📲 🎶🎶
စားပွဲပေါ်မှာတင်ထားသည့် Handphoneလေးမှ တုန်ယင်လျှက် တီးလုံးသံတို့ထွက်ပေါ်လာသည်နှင့်တပြိုင်နက်.....တစ်ယောက်သော သူ၏ ယောကျာ်းဆန်လှသော လက်တစ်စုံက ကိုင်လက်စ ဇွန်းနှင့်ခရင်းကို ထမင်းပန်းကန်ပြားပေါ်ပြန်ချပြီး phကိုကောက်ကိုင်လိုက်သည်
'hello...'
'hello...မေမေ့သားလေး'
phထဲမှ အမေဖြစ်သူ၏အသံချိုချိုကိုကြားလိုက်ရသောအခါ phပြောနေသောကောင်လေး၏ညာဘက်ပါးပြင်၌ ပါးချိုင့်လေးတစ်ခုက အလိုအလျှောက်ဖြစ်တည်လာတော့သည်
'hrr...မေမေ သားကမေမေ့phကိုတစ်မနက်ခင်းလုံးမျှော်နေတာ'
'အံမယ်..ဟုတ်လို့လားသားရဲ့... သားကမျှော်နေတယ်ဆိုပြီး သားကျတော့ဘာလို့phမဆက်တာလဲ'
'ဆက်မလို့ဘဲ.... ဒါပေမယ့်သားက မေမေတို့မအားမှာစိုးလို့ပါ..
တော်ကြာ သားဆက်လိုက်ရင် အနှောင့်အယှက်ဖြစ်သွားမှာစိုးလို့လေ'
'အမယ်လေး...အနှောင့်အယှက်မဖြစ်ပါဘူး သားလေးရယ်...
အမေက မဆက်ဘူးဆိုတာကလည်း အခုမှအလုပ်ပြီးလို့လေ...'
'aww....ဟုတ် ဒါနဲ့ ဖေဖေရော..'
'သားအဖေက အခင်းထဲမှာဘဲရှိသေးတယ်သားရဲ့...
သား ထမင်းရောစားပြီးပြီလား'
'သားက အခုမှ စားမလို့ဘဲရှိသေးတယ်'
'ဟုတ်လား...အဲ့ဆို သားလေး စားလေ..
အမေလည်းနားလိုက်ဦးမယ်နော်'
'ဟုတ်ကဲ့ မေမေ'
တဖက်ကအသံပြတ်တောက်သွားသည်နှင့် phကိုစားပွဲပေါ်ပြန်တင်လိုက်ကာ စားလက်စ ထမင်းကိုဆက်စားနေရင်း အခင်းထဲမှာအလုပ်တွေရှုပ်နေမည့် ဖေဖေနဲ့မေမေကို သူမြင်ယောင်နေမိသည်....
.
.
သူတို့မိသားစုက ပြင်ဦးလွင်မှာ ပန်းခင်းတွေအများကြီးစိုက်ထားတာလေ..အရင်တုန်းက သူတို့မိသားစုက ဒီအလုပ်ကိုမလုပ်ပါဘူး..
အရင်ကတော့ သူ့အဖေက စီးပွားရေးလုပ်ငန်းရှင်ကြီးတစ်ဦးပေါ့..
ဒါပေမယ့် သူခြောက်နှစ်သားအရွယ်မှာဘဲ သူ့အဖေက စီးပွားရေးလုပ်ငန်းမလုပ်တော့ဘဲ အေးအေးချမ်းချမ်းလေးဘဲနေချင်တော့တယ်လို့ပြောကာ ရန်ကုန်မှာမနေတော့ဘဲ ပြင်ဦးလွင်မှာပန်းတွေစိုက်ရင်းနေ နေတာလေ...
