❝အိန်ဂျယ်တွေရဲ့ရာဇဝင်❞​

By mermaid_mochi

106K 13.3K 712

အိန်​ဂျယ်​တွေမှာ အ​တောင်​ပံပါတယ်​။ ခင်​ဗျားကအိန်​ဂျယ်​မဟုတ်​ဘူး ခင်​ဗျားမှာ အ​တောင်​မှမပါဘဲ။ ဤဇာတ်​လမ်းတွင်​ပ... More

၁၀
၁၁

Jung ဆီ​ရေး​သော စာတစ်​စောင်

10.6K 1K 132
By mermaid_mochi

သို့

ချစ်​ရပါ​သော Jung...

ပထမဆုံး​တွေ့ဆုံမှုမှာ​တော့ Jungက ညစ်​ပေ​နေတဲ့က​လေးဆိုး​လေးတစ်​ယောက်​ပေါ့။

ငါ​ပေးတဲ့ သကြားလုံး​တွေကို အငမ်းမရစားတတ်​တဲ့​ကောင်​က​လေးဟာ တချိန်​မှာ ငါ့ရင်​ထဲ​ရောက်​လာမဲ့လူတစ်​ယောက်​မှန်း ငါဘယ်​သိခဲ့ပါ့မလဲ။

ညစ်​ပေ​နေတဲ့ Jungကို မ​ကောင်းဆိုးဝါး​လေးလို့ ငါသတ်​မှတ်​ခဲ့ဖူးတယ်​ဒါ​ပေမဲ့ Jung စိတ်​မဆိုးသလို​ဒေါသလည်းမထွက်​ခဲ့ပါဘူး။

​သက်​ရှိ​ကြောင်​လေးတစ်​ကောင်​အတွက်​ကိုယ့်​နာမည်​တောင်​မမှတ်​မိတဲ့​ကောင်​လေးJungက ငါ့ကိုကယ်​ပေးဖို့​တောင်းဆိုခဲ့တယ်​နော်​။

​ပွစာကျဲ​နေတဲ့ မင်းရဲ့ပလက်​စတစ်​နန်း​တော်​ကို ငါ​ရောက်​တုန်းက ဝန်​ခံပါတယ်​ငါ့​ခြေ​ထောက်​တွေညစ်​ပတ်​မှာစိုးလို့ တွန့်​ဆုတ်​နေဖူးတယ်​။

​ကောင်း​ကင်​တွေ အလီလီ​ပြောင်းလဲပြီးတဲ့​နောက်​မှာ ငါသိလာခဲ့တယ်​Jungကို တိတ်​တခိုးချစ်​နေမိပြီဆိုတာကို​ပေါ့။

တကယ်​တော့ အိန်​ဂျယ်​အ​ယောင်​ဆောင်​မ​ကောင်းဆိုးဝါးဟာ ငါပါပဲ အခုလို​ပြောလို့ မအံ့ဩပါနဲ့ Jung။

ငါကလွဲရင်​မင်းစိတ်​ထဲအားကိုးရာမရှိ​စေချင်​လို့ ဒါလန်းကို တိတ်​တဆိတ်​မုန်းတီးခဲ့ဖူးတာလည်း ငါဆိုတဲ့ အိန်​ဂျယ်​ပါပဲ။

သူမနဲ့ သံ​ယောဇဉ်​နွယ်​မှာကို​ကြောက်​လန့်​နေခဲ့တဲ့ ငါက မိုက်​ရူးရဲဆန်​စွာဘဲ အပင်​စိမ်း​လေးကို ငါတို့နှစ်​ယောက်​ရဲ့ သီးသန့်​အခန်း​လေးထဲ သွင်းခဲ့လိုက်​တယ်​။

အဲ့ဒီ အပင်​က ဘာပင်​လဲ သိလားJung။အဆိပ်​ပင်​လေ Jungရဲ့ အဆိပ်​ပင်​ဘယ်​လိုလဲ Jungယုံပြီလား ငါက မ​ကောင်းဆိုးဝါးအစစ်​ဆိုတာကို​လေ။

အဲ့ဒီ အဆိပ်​ပင်​လေး ဘယ်​လိုအလုပ်​လုပ်​လဲဆိုတာကို ငါ​ပြောပြမယ်​Jung။အပင်​ကငယ်​သေးတာမို့ အာနိသင်​ကချက်​ချင်းမသက်​ရောက်​ပေမဲ့ အပင်​ကထုတ်​တဲ့​လေကို ငါတို့​တွေ ရှူမိမယ်​။

