"သူ" သာလျှင်.....💘

By reselda_

12.3K 409 13

တစ်ချိန်ကကျွန်တော့ရင်ကိုလှုတ်ခတ်သွားစေခဲ့တဲ့လူတစ်ယောက်... ဘယ်အချိန် ဘယ်နေရာမှာ ဘယ်လိုပုံစံ ဘယ်လိုအခြေအနေမျိုးန... More

Part-1
Part-2
Part-3
Part-5
Part-6(💛...💛)
Part-7(❤...❤)
Part-8
Part-9
Part-10
Part-11
Part-12
Part-13(End)

Part-4

624 30 0
By reselda_

မနက်ခင်းနေရောင်ခြည်က ပြတင်းတံခါးကိုဖြတ်၍ အပြာရောင်ဆေးသုတ်ထားသော အခန်းအတွင်းသို့ ဝင်ရောက်လာသည်....
ရွှေမျှင်ကဲ့သို့ နေခြည်အလင်းတန်းတချို့ကမူ အိပ်မောကျနေသော
ကောင်လေး၏ မျက်နှာပေါ်သို့ ဖြာကျလျှက်ရှိသည်....
အိပ်မောကျနေတဲ့ ကောင်လေးကတော့ တခြားသူမဟုတ် နေမင်းမဟာ ပင်.....
🛌.....

ကုတင်ဘေး စားပွဲပေါ်တွင်တင်ထားသည့် နာရီလေးကမူ တချက်ချက်ဖြင့်အသံပေး၍ သူ့တာဝန်ကိုသူမရပ်မနားထမ်းဆောင်နေသည်..
ဖြည်းဖြည်းနဲ့မှန်မှန် ရွှေ့လျားနေရာမှ မနက် ၆နာရီတိတိထိုးသောအခါ ထိုနာရီမှ နှိုးစက်အသံသည် ထွက်ပေါ်လာခဲ့သည်...

ထိုနှိုးစက်သံကြောင့် အိပ်ပျော်နေသော ကောင်လေးသည်လည်း အိပ်နေရာမှလူးလွန့်လာသည်
ထို့နောက် နှိုးစက်ကိုပိတ်လိုက်ပြီး အိပ်ရာပေါ်မှထကာတညလုံးအိပ်ထားသဖြင့် ခန္ဓာကိုယ်အညောင်းပြေစေရန် အကြောဆန့်လိုက်သည်...

'ဝါးးးး အိပ်လို့ကောင်းလိုက်တာ'

အိပ်ရာမှထလာသောကြောင့်ရှုပ်ပွနေသော ဆံပင်တို့ကိုလက်ဖြင့် အနောက်သို့ သပ်တင်လိုက်ပြီး ရေချိုးခန်းထဲသို့ဝင်ကာ သွားတိုက်မျက်နှာသစ်အလုပ်ကို စတင်တော့သည်...
°
°
°
°
°
ဒေါ်စိမ်းမြသက်သည် မနက်ဆိုလျှင် အစောကြီးထပြီး ဘုရားဝတ်ပြု တတ်သည်.....
ယခုလည်း ဘုရားဝတ်ပြုပြီး၍ ဘုရားခန်းထဲမှထွက်ကာ အချိန်ကိုကြည့် လိုက်တော့

' ၆နာရီတောင်ခွဲကျော်ပါ ပေါ့လား.... သားလေးနိုးနေပြီထင်တယ်
breakfastပြင်ပေးဦးမှပါ'

ပါးစပ်ကပြောလည်းပြော ခြေလှမ်းတို့ကပါ ထမင်းစားခန်းသို့ရောက်သွားသည်...
ထမင်းစားခန်း၌မူ ကုန်းကုန်းကွကွနဲ့ အလုပ်လုပ်နေသောကြီးမြင့်ကိုတွေ့လိုက်သည်...

'ကြီးမြင့်..'

