Tyranny Ver.1 [ ဖိနှိပ်​ညှင်​...

By relisia6800

172K 17.2K 1.2K

မင်းကမုန်းတယ်​လို့တဖွဖွ​ပြော​နေရင်​​တောင်​ ငါအဆင်​​ပြေပါတယ်​ BaekHyunee .. CV by Asuna Park ❤ More

1....
2...
3...
4...
5..
6.....
7...
8...
9...
10..
11..
13..
14..
15 ( မင်္ဂလာဦးည -.- )
16..
17( Changes )
18...
19..
20..
21...
Final..

12..

6.4K 804 110
By relisia6800

Zawgyi

"အာ..SeHun..လိုက်​ဦးမလား..




"ဟမ်​..!
မိုးရွာ​နေတာလား..?"







နေ​ပျော်​​နေတာကြီးကို.."

တောင်းပန်​ပါတယ်​.."

တစ်​ကယ်​..မငိုချင်​လို့..
လာ​ပြော​နေ​တော့..။

ဘယ်​လို​ပြောရမလဲ..။




ခဏ​လောက်
အရူးထခဲ့မိတာ ဆိုပြီး..

ဒီ​နေ့ဒီ အချိန်​ထိ..!




အရမ်းရွံ​နေပြီ...


ရင်​​တွေနာလွန်းသည်​...။


SeHun လဲ ​နေရာမပျက်​..

"အဲ့​ကောင်​..၀ဋ်​လည်​မှာ..
ငါ ကျိန်​လိုက်​တယ်​..!"


"ဟက်​..!
စိတ်​ချပါ..
နောက်​ထပ်​မမြင်​​စေရဘူး..!!"

"hyung..ရယ်​..."





ရန်​ရှာ​လာ​တော့လဲ..
စွန့်​လွှတ်​ရမှာမလား..?


:::::: Tyranny ::::::::::::

Before 3 days ago,...


"SeHun..!!!
SeHuneeeee...
SeHunee...!!!!!"

"wae..hyung..?
ဘာဖြစ်​လို့လဲ.."


"ဘာဖြစ်​လို့..?"

"​အဲ့တာ​တွေ​နောက်​မှ​မေး..

ဘုရား..!

လာထုလို့..



နေတဲ့ hyung​ကြောင့်
contactတစ်​ခုဆီသို့..။

ဗုံး​ထောင်​ထား​ကြောင်း
ပြောလာခဲ့သည့်



တော်​ပါ​သေးရဲ့..။



"အာ..​တော်​ပါ​သေးရဲ့...!"

ဖြူ​ဖျော့​နေရတာလဲ..ဟမ်​..!
hyung ရူးသွားပြီလား..!?"


တစ်​ဆိတ်​..။





ဘုရားသခင်​..။

သူနဲ့မတူ​အောင်​..


"ငါ..ငါ...




ဟားဟားဟား..!

ရူး​နေတာ..သူရူး​နေတာ..။

"အဲ့တာဆို..ဘာလို့..
ငို​နေတာလဲ..?"


မဖြစ်​ရဘူး​နော်​..။

ဒါ​ပေမယ့်​..

သူ့မျက်​နှာမှာ​ရော..

တစ်​ကယ်​မုန်းတယ်​..။


"ဘာလို့လဲ.."

"သူ့ကို...ချစ်​တယ်​...
မ​လျော့ဘူး..
ငါသူ့ကိုချစ်​တယ်​..




အဲ့တာ​ကြောင့်​..!"





ငါအရှက်​မကွဲ ချင်​ဘူး..."

ဝန်​ခံပြီး..
သူ့Park Chan Yeolက..
မသိလို့များ..!

ထားပါ​လေ..​နေပါ​စေ​တော့..။


အောက်​..




::::::::::: Tyranny ::::::::::::::::


မရှိ..။


အေး​ပေါ့​လေ..။
ညီပဲဟာ..။

arjuma ကအစတည်းက..
ကြိုက်​တာ..သ​ဘောမှမကျပဲ..။


မဆန်းပါဘူး​လေ..။





လွန်​ခဲ့သည့်​တစ်​ပတ်​..
Park အိမ်​​တော်​ဟာ..

ဘယ်​လိုမှ မ​နေနိုင်​ပဲ..arjuma ဆီလိုက်​လာခဲ့တာ
ဖြစ်​သည်​..။




"Se Hun​လေး.."


ဘက်​မှာ မရှိဘူးထင်​တယ်​..။


SeHun အသိဆုံးပါ..
SeHun ​လေးတို့ဘက်​ကပဲ..
နေ​ပေးကြပါလား..
SeHun လဲ ပြန်​ပါ​တော့.."


