Tyranny Ver.1 [ ဖိနှိပ်​ညှင်​...

By relisia6800

172K 17.2K 1.2K

မင်းကမုန်းတယ်​လို့တဖွဖွ​ပြော​နေရင်​​တောင်​ ငါအဆင်​​ပြေပါတယ်​ BaekHyunee .. CV by Asuna Park ❤ More

1....
2...
3...
4...
5..
6.....
7...
9...
10..
11..
12..
13..
14..
15 ( မင်္ဂလာဦးည -.- )
16..
17( Changes )
18...
19..
20..
21...
Final..

8...

5.8K 692 37
By relisia6800

Zawgyi


တရုတ်​အမျိုးသား..။



ငါဘယ်​​လောက်​​ပေးရမလဲ.."


Baek Hyun ရဲ့.."



မသိ​ပေမယ့်​..

"ဟားဟားဟား... Baek Hyun..

"ဗျာ..!?"




"ဟားဟား..ဟုတ်​တယ်​..ညီ​လေး..
အဲ့တာအစ်​ကိုပဲ..





ဖော်​ထုတ်​လိုက်​ကြပြီး..






"​ပြော​စေဗျာ.."

ခေါင်း​ဆောင်​ဆီကို..


"ဟမ်​..! ဘယ်​ကသာ...မဟုတ်​ပါဘူး..
ခေါင်း​ဆောင်​ရယ်​.. "



အလိုမကျသည့်​ပုံ..။

"အဲ့ဒါ..သူလာရင်​​လေ.."


နှုတ်​ခမ်းကိုလျှာနဲ့သပ်​ပြီး..အကျီင်္ကို ဆွဲချပြီး


"ဟမ်​..! ဘာကြီး..?"










သူလဲ တစ်​ကယ်​မသိခဲ့..။

:::::::::: Tyranny ::::::::::::::

အ​ကြောင်းကြားလာ​တော့..









နာကျင်​သည်​..!


"shit....!!!!"

ကောက်​​ပေါက်​မိ​တော့...


"တစ်​ကယ်​ မုန်းတယ်​..!




များလှပါပြီ..။
ငိုချင်​​နေ​သေးသည့်​ ကိုယ့်​ကိုကို​ယ်​လဲ ​တော်​​တော်​​လေး
စိတ်​ပျက်​လှပြီ..။

Chan Yeol ရာ..အရှက်​မရှိ.."

သူများရင်​ခွင်​ထဲမှာ..
တွေး​တောလိုက်​ရင်​..


တောင်းဆိုခဲ့တာမလား..။
မက်​လုံးဖြစ်​ရဲ့သားနဲ့ မင်းခန္ဓာကိုယ်​ကိုပါအဆစ်​​ပေးခဲ့တယ်
ဆိုတာကြီးက..
အသိသာကြီးပဲ..။

အေး..မင်းသ​ဘောကျ..
ငါစိတ်​ညစ်​​ပေးမှာမို့...။

"hello..SeHunee..

"......"



မလာတဲ့​နေ့ဆိုရင်​..

တစ်​ခွန်းမှ မဟ..။

အရင်​က SeHun နဲ့စကား​ပြောရင်​ ၉၉.၉၉ ရာခိုင်​နှုန်း​လောက်​က Byun Baek Hyun အ​ကြောင်းပဲဆို​တော့


စိတ်​မရှိတာ​ကြောင့်​..




မင်းမဟုတ်​တဲ့အတိုင်း...


တွေ့ရပြန်​သည်​..။

ကျောင်းသွားခဲ့တာ​တွေ..






နာကျင်​ခြင်းတစ်​ခုမှာ..






:::::::::::::::::::::::::::::::::::::

ထွက်​ခဲ့ရသည်​..။

မလာလို့မ​ကောင်း​လေ..။

အတူတူ ဆိုကြပြီး..


တစ်​ခုပဲ..။

မလာမဖြစ်​လာရတယ်​မလား..။

နာကျင်​​နေရသည်​..။





တွေ့​နေရဦးမယ်​.."

စကားပတ်​​ပြော​နေတာ..

Se Hun ​ရောက်​ချလာသည်​..။

တစ်​​ယောက်​မို့

ပြန်​မချစ်​တာနဲ့..

"တစ်​ဆိတ်​..SeHunee..


တော်​​သေးတယ်​ ​ပြောရမည်​..။

နှုတ်​ပိတ်​​နေ​ပေးသည်​..။


အံကိုက်​ဖြစ်​သွားသည်​..။


"လုပ်​လိုက်​​လေ.."

ကွေး​နေ​အောင်​ က​ပေါ့ဗျာ.."


"မရဘူး..ထိမှာပဲ..!"



ဟုတ်​သည်​..။



"Se Hunee..ပြန်​ရ​အောင်​..


"​အေး..လက်​နက်​ကိစ္စကွာ..

အရမ်းလဲချစ်​သလို

ကိုလာ​ခေါ်သည်​..။









ချင်​လာတယ်​​လေ..။





ဖြစ်​ပါ​စေလို့..။

သူ မသန့်​ရှင်း​တော့ရင်​လဲ ယုယုယယ နမ်းရှိုက်​နို်​င်​​ပေမယ့်
ဘာပဲဖြစ်​ဖြစ်
ငါ့ညီ​ရယ်​...။

မင်း​ပြောတဲ့အတို်​င်း​လေးပဲ ဖြစ်​ပါ​စေကွာ..။

TBC ###

Unicode

Zawgyi

တိတ်ဆိတ်နေသော အခန်းကျယ်ကြီးထဲမှာ..
လူနှစ်ယောက် စကားပြောသံသာနေရာယူထားသည်..။

တစ်ယောက်က အသက်လေးဆယ်ကျော်အရွယ်
တရုတ်အမျိုးသား..။

နောက်တစ်ယောက်က အသက်သုံးဆယ်နားနီး
အသားဖြူဖြူ နဲ့ချစ်ဖို့ကောင်းလွန်းသည့် ကိုရီးယားအမျိုးသားတစ်ယောက်..။

တစ်ခုခုကို ဆွေးနွေတိုင်ပင်နေကြသည့်ပုံ..။

"မင်း ယူလာတာလေးက ကောင်းသားပဲ..
ငါဘယ်လောက်ပေးရမလဲ.."