'ရှင်~~'

သူ့ ယောကျာ်းမဆုံးခင်ကတည်းက ဒီအိမ်မှာအလုပ်လုပ်လာခဲ့တဲ့
ကြီးမြင့်သည် သူ့ထက် အသက် ၈ နှစ်နီးပါးမျှကြီးသည်....
ဒါကြောင့်မိုလို့ ကြီးမြင့်ကသူ့အတွက်တော့ အမေလိုအမလိုသဖွယ်ပင်

'ကြီးမြင့် ဘာတွေလုပ်နေတာလဲ'

ထိုသို့မေးလိုက်တော့ ကြီးမြင့်က ဇရာကြောင့်အနည်းငယ်တွန့်နေသော ပါးရည်တို့အထင်းသားမြင်ရလောက်တဲ့အထိ ပြုံးပြပြီး

'ဒီမှာလေ....သမီးတို့စားဖို့အတွက် မနက်စာပြင်ပေးနေတာ'

'ဟုတ်လား သမီးလည်းပြင်ပေးမယ်လေ'

' ကြီးမြင့်တယောက်တည်းလုပ်နိုင်ပါတယ်သမီးကလည်း'

'ရပါတယ်ကြီးမြင့်ရယ်'

ကြီးမြင့်နဲ့ ပြောနေရင်း ဒေါ်စိမ်းမြသက်က စားပွဲပေါ်မှာတင်ထားတဲ့ချိုင့်ကိုမြင်တဲ့အခါ

'အယ် ကြီးမြင့် ဒီချိုင့်ကဘာထည့်ထားတာလဲ'

'aww...မုန့်ဟင်းခါးတွေလေ မနက်ကဈေးသွားတော့ သားနေမင်း အတွက်ဝယ်လာလိုက်တာ'

'ကောင်းတာပေါ့ သားလေးကလည်း မုန့်ဟင်းခါးကြိုက်တာနဲ့အတော်ဘဲ'

ဒေါ်စိမ်းမြသက်လည်း ချိုင့်ကိုဖွင့်၍ အထဲကမုန့်ဟင်းရည်နဲ့မုန့်ဖက်တို့ကို ပန်းကန်လုံးနဲ့သက်သက်စီခွဲထည့်ပြီး ထမင်းစားပွဲပေါ် တင်ထားကာ သူ့သားဆင်းလာတာနဲ့အဆင်သင့်စားလို့ရအောင် ပြင်ဆင်ထားလိုက်သည်...
.
.
'မွှေးလိုက်တာ.. ဟာာ ..မုန့်ဟင်းခါးဘဲ'

'ဟောာ..သားဆင်းလာပြီပေါ့ ဒီမှာလေ ကြီးမြင့်က သားအတွက် မနက်အစောကြီးသွားဝယ်ပေးထားတာ'

'အဲ့တာကြောင့်မို့ ကြီးမြင့်က အရမ်းကိုချစ်ဖို့ကောင်းနေတာ'

'အမယ်လေးသားကတော့ပြောပြန်ပြီ ကြီးမြင့်က အသက်ကဖြင့် ဒီလောက်ကြီးနေပြီ ဘယ်ကချစ်စရာကောင်းရမှာလဲ'

'အသက်နဲ့ ဘာဆိုင်လို့လဲ မဆိုင်ပါဘူး.....ကြီးမြင့်က အသက်ကြီး လည်းလှတုန်းဘဲ'

'အဲ့စကားတွေကြောင့်ဘဲ ဒီကအဖွားကြီးကသေလို့ရနေပါပြီကွယ်'

ဒီစကားကြားတော့ နေမင်းမဟာ က မုန့်ဟင်းခါးစားနေတာကိုချက်ချင်းရပ်ပြီး မျက်လုံးပြူးမျက်ဆံပြူးဖြင့်သူ့ဘေးမှာရပ်နေတဲ့ ကြီးမြင့်ကိုကြည့်ကာ

'ကြီးမြင့်နော် သားပြောထားမယ် ကြီးမြင့်က ကိုယ့်သဘောနဲ့ကိုယ်သေလို့မရဘူး'

'ဟင်...သေတာတောင် ကိုယ့်သဘောနဲ့ကိုယ်သေလို့မရဘူးလား'

'မရပါဘူး...ကြီးမြင့်မရှိတော့ရင်သားတို့ကိုဘယ်သူကထမင်းဟင်းချက်ကျွေးမှာလဲ...'