အသက်​တစ်​ရှိုက်​မှာ ပါလာမဲ့အဆိပ်​တွေကို ငါတို့နှစ်​ယောက်​လုံး ညတိုင်းကိုယ်​ထဲ သွင်းခဲ့ကြတယ်​Jung။​ဝေးခဲ့ရင်​တောင်​ငါတို့အတူ​သေကြမယ်​ဆိုတဲ့အ​တွေးကို အ​ကောင်​အထည်​ဖော်​ခဲ့မိတယ်​Jung။

ဇီဇဝါ​တွေကို Jungနဲ့ကိုယ်​နှစ်​ယောက်​တည်းသီးသန့်​ပျိုးကြမယ်​။ပန်း​တွေပွင့်​လာတဲ့အခါ Jungကို​ပေးဖို့ ရည်​ရွယ်​ပါတယ်​။

Jung ငါ့ကိုချစ်​တယ်​လို့​ပြောတဲ့ အချိန်​က​ခြေတစ်​လှမ်း​နောက်​ကျသွားတယ်​ဆိုမလား။ဒါ​ပေမဲ့ Jungနဲ့အတူ​သေဆုံးရမှာမို့ ငါကိုယ့်ငါ​အပြစ်​ကင်းတယ်​တွေးခဲ့တယ်​။

ဟွာလယ်​နဲ့လက်​ထပ်​မဲ့​နေ့ဟာ ငါတို့အတူ​သေဆုံးမဲ့​နေ့လို့ စီစဉ်​ထားခဲ့တာ။ဒါ​ပေမဲ့ မင်းကအရင်​ငါ့ကိုထားသွားခဲ့တယ်​။

ပြန်​လာပါ လို့ အထပ်​ထပ်​ဆို​နေမိတဲ့ ငါ့ဟာ ယုံနိုင်​စရာမရှိဘူးမလား။ချစ်​တယ်​တောင်​ဖွင့်​ဟမ​ပြောမိသူပါ​လေ။

နတ်​သမီးဂူကို သွားခဲ့တာတဲ့လား Jung။Jung​ရော ငါ​ရော မမှတ်​မိခဲ့ကြဘူးပဲ နတ်​သမီးဂူဆိုတာ ဘဝအဆက်​ဆက်​ငါ​သေဆုံးခဲ့ရတဲ့​နေရာဆိုတာကို​လေ။

မကြာခင်​မှာ ဂူလည်း လုံးဝပိတ်​သွား​တော့မယ်​Jung။အဲ့ဒီအချိန်​ကျရင်​ငါတို့နှစ်​ယောက်​ရဲ့ ကျိန်​စာ​တွေလည်း ပြယ်​သွားလိမ့်​မယ်​။

အချီချီ​သောဘဝ​တွေမှာ ငါတို့​သေကွဲကွဲရပုံ​တွေ​လေထဲမှာ ပျံဝဲ​နေတုန်းပဲ Jung။​ဒီတစ်​ဘဝက ငါကမင်းသားတစ်​ပါးဖြစ်​ပြီး Jungက ကုန်​သည်​ဖြစ်​ခဲ့တာ။

​ဟော ဟိုခပ်​လှမ်းလှမ်းကဘဝမှာကျ Jungက ပန်း​တွေစိုက်​တဲ့သူ ဟက်​ငါက​တော့ အခြားတစ်​မြို့က အမျိုးသမီးတစ်​ယောက်​။

ဘဝ​တွေ မတူညီတာပဲရှိတယ် သံသရာလည်​နေတဲ့တစ်​ခုက​ငါတို့နှစ်​ယောက်​လုံး ဘယ်​ဘဝမှာမှ မ​ပေါင်းဖက်​ခဲ့ရဘူး။

Jungအခု အခန်း​လေးထဲမှာ ပန်းပင်​စိမ်း​လေးကို​ပွေ့ထားသတဲ့လား။Jung အခု အသက်​ရှူလို့မဝ​တော့ဘူးမလား။ငိုမ​နေနဲ့​လေ Jungပိုပင်​ပန်းလိမ့်​မယ်​။

ပြုံးလိုက်​ပါ Jung။​နောက်​ဘဝမှာ ငါတို့​တွေပြန်​ဆုံပြီး​ပေါင်းဖက်​ရ​တော့မှာမို့​နောက်​ဆုံးအကြိမ်​ပြုံးလိုက်​နော်​။