"အာ...ကျွန်တော်အခကြေးငွေတစ်စုံတစ်ရာ
မတောင်းခံပါဘူး ခေါင်းဆောင်..ဒီအတိုင်း.."

"အိုး..သဘောကောင်းလှချည်လား..
Baek Hyun ရဲ့.."

Laptop screen ကို အကြည့်မပြတ်ပြောနေရင်း
ဘေးနားက အမျိုးသားလေးရဲ့စကားကြောင့်
တရုတ်ကြီး screen ပေါ်က အကြည့်ခွာပြီး..
ခပ်ပြုံးပြုံးလုပ်နေသည်..။

"ပိုက်ဆံမလိုချင်ပေမယ့် လိုချင်တာတော့ ရှိမှာပေါ့.."

"ဟုတ်ကဲ့..ဒီလိုပြောမိလို့စိတ်ခုသွားမလား
မသိပေမယ့်..
တစ်ကယ်လို့ ခေါင်းဆောင်ကြီး Xဂိုဏ်းကို ရှငိးပြီးရင်
X ဂိုဏ်းနေရာမှာ ကျွန်တော့်ရဲ့ Byun အိမ်တော်ကို
အစားထိုးပေးနိုင်မလားလို့ပါ.."

"ဟားဟားဟား... Baek Hyun..
မင်းသိပ်တော်လွန်းတယ်..
ဒါနဲ့လွန်ခဲ့တဲ့ ဆယ့်ငါးနှစ်လောက်က..
မင်းတို့ အထက်တန်းကျောင်းအားကစားခန်းမနားမှာ
ဒဏ်ရာတွေနဲ့လဲနေခဲ့တဲ့ လူတစ်ယောက်ကိုမှတ်မိရဲ့လား.."

"ဗျာ..!?"

သူပြောနေတဲ့အကြောင်းအရာနဲ့..
တရုတ်ကြီးပြောလာတဲ့ဟာက တော်တော်လေး
လွဲချော်သွားခဲ့လို့ထင်သည်..။

အမျိုးသားလေးရဲ့ နဖူးကြောတွေတောင်တွန့်ထောင်သွားပြီး တစ်ခုခုကို အသည်းအသန်စဉ်းစားနေပုံ...။

နောက်တော့ အဲ့တစ်ခုခုကို ပဲ သတိရသွားတဲ့ပုံနဲ့..
အရှေ့ကတရုတ်ကြီးကို တအံ့တသြကြည့်လေသည်..။

"ဟားဟား..ဟုတ်တယ်..ညီလေး..
အဲ့တာအစ်ကိုပဲ..
မင်းကယ်ခဲ့တဲ့ ဒဏ်ရာဗရပွနဲ့ ခပ်စုတ်စုတ်လူလေ.."

"မယုံနိုင်စရာပါလား ခေါင်းဆောင်ရယ်.."

"ဟုတ်တယ်..အဲ့တုန်းက ကိုရီးယားကိုအလုပ်ကိစ္စနဲ့လာတုန်း ငါတို့ဂိုဏ်းသစ္စာဖောက်ခံလိုက်ရတယ်လေ..
ငါလဲ မင်းတို့ကျောင်းနားမှာ ဓားထိုးခံရပြီး
အကူအညီရလိုရငြား အားတင်းပြီး လာခဲ့တာ
အဲ့ အားကစားခန်းမနားရောက်တော့ ဘယ်လိုမှ မထနိုင်
တုန်းမင်းရောက်လာခဲ့တာပဲ..
အခုမင်းကယ်ပေးခဲ့တဲ့ကျေးဇူးကြောင့် ငါဒီထိ
ရောက်လာခဲ့ပြီဆိုပါတော့.."

"အဲ့တုန်းက ဆေးရုံကထွက်ပြေးသွားလို့တောင်..
ကျွန်တော်စိတ်ပူခဲ့သေးတာ.."

"အေးကွာ..လူဆိုးဆိုတော့ကြာကြာနားနေလို့မရဘူးမလား
ကိုယ့်နေရာပြန်ရအောင်လုပ်ရသေးတယ်လေ.."

သူတို့နှစ်ယောက်ကြားက တိမ်မြှပ်ပျောက်ကွယ်နေသည့်
ဇာတ်လမ်းတစ်ခုကို အချိတ်အဆက်မိမိနဲ့
ဖော်ထုတ်လိုက်ကြပြီး..
တစ်ယောက်နဲ့တစ်ယောက် သာကြောင်းမာကြောင်းမေးကြသည်..။

တရုတ်ကြီးက သူ့အသက်သခင်ကျေးဇူးရှင်ဖြစ်တာမို့..
အမျိုးသားလေးရဲ့အကြောင်းကို အမြဲသတိတရနဲ့လိုက်စုံစမ်းဖြစ်တဲ့အကြောင်း..