'ဟုတ်ပါပြီရှင် ဟုတ်ပါပြီ နားလည်ပါပြီနော် ဘယ်တော့မှ ကိုယ့် သဘောနဲ့ကိုယ်မသေပါဘူး..ဟုတ်ပြီလား'

'ဟုတ်ကဲ့'

ထိုအချိန်မှ နေမင်းမဟာ သူစားလတ်စမုန့်ဟင်းခါးကိုဆက်စားတော့သည်

သူ့အကြိုက် မုန့်ဟင်းခါးဝယ်လာပေးတဲ့ကြီးမြင့်ကို ကလေးတစ်ယောက်လိုစကားနဲ့ကပ်ချွဲနေတဲ့ နေမင်းမဟာ ကိုဒေါ်စိမ်းမြသက်ကဘေးကနေကြည့်ပြီးရယ်နေသည်...ကြီးမြင့်ရဲ့ မျက်နှာထက်မှာတော့ ကျေနပ်ပြုံးလေးတွေကအထင်းသား.....
နေမင်းမဟာ ကအသက်သာ ၂၄နှစ်ရှိနေပေမယ့် သူချစ်တဲ့သူတွေနဲ့ ဆိုရင်တော့စလိုက်နောက်လိုက်နဲ့ ကလေးလိုဘဲနေတယ်
သူကရှုတ်ရှုတ်ယှက်ယှက်တွေသိပ်မကြိုက်တော့ သူငယ်ချင်းအပေါင်းအသင်းလည်းသိပ်မထားဘူး...
အခုက Companyရဲ့ CEOတစ်ယောက်ဆိုတော့ပိုဆိုးပေါ့ သူ့ရဲ့မျက်နှာထားကိုအများအားဖြင့်တည်နေရတယ်
အဲ့ဒါကြောင့်မို့ သူ ရယ်ရယ်မောမောနဲ့နေရတဲ့အချိန်တွေကလည်း ဒီအချိန်လေးတွေဘဲရှိတယ်လေ...
.
.
'မေမေ သားသွားတော့မယ် အိမ်ရှေ့မှာ ဦးလေးသန်းရှိန်စောင့်နေလောက်ပြီ'

'အေအေး ကောင်းကောင်းသွားနော် သား'

'ဟုတ်ကဲ့'

နေမင်းမဟာ ကသူ့အမေနဲ့ကြီးမြင့်ကို အပြုံးဖြင့်နှုတ်ဆက်လိုက်ပြီး အိမ်ရှေ့ကိုထွက်လာလိုက်တော့ သူထင်တဲ့အတိုင်း ဦးလေးသန်းရှိန်က သူ့ကိုအိမ်ရှေ့မှာ အဆင်သင့်စောင့်နေသည်...
သူ့ကိုလည်းတွေ့ရော ဦးလေးက ကားတံခါးကိုဖွင့်ပေးသည်
သူရော ဦးသန်းရှိန်ပါ ကားပေါ်ရောက်တော့ ဦးလေးက ကားစက်ကိုနှိုး ကာ မောင်းနေရင်း

'ဦးလေးဘယ်ကိုပို့ပေးရမလဲ'

'ဗျာ...ဦးလေးဘာကိုမေးတာလဲ'

'companyကိုလား မနေ့ကသွားတဲ့ဆိုင်ကိုလားပေါ့'

'companyကိုပေါ့ ဦးလေးကလည်း ကျွန်တော်ကဘာလို့ အဲ့ဆိုင် ကိုသွားရမှာလဲ'

'အော်.....ဟုတ်ပြီ အဲ့ဆို ဦးလေး companyကိုဘဲပို့ပေးပါ့မယ်'

ဦးလေးသန်းရှိန်ကတော့ ဒီနေ့ဘာဖြစ်နေတာလဲမသိပါဘူး..
ထူးထူးဆန်းဆန်းမေးခွန်းတွေမေးလို့....
အရင်ကဆို သူပြောစရာတောင်မလိုဘူး ဦးလေးက သူ့ကိုcompanyကိုဘဲ မောင်းပို့ပေးနေကျ
အကြောင်းအရင်းမရှိဘဲနဲ့ ဟိုဆိုင်ကိုမောင်းပို့ပေးရဦးမလားမေးတာ ကလည်း ဘာသဘောနဲ့မေးမှန်းမသိဘူး....
သူ့စိတ်ထဲမှာ မေးခွန်းတွေအများကြီးရှိနေပေမယ့် ဦးလေးသန်းရှိန်ကို သူထုတ်မမေးဖြစ်ပါဘူး...... မနက်ခင်းစောစောစီးစီး စိတ်ရှုပ်ရရင်မကောင်းဘူးလေ.... အဲ့တာကြောင့်ထပ်မမေးတာဘဲကောင်းပါတယ်လို့ဘဲ သူဆုံးဖြတ်လိုက်တယ်
.
.
.
'ကဲ....သား ဦးလေးသွားလိုက်ဦးမယ် နေ့လည်ဘယ်အချိန်လာကြိုရမလဲ'