​ဟော အချိန်​ကျပြီ။ဂူလည်းပိတ်​ခါနီးပြီ။Jungမျက်​လုံး​တွေလည်း မှိတ်​သွားခဲ့ပြီ။ငါ​ရေး​နေတဲ့စာ​လေးလည်း​ပျောက်​ကွယ်​သွားပြီ။

ထို့အတူ ငါလည်းပဲ။

အိန်​ဂျယ်​တွေရဲ့ ရာဇဝင်​

ပြီးပါပြီ။
ဖတ်​ရှုအား​ပေးမှုကို​ကျေးဇူးတင်​ပါတယ်​။

စိတ်​ကူး​ပေါက်​လို့သာ ချ​ရေးလိုက်​တာ Endingပဲ​တွေးထားခဲ့တာ။အပင်​စိမ်း​လေးရဲ့ နာမည်​က Pong Pong tree(Cerbera Odollam) လို့​ခေါ်ပါတယ်​တစ်​နည်းအားဖြင့်​suicide treeလို့လည်း​ခေါ်ပါတယ်​။

လူသတ်​လက်​နက်​အဖြစ်​လည်း အသုံးပြုနိုင်​ပြီး ဂရင်းနစ်​စံချိန်​ပါ ဝင်​ထားတဲ့ အပင်​ဖြစ်​ပါတယ်​။အိန္ဒိယနိုင်​ငံနဲ့ အာရှ​တောင်​ပိုင်း​တွေမှာ​ပေါက်​ရောက်​တယ်​လို့ဆိုပါတယ်​။

ဒီအဆိပ်​ကိုမိတဲ့သူဟာ နှလုံးခုန်​နှုန်းရပ်​တန့်​စေပြီး ကြွက်​သား​တွေရဲ့လုပ်​ဆောင်​နှုန်းကိုပါ​လျော့ကျ​စေပါတယ်​။၁၉၈၉-၉၀ ကြားကာလမှာဆို အိန္ဒိယနိုင်​ငံ အ​နောက်​တောင်​ဘက်​ကီရာလာပြည်​နယ်​မှာ ယခုအဆိပ်​ပင်​ကြောင့်​လူ​ပေါင်းငါးရာ​ကျော်​သေဆုံးဖူးတယ်​လို့ ဆိုပါတယ်​။

ထုံးစံအတိုင်း မြန်​မာပြည်​ကလူတစ်​ချို့က​တော့​ရေဇလပ်​ပင်​ဖြစ်​ကြောင်းနဲ့ ငယ်​ငယ်​ကဘယ်​လို​ဆော့တာ စားခဲ့တာဆိုပြီး ငြင်း​နေကြတုန်းပါပဲ။

တိတိကျကျသိချင်​ရင်​တော့ Internetမှာ အ​သေးစိတ်​ရှာ​ဖွေလို့ရပါတယ်​ရှင့်​။

လိုအပ်​ချက်​များ မပြည့်​စုံတာများရှိခဲ့ရင်​မာမိတ်​အားနည်းချက်​လို့ပဲ​ပြောပါရ​စေ။

​ကျေးဇူးတင်​ပါတယ်​ရှင့်​။

*စာဖတ်သူတို့ဆန္ဒအရ အိန်ဂျယ်​Season 2 ကို​One Glass of Cheap Champagne ဆိုတဲ့ Omegaverse​လေးအဖြစ်​ရေးသားထားပါ​ကြောင်း*

Z

awgyi Version


သို႔

ခ်စ္​ရပါ​ေသာ Jung...

ပထမဆံုး​ေတြ့ဆံုမႈမွာ​ေတာ့ Jungက ညစ္​ေပ​ေနတဲ့က​ေလးဆိုး​ေလးတစ္​ေယာက္​ေပါ့။

ငါ​ေပးတဲ့ သၾကားလံုး​ေတြကို အငမ္းမရစားတတ္​တဲ့​ေကာင္​က​ေလးဟာ တခ်ိန္​မွာ ငါ့ရင္​ထဲ​ေရာက္​လာမဲ့လူတစ္​ေယာက္​မွန္း ငါဘယ္​သိခဲ့ပါ့မလဲ။