ကျွန်တော်လား???? ကျွန်တော်ကတော့အခုပြင်ဦးလွင်မှာမဟုတ်ပါဘူး...ကျွန်တော်တို့မိသားစုက ပြင်ဦးလွင်မှာရော ရန်ကုန်မှာပါ ပန်းဆိုင်တွေဖွင့်ထားကြတာဆိုတော့.... ရန်ကုန်မှာဖွင့်ထားတဲ့ MAGIC FLOWERSဆိုတဲ့ ပန်းဆိုင်ကြီးကိုတော့ အဖေ့ရဲ့ညီဦးလေးဘအောင်ကိုဘဲ တာဝန်ပေးထားပေမယ့် အခုတော့ဦးလေးတစ်ယောက်ထဲမနိုင်တော့တာနဲ့ဘဲ ကျွန်တော်ကပါဝိုင်းကူလုပ်ရင်း ဆိုင်ကိုဦးဆောင်နေရတာပေါ့....လူပျိုကြီးဖြစ်တဲ့ဦးလေးကတော့ လိမ္မာရေးခြားရှိတဲ့ကျွန်တော့ကိုသူ့သားအရင်းလိုဘဲ အရမ်းချစ်ပြီး ဂရုစိုက်တော့ ကျွန်တော့်အတွက်လည်းအစစအရာရာအကုန်အဆင်ပြေနေတယ်လေ
.
.
aww....ကျွန်တော့်နာမည်ကိုအခုထိ မပြောရသေးဘူးနော်..
ကျွန်တော့်နာမည်က 'ပိုင်ရတုမောင်' ကျွန်တော့်အသက်ကတော့ အခု၂၁နှစ်ကျော်နေပြီဗျ...
'သား ပိုင်ပိုင်ရေ....'
'ဟုတ် ဦးလေး...ဘာဖြစ်လို့လဲ'
'အေး သားထမင်းစားတာပြီးပြီလား..'
'ဟုတ်ကဲ့.. ပြီးပြီဦးလေး'
'အဲ့ဆိုအတော်ဘဲ.... ဦးလေးရေချိုးချင်လို့လေ အဲ့တာ... '
'aww..သွားချိုးလေဦးလေး...ဘာမှမဖြစ်ပါဘူး ဆိုင်ကိုသားစောင့်ထားလိုက်ပါမယ်'
'ကျေးဇူးပါ သားရေ'
'ရပါတယ် ဦးလေးရယ့် ရေချိုးစရာရှိတာသာသွားချိုးပါ'
ပိုင်ရတုမောင် တစ်ယောက် ဦးလေးဘအောင်ကို ရေသွားချိုးခိုင်းလိုက်ရင်း စားထားတဲ့ထမင်းပန်းကန်တွေကို ဆေးပြီးတာနဲ့ဆိုင်ထဲဝင်လာခဲ့သည်
ထို့နောက်ခုံပေါ်မှာထိုင်ကာ စားပွဲပေါ်မှာအဆင်သင့်တင်ထားတဲ့သတင်းစာတစ်စောင်ကိုကောက်ဖတ်နေသည်...
သူတို့ဆိုင်က တစ်ထပ်တိုက်ပုလေးပါ....ဆိုင်ထဲမှာတော့လှပတဲ့ ပန်းပေါင်းစုံတွေနဲ့ပေါ့...ဆိုင်ရဲ့ဘေးက နှစ်ထပ်တိုက်အိမ်ကတော့ သူနဲ့ဦးဘမောင်နေတာလေ...
အဲ့တော့ ဆိုင်နဲ့အိမ်နဲ့ကလည်းဘေးချင်းကပ်ဆိုတော့အရမ်းအဆင်ပြေတယ်.... ပြီးတော့ လမ်းမကြီးမှာမဟုတ်ဘဲ ဒီအတိုင်းအိမ်ဆိုင်လိုမျိုး သီးသန့်ဖွင့်ထားတော့ ကားသံဆိုင်ကယ်သံတွေနဲ့မဆူညံဘဲဆိတ်ဆိတ်ညိမ်ညိမ်နဲ့နေလို့အရမ်းကောင်းတယ်လေ..
---------------------------------------------------------------
☀☀....
'ပူလိုက်တဲ့နေရယ်.....ပူလိုက်တာဟ...'