ထွက်​လာခဲ့လိုက်​သည်​..။

Park Chan Yeolရယ်​.."

အပြစ်​တင်​ရမလား..။




ပြောပြမိခဲ့ရင်​..



TBC##

How?
လို​သေးတယ်​ ထင်​လား..?

Unicode

Zawgyi

"အာ..SeHun..လိုကျဦးမလား..
hyung ဟိုနားဒီနားလမ်းပတ်လျှောက်မလို့.."

အခန်းထဲမှာပဲ အောင်းနေရတာ ငြီးစီစီဖြစ်လာလို့
အပြင်လေးဘာလေးထွက်ဖို့လုပ်နေတုန်း
လှေကားထိပ်မှာ SeHunနဲ့ဆုံသည်..။

ကျွန်တော့်အခြေအနေကို လာကြည့်တာထင်ပါရဲ့..။

"အပြင်မှာမိုးတွေဒီလောက်ရွာနေတာကိုလေ..
လမ်းထွက်လျှောက်မယ်တဲ့လား..hyungရယ်.."

"ဟမ်..!
မိုးရွာနေတာလား..?"

"မိုးပါခြိမ်းနေတာ..hyung.."

အခန်းတံခါးတွေဖွင့်ထားလား မဖွင့်ထားလား..
အပြင်လောကကြီးမှောင်နေလား လင်းနေလားမသိ..။

ဒီတိုင်း အိပ်ရာထဲမှာ ဟိုလှိမ့်ဒီလှိမ့်လုပ်နေတာ
နာရီပိုင်းတော်တော်ကြာနေပြီမို့
စိတ်ပြေလက်ပျောက် ထွက်လာမိတာပဲရှိသည်..။

ဒီတိုင်း ဝတ်ထားတဲ့အဝတ်အစားတွေနဲ့
ဒီတိုင်းစိတ်လွတ်ကိုယ်လွတ် ထွက်လာလိုက်မိတာ..။

SeHun ပြောမှ အပြင်အခြေအနေကိုစူးစမ်းဖို့
စိတ်နည်းနည်းရှိသွားသည်..။

"hyung...အရင်လိုသောင်းကျန်းချင်သောင်းကျန်းလိုက်ပါလား..
ဒါမှမဟုတ်..ငိုရင်ငိုချလိုက်ပါလား..?
အခုလိုလုပ်နေတာ..hyungလဲသွားလိမ့်မယ်နော်.."

"hyungက ဘာမှမှမဖြစ်ပဲငါ့ညီကလဲ..
နေပျော်နေတာကြီးကို.."

"hyungရေ...! ကျေးဇူးပြုပြီး
ခဏလောက်လေးပဲဖြစ်ဖြစ်ငိုချလိုက်စမ်းပါ..!!
တောင်းပန်ပါတယ်.."

တစ်ကယ်..မငိုချင်လို့..
ဒီတိုင်း လေးနေနေတာကို..SeHunee
လာပြောနေတော့..။

ဘယ်လိုပြောရမလဲ..။
အရမ်းပျော်နေလို့ ပျော်ပျော် နေနေတာမဟုတ်ပဲ..
နာကျင်လွန်းအားကြီးလို့မေ့ချင်ယောင်ဆောင်ထားတဲ့
ကိစ္စက ဝုန်းဆိုပြန်ပေါ်လာသည်..။

ငိုချလိုက်ရုံနဲ့နာကျင်ရတာတွေပျောက်သွားမယ့်ဟာမျိုး
မဟုတ်တော့ငိုဖို့လဲ စိတ်မပါဘူးလေ..။

"ငါက အကြောင်းပြချက်တစ်ခုခု လိုချင်တာ..
အခုနှစ်ရက်ရှိသွားပြီ..
ငါမှားပါတယ်ပဲဖြစ်ဖြစ်..
ငါအရူးစိတ်ဝင်မိလို့ပဲဖြစ်ဖြစ်..
တစ်ခွန်းလောက်များ လာပြောလား.."

အိမ်မက်ဖြစ်ပါစေလို့ဆုတောင်းပြီး နိုးထလာပေမယ့်..
ဒါကြီးကလက်တွေ့ဖြစ်နေတာဆိုတဲ့ခံစားချက်မျိုး..
ဒီနှစ်ရက်ထဲ အိပ်လိုက် ..နိုးလာလိုက်
ဖြစ်နေရတဲ့အဖြစ်မျိုးတွေလဲ မုန်းတီးလွန်းလို့...။

ခဏလောက်
အရူးထခဲ့မိတာ ဆိုပြီး..
ခပ်ချေချေတောင်းပန်စကားတစ်ခွန်းလာပြောရင်တောင်မှ..
အားလုံးကိုခွင့်လွှတ်ပေးဖို့ထိ တွေးထားပေမယ့်..။

ဒီနေ့ဒီ အချိန်ထိ..!

