Tyranny Ver.1 [ ဖိနှိပ်​ညှင်​...

By relisia6800

172K 17.2K 1.2K

မင်းကမုန်းတယ်​လို့တဖွဖွ​ပြော​နေရင်​​တောင်​ ငါအဆင်​​ပြေပါတယ်​ BaekHyunee .. CV by Asuna Park ❤ More

1....
2...
3...
4...
5..
6.....
7...
8...
9...
10..
12..
13..
14..
15 ( မင်္ဂလာဦးည -.- )
16..
17( Changes )
18...
19..
20..
21...
Final..

11..

6K 731 47
By relisia6800

Zawgyi

ငါလဲ ​ပေးစားချင်​ပါတယ်​..

ရုပ်​​ချော​ချောနဲ့လို့.."


ချောရဲ့လား..?"


လွန်​ခဲ့သည့်​ အပတ်​က..
မသိ..။

တော်​​သေးတယ်​..။



"ဒါနဲ့..hyung နက်​ဖြန်​..
ဘူဆန်​သွားမှာ ဆို..?"





"စိတ်​ချ..!

ပြုံးရပြန်​သည်​..။


တောက်​ပ​နေသလို...။

Baek Hyunee..။


ဘာ​တွေ​ပြော​နေလဲ..!?"


ဆူရဆဲရ​သေးသည်​..။

တော်​ပါ​သေးရဲ့..။



တကယ်​ဗျာ..။



ကျွန်​​တော်​ပဲသိသည်​...။

::::::::: Tyranny ::::::::::::

/ I need u in my life..
Oh , my necessity ~ /



မျက်​လုံးထဲမှာလဲ..
Byun Baek Hyun ဆိုတဲ့






တစ်​ကယ်​လို့သူ့အ​မေသာ..


အခု​တော့..။
ထားပါ​လေ..ထားပါ.။

ဟုတ်​တယ်​ မလား...။




မနက်​ဆယ်​နာရီက​နေ..






နား​ထောင်​ရင်း..

လေနု​အေး​လေး..။






ကျီစယ်​ကြမည်​..။

အနမ်း​တွေ​ပေးပစ်​မည်​..။


အဟား..!
စောင့်​နိုင်​ပါတယ်​..။



::::::::: Tyranny: ::::::::::::


"​အေး ..အမြန်​ပြန်​လာခဲ့ဦး.."

"ဟူတ်​.."




ဟားဟား..ကိုယ့်​အသဲ​လေးက..

စိန်​ကိစ္စကို မြန်ြ​မန်​လက်​စသတ်​ပြီး..

တော်​ပါ​သေးရဲ့..

ပြုံးတ​ပျော်​​ပျော်​နဲ့...။

လေခံရင်းလိုက်​မလို့...

ပြီး​တော့..
ဖွင့်​လိုက်​သည်​..။


ရွေးထည့်​ထားတာ...။




သူ့တပည့်​..







:::::::::::::::::::::::::::::::::

"ဟင်​..အခု ထွက်​ရမှာလား..?
ဘာလို့လဲ..SeHun.."

"ဘာမှ ​မေးမ​နေနဲ့..hyung..!
အဲ့ကားထဲက အခုထွက်​..

ဘုရား...။

ဒါက ဘယ်​လိုအ​ခြေအ​နေလဲ...။

ငြိမ့်​​နေတုန်း...





ဘာလို့လဲ..။


အသံ..။

Shit..!!






"​တောက်​..!!!



နေနှင့်​ဦး...။



"ဟာကွာ..ဟာကွာ..!

အ​ရေးမစိုက်​နိုင်​ပဲ..

ထင်​ပါရဲ့...။
တစ်​ကယ်​ မ​ကျေနပ်​ဘူး..။



:::::::::: Tyrannny ::::::::::::::::::::::::


ကျွန်​​တော့်​ဂိုဏ်းမှာ..




အ​ကြောတင်း​နေသည်​...။

ဘာလို့လုပ်​တာလဲ..!?"

ဆူစရာရှိတာ ဆူပြီး...




"​ဟေ့​ကောင်​..!
ဟမ်​..! ​ဟေ့​ကောင်​​ပြော​လေ..



ဒါနဲ့..!

နေပါဦး...။


အာရုံများ​နေခဲ့တာ..။


SeHun နာမည်​ကြား​တော့

သေချာပြီ..အဲ့တာဆို...။

ဘာလို့SeHunee က..
ရသလဲ..။


လှောင်​​ပြောင်​​နေသလို..။


/ အဲ့Baek Hyun ကွာ..


ဟင့်​အင်း​နော်​..။

အခုကိစ္စကြီးဆိုရင်​..။

ဟင့်​အင်း..မဖြစ်​ရဘူး..!!!

Byun Baek Hyun ရက်​စက်​တယ်​ ဆို​ပေမယ့်

ဒါ​ပေမယ့်​ ကံတရားကြီးက..

Jung Yoon Se တဲ့...

ဟမ်​..!

တပည့်​ရဲ့အသံအဆုံးမှာ..


စော​စောကနဲ့မတူ​အောင်​..
အဲ့​ကောင်​ပုံစံက

Byun အိမ်​​တော်​..
အထူးတပ်​ဖွဲ့ကလူ..



ရူး​နေပြီလား..?

"hyung...!"



သေချာတယ်​..။

ကြိုး​ကျေသွားခဲ့ပြီ...။


နောက်​ဆုံးအသိဥာဏ်​ထဲမှာ...


ဟုတ်​တယ်​မလား...။

TBC ####

Unicode

Zawgyi

"Mi Young ကတော့..ငါ့သားကို သူ့သမီးနဲ့
တော်တော့်ကိုပေးစားချင်နေတာပဲ..
ငါလဲ ပေးစားချင်ပါတယ်..
ဒါပေမယ့် ငါ့သားလေးမှာက အသည်းအသက်လေးရှိနေတော့လဲ.."