'ရတယ် ဦးလေး ညနေမှဘဲလာကြိုလိုက်တော့'

'အော်...အဲ့ဒါဆို ဦးလေးသွားပြီနော်'

'ဟုတ်'

နေမင်းမဟာ ကိုcompanyလိုက်ပို့ပြီးတာနဲ့ ဦးသန်းရှိန်ဟာ ကား တစ်စီးနဲ့ နေရာတစ်နေရာသို့ထွက်လာသည်
သူသွားမယ့်နေရာကတော့ တခြားနေရာတော့မဟုတ်ပါဘူး
ဘမောင်တို့ဆိုင်ကိုပါ
.
.
အိမ်ရှေ့မှာ ကားရပ်သံကြားတဲ့အတွက် ပိုင်ရတုမောင် ထွက်ကြည့်လိုက်တော့ မနေ့ကသူ့ဆိုင်ရှေ့မှာ ရပ်သွားတဲ့ကား...

ကိုနေလား???ကိုနေသူ့ဆီကိုပြန်လာတာများလား

ပိုင်ရတုမောင် ဝမ်းသာအားရဖြင့် အိမ်ရှေ့သို့ထွက်လာတဲ့အခါ ဦးသန်းရှိန်က ကားပေါ်ကဆင်းလာသည်...
ပိုင်ရတုမောင် ကတော့ ကားအနောက်ခန်းကနေ သူမျှော်နေတဲ့သူများ ဆင်းလာမလားလို့ကြည့်လိုက်ပေမယ့် ကားပေါ်ကဆင်းလာတဲ့သူက
ဦးသန်းရှိန်တစ်ဦးတည်းသာ...

ပိုင်ရတုမောင် အလွန်ပင်စိတ်ပျက်မိသွားသည်....
လူတစ်ယောက်ကိုမျှော်နေရတာကလည်း မျှော်ရတဲ့သူအတွက်
တော်တော်ကိုပင်ပန်းပါတယ်....အထူးသဖြင့် ကိုယ့်ဆီကို မလာနိုင်တဲ့လူတစ်ယောက်ကိုမျှော်နေမိတာဟာ အပင်ပန်းဆုံးနဲ့အနာကျင်ရဆုံးဘဲ...

'သားနာမည်က ပိုင်ရတုမောင်နော်..'

'ဟုတ်ပါတယ်ခဗျ ဒါနဲ့ ဦးက ကျွန်တော့ဦးလေးဆီလာတာလား'

'အင်း ဟုတ်တော့ဟုတ်တယ်..သား ဦးလေးကရောဘယ်မှာလဲ'

'ဆိုင်ထဲမှာပါ'

'aww...ဦးလေးသားကို မေးစရာရှိတာနဲ့အတော်ဘဲ'

ဦးသန်းရှိန်ဆိုသူ၏ စကားကြောင့် ပိုင်ရတုမောင် အနည်းငယ်အံ့သြ သွားမိသည်....သူနဲ့မနေ့ကမှ တွေ့ဖူးတဲ့ဦးလေးက သူ့ကိုမေးစရာရှိ တယ်ဆိုပါလား...ဘာများမေးမလို့လဲ ဦးသန်းရှိန်မေးမယ့်မေးခွန်းက ကိုနေနဲ့ များပတ်သက်နေမလား..

'မနေ့က ပန်းစည်းဝယ်သွားတဲ့ကောင်လေးလေ ဦးလေးတို့မရှိခင်
သူနဲ့သားဘာတွေ ဖြစ်သေးလဲ'

'ဦးလေးမေးတာကို ကျွန်တော်သိပ်နားမလည်ဘူး'

'aww...ဒီလိုလေ...မနေ့ကပြန်သွားတော့ သားလေးနေမင်းက ထူးဆန်းနေလို့လေ'

'ထူးဆန်းတယ် ဘယ်လိုထူးဆန်းတာလဲ ဦးလေး'

ဦးသန်းရှိန်ပြောသမျှစကားထဲမှာ ပိုင်ရတုမောင် ဒီစကားတစ်ခွန်းကိုတော့ အလွန်စိတ်ဝင်စားသွားသည်..ဒါပေမယ့် စိတ်ပူမှုကတစ်ဝက်ပါနေတယ်လို့ပြောရင်လည်းမမှားနိုင်ပါဘူး
ဒီဦးလေးပြောစကားအရဆို ကိုနေကထူးဆန်းနေတယ်တဲ့ အဲ့လိုဖြစ်တာကလည်း သူ့ဆိုင်ကနေ ပြန်သွားကတည်းကဆိုတော့ ဘာများ
ဖြစ်လို့ပါလိမ့်...