ဘာစကားတစ်ခွန်းမှ လက်ခံမရရှိခဲ့ဘူး..။

ဒါက တစ်ခြားတစ်ယောက်နဲ့သွားအိပ်ထားတာလိုမျိုး
အနည်းငယ်ပေါ့ပေါ့ပျက်ပျက်ကိစ္စမဟုတ်ဘူးဆိုတာ..
ဘယ်လိုပဲ အသည်းနှလုံးမရှိဘူးပဲ ဖြစ်ပါစေ..
လူဆိုရင်..နည်းနည်းလေးတော့
လူ့အသိစိတ်ရှိရမယ်မလား...။

ကိုယ့်ကိုချစ်ပါတယ် တဖွဖွပြောနေတဲ့လူကို
သတ်ပစ်ရလောက်တဲ့အထိ ရူးမိုက်မိသွားတာက
ဘာကြောင့်များလဲ ဆိုတာ..
သိခွင့်မရလောက်တဲ့အထိ..
သူ့အတွေးထဲမှာ..ကျွန်တော့်ရဲ့အဆင့်အတန်းက
အဲ့လောက်ထိကို နိမ့်ကျနေပြီတဲ့လား..။

"ငါ..အဲ့Byun Baek Hyunကို
နာမည်တောင်မကြားချင်လောက်တဲ့အထိ..
အရမ်းရွံနေပြီ...
ငါငိုဖို့တောင် မျက်ရည်ကျန်တော့တာမဟုတ်ဘူး..!!!"

"ကျွန်တော်ပဲ..ကြားထဲက တောင်းပန်ပါတယ်..
hyung ရယ်..တစ်ကယ့်ကိုတောင်းပန်ပါတယ်.."

အပြစ်လုပ်ထားတာကတစ်ယောက်..။
ဘာမှ မလုပ်ထားတဲ့ SeHunee က..
ကျွန်တော့်ရှေ့ဒူးထောက်ထိုင်ချပြီး..
လက်အုပ်မချီရုံတစ်မယ်..
မျက်ရည်တွေပေါက်ပေါက်ပေါက်ပေါက်ကျပြီး
တောင်းပန်စကားဆိုနေတဲ့ပုံကိုမြင်ရတာ..
ရင်တွေနာလွန်းသည်...။

SeHunee ကိုမင်းကအစားတောင်းပန်စရာမလိုဘူး
လို့ပြောချင်ပေမယ့် ရောက်နေတဲ့နေရာမှာပဲ..
ဒီတိုင်းခွေခွေကလေး..ထိုင်ချမိလိုက်ပြီး..
ဘာအင်အားမှမရှိသလို ငူငူငိုင်ငိုင်..။

SeHun လဲ နေရာမပျက်..
သည်းထန်စွာငိုကြွေးနေသည်..။

"အဲ့ကောင်..ဝဋ်လည်မှာ..
ငါ ကျိန်လိုက်တယ်..!"

"ကျွန်တော်တောင်းပန်ပါတယ်..hyungရယ်..
သူလဲ..စိတ်ရူးပေါက်သွားလို့နေမှာပါ.."

"ဟက်..!
စိတ်ရူးပေါက်တိုင်း လူသတ်ရအောင်..
သူ့ကိုယ်သူဘာများထင်နေလဲ..
စိတ်ချပါ..
သူ့ဘဝထဲမှာ..Park Chan Yeolဆိုတဲ့ကောင်ကို
နောက်ထပ်မမြင်စေရဘူး..!!"

"hyung..ရယ်..."

မျက်ရည်စက်တွေကြားထဲက..
နာနာကျင်ကျင်နဲ့ကြုံးဝါးလိုက်တဲ့အခါ...

အပြင်မှာရွာသွန်းဖြိုးနေသည့်မိုးကလည်း
အားပေးအားမြှောက်ပြုသလို..
မိုးခြိမ်းသံခပ်ကျယ်ကျယ်တစ်ချက်ထွက်လာသည်..။

ကျွန်တော်မမှားဘူးမလား..။

အဲ့လောက်ထိရူးသွပ်နေတဲ့လူတစ်ယောက်ကို
ဆက်ပြီးချစ်နေဦးမယ်ဆိုရင်..
ကျွန်တော်ပဲ ပိုရူးသွားမှာမလား..။

ခက်ခဲလွန်းတဲ့အချစ်က..အသက်အန္တရာယ်ကိုတောင်
ရန်ရှာလာတော့လဲ..
စွန့်လွှတ်ရမှာမလား..?