"အန်တီကလဲ..ပြောလိုက်ပါလား..
အန်တီ့သားကိုမကြိုက်ပဲ..အန်တီ့တူလေးတစ်ယောက်လဲရှိတယ် ..အန်တီ့သားလိုပဲ အရပ်ရှည်ရှည်..
ရုပ်ချောချောနဲ့လို့.."

"ဟုတ်သားပဲ..SeHunee လေး ရှိတာ အန်တီ မေ့သွားတယ်.."

"မမေ့သင့်ပါနော်..အန်တီ..ဒါနဲ့..ကောင်မလေးက
ချောရဲ့လား..?"

ဟင်းတွေလာပို့သည့် omma နဲ့..
ကျွန်တော့်အိမ်ရောက် နေသည့် SeHunee ဆုံကြရာတွင်..ဤသို့ဤပုံစကားလက်ဆုံကျနေကြသည်ပေါ့..။

လွန်ခဲ့သည့် အပတ်က..
ကျွန်တော့်ဆီဖုန်းဆက်ပြီး..BaekHyunee ကို
ကျွန်တော်ဘယ်လောက်ချစ်မှန်းအသိဆုံးဖြစ်နေတာတောင်မှ
ကောင်မလေးက ချစ်စရာလေးပါ
သွားကြည့်ကြည့်ပါလားလို့ တောင် ပြောခဲ့သည့် omma..။
ဟိုဘက်က ဘယ်လောက်ထိ စကားလမ်းကြောင်းနေလဲ
မသိ..။

တော်သေးတယ်..။
ဒီနေ့omma လာရင်..blind date အတင်းလုပ်ခိုင်းမှာစိုးနေတာ..။
SeHunee နဲ့ တွေ့သွားတာ တကယ်တော်သေးသည်..။

SeHunနဲ့စကားလက်ဆုံကျရင်း..
သူ့သူငယ်ချင်းသမီးနဲ့သွားတွေ့ဖို့ကိစ္စလေးက
တိမ်မြှုပ်ပျောက်ကွယ် သွားလေပြီ..။

အင်း..သူ့သားစိတ်မပါတဲ့ကိစ္စကို အတင်းမလုပ်ခိုင်းစေချင်လို့လဲ ပါမှာပေါ့လေ..။

"ဒါနဲ့..hyung နက်ဖြန်..
ဘူဆန်သွားမှာ ဆို..?"

"အေး..စိန်နည်းနည်းသွားကြည့်စရာရှိလို့်.."

"ပြီးတော့ ထုံးစံအတိုင်း..သူ့Baek Hyunee
ကြိုက်တဲ့ဆန်မုန့်ကို ညနေ၆ နာရီအမီ သွားဝယ်ဦးမှာပါတဲ့ရှင်.."

"အဟဲ..ဒါကတော့ ချစ်တာကိုး omma ရဲ့.."

"ကျွန်မဖို့လဲ ဆန်မူန့်ပါပါစေနော်.."

"စိတ်ချ..!
သားအလိမ္မာတုံးလေးက ဝယ်ခဲ့မှာတဲ့ဗျား.."

မနက်ဖြန် အတွက် အစီအစဉ်ကို ပြောကြရင်း..
Byun အိမ်တော်က လူဆိုးကောင်ဆီ စိတ်ရောက်သွားတော့
ပြုံးရပြန်သည်..။

ငယ်ငယ်က သူ့အဖေ ဘူဆန်သွားတိုင်း
သူ့ဖို့ဝယ်လာပေးသည့် ဆန်မုန့်ကို..
Chan Yeollie လဲစားဆိုကာ..ဝေမျှပေးတတ်တာလေးတွေ..။
Byun အိမ်ရဲ့ဧည့်ခန်းထဲမှာ..နှစ်ယောက်သား TV
ကြည့်ရင်း ဆန်မုန့်တူတူ စားခဲ့ကြတာလေးတွေ..။

ပြန်သတိရမိတော့ မျက်လုံးထဲမှာ ကြယ်လေးတွေ
တောက်ပနေသလို...။

ငါတို့မှာ သိပ်ကိုလှတဲ့ အတိတ်လေးတွေရှိခဲ့တာပဲ..
Baek Hyunee..။

"hyung..ဆန်မုန့်လာပို့ရင်းနဲ့ ဒီတစ်ခါတစ်ကယ်ကြုံးလိုက်တော့ ..အဲ့တာမှ မှတ်မှာ.."

"ဟာ.. ခွေးကောင်လေးရဲ့..omma ရှိနေတာကို..
ဘာတွေပြောနေလဲ..!?"

"ကျွန်တော့်အစ်ကို အကျင့်မကောင်းတာကို
မကြည့်နိုင်လွန်းလို့ပါဗျာ.."

ထုံးစံအတိုင်း လမ်းဆုံးပို့နေပြန်တဲ့ယောက်ဖလေးကို
ဆူရဆဲရသေးသည်..။

တော်ပါသေးရဲ့..။
ရေခဲသေတ္တာထဲ ဟင်းဘူးတွေထည့်ရင်း
အလုပ်ရှုပ်နေတဲ့ omma တစ်ယောက် ဘာမှ မကြားလိုက်လို့..။

အဲ့တာတောင်..ယောက်ဖဆိုးလေးကပြောလိုက်သေးတယ်..။

အနုနည်းနဲ့မရရင်..အကြမ်းနည်းသုံးရတယ်တဲ့လေ...။

တကယ်ဗျာ..။
အစ်ကိုက တင်းမာသလောက်..ညီက
အတင်းမြှောက်ပေးနေတယ်..။

သူတို့နဲ့မှ မရူး ရင်..ကျွန်တော်ဘယ်တော့ရူးမလဲ..။

Baek Hyunee က အဲ့လိုလုပ်လဲ မရဘူးဆိုတာ..
သူသိသိရက်နဲ့..အဲ့SeHunee
လူကို သက်သက်ချောက်တွန်းနေတာ..။

