Tyranny Ver.1 [ ဖိနှိပ်​ညှင်​...

By relisia6800

172K 17.2K 1.2K

မင်းကမုန်းတယ်​လို့တဖွဖွ​ပြော​နေရင်​​တောင်​ ငါအဆင်​​ပြေပါတယ်​ BaekHyunee .. CV by Asuna Park ❤ More

1....
2...
3...
4...
5..
6.....
7...
8...
9...
10..
11..
12..
14..
15 ( မင်္ဂလာဦးည -.- )
16..
17( Changes )
18...
19..
20..
21...
Final..

13..

6.9K 807 48
By relisia6800

Zawgyi

အကုန်​​ပျောက်​သွားသလို..။

ကုတင်​ကျယ်​ကျယ်​ထက်​မှာ..






ယုယကြင်​နာဖူးတာမရှိ...။

ထွေး​ပွေ့ထားလိုက်​သည်​..။









"Chan..! ဘာဖြစ်​သွားတာလဲ..?"

ကြည့်​လာသည်​..။


အဲ့နာမည်​ကို​ရော..


ရရှိလိုက်​တဲ့အခါ..။

"မင်း..ငါနဲ့တွဲမလား..Min...?"



::::::::: Tyranny ::::::::::::


ဒါနဲ့​နေပါဦး..။

မလား..။



ထားပါ​တော့..ရှိ​စေ​တော့..။


ကွာ​ပေမယ့်​..


လက်​လှလှ​လေး​တွေ...။



"hyung..!
အဲ့တာ ဘာလုပ်​​နေတာလဲ..!?"

ဒါhyung ချစ်​သူ..Minတဲ့..
Min..ဒီဘက်​က.."

"hyung..ရူး​နေတာလား..!

SeHunee..။








စကားတစ်​ခွန်းက..
တုန်​ဟည်းသွားသလားပင်​..။

"အဲ့Byun Baek Hyunက..
hyungကိုချစ်​​နေတယ်​..."







အဲ့တာဆို..?





အမှန်​ဆိုရင်​..

:::::::::::::::::::::::::::::::::::::::::




နေရတာသိပ်​အဆင်​မ​ပြေလှ..။




"ငါက..​စောက်​ရူးလား..ဟမ်​..!

"သူရူးတာပါ..hyungရယ်​....."

ကျလာခဲ့သည်​..။




ချစ်​ဖို့မထိုက်​တန်​တဲ့လူကို ချစ်​​နေမိတာ..!

ရူး​နေတာ..!"




ဇာတ်​လမ်းတစ်​ပုဒ်​ကို.​.
ရှေ့ဆက်​တိုးရမလား..


ဒါ​ပေမယ့်​..!


ရှိ​တော့...


တထစ်​ချယုံကြည်​တယ်​..။

နေချင်​သလို​နေ..

အဟား..!


BaekHyun...။

::::::Tyranny ::::::::


ယောက်ျားနဲ့မိန်းမ ဖက်​ပြီးတွဲက​နေတာ​တွေ..
နမ်းရှုံ့​နေတာ​တွေ..



အဲ့တာကလဲ...။



မလား..။




ကျွန်​​တော်​အသိဆုံး..။

စိတ်​ပိုင်းဖြတ်​ပြီး..

Byun Baek Hyun မပီသစွာ..

"hyung..!


လုပ်​ခဲ့မိတာလဲ..။

အဟား..!






ပြီး​တော့..!


နေပါဦး..။


"hyung..ခဏ​နေပါဦး..

"ဘာကိုရွဲ့​နေတာလဲ..?
ဖယ်​..!
ငါပြန်​မယ်​.."




Park Chan Yeolရယ်​..။

"အိုး..ဒါဘယ်​သူ​လေးလဲ..

"လွှတ်​​နော်​..!"

မင်းမသိဘူးမလား..?"


ပထမ..အပြုံးမျက်​နှာ..




ဟိုမိန်းမနဲ့နမ်း​နေတာ​တွေ့လို်​က်​​ပေမယ့်​..





::::::::::::::::::::::::::::::::::::::::::

ဟမ်​..​ပြော​လေ..."

psychoလိုပဲ..

"မင်း..​စောက်​ရူးပဲ...!!!!!"






"အဲ့မိန်းမက..ဘယ်​သူလဲ.."

အခုလဲတစ်​​ခေါက်​..

နောက်​တစ်​​နေ့မှာပင်​..

နဖူးနမ်းပြတာ​တွေ..




အဲ့တာကို..သူအခု


ထားပါ​လေ..။

ဖြစ်​​နေတဲ့အ​ရှေ့က..

ပြောရမလား..။


ထပ်​မံသိရှိလိုက်​ရသည်​...။

တစ်​ချိန်တည်းမှာ...မြတ်​မြတ်​နိုးနိုးနမ်းရှိုက်​တတ်​​သေးသည်​..။

"Baek Hyun..
တစ်​ခုပဲ​ဖြေ..!"

"အင်း..ချစ်​တယ်​..
မင်းကို..ချစ်​တယ်​..အင့်​..!"

လိုက်​ပြီး..


ထင်​လိုက်​​ပေမယ့်

ခံစားသိရှိလိုက်​ရသည်​..။

ပိုပြီးနူးညံ့​နေသလို..။



အ​နေအထား..။


"ရတယ်​.."

သို်​င်းတင်​​ပေးကာ..


အခန်းကျဉ်း​လေးထဲမှာ..


ခဏခဏရခဲ့တာ​တောင်​မှ..

"ဟား..!"

နှုတ်​ခမ်း​အလှည့်​ပြီး​တော့..ကျွန်​​တော့်​အကျီင်္ကြယ်​သီး
အလယ်​တည့်​တည့်​​နေရာကို..








ကျွန်​​တော့်​အကျီင်္ကိုဆိုဖာ​အောက်​ပစ်​ချလိုက်​ပြီး
ကျွန်​​တော့်​ခန္ဓာကို်​ယ်​အ​ပေါ်ပိုင်းကို..



သ​ဘော​ပေါက်​.."

ဒီအ​တောအတွင်း..
သူလဲမသိတာကျ.."

"Park Chan Yeol..!

တုန်​ယင်​​မောဟိုက်​တာ​တွေကို ပုံမှန်​ဖြစ်​​အောင်​ပြန်​လုပ်​​နေရလို့ အကျီင်္​တောင်​မ၀တ်​နိုင်​​သေးတာကို..



လူ​တွေများ​နော်​..။


"မဖြစ်​ချင်​ဘူးလား.?"

"ဟားဟား..! အချစ်​ကလဲ..