ညစ္​ေပ​ေနတဲ့ Jungကို မ​ေကာင္းဆိုးဝါး​ေလးလို႔ ငါသတ္​မွတ္​ခဲ့ဖူးတယ္​ဒါ​ေပမဲ့ Jung စိတ္​မဆိုးသလို​ေဒါသလည္းမထြက္​ခဲ့ပါဘူး။

​သက္​ရိွ​ေၾကာင္​ေလးတစ္​ေကာင္​အတြက္​ကိုယ့္​နာမည္​ေတာင္​မမွတ္​မိတဲ့​ေကာင္​ေလးJungက ငါ့ကိုကယ္​ေပးဖို႔​ေတာင္းဆိုခဲ့တယ္​ေနာ္​။

​ပြစာက်ဲ​ေနတဲ့ မင္းရဲ့ပလက္​စတစ္​နန္း​ေတာ္​ကို ငါ​ေရာက္​တုန္းက ဝန္​ခံပါတယ္​ငါ့​ေျခ​ေထာက္​ေတြညစ္​ပတ္​မွာစိုးလို႔ တြန႔္​ဆုတ္​ေနဖူးတယ္​။

​ေကာင္း​ကင္​ေတြ အလီလီ​ေျပာင္းလဲၿပီးတဲ့​ေနာက္​မွာ ငါသိလာခဲ့တယ္​Jungကို တိတ္​တခိုးခ်စ္​ေနမိၿပီဆိုတာကို​ေပါ့။

တကယ္​ေတာ့ အိန္​ဂ်ယ္​အ​ေယာင္​ေဆာင္​မ​ေကာင္းဆိုးဝါးဟာ ငါပါပဲ အခုလို​ေျပာလို႔ မအံ့ဩပါနဲ႔ Jung။

ငါကလြဲရင္​မင္းစိတ္​ထဲအားကိုးရာမရိွ​ေစခ်င္​လို႔ ဒါလန္းကို တိတ္​တဆိတ္​မုန္းတီးခဲ့ဖူးတာလည္း ငါဆိုတဲ့ အိန္​ဂ်ယ္​ပါပဲ။

သူမနဲ႔ သံ​ေယာဇဉ္​ႏြယ္​မွာကို​ေၾကာက္​လန႔္​ေနခဲ့တဲ့ ငါက မိုက္​ရူးရဲဆန္​စြာဘဲ အပင္​စိမ္း​ေလးကို ငါတို႔ႏွစ္​ေယာက္​ရဲ့ သီးသန႔္​အခန္း​ေလးထဲ သြင္းခဲ့လိုက္​တယ္​။

အဲ့ဒီ အပင္​က ဘာပင္​လဲ သိလားJung။အဆိပ္​ပင္​ေလ Jungရဲ့ အဆိပ္​ပင္​ဘယ္​လိုလဲ Jungယံုၿပီလား ငါက မ​ေကာင္းဆိုးဝါးအစစ္​ဆိုတာကို​ေလ။

အဲ့ဒီ အဆိပ္​ပင္​ေလး ဘယ္​လိုအလုပ္​လုပ္​လဲဆိုတာကို ငါ​ေျပာျပမယ္​Jung။အပင္​ကငယ္​ေသးတာမို႔ အာနိသင္​ကခ်က္​ခ်င္းမသက္​ေရာက္​ေပမဲ့ အပင္​ကထုတ္​တဲ့​ေလကို ငါတို႔​ေတြ ရႉမိမယ္​။

အသက္​တစ္​ရိႈက္​မွာ ပါလာမဲ့အဆိပ္​ေတြကို ငါတို႔ႏွစ္​ေယာက္​လံုး ညတိုင္းကိုယ္​ထဲ သြင္းခဲ့ၾကတယ္​Jung။​ေဝးခဲ့ရင္​ေတာင္​ငါတို႔အတူ​ေသၾကမယ္​ဆိုတဲ့အ​ေတြးကို အ​ေကာင္​အထည္​ေဖာ္​ခဲ့မိတယ္​Jung။

ဇီဇဝါ​ေတြကို Jungနဲ႔ကိုယ္​ႏွစ္​ေယာက္​တည္းသီးသန႔္​ပ်ိဳးၾကမယ္​။ပန္း​ေတြပြင့္​လာတဲ့အခါ Jungကို​ေပးဖို႔ ရည္​ရြယ္​ပါတယ္​။