ဦးသန်းရှိန် ကားမောင်းနေရင်းနဲ့ ပါးစပ်ကပြောလည်းပြော ကား air-conditionerကိုအမြင့်ဆုံးထိဖွင့်ထားတော့သည်...
'တူလေးရေ....တူလေးရော မပူဘူးလား..ဦးလေးကတော့ အရည်တောင်ပျော်မတတ်ဘဲပူတာ'
ဦးသန်းရှိန်ကစိတ်ပျက်လက်ပျက်ညည်းညူပြီး ကားနောက်ခန်းမှာထိုင်နေတဲ့ ကောင်လေးဆီလှမ်းမေးလိုက်သည့်အခါ....
'ပူတာပေါ့..ဦးလေးသန်းရှိန်ရယ်..ကျွန်တော် ဒီလိုအချိန်ဆို ရန်ကုန်မှာမနေချင်ဘူးဗျ'
'အတူတူဘဲ ငါ့တူရယ်...ဒါနဲ့ငါ့တူကဘယ်မှာနေချင်လို့လဲ'
'အင်း~~~တောင်ကြီး ဒါမှမဟုတ်ရင်လည်း ပြင်ဦးလွင်ပေါ့ အဲ့ဒေသ မှာကျတော့ရာသီဥတုကလည်း အေးအေးလေးနဲ့ဆိုတော့အရမ်းနေလို့ကောင်းမှာ'
'ဟုတ်ပ....ရန်ကုန်ကတော့အမြဲတမ်းပူနေတာ ဒါတောင်ကားထဲမှာမိုလို့ နဲနဲတော်သေးတယ် နေပူထဲမှာအလုပ် လုပ်နေရတဲ့သူတွေဆို တော်တော်ကိုပူမှာ...အခုလိုနွေရာသီဆိုရင်တော့ ပိုဆိုးသေး...
အေးအောင်လို့ ကြွက်တွေလို ဘယ်မြေတွင်းထဲဝင်အောင်းရမလဲလို့တောင်စဉ်းစားရမလိုဖြစ်နေပြီဟေ့..ဒါတောင်မှ ဝင်နေမယ့် မြေတွင်းကလည်းပူကျစ်နေလို့ ပုဆိုးစလွယ်သိုင်းပြီးထပြေးရင်ပြေးနေရဦးမှာကွ ငါ့တူရ'
ဦးသန်းရှိန်၏ ရန်ကုန်ရဲ့အပူဒဏ်ကိုအားပါးတရပြောနေမှုကြောင့် ကားနောက်ခန်းမှာလိုက်ပါလာသော ကောင်လေးတစ်ဖြစ်လဲ နေမင်းမဟာ ၏သဘောတကျရယ်သံတို့က ထွက်ပေါ်လာတော့သည်....
ဦးသန်းရှိန်က ရယ်လည်းရယ်ရသလို ပွင့်လင်းပြီးရိုးသားမှုရှိသည့်လူကြီးတစ်ဦးပင်....နေမင်းမဟာ ငယ်ငယ်လေးကတည်းက ဦးလေးသန်းရှိန်ကသာ ကျောင်းပို့ကျောင်းကြိုလုပ်ပေးခဲ့ရသဖြင့် ဦးလေးသန်းရှိန် နှင့် သူတို့မိသားစုသည် သွေးမတော်သားမစပ်ပေမယ့် တကယ့်ဆွေမျိုးရင်းချာအတိုင်းပင်....
'aww..ဦးလေးသန်းရှိန် ကျွန်တော့်ကို ဦးလေးသိတဲ့ပန်းဆိုင်တစ်ဆိုင်ရှေ့မှာ ရပ်ပေးပါလား...'
'ပန်းဆိုင်??? ပန်းဆိုင်ကိုဘာလုပ်ဖို့လဲငါ့တူရဲ့'
'ဒီနေ့ မေမေ့မွေးနေ့လေဦးလေး...မမှတ်မိတော့ပြန်ဘူးလား'
နားမလည်ဟန်ဖြင့်မေးလိုက်သော ဦးသန်းရှိန်၏အမေးကို နေမင်းမဟာ ကပြန်ဖြေလိုက်တော့မှ ဦးသန်းရှိန်သူ့နဖူးကိုသူ 'ဖက်' ခနဲ
အသံမြည်အောင်ရိုက်လိုက်ကာ.....