ကျွန်တော့်လူဆိုးကောင်အကြောင်း..
ကျွန်တော်ပဲသိသည်...။

::::::::: Tyranny ::::::::::::

/ I need u in my life..
Oh , my necessity ~ /

လူငယ်တွေလုပ်လေ့ရှိသလိုမျိုး..နားကြပ်ဖြူဖြကိုနားထဲထည့်ပြီး ကားပေါ်ကနေ ဟိုကြည့်ဒီကြည့် လိုက်ပါလာခဲ့သည့်
ကျွန်တော့်ပုံစံက မသိရင်...
တက္ကသိုလ်ကျောင်းသားလိုလို..။

နားထဲ ပျံ့လွင့်လာသည့် သီချင်းက..
အကြိုက်ဆုံးထဲကအကြိုက်ဆုံးဖြစ်နေတာကြောင့်
တစ်ချက်တစ်ချက် လိုက်ဆိုမိသည်..။

မျက်လုံးထဲမှာလဲ..
နှုတ်ခမ်းထိပ်မှာ မှဲ့နက်လေးတစ်ပွင့်နဲ့..
မျက်လုံးမှေးမှေးလေးတွေ ပိုင်ဆိုင်ထားသည့်..
Byun Baek Hyun ဆိုတဲ့
ချစ်စရာလူသားလေးကို မြင်ယောင်နေမိသည်..။

သီချင်းလေးထဲကလိုများ ဖြစ်ခွင့်ရရင်..
ဘယ်လောက်ကောင်းမလဲနော်..။

ဘယ်လောက်ချစ်တဲ့အကြောင်း..
ဂီတာ တစ်လက် ကိုင်ဆွဲပြီး..
တစ်ဖွဲ့တစ်နွဲ့ဆိုပြမည်..။

သူက သီချင်းဆိုနေသည့် ကျွန်တော့်ကို ပြုံးပြီးကြည့်နေမည်..။

ပြီးရင်..ကျွန်တော့်ရင်ခွင်ထဲ ဝင်လာတဲ့သူ့ကို
တင်းတင်းကျပ်ကျပ်ဖက်ထားပြီး.
နဖူးလေးကို အနမ်းဖွဖွခြွေပစ်လိုက်မည်..။

အရမ်းကိုလှတဲ့စိတ်ကူးအိမ်မက်ကလေး..။

တစ်ကယ်လို့သူ့အမေသာ..
သူ့အဖေကို ပြန်ချစ်ပေးခဲ့ရင်...?

ကျွန်တော့်အိမ်မက်ကလေး အခုလောက်ဆို
အကောင်အထည်ပေါ် လောက်ရောပေါ့..။

အခုတော့..။
ထားပါလေ..ထားပါ.။

စိတ်ညစ်နေလဲ ဘာထူးမှာလဲ..။
ဟုတ်တယ် မလား...။

"၅ ခွဲလောက်တော့ရောက်ကောင်းပါရဲ့.."

နေ့လည် ၃ နာရီမှ အားမည် ပြောထားသည့်..
ဘူဆန်က ဖောက်သည်ကို အတွေးထဲက နေ
ကျိန်ဆဲရင်း နာရီတစ်ကြည့်ကြည့်..။

နေ့လည် ၁၂ နာရီအတိမှာ ထွက်လာတာဆိုတော့..
တစ်နာရီပဲ မောင်းရသည့် ဘူဆန်ကို..
နေ့လည် တစ်နာရီမှာရောက်မည်..။

BaekHyunee ကြိုက်တဲ့ဆန်မုန့်ဆိုင်က
ဘူဆန်မှာနာမည်ကြီးဆိုတော့..
မနက်ဆယ်နာရီကနေ..
ညနေ၆ နာရီ ကွက်တိပဲ ဖွင့်ပြီး..
အဲ့အချိန်ကျော်သွားရင် ပိုက်ဆံနှစ်ဆပေးပါမယ်ဆိုရင်
တောင် ရောင်းဖို့မုန့်မရှိတော့..။
အားလုံးကုန်နေပြီဖြစ်သည်..။

တစ်နာရီ ဘူဆန်ရောက်မှာပေမယ့်..
ချိန်းထားတဲ့နေရာနဲ့ တောင်နဲ့မြောက်ဖြစ်နေတဲ့
မုန့်ဆိုင်ကို သွားဖို့ကလဲ ဘယ်လိုမှ မဖြစ်နိုင်..။

အပြန်လမ်းပေါ်မှာ ရှိတာမို့ ..
အပြန်ကျမှ ဝင်ဝယ်မယ် ဆိုတဲ့စိတ်ကူးတွေနဲ့...။

စိန်ပြမယ့်လူကြီး..စိန်တွေကို အချိုးပြေပြေ ပြင်ဆင်
ထားပါစေလို့ဆုတောင်းရင်း..
ညနေ၆ နာရီပိတ်မည့် ဆန်မူန့်ဆိုင်လေး
မပိတ်ခင် မှီ ပါစေ လို့ပါ..တွဲဖက်ဆုတောင်းမိလိုက်သည်..။

ပြန်ရောက်တာနဲ့ ဂျပန်ဘက်သွားရမှာ မို့..
ဒီဘက်လာပြီး Baek Hyun ကြိုက်တဲ့မုန့်ဝယ်ဖို့က
အချိန်မရနိုင်သေးဘူးဆိုတော့..
ကြုံတုန်းကြုံခိုက် ဝယ်သွားပြီး...

