတ်စုံကို..
ဆင်မြန်းထားသည့်သူ့ပုံစံက..
ချောမောလွန်းတာထက် ပိုတယ်လို့ ပြောရမလို...
ခန့်ညားလွန်းနေသည်..။

ယောကျ်ားပီသလွန်းတယ်...
ပြည့်စုံလွန်းတယ်ဆိုတဲ့စကားရပ်တွေကသူ့အတွက်
သီးသန့်လိုမျိုး..။

ဆံပင်အားလုံးလှန်တင်ထားပြီး..
ကျွန်တော်သိပ်ချစ်ရတဲ့ပါးခြိုင့်ကလေးပေါ်အောင်..
ပြုံးပြနေတာကိုက..
ကျွန်တော့်အတွက်ဆုလာဘ်တစ်ခုလိုပင်..။

"Se Hun-ah..ငါရင်တွေခုန်လိုက်တာကွာ.."

"အံမယ်..တစ်မိုးအောက်တစ်ယောက်..
Byun BaekHyunက ဘယ်လိုတောင်ဖြစ်တာလဲ..?"

"tsk..! Byun Baek Hyun မဟုတ်တော့ဘူး..
Park Baek Hyun လို့ပြောင်းခေါ်.."

"ဟုတ်ပါပြီတဲ့ဗျာ.."

SeHun လက်ကိုတင်းတင်းဆုပ်ကိုင်ပြီး..
သူ့ဆီကို တစ်လှမ်းချင်းလျှောက်လှမ်းနေတဲ့အချိန်...

လူပရိသတ်တွေအလယ်...အရမ်းကိုရင်တွေခုန်ရလွန်းလို့..
ညီငယ်လေးဆီခံစားရသမျှ ရင်ဖွင့်ပြလိုက်မိသည်..။

appa နေရာမှာ..SeHunကို အစားထိုးထားတာမို့..
SeHun က ကျွန်တော့်ကိုသူ့ဆီလွှဲပြောင်းပေးရမယ့်
တာဝန်ယူထားရခြင်းဖြစ်သည်..။

"hyungကို..လွှဲပေးလိုက်ပြီနော်...
ကျွန်တော့်hyungကိုငိုအောင်လုပ်ရင်..
Chan Yeol hyungကို ဒီတိုင်းမထားဘူး..
သဘောပေါက်.."

"ငါကပဲသူ့ကိုငိုအောင်လုပ်တာပါကွာ.."

"ကဲပါ..SeHunee ..ကျေးဇူးတင်တယ်နော်..
နေရာမှာသွားထိုင်လို့ရပြီ.."

ကျွန်တော့်လက်ကလေးတစ်ဖက်..SeHunee
လက်ထဲကနေ သူ့လက်ထဲ ကူးပြောင်းချိန်တွင်လဲ..

ပျော်ရွှင်ခြင်း..ဝမ်းနည်းခြင်း ခံစားချက်တွေ
ရောပြွန်းလာခဲ့ပြန်သည်..။

သို့ပေမယ့် သူ့မျက်နှာထက်ကအပြုံးတစ်ပွင့်ကို
ငေးမောရင်းပဲ..
အတိတ်ကဖြစ်ပျက်ခဲ့သမျှတွေအားလုံးကို..
ဒီနေရာမှာပဲ အားလုံးမေ့ပစ်လိုက်တော့မယ်ဆိုတဲ့အတွေးတွေနဲ့...။

အဲ့နောက်မှာတော့..father ရှေ့မှောက်မှာ..
ကျွန်တော်တို့နှစ်ယောက်ကတိကဝတ်ပြုခဲ့ကြသည်..။

"ကျွန်တော်..Byun Baek Hyunကို..
အသက်ထက်ဆုံးချစ်ခင်သွားပါမည်.."

"ကျွန်တော်လဲ..Park Chan Yeolကို..
အသက်ထက်ဆုံးချစ်ခင်သွားပါမည်.."

