Zawgyi
ဧည့်ခန်းထဲမှာ အရုပ်ကားလေးတစ်စီးနဲ့လှည့်ပတ်ဆော့ကစားနေသည့် ငါးနှစ်သားအရွယ် ကလေးငယ်လေးက..
သူ့ကားလေး ကလွဲရင် တစ်ခြားဘာမှစိတ်ဝင်စားမှု
မရှိသလို ပကတိငြိမ်းချမ်းနေသည်..။တစ်ခါတစ်ခါ သူ့အဖေဘယ်တော့ပြန်လာမလဲလို့မေးရုံကလွဲလို့ သူ့ဘ၀ကြီးက နေပျော်စရာပင်..။
ကျွန်တော်လဲ အဲ့ကလေးသိချင်သည့် သူ့အဖေဘယ်တော့ပြန်လာမလဲ ဆိုသည့်ကိစ္စကိုပဲ သိချင်နေသည်..။
ဘာကြောင့်ဆို ကလေးရဲ့အဖေက ကျွန်တော့်ရဲ့
အားအကိုးရဆုံး အတွင်းရေးမှူးဆိုလဲ ဟူတ်သလို..
ကျွန်တော့်ဂိုဏ်းမှာ ကျွန်တော်ပြီးရင်အရေးပါဆုံးလူတစ်ယောက်..။
ပြီးတော့ လွန်ခဲ့သည့်တစ်ရက်ကျော်ကျော်တည်းက
အစအနရှာလို့မရအောင် ပျောက်နေခဲ့သည်...။သူ့အလုပ်က လက်တွေ့ဆင်းပြီးလုပ်ရတာမျိုးမဟုတ်ပဲ..
နောက်ကွယ်က ဆောင်ရွက်ပေးရတာရယ်..
ကျွန်တော့်အလုပ်တွေကို နေရာချပေးရတာရယ်..
အဲ့လိုသဘောမျိုးပဲဆိုတော့ သူများနဲ့..
ရန်ငြိုးရန်စ ရှိရအောင်အထိလဲ
မဟုတ်..။အဲ့တာဆိုရင်..ဘယ်ရောက်နေတာများဖြစ်မလဲ...။
ပုံမှန်ဆိုကျွန်တော့်ဂိုဏ်းသားတစ်ယောက်ယောက်ပျောက်ရင်..
သေတယ်ဆိုလဲ သေတယ်..
ရှင်တယ်ဆိုလဲ ရှင်တယ် နာရီပိုင်းအတွင်းသိရသည်ချည်းသာ..။အခုကိစ္စကနည်းနည်းတော့ဆန်းနေသည်...။
"arjushi..ဖေဖေပြန်လာရင် သားဖို့မုန့်တွေအများကြီး
ဝယ်လာမှာမလား..""သားလေးက မုန့်စားချင်လို့လား.."
"ဟုတ်..!"
"မုန့်စား ချင်တာများ ဖေဖေ ပြန်လာတဲ့အထိစောင့်စရာမလိုပါဘူး..arjushi က ၀ယ်ကျွေးမှာပေါ့..
စားမှာ မလား..""ဟုတ်..!"
ဆော့နေရင်းကနေ မုန့်စားချင်လာလို့ထင်..။
YOU ARE READING
Tyranny Ver.1 [ ဖိနှိပ်ညှင်းပန်းခြင်း]
Fanfictionမင်းကမုန်းတယ်လို့တဖွဖွပြောနေရင်တောင် ငါအဆင်ပြေပါတယ် BaekHyunee .. CV by Asuna Park ❤