Byun အိမ်တော်သွားဖို့ လမ်းကြောင်းဖန်နေမိသည့်
လူဆိုးဂိုဏ်းခေါင်းဆောင် Park Chan Yeol ရယ်ပါလေ..။

နားကျပ်ထဲကပျံ့လွင့်လာသည့် သီချင်းလေးတွေကို
နားထောင်ရင်း..
တပည့်တပန်းဘာဘာညာညာတစ်ယောက်မှမပါသည့်
ဘူဆန်သွားသည့်လမ်းလေးက ဖြောင့်ဖြူးလို့..။

ဆိုးလ်ကထွက်တော့ချက်ချင်းလတ်ဆတ်သွားသည့်
လေနုအေးလေး..။

ကားတံခါးဖွင့်ချလိုက်တော့ မျက်နှာတင်မက..
ဆံပင်ပါ ရှုပ်ပွထသွားအောင်တိုက်ခတ်လာသည်..။

သူများတွေက အမြန်လမ်းမရောက်ရင် ကားတံခါးအလုံပိတ်ပြီး အဲကွန်းဖွင့်မောင်းတတ်ကြပေမယ့်..
ကျွန်တော်ကတော့..ကားတံခါးဖွင့်ပြီး..
ပြင်ပလေနဲ့ထိတွေ့ရတာကို ကြိုက်သည်..။

တဝှီးဝှီးနားထဲ ဝင်လာသည့် လေသံတွေက သံစဉ်တစ်ပုဒ်လို..။

ဒရိုင်ဘာပါတာမို့ ကိုယ်က အားလုံးစိတ်လွတ်လက်လွတ်..။

အင်း..နောက်ကျ..ချစ်သူ့ဖြစ်သွားရင်..
လူဆိုးကောင်ကိုခေါ်ပြီး ဘူဆန်ကို ဆန်မူန့်အဝယ်ထွက်ဦးမှပါ..။

လေတိုက်လို့တံခါးပိတ်ခိုင်းမည့်သူနဲ့..
တံခါးဖွင့်စီးရတာ ကြိုက်တဲ့ကျွန်တော်...
လမ်းမှာ တစ်ပွဲတစ်လမ်းလောက်အကဲစမ်းပြီး..
ကျီစယ်ကြမည်..။

တံခါးမပိတ်ရလို့ စိတ်ဆိုးပြမည့် နှုတ်ခမ်းထော်ထော်ကို
အနမ်းတွေပေးပစ်မည်..။

ဆန်မုန့်ဆိုင်ကိုမှီအောင်..
ကပြာကယာကားမောင်းသွားကြမည်..။

အဟား..!
နောက်ဆယ်နှစ်..အနှစ်နှစ်ဆယ်ကြာသွားပါစေ..။
ကိုယ့်အိမ်မက်လေး လက်တွေ့အကောင်အထည်ပေါ်လာဖို့
စောင့်နိုင်ပါတယ်..။

အဲ့တာကြောင့် Baek Hyunee က
ကိုယ့်ကို နည်းနည်းပဲဖြစ်ဖြစ် လှည့်ကြည့်ပေးပါလား..။

အဲ့လိုဆို..ကိုယ်တစ်ကယ်ပျော်မိမှာ..။

::::::::: Tyranny: ::::::::::::

"ဆရာ..ကျွန်တော် ကျန်းမာရေး.."

"အေး ..အမြန်ပြန်လာခဲ့ဦး.."

"ဟူတ်.."

စောစောက ကျွန်တော်ဆင်းတုန်းကဖြင့် မဆင်းပဲ..
ခုမှ ကျန်းမာရေး လုပ်နေသော..ဒရိုင်ဘာကောင်ကို
တစ်ချက်တော့ဂျိုကစ်ပေးလိုက်သည်..။

ဘယ့်နှယ့်..ဒီမှာ..သူများက ဆန်မုန့်လေးအရောက်ဆက်သချင်လို့..ဆိုးလ်အမြန်ပြန်ရောက်ချင်လွန်းလို့..
ဖျတ်ဖျတ်လူးနေတာကို..ဒင်းကအလိုက်ကန်းဆိုးမသိ..။

ထားပါ..နောက်တစ်နာရီလောက်ဆိုရင်ပဲ..ရောက်တော့မှာကို..။

"omma ဖို့တစ်ထုပ်..SeHun ဖို့ကတစ်ထုပ်..
BaekHyunee လေးဖို့ကတော့ သုံးထုပ်..!!
ဟားဟား..ကိုယ့်အသဲလေးက..
ဘူဆန်က ဆန်မုန့်ဆို မျက်လုံးလေးတွေတောက်လာတဲ့အထိကို ကြိုက်တာမို့ ..ကိုယ်က
စေတနာနဲ့အများကြီးဝယ်လာပေးတာ.."

စိန်ကိစ္စကို မြန်မြန်လက်စသတ်ပြီး..
ဆန်မုန့်ဆိုင်အပြေးသွားမိတော့ ညနေ၅နာရီသုံးဆယ့်ငါး..။

တော်ပါသေးရဲ့..
လိုချင်သလောက်မုန့်တွေရခဲ့လို့..။

ကားနောက်ခန်းထဲမှာ..နေရာယူထားသည့်မုန့်ဘူးလေးတွေကိုကြည့်ပြီး..
ပြုံးတပျော်ပျော်နဲ့...။

အလာတုန်းကအတိုင်း..နားကျပ်လေးတပ်ပြီး..
လေခံရင်းလိုက်မလို့...
ဖုန်းမှာ နားကျပ်ထိုးလိုက်တယ်..။

ပြီးတော့..
ငါးက ဘယ်နားနေမှန်းမသိ...
ငါးကင်စားချင်နေတဲ့စိတ်တွေနဲ့
အရူးထပြီး လုပ်ထားသည့် playlist ကို
ဖွင့်လိုက်သည်..။