စိတ်ပါရင်..ကလဲ့စားချေသင့်ချေရမှာပေါ့...။

:::::: Tyranny ::::::::::::

Before 3 days ago,...

Byun အိမ်တော်ကြီးရဲ့အောက်ထပ်..
ဒုတိယသခင်လေး၏ အိပ်ခန်းတံခါးကို..
အပြင်းအထန်ထုရိုက်နေသည့် အသံက..
တစ်အိမ်လုံး ကျယ်လောင်စွာ ထွက်ပေါ်နေသည်..။

"SeHun..!!!
SeHuneeeee...
SeHunee...!!!!!"

"wae..hyung..?
ဘာဖြစ်လို့လဲ.."

"Chan Yeolဆီ အခုဖုန်ူးဆက်..!
သူအခုစီးနေတဲ့ကားထဲကနေချက်ချင်းထွက်လိုက်လို့.."

"ဘာဖြစ်လို့..?"

"အဲ့တာတွေနောက်မှမေး..
အခုချက်ချင်းဖုန်းဆက်..
မဟုတ်ရင်..သေလိမ့်မယ်လို့ မြန်မြန်.."

ဘုရား..!

အခန်းတံခါးကို hyung ဒုန်းဒုန်းဒိုင်းဒိုင်း
လာထုလို့..
အိပ်ပျော်နေရာကနေ အထိတ်တလန့်နိုးလာရသည်..။

တံခါးဖွင့်လိုက်တော့လဲ..
သွေးတောင်မရှိတော့ဘူးလို့ထင်ရလောက်တဲ့အထိ
ဖြူဖျော့နေသည့်မျက်နှာရယ်...

ပြီးတော့ Chan Yeol hyung သေလိမ့်မယ်ဆိုသည့်
မထင်ထားတဲ့စကားတစ်ခွန်းကိုကြားလိုက်ရတော့..
အိပ်ချင်မူးတူးဖြစ်နေတာများလားဆိုပြီး
မျက်လုံးတွေကို ယောင်ယောင်ယမ်းယမ်းပွတ်မိလိုက်သေးသည်..။

ဒါပေမယ့်လက်ကိုအကြမ်းပတမ်းဆွဲယမ်းပြီး..
Chan Yeol hyungဆီ မြန်မြန်ဖုန်းဆက်ဖို့ပဲပြော
နေတဲ့ hyungကြောင့်
လက်တွေက ဖုန်းမျက်နှာပြင်ပေါ်က
contactတစ်ခုဆီသို့..။

အဲ့စက္ကန့်ပိုင်းလောက်လေးမှာ..
သူChan Yeol hyung စီးတဲ့ကားကို
ဗုံးထောင်ထားကြောင်း
ပြောလာခဲ့သည့်
ကျွန်တော့်ရဲ့ချစ်လှစွာသော Baek Hyun hyung..။

ဘာဖြစ်လို့လုပ်ရတာလဲ မေးဖို့စိတ်မဝင်စားအား..။

ဒိန်းခနဲ သွေးနားထင်ဆောင့်တက်ပြီး..
Chan Yeol hyungကို ကားထဲက
အမြန်ထွက်ခိုင်းလိုက်ရသည်..။

တော်ပါသေးရဲ့..။
ပထမဆုံးဖုန်းအဝင်မှာတင်..ဖုန်းကိုင်လို့..။

ုဖုန်းများမကိုင်ရင်..တစ်ကယ့်ကိုမတွေးဝံ့စရာ..။

"ကားထဲက ထွက်လိုက်ပြီတဲ့..."

"အာ..တော်ပါသေးရဲ့...!"

"ဘာဖြစ်လို့လဲ..ဘာလို့လုပ်ရတာလဲ..
အဲ့လိုလုပ်လိုက်တော့ရော...hyungပျော်ရဲ့လား..
ဘာလို့ သေတော့မယ်လူလို သွေးဆုတ်ပြီး
ဖြူဖျော့နေရတာလဲ..ဟမ်..!
ကျွန်တော်မေးတာဖြေပါဦး..
hyung ရူးသွားပြီလား..!?"