ကျွန်တော်တို့နှစ်ယောက်ရဲ့ပေါင်းစည်းခန်းကို..
Father ဆီမှာ တင်ပြလိုက်ပြီးတဲ့နောက်...

လက်ထပ်ခြင်းအရာမြောက်ဖို့ရာအတွက်..
ကတိလုပ်တဲ့အနေနဲ့..
သူ့နှုတ်ခမ်းဖူးဖူးတွေကျွန်တော့်နှုတ်ခမ်းရှိရာ
ချဉ်းကပ်လာခဲ့တဲ့အခါ..။

အကြိမ်ကြိမ်အခါခါထိတွေ့ဖူးပေမယ့် ဒီတစ်ခေါက်က
ရင်ခုန်တယ်ဆိုတာထက်ကို ပိုသည်..။

နောက်ဆုံးထွက်သက်အထိ သူနဲ့ အတူတူရှိသွားရမယ့်
အကြောင်းတွေတွေးမိလိုက်တဲ့အခါ...
ကျွန်တော့်ရဲ့ဖြစ်တည်မှုကအဖိုးထိုက်တန်သွားသလိုမျိုုး...။

နှုတ်ခမ်းပေါ်ရောက်လာတဲ့နွေးနွေးထွေးထွေးအထိအတွေ့က
ဘယ်တော့မှ လက်မလွှတ်ချင်လောက်တဲ့အထိ
မြတ်နိုးဖို့ကောင်းတာမျိုး...။

အရင်တုန်းကသူ့ကိုငြင်းပယ်ခဲ့မိတာတွေက..
ကျွန်တော်ရူးနေခဲ့လို့ပဲဆိုတာ..ကောင်းကောင်းကြီးသိလိုက်ရသည်..။

"အိမ်မက်လိုပဲ..BaekHyunee..
မင်းကို လက်ထပ်ခွင့်ရတယ်ဆိုတာ.."

"wae..မငိုနဲ့လေ...
ငါအခုဘေးမှာ ရှိနေပြီနော်..အဲ့တာကြောင့်မို့...
ဘာမှတွေးမပူနဲ့တော့နော်.."

ကျွန်တော်လုပ်ခဲ့တာတွေက..
ကျွန်တော့်ကိုယ်ကျွန်တော်တောင် ဘယ်လိုမှခွင့်လွှတ်ပေး
နိုင်စရာအကြောင်းမရှိတာတွေမို့..
ခံစားခဲ့ရတဲ့သူဆိုရင် ဘယ်လောက်တောင်မှ..
နာကျင်ခဲ့ရရှာမလဲ..။

အိမ်မက်မက်နေတာ ဆိုတဲ့စကားတစ်ခွန်းကို
ထပ်တလဲလဲရွတ်နေရှာတဲ့သူ..။
ပါးပြင်ဖြူဖြုထက်က မျက်ရည်စီးကြောင်းတွေကို
ခပ်ဖွဖွသုတ်ပေးလိုက်တော့...

မင်္ဂလာပွဲလာ..ပရိသတ်တွေဆီကနေ..
လက်ခုပ်သံလေးထွက်ကျလာခဲ့သည်..။

အရှေ့ဆုံးမှာထိုင်နေတဲ့သူ့မေမေနဲ့ SeHunee ကလဲ
ပြုံးလို့..။

"မင်းထပ်ငိုနေမယ်ဆိုရင်..လက်စွပ်ကို ချွတ်ပြီး..
လွှင့်ပစ်လိုက်မှာနော်.."

"သိပြီ..မငိုတော့ဘူး..!"

"ချစ်ဖို့ကောင်းတယ်.."

ယောကျ်ားလေးနှစ်ယောက်ဖြစ်တဲ့အပြင်..
ကျွန်တော်ကBaek Hyun ဖြစ်နေတာမို့..
နည်းနည်းလေးတောင်အနုအရွစကားလုံးတွေမပါပေမယ့်လဲ..