Title က For my wedding တဲ့လေ..။

ကျွန်တော်နဲ့လူဆိုးကောင်နဲ့ မင်္ဂလာဆောင်ရင်..
ဖွင့်ဖို့ဆိုပြီး အချစ်သီချင်းကောင်းကောင်းလေးတွေပဲ
ရွေးထည့်ထားတာ...။

ပထမဆုံးတစ်ပုဒ်ကို ဖွင့်လိုက်တော့..
I wanna grow old with you ဆိုသည့်
သံစဉ်လေးက ငြိမ့်ငြိမ့်ညောင်းညောင်းလေးထွက်ကျလာခဲ့သည်..။

မျက်လုံးလေးမှိတ်ပြီး..
ပြတင်းပေါက်ကို ဖြတ်တိုက်လာသည့်လေနုအေးလေးကြားမှာ...
သံစဉ်အလိုက် တိုးတိုးလေးညည်းရင်း..
ကျွန်တော့်ကမ္ဘာ သာယာလို့နေသည်..။

အတွေးထဲမှာ...လူဆိုးကောင် က သတို့သားဝတ်စုံအဖြူ..
ကျွန်တော်က သတို့သားဝတ်စုံအမဲလေးဝတ်ပြီး...
SeHunee တွဲခေါ်လာပေးတဲ့သူ့ကို..
ဖာသာကြီးရဲ့အနားမှာ..ကျွန်တော်ကစောင့်ဆိုင်းလို့..။

သူ့တပည့်..
ကျွန်တော့်တပည့်တွေကလဲ..ဧည့်သည်ထိုင်ခုံမှာထိုင်ပြီး
ကျွန်တော်တို့နှစ်ယောက်ကို ကြည့်ရင်း
ပြုံးတစ်ပျော်ပျော်ဖြစ်လို့..။

omma ကတော့ရှေ့ဆုံးခုံမှာ ထိုင်ပြီး..
အားပေးချီးမြှင့်ပေးနေတယ်..။

ဖာသာ့ဆီမှာ..ကတိတွေအပြန်အလှန်ပေးပြီးကြတဲ့နောက်..
နည်းနည်းလေးရှက်သွေးဖြာနေတဲ့ လူဆိုးကောင်ရဲ့
နှုတ်ခမ်းပါးလျပ်လျပ်လေးကို တမြတ်တနိုးနမ်းရှိုက်လိုက်တဲ့အခိုက်..

ဧည့်သည်တွေဆီကနေ..ဟေးခနဲ အသံနက်ကြီးထွက်ကျလာခဲ့သည်..။

ရှက်ပြုံးလေးနဲ့..ကျွန်တော့်ရင်ခွင်ထဲပြိုဆင်းလာခဲ့တဲ့
မျက်နှာလှလှလေးကိုတော့..
ကျွန်တော်က အလိုက်သင့်လေး ပွေ့ဖက် ထားလိုက်သည်တဲ့လေ..။

သိပ်ကိုလှပတဲ့ ညနေခင်းစိတ်ကူးယဉ်အိမ်မက်ကလေးထဲမှာ..ကျွန်တော်သိပ်ကို ပြုံးပျော်နေတာ..။

ဒါပေမယ့်.. ဒါပေမယ့်ပေါ့လေ...။

:::::::::::::::::::::::::::::::::

"ဟင်..အခု ထွက်ရမှာလား..?
ဘာလို့လဲ..SeHun.."

"ဘာမှ မေးမနေနဲ့..hyung..!
အဲ့ကားထဲက အခုထွက်..
မထွက်ရင်..hyung သေတော့မှာ..!!!!"

ဘုရား...။

ဒါက ဘယ်လိုအခြေအနေလဲ...။

I wanna grow old with u သီချင်းနဲ့..
ငြိမ့်နေတုန်း...
ဖုန်းဝင်လာခဲ့သည့်နောက်မှာ..
SeHunee ရဲ့အသည်းအသန်ပြောစကားတွေ...။

ကျန်းမာရေးဆိုပြီးဆင်သွားသည့် ဒရိုင်ဘာကောင်က
ကားပေါ်မှာ ဗုံးထောင်သွားခဲ့သည့်အကြောင်း..။

ကားပေါက်ကွဲသွားတာနဲ့ ကျွန်တော်တစ်ခါတည်းကိစ္စတုံးသွားနိုင်သည့်အကြောင်း ဗလောင်းဗထွေးပြောနေသည့်
SeHun ရဲ့စကားသံတွေကို မကြားတစ်ချက်ကြားတစ်ချက်..။

ဒါပေမယ့် အသိစိတ်ကပ်သွားခဲ့သည့်အချိန်မှာ..
အခြေအနေတစ်ခုကို အသေအချာ သဘောပေါက်သွားခဲ့သည်..။

ဒရိုင်ဘာကောင် ကျွန်တော့်ကိုလုပ်ကြံတာ..။

ဘာလို့လဲ..။
ဘာအကြောင်းကြောင့်နဲ့လဲ..။

"hyung..ကားထဲကထွက်လိုက်ပြီလား..!!?"

တွေဝေမိန်းမောနေသည့် အချိန်..
ဖုန်းထဲကနေ ခပ်စူးစူးထွက်လာခဲ့သည့် SeHunee
အသံ..။

Shit..!!

BaekHyunee တောင်ကျွန်တော့်ကို ပြန်ချစ်သေးတာမဟုတ်ဘူး..။
ကျွန်တော်မသေချင်သေးဘူး...။

အဲ့တာကြောင့် ဘာမှစဉ်းစားမနေတော့ပဲ..
ကားတံခါးဆွဲဖွင့်ပြီး ကားနဲ့ဝေးဝေးကိုပြေးထွက်လာခဲ့လိုက်သည်..။

တစ်စတစ်စမှောင်နေပြီဖြစ်သည့် ဘူဆန်မြို့ပြင်
မြင်ကွင်းက ကျွန်တော့်ကို အသင့်ဆီးကြိုနေသည်...။

ခြေလှမ်းငါးလှမ်းတောင်မလှမ်းရသေး...။
ဝုန်းခနဲထပေါက်သည့် ကားရယ်..။
လက်ထဲမှာ ကိုင်ထားသည့်ဖုန်းလဲအဝေးကိုလွင့်ထွက်သွားကာ..