ဒူးထောက်ထိုင်ကျသွားပြီး..မျက်လုံးတွေက
တောင်တစ်လုံးမြောက်တစ်လုံးဖြစ်နေသည့်ပုံစံက
Chan Yeol hyungကို ကားဗုံးထောင်လိုက်ရလို့
အရမ်းပျော်နေတဲ့ပုံစံမှမဟူတ်ပဲ...။

တစ်ဆိတ်..။
ဒီကိစ္စကြီးကို ဒီတိုင်းမကျော်သွားဖို့ဆုံးဖြတ်လိုက်သည်..။

သူတို့နှစ်ယောက်ကြားမှာ..တစ်ခါမှ
ဘေးလူလို့ကိုယ့်ကိုကိုယ် မသတ်မှတ်ခဲ့တာမို့..
အခုလဲဝင်ပါသင့်တာကို ဝင်ပါရမည်..။

သူရက်စက်တတ်တာကိုသိပေမယ့်
ဒီလောက်ထိလုပ်လိမ့်မယ်လို့တစ်ခါမှမထင်ထားဘူးလေ..။

Chan Yeol hyungလဲထင်ထားမှာမဟုတ်ဘူး..။

အဲ့တာထက်သူ့ကို ကားဗုံးထောင်တာ..
သူအရမ်းချစ်ရတဲ့လူဆိုတာ..သိသွားရင်..။

ဘုရားသခင်..။
လောကကြီးဘာတွေဖြစ်ပျက်ကုန်တာလဲ..။

ပြီးတော့ ပုံမှန်ဆိုသွေးအေးအေးနဲ့ခပ်ချေချေနေတတ်တဲ့လူက
သူနဲ့မတူအောင်..
အရမ်းတုန်လှုပ်ပြနေတော့...
တုန်လှုပ်နေရတဲ့အကြောင်းရင်းကို အရမ်းသိချင်သွားပြီလေ...။

"ဘာလို့လုပ်တာလဲဆိုနေ..ကျွန်တော်မေးနေတယ်လေ..
hyung..နားကန်းသွားပြီလား..!?"

"ငါ..ငါ...
ဒီတိုင်းရှုပ်တယ် ဆိုပြီး...
ငါ့နားကပ်တာမကြိုက်ဘူးဆိုပြီး..ဒီတိုင်း.."

"ဟားဟား..hyung တစ်ကယ်ရူးသွားပြီပဲ.."

ကျွန်တော်တောင်ရင်ဘတ်တွေစုတ်ပြတ်သတ်သွားတဲ့အထိ
အရမ်းနာကျင်သွားတာကို..
Chan Yeol hyungသာဆိုရင် ဘယ်လိုများနေမလဲ..။

သူ့နားကပ်တာမကြိုက်လို့သတ်ပစ်တာဆိုတဲ့အကြောင်းပြချက်ကြီးက..!

ဟားဟားဟား..!

ရူးနေတာ..သူရူးနေတာ..။

"အဲ့တာဆို..ဘာလို့..
ငိုနေတာလဲ..?"

တစ်သက်လုံးရက်စက်ပြခဲ့တဲ့လူက..
အခု တုန်လှုပ်ပြနေတဲ့ကိစ္စကြီးက
အရမ်းစိတ်ဝင်စားဖို့ကောင်းတယ်မလား..။

မဖြစ်ရဘူးနော်..။
သူပြောခဲ့သလိုပဲ မုန်းတယ်ဆိုတာပဲဖြစ်ပါစေ..။
မုန်းလွန်းလို့သတ်ဖို့ကြိုးစားတာ
မုန်းလွန်းလို့ မသေမရှင် အခြေအနေဖြစ်သွားပြီး
ပိုနာကျင်တာမြင်ရအောင်လို့..
အချိန်မီလာတားတာလို့ပဲဖြေပါစေ...။

ဒါပေမယ့်..
Byun Baek Hyun ဆိုတဲ့ လူသား..
သိုသိုသိပ်သိပ် သိုဝှက်ထားတဲ့အကြောင်းအရာတစ်ခုကို
ကျွန်တော်အသေအချာသိလိုက်ရပါသည်..။

သူ့မျက်နှာမှာရော..
ကျွန်တော့်မျက်နှာမှာရော..မျက်ရည်စက်တွေကျဆင်းနေပြီး
Byun အိမ်တော်တစ်ခုလူံးလှုပ်ရှားမှုတွေရပ်တန့်သွားတယ်လို့ထင်ရလောက်တဲ့အထိ..
အဲ့စကားတစ်ခွန်းက တန်ဖိုးကြီးလွန်းလှတယ်..။

ကျွန်တော် Byun Baek Hyunကို
တစ်ကယ်မုန်းတယ်..။

"ငါ..ငါ..သူ့ကို..အဆုံးရှုံးမခံနိုင်ဘူး.."

"ဘာလို့လဲ.."