ကျွန်​​တော်​သာသိသည်​..။





ခန္ဓာကိုယ်​ကို​အောက်​နည်းနည်း​လျှောချလိုက်​ပြီး
လည်​တို်င်​လှလှကို



လှမ်းတက်​လိုက်​ခဲ့သည်​..။

ချစ်​တယ်​ Chan Yeol..။

မင်းဘက်​ကလဲ...
တည်​​ပေးပါ...။

TBC #


Unicode

Zawgyi

ရေချိုးခေါင်းလျှော်လိုက်တော့ ညီးစီစီဖြစ်နေတာတွေ
အကုန်ပျောက်သွားသလို..။
ခေါင်းလျှော်ရည်နံ့ ခပ်စူးစူးက ပိုပြီးလန်းဆန်းစေသလို..။

ခေါင်းကိုတဘက်နဲ့နာနာဖိသုတ်ပြီးထွက်လာတော့..
ကုတင်ကျယ်ကျယ်ထက်မှာ..
အဆင်သင့်စောင့်ဆိုင်းနေသည့်မဒီပျိုကညာ..။

တစ်ခုခုကို မျှော်လင့်နေပြန်ပြီထင်တယ်..။

"Chanက..ရေစိုစိုနဲ့ပိုလိုက်သလိုပဲ.."

"ကိုယ်က..အချိန်တိုင်းချောပါတယ်နော်.."

"အခု ပိုချောတာ..ကျွန်မသုတ်ပေးမယ်လေ.."

ကုတင်စွန်းမှာ ထိုင်စေပြီး..လက်ထဲကတဘက်ကို
ပိုင်စိုးပိုင်နင်းယူသွားပေမယ့် ဘာမှ ပြောဖို့စိတ်ကူးမရှိ..။

ယုယုယယဆက်ဆံခံရတာ ဘယ်လိုခံစားချက်မျိုးလဲဆိုတာ
သိရဖို့ သူမအလိုကျလွှတ်ထားပေးလိုက်သည်..။
မေမေကလွဲရင်..ဘယ်သူမှဒီလို စိတ်ရှည်လက်ရှည်နဲ့
ယုယကြင်နာဖူးတာမရှိ...။

သင်းသင်းလေးထွက်နေသည့်ရေမွှေးအနံ့ကို
ပိုတိုးပြီးရှူချင်တာကြောင့်..
ဘေးတစ်စောင်းအသာလှည့်ပြီး ကိုယ်လုံးလှလှကို..
ထွေးပွေ့ထားလိုက်သည်..။

ကိုယ်မြတ်နိုးချင်တဲ့တစ်ယောက်ကို ရင်ခွင်ထဲ
ထွေးပွေ့ထားရတာနဲ့ဘာမှ မဆိုင်ပေမယ့်လို့..
သူလဲ သူ့ဟာနဲ့သူတော့ နွေးထွေးမှုပေးသည်...။

အဲ့တာကြောင့်လဲ မိန်းမတွေအများကြီးထဲမှာမှ..
ဒီတစ်ယောက်ကို ကျွန်တော့်ဘေးနားကပ်ဖို့်
အခွင့်အရေးပေးခဲ့မိတာဖြစ်သည်..။

ချောသည်လှသည်ဆိုတာထက်ပိုလွန်းသည်..။
သူများတွေလို ကလက်တက်တာမျိုးလဲမရှိ..။

သူမနဲ့နေရတာ ငြိမ်းချမ်းသည်..။

"BaekHyun ဆိုတာ..ဘယ်သူလဲ..?
အိပ်နေတုန်းက ခဏခဏအော်ခေါ်တယ်..
ပြီးတော့မျက်ရည်တွေပါကျတယ်.."

ဒီတိုင်း အားလုံးကိုမေ့ထားဖို့လုပ်နေပေမယ့်..
သူစိမ်းတစ်ယောက်ရဲ့ပါးစပ်ဖျားကနေတောင်..
မကြားချင်တဲ့နာမည် ထွက်ကျလာတဲ့အခါမှာတော့

ပွေ့ဖက်ထားတဲ့ခါးကျဉ်ကျဉ်ကို လွှတ်ပေးလိုက်ပြီး..
ခပ်စိမ်းစိမ်းကြည့်မိလိုက်သည်..။

"မင်းပြန်လိုက်တော့..နောက်ထပ်ငါနဲ့လာမတွေ့နဲ့တော့.."

"Chan..! ဘာဖြစ်သွားတာလဲ..?"

လေညှင်းတိုက်ခတ်နေရာက..ရုတ်တရက်မုန်တိုင်းထန်သွားတဲ့အခိုက်..
သူမကတော့ နားလည်ရခက်တဲ့မျက်လုံးတွေနဲ့..
ကြည့်လာသည်..။

ဒီမှာကလဲ ကိုယ့်ခံစားချက်နဲ့ကိုယ်မလား..။

လတ်တလောစိတ်အခြေအနေအရ..
အဲ့Byun Baek Hyun ဆိုတဲ့လူကိုရော..
အဲ့နာမည်ကိုရော..
သူနဲ့ပတ်သက်တဲ့လူတွေကိုရော..မမြင်ချင်လို့
ရှောင်ထွက်လာပါတယ်ဆိုမှ..

အဲ့စက်ကွင်းထဲမှာပဲ ပြန်ပြန်ပိတ်မိနေလို့မဖြစ်ဘူးလေ..။

ဒါပေမယ့် အခန်းထဲကနေထွက်ခွာစပြုနေသည့်..
မိန်းမပျိုရဲ့နောက်ကျောလှလှကို ကြည့်နေရင်းကနေ..
တစ်စုံတစ်ရာသော..အတွေးတစ်ခု..
ရရှိလိုက်တဲ့အခါ..။

"မင်း..ငါနဲ့တွဲမလား..Min...?"

စောစောကလိုပဲ အံ့သြတကြီးလှည့်ကြည့်လာခဲ့သည့်..
မျက်လုံးဝိုင်းဝိုင်းတွေ..။

ကျွန်တော်ကတော့လှလှပပကြီးပြုံးပြပေးလိုက်သည်..။

::::::::: Tyranny ::::::::::::

ဟန်ဆောင်ပြီးချစ်ပြရင်လဲ နည်းနည်းတော့
သဏ္ဍာန်လုပ်သရုပ်တူအောင်တော့လုပ်ပြရမယ်မလား..။

Min အတွက်တော့စိတ်မကောင်းပေမယ့်..
ဒါနဲ့နေပါဦး..။
ကျွန်တော် Minနဲ့တွဲတာကိုမြင်ရင်..
တစ်ယောက်ယောက်ကတော့ ဒေါသအသေထွက်မယ်လို့
ဘာလို့များတထစ်ချယုံကြည်နေမိပါလိမ့်..။