အခုရန်ဘက်ဂိုဏ်းရဲ့ အချက်အလက်တွေယူလာပေးတာ
တကယ့်ကို ကျေးဇူးတင်ကြောင်းနဲ့အတူ
Xဂိုဏ်းကျရှုံးသွားရင် အဲ့နေရာကို ပေးပါ့မယ်ဆိုသည့်ကတိကိုပါ လှိုက်လှိုက်လှဲလှဲပေးနေသည်..။

တရုတ်ကြီးကြည့်ရတာ အမျိုးသားလေးကို တကယ့်ညီငယ်တစ်ယောက်လိုသဘောထားပြီးချစ်ခင်ပုံပင်..။

အမျိုးသားလေးရဲ့မျက်နှာ ကလဲ ...
ပြုံးရွှင်သည်ထက် ကို ပိုတဲ့အထိ..။

"အဲ့တာဆိုလေ..ခေါင်းဆောင်ကို ကျွန်တော်နောက်ထပ်
တစ်ခုလောက်တောင်းဆိုလို့ရလား.."

"ပြောစေဗျာ.."

"နောက်ထပ်နှစ်ရက်လောက်နေရင်..
ခေါင်းဆောင်ဆီကို..
Park Chan Yeolဆိုတဲ့တစ်ယောက်ရောက်လာလိမ့်မယ်..
ကျွန်တော့်လိုပဲ သူ့ဂိုဏ်းအဆင့်တက်ပေးဖို့တောင်းဆိုလိမ့်မယ်..အဲ့ကျရင်လေ.."

"နေပါဦး..အဲ့Park Chan Yeol ဆိုတာ..
မင်းရည်းစားမဟုတ်ဘူးလား..?"

"ဟမ်..! ဘယ်ကသာ...မဟုတ်ပါဘူး..
ခေါင်းဆောင်ရယ်.. "

"ငါအဲ့တိုင်းကြားထားတာနော်..မင်းတို့နှစ်ယောက်က
ရည်းစားတွေဆိုပြီး..အေးပါ ဆက်ပြောပါ..မင်းစကား"

ပြောချင်သည့်စကားနဲ့ထပ်ပြီး လမ်းကြောင်းလွဲသွားလို့ထင်သည်..။

ချက်ချင်းပုတ်သိုးကျသွားသည့်မျက်နှာနုနုက တစ်ခုခုကို
အလိုမကျသည့်ပုံ..။
ဒါပေမယ့် စကားပြန်ဆက်လာသည်..။

"အဲ့ဒါ..သူလာရင်လေ.."

စကားပြန်ဆက်ပြီး..တစ်ဖန်..
စကားတစ်ထောက်နားနေပြန်သည်..။

နှုတ်ခမ်းကိုလျှာနဲ့သပ်ပြီး..အကျီၤကို ဆွဲချပြီး
ခါးကိုမတ်မတ်ပြင်ထိုင်လိုက်သည့်ပုံစံက..
တစ်ခုခုကို အသေအချာအာရုံစိုက်တော့မည့်ပုံမျိုး..။

"ခေါင်းဆောင်နဲ့ ကျွန်တော် အိပ်ဖြစ်လိုက်ကြတယ်လို့ပြောပေးပါ..
ကျွန်တော့်ဂိုဏ်းအဆင့်တက်ဖို့အတွက်..
ကျွန်တော်က ခေါင်းဆောင်နဲ့ အိပ်ဖို့တောင်းဆိုသွားတယ်လို့.."

"ဟမ်..! ဘာကြီး..?"

"ကျွန်တော်ခေါင်းဆာင်ရဲ့အသက်ကို ကယ်ခဲ့တဲ့ကျေးဇူးကို
ပြန်ဆပ်ဖို့မလိုပါဘူး..
အဲ့ဒီအစား အဲ့လိုလေးပြောပြီးတော့ ကူညီပေးပါလား
ကျွန်တော်တစ်ကယ်ကျေးဇူးတင်မိမှာပါ.."

"Baek Hyun ရာ..မင်းဟာကလဲ ဘယ်လိုကြီးလဲကွာ.."

လူဆိုးလောကမှာ ခေါင်းဆောင်လုပ်ပြီး..
အခက်အခဲ အမျိုးမျိုးကြုံခဲ့ရသည့် တရုတ်ကြီးသည်...

အခု သူကြားနေရသည့်စကားတွေက..
သူကြုံခဲ့ဖူးသည့် အန္တရာယ်တွေလောက်ရှုပ်ထွေးခဲ့ပုံမရ..။

အခုလက်ရှိ ကြားလိုက်ရတာတွေက ဘယ်လိုအကြောင်းအရာတွေမှန်းမသိလို့တော်တော်လေးစိတ်ရှုပ်သွားပုံရသည်..။

ဒါပေမယ့်လဲ သူ့ကို အခုလိုနေရာအထိ ရောက်အောင်..
သူသေခါနီးဆဲဆဲမှာ ကယ်တင်ပေးထားခဲ့သည့်
အမျိုးသားလေးရဲ့အထူးတောင်းဆိုချက်ဖြစ်နေတာမို့
ဘာရယ်ညာရယ် မေးမနေတော့ပဲ..
ပြောခိုင်းသည့်အတိုင်း ပြောပေးပါမယ် ဟု ကတိပေးလိုက်သည်..။

တစ်ကယ်လဲPark Chan Yeol ဆိုသည့်လူလာတဲ့အခါ..အဲ့ဒီအတိုင်းတစ်သွေမတိမ်းပြောခဲ့ပါသည်..။

ပြီးတော့ နောက်ထပ်မှာခဲ့သည့်အတိုင်း..
Park Chan Yeol သူ့စကားကို ကြားပြီးတဲ့နောက်..
အယောင်ယောင်အမှားမှားနဲ့ အခန်းထဲကထွက်သွားကြောင်းကို..
ကိုရီးယားပြန်သွားခဲ့ပြီဖြစ်သည့် အမျိုးသားလေးဆီ
ဖုန်းဆက်ပြီးတော့တောင်..