"သူ့ကို...ချစ်တယ်...
သူငါ့ကိုချစ်တာထက်မပိုရင်တောင်..
မလျော့ဘူး..
ငါသူ့ကိုချစ်တယ်..
ဒါပေမယ့်..သူ့ကိုပြန်ချစ်ပေးလိုက်ရင်...
appa လိုဖြစ်မှာစိုးလို့.."

"ကျွန်တော်တို့ခဏခဏပြောပြီးပြီပဲ..
hyungရဲ့အဖေနဲ့အမေက သက်သက်..
Chan Yeol hyungကသက်သက်..ဘာမှ မဆိုင်ပါဘူးဆို...!!!"

သတ္တိနည်းသူတို့ဖွင့်ဟဝန်ခံခန်းသည်..
ပုံမှန်ထက် မျက်ရည်စက်များပိုမိုလျှံကျသွားတဲ့အခါ...။

ကိုယ့်ကိုချစ်တဲ့လူကို ပြန်ချစ်ပေးမိလိုက်မှာစိုးလို့..
သတ်ဖိုကြံတယ်ဆိုတာကြီးက ..
ဘယ်လိုစကားလုံးတွေနဲ့နှိုင်းယှဉ်ပြောဆိုရမှန်းမသိတော့လောက်အောင်..
အရမ်းယုတ်ညံ့လွန်းတယ်မလား..။

"ငါ့ဘေးနားမှာ..သူတယုတယတွေလာလုပ်တိုင်း..
အချစ်ဆိုတဲ့အရာကို..မယုံနဲ့လို့...
ငါ့ကိုယ်ငါ..အပြန်ပြန်အလှန်လှန်သတိပေးနေမိတယ်..
ငါသိတာ..appa လိုဖြစ်မှာ ကြောက်တယ်ဆိုတဲ့စိတ်တစ်ခုပဲ..
အဲ့တာကြောင့်..!"

"hyung စိတ်ကျန်းမာရေးဆေးရုံသွားဖို့လိုပြီထင်တယ်.."

သွက်သွက်ခါအောင် ရူးသွပ်နေတဲ့လူကို..
ဘယ်လိုမှဆက်မကြည့်နိုင်တော့..

သူ့ထိုက်နဲ့သူ့ကံဒီတိုင်းထားပစ်ခဲ့ပြီး..
Park အိမ်တော်သွားဖို့ထွက်လာခဲ့လိုက်သည်..။

အဲ့ဒီအခိုက်အတန့်မှာပဲ...
ရူးနေတဲ့လူကထပ်ပြီးအရူးစကားထပ်ပြောလာခဲ့သည်..။

"သူအခု..ငါ့ကိုအရမ်းမုန်းသွားတော့မှာ..
အဲ့တာကြောင့်..ငါ့ဘက်က အကြောင်းတွေကို..
သူ့ကိုမပြောပြပါနဲ့...သူ့ဘာသူမုန်းနေပါစေ..
ငါအရှက်မကွဲ ချင်ဘူး..."

ဒီတိုင်း..ကိုယ်ဘယ်လိုခံစားနေရလဲ ရှင်းရှင်းလင်းလင်း
ဝန်ခံပြီး..
ကိုယ့်အပြစ်ကိုယ် ဝန်ချတောင်းပန်လိုက်ရင်..
သူ့Park Chan Yeolက..
သူလုပ်တာတွေအကုန်မေ့ပြီး..
နှစ်ပတ်လောက်တောင်ကျွမ်းပတ်ထိုးပြီး..ခွင့်လွှတ်ပေးမှာကို..
မသိလို့များ..!

ထားပါလေ..နေပါစေတော့..။

သူကိုယ်တိုင်၌ကိုက..ဝဋ်လည်ဖို့လမ်းကြောင်းဆီ..
တန်းတန်းမတ်မတ် လျှောက်သွားနေတော့..
Chan Yeol hyung ဘက်တော်သား ကျွန်တော်က..
ဘာဖြစ်လို့များစိတ်ထားကောင်းပေးရမှာတဲ့လဲ..။

နာကျင်ပြီးသား..Chan Yeol hyung က
ထပ်ပြီးနာကျင်ရလဲ နေသားကျနေပြီဆိုတဲ့အခြေအနေတစ်ခု
အောက်..