ဟိုကတော့..ကိုယ့်ကိုရှိတယ်လို့တောင်သဘောမထားတာ
မလား..။

လောလောဆယ် တော့SeHunကို ခြံပေါက်ဝနားမှာ
ယောင်လည်လည်လုပ်နေတာ တွေ့လို့..
ရုပ်ရှင်တစ်ကားလောက်ရိုက်ပြမယ် စိတ်ကူးတွေနဲ့..
ခြံနဲ့မလှမ်းမကမ်းမှာ ကားရပ်လိုက်သည်..။

အရင်ဆို..ဒီလိုရုပ်ရှင်တစ်ခုခုရိုက်မယ်ကြံတိုင်း
SeHunနဲ့ကျွန်တော်အမြဲပူးပေါင်းခဲ့ကြတာကို လွမ်းမိသည်..။

ထားပါတော့..ရှိစေတော့..။

ကားရပ်ပြီးတဲ့နောက်..တွေတွေလေးကြည့်လာတဲ့
Minကို ..သာသာလေးပဲပြုံးပြလိုက်ပြီး..
တစ်ဖြည်းဖြည်းချဉ်းကပ်လိုက်တာက..
ပန်းနုရောင်သမ်းနေသည့် အိအိထွေးထွေးနှုတ်ခမ်းပါး..။

မြတ်နိုးခဲ့ဖူးသည့် နှူတ်ခမ်းပါးလျပ်လျပ်နဲ့တော့အရသာချင်း
ကွာပေမယ့်..
နှစ်ခြိုက်စွာ နမ်းခြိုက်မိလိုက်သည်..။

နှတ်ခမ်းနီအနံ့သင်းသင်းမွှေးမွှေးက..
တော်တော်လေးကိုဆွဲဆောင်နိုင်လွန်းသည်..။

ကျွန်တော့်လည်ပင်းကို သိုင်းဖက်လာခဲ့သည့်
လက်လှလှလေးတွေ...။

တစ်ချက်တော့အားနာစိတ်ဝင်မိပေမယ့်လဲ..
ရှေ့ဆက်တိုးသွားမိသည်..။

အဲ့အချိန်မှာပဲ..ထင်ထားသလို..ကားတံခါးခေါက်သံ
ကျယ်ကျယ်ထွက်ပေါ်လာခဲ့သည်..။
လှည့်ကြည့်နေစရာမလို..SeHunee မှန်းသိတာမို့
အနမ်းကိုလက်စသတ်လိုက်ပြီး..
ခပ်ချေချေအပြုံးတစ်ခုနဲ့ ကားမှန်ကို အသာလျှောချပေးလိုက်သည်..။

"hyung..!
အဲ့တာ ဘာလုပ်နေတာလဲ..!?"

"အာ..SeHunee ကို..မိတ်ဆက်ပေးရဦးမယ်..
ဒါhyung ချစ်သူ..Minတဲ့..
Min..ဒီဘက်က.."

"hyung..ရူးနေတာလား..!
ဆင်းခဲ့..ကားပေါ်က အခုဆင်းခဲ့..!!"

စကားပြောလို့တောင်မဆုံးသေး..။
ကားထဲကဆွဲထုတ်မတတ် သောင်းကျန်းနေသည့်
SeHunee..။

သူများကိုရုပ်ပျက်ဆင်းပျက်လုပ်တဲ့နေရာမှာ
ဒီညီအစ်ကိုတွေနည်းနည်းတော့ဆင်ကြသားပဲ..။

ဒီတိုင်းရုပ်ရှင်ပါးပါးလေးပဲ ရိုက်ပြလိုက်တာကို..
တုန်လှုပ်သွားလိုက်တာများ..။

"hyungတို့အပျက်ပျက်နဲ့နှာခေါင်းသွေးထွက်ကြတော့မယ်နော်.."

ကိုယ်ဖန်တီးထားတဲ့အခြေအနေတစ်ခုနောက်ကွယ်မှာ..
ကောင်းကောင်းကြီးအောင်မြင်သွားတာမို့..
ခပ်ပြုံးပြုံးလေးလုပ်ပြီးကားပေါ်ကဆင်းလာခဲ့လိုက်သည်..။

Minကိုတော့ဒရိုင်ဘာနဲ့ အိမ်ပြန်ခိုင်းလိုက်ပြီဖြစ်သည်..။

ကဲ..အဲ့တာဆို..SeHuneeဆီကနေ..
အပြစ်တင်သံတွေနားထောင် ရတော့မလား..။

ဒီအတောအတွင်း..သူ့ကိုတောင်အဆက်အသွယ်ဖြတ်ထားခဲ့တာတွေ..။
ဘယ်ရောက်ပြီး ဘာလုပ်ခဲ့မှန်း..
တစ်ခွန်းမှ မပြောတာတွေ..။

ဒါပေမယ့်..ကျွန်တော် တွေးထင်ထားခဲ့တာထက်ကို
လောကကြီးကပိုဆန်းကြယ်နေတဲ့အခိုက်..
SeHunee ပါးစပ်ဖျားကနေထွက်ကျလာခဲ့သည့်
စကားတစ်ခွန်းက..
ကျွန်တော့်အတွက် မဟာပထဝီမြေပြင်ကြီး
တုန်ဟည်းသွားသလားပင်..။

"အဲ့Byun Baek Hyunက..
hyungကိုချစ်နေတယ်..."

"ဟမ်..! ငါ့ကိုသတ်ဖို့လုပ်တဲ့ကောင်က
ငါ့ကိုချစ်တယ်ဟုတ်လား..!?"

"အင်း..ကျွန်တော်တို့်မထင်ထားလောက်အောင်..
သူလဲ hyungကိုချစ်နေခဲ့တာတဲ့.."

"SeHun..မင်းလဲရူးနေရင်..သူနဲ့အတူတူ
စိတ္တဇဆေးရုံသွားကြကွာ..
မဟုတ်တာ တွေနားထောင်ဖို့..ငါအချိန်မရှိဘူး.."

"ကျွန်တော်တစ်ကယ်ပြောတာ..hyung..!!"

အိမ်ထဲဝင်ဖို့ပြင်နေသည့်ကျွန်တော့်ကို..
လက်တွေနဲ့ခပ်တင်းတင်းဆုပ်ကိုင်ပြီး..
ကျွန်တော့်မျက်လုံးတွေတည့်တည့်စိုက်ကြည့်ရင်း
ပြောနေတဲ့SeHunee မျက်နှာမှာ..

စနောက်နေတဲ့အရိပ်အယောင်တွေ..တစ်ခုမှမတွေ့ရ..။

အဲ့တာဆို..?

အသားဆွဲဆိတ်ကြည့်တော့လဲ နာလို့..အိမ်မက်မက်နေတာ
မဟုတ်မှန်းလက်ခံလိုက်သည်..။

"SeHun..မင်းသိထားတွေပြောပြ..!"

မျက်ရည်စက်တွေ အလုအယက်လျှံထွက်လာပြီး
မြေပြင်ပေါ် ဒူးထောက်ထိုင်ကျသွားတဲ့အခိုက်...