ကျွန်တော်သူ့ကိုပျော်ရွှင်အောင်ထားနိုင်သည်..။

ုခြိမ်းခြောက်စကားတစ်ခွန်းနောက်မှာ..တစ်ကယ်လုပ်မှာ
မဟုတ်မှန်းသိပေမယ့် မျက်ရည်တွေကိုလက်နဲ့ပွတ်သုတ်ပြီးအပြုံးကြီးကြီးပြုံးပြလာတဲ့သူ့ကို
ချစ်လွန်းလို့ ပါးပြင်ဖြူဖြူကို အနမ်းခြွေချမိလိုက်သည်..။

SeHunဆီကနေ ဒီနေ့နမ်းလို့ပြီးကြဦးမှာလားဆိုတဲ့
အသံထွက်လာပေမယ့် ဂရုမစိုက်..။

လက်ခုပ်သံတွေကြားထဲမှာပဲ..
ကျွန်တော်တို့နှစ်ယောက်ရဲ့တော်ဝင်နေ့ကလေးကို
ရှေ့ဆက်ဖြစ်လိုက်ကြသည်..။

အသက်ဆယ်နှစ်အရွယ်ထဲက ကျွန်တော်တို့
ချစ်ခဲ့ကြတယ်..။

အခုအသက်၂၉ နှစ်မှာ..လူအများရှေ့လက်ထပ်ခဲ့ကြတယ်..။

ဒီအတောအတွင်းကိစ္စတွေအများကြီးကျော်ဖြတ်ခဲ့ရပေမယ့်
သူကျွန်တော့်အပေါ်..တစ်စက်ကလေးမှတောင်
အချစ်မလျော့ခဲ့သလို..
ကျွန်တော့်ဘက်ကလဲ..သူ့ကိုချစ်တဲ့စိတ်တွေကို..
ဘယ်တော့မှ မပြောင်းလဲနိုင်ခဲ့..။

မိဘတွေဆက်ဆံရေးအဆင်မပြေတာကြောင့်နဲ့
စိတ်ဓာတ်တွေခက်ထန်ခဲ့တဲ့ကျွန်တော်..။
ကိုယ့်ဘဝထဲမှာ..ဒီလိုကြည်နူးဖို့ကောင်းတဲ့ကိစ္စမျိုး
ရှိမလာလောက်ဘူးလို့ထင်ခဲ့ပေမယ့်..

အချစ်ဆိုတာ..ချစ်တတ်ရင်..
အရမ်းကိုအဖိုးထိုက်တန်ကြောင်းသင်ပြပေးခဲ့သည့်သူ...။

မင်းဘဝထဲ ယုံယုံကြည်ကြည်ဆွဲသွင်းပေးခဲ့တဲ့အတွက်..
ကျေးဇူးတင်တယ်..။

ပြီးတော့ချစ်တယ်..Chan Yeol..။

TBC ###

Continue Reading

You'll Also Like

3.2K 105 32
Born into a strange pairing Jaune is the Natural Born son of Roboutte Guilliman and Yvraine, This union would make the Imperium stronger during their...
20.6K 3.3K 25
"ហង្សមែនទេ?​ត្រឹមតែមួយប៉ប្រិចភ្នែកយើងនឹងធ្វើអោយហង្សមួយនោះបាក់ស្លាប ហើយហង្សដ៍ស្រស់ស្អាតនោះត្រូវស្ថិតក្នុងកម្មសិទ្ធយើងម្នាក់គត់"ជុងហ្គុក "យើងដឹងពីអ្វីទ...
17.3K 1.7K 17
တစ်ပိုင်းချင်း စာပြန်စစ်ပြီး ပုံတွေ ပြန်ထည့်၊ ရှင်းပြထားတဲ့ မှတ်စုလေးတွေ ပြန်ထည့်ပြီး တင်ပေးပါမယ်ရှင်။ စိတ်ဝင်စားတဲ့စာဖတ်သူတွေအနေနဲ့ မပျက်ခင် ဖတ်ကြပါ...
581K 111K 119
කවුරුත් නැතිව උඹම උඹේ හිත සනස ගත් දවසට ඒහිත ඒ හේතුවටම කිසිදින නැවත නොවැටෙනු ඇත.........!!