'တစ်လမ်းလုံးစကားမပြောတာဆိုတာလေ ..ကားပေါ်မှာ ဝစီပိတ်ကျင့် နေသလားဘဲ... ဒီလောက်သတိကြီးတဲ့သူက အိမ်ပြန်ရောက်တာကို တောင်သတိမထားမိဘူးလေအဲ့တော့ ဦးလေးက... သားဘာတွေများ တွေးနေလို့လဲ ဆိုပြီးမေးတော့လဲ မသိဘူးတဲ့'

'ဟင်...အဲ့တာ တကယ်လား ဦးလေး'

'တကယ်ပေါ့ ...ဦးလေးက မဟုတ်ဘဲပြောပါ့မလား
နေမင်းကို ဦးလေးကအခုချိန်ထိ ကိုယ့်တူကိုယ့်သားအရင်းလိုဘဲ သဘောထားစောင့်ရှောက်ခဲ့တာ...ဒါပေမယ့် မနေ့ကလိုမျိုး နေမင်းရဲ့ပုံစံကို ဦးလေးတစ်ခါမှမတွေ့ဖူးဘူး
အဲ့ဒါကြောင့်မို့ ဦးလေးကစိတ်ပူလို့အခုလိုမေးတာပါ'

'ဟုတ်ကဲ့ ဦးလေး....ဒါပေမယ့် မနေ့က ကိုနေ...အယ် ကိုနေမင်းမဟာနဲ့ ကျွန်တော်ဘာမှမဖြစ်ပါဘူး အဲ့တာတော့ယုံပါ

'အော်....ဟုတ်ပါပြီ သားရယ် ကျေးဇူးပါဘဲ'

'ရပါတယ်ဗျ..'

'ကဲ အဲ့ဒါဆိုဦးလေး.. ဘမောင်နဲ့သွားတွေ့လိုက်ဦးမယ်'

'ဟုတ်ကဲ့ဗျ..'

ဦးသန်းရှိန်က သူ့ရှေ့ကနေထွက်သွားပြီး ဆိုင်ထဲကိုဝင်သွားသည့်အခါ
ပိုင်ရတုမောင် ဟာအိမ်ထဲသို့ပြန်ဝင်လာပြီး အပေါ်ထပ်ရှိ သူ့အခန်းဆီ တက်သွားသည်...

ထို့နောက် အမြဲတမ်းသော့ခတ်ထားလေ့ရှိတဲ့ သူ့ကုတင်ဘေးက ဗီရိုကိုဖွင့်လိုက်သည်....
ထိုသော့ခတ်ထားတဲ့ဗီရိုကတော့ သူ့ရဲ့အမှတ်တရတွေကိုသာထည့်
ထားသည့် ဗီရို....🗄

Photo Album ~~~
ပိုင်ရတုမောင် ၏လက်တို့က အမိန့်ပေးစရာမလိုဘဲ ဗီရိုထဲမှာရှိနှင့်နေတဲ့ photo albumကိုကောက်ယူလိုက်သည်...

အရင်က သူဒီalbumကို မကြည့်မိအောင်ကြိုးစားခဲ့တယ်
ဒါပေမယ့် သူ့ကြိုးစားမှုက မအောင်မြင်ခဲ့ပါဘူး
ဒါကြောင့် အမှတ်တရတွေအပြည့်ရှိနေတဲ့ ဒီဗီရိုကို သူအမြဲတမ်းသော့ခတ်ထားခဲ့တာ သူမကြည့်မိအောင်ပေါ့...
အခုချိန်မှာတော့ ဒီအမှတ်တရတွေကို သူပြန်ကြည့်နေမိတယ်
albumထဲက ဓာတ်ပုံတွေကို တစ်ပုံချင်းသူလိုက်ကြည့်နေရင်း မြင်နေရတဲ့ပုံတွေဟာ ဝေဝါးလာခဲ့တယ်...
အကြောင်းရင်းကတော့ သူ့ရင်ထဲကဝမ်းနည်းမှုတွေဟာ မျက်ရည်တွေအဖြစ်နဲ့ သူ့မျက်လုံးအိမ်မှာနေရာယူခဲ့တဲ့အတွက်ကြောင့်ပါ...