ကျွန်တော့်ကမ္ဘာလှလှပပပဲ ပြိုပျက်သွားခဲ့ပြန်သည်..။

SeHun ပြောပြလာမယ့်အကြောင်းအရာတွေသာ
အမှန်ဆိုရင်..
ကျွန်တော်ကနှစ်ပေါင်းမြောက်မြားစွာ..အရူးလိုဖြစ်နေခဲ့တာပေါ့...။

:::::::::::::::::::::::::::::::::::::::::

"hyungကို..ကားဗုံးထောင်တဲ့နေ့က
သူကျွန်တော့်အခန်းကိုပြေးလာတာ..အရူးလိုပဲ.."

"မျက်ရည်တွေကျပြီး..hyungကို ကားထဲကအမြန်ထွက်ဖို့ဖုန်းဆက်ခိုင်းတယ်.."

"ဗုံးထောင်တုန်းကထောင်ပြီးဘာလို့အသေငိုနေတာလဲမေးတော့..."

SeHunစကားတစ်ထောက်နားနေတဲ့အချိန်..
အသက်ကိုဝင်သက်ထွက်သက်ပုံမှန်ဖြစ်အောင်ကြိုးစားရှူ
နေရတာသိပ်အဆင်မပြေလှ..။

နှစ်ယောက်လုံးမြေပြင်ပေါ် ကျုံ့ကျုံ့လေးထိုင်ပြီး
ဒီတိုင်းတွေဝေငေးမောစွာ..။

အရေးအကြီးဆုံးအကြောင်းအရာဆီရောက်လာတာမို..
အသက်ရှူဖို့တောင်မေ့လျော့သွားသလိုမျိုး...။

"hyung ထက်မပိုတောင်..hyungနဲ့ထပ်တူ
ချစ်ပါတယ်တဲ့..ဒါပေမယ့်သူ့အဖေလိုဖြစ်မှာစိုးလို့..
သူဒီလိုတွေလုပ်ခဲ့မိတာတဲ့.."

"ငါက..စောက်ရူးလား..ဟမ်..!
SeHun ပြောကြည့်စမ်းပါ..SeHunရဲ့..!!!"

"သူရူးတာပါ..hyungရယ်....."

ဇာတ်ကြောင်းတစ်ခုလုံးကို..နားလည်သွားခဲ့တဲ့အခါ..
နာကျင်ရလွန်းလို့မျက်ရည်စက်တွေထပ်ခါထပ်ခါ
ကျလာခဲ့သည်..။

ရက်စက်ပြတုန်းကလဲ..ရက်စက်ခံရသလောက်ငိုရသည်..။

ချစ်တယ်လို့သိရတော့လဲ ငိုရသည်..။

ကျွန်တော်ကိုကကျိန်စာသင့်နေတာ...!

ချစ်ဖို့မထိုက်တန်တဲ့လူကိူ ချစ်နေမိတာ..!

"အဲ့တစ်ယောက်က တော်တော့်ကို ရူးနေတာပဲ..
အဲ့သူ့အဖေနဲ့သူ့အမေစိတ်ကြောင့်သွက်သွက်ခါအောင်
ရူးနေတာ..!"

"အဲ့တာကြောင့် hyungကပဲ နားလည်ပေးလိုက်ပါနော်.."

"ငါအမြဲတမ်းနားလည်ပေးနေတာပဲ..!"

"hyungကပဲ အလျှော့ပေးပြီး..
နှစ်ယောက်သား ချစ်ချစ်ခင်ခင်နေလိုက်ကြပါလား..?
ကျွန်တော်ကြားကတောင်းဆိုပါတယ်.."

မသက်ဆိုင်သူကပဲထပ်မံတောင်းဆိုလာတဲ့
ဇာတ်လမ်းတစ်ပုဒ်ကို..
ရှေ့ဆက်တိုးရမလား..
ဒီတိုင်းပဲ ရပ်တန့်ထားရမလား..?

ချစ်ပေမယ့် နာကျင်ရလွန်းအားကြီးတယ်မလား..။

ဒါပေမယ့်..!

"SeHun..မင်းhyungနဲ့ပူးပေါင်းရဦးမယ်ထင်တယ်.."

ဘယ်လောက်ပဲနာကျင်ရနာကျင်ရ..
ရင်ထဲမှာနက်ရှိုင်းစွာနေရာယူထားတဲ့အချစ်ကို...
မြတ်မြတ်နိုးနိုးနဲ့ဖော်ထုတ်ဖို့ပဲ စိတ်ကူး
ရှိတော့...

ကျွန်တော်ကံတရားကြီးကို..
အလောင်းအစားထပ်လိုက်မိပြန်တယ်..။

ဒီတစ်ခါကျွန်တော်နိုင်မယ်..လို့..
တထစ်ချယုံကြည်တယ်..။

ဒီအတောအတွင်း..စိတ်လွင့်ပြီး..
နေချင်သလိုနေ..
လုပ်ချင်သလိုလုပ်ပြီး..ကမောက်ကမဖြစ်နေတာတွေ
အကုန်..နေရာတကျပြန်ဖြစ်တော့မယ့်ခံစားချက်မျိုး..။

အဟား..!

မင်းငါ့ကိုဆယ်ခါပြန်သတ်မယ်ဆိုရင်တောင်..
မင်းငါ့ကိုချစ်တယ်ဆိုတဲ့စကားတစ်ခွန်းနဲ့တင်..
မီးကိုရေနဲ့ငြှိမ်းလိုက်သလိုပဲ..။

ငါ့ရင်ထဲကအချစ်တွေက မင်းအတွက်အမြဲ ရှိနေတယ်..
BaekHyun...။

::::::Tyranny ::::::::

Dancing Floor တစ်နေရာထဲမှာပဲ..
မီးအလင်းရောင်ရှိနေပြီး..
ကျန်တဲ့နေရာက အမှောင်ချထားလုနီးပါး..။

ယောကျ်ားနဲ့မိန်းမ ဖက်ပြီးတွဲကနေတာတွေ..
နမ်းရှုံ့နေတာတွေ..

အားလုံးက အချစ်မုန်းတီးရေးဝါဒီသမားတစ်ယောက်အနေနဲ့တော့ဘယ်လိုမှ အဆင်မပြေ..။

ပုံမှန်ဆို..ဒီအချိန်..ကိုယ့်အခန်းထဲမှာကိုယ်..
နှစ်နှစ်ခြိုက်ခြိုက်အိပ်နေလိုက်မှာပေမယ့်..
ဒီနေ့တော့..ညဆယ့်နှစ်နာရီခွဲနေတာတောင်..
ကိုယ်မကြိုက်တဲ့နေရာကို အရောက်လာခဲ့မိသည်..။

အဲ့တာကလဲ...။

မမြင်ရတာ အတော်လေးကြာပြီဖြစ်တဲ့..