ွဖြစ်ပျက်သွားသမျှ အကြောင်းစုံပြောပြပြီး..
မင်းတို့သမီးရည်းစား စိတ်ဆိုးနေရင်လဲ..
တစ်ဖက်လူကို အဲ့လောက်ထိမလုပ်သင့်ဘူးလို့
စေတနာပါပါနဲ့ ပြောပေးခဲ့သေးသည်..။

အမျိုးသားလေး ဘာကြောင့်များ အဲ့လို
ပြောခိုင်းခဲ့တာလဲဆိုတာတော့..
သူလဲ တစ်ကယ်မသိခဲ့..။

:::::::::: Tyranny ::::::::::::::

ဝယ်နေကျ ဖောက်သည်စိန်ကုန်သည် အုပ်စုက..
ဒီနေ့ည၆ နာရီအမီ စိန်ကောင်းစိန်သန့်တော်တော်များများ
အလိုရှိသည်ဆိုပြီး မနေ့မနက်ကမှ ..
အကြောင်းကြားလာတော့..

ကိုယ့်ဆီမှာလဲ သူတို့လိုချင်တဲ့အမျိုးအစားကပစ္စည်းပြတ်နေတာရယ်တစ်ကြောင်း..

အချိန်မီ ရောင်းပေးဖို့မဖြစ်နိုင်ဘူးလို့ ငြင်းလွှတ်ရမှာကလဲ
ဝယ်နေကျ ဖောက်သည်ဖြစ်နေတာကြောင့်တစ်ကြောင်း..

မနေ့ကရော..ဒီနေ့ပါ..နှစ်ရက်လုံး..
စိန်တွေရဖို့အတွက်..ယားလို့ကုတ်ချိန်တောင်
မရလောက်အောင် အလုပ်များခဲ့သည်..။

ဒီည၆ နာရီမှာ အိမ်ကိုစိန်လာယူသော ကုန်သည်တစ်သိုက်
ပြန်မှသာ နှစ်ရက်စာ ပင်ပန်းသမျှကို အေးအေးလူလူ အနားယူ နိုင်သည်..။

စိတ်ထဲ ရှိတဲ့အတိုင်းဆို..
အိပ်ရာပေါ်မှာ ခြေပစ်လက်ပစ်လှဲပြီး ..မျက်လုံးစုံမှိတ် နှစ်နှစ်ခြိုက်ခြိုက် အိပ်လိုက်ချင်ပေမယ့်...
ခွင့်မပြုတဲ့စိတ်ကြောင့်..
ရေခဲသေတ္တာထဲက ဘီယာတစ်ပုလင်း ယူကာ..

ဝရံတာခန်းမှာ..အဓိပ္ပါယ်မရှိ ထိုင်နေမိသည်..။

အရမ်းကိုအိပ်ချင်နေပေမယ့်..
မျက်လုံးတွေကိုမှိတ်ချလိုက်ချင်ပေမယ့်...

ပြင်းပြင်းပြပြကို ခံစားနေရသည့် နာကျင်မှုတစ်ခုကြောင့်အိပ်စက်ဖို့ဆိုတာ..တော်တော့်ကိုမှ ခက်ခဲလွန်းနေသည်..။

နာကျင်သည်..!

/ နှုတ်ခမ်းလေးတွေက ချိုလိုက်တာကွာ../

"shit....!!!!"

နားထဲ ကြားယောင်လာသည့် အသံတစ်ချို့ နဲ့အတူ..
လက်ထဲက ဘီယာဘူးကိုစိတ်ဆိုးမာန်စိုးနဲ့
ကောက်ပေါက်မိတော့...

ဝရံတာ အောက်ခြေမှာ..ဘီယာအရည်တွေဖိတ်ပြီး
ဘူးလေးကတော့ ကြမ်းပြင်မှာ ငြိမ်သက်စွာ လှဲလျောင်းသွားလေပြီ..။

"တစ်ကယ် မုန်းတယ်..!
ငါ့ကို ဘာလို့ဒီလောက်လုပ်ရက်တာလဲ..!!?"

ပြီးခဲ့တဲ့တစ်ပတ်လုံး စောက်ရူးလို့ငိုခဲ့ပြီးပြီမို့
ကုန်ခန်းသွားပြီလို့ ထင်နေခဲ့သည့်
မျက်ရည်တွေက..အတိုင်းအဆမရှိ
ပါးပြင်ပေါ် ကျဆင်းလာပြန်တော့..

ချောက်ကမ်းပါးအစွန်းမှာ ရပ်နေရတဲ့ခံစားချက်မျိုး..။

အပ်သေးသေးလေးနဲ့ အချက်ပေါင်းမြောက်မြားစွာ..
အထိုးခံရသလို..စူးရှနာကျင်သည်..။

လုပ်ရက်တယ်လို့ပြော ပြောပြီး ညသန်းခေါင်လဲမရှောင်
မနက်မိုးလင်းလဲမရှောင် ငိုခဲ့ရတဲ့အကြိမ်အရေအတွက်ကလဲ
များလှပါပြီ..။
အဲ့တာကိုအခုထက်ထိ အမှတ်မရှိသေးပဲ
ငိူချင်နေသေးသည့် ကိုယ့်ကိုကိုယ်လဲ တော်တော်လေး
စိတ်ပျက်လှပြီ..။

"လူဆိုးခေါင်းဆောင် လုပ်နေပြီး ငိုနေတယ်တဲ့လား..
Chan Yeol ရာ..အရှက်မရှိ.."