Jung ငါ့ကိုခ်စ္​တယ္​လို႔​ေျပာတဲ့ အခ်ိန္​က​ေျခတစ္​လွမ္း​ေနာက္​က်သြားတယ္​ဆိုမလား။ဒါ​ေပမဲ့ Jungနဲ႔အတူ​ေသဆံုးရမွာမို႔ ငါကိုယ့္ငါ​အျပစ္​ကင္းတယ္​ေတြးခဲ့တယ္​။

ဟြာလယ္​နဲ႔လက္​ထပ္​မဲ့​ေန့ဟာ ငါတို႔အတူ​ေသဆံုးမဲ့​ေန့လို႔ စီစဉ္​ထားခဲ့တာ။ဒါ​ေပမဲ့ မင္းကအရင္​ငါ့ကိုထားသြားခဲ့တယ္​။

ျပန္​လာပါ လို႔ အထပ္​ထပ္​ဆို​ေနမိတဲ့ ငါ့ဟာ ယံုႏိုင္​စရာမရိွဘူးမလား။ခ်စ္​တယ္​ေတာင္​ဖြင့္​ဟမ​ေျပာမိသူပါ​ေလ။

နတ္​သမီးဂူကို သြားခဲ့တာတဲ့လား Jung။Jung​ေရာ ငါ​ေရာ မမွတ္​မိခဲ့ၾကဘူးပဲ နတ္​သမီးဂူဆိုတာ ဘဝအဆက္​ဆက္​ငါ​ေသဆံုးခဲ့ရတဲ့​ေနရာဆိုတာကို​ေလ။

မၾကာခင္​မွာ ဂူလည္း လံုးဝပိတ္​သြား​ေတာ့မယ္​Jung။အဲ့ဒီအခ်ိန္​က်ရင္​ငါတို႔ႏွစ္​ေယာက္​ရဲ့ က်ိန္​စာ​ေတြလည္း ျပယ္​သြားလိမ့္​မယ္​။

အခ်ီခ်ီ​ေသာဘဝ​ေတြမွာ ငါတို႔​ေသကြဲကြဲရပံု​ေတြ​ေလထဲမွာ ပ်ံဝဲ​ေနတုန္းပဲ Jung။​ဒီတစ္​ဘဝက ငါကမင္းသားတစ္​ပါးျဖစ္​ၿပီး Jungက ကုန္​သည္​ျဖစ္​ခဲ့တာ။

​ေဟာ ဟိုခပ္​လွမ္းလွမ္းကဘဝမွာက် Jungက ပန္း​ေတြစိုက္​တဲ့သူ ဟက္​ငါက​ေတာ့ အျခားတစ္​ၿမိဳ႔က အမ်ိဳးသမီးတစ္​ေယာက္​။

ဘဝ​ေတြ မတူညီတာပဲရိွတယ္ သံသရာလည္​ေနတဲ့တစ္​ခုက​ငါတို႔ႏွစ္​ေယာက္​လံုး ဘယ္​ဘဝမွာမွ မ​ေပါင္းဖက္​ခဲ့ရဘူး။

Jungအခု အခန္း​ေလးထဲမွာ ပန္းပင္​စိမ္း​ေလးကို​ေပြ့ထားသတဲ့လား။Jung အခု အသက္​ရႉလို႔မဝ​ေတာ့ဘူးမလား။ငိုမ​ေနနဲ႔​ေလ Jungပိုပင္​ပန္းလိမ့္​မယ္​။

ၿပံဳးလိုက္​ပါ Jung။​ေနာက္​ဘဝမွာ ငါတို႔​ေတျြပန္​ဆံုၿပီး​ေပါင္းဖက္​ရ​ေတာ့မွာမို႔​ေနာက္​ဆံုးအႀကိမ္​ၿပံဳးလိုက္​ေနာ္​။

​ေဟာ အခ်ိန္​က်ၿပီ။ဂူလည္းပိတ္​ခါနီးၿပီ။Jungမ်က္​လံုး​ေတြလည္း မိွတ္​သြားခဲ့ၿပီ။ငါ​ေရး​ေနတဲ့စာ​ေလးလည္း​ေပ်ာက္​ကြယ္​သြားၿပီ။