လူလဲ ကျွမ်းထိုးမှောက်ခုံဖြစ်ပြီး မြေပြင်ပေါ် ဒလိမ့်ကောက်ကွေးကျသွားခဲ့သည်...။

"တောက်..!!!
ဆန်မုန့်ဘူးတွေတောင် မယူခဲ့ရဘူး.."

မီးတောက်လောင်နေသည့် ကားကိုကြည့်ရင်း..
ဘူဆန်ုမြို့ပြင်ညမှောင်မှောင်မှာ..လက်သီးကျစ်ကျစ်ပါအောင်ဆုပ်ပြီး...
ရုတ်တရက်ကြီးအသက်ဘေးနဲ့ ကြုံ လိုက်ရသည့်
အဖြစ်အပျက်ကို မယုံနိုင်ဖြစ်ရသည်...။

ဒရိုင်ဘာကောင်ကတော့ ပြန်မလာ...။

နေနှင့်ဦး...။

ဒရိုင်ဘာတစ်ယောက်က ဘာကြောင့်ငါ့ကို လုပ်ကြံရသလဲ ဆိုတဲ့အကြောင်းကို သေချာလေး ဖော်ထုတ်သွားမှာမို့
ပြေးလို့ရသေးတဲ့အချိန်မှာ လွတ်အောင်သာ ပြေးထား..။

ငါကသေချာလေး ဖမ်းပြမှာမို့..။

"ဟာကွာ..ဟာကွာ..!
Baek Hyunကိုစားစေချင်လို့ဝယ်လာတာကိုကွာ.."

ကိုယ့်အသက်အန္တရာယ် ထိခိုက်ထားတာကိုပင်..
အရေးမစိုက်နိုင်ပဲ..
မီးတောက်ထဲပါသွားပြီဖြစ်သည့်..
ဆန်မုန့်ဘူးတွေကို နှမြောတသနဲ့...

မြေကြီးကိုလက်သီးနဲ့ အားပါပါထိုးနေသည့်
ကျွန်တော့်အဖြစ်ကို သူများသိရင်..
စောက်ရူးလို့ ပယ်ပယ်နယ်နယ် လှောင် လောက်မည်
ထင်ပါရဲ့...။
တစ်ကယ် မကျေနပ်ဘူး..။

သူ့အတွက်မုန့်ဝယ်ပြီး..သူ့ကိုမျက်နှာလုပ်မယ်လို့..
မနေ့ညကတည်းက ကြိုပီတိဖြာပြီး အိပ်မပျော်နိုင်ဖြစ်ခဲ့တာတွေ..။

ဘာလို့အဲ့ ဒရိုင်ဘာကောင်က..
ဘာကြောင့်များစောက်ရူးထရသလဲ..။

:::::::::: Tyrannny ::::::::::::::::::::::::

အခန်းမျက်နှာ ကျက်မှာ..မီးမှိန်မှိန်လေးသာထွန်းထားသည့်
အခန်းမှောင်မှောင်မဲမဲသည်..
ရုပ်ရှင်တွေထဲကလိုပင်..စက်ဆုပ်စရာအတိ...။

စိန်ရောင်းစိန်ဝယ်သာ လုပ်ကိုင်သည့်..
ကျွန်တော့်ဂိုဏ်းမှာ..
ဒီအခန်းကိုသုံးရတဲ့အချိန်ကရှားပေမယ့်လို့..
အခုတော့ ..အူကြောင်ကြောင်ဒရိုင်ဘာကောင်ကြောင့်
အခန်းကပြန်လည်အသက်ဝင်လာခဲ့သည်..။

တစ်ခါတစ်လေ သစ္စာဖောက်တစ်ယောက်တစ်လေကို
စီရင်ရင်တောင်မှ တပည့်တွေနဲ့လွှတ်ထားတတ်သည့်လူက..
အခုတော့ ကိုယ်ကိုကိုယ်တိုင်ရောက်လာတာမို့..
ဒရိုင်ဘာကောင်ကို စစ်မေးနေသည့် တပည့်တွေကလဲ
သေချာ အလုပ်လုပ်နေကြသည်..။

ဘူဆန်အပြင်ဘက်မှာ..ကျွန်တော့်ကိုကားဗုံးဖောက်ခဲ့ပြီး
ထွက်ပြေးသွားခဲ့သည့်အရူးကောင်ကို..
ကျွန်တော့်တပည့်တွေအင်အားနဲ့ နာရီပိုင်းအတွင်းမှာ
ရှာဖွေတွေ့ရှိခဲ့ပြီးတဲ့နောက်..
Park အိမ်တော်ရဲ့မြေအောက်ထပ်မှာ..
စစ်မေးနေကြခြင်းဖြစ်သည်..။

အမှောင်တွေသာဖုံးလွှမ်းထားသည့်အခန်းထဲမှာ..
ပါးရိုက်နားရိုက်ထိုးကြိတ်ခံရပြီးမေးမြန်းခံရပေမယ့်လို့
သကောင့်သားက နည်းနည်းလေးတောင်မဖြုံ..။

အကြောတင်းနေသည်...။

"မင်းမပြောရင်..သတ်ပစ်လိုက်မှာနော်..
ဒီနေ့ ဆရာ့ရဲ့..ပုံမှန်ဒရိုင်ဘာက နေမကောင်းဖြစ်ပြီး..
မင်းအစားထိုးဝင်လိုက်တာကိုက မသင်္ကာစရာပဲ..
ဘာလို့လုပ်တာလဲ..!?"