ကိုယ်မထိရက်မကိုင်ရက်သည့် အဲ့ခန္ဓာကိုယ်ဖြူဖြူသေးသေးလေး..
သူများရင်ခွင်ထဲမှာ..
သူများစိတ်ကြိုက် ကပြအသုံးတော်ခံနေရမည့်ပုံကို..
တွေးတောလိုက်ရင်..
ရူးခါမတတ်ဖြစ်လွန်းလို့..
ဝရံတာကနေ ခုန်ချသေလိုက်ရင် ကောင်းမလားလို့
စဉ်းစားမိနေတာကလဲ အကြိမ်ကြိမ်..။

မင်းက အဲ့လိုဖြစ်စေချင်တာမလား..Baek Hyun..။

အဲ့တာကြောင့်မင်းတမင်သက်သက် အဲ့လူဆီမှာ
တောင်းဆိုခဲ့တာမလား..။
ငါ့လိုရိုးရိုးတန်းတန်းနည်းလမ်းတွေနဲ့မက်လုံးပေးလို့ရပါရက်..
မင်းပေးတဲ့သတင်းကလဲ အဲ့လူကြိုက်လောက်တဲ့
မက်လုံးဖြစ်ရဲ့သားနဲ့ မင်းခန္ဓာကိူယ်ကိုပါအဆစ်ပေးခဲ့တယ်
ဆိုတာကြီးက..
မင်းတမင် ငါစိတ်ညစ်အောင် လုပ်ချင်လို့ဆိုတာ
အသိသာကြီးပဲ..။

အေး..မင်းသဘောကျ..
ငါစိတ်ညစ်ပေးမှာမို့...။

"hello..SeHunee..
အေး..hyung ဘီယာသောက်နေတာ..
ပြီးတော့ ငိုနေတယ်..ဟားဟား..!"

"......"

တိုက်တိုက်ဆိုင်ဆိုင် Se Hun ဆီက ဖုန်းဝင်လာတော့
စိတ်ပြေလက်ပျောက် စကားတွေပြောမိလိုက်သည်..။

ဒါပေမယ့် ဟိုကောင့်အကြောင်းတော့ တစ်စိုးတစ်စိမှမပါ..။

အဲ့နေ့ပြီးကတည်းက..SeHunee သည် ကျွန်တော့်အိမ်လာရင်လာ..
မလာတဲ့နေ့ဆိုရင်..
ဖုန်းဆက်ပြီး ကျွန်တော်နဲ့ဟိုအကြောင်းဒီအကြောင်းစကားတွေ ပြောပေးသည်..။

ထူးဆန်းစွာ သူလဲ သူ့အစ်ကိုဆိုသည့်လူအကြောင်း
တစ်ခွန်းမှ မဟ..။

အရင်က SeHun နဲ့စကားပြောရင် ၉၉.၉၉ ရာခိူင်နှုန်းလောက်က Byun Baek Hyun အကြောင်းပဲဆိုတော့
အခုကျ စိတ်ထဲတစ်မျိုးကြီးဖြစ်နေသည်..။

ကျွန်တော်ရော..SeHun ရော.တမင်သက်သက်
အဲ့ကောင်အကြောင်းရှောင်ပြောကြတာ အသိသာကြီးဆိုတော့
ပိုပြီး ကသိကအောင့်ဖြစ်ရသည်..။

ဒါပေမယ့်လဲ အခုချိန်မှာ..အရင်လိုဘေးနားမှာ ကပ်နေဖို့အသာထား..
သူ့နာမည်ကိုတောင် ပါးစပ်ကထုတ်ပြောနေဖို့
စိတ်မရှိတာကြောင့်..
ဒီတိုင်း..အမေ့လျော့ခံလူတစ်ယောက်နေရာမှာပဲ..
ထားလိုက်မည်ဟု တွေးလျက်..။

စိတ်ထဲမှာတော့ ဒင်းအကြောင်းတွေပဲ အချိန်ပြည့်တွေးနေမိတယ်ဆိုတာကိုတော့ မညာချင်ပါဘူး..။

ဒါပေမယ့် အရင်လိုအပြင်ထုတ်ပြဖို့ဆိုတာကတော့..
ကျွန်တော်မလုပ်ချင်တော့..။

ကိုယ်တန်ဖိုးထားသလောက် ကိုယ့်ကို တန်ဖိုးမထားတဲ့လူကို..ကြဉ်ပြီးနေလိုက်ချင်သည်..။

"အဲ့တုန်းကနဲ့များကွာပါ့ကွာ..အန်တီနဲ့ဦးလေး
ရန်ဖြစ်တိုင်း ငါ့ရင်ခွင်ထဲ လာပြေးငိုခဲ့တာ..
မင်းမဟုတ်တဲ့အတိုင်း...
ငါ့ကို ပြန်ချစ်လိုက်ရင် ဘာဖြစ်မှာမို့လို့လဲ..!!
မချစ်နိုင်ရင်တောင် ဒီလိုမျိုးကြီးရက်စက်ပြနေဖို့မလိုပါဘူးကွာ..Byun Baek Hyun ရာ..!!!"

Se Hun နဲ့ဖုန်းပြောပြီးနောက်..
gallery ထဲက my heaven ဆိုသည့်
file ကို စောက်မှတ်မရှိ လက်ကသွားဖွင့်ကြည့်မိတော့..

သိပ်ကို လှပခဲ့သည့်ငယ်ဘ၀ ရဲ့ ရွှေရောင်နေ့ရက်တွေကို
တွေ့ရပြန်သည်..။

နှစ်ယောက်အတူတူ ကျောပိုးအိတ်လေးဆင်တူ လွယ်ပြီး
ကျောင်းသွားခဲ့တာတွေ..
ကျွန်တော်တို့အိမ်မှာ..သူမူန့်လာစားခဲ့တာတွေ..
TV ကြည့်ပြီးနှစ်ယောက်သား ဧည့်ခန်းထဲမှာ..
အိပ်ပျော်နေတဲ့ပုံလေးတွေ..