'ဟုတ်ပကွာ...မေ့နေလိုက်တာ ကြည့်စမ်း ဦးလေးတကယ်ကိုမမှတ်မိတာ ငါ့တူရယ်..အင်း..အသက်တွေလည်းကြီးလာတော့ဘယ်သူ့မွေးနေ့ရယ်လို့သေချာမမှတ်မိတော့ဘူးကွယ်'
'ရပါတယ် ဦးလေးရယ်...ဘာမှမဖြစ်ပါဘူး..ကျွန်တော့်ကို အခု ပန်းဆိုင်တစ်ဆိုင်ကိုဘဲမောင်းပေးပါ'
'ဦးလေးနဲ့ရင်းနှီးတဲ့ပန်းဆိုင်တော့ရှိတယ်... အဲ့ကိုဘဲပို့ပေးမယ်နော်'
'ဟုတ်ကဲ့ ဦးလေး..'
°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°
ရေချိုးပြီးသွားပြီဖြစ်သော ဦးဘမောင်တစ်ယောက် စွပ်ကျယ်အင်္ကျီကို ကောက်စွပ်ရင်း ဆိုင်ထဲဝင်လာကာ ပိုင်ရတုမောင် ကိုလှမ်းပြောလိုက်သည်
'သားရေ...ဦးလေးရေချိုးပြီးသွားပြီ...သားရော ရေချိုးဦးမလား'
'မချိုးတော့ဘူး ဦးလေး သားခုနက ထမင်းမစားခင်ကဘဲ ရေချိုးထားလို့'
'အော်..အေးပါ...စောစောချိုးထားတော့ကောင်းတာပေါ့ကွာ'
'ဦးလေး ကျွန်တော်အိမ်ထဲခဏသွားဦးမယ် ကျွန်တော့်phသွားယူမလို့'
'သွားယူလေ သား'
'ဟုတ်...'
ပိုင်ရတုမောင် လည်းဦးလေးကိုပြောပြီးသည်နှင့် ဆိုင်ထဲမှထွက်ကာ သူ့အိမ်ထဲဝင်သွားတော့သည်....
🚗
'တူလေးရေ..ရောက်ပြီ ဒီဆိုင်ဘဲကွဲ့...'
ဦးသန်းမောင်ကပြောကာလက်ညှိုးထိုးပြတဲ့နေရာကိုကြည့်လိုက်တော့
'MAGIC FLOWERS'
ဆိုင်နာမည်ကိုကြည့်ပြီး နေမင်းမဟာ သဘောကျမိသွားသည်....
ပန်းဆိုင်ဆိုတော့ mainလမ်းမကြီးဘေးမှာရှိမယ်လို့ထင်တာ
ဒါပေမယ့် အထင်နဲ့အမြင်ကတလွဲစီပင်....အားလုံးကတိတ်ဆိတ်လျှက်..ဆိတ်ငြိမ်ရပ်ကွက်တစ်ခုလိုပင်..
ကားတံခါးကိုဖွင့်ကာ ဆင်းလိုက်တော့ ဦးသန်းမောင်က ရှေ့ကနေဦးဆောင်ပြီး ဆိုင်တံခါးကိုဖွင့်ကာဝင်သွားသည့်အတွက် သူလည်း အနောက်ကနေ လိုက်ဝင်ခဲ့တော့သည်....
'ဘမောင်ရေ...အလုပ်ရှုပ်နေလားဟေ့'
'ဟာ...ကိုသန်းရှိန် ဘယ်ကဘယ်လိုရောက်လာတာတုန်းဗျ'
'ဘယ်ကဘယ်လိုမဟုတ်ပါဘူးကွာ....ဒီမှာ ဒီကသားလေး နေမင်းမဟာ က သူ့အမေမွေးနေ့အတွက် ပန်းစည်းဝယ်ချင်လို့တဲ့...'