အတိတ်ကပျော်ရွှင်မှုပုံရိပ်တွေဟာ အခုချိန်မှာတော့သူ့ကိုလှောင်ပြောင်နေသလို.....ဘယ်အချိန်ပြန်ကြည့်ကြည့် ဒီပုံတွေဟာ သူ့ကိုနာကျင်မှုတွေပေးစွမ်းနေတယ်
albumထဲကနောက်ဆုံးပုံကတော့ ကမ္ဘာပေါ်မှာ အချိုသာဆုံးအပြုံးနဲ့ ပြုံးပြနေတဲ့ ဘွဲ့ဝတ်စုံအပြည့်နဲ့ကောင်လေးတစ်ယောက်.....

ပိုင်ရတုမောင် သူ့မျက်ရည်တွေကိုဆက်လက်ထိန်းထားနိုင်စွမ်းမရှိတော့....မိုးစက်မိုးပေါက်များပမာ ပိုင်ရတုမောင်၏မျက်ရည်စက်တို့က ထိုဓာတ်ပုံပေါ်သို့ တစ်ပေါက်ချင်းစီးကျလာခဲ့သည်....

ကောင်းကင်၌တောက်ပထွန်းလင်းနေသော နေမင်းကြီးနှင့်အပြိုင် ပိုင်ရတုမောင် ၏မျက်လုံးတို့ကရဲရဲနီနေသည်...
သို့သော် ဇွဲမလျော့နိုင်သေးသော သူ၏မျက်ရည်တို့ကမူ မျက်လုံးအိမ်မှစီးကျနေဆဲ....
ဒီပုံတွေကို သူဆက်မကြည့်နိုင်တော့...
ဘယ်လိုနည်းနဲ့မှ သူဆက်မကြည့်နိုင်တော့
လက်ထဲမှာ ကိုင်ထားတဲ့ albumကိုချက်ချင်းပိတ်လိုက်ပြီး
ဗီရိုထဲပြန်ထည့်ကာ သော့ခတ်လိုက်သည်...
ထို့နောက် သူ့ခေါင်းအုံးဘေးမှာ ရှိနေတဲ့ phကို ယူလိုက်ပြီး ph contactsထဲကနံပါတ်တစ်ခုကိုနှိပ်လိုက်သည်...
.
.
အခုအချိန်မှာ သူတစ်ယောက်ယောက်ကိုရင်ဖွင့်ဖို့လိုနေပြီလေ....

°•°♥ °•°♥ °•°♥ °•°

Continue Reading

You'll Also Like

1.3M 69.3K 59
𝐒𝐜𝐞𝐧𝐭 𝐨𝐟 𝐋𝐨𝐯𝐞〢𝐁𝐲 𝐥𝐨𝐯𝐞 𝐭𝐡𝐞 𝐬𝐞𝐫𝐢𝐞𝐬 〈𝐛𝐨𝐨𝐤 1〉 𝑶𝒑𝒑𝒐𝒔𝒊𝒕𝒆𝒔 𝒂𝒓𝒆 𝒇𝒂𝒕𝒆𝒅 𝒕𝒐 𝒂𝒕𝒕𝒓𝒂𝒄𝒕 ✰|| 𝑺𝒕𝒆𝒍𝒍𝒂 𝑴�...
4.1K 209 17
ထိုနေ့က ကျွန်တော်သွားခဲ့တဲ့ရပ်ဝန်းက ကျွန်တော့်ရဲ့အချစ်တွေရှင်သန်စေမယ့် အချစ်ရပ်ဝန်းလေးတဲ့ဗျာ🌱🌱🌱
1.4M 35.3K 47
When young Diovanna is framed for something she didn't do and is sent off to a "boarding school" she feels abandoned and betrayed. But one thing was...
1.7M 120K 44
"Why the fuck you let him touch you!!!"he growled while punching the wall behind me 'I am so scared right now what if he hit me like my father did to...