ကျွန်တော့်omma ရဲ့လက်ရာ ဓာတ်ပုံလေးတွေ..။

ဘယ်လောက်တောင်မှ ကြည်နူးစရာကောင်းလိုက်သလဲ..။

တစ်ကယ်ဆို မိဘကံမကောင်းရင်..သူ့ဘေးနားမှာ
အမြဲတမ်းရှိနေခဲ့ပေးခဲ့တဲ့ ကျွန်တော့်ကိုပဲ
အားလုံးစုံပစ်ပြီး တွယ်တာလိုက်ရမှာမလား..။

အခုတော့ ဆန့်ကျင်ဘက်တွန်းထုတ်နေတယ်ဆိုတော့
ဘာတွေဘယ်လိုဖြစ်သွားလဲ..
တစ်ကယ့်ကို လိုက်မမှီတော့..။

"မုန်းတယ်..မုန်းတယ်..မုန်းတယ်လို့..!!"

ဆိုင်သူက တမင်သက်သက်ဖန်တီးပေးထားတဲ့
နာကျင်ခြင်းတစ်ခုမှာ..
သူ့စိတ်တိုင်းကျ ကျွန်တော့်မျက်ရည်တွေ
မြေပေါ် ခကြွေရပြန်ပြီ..။

ဟိုနေ့ကလို ကျွန်တော့်မေတ္တာပြန်စူးပါစေလို့လဲ
ကျိန်ချင်တဲ့စိတ်တွေမရှိတော့..။

သူ့ဘေးနားသွားကပ်နေဖို့လဲ စိတ်မရှိတော့..။

ဒီတိုင်း လေဟာနယ်ထဲမျောနေသလိုခံစားရပြီး..
အသိစိတ်လွတ်နေတဲ့လူတစ်ယောက်လို နံရံကိုမှီပြီး..
ကောင်းကင်ပြင်ကျယ်ကြီးကို တွေတွေလေးငေးပြီး..

မဖိတ်ခေါ်တဲ့ မျက်ရည်စက်တွေက တစ်လိမ့်လိမ့်ကျဆင်းလို့..။

အိပ်မရသည့် ညတစ်ညတော့ ထပ်တိုးပြန်ပြီထင်ပါရဲ့..။

:::::::::::::::::::::::::::::::::::::

ဒီအတောအတွင်း အလုပ်ကိစ္စကလွဲရင် အပြင်မထွက်ပဲ အိမ်ထဲမှာ ချည်းအောင်းနေခဲ့ရာကနေ
မထွက်လို့မရသည့် ကိစ္စတစ်ခုကြောင့်.
ထွက်ခဲ့ရသည်..။

ကျွန်တော်တို့နိုင်ငံရဲ့အကြီးဆုံးဂိုဏ်း ခေါင်းဆောင်ရဲ့
၆ နှစ်အရွယ်သမီးငယ်လေးရဲ့မွေးနေ့ပွဲ အမည်ခံ
ဂိုဏ်းအားလုံးစုဝေးကာ..
တိုင်ပင်ဆွေးနွေးစရာ ရှိသည်များ ဆွေးနွေးကြသည့်
ပါတီပွဲကို..ခေါင်းဆောင်တစ်ယောက်အနေနဲ့
မပျက်မကွက်တက်ရောက်ဖို့အဖိတ်ခံရတော့
မလာလို့မကောင်းလေ..။

ချစ်စဖွယ်ကလေးမလေးရဲ့မွေးနေ့သီချင်းကို
အတူတူ ဆိုကြပြီး..
စားကောင်းသောက်ဖွယ်တွေအလျှံပြည့်နဲ့ တည်ခင်း
ဧည့်ခံသည့် ပါတီပွဲကြီးက လူတရုန်းရုန်းနဲ့..။

ဆွေးနွေးတိုင်ပင်တာတွေက နည်းနည်း..
ဂိုဏ်းခေါင်းဆောင်ကြီးက သူ့အင်အားပြချင်တာကများများမို့ လူတွေတရုန်းရုန်းနဲ့ဆိုတော့..
အပျော်အပါးကြိုက်တတ်သည့်ကျွန်တော့်အတွက်တော့
တော်တော်လေး အဆင်ပြေသည်..။

တစ်ခုပဲ..။

ဂိုဏ်းပေါင်းစုံတွေ့ဆုံပွဲဆိုတော့..
Byun အိမ်တော်က ခေါင်းဆောင်ဆိုတဲ့တစ်ယောက်လဲ
မလာမဖြစ်လာရတယ်မလား..။

အခုလဲ ဂါဝန်ဖြူဖြူ လေးနဲ့မွေးနေ့ရှင် ကလေးမလေးနဲ့
ပြုံးပြုံးရွှင်ရွှင်စကားပြောနေတာကို..
အဝေးတစ်နေရာကနေကြည့်ပြီး ရင်ထဲဆစ်ခနဲ
နာကျင်နေရသည်..။

သူမသိသည့် ကျွန်တော့်ရဲ့စိတ်ကူးယဉ်အိမ်မက်တွေထဲမှာ..
သူနဲ့လက်ထပ်ပြီး..အဲ့ကလေးလို..
ချစ်ဖို့ကောင်းတဲ့ကလေးလေးတွေ မွေးစားချင်တယ်ဆိုတဲ့
စိတ်ကူးတစ်ပိုင်းတစ်စလေး ပါဝင်နေတယ်ဆိုတာ..။

ဒါပေမယ့် ရှိစေတော့..ထားပါတော့..။

ချစ်ဖို့ကိုတောင် မဖြစ်နိုင်တာ..
ကလေးအတူတူ မွေးစားဖို့ဆိုတာ..
နေတောင် အနောက်က ထွက်လာလိမ့်မည်..။
ဒီကိစ္စကတော့ မဖြစ်နိုင်..။

"hyung..တစ်ယောက်တည်း သောက်နေတယ်..
ကျွန်တော့်နားတောင်မလာဘူး.."