ပြောရရင်..ကျွန်တော်ချစ်တဲ့လူ...။

အလေ့အကျင့်ဖြစ်နေတဲ့အကျင့်တစ်ခုကိုတောင်..
မလုပ်လိုက်ရရင်..စိတ်ထဲတစ်မျိုးကြီးဖြစ်တတ်ကျတာ
မလား..။

အဲ့တာကြောင့် ဟိုးဆယ်နှစ်သားဘဝကတည်းက
အခုထိ ဘေးနားမှာတောက်တဲ့လိုတွယ်ကပ်နေခဲ့တဲ့လူက
သုံးလကြာပြီးတဲ့အထိ ဘေးနားကနေပျောက်နေခဲ့တာဆိုတော့ကာ...။

ပြီးတော့..ဒီတစ်ခေါက်က ကျွန်တော့်ဘက်က
တော်တော်လေးလွန်သွားခဲ့တယ်မလား..။

တောင်းပန်စကား တစ်ခွန်းလောက်တော့..
သေချာလေးပြောချင်ပါသည်..။

လွန်ခဲ့သည့်နှစ်ရက်က သူနဲ့အဆက်အသွယ်ပြန်ရပြီဆိုပြီး
ပြောလာခဲ့သည့်SeHunကြောင့်..
ကျွန်တော်ဘယ်လောက်အထိပျော်သွားရလဲ..
ကျွန်တော်အသိဆုံး..။

ဒီအတောအတွင်း..ကျွန်တော် မှားခဲ့တာတွေအတွက်
သူကျေနပ်တဲ့အထိ အလုံးစုံဝန်ချတောင်းပန်မယ်လို့
စိတ်ပိုင်းဖြတ်ပြီး..
ဒီနေ့ည သူရှိနေမယ့်နေရာကို အရောက်လာခဲ့မိတာ..။

Byun Baek Hyun မပီသစွာ..
လက်ဖျားတွေတောင်ချွေးစို့နေသည်...။

"hyung..!
Chan Yeol hyung လာနေပြီ.."

စုံတွဲတစ်တွဲကနေတာကို..ကြည့်ရှုနေတုန်း..
ဘေးနားအသာကပ်ပြောလာသည့်SeHunကြောင့်..
ကျွန်တော့်နှုတ်ခမ်းတွေအပေါ်ကော့ညွှတ်သွားသည်..။

ChanYeolဆိုတဲ့အသံကြားရင်တောင်..
တစ်ကိုယ်လုံး ရှိန်းတိန်းဖိန်းတိန်းဖြစ်ပြီး..
အရမ်းပျော်ရွှင်မိတာတောင်မှ..
ဒီအတောအတွင်းကျွန်တော်ဘာတွေများ
လုပ်ခဲ့မိတာလဲ..။

အဟား..!
ကျွန်တော်အချိန်မှီလောက်သေးပါတယ်နော်...။

"အဲ့တာက ဘာဖြစ်နေကြတာလဲ..?"

ကိုယ်မှားခဲ့တာတွေအတွက်..သူကျေနပ်အောင်
ဝန်ချတောင်းပန်မယ်စိတ်ကူးတွေနဲ့..

ဘေးနားသွားဖို့ပြင်နေတုန်း...

ပထမဆုံးမြင်လိုက်ရတာက ..သူ့မျက်နှာချောချော..။

ပြီးတော့ သူလက်ဆွဲခေါ်လာတဲ့ မိန်းမချောချော..။

ပြီးတော့..!

dancing floor ထဲမှာတင်..မိုးမမြင်လေမမြင်
နမ်းရှိုက်နေကြတဲ့မြင်ကွင်း..။

နေပါဦး..။
ဒါတွေမြင်ဖို့ကျွန်တော်က ညကြီးမင်းကြီး...
ကိုယ်နဲ့သဟဇာတမဖြစ်တဲ့နေရာကြီးမှာ..
တစ်နာရီနီးပါးလောက်ထိုင်နေခဲ့ရတာလား..။

"ငါ..အဲ့တာကြောင့် အချစ်ဆိုတာကြီးကို မယုံတာ..
အလကားပေါက်လွတ်ပဲစားတွေ..!"

"hyung..ခဏနေပါဦး..
သူhyungကိုရွဲ့နေတာရော မဖြစ်နိုင်ဘူးလား..?"

"ဘာကိုရွဲ့နေတာလဲ..?
ငါဒီမှာရှိနေတာသူသိရအောင် ဒီဘက်တောင်တစ်ချက်လှည့်ကြည့်ခဲ့လို့လား..
ရောက်ကတည်းကအဲ့မိန်းမနဲ့ဖက်နမ်းနေတာလေ..
ဖယ်..!
ငါပြန်မယ်.."

ရင်ခေါင်းထဲထိ ဆို့တက်လာတဲ့နာကျင်မှုတွေကို..
ဒေါသတွေနဲ့အရည်ဖျော်ချလိုက်ပြီး..
နေရာကနေ ချာခနဲ လှည့်ထွက်လာခဲ့သည်..။

ဟင့်အင်း..ကျွန်တော်အဆင်မပြေဘူး..။

သူပြောတော့ ကျွန်တော့်တစ်ယောက်တည်းပဲ ချစ်တာပါဆို..။
ကျွန်တော့်တစ်ယောက်တည်းပဲ နမ်းချင်တာပါဆို..။

အခုတော့ အပြောနဲ့အလုပ်တစ်ခြားစီပါလား..
Park Chan Yeolရယ်..။

"အိုး..ဒါဘယ်သူလေးလဲ..
Byun Baek Hyunလေးပါလား..?
ကိုယ့်ရဲ့BaekHyuneeလေး.."

"လွှတ်နော်..!"

"မင်းငါ့ကို သတ်ဖို့လုပ်ခဲ့တာအတွက်..
ဘာတစ်ခွန်းမှ မတောင်းပန်ရသေးဘူးနော်..
ဒီရင်ဘတ်တစ်ခုလုံး မွစာကြဲနေတာ..
မင်းမသိဘူးမလား..?"

ကလပ်အပြင်ထွက်သည့်တံခါးဝရောက်ခါနီးလေးမှာပင်..
လက်ကိုအကြမ်းပတမ်းဆွဲကိုင်ခံလိုက်ရပြီး...