Byun Baek Hyun ဟာPark Chan Yeol
ကို..ရင်နဲ့အမျှချစ်ပေမယ့်..
အနည်းငယ်သောစိတ္တဇခံစားမှုတို့ကြောင့်သာလျှင်..
ရက်စက်မှုတွေကျူးလွန်ခဲ့တဲ့ အကြာင်းကို
သာသာလေးထိန်ချန်ထားလိုက်သည်..။

Ghouခေါင်းဆောင်ကိစ္စလို..အချိန်တန်ရင်..
Chan Yeol hyungအနာကျက်သွားမည်လို့ထင်ခဲ့သည်..။

ဒါပေမယ့်..ဒီတစ်ခါတော့..hyungတော်တော့်ကို
စိတ်နာသွားတယ် ထင်ပါတယ်..။

::::::::::: Tyranny ::::::::::::::::

hyungနှစ်ယောက်မင်္ဂလာဆောင်မှပဲ လာဖြစ်တော့မယ်လို့ထင်ထားတဲ့နှစ်ထပ်တိုက်ပုလေးကို..
ထင်ထားတာထက် မြန်မြန်ရောက်လာဖြစ်သည်..။

ဒါပေမယ့်အရင်လို arjuma ပုံစံကရွှင်ရွှင်လန်းလန်း
မရှိ..။

မတတ်သာလို့သာ အိမ်တံခါးဖွင့်ပေးရသည့်ပုံ..။

အေးပေါ့လေ..။
ကိုယ့်သားကိုသေအောင်ကြံစည်ထားတဲ့လူရဲ့..
ညီပဲဟာ..။
ဒီလောက်တော့တင်းမာသင့်တာပေါ့...။

arjuma ကအစတည်းက..
Chan Yeol hyung..ကျွန်တော့်အစ်ကိုကို
ကြိုက်တာ..သဘောမှမကျပဲ..။

သူ့သားကို ဘယ်လိုမှ ပြောမရလို့သာလွှတ်ထားရတာမလား..။

သူ့သားကို..အမြဲတမ်းဒုက္ခပေးနေတဲ့လူရော..
အဲ့လူနဲ့ပတ်သက်တဲ့လူတွေကိုရော.အမြင်မကြည်တာက
မဆန်းပါဘူးလေ..။

"ကျွန်တော့်အစ်ကိုအစား..
ကျွန်တော်တကယ့်ကိုအနူးအညွတ်တောင်းပန်ပါတယ်..
အန်တီ..ပါးစပ်ဆယ်ပေါက်ရှိရင်တောင်
ပြောစရာစကားမရှိတော့ပါဘူး.."

"ရပါတယ်..SeHunလေးအမှားမှ မဟုတ်တာ.."

"ဒါနဲ့..Chan Yeol hyung..အခုဘယ်မှာလဲဟင်..?
ကျွန်တော့်ကိုအဆက်အသွယ်ဖြတ်ထားတယ်..
ပြီးတော့ Park အိမ်တော်ကိုလဲ ကျွန်တော့်ကိုဝင်ခွင့်မပေးတော့ဘူး.."

အခုထိ အမြဲတမ်း..ညီအစ်ကိုအရင်းလိုတစ်ဖုံ..
သူငယ်ချင်းလိုတစ်ဖုံပေါင်းလာခဲ့သည့်လူက..

လွန်ခဲ့သည့်တစ်ပတ်..
သူ့အိမ်လှေကားမှာနောက်ဆုံးတွေ့ခဲ့ကြပြီး..
အဲ့ဒီနောက်ပိုင်း..အိမ်ဦးနဲ့ကြမ်းပြင်လိုဖြစ်နေသည့်..
Park အိမ်တော်ဟာ..
ကျွန်တော့်ကို တံခါးပိတ်ထားတတ်သလို...

Chan Yeol hyung ဆိုတဲ့contactကလဲ..
ဆက်သွယ်လို့မရပါဆိုတာကြီးဖြစ်နေတော့..
ဘယ်လိူမှ မနေနိုင်ပဲ..arjuma ဆီလိုက်လာခဲ့တာ
ဖြစ်သည်..။

အိမ်ကတစ်ယောက်ကတော့..အခုထိ ကျွန်တော့်ကိုတောင်
ဘာသတင်းမှမမေးပဲ..နေနိင်ပေမယ့်..
မနေနိုင်တဲ့ကျွန်တော်ကတော့..
ကြားထဲမှာ မျက်ကလူးဆန်ပြာကိုဖြစ်လို့..။

"မနက်ကပဲ..နိုင်ငံခြားသွားမယ်ဆိုပြီး..ထွက်သွားတယ်.."

"ဘယ်သွားမယ်လို့ပြောသွားလဲ..အန်တီ..?"

"Se Hunလေး.."