"မလာချင်ပါဘူး..မင်းဆီလာရင် မတွေ့ချင်တဲ့မျက်နှာ
တွေ့နေရဦးမယ်.."

"အော်..ကျွန်တော်သူနဲ့အတူတူ ရှိမနေပါဘူး..hyung ရယ်..
ရောက်ကတည်းက တစ်ခြားဂိုဏ်းက အသိတွေနဲ့
စကားပတ်ပြောနေတာ..
hyung ပဲ သူ့နားမကပ်ချင်တော့တာမဟူတ်ဘူး..
ကျွန်တော်လဲ မကပ်ချင်တော့ဘူးဗျ..
အစ်ကိုမို့လို့သာ..မချစ်ပေမယ့်အောင့်နမ်းနေရတာ.သိရဲ့လားဗျ.."

ပါတီပွဲက စံအိမ်တော်ကြီးရဲ့အပေါ်ထပ်မှာ ကျင်းပတာမို့..
အပြင်ထွက်ကြည့်လို့ရသည့် လသာဆောင်လေးထဲမှာ..
ကြယ်မစုံတစ်စုံဖြစ်နေသည့် ကောင်းကင်ကြီးကို
ကြည့်ပြီး ဝိုင်သောက်နေတုန်း..
Se Hun ရောက်ချလာသည်..။

Byun အိမ်တော်ရဲ့ ခေါင်းဆောင်နှစ်ယောက်ထဲက
တစ်ယောက်မို့
သူ့အစ်ကို နောက်က လိုက်လာပုံပင်..။

"လွန်လွန်းပါတယ်..သူ့အမေက သူ့အဖေကို
ပြန်မချစ်တာနဲ့..
hyung ကို ပြန်မချစ်တာ..ဘာဆိုင်လို့လဲ..
ရူးများရူးနေတာလားမသိဘူး.."

"တစ်ဆိတ်..SeHunee..
hyung အခုအဲ့ဒီ အကြောင်းတွေကို..ကြားတောင်
မကြားချင်ဖူးမို့..မပြောပဲ နေကြရအောင်.."

"အိုခေအိုခေ..ဒီလိုမျိုးပျော်စရာ အချိန်လေးမှာ..
ပျော်ပျော်ပဲနေကြတာပေါ့..နော်..hyung.."

ကျွန်တော် နာကျင်ရသမျှ အားလုံးကို
သိရှိနားလည်ခံစားပေးသည့် SeHun ရှိနေပေးလို့
တော်သေးတယ် ပြောရမည်..။

ကျွန်တော် နာကျင်ရင် နာကျင်ကြောင်း ပြောပြလို့ရသည်..။
အဲ့လူအကြောင်းမပြောကြေးဆိုရင်..
နှုတ်ပိတ်နေပေးသည်..။

မြင်နေရတာတောင် နာကျင်နေရတာတွေ.မေ့ပျောက်လိုပျောက်ငြား
လက်ထဲက ဝိုင်ခွက်ကို ကောက်မော့လိုက်တော့
လည်ချောင်းထဲစီးဝင်သွားသည့် ပူရှိန်းတဲ့ခံစားချက်လေး..။

ဘေးနားရောက်လာသည့် စားပွဲထိုးကောင်လေးဆီကနေ..
အသားဖတ်တစ်ဖတ် ယူပြီးကောက်ဝါးလိုက်တော့အရသာက
အံကိုက်ဖြစ်သွားသည်..။

"hyung..ဒါပြီးရင် ကလပ်သွားကြမလား..?"

"လုပ်လိုက်လေ.."

"ဟိုတစ်ခါက hyung နဲ့တူတူ ငြိမ့်နေတဲ့ကောင်မလေးလေ..
အဲ့ကောင်မလေးနဲ့တွေ့ချင်နေတာ..
hyung ကတော့ dancing floor မှာ
ကွေးနေအောင် ကပေါ့ဗျာ.."

"ဟေ့..အဲ့တာ ငါ့စော်လေးနော်..လာမထိနဲ့.."

"မရဘူး..ထိမှာပဲ..!"

မွန်းကြပ်မှုတွေကို ဖြေချဖို့ လမ်းကြောင်းလေးရှာတွေ့ချိန်..

အဲ့ညက တွေ့ခဲ့သည့် စော်လေးရဲ့မျက်နှာ ကိုမြင်ယောင်ပြီး
ပြုံးတောင်ပြုံးမိလိုက်သည်..။

ဟုတ်သည်..။
ညစ်နေတာတွေကို စော်လေးရဲ့ ရင်ခွင်ကြားထဲ
ခိုလှုံပြီး အားလုံးဖျောက်ပစ်ရမယ်..။

ပြီးရင် dancing floor မှာ အမုန်းကပစ်မယ်..။

မိုးလင်းခါနီးမှ အိမ်ပြန်မယ်..။

"Se Hunee..ပြန်ရအောင်..
ကိစ္စတစ်ခုပေါ်လာလို့.."

"အာ..ကျွန်တော်မလိုက်လို့မရဘူးလား...hyung?"

"အေး..လက်နက်ကိစ္စကွာ..
မင်းပါမှ ဖြစ်မယ်ထင်လို့.."

