Zawgyi
" Park Chan Yeol..
လွှတ်ပေး..ငါ့ကိုအခုလွှတ်..!
ပြောနေတာ မကြားဘူးလား....!!"ညသန်းခေါင်ယံ အချိန်..Park အိမ်တော်ကြီးအတွင်း..
ဤကဲ့သို့ စူးရှသည့်အသံတစ်သံ အဆက်မပြတ်ထွက်ပေါ်နေသည်မှာ..
အိမ်ထဲကလူတွေရော..
ခြံထဲမှာ ကင်းစောင့်နေသည့် လူတွေပါ..အထိတ်တလန့်
ထွက်ကြည့်လာကြတဲ့အထိ..။ဒါပေမယ့် ရယ်ကျဲကျဲ ကျွန်တော့်မျက်နှာရယ်..
ကျွန်တော့်ရင်ခွင်ထဲမှာ လူးလားတွန့်ထိုးနေသည့်
Byun Baek Hyun ရယ်ကိုတွေ့တော့မှ..
သက်ပြင်းကိုယ်စီချနိုင်သွားကြပြီး..
ကိုယ်လုပ်စရာရှိတာ ဆက်လုပ်ချင်ယောင်ဆောင်ကာ..
ကျွန်တော်နဲ့ Baek Hyunee ကို
ပေါ်တင်တစ်မျိုး ခိုးပြီးတစ်မျိုး..
ကြည့်ရှုနေကြသည်..။သူတို့သခင်နဲ့ သခင့်ရဲ့ကောင်းကင်လေးတို့..
တစ်ယောက်နဲ့တစ်ယောက်ကျီစားနေကြသည်ကို
live ကြည့်နေရလို့ အရမ်းကိုစိတ်ဝင်စားနေကြသည်ထင်ပါရဲ့..။ကျွန်တော်ကတော့လုပ်ချင်ရာလုပ်နေရသည်မို့..
သူတို့ဘာသူတို့ချောင်းကြည့်နေနေ
ကြည့်မနေနေ စိတ်မ၀င်စားအား..။
ရင်ခွင်ထဲက အဆိုးလေးကိုသာ
အခန်းထဲ ခေါ်သွားဖို့ စိတ်အားထက်သန်နေသည်..။omma ဆီကအပြန်လမ်းမှာ အိမ်လိုက်ပို့ပေးမယ်ဆိုပြီး.
အစက တကယ့်ကိုသဘောရိုးနဲ့ခေါ်လာခဲ့ပေမယ့်
လမ်းမှာ စိတ်ကူးပြောင်းသွားခဲ့သည့်သကာလမှာ..
ကောင်းကင်လေး အရမ်းဆိုးတာသိပေမယ့်လို့..
ကျွန်တော့်အိမ်သို့ဇွတ်ခေါ်လာခဲ့သည်..။ကားပေါ်ကမဆင်းမှာ မပူရအောင်..
ပွေ့ချီလာခဲ့တော့..
အခန်းရှိရာသွားသည့်လမ်းတောက်လျှောက်..
အသံဆိုးလေးနဲ့အော်နေသည်မှာ..
ကမ္ဘာကြီးနှစ်ခြမ်းပြဲမတတ်ပင်..။ဒါပေမယ့်ကျွန်တော်ကတော့ ဂရုမစိုက်..။
ယောက်ဖလောင်းလေး အမြဲသင်ပေးလေ့ရှိသည့်..
ဘယ်အချိန်ပဲပေါ်လာပေါ်လာ အခွင့်အရေးကို
လက်ဆုပ်လက်ကိုင် ပြုနိုင်ရမည် ဆိုသည့်ထုံးနှလုံးမူ
၍ပဲ...ခန္ဓာသေးသေးကို
ကျစ်ကျစ်ပါအောင်ပွေ့ချီပြီး အိပ်ခန်းထဲခေါ်လာခဲ့သည်..။
YOU ARE READING
Tyranny Ver.1 [ ဖိနှိပ်ညှင်းပန်းခြင်း]
Fanfictionမင်းကမုန်းတယ်လို့တဖွဖွပြောနေရင်တောင် ငါအဆင်ပြေပါတယ် BaekHyunee .. CV by Asuna Park ❤