ပထမ..အပြုံးမျက်နှာ..
ဒုတိယ..မချိပြုံးနဲ့အံကြိတ်ပြနေသည့်..နာကျင်ကြေကွဲ
နေသည့်အရိပ်အယောင်တွေ...။

လူတွေကြားထဲဖြတ်ပြီးဆွဲခေါ်ခံသွားရတော့လဲ..
သူနဲ့ယှဉ်ရင်..ကိုယ်ဆိုတာ..ဘယ်တုနူ်းက
ရုန်ူးကန်လို့ရခဲ့တာရှိဖူးလို့လဲ..။

သူ့အလိုကျ..သူခေါ်ဆောင်သွားသည့်နေရာကို..
ငြိမ်ငြိမ်လေးလိုက်သွားရုံကလွဲလို့..။

ဒီတစ်ခါတော့..စိတ်လိုလက်ရ လိုက်သွားမိတာနဲ့တူတယ်..။

ဟိုမိန်းမနဲ့နမ်းနေတာတွေ့လိုု်က်ပေမယ့်..
လက်ချောင်းတွေကို အတင်းဖိညှစ်ချုပ်ကိုင်လာတဲ့..
သူ့အထိအတွေ့ကြမ်းကြမ်းတွေကို..
ကိုယ်တိုင်တောင်သတိမထားမိပဲ..
နှလုံးသားကနှစ်ခြိုက်နေခဲ့တာထင်ပါရဲ့...။

ဒီတိုင်းသူ့အလိုကျလေးလိုက်လျောပေးလိုက်သည်..။

ဂျိမ်းခနဲ တံခါးပိတ်သံအဆုံး...
အပြင်မှာလို..မီးမှိန်မှိန်လေးပဲထွန်းထားတဲ့
အခန်းလှလှလေးတစ်ခုက..ကြိုဆိုသည်..။

ကျွန်တော်နဲ့သူ..နှစ်ယောက်တည်း..။

SeHunee လဲမရှိ .ဘယ်သူမှမရှိ..။

::::::::::::::::::::::::::::::::::::::::::

"မင်းကို သိပ်ချစ်ပါတယ်လို့တဖွဖွ ပြောနေတဲ့လူကို
သတ်ရတဲ့အထိမင်းသိပ်ရူးနေတာလား..!
ဟမ်..ပြောလေ..."

"မင်းနာကျင်ရသလို..ငါလဲနာကျင်ရတာပဲ..!!!!
ငါ့စိတ်တွေကိုလွှတ်ချတော့မယ်လို့တွေးလိုက်တိုင်း..
အဲ့အတွေးတွေပဲ ဝင်ဝင်လာတာ..
psychoလိုပဲ..
မင်းသိလား..မင်းငိုခဲ့ရသလောက်..ငါလဲငိုခဲ့ရတယ်..!!!"

"မင်း..စောက်ရူးပဲ...!!!!!"

အခန်းထောင့်က ဆိုဖာပေါ်..
လက်ကနေဆောင့်ဆွဲပြီးလွှတ်ချခံလိုက်ရလို့...

နာသွားတာကိုတောင်မပွတ်အား...။

တရစပ် ထွက်ကျလာခဲ့သည့်အပြစ်တင်စကားတွေ..။

စောစောက တော့ သူကျေနပ်အောင်တောင်းပန်မယ်လို့
မိုးတစ်ကြီးလေတစ်ကြီးတွေးထားပေမယ့်..
လက်တွေ့ကျတော့..ထုံးစံအတိုင်း..။

"မင်းကိုအနားမှာ..ထားချင်တယ်လို့တွေးမိတိုင်း..
အဝေးကိုတွန်းထုတ်ချင်နေတဲ့စိတ်တွေဝင်ဝင်လာတာ
ငါဘယ်လောက်ခံစားရခက်ခဲ့လဲသိလား..?
အဲ့တာကြောင့်အပေါစားဆန်တာတွေမလုပ်ပြပါနဲ့လား.."

"အဲ့မိန်းမက..ဘယ်သူလဲ.."

"အထက်တန်းကျောင်းတုန်ူးကလဲတစ်ခေါက်..
အခုလဲတစ်ခေါက်..
ငါကဘာမှ မခံစားတတ်ဘူးလို့မင်းထင်တာလား..?"

ကျွန်တော့်ကိုစိတ်အနှောင့်အယှက်ဖြစ်အောင်လုပ်ကြမယ်လို့ SeHunနဲ့တိုင်ပင်နေကြတာကိုကြားပြီး
နောက်တစ်နေ့မှာပင်..
ကျွန်တော့်မျက်စိရှေ့မှောက်မှာ..သူနဲ့..
ကျောင်းယူနီဖောင်းချင်းဆင်တူသည့် ကောင်မလေးတစ်ယောက်နဲ့ ပလူးပလဲနေပြပြီး...

နဖူးနမ်းပြတာတွေ..
လက်တွဲပြတာတွေကို..ရက်ပိုင်းအချို့လောက်လုပ်ပြခဲ့သည်..။

ဒီတိုင်းကျွန်တော်သဝန်တိုအောင်..ဟန်ဆောင် ရည်းစားထားပြတာပဲ ထင်ပေမယ့်..
စုံစမ်းကြည့်တော့ .တကယ့်ရည်းစားမှန်းသိလိုက်ရတဲ့အချိန်..ကျွန်တော်ဘယ်လောက်ထိကမ္ဘာပျက်ခဲ့ရသလဲ..။

အဲ့တုန်းက ဒီလိုမျိုးပေါက်ကွဲပြဖို့လဲစိတ်မရှိ..။

ဒီတိုင်းတစ်ယောက်တည်းကြိတ်ခံစားပြီး..
သူ့ကိုပိုပြီးရက်စက်ပြခဲ့မိတာတွေ..။

အဲ့တာကို..သူအခု
တစ်ပုံစံတည်း..ထပ်လုပ်ပြပြန်သည်..။

ကျွန်တော်ထင်တာမမှားဘူးဆိုရင်..
ဒီည..little star clubမှာ..ChanYeol hyung
ရှိမယ်ဆိုပြီး ကျွန်တော့်ကို ခေါ်လာခဲ့တဲ့..
ချစ်လှစွာသော ညီငယ်လေး SeHunလဲ..
ဒီကိစ္စမှာပါဝင်ပတ်သက်လောက်ရောပေါ့..။

ထားပါလေ..။

လောလောဆယ်တော့..အသက်ပဲထွက်မလား..
ကျွန်တော့်ကိုပဲဆွဲထိုးမလား
ဖြစ်နေတဲ့အရှေ့က..
ကမူးရှူးထိုးဖြစ်နေတဲ့လူဆီပဲ..
သေချာလေးအာရုံပို့လိုက်မိသည်..။

ကိုယ်က တော်တော်လေးအမှားလုပ်ထားတာမို့..
ဒီတစ်ခါသူ့ကိုနည်းနည်းကြောက်နေမိတယ်ပဲ
ပြောရမလား..။

ဇာတ်လမ်းဆက်ဖို့မဆက်ဖို့က..
သူ့ပေါ်မှာပဲ အားလုံးမူတည်နေတယ်ဆိုတော့...။

ဒါပေမယ့်..Park Chan Yeol ဆိုတဲ့လူဟာ..
ကျွန်တော့်ကို ဘယ်တော့မှ စိတ်မပျက်စေဘူးဆိုတာ..
ထပ်မံသိရှိလိုက်ရသည်...။

အရမ်းကိုဒေါသထွက်နေတဲ့ပုံပေါက်ပေမယ့်လဲ..
ဆန့်ကျင်ဘက်ဖြစ်စွာပင်...
တစ်ချိန်တည်းမှာ...မြတ်မြတ်နိုးနိုူးနမ်းရှိုက်တတ်သေးသည်..။

"Baek Hyun..
မင်းငါ့ကိုချစ်လား..မချစ်ဘူးလား..?
တစ်ခုပဲဖြေ..!"