လူဆိုး ဂိုဏ်းထဲ ဝင်တာကို..
သေချာစစ်ဆေးမမေးမြန်ူးပဲ ဒရိုင်ဘာရာထူးလေးပဲ
ဆိုကာ ပေါ့ပေါ့တန်တန်လွှတ်ထားခဲ့သည့်ကောင်တွေကို..
ဆူစရာရှိတာ ဆူပြီး...

ထိုဒရိုင်ဘာကောင်ရဲ့ ပရိုဖိုင်ကို..အသေအချာ ရှာဖွေနေဆဲမှာ..
စစ်ကြောရေးခေါင်းဆောင်တပည့်က..
မျက်နှာကို လက်နဲ့မော့ထားပြီး
ခပ်ကြမ်းကြမ်းမေးနေပေမယ့်..
ခပ်စူးစူးအကြည့်တွေသာပေးနေသည်..။

ကျွန်တော်ကတော့ ဆန်မုန့်ဘူးတွေကို မြင်ပြီး
လူသတ်ချင်တဲ့စိတ်တွေနဲ့လက်ကတစ်ပြင်ပြင်..။

အချိန်မရှိလို့ သေချာလေး သွားဝယ်ထားပါတယ်ဆိုမှကွာ..။

"ဟေ့ကောင်..!
မင်းနဲ့ငါ ဘာရန်ငြိုးရှိလို့လဲ..
မင်းမိဘတွေကိုများ ငါသတ်ထားမိလို့လား..
ဟမ်..! ဟေ့ကောင်ပြောလေ..
မင်းတို့ကလဲ..ဘာမှ သေချာ မလုပ်ပဲ..
ငါနဲ့နှစ်ယောက်တည်းလွှတ်လိုက်ကြတယ်..!!
ကောင်းတယ်..သိပ်ကောင်းတယ်..!!!"

အနားကခုံတစ်လုံးကို ကိုင်ပေါက်ပစ်လိုက်တော့
ခေါင်းငုံ့ကျသွားသည့်တပည့်အကောင်းစားတွေ..။

တစ်ယောက်မှ အသုံးမကျဘူး..။

ဒါနဲ့..!

နေပါဦး...။

ကျွန်တော်ဒီကောင့်ဆီမှာ..ကားဗုံးဖောက်ခံရမှာကို..
SeHunee က ဘာလို့သိတာလဲ..?

ကားပေါ်က ထွက်လာပြီးနောက်ပိုင်း..ဒီကောင့်ကို
မိချင်စိတ်နဲ့တပည့်တွေကိုပဲ အလုပ်ခိုင်းနေတာနဲ့ပဲ
အာရုံများနေခဲ့တာ..။
တစ်ကယ့်အချိတ်အဆက်ကို ဘာလို့များမေ့နေခဲ့တာလဲ..။

"မင်း..Oh Se hun နဲ့ ဘယ်လိုပတ်သက်တာလဲ..!?"

ခေါင်းထဲက အတွေးတစ်ခုကို ချပြလိုက်တဲ့အချိန်..
စောစောက စကားတစ်ခွန်းမှ မပြောခဲ့သည့်ကောင်က
SeHun နာမည်ကြားတော့
မျက်လုံးထဲ အရောင်တစ်ချို့ ဖြတ်ပြေးသွားသည်..။

သေချာပြီ..အဲ့တာဆို...။
ဒါ ကျွန်တော့်ရဲ့Park အိမ်တော်နဲ့ ဘယ်လိုမှ မသက်ဆိုင်ဘူး..။

ဘာလို့SeHunee က..
ဗုံးပေါက်တော့မယ့်အချိန်ကွက်တိ ဖုန်းဆက်အသိပေးနိုင်ခဲ့
ရသလဲ..။

ကြည့်ရတာကိစ္စက..ထင်ထားသလောက်မရိုးရှင်းဘူးထင်တယ်..။

မီးတောက်ထဲ ပါသွားခဲ့သည့် မုန့်ဘူးလေးတွေကပဲ
လှောင်ပြောင်နေသလို..။

နှုတ်ခမ်းထိပ်က မှဲ့နက်ပွင့်ကလေးရွဲ့စောင်းသွားတဲ့အထိ
လှောင်ရယ်ပြတတ်သည့် နှုတ်ခမ်းတစ်စုံကိုပါ..
အထိတ်တလန့်သတိရမိလိုက်သည်...။

/ အဲ့Baek Hyun ကွာ..
မရှက်မကြောက်ငါနဲ့အိပ်ဖို့ပြောတယ်လေ..
နှုတ်ခမ်း လေးတွေက သိပ်ချိုတာပဲကွာ../

နားထဲမှာ..ကြားယောင်လာသည်က..
Ghou ခေါင်းဆောင်ရဲ့ အသံတွေ..။

ဟင့်အင်းနော်..။
အဲ့ကိစ္စကို လက်ခံနိုင်ဖို့တောင်..အချိန်တော်တော်ယူခဲ့ရတာ..။

အခုကိစ္စကြီးဆိုရင်..။

ဟင့်အင်း..မဖြစ်ရဘူး..!!!

Byun Baek Hyun ရက်စက်တယ် ဆိူပေမယ့်
အဲ့လောက်တော့မရက်စက်လောက်ပါဘူး..။

ဒါပေမယ့် ကံတရားကြီးက..
ဒါတွေဟာ..ကျွန်တော်ကိုယ့်ကိုကိုယ် လိမ်ညာဖို့အတွက်
ဟန်ဆောင်ပြောနေတယ်ဆိုတာ..
သိသာအောင် ကျီစားလိုက်ပြန်တဲ့အခါ..။

"ဆရာ..အဲ့ကောင်နာမည်အရင်းက..
Jung Yoon Se တဲ့...
Byun အိမ်တော် အထူးတပ်ဖွဲ့က လက်မရွံ့ လူသတ်သမားတစ်ယောက်..
Code 9 လို့လဲခေါ်တယ်တဲ့..
ကျွန်တော်ထင်တာ...အကြံတစ်ခုခုနဲ့ဆရာ့နားရောက်လာတာ ဖြစ်မယ်.."

