16..

8.7K 779 51
                                    

Zawgyi

အချစ်​ရှိ​နေရင်​ လူတိုင်းက​နေ​ပျော်​ကြတယ်​တဲ့..။

အစထဲက သူရက်​စက်​ပြကတည်းက
နေ​ပျော်​ခဲ့တာဆိုတာ..
အခုသူနဲ့လက်​ထပ်​ခွင့်​ရလိုက်​တဲ့အခါကျ..
နေ​ပျော်​တယ်​..
ပျော်​ရွှင်​တယ်​ဆိုတဲ့စကား​တွေထက်​ပိုပြီးအဖိုးထိုက်​တန်​သွားတာမျိုး..။

ဝင်​သက်​ထွက်​သက်​တိုင်း..
စက္ကန့်​တိုင်းမှာ..Baek Hyun..Baek Hyun ဆိုတဲ့
နာမည်​ကိုပဲ တမ်းတ​နေတာမျိုး..။

အပြုံးတစ်​ပွင့်​ကို အချိန်​တိုင်း ချိတ်​ဆွဲထားမိတယ်​ဆိုတဲ့
အ​ကြောင်းက​တော့ ​ပြောဖို့မလိုဘူးထင်​ပါ့..။

ကျွန်​​တော်​နဲ့သူ လက်​ထပ်​ပြီးတဲ့​နောက်​ ပထမဆုံး
မင်္ဂလာမနက်​ခင်း​လေး..။

သူက​တော့ မနက်​၅နာရီမှ အိပ်​ခိုင်းရလားဆိုပြီး
ကျွန်​​တော့်​ကို ဂျစ်​တိုက်​ပြီးအိပ်​သွားကတည်းက
အခုထိ..ငြိမ်းချမ်းစွာအိပ်​​မောကျ​နေဆဲ..။

ကျွန်​​တော်​က​တော့ သူအာဟာရဖြည့်​တင်းနိုင်​ဖို့ရာအတွက်​တစ်​​ယောက်​တည်း
မနက်​စာကို ​အောက်​ဆင်းပြင်​ဆင်​​နေတယ်​..။

Park အိမ်​​တော်​ ရဲ့မီးဖို​ချောင်​ကို ..
အပိုင်​စီးထားပြီး..သူ့အတွက်​ မနက်​စာပြင်​ဆင်​​ပေးရတဲ့
အလုပ်​က..ပန်းပွင့်​​တွေကြားထဲ​ရောက်​သွားသလိုမျိုး
ဘာ​ကြောင့်​များ အရမ်းကြည်​နူးမိတာပါလိမ့်​...။

ဖြစ်​နိုင်​ရင်​..စက္ကန့်​တစ်​ခုကုန်​သွားတိုင်းမှာ..
ချစ်​တယ်​လို့သာ..​ပြော​နေလိုက်​ချင်​​တော့တယ်​..။

"hyung..နိုး​နေပြီလား..?
ဘာ​တွေလုပ်​.."

"မင်းအစ်​ကိုဖို့ နွားနို့ထည့်​​နေတာ.."

"hyung ​ရော..မ​သောက်​ဘူးလား..​သောက်​​လေ..
နို့ဆိုတာ ​သောက်​ရတယ်​.."

လမ်းထိပ်​က မုန့်​ဆိုင်​က​နေ မုန့်​သွားဝယ်​ပြီးပြန်​လာ​ကြောင်း
သံ​တော်​ဦးတင်​ရင်းဝင်​လာခဲ့သည့်​ ​ယောက်​ဖ​လေး..။

ထုံးစံအတိုင်း ကျွန်​​တော်​နဲ့သူ့အစ်​ကိုကို ​လှော်​​ပေး​နေပြန်​သည်​..။
မျက်​နှာက ပြုံးစိစိနဲ့..။

Tyranny Ver.1 [ ဖိနှိပ်​ညှင်းပန်းခြင်း] Where stories live. Discover now