"အင်း..ချစ်တယ်..
မင်းကို..ချစ်တယ်..အင့်..!"

ဒီတစ်ခါတော့လုံးဝလက်မလွှတ်တော့ဘူးလို့စိတ်ပိုင်းဖြတ်
လိုက်ပြီး..
လက်သီးနှစ်ဖက်ကို ကျစ်ကျစ်ပါအောင်ဆုပ်ရင်း..
ကိုယ့်ရင်ထဲမှာအမှန်တကယ် ခံစားနေရတာတွေကို..
ဖွင့်ချပြလိုက်တဲ့အခါ..။

ကျွန်တော့်ဦးခေါင်းအနောက်ဘက်ကိုလုံးဝညွှတ်ကျသွားတဲ့အထိ..
သူ့ကိုယ်လုံးကြီးကြီးကို..ကိုင်းညွှတ်ချကာ..
ကျွန်တော့်နှုတ်ခမ်းသားတွေဆီ ချဉ်းကပ်လာတဲ့သူ..။

ဆိုဖာ ခုံနဲ့ခေါင်းရိုက်မိမယ်လို့်...
ထင်လိုက်ပေမယ့်
သေချာလေးထိန်းကိုင်ပေးလာတဲ့လက်ချောင်းတွေ..။

တစ်ချိန်တည်းမှာပင်..နှုတ်ခမ်းသားတွေဆီကနေ
တစ်ဆင့်..နူးညံ့အိထွေးသည့်အထိအတွေ့တစ်ခုကို..
ခံစားသိရှိလိုက်ရသည်..။

အကြိမ်ကြိမ်အခါခါနမ်းရှိုက်ခံခဲ့ရပေမယ့်..ဒီတစ်ခါက
ပိုပြီးနူးညံ့နေသလို..။

အနမ်းရေကြော ခေတ္တရပ်တန့်တိုင်းမှာ..
နူးနူးညံ့ညံ့ပေးလာတဲ့အကြည့်တွေ..။

အရမ်းချစ်လွန်းလို့..ဒီတစ်ခါတော့..
ကျွန်တော့်ဘက်ကပဲ..စတင်နမ်းရှိုက်မိလိုက်သည်..။

အဲ့ဒီအခါ..တိုးဖွဖွထွက်လာခဲ့သည့်ရယ်သံသြသြနဲ့အတူ
ကျွန်တော့်ကျောပြင်နဲ့ဆိုဖာ ကပ်သွားခဲ့သည်...။
သူကျွန်တော့်ကိုယ်ပေါ်အုပ်မိုးရောက်ရှိလာခဲ့သည့်
အနေအထား..။

"နည်းနည်းတော့ကြပ်မယ်နော်.."

"ရတယ်.."

ကျွန်တော့်လက်တွေကိုယူပြီး..သူ့လည်ပင်းမှာ
သိုု်င်းတင်ပေးကာ..
သူ့လက်တွေကလဲ ကျွန်တော့်ခါးပေါ်မှာ..။

ဆိုဖာခုံကျဉ်းကျဉ်းထဲ..ကျွန်တော်ကသူ့ရင်ခွင်ကျယ်ကြီးထဲမှာ..နစ်မြှပ်လို့..။
နည်းနည်းတော့နေရခက်ပေမယ့်..
ကျွန်တော်တို့အနမ်းတွေကို ရှေ့ဆက်ဖြစ်ကြသည်..။

စောစောက အခြေအနေနဲ့ဆန့်ကျင်ဘက်ဖြစ်စွာ..
အခန်းကျဉ်းလေးထဲမှာ..
အချစ်ရဲ့ အရိပ်အယောင်လေးတွေပဲ..ဖြစ်ထွန်းလို့..။

ကျွန်တော်..အရင်က ရူးမိုက်နေခဲ့တာပဲဖြစ်မည်..။

ဒီလောက်မက်မောစရာကောင်းလွန်းတဲ့အနမ်းကို..
ခဏခဏရခဲ့တာတောင်မှ..
မိုက်ကန်းပြီး ငြင်းပယ်ခဲ့တာမလား..။

"ဟား..!"

နှုတ်ခမ်းအလှည့်ပြီးတော့..ကျွန်တော့်အကျီၤကြယ်သီး
တစ်လုံးကိုဖြုတ်လိုက်ပြီး..
အနည်းငယ် ကျယ်ပြန့်စွာ ပေါ်လာသည့် လည်တိုင်ရဲ့
အလယ်တည့်တည့်နေရာကို..

သူ့နှုတ်ခမ်းဖူးဖူးနဲ့ အသေအချာစုပ်ယူလိုက်တဲ့အခါ..။

အရင်အခေါက်တွေတုန်ူးကလိုပင်..
သူ့နာမည်ကို နင့်နင့်နဲနဲအော်ခေါ်ချင်စိတ်တွေကို..
မနည်းထိန်းလိုက်ရပြီး
အဲ့ဒီအစား ခြေဖျားတွေကို အတင်းကော့ညွတ်လိုက်ရသည်..။

သူကတော့အလိုက်ကန်းဆိုးမသိ..။

လည်တိုင်တစ်ခုလုံးကို..နှုတ်ခမ်းဖူးဖူးတွေနဲ့..
စိတ်တိုင်းကျ နယ်ချဲ့လို့နေသည်..။

ကျွန်တော့်မှာတော့တွန့်တွန့်ကိုလူးလို့..။

Chanလို့ မက်မက်မောမော အော်ခေါ်လိုက်ချင်ပေမယ့်
ထွက်မလာတဲ့အသံကိုလဲ ကျိန်ဆဲရလွန်းလို့ရူးချင်ချင်..။

"ဒီလောက်ပဲ..ကျန်တာက နောက်မှပဲ.."

ကျွန်တော့်အကျီၤကိုဆိုဖာအောက်ပစ်ချလိုက်ပြီး
မိနစ်ပိုင်းအနည်းငယ်ကြာတဲ့အထိ..
ကျွန်တော့်ခန္ဓာကိူ်ယ်အပေါ်ပိုင်းကို..
သူ့စိတ်တိုင်းကျ တံဆိတ်ခပ်နှိပ်ပြီးတဲ့နောက်မှာတော့..