"Byun Baek Hyun ခိုင်းတာမလား..!!
ဟမ်..!
ငါ့ကို ကားဗုံးဖောက်ဖို့ Byun Baek Hyun ခိုင်းတာမလားလို့...!!!!!!!?"

laptop screen ကို လှည့်ပြပြီး..
အဲ့ကောင်ရဲ့ ပရိုဖိုင်ကို ရှင်းချက်ထူတ်လာခဲ့သည့်
တပည့်ရဲ့အသံအဆုံးမှာ..
ကျွန်တော့်ပါးပေါ် မျက်ရည်စက်တွေ ကျဆင်းလာခဲ့ပြီးပြီ..။

လက်သီးနှစ်ဖက်ကို ကျစ်ကျစ်ပါအောင်ဆုပ်ထားနှင့်ပြီးပြီ..။

စောစောကနဲ့မတူအောင်..
မဟုတ်ဘူးလို့ ခေါင်းတစ်ခါခါနဲ့
အတင်းကာရောငြင်းပယ်နေသည့်
အဲ့ကောင်ပုံစံက
ဟုတ်ပါတယ်လို့...တိုက်ရိုက်ပြောနေသလို..။

Byun အိမ်တော်..
အထူးတပ်ဖွဲ့ကလူ..
ဘာရန်စမှမရှိပဲ..Park အိမ်တော်ကိုလာပြီး..
ခေါင်းဆောင်ကို လုပ်ကြံခဲ့တာ..။

စေ့စေ့တွေးရေးရေးမြင်ဆိုသလို..နောက်ကွယ်က
ကြိုးကိုင်သူကြီးကို ရှင်းရှင်းလင်းလင်း သိလိုက်ရပါပြီ..။

ဘာလို့တဲ့လဲ..ဘာအကြောင်းကြောင့်နဲ့လဲ..။

ကိုယ့်ကိုသေမတတ် ချစ်ပါတယ် လို့ အော်နေတဲ့လူကို
သတ်ပစ်ရလောက်တဲ့အထိကို မင်းသွက်သွက်ခါအောင်
ရူးနေပြီလား..?

"hyung...!"

ဒူးထောက်ကျသွားတဲ့အထိ..
အခြေအနေတစ်ခုက အရမ်းခါးသီးလွန်းလို့..
နှုတ်ခမ်းတွေတင်းတင်းဖိကိုက်ပြီး..
မျက်ရည်တွေ ပိုးပိုးပေါက်ပေါက်
ကျ ဆင်းနေမိသည့်အချိန်..

ချောက်ကမ်းပါးစွန်းမှာ ရပ်နေပါသည်ဆိုမှ..
ချောက်ထဲ တွန်းချရက်သလား..ကံကြမ္မာရယ်..။

Park အိမ်တော်ရဲ့စစ်ကြောရေးမြေအောက်ခန်းထဲထိတောင် ဝင်လာခဲ့သည့် Byun အိမ်တော်ရဲ့
ဒုတိယ အရှင်သခင်လေးကို မြင်လိုက်ရတဲ့အခိုက်..
သေချာတယ်..။

ကျွန်တော့်ကမ္ဘာ ပြန်ကောက်ဆက်လို့မရအောင်..
ကြိုးကျေသွားခဲ့ပြီ...။

ပါးစပ်တွေအာစေးမိသွားသလို..။

နောက်ဆုံးအသိဉာဏ်ထဲမှာ...
သတိလစ်ပြီး ကြမ်းပြင်ပေါ်ပြုတ်ကျခါနီးလေးမှာ..
တပည့်တွေရဲ့စိုးရိမ်သံထွက်လာသည်နဲ့အတူ..
ကျွန်တော့်ဆီ စိုးရိမ်တစ်ကြီးပြေးလာခဲ့သည့် SeHun..။

ရက်စက်တယ် ဆိုလဲ တော်ရုံတန်ရုံပဲ ကောင်းပါတယ်ကွာ..။

ဟုတ်တယ်မလား...။

TBC ####

Continue Reading

You'll Also Like

82.1K 10.9K 40
Seokjinက ငါ့အိမ်ကကျွန်လေ... အိပ်စရာလူကုန်ရင်တောင် သူနဲ့တော့မအိပ်ဘူး၊ ကျွန်စော်နံလို့...[ABO/kookjin]
83.3K 11.4K 52
کچ زوتر بە ڕێگا ئەڕوات ، زوتر بە قسـە دێت زوتر گـەورە ئەبێ.. ئەسـڵەن ئەڵێی هەر لە سـەرەتاوە پەلـەیەتی! ئەڵێی هیـچ کات کاتی بـۆ خۆی نییە..هەتـا یاریەک...
14K 3K 46
විනාශ කරදැමූ කිරි සිහිනයක් වෙනුවෙන් බැදි වෛරයක් නිසා පරම්පරාවක්ම නසන්නට ශපථ කළ නේත්‍රාවකගේ පළිගැනීමට මැදිවූ සෙනෙහසක අන්දරය....... රුහිරු බැදි බැමි~
466K 64.3K 78
🌻 " අනුක් අයියේ " "...................." " අනුක් අයියේ " බස් එකේ ජනේලෙන් එපිට බලාගෙන උන්න මන් ගැස්සුනෙ එයාගෙ සුළැගිල්ල මගේ සුළැගිල්ල වටේ එතෙනකොට...