ထို႔အတူ ငါလည္းပဲ။

အိန္​ဂ်ယ္​ေတြရဲ့ ရာဇဝင္​

ၿပီးပါၿပီ။
ဖတ္​ရႈအား​ေပးမႈကို​ေက်းဇူးတင္​ပါတယ္​။

စိတ္​ကူး​ေပါက္​လို႔သာ ခ်​ေရးလိုက္​တာ Endingပဲ​ေတြးထားခဲ့တာ။အပင္​စိမ္း​ေလးရဲ့ နာမည္​က Pong Pong tree(Cerbera Odollam) လို႔​ေခၚပါတယ္​တစ္​နည္းအားျဖင့္​suicide treeလို႔လည္း​ေခၚပါတယ္​။

လူသတ္​လက္​နက္​အျဖစ္​လည္း အသံုးျပဳႏိုင္​ၿပီး ဂရင္းနစ္​စံခ်ိန္​ပါ ဝင္​ထားတဲ့ အပင္​ျဖစ္​ပါတယ္​။အိႏၵိယႏိုင္​ငံနဲ႔ အာရွ​ေတာင္​ပိုင္း​ေတြမွာ​ေပါက္​ေရာက္​တယ္​လို႔ဆိုပါတယ္​။

ဒီအဆိပ္​ကိုမိတဲ့သူဟာ ႏွလံုးခုန္​ႏႈန္းရပ္​တန႔္​ေစၿပီး ႂကြက္​သား​ေတြရဲ့လုပ္​ေဆာင္​ႏႈန္းကိုပါ​ေလ်ာ့က်​ေစပါတယ္​။၁၉၈၉-၉၀ ၾကားကာလမွာဆို အိႏၵိယႏိုင္​ငံ အ​ေနာက္​ေတာင္​ဘက္​ကီရာလာျပည္​နယ္​မွာ ယခုအဆိပ္​ပင္​ေၾကာင့္​လူ​ေပါင္းငါးရာ​ေက်ာ္​ေသဆံုးဖူးတယ္​လို႔ ဆိုပါတယ္​။

ထံုးစံအတိုင္း ျမန္​မာျပည္​ကလူတစ္​ခ်ိဳ႕က​ေတာ့​ေရဇလပ္​ပင္​ျဖစ္​ေၾကာင္းနဲ႔ ငယ္​ငယ္​ကဘယ္​လို​ေဆာ့တာ စားခဲ့တာဆိုၿပီး ျငင္း​ေနၾကတုန္းပါပဲ။

တိတိက်က်သိခ်င္​ရင္​ေတာ့ Internetမွာ အ​ေသးစိတ္​ရွာ​ေဖြလို႔ရပါတယ္​ရွင့္​။

လိုအပ္​ခ်က္​မ်ား မျပၫ့္​စံုတာမ်ားရိွခဲ့ရင္​မာမိတ္​အားနည္းခ်က္​လို႔ပဲ​ေျပာပါရ​ေစ။

​ေက်းဇူးတင္​ပါတယ္​ရွင့္​။

*စာဖတ္သူတို႔ဆႏၵအရ အိန္ဂ်ယ္​Season 2 ကို​One Glass of Cheap Champagne ဆိုတဲ့ Omegaverse​ေလးအျဖစ္​ေရးသားထားပါ​ေၾကာင္း*

Continue Reading

You'll Also Like

156K 18.9K 51
ႏြံဆိုရင္​ ႏုန္​း​ေျမႏြံကအစ ဘ၀ႏြံအဆံုး အကုန္​​ေၾကာက္​တယ္​ နွံဆိုရင် နုန်းမြေနွံကအစ ဘဝနွံအဆုံး အကုန်ကြောက်တယ်
572K 35.3K 70
« បងសន្យា បងមិនឲអ្នកណាមកធ្វើអ្វីមកលើអូនបានឡើយ អូនគឺជារបស់បងជាប្រពន្ធរបស់បងម្នាក់គត់ Kim Taehyung » « មិនថាអ្នកណានោះទេឲតែហ៊ានប៉ះពាល់ប្រពន្ធកូនយើងសូម្ប...
173K 26.4K 21
"နွေအရောင်တွေဟာ ဝိုင်လိုပဲ..."
4.8K 695 12
ဘယ်လိုအခြေအနေမျိုးပဲဖြစ်ဖြစ် ငါတို့မခွဲတမ်းရှိနေကြမယ်နော်။တစ်ခြားဘယ်သူမှမရှိရင်တောင် မင်းအတွက်ငါရှိတယ်၊ငါ့အတွက်မင်းရှိတယ်။ဒီလောက်ဆို ပြည့်စုံပါပြီ။ ...