ဦးသန်းမောင်က နေမင်းမဟာ ကို ဦးဘမောင်နဲ့မိတ်ဆက်ပေးလိုက်တဲ့အခါ ဦးဘမောင်က
'ပန်းစည်း? ??ပန်းစည်းဆိုတော့ ဘယ်လိုပန်းစည်းကိုသားကလိုချင်တာလဲ...ဒီမှာတော့ ပန်းတွေကအစုံရှိပါတယ်'
'ဟို...ကျွန်တော်ကြိုက်တဲ့ပန်းတွေအရင်ရွေးလို့ရမလားခမျ..ပြီးမှ ကျွန်တော့်ကို အဲ့ပန်းတွေနဲ့ ပန်းစည်းလိုမျိုးပြန်လုပ်ပေးပါလား'
'aww....ရတာပေါ့ သားလိုချင်သလို ဦးလေးတို့လုပ်ပေးပါမယ်'
'သား အရင်ရွေးထားနှင့်လိုက်နော်...ဘမောင် ငါအရမ်းပူလို့ ငါ့ကိုရေအေးအေးလေးတိုက်စမ်းပါကွ'
'aww...အဲ့ဆို ကျွန်တော်တို့အိမ်ထဲသွားမယ်လေ...'
'အေး....ကောင်းတယ်'
'သားကြိုက်တဲ့ပန်းကိုစိတ်ကြိုက်သာရွေးထားနော်..သား'
'ဟုတ်ကဲ့...'
ဦးလေးသန်းရှိန်နှင့် ဘမောင်ဟုခေါ်သော ဦးလေးတို့က ဆိုင်အပြင်ဘက်ကိုထွက်သွားကြတော့ နေမင်းမဟာ လည်းဆိုင်ထဲမှာရှိတဲ့ပန်းလေး
တွေကိုလိုက်ကြည့်နေရင်း သူ့ခြေလှမ်းတို့က နှင်းဆီပန်းတွေရှိသည့်နေရာကိုရောက်သွားသည်...
🌹🌹🌹
မိန်းကလေးတစ်ယောက်မဟုတ်ပေမယ့်လည်း နေမင်းမဟာ ကတခြားသောပန်းတွေထက် နှင်းဆီပန်းတွေကိုပို၍သဘောကျမိတာတော့အမှန်ပင်...သို့သော် ဘာကြောင့်နှင်းဆီပန်းတွေကိုကြိုက်ရတယ်ဟူသည့်အကြောင်းပြချက်ကိုတော့ သူ့ကိုယ်သူတောင် သေချာမသိပေ...
:
:
ပိုင်ရတုမောင် လည်းအိမ်ထဲကိုလူတစ်ယောက်နဲ့အတူဝင်လာသည့် သူ့ဦးလေးကိုကြည့်လိုက်တော့
'ကိုသန်းရှိန်ကိုမိတ်ဆက်ပေးရဦးမယ်... ဒါကျွန်တော့်ရဲ့တူ ပိုင်ရတုမောင် ဆိုတာလေ....'
'အော်~~~သိတယ်..သိတယ်ဘမောင်ကငါ့တူအကြောင်းကိုခဏခဏပြောပြနေတာ ငါ့တူကကြည့်ရတာလိမ္မာမဲ့ပုံလေးဘဲကွ'
'ကျေးဇူးပါ ဦးဦး'
'aww သားရေ ဆိုင်မှာဝယ်သူရှိနေတယ် အဲ့တာသားခဏသွားလိုက်ဦး'
'ဟုတ်..သားသွားလိုက်မယ် ဦးလေး'
ပိုင်ရတုမောင် လည်း လက်ထဲကphကိုကိုင်ကာ အိမ်ထဲကနေ ပြန်ထွက်လာခဲ့တဲ့အခါ သူတို့ဆိုင်ရှေ့မှာ အနက်ရောင်ဇိမ်ခံကားတစ်စီးကိုတွေ့လိုက်ရသည်...