ထုတ်မပြောပေမယ့် တော်တော့်ကို ကြေကွဲခံစားနေပုံပေါက်တဲ့ အိမ်ကတစ်ယောက်ကို အချိန်မလွန်ခင်
ပြန်စေ့စပ်ပေးဖို့ လမ်းကြောင်းတော့ရခဲ့ပြီဆိုတဲ့
အတွေးတွေနဲ့ အားကြိုးမာန်တက်ဖြစ်သွားပေမယ့်လဲ..

ကြည့်ရတာ..ကံကြမ္မာကြီးက Byun Baek Hyun
ဘက်မှာ မရှိဘူးထင်တယ်..။

အေးလေ..ဒီလောက်ထိအကျင့်ယုတ်ထားမှတော့..
ဘယ်ကံကောင်းပါတော့မလဲ..။

"အန်တီပြောမယ်..SeHunလေးအစ်ကိုကြောင့်
အန်တီသား ဘာတွေဖြစ်ခဲ့တယ်..
အခုလဲ ဘယ်လောက်ထိဖြစ်သွားတယ်ဆိုတာ..
SeHun အသိဆုံးပါ..
အဲ့တာကြောင့်အန်တီရှင်းရှင်းပဲပြောမယ်..
SeHun လေးတို့ဘက်ကပဲ..
အန်တီ့ကိုရော..အန်တီ့သားကိုရော..မသိသလို
နေပေးကြပါလား..
အစ်ကို့ကိုပါပြောလိုက်..
အကျင့်ယုတ်ဖို့စဉ်းစားရတာမျိုးမရှိတော့လို့
ပိုပြီးအလုပ်ရှုပ်သက်သာသွားတာပေါ့လို့..
အန်တီပြောချင်တာကတော့ဒါပါပဲ..
SeHun လဲ ပြန်ပါတော့.."

တစ်လုံးချင်းပြတ်ပြတ်သားသားထွက်ကျလာသည့်စကားသံတို့က နည်းနည်းရင်နာစရာကောင်းပေမယ့်လဲ..

Byun Baek Hyun အတွက်ထိုက်တန်တဲ့အရာလို့ပဲတထစ်ချယူဆကာ..
arjuma ကိုနှုတ်ဆက်ပြီးနှစ်ထပ်တိုက်ပု လေးဆီက
ထွက်လာခဲ့လိုက်သည်..။

"ကျွန်တော့်ကိုတော့ အဆက်အသွယ်လုပ်သင့်ပါတယ်..
Park Chan Yeolရယ်.."

ဦးလေးByun နဲ့အန်တီByun ကိုပဲ..
အပြစ်တင်ရမလား..။

ရူးသလို ပေါသလို ခပ်ကြောင်ကြောင် Byun Baek Hyunကိုပဲ အပြစ်တင်ရမလား..?

စိတ်ပျက်စရာကောင်းလွန်းလို့ရှူနေရတဲ့လေကတောင်
ခေါင်းကိုက်စေ သလိုလို..။

ရာသီဥတု သာယာနေတဲ့ညနေခင်းဖြစ်ပေမယ့်..
ရင်ထဲမှာတော့ မိုးခြိမ်းနေသည်..။

Chan Yeol hyung သတိပြန်လည်တုန်းက..
Byun Baek Hyun ရဲ့ခံစားချက်အစစ်အမှန်ကိုများ
ပြောပြမိခဲ့ရင်..
ဒီလိုတွေဖြစ်လာမှာ မဟုတ်ဘူး ဆိုတဲ့နောင်တတွေနဲ့..။

ဘယ်တွေရောက်နေတာလဲ..Chan Yeol hyung ရယ်..။

hyung တို့တော့အပျက်ပျက်နဲ့နှာခေါင်းသွေးထွက်တော့မယ်..ထင်တယ်...။

TBC##

How?
ဖတ်ရတာ တန်တယ်လို့ထင်လား..?
လိုသေးတယ် ထင်လား..?

Continue Reading

You'll Also Like

4.7K 247 32
Born into a strange pairing Jaune is the Natural Born son of Roboutte Guilliman and Yvraine, This union would make the Imperium stronger during their...
6.1K 924 21
Jungkook Atlas Francis - Taehyung Rowan Elliot
4K 767 19
Zero Sugar is not sweet......, but good for Health ! Binthew Fanfiction { Start - 14 May, 2024 - } ဤ FanFiction သည် စာရေးသူ၏ စိတ်ကူးအတွေးသက်သက်...
121K 12.6K 51
-من هەڵەم نەکرد بچکۆلەکەم، من تەنیا خۆشم ویستی... -تاک و تەنیا ئاواتی من داهاتووێک بوو لەگەڵ تۆ~ -عەشقی من بۆتۆ ئەو ئۆقیانووسە قوڵەیە کە دەمەوێ تێیدا...