ကျွန်တော်လဲ သာယာလွန်းတဲ့အချစ်နွံထဲမှာ
လက်ပစ်ကူးနေရင်းကနေ ကမ်းဆိုက်လာခဲ့သည်..။

"ချစ်တယ်လို့ပြောထားတာကို..မပြင်ကြေးနော်.."

"ငါ့ကိုဆော့နေတယ်လို့များမင်းထင်နေတာလား..?
မချစ်ဘူးဆိုရင်..ဒီလိုတောင်အထိခံမှာမဟူတ်ဘူး..
သဘောပေါက်.."

"ငါကမင်းမထိခိုင်းတိုင်း..မထိမယ့်လူလား..?
ဒီအတောအတွင်း..
ဒီလိုအနေအထားအထိ ခဏခဏ ရောက်ပြီးတာကို..
သူလဲမသိတာကျ.."

"Park Chan Yeol..!
မင်းပါးစပ်ပိတ်ထားနော်.."

တုန်ယင်မောဟိုက်တာတွေကို ပုံမှန်ဖြစ်အောင်ပြန်လုပ်နေရလို့ အကျီၤတောင်မဝတ်နိုင်သေးတာကို..
ဝတ်ပေးမယ်တော့စိတ်ကူးမရှိ..။

ဆိုဖာအောက်မှာ ထိုင်ချပြီး..
ချစ်တာတွေ..နမ်းတာတွေကို တစ်ခုတ်တရပြောနေသေးတဲ့လူ..။

တစ်ချက်ပြုံးပြီး နှုတ်ခမ်းကို လာနမ်းလိုက်သေးသည်...။

လူတွေများနော်..။
ခွင့်ပြုလိုက်တာနဲ့ကို ခဏခဏ လိုချင်နေတော့တာပဲ..။

"အဲ့တာဆို..မင်းနဲ့ငါ...အခု..
ချစ်သူတွေဖြစ်သွားပြီပေါ့နော်.."

"မဖြစ်ချင်ဘူးလား.?"

"ဟားဟား..! အချစ်ကလဲ..
ကိုယ်ကပျော်လွန်းလို့ခဏခဏမေးနေမိတာပါနော်..
အဲ့နှုတ်ခမ်းလေးကိုထော်ထော်မပြစမ်းပါနဲ့.."

အပြင်ကနေကြားရလောက်တဲ့အထိ..
အကျယ်ကြီးရယ်နေတဲ့လူကို..
မျက်စောင်းတွေ ထိုးလိုက်မိပေမယ့်...

ရင်ထဲမှာ..သူနဲ့ထပ်တူ ပျော်ရွှင်နေမိတာတော့..
ကျွန်တော်သာသိသည်..။
ကျွန်တော့်လုပ်ရပ်တွေအတွက်..အသေအချာ
မတောင်းပန်လိုက်ရပေမယ့်..
ကိုယ်လဲသူ့ကို ချစ်တယ်ဆိုတဲ့စကားတစ်ခွန်းနောက်ကွယ်မှာ..အားလုံးကိုသင်ပုန်းချေပေးပြီး..

အရင်လိုပဲ..ပြန်လည်ကြင်နာပေးခဲ့တဲ့လူ..။

ဒီလူ့ကိုမှ ကျွန်တော်မချစ်ရင်..ဘယ်သူ့သွားချစ်ရမလဲ..။

ကျွန်တော့်ကိုအရာရာနားလည်ပေးတဲ့လူ..။

ကျွန်တော့်ရဲ့soulmate..။

ခန္ဓာကိူယ်ကိုအောက်နည်းနည်းလျှောချလိုက်ပြီး
ဆိုဖာကိုမှီထိုင်နေတဲ့လူရဲ့
လည်တိုု်င်လှလှကို
အနောက်ကနေ အသာသိုင်းဖက်လိုက်ကာ..
နှုတ်ခမ်းနဲ့ခပ်သာသာလေးထိကပ်နမ်းရှိုက်နေလိုက်သည်..။

သူကလဲ ကျွန်တော့်လက်ချောင်းတွေကို..
သူ့လက်ချောင်းတွေနဲ့ ပြန်လည် ဖက်တွယ်လာခဲ့သည်..။

အဲ့ဒီအနေအထားအတိုင်းမိနစ်ပိုင်းအနည်းငယ်ကြာတော့
ကျွန်တော့်မျက်လုံးတွေမှေးစင်းလာခဲ့သည်..။

ဘာအနံ့မှမရှိတဲ့ဆံနွယ်တွေကြားထဲ နှာခေါင်းနှစ်ထားရင်း
အိပ်ပျော်ခြင်းလမ်းကြောင်းဆီပျော်ရွှင်စွာ
လှမ်းတက်လိုက်ခဲ့သည်..။

ချစ်တယ် Chan Yeol..။

အရင်လိုမိုက်ရူးရဲဆန်တာတွေကို ထပ်မလုပ်တော့ဘူးလို့ကတိပေးတာမို့..
မင်းဘက်ကလဲ...
ငါ့အမေနဲ့အဖေ့လိုအဖြစ်အပျက်မျိုးမဖြစ်စေရပါဘူးလို့
အကြိမ်ကြိမ်အခါခါပြောခဲ့တဲ့မင်းစကားအတိုင်း
တည်ပေးပါ...။

TBC #

သဘောကျကြမယ်လို့မျှော်မှန်းမိလျက်...

Continue Reading

You'll Also Like

152K 5.1K 33
Taekook Warning fic
105K 18.2K 58
❝ ﹏ මට මේක කියන්නකෝ අග්‍ර..බියුටි ඇන්ඩ් ද බීස්ට් එකේ කුමාරයා ශාපයක් නිසා එච්චර කැත රාක්‍ෂයෙක් වුනේ නැත්තම් බෙල් වගේ දුප්පත් කෙල්ලෙක් දිහා අඩුම තරමෙ බ...
57K 4.4K 61
ផែនដីក្រឡាប់ចាក់ មនុស្សស្អីតាំងពីកំលោះមកដល់ពោះម៉ាយកូនប្រាំហើយ រកប្រពន្ធជាប់លាប់និងគេ១ក៏គ្មាន មិនមែនលែងលះទៅឯណាទេ គឺពួកគេនិងស្លាប់ដោយគ្មានមូលហេតុនៅដែល...
87.3K 11.5K 42
Seokjinက ငါ့အိမ်ကကျွန်လေ... အိပ်စရာလူကုန်ရင်တောင် သူနဲ့တော့မအိပ်ဘူး၊ ကျွန်စော်နံလို့...[ABO/kookjin]