9...

6.5K 743 70
                                    

Zawgyi

မနက်​၈နာရီဆယ်​မိနစ်​ ​ကျော်​သွား​ပေမယ့်
Baek Hyunee ထွက်​မလာ​သေးတာ​ကြောင့်​..
နာရီတစ်​ကြည့်​ကြည့်​နဲ့ Byun အိမ်​​တော်​​ရှေ့မှာ
ဟို​လျှောက်​လိုက်​ဒီ​လျှောက်​လိုက်​ဖြစ်​​နေသည်​..။

ပုံမှန်​ဆို ၈ နာရီ​ဒေါင်​ခနဲ​နေတာနဲ့ ထွက်​လာတတ်​တာကို..။
ဒီ​နေ့မှ ခြံတံခါးကြီးကလဲ ပိတ်​ထားပြီး
အရင်​လိုခြံ​စောင့်​ဦး​လေးကြီးကိုလဲမ​တွေ့
ဘဲလ်​နှိပ်​​တော့လဲထွက်​မလာလို့်
အိမ်​ထဲ ၀င်​ကြည့်​လို့မရ...။

ဖုန်းဆက်​​တော့လဲ စက်​ပိတ်​ထားတယ်​နဲ့ပဲတိုး​နေသည်​..။

ဆက်​​စောင့်​​နေလဲ ​ကျောင်း​နောက်​ကျ​တော့မည်​..။

ဘယ်​လိုလုပ်​ရမလဲ..။

"အာ..Chan Yeol ​လေး..
သခင်​​လေးကို ​စောင့်​​နေတာလား..?
သခင်​​လေးက​ကျောင်း​တောင်​​ရောက်​သွားပြီ..
ဦး​လေးအခုပဲ သွားပို့ပြီးပြန်​လာတာ.."

"ဗျာ..!?"

"ခြံ​စောင့်​ကလဲ ဘာကိစ္စထွက်​မ​ပြောတာလဲမသိဘူး.."

ဆက်​​စောင့်​ရမလား..
ကျောင်းပဲသွားရမလားဗျာများ​နေတုန်း..
သူ့ရဲ့driver ဦး​လေးကြီး
ကား​မောင်းပြီး ခြံဝ​ရောက်​လာ​တော့..

အမှာ​တော်​ပါးလာသည့်​သတင်းစကား​တွေ..။

BaekHyunee ၇ နာရီခွဲကတည်းက ​ကျောင်းကို
သွားတာတဲ့..။

ဘယ်​လိုဖြစ်​တာလဲ..။
အရင်​ကကျွန်​​တော်​လာမှ ​ကျောင်းသွားတဲ့လူက..။

ထားပါ​လေ..။
Byun arjushiဆုံးသွားလို့စိတ်​ညစ်​​နေရတဲ့အထဲ
တစ်​​ယောက်​တည်း​တော့လွှတ်​မထားချင်​တာမို့..
စက်​ဘီး​ကို ခပ်​မြန်​မြန်​နင်းပြီးထွက်​လာလိုက်​သည်​..။

အင်း..ဒီသုံးနှစ်​အတွင်း..Baek Hyunee
မပါပဲ ပထမဆုံး ​ကျောင်းသွားရတာမို့လို့
တော်​​တော်​​လေး​တော့​နေသားမကျ..။
လွတ်​လပ်​​နေသည့်​ စက်​ဘီး​နောက်​ခုံရယ်​..။

ခါးကို တင်းတင်းဖက်​တတ်​သည့်​လက်​တုတ်​တုတ်​​လေး​တွေရယ်​..။
စက်​ဘီးစီး​နေတုန်း ပကျိပကျိ​ပြောတတ်​တာ​လေးရယ်
ရယ်​သံလွင်​လွင်​​လေး​တွေရယ်​မရှိ​တော့..

Tyranny Ver.1 [ ဖိနှိပ်​ညှင်းပန်းခြင်း] Tahanan ng mga kuwento. Tumuklas ngayon