အရေးကောင်းပြီ ဆို ဒိန်းဒေါင်းဝင်ဖျက်သလို..
အရမ်းလဲချစ်သလို
အရမ်းလဲ မုန်းတယ်လို့ ပြောရမည့်လူက..

SeHunနဲ့ကျွန်တော် နှစ်ယောက်သား
ကလပ်သွားဖို့တိုင်ပင်နေကြတုန်းမှာ..
လသာဆောင်ထဲ ရောက်လာပြီး Se Hun
ကိုလာခေါ်သည်..။

မတွေ့ချင်လို့ရှောင် နေပါသည်ဆိုမှ တည့်တည့်ကြီး
လာတိုးသည့်အဖြစ်မျိုး..။

အမှတ်မရှိ မျက်နှာကို..သေချာ လိုက်ကြည့်လိုက်မိပေမယ့်..
ဒင်းကတော့ ကိုယ့်ကို ရှိတယ်လို့တောင်မမှတ်..။

သူစိမ်းလို့သဘောထားတာလား.။
မမြင်ချင်ယောင်ဆောင်တာလား..။
စောက်ဂရုစိုက်စရာ မလိုဘူးလို့ပဲ တွေးတာလား..။

သူ ဟိုလူနဲ့သွားအိပ်ထားတယ်ဆိုတဲ့ကိစ္စကို..
ကျွန်တော်စိတ် ချမ်းသာရာရအောင်
မုသားလေးသုံးပြီးတော့ပဲဖြစ်ဖြစ်
ဖြေရှင်းပြဖို့နေနေသာသာ..။

ကျွန်တော့်ကို လှည့်တောင်မကြည့်..။

သူ့ညီကို ခေါ်ပြီးတာနဲ့ ပြန်ထွက်သွားသည်..။

ကောင်းတယ်..သိပ်ကိုကောင်းတယ်..။

စိတ်ထဲရှိတဲ့အတိုင်းသာဆိုရင်..
အဲ့လက်တွေကို ဆွဲခါလှုပ်ရမ်းပြီး ငါ့ကို
အဲ့လောက်တောင်မှ လုပ်ရက်သလားလို့
အော်ဟစ်သောင်းကျန်းလိုက်ချင်ပေမယ့်...

နာကျင်ရပါများတော့ ကိုယ်လဲ သူ့လိုပဲ လျစ်လျူရှု
ချင်လာတယ်လေ..။

အဲ့တော့ ဆို့တက်လာတဲ့ခံစားချက်တွေကို
ဝိုင်လက်ကျန်နဲ့အတင်းမျောချပြီး..
ဝဲချင်လာတဲ့မျက်ရည်တွေကို ပွတ်သုတ်ပြီး..
ခပ်ချေချေ ပြုံးနေလိုက်သည်..။

/ အရမ်းလဲ ခံစားမနေပါနဲ့နော်..hyung..
အဲ့ကိစ္စကြီးက ဟုတ်ချင်မှလဲ ဟုတ်မှာပါ..
သူ့အကျင့်လဲ သိတဲ့အတိုင်း..
hyung ကိုစိတ်ဒုက္ခပေးဖို့ဆို ထိပ်ဆုံးကဆိုတော့../

ပါတီကပြန်ထွက်ခါနီး ဖုန်းmessage boxထဲ
ရောက်လာသည့် SeHunee ရဲ့ စာလေးကြောင့်
နာကျင်နေသည့်ကြားကနေ စိတ်လိုလက်ရ ပြုံးလိုက်မိသည်..။

အေးလေ..hyung လဲ ဆုတောင်းပါတယ်..။

သူ ..hyung ကို တမင်သက်သက် စိတ်ပုတ်ပြနေတာပဲ
ဖြစ်ပါစေလို့..။

သူ မသန့်ရှင်းတော့ရင်လဲ ယုယုယယ နမ်းရှိုက်နိုု်င်ပေမယ့်
ဘာပဲဖြစ်ဖြစ်
သူ့ကို ငါတစ်ယောက်တည်းပဲ ပိုင်ဆိုင်ချင်တယ်လေ..
ငါ့ညီရယ်...။

မင်းပြောတဲ့အတိုင်းလေးပဲ ဖြစ်ပါစေကွာ..။

TBC ###

Continue Reading

You'll Also Like

29.9K 4.7K 34
"ហង្សមែនទេ?​ត្រឹមតែមួយប៉ប្រិចភ្នែកយើងនឹងធ្វើអោយហង្សមួយនោះបាក់ស្លាប ហើយហង្សដ៍ស្រស់ស្អាតនោះត្រូវស្ថិតក្នុងកម្មសិទ្ធយើងម្នាក់គត់"ជុងហ្គុក "យើងដឹងពីអ្វីទ...
580K 36.2K 72
« បងសន្យា បងមិនឲអ្នកណាមកធ្វើអ្វីមកលើអូនបានឡើយ អូនគឺជារបស់បងជាប្រពន្ធរបស់បងម្នាក់គត់ Kim Taehyung » « មិនថាអ្នកណានោះទេឲតែហ៊ានប៉ះពាល់ប្រពន្ធកូនយើងសូម្ប...
105K 18.1K 58
❝ ﹏ මට මේක කියන්නකෝ අග්‍ර..බියුටි ඇන්ඩ් ද බීස්ට් එකේ කුමාරයා ශාපයක් නිසා එච්චර කැත රාක්‍ෂයෙක් වුනේ නැත්තම් බෙල් වගේ දුප්පත් කෙල්ලෙක් දිහා අඩුම තරමෙ බ...
104K 5K 26
ជាប្រលោមលោកខ្នាតខ្លី កំសត់ សើចសប្បាយ 18+