ခုနကဦးလေးပြောတာ ဆိုင်ထဲမှာဝယ်သူရှိနေတယ်ဆိုတော့ အဲ့လူရဲ့ကားဘဲဖြစ်မယ်လို့တွေးကာ ပိုင်ရတုမောင် ဆိုင်တံခါးကိုဖွင့်ပြီး အထဲကိုဝင်လာလိုက်တဲ့အခါ
တံခါးပေါက်ဘက်ကိုကျောပေးကာမတ်တပ်ရပ်နေသည့်လူတစ်ယောက်ရဲ့ ကျောပြင်ကျယ်ကို သူတွေ့သည်
ထိုလူဟာ အနောက်တိုင်းဝတ်စုံကိုစမတ်ကျကျဝတ်ဆင်ထားပြီး အရပ် ၅ပေ ၁၁လက်မခန့်ရှိသည့် အမျိုးသားတစ်ဦးပင်
ကျောပေး ရပ်နေတဲ့အတွက် ထိုလူ၏မျက်နှာကိုကောင်းစွာမမြင်ရပေမယ့် ဖြူဖွေး၍သွေးကြောစိမ်းစိမ်းလေးများပါ ပေါ်နေသော လက်ချောင်းရှည်သွယ်သွယ်တို့ကမူ ရှေ့မှာရှိနေသည့် နှင်းဆီပင်ရှိ နှင်းဆီပွင့်ဖတ်လေးတွေကိုအသာအယာတို့ထိနေသည်ကိုတော့ သူ မြင်နေရသည်
ထိုမြင်ကွင်းကို ပိုင်ရတုမောင် ဘာရယ်မဟုတ် အနောက်ကနေ အသံမပေးဘဲ စက္ကန့်အနည်းငယ်ကြာအောင်ရပ်ကြည့်နေမိသည်.....
ထိုသို့ကြည့်နေရင်းဖြင့်သူ၏မျက်လုံးထဲ အတိတ်ကလူတစ်ယောက်ရဲ့ပုံရိပ်ကိုပါ ဖြတ်ခနဲမြင်ယောင်လာမိတော့သည်....
မေ့သင့်ပြီလေကွာ...တကယ်ကိုမေ့သင့်နေပါပြီ.
အချိန်တွေကြာလာရင် မေ့နိုင်သွားမှာပါလို့
ပြောနေကြပေမယ့် သူ့ကိုတော့ ကျွန်တော်ဘာလို့မမေ့နိုင်ရတာလဲ...
နောက်ထပ်ပြန်ဆုံတွေ့နိုင်မှာမဟုတ်ဘူးဆိုတာ သိနေပေမယ့်လည်း
သူ့ကို ကျွန်တော်လုံးဝမမေ့နိုင်ခဲ့ဘူး....
သူ့ကိုမေ့နိုင်နေပါပြီလို့ထင်နေပေမယ့် တကယ်တမ်းတော့ အခုချိန်ထိ ကျွန်တော်သူ့ကိုမမေ့နိုင်သေးဘူး
❣❣❣❣❣❣❣❣❣❣❣❣❣❣❣❣❣❣❣❣❣❣❣❣❣❣❣❣❣❣
(ဇင်ဇင့်ရဲ့second fiction လေးပါ...ဒီficကိုတော့ fbမှာမတက်တော့ဘဲwpမှာဘဲရေးနေတာပါ..အားပေးကြပါဦးနော်..
Fanficတော့မဟုတ်ပေမယ့်တကယ်ဖြစ်ရပ်မှန်ကို အခြေခံပြီးရေးထားတာလေးပါ... ရေးတတ်သလောက်အကောင်းဆုံးရေးသွားမှာပါ.... အကြောင်းအမျိုးမျိုးကြောင့် updateကိုတော့ နေ့တိုင်းမupပေးနိုင်ပေမယ့် ရေးပြီးတာနဲ့ တန်းတင်ပေးသွားပါ့မယ်...အဲ့ဒါကိုတော့ နားလည်ပေးပါနော်.. 😘😘)